This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label နည်းပညာ ဂျာနယ်များ. Show all posts
Showing posts with label နည်းပညာ ဂျာနယ်များ. Show all posts

Monday, December 23, 2013

Mobile Guide Issue 134

ယနေ့ထွက်ရှိလာတဲ့ နည်းပညာဂျာနယ်လေးပါ။ ပညာလေးတွေ အတော်ပါတယ်နော်။ ကိုယ့်အတွက် အများကြီး
အကျိုးရှိမယ့် ပညာတွေပေါ့။ ဒါကြောင့် ဖတ်ပါလို့ဘဲ တိုက်တွန်းပါရစေတော့ကွယ်။ ဒီပညာရပ်ကို စိတ်ဝင်စားလို့
ဘဲ ဖြစ်စေ မအအောင်ဘဲဖြစ်စေ သို့မဟုတ် အခြားသောအကြောင့်တွေကြောင့်ဘဲဖြစ်စေ ဖတ်သင့်တယ်လို့ ထင်
ပါတယ်။ ဒါကတော့ လတ်တစ်လောမှာ အသုံးဝင်မယ့် သတင်းအချက်အလက်လေးတွေပေါ့ဗျာ။ တစ်သက်စာ
တော့ မဟုတ်ဘူးလို့ဘဲ ပြောပါရစေ။ တစ်သံသရာလုံးအတွက်လည်း မဟုတ်ဘူး ဒီလိုဘဲ ပြောရမှာဘဲ ။ ဘာလဲ
ဆိုတော့ ဒါက နည်းပညာလေ။ ခုနောက် နည်းပညာဂျာနယ်တွေမှာ ဖုန်းသင်တန်းတွေ အတော်လေးပါလာတာ
သတိထားမိတယ်။ ဒါကတော့ လုပ်စားမယ့်သူတွေအတွက်ပေါ့ဗျာ သာမန်ကိုယ့်ဖုန်းတစ်လုံး သုံးတာလောက်က
တော့ဖြင့် သင်တန်းတက်ဖို့ မလိုဘူးလို့ ထင်တာဘဲ။ facebook အကောင့်ရှိရင်တော့ ပိုပြီးတော့ မျက်စိအမြင်ကျယ်
တာပေါ့ဗျာ။ ဒီဖေ့စ်ဘုတ်မှာ နည်းပညာရော တစ်ခြားဥစ္စာတွေပါ လေ့လာနိုင်တယ်လေ။ အဓိကကတော့ ကိုယ်ကို
တိုင်ပါဘဲ။ ကိုယ်စိတ်ဝင်စားတဲ့ အပေါ်မှာ မူတည်တယ် အဲတော့ ကိုယ်စိတ်ဝင်စားတာကို လေ့လာပေါ့ဗျာ..။ ဒါဘဲ။

Monday, December 16, 2013

Mobile Guide Issue 133 ... download here..

ကိုယ့်အကြိုက်ဆုံး နည်းပညာဂျာနယ်လေးတစ်ခုပေါ့။ သိပ်ကောင်းတယ်ဗျာ ဆန်းသစ်မှုတွေ အပြည့်နဲ့ပေါ့။ ဂျာနယ်ရောင်းအားလည်း ကောင်းမှာပါ။ ဒီဂျာနယ်ကတော့ ကိုမိုးသိပ်ကြိုက်တာ ထွက်တိုင်းလည်း ဆွဲဖြစ်တာ များပါတယ်။ ကျုပ်သတိထားမိတာလေးတစ်ခုကတော့ အဲဒီနည်းပညာဂျာနယ်တွေမှာ ဒူးပေါ် ပေါင်ပေါ်တွေလေ။ အဲဒါက နည်းပညာလား သို့မဟုတ် ရောင်းတာလား အဲဒါတော့ မသိဘူးဗျာ။ ရောင်းတာ မဟုတ်တာတော့ သေချာ
တယ် ကြော်ငြာကဏ္ဍတွေမှာတော့ မပါဘူး။ သို့သော်လည်း ဘာလို့ ဒူးပေါ်ပေါင်ပေါ်တွေနဲ့ တန်ဆာဆင်တယ်ဆို
တာတော့ ကိုယ်လည်း မပြောတတ်ပါဘူး။ အဓိကကတော့ ကျားတွေ စိတ်ဝင်စားအောင် သားကောင်ပြသတဲ့ နည်းဖြစ်မှာပေါ့နော်..။ ခုနောက်ပိုင်းဆို အတော်များများ ဂျာနယ်တွေက ဟိုဖွါးဘက်တော် မပေါ်ရုံပုံလေးတွေ ပါတာများတယ်နော်။ ဒါလည်း ကြော်ငြာတစ်မျိုးနေမှာဘဲ..။ ကိုင်ပြထားတာကတော့ ဖုန်းပေါ့ သို့သော်လည်း လူတွေ သွားသွားကြည့်တာက အောက်ပိုင်း မလုံ့တစ်လုံကို အရင်ကြည့်တာ ဟာ ဆင်နှာမောင်းလေးအတိုင်းဘဲ အရင်းတုတ်ပြီး အဖျားသွယ်တာလေးကို အရင် ကြည့်ကြတယ်မဟုတ်လား...။ တစ်ချို့ကလည်း အချိုအိုးလေးပေါ့
အဲဒါကြော်ငြာတယ်လို့ ထင်ပါတယ်။..ဒီအရေးအသားတွေကတော့ ကိုယ့်စိတ်ကူးတည့်ရာလေးတွေပါ..။ ကဲ ဂျာနယ် ဖတ်လိုရင်တော့ ဒေါင်းပြီး ဖတ်ကြပေါ့ဗျာ....။

Monday, December 2, 2013

Mobile Guide Journal လေးပါ..

ကဲဗျာ ဒီနေ့လည်း ပို့စ်အသစ် မတင်နိုင်ဘူးဖြစ်နေတယ်။ ဒါနဲ့ Mobile Guide Journal လေးတွေ့လို့ ပြစ်
တင်လိုက်တယ်ဗျာ။ ဒီလိုဂျာနယ်လေးနဲ့ နှပ်နေတာလည်း တစ်ခုကောင်းပါတယ်ဗျာ။ ဘာလဲဆိုတော့ အင်တာနက်ဖိုး အကုန်အကျ သက်သာတယ်လေ။ ဒီဂျာနယ်တွေက တစ်ပတ်မှာ တစ်ခါထွက်တာဆိုတော့
တစ်ပတ်အတွင်းက အလတ်ဆုံး သတင်းတွေကို မြင်တွေ့ရမယ်ပေါ့ဗျာ။ ဖေ့ဘုတ်တစ်ခွင်မှာ မတွေ့ရတဲ့ သတင်းအသစ်တွေလည်း ပါတာပေါ့။ ကျုပ်ကတော့ ဒီဂျာနယ်ကို ကြိုက်ခဲ့ဘူးတယ်။ အခြားသောဂျာနယ်
တွေထက် ကြိုက်တယ်။ ဘာကြောင့်လည်း ဖိုင်ဆိုက်ငယ်ပြီး ကြည့်ရတာအရည်အသွေးကောင်းတာရယ် ဗဟုသုလေးတွေလည်း အတော်များများ ရလို့ပါ။ ဒါကြောင့် ဆွဲဆွဲပြီး ဖတ်ဖြစ်ပါတယ်။ အပတ်တိုင်းတော့
မဟုတ်ဘူးပေါ့ဗျာ။ ကဲ ခုဒီနေ့ထွက်လာတဲ့ ဂျာနယ်လေးကလည်း အင်တာနက်ပေါ်တက်ပြီး လေးငါးဆိုက်
မွှေနှောက်သလို သင့်ကို ကူညီလိမ့်မယ်ဆိုတာ မပြောဘဲနဲ့ သိပါလိမ့်မယ်...။ ကဲ ဖတ်ချင်ရင် ဒေါင်းပြီး ဖတ်
ကြဗျို့......။

Tuesday, November 12, 2013

Tech Space နည်းပညာဂျာနယ် Vol-2 Issue-33

နည်းပညာဂျာနယ်လေးတွေ့လို့ တင်ပေးလိုက်တယ်ဗျာ။ ပုံလေးလန်းနေလို့လေ အတွင်းမှားကတော့ facebook မှာ မြင်ပြီးသား သတင်းတွေလည်းပါမယ်။ အခြားသော ဂိမ်းကြော်ငြာ ကွန်ပျူတာဈေးနှုန်းကြော်
ငြာတွေ ကြည့်ရမှာပါဘဲ နယ်မှာနေတဲ့သူတွေတော့ အဆင်ပြေတာပေါ့ဗျာ။ သူတို့ဂျာနယ်တိုက်ကလည်း
နယ်မှာနေသူများအတွက် ရည်ညွန်းပြီး တင်ပေးတာနဲ့ တူပါတယ်။ မြို့ပေါ်လူတွေကတော့ ၀ယ်ဖတ်ဖြစ်ကြ
မယ်ထင်တယ်။ ကဲဗျာ တစ်ခါတစ်လေတော့လည်း အားပေးလိုက်ပါဦး။ ကိုယ်မသိသေးတဲ့ ပညာတွေပါလာ
တော့လည်း အမြတ်ပေါ့။ ဟုတ်ဘူးလား ဒါမှ ကိုယ့်အတွက်ကျန်မှာလေ။ ဘာပဲပြောပြော နည်းပညာလေ့ လာနေတယ်ဆိုရင်တော့ ကြည့်သင့်ပါတယ်။

Wednesday, October 30, 2013

Netguide Vol (3) , Issue (8),

ကဲ ဒီနေ့တော့ Netguide ဂျာနယ်လေးတင်ပေးလိုက်တယ်ဗျာ။ နည်းပညာကလည်း တစ်နေ့တစ်ပို့တောင်
မတင်နိုင်တော့ဘူးဗျာ။ သိထားတာလေးတွေလည်း ကုန်သလောက်ရှိနေပါပြီ။ ကော်ပီတွေလုပ်ပြန်တော့
လည်း သိပ်မကောင်းဘူးလေ။ နည်းပညာတွေကလည်း မိုးသဲကြီးမဲကြီးရွာနေသလိုပါဘဲ။ မိုးရွာတာနဲ့ ပတ်
သက်ပြီးတော့ တိုက်ဆိုင်တာလေး ထည့်ရေးလိုက်တယ်။ ကျုပ်တို့နယ်ဘက်မှာ ဘုရားပွဲတို့ ရှင်ပြုပွဲတို့ဆို
ပွဲမလုပ်ခင် ရှင်ဥပဂုတ်ထိန်းတဲ့ အဘိုးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ပွဲတစ်ပွဲမှာ သူ့ခမျာ ဥပုသ်သီလ
ဆောက်တည်ပြီးတော့ မိုးထိန်းရှာတာပေါ့ကွယ်။ တိုက်ဆိုင်စွာဘဲ မိုးကလည်း သဲကြီးမဲ ရွာချလေတော့တယ်
လေ။ အဲတော့ ရွာဦးကျောင်းဆရာတော်က မိုးထိန်းတဲ့ အဘိုးအိုကို မြင်တော့ လွတ်ချလိုက်တော့ ဒကာကြီး
လွတ်လိုက်တော့ မရတော့ဘူး လွတ်လိုက်တော့လို့ အမိန့်ရှိသတဲ့။ မိုးထိန်းတဲ့ အဘိုးလည်း မိုးထဲလေထဲမှာ
မိုးထိန်းလို့ မရနိုင်တဲ့အဆုံး လွတ်ချပြီး ကျောင်းပေါ်တက်ပြေးလာတယ်တဲ့။ ကဲ ဒီဥပမာလေးလိုဘဲ ကျုပ်လည်း နည်းပညာမိုးတွေ တစ်အားရွာနေတော့ နည်းပညာက သိပ်မတတ်လေတော့ လွတ်ချလိုက်ရ
တော့မလို ဖြစ်နေတယ်။ လေ့နိုင်မှ လာတာဗျာ။ ကျုပ်လည်း သူများငွေရှာဆိုက်ဆို ငွေလေးရှာကြည့် တောင်
ရောင်ရောင် မြောက်ရောင်ရောင်နဲ့ ရောင်တစ်ကာအပေါင်း ရောင်ထောင်သောင်း ဖြစ်နေတယ်။ အွန်လိုင်း
မှာ ငွေရှာနည်းတဲ့ဗျာ။ သိပ်ပျင်းစရာကောင်းပါတယ် ဇွဲမရှိဘူးဘဲ ထားပါတော့။ ကဲ ဒါပါဘဲ နည်းပညာဆိုက်
တွေ များစွာ ပေါ်ထွက်လာနေပါတယ်။ အဲတော့ ရှာတတ်ဖွေတတ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်
ချင်ပါတယ်။ သိထားတာလေးတွေလည်း သူများကို အသိပေးပေါ့ဗျာ။ ကဲခုတော့ ဘာတွေထူးခြားမလဲဆိုတာ
Netguide ဂျာနယ်လေး ကြည့်လိုက်ပါဦး။ ဒီကောင်က 44 MB တောင်ရှိတယ်ဗျာ။ ဆိုက်ကြီးတယ်နော်.။
ကဲ အားလုံး အဆင်ပြေပါစေ.....

Monday, October 21, 2013

Mobile Guide ဂျာနယ်လေး

ကဲ Mobile Guide လေးနဲ့ နည်းပညာတွေ ဘာတွေ ထူးဆန်းလာသလဲဆိုတာ သိရအောင် ဒေါင်းပြီး ကြည့်ကြ
ရအောင်လားကွယ်..။ ကျုပ်လည်း သတင်းမကြည့်တာတောင် နဲနဲ ကြာပြီဆိုတော့ ပြန်ကြည့်မှ အဆင်ပြေ
မယ်။ နည်းပညာလိုက်စားသူတွေအနေနဲ့ကတော့ ဒါလေးကတော့ ကြည့်သင့်ပါတယ်။ ကိုယ်တစ်ဦးတည်း
လေ့လာတာထက်စာရင် သူတို့လေ့လာထားတာလေးတွေလည်း အကျိုးရှိတတ်ပါတယ်။ ကိုယ့်အတွက် အသုံးဝင်တဲ့ ပညာလေးတွေ ရနိုင်ပါတယ်။ ကဲ ကြည့်ချင်ရင်တော့ ဒေါင်းကြပေါ့..။ ဂျာနယ်တွေ စုံစုံလင်လင်
ဒေါင်းချင်သပဆိုရင်တော့ http://www.myanmarjournaldownload.com/ ဒီလင့်ကို သွားလိုက်ပါ။
ခု Mobile Guide ဂျာနယ်လေးကိုတော့ အောက်မှာ ဒေါင်းပေါ့..။

Monday, September 16, 2013

Mobile Guide Issue 120 AND INETERNET JOURNAL

ကဲ Mobile Guide ဖုန်းနည်းပညာ ဂျာနယ်လေးတွေ့လို့ တင်ပေးလိုက်တယ်။ ဒီနေ့တော့ မိုးမိထားတာ ဆေးရုံမှာ
တစ်နေ့ကုန်သွားတယ်။ ဘာမှတာ မလုပ်ရတာ အတော်ညှောင်းသကိုးကွယ်။ နပ်စမလေးတွေကြည့်ပြီး သနားမိ
တာတော့ အမှန်ဘဲ။ ဘာလို့လဲဆိုတော့ သူတို့ခမျာ မနက် ၆ နာရီကတည်းက စပြီးအလုပ်ဆင်းရတယ်လေ။ ည
၆ နာရီလောက်မှ ပြန်ရတယ်။ ဒီတော့ သူတို့ လူပျို အပျို သဘာဝ လည်ချင်ပတ်ချင်ကြမှာဘဲ ပျော်ချိန်တောင် မရှိ
သလို ဖြစ်နေလို့ သနားမိတာပါ။ ကိုယ့်မှာ တစ်နေ့နေရတာတောင် အတော့်ကို ပျင်းနေတယ်။ လူလည်း လူနာ
တွေနားနေလို့လား မသိ ဖျားချင်သလို နာချင်သလိုဖြစ်နေတယ်ဗျာ။ ဆေးရုံသွားတော့လည်း ဆေးရုံ ဗဟုသုတ
ရပါတယ်။ ကောင်းတာရော ဆိုးတာရောပေါ့. အဲဒီအကြောင်းတွေတော့ လောလောဆယ် မပြောသေးပါဘူးဗျာ။
အလျင်းသင့်မှပေါ့ မပြောတာကတော့ ကောင်းပါတယ်။ သို့သော်လည်း အကြောင်းတိုက်ဆိုင်ရင်တော့ ပြောရဦး
မှာပေါ့။ ကဲ ဒီနေ့တော့ မိုးအေးအေးနဲ့ နက်ပေါ်တက်လာတာ သြော် ကိုယ် တစ်ပို့စ်မှ မတင်ရင် ဘယ်သူမှ တင်မှာ
မဟုတ်တာကြောင့် အပျင်းပြေ ဖတ်ရအောင် ဗဟုသုတလေး ရအောင်ဆိုပြီး တွေ့တဲ့ ဂျာနယ်လေး တင်လိုက်တာ
ပါဘဲ.။ အဆင်ပြေကြပါစေ...iPhone 5s နှင့် iPhone 5c အကြောင်းကတော့ ငြီးငွေ့အောင် ဖတ်ရမယ်တာ ပြင်
ထားပေတော့..။

Wednesday, September 11, 2013

Tech Space နည်းပညာဂျာနယ် Volume-2 Issue-24

ဒီနေ့တော့ တင်စရာ ကောင်းတာလေးတွေ မတွေ့တတ်ဘူး ခုမှ တက်လာတာ ဘိုင်ပြတ်နေလို့ လိုင်းပေါ်တောင် မရောက်နိုင်ဘူး။ 5000 တန်လေး တစ်ကဒ်ဝယ်ပြီးထည့်လိုက်မှ နဲနဲ အသက်ဝင်လာတယ်။ ဒါတောင် Firefox က
ဒုက္ခပေးနေလို့ ကြန့်ကြာနေပါရော ကိုယ့်က ပရုပ်ဆီကြီး လုပ်ထားမိတာကိုး အဲတော့ ကွန်ပျူတာနဲ့ ဖုန်းနဲ့ ချိတ်
ဆက်မိနေပေမယ့် ။ အသုံးပြုလို့မရဘူး Auto-detect proxy settings for this network ဆိုတာလေး ပြောင်း
လိုက်မှ သုံးလို့ ရတော့တယ်။ သြော် ဒုက္ခဖြစ်ချင်ရင် ကြံဖန်ဖြစ်သကိုးကွယ်ရို့။ ကဲ ဒါကြောင့်ဘဲ အသိနောက်ကျ
အတွေ့နောက်ကျနဲ့ Tech Spaae ဂျာနယ်လေး ဖေ့ဘုတ်မှာတွေ့တာနဲ့ ကဲဒီနေ့တော့ လာထားအာဘွားဆိုပြီးသ
ကာလ ကောက်တင်လိုက်တာပါဘဲကွယ်.။ မကြည့်ရသေးရင် ဖတ်ချင်စိတ်ရှိရင်တော့ ဒေါင်းပြီးသာ ဖတ်ပေတော့
ဗျို့။ 

Sunday, September 8, 2013

Mobile Guide Issue 119 ဒေါင်းပြီး ဖတ်ရန်

ကဲဗျာ ဒီနေ့လည်း ထွက်လာပြန်ပြီ ဘာတဲ့ Mobile Guide တဲ့ဂျာနယ်လေးပါ။ ဖုန်းသတင်းတွေကြည့်ရတာလည်း
မ၀ယ်နိုင်တော့ ပြောတာပြောရတယ် သိပ်မကြည့်ချင်ဘူး မျက်မွှေးစူးလာသလိုဘဲ။ ဘာလို့ဆို ကိုယ်မှ မ၀ယ်နိုင်
တာ လက်ဆောင်ပေးမယ့်သူလည်း မရှိနဲ့ သြော် ငါ့ဘ၀ တယ်လည်းခက်ပါလားကွယ်.။ ခေတ်က ဖုန်းခေတ်ထ
နေတယ်လို့ ပြောရမယ် ။ ဘာကြောင့်ဆို ကလေးကအစ ဖုန်းလေးတွေနဲ့ ဆော့တဲ့ခေတ် ဖြစ်လာပြီကိုးဗျ။ မြို့ပေါ်
မှာတော့ ကလေးတွေ ဖုန်းနဲ့ ဂိမ်းဆော့နေတာတွေ အများကြီးတွေ့လာရတယ်။ လူကြီးလူငယ် အရွယ်မရွေး လူ
တိုင်းနီးပါး ဖုန်းတွေနဲ့ ဖြစ်ကုန်ကြပြီလေ။ ဒါကြောင့် နည်းပညာနှင့် ပါတ်သက်တဲ့ဆိုက်တွေဟာလည်း ဖုန်းလိုင်း
ဘက်ကို ရောက်ကုန်တာများလာပြီ။ ကွန်ပျူတာအတွက်ကတော့ နဲနဲပါးလာပြီလို့ ဆိုရင်မှားမည်မထင်။ ကွန်ပျူ
တာတွေက ရောင်းအား အတော့်ကို ကျလာတယ်။ ဖုန်းကတော့ ရောင်းအားကောင်းတယ်။ ဘာလို့ဆို သူက ကွန်ပျူတာအသေးစား တစ်လုံးလိုဘဲ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို အလွယ်တစ်ကူ ကြည့်လိုရတာ
ကိုက တစ်ပန်းသာတယ်လေ။ မီးမလာလည်း ဓါတ်ခဲနှစ်လုံးလောက်ဆောင်ပြီး လုပ်ရှားနေလို့ ရတာကိုးဗျ။ ကဲ
ဘာပဲဆိုဆို ဘာတွေထွက်တယ် ဘာတွေကောင်းလာတယ်ဆိုတာ သိရအောင် အသိနောက်မကျရလေအောင်
ဖတ်ထားမှ တော်မယ်.။ ဒါပါဘဲ..

Wednesday, September 4, 2013

Tech Space နည်းပညာဂျာနယ် Vol-2 Issue 22 Download

ယနေ့ထွက်ရှိလာတဲ့ It နည်းပညာဂျာနယ်လေးတစ်ခုပါ။ ဘာတဲ့ Tech 
 Space နည်းပညာဂျာနယ်တဲ့ သူလည်း နာမည်ကောင်းရနေတဲ့ သတင်းဆိုက်လေးတစ်ခုပေါ့ အောင်ခမ်းရဲ့ ကြိုးစားအားထုတ်မှုကြောင့် 
 ထင်ပေါ်လာတယ်
 လို့ ပြောရင်လည်း မမှားပါဘူး။ ဖေ့ဘုတ်မှာကတော့ နည်းပညာအကြောင်းအရာ သတင်းလေးတွေနှင့် ပါတ်သက်
လို့ အောင်ခမ်း ဆိုပြီးရေးနေတာလေ.။ သိမှာပါ ကဲအတွင်းမှာ ဘာတွေပါလဲ သိချင်မှာပေါ့ သိချင်ရင်တော့ ဒေါင်း
လော့ချဖတ်ပေါ့ဗျာ.။ ကျုပ်ပြောနေလို့လည်း ပြီးမှာမှ မဟုတ်တာ..။ ကဲသဘောကျရင်ယူသွား...။


Tuesday, September 3, 2013

First Eleven Sports Journal အတွဲ(၁၄) အမှတ်(၁၄)

ဘောလုံး အားကစားကတော့ လူအတော်များများ စိတ်ဝင်စားကြတဲ့ အားကစားနည်းပညာတစ်ခုပါ။ ဟာ ဘာကြောင့် နည်းပညာ ပြောရတာလဲ မောင်မိုးရဲ့ ဒါက အားကစားလေ။ ဟုတ် ဘယ်သို့ဘယ်ပုံ ကန်ရတယ် ။ ဘယ်လို ဂိုးသွင်းရတယ် ဘယ်လို ဂိုးဖမ်းရတယ်ဆိုတာတွေဟာ နည်းပညာတွေဘဲ မဟုတ်လား နောက်ပြီးတော့
နည်းပြတွေကို တစ်နှစ်စာ လစာပေးငှါးရမ်းကြတာတွေကြည့်ရင် ဒါ ဘောလုံးနည်းပညာပေါ့။ လူအများစုက
IT နှင့် ပါတ်သက်တာကိုမှ နည်းပညာထင်လို့ ရေးလိုက်တာပါ။ တစ်ကယ်တော့ အရာအားလုံးဟာ သို့မဟုတ် လူအတော်များပြုလုပ်နေတဲ့ အရာတွေဟာ နည်းပညာတွေပါဘဲ။ ခြင်းတောင်းရက်တာလည်း နည်းပညာပါဘဲ။
ငါးဖမ်းတာလည်း နည်းပညာလိုတာဘဲ။ စပါးစိုက်တာတောင်မှ နည်းပညာလိုတာဘဲလေ။ နည်းပညာပါဘဲ စပါး မစိုက်ဖူးတဲ့သူ စပါးဘယ်လိုစိုက်ရမယ် မသိပါ။ စသဖြင့်2 သူ့နည်းသူ့ဟန်နဲ့ လုပ်နေရတာတွေလည်း နည်းပညာပါ။ နောက်
ပြီးတော့ နိုင်ငံရေးမှာလည်း နည်းပညာတွေ လိုအပ်ပါတယ်။ သူ့ကတော့ နည်းပရိရယ်လို့ ပြောတာပေါ့ သို့သော်
လည်း ဒါလည်း နည်းပညာပါဘဲ နိုင်ငံရေး ဥပဒေရေးရာတွေ မသိဘဲနဲ့ သွားလုပ်ရင် ကမောက်ကမတွေ ဖြစ်ကုန်
မှာပေါ့။ ဒါကြောင့် ကျုပ်အမြင်ပြောရရင်တော့ နည်းပညာဆိုတာ အများကြီး အကြုံးဝင်တယ်ဆိုတာပါဘဲ..။ ဒီလောက်ဆို နည်းပညာဆိုတာ သိလောက်ရောပေါ့ကွယ်..။ ခုဟာကတော့ အားကစားနည်းပညာလေးတစ်ခုပေါ့
ဗျာ.။ အသိပညာ ဗဟုသုတ ရကြပါစေ...။ နည်းတဲ့ ပညာတဲ့နော် နည်းက နည်းစနစ် ပညာကတော့ အသိလို့ ပြော
ရမလား အတတ်ပညာလို့ ပြောရမလား..အဲဒါပါဘဲ...။

Sunday, September 1, 2013

Mobile Guide Issue

ကဲ Mobile Guide Issue 188 အသစ်လေးတွေ့လာလို့ ပြန်တင်ပေးလိုက်တယ် လိုချင်တဲ့ သူ ဘော်ဘော်တို့ 
အောက်ကလင့်မှာ ဒေါင်း နိုင်ပါတယ်
သတင်းစကား အတင်းကြားရတာတွေကတော့
SAMSUNG ဖုန်းမှာ အသင့်သုံး မြန်မာစာပါဝင်လာမှု
50.51 နဲ့ စတဲ့ဖုန်းတွေမှာ ဟန်းဆက်အမြင့်သုံးရင် မရတဲ့ပြဿနာ
phone တွေရဲ့ battery အကြောင်း အကောင်းအဆိုးရှင်းပြမှု
ဘယ်လိုဖုန်းအမျိုးစားကို ကိုင်မှာလဲ ရွေးချယ်တတ်ဖို့
comodo mobile security အကြောင်း
အသစ်ထွက် နာမည်ကြီး ဖုန်း တွေရဲ့ အကြောင်း အကျယ်တ၀င့် သိရဖို့ စတာတွေနဲ့ တန်ဆာဆင်ထားတဲ့
Mobile Guide Issue 188 ပါ

လင့်လေးကဒီမှာနော်

Wednesday, August 14, 2013

လှုပ်လှုပ်ရှားရှား အားကစားလေး လာပါပြီ

ကွန်ပျူတာနဲ့ တစ်နေကုန် ကလိနေတာမို့ နဲနဲခြေလေး သွက်လာအောင် အားကစားဂျာနယ်လေး ပစ်တင်လိုက်
တယ်ဗျာ.။ ဟုတ်တယ် ကွန်ပျူတာရှေ့မှာချည်းဆို ဘယ်ဖြစ်မလဲ  ခြင်းခတ်တာတို့ ဘောလုံး ကန်တာတို့လည်း
လုပ်ကြဦး အသေမြန်ကုန်လိမ့်မယ်.။ အသေမစောရလေအောင် အားကစားလေးကြည့်ပြီး အားကစားလေးလုပ်
ကြဦးစို့..ဟေး...
 ဘ၀မှာ ကျန်းမာရေးလည်းကောင်း အညောင်းလည်းပြေ
စိတ်ဘ၀င်လည်း ရွှင်လန်းရအောင် အားကစားကို
လိုက်စားကြပါစို့...
နဲနဲတော့ ပြောလိုက်တယ်..ရန်တော့ မဖြစ်ကြနဲ့နော်
ဒဏ်သတ်ခံနေရဦးမယ်..
စိတ်လျှော့....

Sunday, August 4, 2013

Mobile Guide Issue 114 Download....ဒေါင်းရန်

ကဲဗျာ ကျုပ်တင်လည်း တင်ပေးချင်တယ် မတင်လည်း မတင်ချင်ဘူး။ ဘာကြောင့်လဲဗျ??.အေး ဘာကြောင့်ဆို
ကျုပ်ဆိုက် အပေါ်ဆုံး ညာဘက်ခြမ်းမှာ Myanmarjournaldownload ဆိုပြီး ထည့်ပေးထားတယ်.။ သူ့ဆိုက်မှာနေ့တိုင်း Update ဖြစ်အောင် တင်ပေးနေတာဆိုတော့ ကျုပ်ဆိုက်ရောက်လာရင် လွယ်လင့်တစ်ကူ သွားလာနိုင်
အောင်လို့ပါ အလိုရှိတာကို လျှင်မြန်အောင် ကျုပ်အနေနဲ့ စိတ်ထဲမှာ ကောင်းတယ်လို့ ထင်တာလေးတွေကို ရှေ့
တန်းတင်ပြီးတော့ ထည့်ပေးထားတာပါလို့ ဖြေလိုက်တယ်.။ ဒီတော့ကာ လွယ်နေတာကို ခက်အောင် လုပ်တယ်
လို့တော့ မမြင်စေချင်ဘူး။ တစ်ချို့က မသိတာလား မလေ့လာတာလား ဘာကြောင့်မှန်း မသိဘူး နဲနဲတော့ အား
စိုက်ပြီး လုပ်ရမယ်လေ မလေ့ရင် ဘယ်လာမှာလည်း ကျုပ်အမြဲပြောနေတယ်။ လေ့မှ လာမှာပါ ဒါကြောင့် အလေ့ အကျင့်လေးတော့ လုပ်ပါ ။ ရချင်တာကို ရှာတတ်အောင်လည်း ကြိုးစားပါ အားထုတ်ပါ ကိုယ်ဝါသနာပါတာကို လုပ်ပါ။ သူတစ်ပါးအပေါ် ထိခိုက်နှစ်နာတဲ့ အလုပ်မျိုးကို တစ်ကြိမ်တစ်ခါမှ မလုပ်တာ အကောင်းဆုံးဘဲ.။ ဒီတစ်ပါတ်အတွင်း ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူတွေ များလာတယ် သတင်းတွေ မြင်တွေ့နေရတယ် ရှောင်ကြဉ်
ကြပါ မလုပ်ဖို့ ကိုယ်တတ်နိုင်သလောက်ပြောပါ ဆိုပါ ဆုံးမကြပါ.။ တစ်ကြောင်းတည်း သွားလို့ မဖြစ်ပါဘူး ဒါ
ပြောသင့်ပြောထိုက်တာကို ပြောရမယ်..ငြိမ်မနေပါနဲ့ နဲနဲတော့ စကားလုံးတည်းဟူသော နှင်တန်လေးနဲ့ မောင်း
ပေးကြပါလို့ တိုက်တွန်းရင်းဖြင့်....

Monday, July 22, 2013

Mobile Issue 112 download here (Mobile Guide)

ဒီနေ့ထွက်ရှိလာတဲ့ ဂျာနယ်လေးကတော့ သိပြီးမဟုတ်လား ကျုပ်ကတော့ ဒီဂျာနယ်လေးကို အမြဲတမ်းအားပေး
တယ်လေ.။ ဒါကြောင့် ဒါလေးကို ပို့စ်အဖြစ်တင်ပေးလိုက်တယ် ကိုယ်တိုင် Upload တင်ခြင်းမဟုတ် ပို့စ်အဖြစ်
တင်ခြင်းပါ.။ ကဲ နည်းပညာကို စိတ်ဝင်စားစွာ လေ့လာနေကြတဲ့ ချစ်နှမများ ချစ်ညီအစ်ကိုများ ဒေါင်းပြီးတော့
ကြည့်နိုင်ပါပြီ..။ အဆင်ပြေပါစေ..
မူရင်းနေရာလေးလဲ သိကြတယ် မဟုတ်လား သိလိမ့်မယ်လို့
ထင်ပါတယ် မသိသေးဘူးဆိုရင်တော့ ဒီနေရာကို နှိပ်ပြီး သွားပါ..။
Like လေးလည်း လုပ်ထားပေါ့ကွယ်....