This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label Health ကျန်းမာရေးနည်းလမ်းများ. Show all posts
Showing posts with label Health ကျန်းမာရေးနည်းလမ်းများ. Show all posts

Friday, October 25, 2013

ဂျပန်လူငယ်တွေ လိင်ဆက်ဆံမှုမရှိကြတော့တာ ဘာကြောင့်လဲ ( ဧရာဝတီ )

အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ်စိတ်မ၀င်စားကြေ တာ့ ဘူး တဲ့။ ဒါကတော့ ဂါးဒီးယန်း အွန်လိုင်းမှာ ရေးထားတဲ့ ဆောင်းပါး ကောက်နုတ် ချက်ပါ။
အပြည့်အစုံကို http://www.theguardian.com/world/2013/oct/20/young-people-japan-stopped-having-sex  မှာ ဖတ်နိုင်ပါတယ်။ ဂျပန်လူငယ်တွေ လိင်ဆက်ဆံခြင်း မရှိတော့တာ ဘာကြောင့်များလဲ Why have young people in Japan stopped having sex? လို့ ဆောင်းပါးကို ခေါင်းစည်းပေး ထားပါတယ်။ ဆောင်းပါးရဲ့ အဆိုအရ ... အသည်းကွဲလို့မဟုတ်ပေမယ့် အချစ်ကို နောက်ဆုံး ဦးစားပေး အဆင့်မှာတောင် မထားတော့တဲ့သဘော ဖြစ်လာကြသူတွေ ရှိနေပါပြီ။Ai Aoyama ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ချစ်မှုရေးရာ ပြဿနာတွေကို ကုထုံးရှာပေးသူက သူ့ဆီ ရောက်လာတဲ့ ကိုကိုမောင်မောင်တွေရော မမမီး မီးတွေပါ အချစ်ရဲ့ အရေးပါပုံကို မသိကြတော့ဘူး၊ ထိတွေ့ရင်းနှီးမှုဆိုတာဟာလည်း ခဲရာခဲဆစ်ဖြစ်လာကြ တယ် တဲ့။

ဆောင်းပါးမှာ ဒီပညာရှင်ရဲ့ ပြောစကား အတော်များများကို ကိုးကားထားတာပါ။
ဒါ့အပြင် စစ်တမ်းတချို့ကိုလည်း ကိုးကားပါတယ်။

ဂငယ်တွေ ဒီလိုဖြစ်နေပြီလား။ အာဒမ်နဲ့ ဧဝတို့ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့ကြတဲ့ အရေးကြီးတဲ့အစဉ်အလာကို သူတို့ တကယ်ပဲ ရပ်တန့်လိုက်ပြီလား။ ဆောင်းပါးမှာ ရေးထားသ လို (ရာခိုင်နှုန်း နည်းပေမယ့်) လူငယ်တချို့က သဘာဝကို ကလန်ကဆန် လုပ်နေပြီလား။

မီဒီယာမှာ ဖတ်ရ တွေ့ရသမျှကိုလည်း အရမ်းကာရော ယုံလို့ မဖြစ်ဘူး။ ဒီဆောင်းပါးက စစ်တမ်း တချို့ကို ကိုးကားထားတယ် ဆိုပေမယ့် စစ်တမ်းတွေကလည်း ပေါက်ကရအဖြေတွေ ထွက်တတ်တာကိုလည်း သတိချပ်ရပါမယ်။ ဂျပန်မှာလည်း ရွှေတွေ အများကြီးရှိတာပဲ။ ကြုံကြိုက်တဲ့အခါ ဒီအကြောင်း  လှမ်းမေးကြည့်သင့်ပါတယ်။

ဂျပန်ကလာတဲ့သတင်းတွေထဲမှာ တချို့က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဂျပန်ပြည်က ကိုရီးယားများ http://blog.irrawaddy.org/2013/08/blog-post_29.html ဖြစ်ပါတယ် -  ဆောင်းပါးအကြောင်း ဆက်ရရင် - ဂျပန်မှာ အိမ်ထောင်သားမွေးကိစ္စကို ရှောင်ရှားလိုတာဟာ စားဝတ်နေရေးအတွက် စရိတ် ကြီး၊ ကလေးပြုစုပျိုးထောင်ရတာလည်း စရိတ်ကြီးတာနဲ့ တခြားအချက် အများအပြားရှိကြောင်း ဆောင်းပါးမှာ ရေးထားပါတယ်။

ဂျပန် ဆိုရိုးစကားတခုကလည်း "အိမ်ထောင်ပြုခြင်းဟာ အမျိုးသမီးတယောက်ရဲ့ ဂူသင်္ချိုင်းဖြစ်တယ်" လို့ ဆိုထားပါတယ်။ အမျိုးသမီးဝန်ထမ်းတယောက် အိမ်ထောင်ပြုလိုက်ရင် ရာထူးမတိုးတော့ဘူး၊ မကြာခင် ဗိုက်ကြီးတော့မယ်လို့ အလုပ်ရှင်တွေက ယူဆတယ်၊ ကလေးရပြီ
ဆိုရင် ကလေးနဲ့အလုပ်ကြား စီမံခန့်ခွဲရေးလုပ်ဆောင်ရတာ မလွယ်တော့ဘူး။ ဒါနဲ့ပဲ အိမ်ထောင်ရှင်မဘ၀ ပြန်ရောက်၊ မီးဖိုဆောင်ကို ပြန်စိုးမိုးတဲ့ဘဝ
ပြန်ရောက်တယ်၊ ကိုယ်ပိုင် ၀င်ငွေလည်း  မရှိတော့ဘူး။
ဂျပန်အမျိုးသမီးတွေထဲက ၇၀ ရာခိုင်နှုန်းဟာ ပထမကလေး ရပြီးတိုင်း အလုပ်ထွက်ကြတယ် တဲ့။

ဒါဆိုရင် အလုပ်ခေါ်စာတွေဟာ သူတို့ဆီမှာလည်း မြန်မာပြည်နဲ့ တူမယ် ထင်ပါတယ်၊ ၀န်ထမ်းအလိုရှိသည်၊ အမျိုးသမီး ဖြစ်ရမည်၊ အိမ်ထောင်မရှိသူ ဖြစ်ရမည် စသဖြင့်။

အစိုးရထုတ်ပြန်ချက်စာရင်းတွေအရ ဆိုရင် ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက် ကလေးမွေးနှုန်း ကျဆင်းနေတယ် တဲ့။ အိမ်ထောင်ပြုနှုန်း နည်းလာ၊ ပြုပြန်ရင်လည်း သားဆက် လုံးဝ ဖြတ်တောက်ထား တဲ့သဘောပေါ့။ အစိုးရ လူဦးရေ ဌာနရဲ့ အဆိုအရ ကနေ့ခေတ် အသက် ၂၀ ကျော်ဂျပန်အမျိုးသမီးတွေထဲ က လေးပုံတပုံဟာ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး လို့ သဘောထားပေးကြ တယ်၊ အိမ်ထောင်ပြုမယ် ဆိုရင်တောင် ကလေးမယူဘူးကွ ဆိုတဲ့ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းနီးနီး ရှိပါသတဲ့။

အဲ ... ဒီဆောင်းပါးရဲ့ ဆိုလိုရင်းက အိမ်ထောင်သားမွေးခြင်း မဟုတ်ပါဘူး၊ လိင်စိတ် ကင်းမဲ့လာခြင်းပါ။

အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င်စားကြတော့ဘူး ဆိုတော့ ၄၀ အထက် ဂျပန်တွေကရော ဘယ်လိုလဲ။
ဒီအကြောင်းတော့ ထည့်ရေးမထားပါဘူး။ ဒီဆောင်းပါးက ၄၀ အောက် များအကြောင်းကိုပဲ သီးသန့် စုံစမ်းထောက်လှမ်း ရေးသားခဲ့ဟန်တူပါရဲ့။

 လိင်စိတ် သားစိတ် အိမ်ထောင်ပြုလိုစိတ် မရှိတဲ့၊ ရည်းစားတောင် မထားချင်တဲ့ အရေအတွက်ဟာ ခေတ်လူငယ်တွေကြားထဲ အတွေ့ရများလာပါပြီ တဲ့။
Emi Kuwahata ဆိုတဲ့ ၂၃ နှစ်အရွယ် ကလေးမက သူ့ထက် ၁၃ နှစ် အသက်ကြီးတဲ့သူတယောက်နဲ့ အဆက်အဆံ ရှိပါတယ်၊ သို့သော်လည်း တပတ်တကြိမ် ကလပ်သွားဖို့ပါ ဆိုပဲ။
ပုံမှန် ရည်းစားတယောက်လောက်ထားဖို့ အချိန်မပေးနိုင်ဘူး လို့ ဖက်ရှင်ဒီဇိုင်နာဖြစ်လိုတဲ့ အဲဒီ သူငယ်မက ဆိုတယ်။
သူ့သူငယ်ချင်း  Eri Asada ဆိုတဲ့ ၂၂ နှစ်အရွက် ကလေးမကလည်း စုံတွဲခုတ်တဲ့ကိစ္စ စွန့်လွှတ်ခဲ့တာ သုံးနှစ်သုံးမိုး ရှိပါပြီ တဲ့။
ဘဲအဟောင်းတွေရော လိင်မှုရေးရာတွေကိုပါ တမ်းတမနေပါဘူး၊ ခုဆိုရင် လက်ကလေးကိုဆုတ်ကိုင်ချင်တယ် ဆိုတာမျိုးတောင် မကြိုက်ချင်တော့ဘူး ဆိုပဲ။

အာသဝေါကင်းသလိုလို ဖြစ်လာကြတာဟာ စမတ်ဖုန်းလိုပစ္စည်းမျိုးတွေကို ရူးသွပ်မှုကြောင့်များလား။
ဒါလည်း တစိတ်တပိုင်း သက်ဆိုင်သလို ဆောင်းပါးနောက်ဆုံးပိုင်းမှာ ရေးထားတာ တွေ့ရမှာပါ။
အင်တာနက်သုံးပြီး လူမှုကွန်ရက်ထဲက မိတ်ဆွေများနဲ့ ထွေရာလေးပါးပြောတာကို ပိုမို အချိန်ပေးလာ၊ နှစ်သက်လာနေကြပါတယ်။
စမတ်ဖုန်းရဲ့ ထိတွေ့မျက်နှာပြင်ကိုလည်း ပွတ်သပ်၊ ကိုယ့်ချစ်သူကိုလည်း ပွတ်သပ်သင့်တယ် မဟုတ်ဘူးလား။

 တကယ်ပဲ ၄၀ အောက်တွေထဲက တချို့ဟာ ဧကစာရီကျင့်ကြပြီလား ဆိုတာကို
ဂျပန်ရောက် ရွှေတွေကို လှမ်းမေးကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။



Tuesday, October 22, 2013

ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိ

ဆိုက်ဘေးရီးယားတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝေဒနာရှင် အသစ်များအနက် (၅၀)ရာခိုင်နှုန်းသည် ယခုဗိုင်းရပ်စ် မျိုးကွဲအသစ်ကို လက်ခံရရှိထားသည်ဟု ပညာရှင်များက ယူဆထား ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိလက်ရှိ သိရှိ ထားပြီးဖြစ်သည့် HIV ဗိုင်းရပ်စ်များထက် ပိုမိုပြင်းထန်သော မျိုးကွဲ တစ်မျိုးကို မိမိတို့ ဖော်ထုတ် တွေ့ရှိထားပြီဟု ယုံကြည်ရကြောင်း ရုရှားနိုင်ငံမှ သုတေသီများ က ပြောကြားခဲ့သည်။ HIV မျိုးကွဲတစ်ခုအဖြစ် ယူဆရသော 02_AG/A ဗိုင်းရပ်စ်သည် ယခုအခါ ရုရှားနိုင်ငံ တဝှမ်းတွင် လျင်မြန်စွာ ပျံ့နှံ့လာနေပြီဟု ယုံကြည်ရသည်။ အထူးသဖြင့် ဆိုက်ဘေးရီးယားတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝေဒနာရှင် အသစ်များအနက် (၅၀)ရာခိုင်နှုန်း သည် ယခုဗိုင်းရပ်စ် မျိုးကွဲအသစ်ကို လက်ခံရရှိထားသည်ဟု ပညာရှင်များက ယူဆထားကြသည်။ 02_AG/Aသည် ဗိုင်းရပ်စ် အမျိုးမျိုး၏ မျိုးကွဲများအနက် ရုရှားတွင် တွေ့ရှိဖူးသမျှ အပြင်းထန်ဆုံး၊ ဒုက္ခအပေးနိုင်ဆုံး ပုံစံမျိုး ဖြစ်နေေ ကြာင်းလည်း သိရှိရသည်။

ယခု HIV ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို ချေချင်းညာ၊ ကာဂျစ်စတန်နှင့် ကာဇက်စတန်တို့တွင် ကူးစက်နေကြောင်း လည်း တွေ့ရှိထားသည်။ ယခုမျိုးကွဲ ဗိုင်းရပ်စ်ကို (၂၀၀၆)ခုနှစ်က နိုဗိုဆီဘာ့စ်ခ်မြို့တွင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။ ဆိုက်ဘေးရီးယားရှိ ရုရှား အစိုးရ ဗိုင်းရပ်စ်ဗေဒနှင့် ဇီဝသုတေသနဌာန (VECTOR)မှ ပညာရှင်များက 02_AG/Aကို အမျိုးအစား ခွဲထုတ်နိုင်ခဲ့ပြီးနောက် အသေးစိတ် သုတေသ နပြု လေ့လာလျှက်ရှိသည်။ နိုဗိုဆီဘာ့စ်ခ်တွင် (၂၀၀၇)ခုနှစ်မှ (၂၀၁၂)ခုနှစ်အတွင်း HIVပိုး ရှိနေသူ အရေအတွက်သည် (၂၀၀၀)မှ (၁၅၀၀၀)သို့ ခုန်တက်လာခဲ့ပြီး ယင်းတို့အနက် ထက်ဝက်မျှသည် 02_AG/A ဗိုင်းရပ်စ်ကြောင့်ဟု သိရသည်။

HIVသည် သာမန်အားဖြင့် HIV-1နှင့် HIV-2ဟူ၍ နှစ်မျိုးသာ ကွဲပြားလေ့ ရှိပြီး HIV-1က သက်ရောက်မှု ပိုမိုပြင်းထန်သည်။ ထို့ကြောင့်လည်း AIDS ရောဂါ ဖြစ်ပွားစေပြီး လူကို သေကြေသည်အထိ အန္တရာယ်ပေးသော အဓိက ဗိုင်းရပ်စ်အဖြစ် ယူဆထားကြသည်။

02_AG/Aက သေစေလောက်သည့် သက်ရောက်မှု အပိုင်းတွင် ပိုမိုပြင်းထန်ပြီး ကူးစက်မှုတွင်လည်း ပို၍လွယ်ကူကြောင်း သိရှိရသည်။ ယင်း၏ ကူးစက်ပုံသည် အခြား HIV ဗိုင်းရပ်စ်များကဲ့သို့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ် ဝေမျှသုံးစွဲခြင်း အစရှိသည့် အခြေအနေများ အတိုင်းပင် ဖြစ်သည်။ သုတေသီများက ရုရှားတွင် ကျောင်းတွင်း လိင်ပညာပေး လုပ်ငန်းများ အားနည်းခြင်းသည် HIV ကူးစက်မှု ကျယ်ပြန့်လာခြင်း၏ အခြေခံ အကြောင်းတရား တစ်ခုဟု အပြစ်တင်ထားသည်။

Planet Myanmar Network
Myanmar Online News ကနေ ကူးယူဖော်ပြထား

Saturday, September 28, 2013

Myanmar First Aid Arthurmyanmar - September 28, 2013 Medical ရှေးဦးသူနာပြု ဆေးပညာများ

Description
This is first Myanmar Medical Application about first aid.
We believe your medical knowledges will improve somehow.
This will save you,your family members,your friends and your society.
Keep in touch with us, We will help you not to miss any medical updates.
This is the one you should have in your device.

ပထမဆုံးမြန်မာ ကျန်းမာရေးဆိုင်ရာ Application အဖြစ် Myanmar First Aid ကို ထုတ်ဝေလိုက်ပါသည်။
ရှေးဦးသူနာပြု Application မှ မိမိတို့ကြုံတွေ့ရသော အရေးပေါ်အခြေအနေများတွင် . ဆေးရုံမရောက်မီ
လုပ်သင့်လုပ်ထိုက်သည်များ ကို လမ်းညွှန်ပေးပါလိမ့်မည်။ သရုပ်ပြပုံများ Video ဖိုင်များကို ပါကြည့်ရှူနိုင်ရန် ထည့်သွင်းထားတဲ့အတွက် သင့်ရဲ့ ဖုန်းထဲမှာ ရှိထားသင့်သော Application တစ်ခုဖြစ်ပါသည်။

Article References from Dr Tint Swe and http://publichealthinmyanmar.blogspot.com
မင်္ဂလာပါဗျာ။ Android device သုံး ဖုန်းတွေအတွက်.. Myanmar First Aid (ရှေးဦးသူနာပြု) Application Free ဖြန့်ဝေလိုက်ပါပြီ။ ကျေးဇူးပြုပြီး Playstore က သာ install လုပ်ယူဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော် အချိန်တွေအကုန်ခံ အပင်ပန်းခံထားရတာ .လေး ပြေပျောက်အောင် လိုအပ်ချက်နဲ့ Rating လေး လည်းပေး သွားကြပါခင်ဗျာ။ တဲ့ဗျာ ကြော်ငြာပေးတာပါ။ ဆေးနှင့် ပတ်သက်ပြီးတော့ လေ့လာနိုင်အောင်လို့ပါ။
Nyein Chan Ko Ko ငြိမ်းချမ်းကိုကို ရေးထားတဲ့ စာသားလေးပါ ထည့်ပေးထားပါတယ်။ Googl Play Store က ဒေါင်းမရရင်တော့ အောက်မှာတော့ ဒေါင်းစရာ လင့်တွေ ထည့်သွင်းပေးထားတယ်  ရုပ်ပုံနှင့် တစ်ကွကြည့် လိုရင်တော့... 
 







DOWNLOAD SOLIDFILES        OR          DOWNLAOD   DROPBOX



Saturday, August 24, 2013

တရုတ် ကျေးဇူးကြောင့် မည်သူမဆို ဆေးကုသခွင့် အခမဲ့ ရရှိမည် ( The Voice )

မြန်မာ့တပ်မတော် (ရေ) ၏ ကမ်းလှမ်း ဖိတ်ခေါ်ချက်ကြောင့် ခုတင် ၃၀၀ ဆံ့ တရုတ် ရေတပ် ဆေးကုသရေး သင်္ဘော 'Peace Ark' သည် သြဂုတ်လ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ရောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် တရုတ် သံရုံးက သတင်း ထုတ်ပြန်ထားသည်။
ယင်းဆေးကုသရေး သင်္ဘောသည် မြန်မာနိုင်ငံတွင် တစ်ပတ်တာ ကြာမြင့်မည်ဖြစ်ပြီး စစ်တပ် ပြည်သူ မခွဲခြားဘဲ မည်သည့် လူနာမဆို ကုသပေးမည် ဖြစ်ကြောင်း၊ ဆေးကုသမှု အပိုင်းတွင် ခွဲစိတ် ကုသမှု များ၊ ကျန်းမာရေး စစ်ဆေးမှုများပါ တစ်ပါတည်း ဆောင်ရွက်ပေးသွားရန် ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသင်္ဘောတွင် သွားရောက် ကုသလိုသူများသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရထံတွင် စာရင်း ပေးသွင်းရမည် ဖြစ်ပြီး ဆက်သွယ်ရန် အသေးစိတ် ကိုမူ မကြာမီ ထုတ်ပြန်မည် ဖြစ်ကြောင်း တရုတ် သံရုံးထံမှ သိရသည်။


ယင်းသင်္ဘောတွင် လိုက်ပါလာမည့် ဆေးပညာရှင်များသည် တရုတ်ရိုးရာ ဆေးကုထုံးများကို ကုသပေးခြင်း အပြင် ရိုးရာ တိုင်းရင်းဆေး ပညာရပ်ပိုင်းနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာတို့ကို အပြန်အလှန် ဖလှယ်ကြ မည် ဖြစ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ထုတ်ပြန် သည်။ အရေးပေါ် ဆေးဝါး ထောက်ပံ့ မှု ပေးရန်အတွက် စီစဉ် တည်ဆောက်ထား သည့် ယင်းဆေးကုသရေး သင်္ဘောသည် အကျယ်အားဖြင့်   လေးထောင် စတုရန်းမီတာ ရှိပြီး၊ အထူး ကြပ်မတ် ကုသဆောင် ၂၀ ခန်းနှင့် ခွဲစိတ်ခန်း ရှစ်ခန်း ပါဝင်ကြောင်း၊ ယင်းကုသဆောင်များတွင် တစ်နေ့လျှင် အကြီးစား ခွဲစိတ်မှု လေးဆယ် ပြုလုပ်နိုင်ရန် စီစဉ်ထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ အဆင့်မြင့် ဆေးရုံများအတိုင်း ဆေးပစ္စည်း ကိရိယာအစုံ ပါဝင်ကြောင်း တရုတ် သံရုံးထံမှ သိရသည်။
The Voice   လာတဲ့ သတင်းပါ ၀င်းကမ္ဘာကျော်မှာ တွေ့လို့ နဲနဲများ အကျိုးရှိမလားလို့ တင်လိုက်တာ
ဒီနေ့တော့ ဖုန်းနဲ့ ကွန်ပျူတာ ရန်ဖြစ်ပြန်တယ်..Windows အသစ်ဝယ်ပြီး နဲနဲ ရှွိုင်းလိုက်ဦးမယ်....
ကျုပ်ကတော့ အခြေအနေမကောင်းရင် ဖြုတ်တပ်စနစ်ပေါ့..အသစ်လာရင် အဟောင်းကို ပြစ်ရမှာဘဲ..
တစ်ချို့အရာတွေကတော့ အဟောင်းလေးကလည်း အကောင်းလေးပါဘဲ..
 

Tuesday, July 30, 2013

ကျောက်ကပ် ဝေဒနာရှင်များအတွက် ၀မ်းမြောက်ဖွယ် ( Sandar Laynyuntmg )

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါ သည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီခံ ရသော ရောဂါပါ ။ ကျောက်ကပ် ဆေးနေရ သူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာ များပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါ သည်။ ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက် ကင်း၍ နာတာရှည် ခံစားနေရသူများ သက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါ မည်ဟု လုံးဝအာမခံပါသည်။ ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်း ဆောင် ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေး ပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက်နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥ သစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာ ခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နာမည်ရနေပါပြီ။

ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)

၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။ သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက် ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာလာပါမည်။

၎။ ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို   တွေ့ရပါမည်။ ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာ ရှိပါသေးသည်။

သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။
ရေးသားသူ- Sandar Laynyuntmg

မြ၀တီ သတင်းစာမျက်နှာကနေပြီး ထပ်ဆင့် ယူလာခဲ့တယ် အကျိုးရှိမယ့် နည်းလမ်းလေးပေါ့..။