This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, September 16, 2014

All Updtae Reader သတင်း နည်းပညာ အချစ် အလန်းဆော့ဖ်ဝဲ

All Update Reader ဆိုတဲ့ဆော့ဖ်ဝဲကတော့ဖြင့် သတင်းရော နည်းပညာရော အချစ်ရော အလန်းရော
စာအုပ်ရော ဂျာနယ်တွေရော ဘောလုံးပွဲရော ရော ရော ရော ရောတစ်တစ်ကာအပေါင်း စုံလင်လို့ ကောင်း
ပါဘိလို့ဘဲ ပြောရတော့မှာပေါ့ဗျာ..။ ကိုယ့်ဆိုက်ပေါ်တင်ပြီဆိုတော့လည်း ကြော်ငြာပေးပြီဆိုတော့လည်း
အကောင်းချည်းဘဲ ပြောလွတ်ရတော့မှာပေါ့ဗျာ..။ ကြိုက်ရင်တော့ တစ်ကယ်ကောင်းပါတယ်..။ သတင်း
ဆော့ဖ်ဝဲက ဒီလိုများ လင့်တွေအများကြီးနဲ့ လုပ်တာက ငွေပေးပြီး လုပ်ရတာနဲ့တူတယ်ဗျာ..။ ဖရီးမရဘူး
ကိုယ်လည်း ဟိုအရင်က စမ်းကြည့်ဖူးတယ်..သို့သော်လည်း ငွေပေးချေမှုမှာကြတော့ ကိုယ့်ကမြန်မာပြည်
က ဖြစ်နေတယ်လေ..။ အဲတော့ Paypal လည်းမရှိ Visa Master Card ဒါတွေလည်း မရှိလေတော့ မလုပ်
နိုင်ဘူးပေါ့ဗျာ..။ အဲဒါကြောင့်လည်း..ကိုယ့်ဆိုက်က နာမည်မထွက်တာ နေမှာပါ...။ ဘာပဲဆိုဆို အဲ့လို နာ
မည် မထွက်တာကိုဘဲ ကျေးဇူးတင်ရမှာပါ..။ နာမည်ကြီးသွားရင် စာရေးတာကအစ ဆင်ခြင်ရတော့မှာ
လေ..။ ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ရေးခွင့် ရတော့မှာမဟုတ်ဘူး..။ အဲတော့ ကိုယ့်ဟာကို
အေးဆေးဘဲ ပို့စ်တင်နိုင်တဲ့နေ့ တင်မယ်..။ မတင်နိုင်ရင် နားမယ်...အေးဆေးဘဲ..နားမငြီးဘူးပေါ့ဗျာ..။ ကိုယ်တတ်နိုင်သလောက် ကိုယ်သိသလောက်ရေးတာဘဲကိုးဗျာ..။ ဘယ်သူကမှ မရေးရင် အပြစ်ပေးမယ်
လို့ ခိုင်းစေထားတာလည်းမဟုတ်ဘူးလေ..။ ဒီတော့...ကိုယ့်သဘောအတိုင်းပေါ့ဗျာ..



တစ်ချို့တွေကတော့ နာမည်လေးရတော့ ဟိုလူ့စိန်ခေါ် ဒီလူ့စိန်ခေါ်နဲ့ဗျာ..သတင်းတွေမှာ ကြည့်ရတာက
လည်း အတော့်ကို ရုပ်ဆိုးပါတယ်...အထူးသဖြင့်ကတော့ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ပေါ်မူတည်
ပါတယ်..အလုပ်နဲ့ သက်သေမပြနိုင်တော့ လေနဲ့ သက်သေပြတဲ့သူတွေပါ...လေလိုင်းပေါ် အွန်လိုင်းပေါ်
မှာကတော့ လေတစ်လုံး မိုးတစ်လုံးဘဲ တစ်ကယ်တန်း အပြင်လောကမှာတော့ သူ့ဟာ..မည်သူ့ကိုမှ..
ကယ်တင်ဖူးသူ မဟုတ်ပါဘူး အမျိုးသားရေးအတွက်လည်း သူမလုပ်..ဘာသာတရားအတွက်လည်း သူမလုပ်...လေသမားသက်သက်သာ ဖြစ်ပါတယ်.....ကိုယ်ဆိုသည့် သဘောကို သဘောပေါက်ကြလိမ့်
မည် မဟုတ်ပါ...သို့သော် သတင်းဖတ်သူများကတော့ ရိပ်စားမိမည် အမှန်....။ ဒါပါဘဲဗျာ.....
သတင်းနည်းပညာ ကျန်းမာရေး စသဖြင့် စုံစုံလင်လင် ဖတ်ချင်ရင်တော့ ယူသွားကြပေါ့...သတင်းဆော့ဖ်
ဝဲတွေကလည်း မိုလိုပေါလာပြီ..ကိုယ်နဲ့ သင့်ရာ ဆော့ဖ်ဝဲကိုသာ ရွေးချယ် အသုံးပြုကြပါလို့ဘဲ နောက်ဆုံး
အနေနဲ့ ပြောခဲ့ချင်ပါတယ်..စိတ်ဆင်းရဲစရာ ကြည့်မကောင်းတဲ့ သတင်းဆိုက်တွေ ပါနေတာကို မလိုလား
ရင် မိမိနဲ့ သင့်လျော်ရာ ဆော့ဖ်ဝဲကို အသုံးပြု ကြပါ...ဒါပါဘဲ....ကိုမိုး...

Wednesday, September 10, 2014

Phone Contacts တွေကို Export, Import လုပ်နည်း ဖုန်းနံပါတ်တွေကို Export လုပ်ပြီးသိမ်းထားမယ်, ဖုန်းပျောက်သော်လည်း အရေးကြီးနံပါတ်များမပျက်စီးအောင် ဒီလိုသိမ်းထားပါ

ဖုန်းခေတ် ထလာသည်နှင့်အမျှ ဖုန်းပျောက်ဆုံးမှုတွေ ခေတ်စားလာပါတယ်။ အဲ့မှာလုပ်ငန်းကြီးလုပ်ကိုင်နေ သူများအတွက် ဖုန်းပျောက်ရင် အတော်ဒုက္ခရောက်တဲ့ အချက်တစ်ခုကတော့ ဆက်သွယ်ရေးအတွက် မှတ်သား ထားတဲ့ Contacts တွေပါသွားလို့ မည်သူမည်ဝါ ဖုန်းမှန်းမသိအောင် ဖြစ်တတ်ပါတယ်။ တစ်ကယ့်ကို ဒုက္ခ လှလှတွေ့နိုင်တဲ့အနေအထားပါ။ ဖုန်းပျောက်ပြီဆိုမှတော့ သွားပြီပေါ့..ခုနည်းက ဖုန်းပျောက်သော်လည်း ဖုန်းနှင့် ဆင်းကဒ်သာ ဆုံးရှုံးမယ် မိမိမှတ်သားထားတဲ့ နံပါတ်တွေကို သိမ်းထားမယ်ဆိုရင် ကိုယ့်အဆက်အသွယ်တွေ အားလုံး အလွယ်တစ်ကူ ပြန်လုပ်လို့ရတဲ့နည်းပါ။ ဖုန်းမပျောက်သော်လည်း အသစ်တစ်လုံးဝယ်မယ်ဆို ဖုန်းထဲမှာ မှတ်သားထားတာတွေကို လိုက်ကူးချနေရမယ်ဆိုရင်လည်း အချိန်ကြာမြင့်လှပါတယ်။ ဒီနည်းကို သုံးသောအားဖြင့် လျှင်မြန်လွယ်ကူတာကို ကိုယ့်ညီများ ကိုယ့်နှမများ သိလာပါလိမ့်မယ်..။ ဒီလိုသိထားတော့ ပိုပြီးတော့ အကျိုးကျေးဇူးများတာပေါ့ဗျာ..။ ကျုပ်ပြောပြမယ့်နည်းလမ်းအတိုင်း လုပ်ပြီးရင် ကိုယ့် Contacts တွေကို အင်တာနက်ပေါ်မှာ သိမ်းထားမလား ကွန်ပျူတာထဲဘဲ ထည့်ထားမလား တစ်ခြားဖုန်းတစ်လုံးမှာလည်း သိမ်းထားဦးမလား ဒီလိုလုပ်ထားခြင်းဖြင့် မိမိဖုန်း Contacts တွေကို မှတ်သားထားမယ်ဆိုရင် ကံမကောင်းလို့ ဖုန်းပျောက်ခဲ့တောင်မှ ဒီနံပါတ်တွေကို အလွယ်တစ်ကူ ရယူနိုင်တဲ့အတွက် သိပ်ကြီး ဆုံးရှုံးမှု မများလှပါဘူး။ အချို့သတင်းစာတွေမှာ တွေ့ဖူးပါတယ်..။ ဖုန်းတော့ရချင်ရင်ယူပါ နံပါတ်လေးတော့ ပြန်ကူးပြီး ပို့ပေးပါ ကျေးဇူး ဆပ်ပါမည်ဆိုတဲ့ သတင်းမျိုး ဖတ်ဖူးကြတယ်မဟုတ်လား..။ ခုကတော့ အဲ့ဒီဒုက္ခက ကင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြသွားမှာပါ..။
ကဲ စလိုက်ကြစို့ဟေး..ပထမဆုံး ဖုန်း Call ကိုဖွင့်ပြီး Contacts အထိသွားလိုက်ပါ။ ပြီးရင် ပုံမှာ ပြသထားသလို..
လုပ်ပါ..။မြှားပြထားတဲ့ Menu နေရာလေးကိုနှိပ်ပါ..။ Import/Export >> Export to Storage >> အစဉ် အတိုင်း နှိပ်သွားပါ..။
 ကဲ ဒုတိယပုံမှာကတော့ Export ကို နှိပ်ပါ..။ နှိပ်လိုက်ရင် Phone ထဲမှာ မှတ်သားထားတာကို Export လုပ်မှာ လား SIM Card ထဲက Contacts ကိုလုပ်မှာလား မေးတဲ့အခါ ကိုယ်မှတ်ထားတာက SIM ထဲမှာဆိုရင် SIM Card ကိုရွေးပါ။ Phone ထဲမှာဆိုရင်တော့ Phone ကို ရွေးပေးပါ အမှန်ခြစ်လေး ခြစ်ပေးလိုက်ပြီး OK ပေါ့.။
အဲ့ဒါဆိုရင်တော့ Export ထုတ်လိုက်ပါပြီး သူ့ကိုတော့ Phone Storeage ထဲမှာ ရှာကြည့်ပါ အောက်ဆုံးမှာ..။
တွေ့ပါလိမ့်မယ်..။ ကဲ အဲဒါတွေ ခဏထား..ရှေ့ဆက်မယ်..

 ကဲ Export ထုတ်ပြီးပြီဆိုတော့ မူလလာခဲ့သည့် လမ်းကြောင်းအတိုင်း လာခဲ့ပေါ့..။ ဖုန်းအသစ်ဝယ်ရင်လည်း
ဒီနည်းအတိုင်းလေးဘဲ လုပ်ရမှာဘဲ..နော်.ဒီလောက်တော့ အားလုံးသိပြီးသားလို့ထင်ပါတယ်..။ ကဲ Import From Storage ကို နှိပ်ပြီးတော့ မိမိက ဖုန်းထဲကို ထည့်သွင်းမှာဖြစ်တဲ့အတွက် Phone ကို ရွေးပေးလိုက်ပါ..။

 ကဲ ဒီအဆင့်မှာတော့ဖြင့် ဖုန်း Storage ထဲမှာ ရောက်နေတဲ့ ဖိုင်လေးကို ရွေးပေးပါ။ ကျုပ်က မနေ့က စမ်းသပ်
ထားတာမို့ နှစ်ခုဖြစ်နေပါတယ်.။ ရက်လနှစ်ကြည့်လိုက်ပါ..ခုလုပ်လိုက်တဲ့ 00002.vcf ဖိုင်လေးကို ရွေးပေးလိုက်
ရုံဘဲပေါ့..။ မိမိက တစ်ခါမှ မလုပ်ရသေးရင်တော့..။ 00001.vcf ဖိုင်ကို ရွေးပေးရုံပါဘဲ...။ နောက်ပုံကတော့
ကျုပ် Export လုပ်ထားတဲ့ဖိုင် နှစ်ခု ဘယ်နေရာကို ရောက်နေတဲ့အကြောင်းပြပုံလေးပါ..။ Internal Storage ထဲ
ရောက်နေတယ်ဆိုတဲ့အကြောင်းပေါ့ဗျာ.. ကဲ ပြီးပါပြီ...
ကဲ ဒီနေရာမှာတော့ အချုပ်အားဖြင့် ပြောရသော် ခုန Internal Storage ထဲက ဖိုင်လေးကို ကွန်ပျူတာမှာဘဲ သိမ်း
ထား သိမ်းထား သို့မဟုတ် အခြားဖုန်းတစ်လုံးထဲမှာဘဲ ထားထား SD Card ထဲမှာဘဲ ထားထား မိမိသိမ်းထားချင်သလို ထားလို့ရပါပြီ ဖိုင်မပျောက်ပျက်ဖို့သာ အဓိကကျပါသည်။ အင်တာနက်ပေါ် တင်မယ်ဆိုလည်း တင်ထားပေါ့ဗျာ...။ ကဲ ဒါဆိုရင်တော့ ပြောပြခဲ့တဲ့ အဆိုးအကောင်းတွေကို သဘောသဘာဝ
တွေကို အဆုံးအရှုံး နဲနဲကျော်ဖြတ်နိုင်ကြလိမ့်မယ်ထင်ပါတယ်....။ ကြိုက်တယ်ဆိုရင်တော့ အားပေးစကားလေး
ကွန်မန့်ဘောက်မှာ ပြောထားခဲ့ကြပါဦး တိတ်တိတ်လေး ထွက်မသွားကြေးနော်.....။
Thak You....

Wednesday, September 3, 2014

VidMate.Apk အကောင်းဆုံး ဒေါင်းလော့ချ ဆော့ဖ်ဝဲ Tubemate ထက် ပိုကောင်းပါတယ်

VidMate ဆိုတဲ့ကောင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါလေးက မနေ့ကမှ MMUG က ရလာတာလေး ပါ..။ ဒေါင်းလော့ချရာမှာ အလွန်ကောင်းတဲ့ ဆော့ဖ်ဝဲလို့ဘဲ ညွန်းပါရစေတော့ဗျာ..။ Browserဆိုလည်း ဟုတ်တယ်။ Downloader ဆိုလည်း ဟုတ်ပါတယ်။ Tubemate ထက် ကောင်းပါတယ်။ ဟိုအရင်ကတော့ Tubemade ကကောင်းခဲ့ဘူးပါတယ်။ ခုနောက်ပိုင်း မကောင်းတော့ပါ ခု ဒီကောင်လေးကတော့ Youtube က ဗွီဒီယိုတွေ MP3တွေ ဇာတ်ကားတွေ ဒေါင်းလော့ချလို့ရပါတယ်။ ဒီကောင်လေးကို ၀င်လိုက်ရင် Videosite ဆိုတဲ့နေရာမှာ Video တွေ တင်တဲ့နေရာမှာ နာမည်ကြီးတဲ့ဆိုက်တွေကို ထည့်သွင်းထားတော့ ပိုလို့အဆင်ပြေပါတယ်။ နာမည်ကြီးဆိုက်တွေဖြစ်တဲ့ Youtube/ Facebook / PagalWord / Vimeo / Dailymotion / Desilady/ MP4Movie/ SkyMovies/ Teluguwap/ Moveievilla / 02Movies/ F2Moviez / Metacafe / FunnyorDie / Break / NDTV/ SoundCloud/ အစရှိတဲ့ဆိုက်တွေက ဗွီဒီယိုတွေ သီချင်းတွေ ကို ဒေါင်းလော့ချနိုင်ပါတယ်..။ ကဲ ဒီလောက်ဆိုရင်ကိုဘဲ အတော်ကောင်းနေပြီ မဟုတ်လား...ဒါတင် မကသေးပါဘူး..။

Tuesday, September 2, 2014

Baidu Browser.Apk အလန်းလွန် အလွန်လန်းတဲ့ Browser လေးပေါ့

Baidu Browser လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကောင်လေးကတော့ သုံးရတာ ပေါ့ပါးတဲ့ Browser လေးတစ်ခုပါ။ သုံးကြည့်ရင် သိပါလိမ့်မယ်.။ အမှန်အတိုင်းပြောရရင်တော့ လိုသလောက်လိုမယ် မလိုသလောက်မလိုပါဘူး။ ဖုန်းမှာ ပါတဲ့ Browser တွေကလည်း သူ့ဟာနဲ့သူ ကောင်းပြီးသားတွေဘဲလေ။
Chrome တွေလည်း ပါနေလေတော့ သိပ်ကြီးတော့ မလိုဘူးလို့ထင်တာဘဲ.ကိုယ့်ဆိုက်ပေါ်လည်း တင်သေးတယ် ရချင်အောင်လည်း မပြောတတ်ဘူး ဒီလိုတော့ ထင်ကြမှာဘဲ။ ဟုတ်ပါတယ် ကျုပ်အမှန် အတိုင်းပြောတာပါ..။ သို့သော် အကောင့်ဖောက်တာများတဲ့သူ သို့မဟုတ် အကောင့်များစွာ သုံးနေသူ ဆိုရင်တော့ လိုတာပေါ့ facebook အကောင့်တစ်ခုကို Browser တစ်ခုနှုန်းနဲ့ သုံးနေတဲ့သူတွေကလည်း
ရှိတယ် မဟုတ်လား ဒီတော့ လိုလိုမယ်မယ် တင်ထားတယ်လို့ဘဲ ပြောပါရစေတော့ဗျာ..။

Friday, August 29, 2014

Google Gesture Search ရှယ်ဆော့ဖ်ဝဲလေးနော်

ဒီကောင်လေးကတော့ ဂူးဂဲလ်ထုတ်ကုန်လေးတစ်ခုပါ ။ မသုံးဖူးသေးဘူး ဗွီဒီယိုပြကွက်တွေ ကြည့်ကြည့်တာ
တော့ အတော်ကောင်းပါတယ်..။ ဒီကောင်ကတော့ ရှာဖွေရေးအင်ဂျင်တစ်မျိးပေါ့။ ဒီဆော့ဖ်ဝဲလေး ထည့်သွင်း
ထားမယ်ဆိုရင် ကိုယ်ရှာချင်တာကို ဖုန်းပေါ်မှာ M ပုံလေးရေးလိုက်ရင် M နှင့် ပါတ်သက်တဲ့ Mail Gmail စသဖြင့် ဆော့ဖ်ဝဲတွေကို ဖော်ပြပေးမယ့် Search အင်ဂျင်တစ်မျိုးပါဘဲ..။ ထုတ်လုပ်လာတာတော့ အတော်ကြာ
ပြီဗျ။ 2010 ကတည်းက ထုတ်လုပ်လာတဲ့ဆော့ဖ်ဝဲပါ ဒီထက်ပိုချင်လည်းပိုမယ်ပေါ့ဗျာ..။ ခုဒီကောင်လေးကတော့
အသစ် ဗားရှင်းလေးပေါ့။ July 28, 2014 ဆိုတော့ မကြာသေးပါဘူး..။ ကဲ မသုံးဖူးသေးတာတွေကို လက်တွေ့
အသုံးချစမ်းကြည့်နေကြတဲ့..ကိုယ့်လို နည်းပညာရူးတွေအတွက် စမ်းသပ်ကြည့်နိုင်အောင် တင်ပေးလိုက်ပါတယ်
အားပါးတစ်ရ စမ်းသပ်နိုင်ပါပြီ...။ ဓါတ်ပုံမှာလည်း သင်္ကေတလေးတွေ ပါပါတယ် D လို့ရေးလိုက်ရင် D နဲ့ပတ်
သက်တာတွေ ကျလာတဲ့ပုံပေါ့...။ ညနေပိုင်း သုံးကြည့်လိုက်တာ အတော်မိုက်တယ်..ဖုန်းနံပါတ်တွေတောင်
ရှာလို့ရတယ်...။ Very Good ဘဲ......သုံးကြည့်ရင် သိပါလိမ့်မယ်..။


ခုနောက်ပိုင်း ဖုန်းတွေမှာ ဖန်ရှင်ကောင်းလေးတွေ ပါလာတတ်တာ တွေ့ဖူးမှာပါ။ ဥပမာ Oppo ဆိုတဲ့ ဖုန်းတစ်မျိုး
ဟာ I ပုံသဏ္ဍာန်ကို ဆွဲလိုက်ရင် ဘာထွက်လာမယ် ကြက်ချေတ်ဆွဲရင် ဘာထွက်မယ်..။ စသဖြင့် ဖန်ရှင်ကောင်း
လေးတွေ ထည့်သွင်းပြီးတော့ ပရိသတ်ကို စိတ်ဝင်စားအောင် လုပ်လာကြတယ် မဟုတ်လား..။ အခုကောင်လေး
ကလည်း ဒီစနစ်ကိုဘဲ အခြေခံထားပုံရပါတယ်..။ ဒီကောင်လေးကလည်း အတော်လေးကို ပြီးပြည့်စုံသလောက်
ရှိပါတယ်..။ ဂူးဂဲလ်ရဲ့ ထုတ်ကုန်တစ်မျိုးဆိုတော့ အောက်မကျတာကတော့ သေချာတယ်..။ ထိပ်တန်းအဆင့်
ဆော့ဖ်ဝဲ တစ်မျိုးလို့​သတ်မှတ်နိုင်ပါတယ်..။ စမ်းသုံးကြည့်လိုက်ပါ.....စွဲသွားစေရမယ်လို့တော့ အာမမခံဘူး..။
လူတိုင်း အကြိုက်မတူဘူးလေ...။ ဒါပါဘဲ...။

Description
Gesture Search lets you quickly access contacts, applications, settings, music and bookmarks on your Android device by drawing letters or numbers. It continuously refines search results as you add each gesture, and becomes better as it learns from your search history.
What's New
New in 2.1.4:
New app widget for quick launch of recent items.
Displayed as a popup dialog on tablets.
Bug fixes and UI improvements.
New in 2.1.2:
Searching multilingual contents by drawing native characters for 40+ languages. Transliteration is supported for all these languages. Pinyin initials are also allowed for Chinese. More bugs fixed (including the crash during indexing and incompatibility with Froyo introduced in the previous version).
အသုံးပြုနည်း ဗွီဒီယိုတွေကတော့ https://www.youtube.com/watch?v=ervpreWxpS0 ဒီနေရာမှာ
ကြည့်နိုင်ပါတယ်...။ Youtube မှာ How to Google Gesture Search ဆိုပြီး ရှာကြည့်ရင်လည်း သိနိုင်မှာပါ
ဒီလင့်ကတော့ https://www.youtube.com/watch?v=22YapPe8QFI အတိုလေးပါဘဲ ကြည့်လိုက်တာနဲ့
ဘယ်လို သုံးရမယ်ဆိုတာ သဘောပေါက်မှာပါ..။။

Monday, August 18, 2014

Golden Call Locator ဖုန်းရဲ့ တည်နေရာ/ နေရပ်လိပ်စာတွေကို ကြည့်မယ်

Golden Call Locator ဆိုတဲ့ကောင်လေးကတော့ အတော်များများသိပြီးသားပါ များသောအားဖြင့်ကတော့
ကြိုးဖုန်းတွေကို သိပါတယ်။ ဘယ်အရပ်ဘယ်ဒေသက ဖုန်းလဲ  ဘယ်သူပိုင်သလဲ စသဖြင့်ပေါ့လေ။ ဘယ်ရပ်ကွက် ဘယ်သူ့ဖုန်းဆိုတာကို အင်တာနက်လေးဖွင့်ပြီး ဖုန်းဆက်သူရဲ့ နေရာကို သိနိုင်ပါတယ်။ ကဲ လိုအပ်မယ်ထင်ပါတယ်။ အခုကောင်လေးကတော့ အသစ်လေးပါ။ မြန်မာ July 17, 2014 နေ့ထုတ်ဆိုတော့
သိပ်တော့လည်း မကြာသေးဘူးပေါ့ဗျာ..။ မသုံးဖူးသေးရင် သုံးဖူးအောင် သုံးကြည့်ပါ။
Description
To show the location and address of the callerThis software can show the location and address of the caller (city name/ state name).
If the caller numbers are business used, it can show business name and exact address.
You can also find the phone location by typing the telephone number into Golden Call Location Software.
But this software is only suitable for Myanmar.


Golden Call Locator - screenshotGolden Call Locator - screenshotGolden Call Locator - screenshotGolden Call Locator - screenshot
 

sex beautiful models XuYunMi ဓါတ်ပုံလန်းလန်းလေးတွေ ကြိုက်သူများအတွက်

ဒါလေးတွေကတော့ ခေတ်ပေါ်စတိုင်အမျိုးမျိုးနဲ့ ရှိုးထုတ်ကြတဲ့ မိန်းကလေးတွေရဲ့ ပုံလေးတွေပေါ့ဗျာ..။ ကိုးရီးယား
စတိုင်လေးတွေကို လေ့ကျင့်လိုရင်တော့ ကောင်းတာပေါ့။ သူများနိုင်ငံက အဆင့်မြင့်ကင်မရာတွေနဲ့ ဒို့လက်ထဲ
ကိုင်ထားတဲ့ 8MP လောက်ရှိတဲ့ ကင်မရာနဲ့ ရိုက်တာကတော့ ကွာမှာပေါ့ နောက်ပြီး ဓါတ်ပုံပညာဘာမှမရှိဘူးလေ
ဓါတ်ပုံရိုက်တယ်ဆိုတာကလည်း ပညာသားပါတယ်ဗျ။ ဘယ်လိုအနေအထားလေးနေရင် ကြည့်ကောင်းမယ်။
မီးအလင်းအမှောင်ကအစပေါ့ဗျာ..။ ကိုယ်ကတော့ ကြည်ရင်ပြီးရော ရိုက်ကြတာများတယ်မဟုတ်လား..။ အဲတော့ သူတို့စတိုင်ကို အတုခိုးရိုက်ပြီး ဖွဘုတ်ပေါ်မှာ လန်းချင်တယ်ဆိုရင်တော့ အတုခိုးပြီး ရိုက်ကြပေါ့လေ..။
ညမင်းသားတွေသာမဟုတ်ပါဘူးကွယ်..။ အတော်များများကတော့ ဒီလိုလန်းတာလေးတွေကို ကြိုက်ကြတယ်
မဟုတ်လား စိတ်ကြည်တာကိုးဗျ။ ကိုယ်ကတော့ စိတ်ကြည်ဆေးဆိုပြီး ကြည့်တာဘဲလေ...။ ကဲ ကြိုက်မယ်
ထင်ပါတယ်။ 28MB ကိုယ်တင်တာဆိုတော့ နဲနဲတော့ကြီးတယ်ဗျာ။ အော်ရီဒူးနဲ့သာဆိုရင်တော့ မွဲပေါက်ဘဲ..။
တင်သူလည်းမွဲ ဆွဲသူလည်းမွဲ မလွယ်ပါဘူး အော်လဒူးရယ်...ဒါကြောင့် မပုတုလေးဘဲ သုံးနေရတယ်...။
သူကလည်း ကြောင်တောင်တောင်နဲ့ ကောင်းလာလိုက် ပြတ်ထွက်သွားလိုက်နဲ့....ကဲ ဒါတွေထား ကြိုက်ရင်
ယူသွားပါ...။

 ခု Template လေး သဘောကျကြလားဗျ။ ကိုယ်ကတော့ သဘောကျလို့ လုပ်ထားတာဘဲ...။ တစ်ခါကြည့်ရုံနဲ့
Arrow Key လေးနှိပ်ပြီး ကြည့်ရုံဘဲ..။ Read More တွေနဲ့ မကြည့်ရတော့ မရှုတ်တော့ဘူးပေါ့ဗျာ..။ လွယ်ကူအောင်ပေါ့..။ လွယ်သည်ထက်လွယ်တော့ လေ့လာရတာပိုအဆင်ပြေတာပေါ့..။ ကြော်ငြာတွေလည်း
ထည့်မထားတော့ ပိုလို့ ပေါ့မယ်ထင်ပါတယ်....။

Sexy Girl Puzzle အလန်းလေးတွေ ကြည့်မယ် (မိုးကောင်းကင်)

အလန်းလေးတွေ ကြည့်ချင်သူများအတွက်ပေါ့ကွယ်။ apk ကတော့ ထွက်တာကြာပါပြီ 2013 ကတည်းကပါ
မရှိသေးရင်တော့ ဒေါင်းကြည့်ကြပေါ့ကွယ်....သိပ်မရှင်းပြတော့ပါဘူးကွယ်....။
Description
This application is suitable for ages 18 and older users.
lots of sexy and and beautiful girl pictures in the app!!!
unlimited,you can see any picture without any premise.
you can just see the beautiful picture,or play the puzzle game.
There are three different difficulty of puzzle challenges you.
--Live wallpaper--
Try pressing "Menu"
Home -> Menu -> Wallpapers -> Live Wallpapers -> Sex Girl Wallpaper.
Enjoying yourself!
 

honor နှင့်ဓါတ်ပုံရိုက်ရင်း အသံမက်ဆေ့ထည့်မယ်၊ နောက်ပေါ်ဖုန်းများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ရင်း အသံသွင်းထားမယ် (18.8.2014)

 



ကဲ ဒီပညာလေး တင်ပေးမယ် တင်ပေးမယ်နဲ့ မတင်ပေးဖြစ်ဘူး။ ကျုပ်သုံးနေတဲ့ honor 3c မှာတော့ ပါပြီးသားပါ
မကလိလို့ မသိတာပါ။ ဒီကောင်လေးက ဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတော့ ဘုရားဖူးသွားတဲ့နေရာတွေ
ကိုယ်မရောက်ဖူးတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်တဲ့အခါ ဒီနေရာလေးမှာ ဘာလုပ်ခဲ့တယ် စသဖြင့် အသံမက်ဆေ့
လေးထည့်လိုက်လို့ရပါတယ်။ G6 မှာလည်း ဒီစနစ်ပါပါတယ် များသောအားဖြင့် နောက်ပေါ်ဖုန်းတွေမှာ ပါမယ်
ထင်ပါတယ်နော်..။ အသုံးမပြုကြလို့သာ မသိတာပါ..။ ကဲ စမယ်ဗျာ..ပထမဆုံး ကင်မရာကိုဖွင့်ပါ။ ဖွင့်ပြီးရင်တော့
ကင်မရာပုံလေးကို ထပ်နှိပ်ပါ Audio Note ဆိုတာလေးကို ရွေးပေးပါ။ ကဲဒါဆိုရင်တော့ ကိုယ်ရိုက်ချင်တာ စရိုက်
လို့ ရပါပြီ။ ဓါတ်ပုံရိုက်ပြီးရင်တော့ အသံကို 10 စက္ကန့်လောက် ထည့်သွင်းလို့ရပါတယ်။ ဘာမှတော့မခက်ပါဘူး
သို့သော်လည်း ပညာဆိုတာမျိုးက ရှာမှတွေ့တာကိုးဗျ။ ကျုပ်ဖြင့် ဒီပညာလေးကို နည်းပညာဆိုက်တွေမှာတော့
မတွေ့မိသေးဘူးဗျ။ တော်တော်များများကတော့ သိမယ်ထင်ပါတယ်။ မသိသေးဘူးလို့လည်း ထင်ပါတယ်.။ မေး
ကြမြန်းကြတာ မတွေ့တာကြောင့်ပါ။ သိမယ်ထင်တာက ပညာက အရမ်းရိုးရှင်းနေလို့ပါ။ ကင်မရာကတော့
မူရင်း ပါတဲ့ ရိုးရိုးကင်မရာပါဘဲနော်....။

ကဲ ဒီလောက်ဆိုရင်တော့ သိလောက်မယ်ထင်ပါတယ်..။ ဘာမှမခက်ဘူးဗျ..။ ကင်မရာဖွင့်>ကင်မရာပုံလေးနှိပ်>
 Audio Note ဆိုတာလေးရွေးလိုက်ရင်ရပြီ..။ ဓါတ်ပုံကတော့ ကြိုက်တာရိုက်ပေါ့ဗျာ..။ 8MP နဲ့ရိုက်ရင်တော့ 3MB
လောက်ထွက်တယ်ဆိုတော့ ကြည့်ရိုက်ပေါ့ကွယ်..။

G6 မှာလည်း ထိုနည်း၎င်းဘဲ လုပ်လိုက်ပါ။ honor နဲ့ တော့ လုပ်ပုံနဲနဲလေးကွဲပါတယ်။ ဒါပေမယ့် အတူတူပါဘဲ
သူ့မှာက Audio Note လို့ ရေးမထားဘူး နာမည်တောင် မေ့နေတယ်ဗျာ ကိုယ့်ဆီမှာ မရှိတော့ ငှါးရမှာမို့ နာမည်
တော့ မထည့်နိုင်တော့ဘူး ။ ဒါတော့ခွင့်လွတ်ပါဗျာ နောက်ပေါ်ဖုန်းတိုင်း ရိုက်လို့​ ရပါတယ်...။ ဓါတ်ပုံရိုက်ပြီးရင်
အသံသွင်းဘို့ အသံဖမ်းဖို့ ပုံလေးတက်လာတယ် ကျုပ်တို့ ဝေါ်ကီတော်ကီလိုပေါ့ဗျာ..အဲဒီအချိန်မှာ ကိုယ်ပြောချင်
တာလေးတွေ ပြောရုံဘဲ။ ဒီကောင်က facebook ပေါ်တော့ တင်လို့ မရဘူးဗျာ တင်လိုက်ရင် ဓါတ်ပုံဘဲ တင်တာ
အဲဒီအသံတွေက ပါမလာတာ အဲဒါတစ်ခုပါ.။ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်လေ့ရှိသူတွေအတွက်ကတော့ကိုမိုးရဲ့
မတောက်တစ်ခေါက် သိထားတဲ့ ပညာက အသုံးဝင်လိမ့်မယ်ထင်ပါတယ်။ သူများထုတ်ထားတာကို သိအောင်
လုပ်နေရတဲ့ ဘ၀သမားရယ်ပါ....။

ကိုမိုးက ဆေးလိပ်သောက်တတ်တာကိုးဗျ ဒီတော့ ဆေးလိပ်ရိုက်ပြထားတာပေါ့။ ငွေနဂါးကြော်ငြာတာမဟုတ်ပါ
မရှိသုံး သောက်နေရတာ မကြိုက်ဘူး လူတွေ စီးပွါးရေး သိပ်ဆန်တယ်....။ ဒါပါဘဲ..အဆင်ပြေပါစေ....

Friday, August 15, 2014

ဖုန်းမှာ ဓါတ်ပုံရိုက်ပြီး အလန်းလေးလုပ်မယ် BeFunky Photo Editor Pro v4.1.0 APK

ဖုန်းမှာ ဓါတ်ပုံတွေကို ပြုပြင်ချင်သူများအတွက် BeFunky Photo Editor Pro နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။ အခုခေတ်နဲ့တော့ လိုက်ဖက်အညီဆုံး Application လေးပါဘဲ။ ဘာလို့လည်းဆိုတော့ မိမိပြုပြင်ပြီးသား Photo များကို Facebook ပေါ်သို့
တိုက်ရိုက်လှမ်းတင်နိုင်လို့ပါဘဲ။ အဲဒီ Feature လေးကတော့ မိုက်တယ်ဗျာ။ ဓါတ်ပုံပြုပြင်တဲ့ Feature တွေ Effect တွေကတော့ အများကြီးဘဲဗျာ။ ကိုယ်တိုင်သာစမ်းပြီးကလိကြပါနော်။ Android OS 2.2 နှင့် အထက်ဖုန်းများမှာအသုံးပြုနိုင်ပါတယ်ဗျာ။