This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label Zaw Gyi Font And All Font. Show all posts
Showing posts with label Zaw Gyi Font And All Font. Show all posts

Friday, November 15, 2013

MMSD Smart Zawgyi v1.3.1 and fepfz and mpt service

MMSD Smart Zawgyi v1.3.1 and fepfz  and mptservice သုံးမျိုး တင်ပေးလိုက်ပါတယ်။ ဟိုတစ်နေ့ ကတည်းက မတင်ပေးမိတာပါ။ ဒေါင်းထားပြီးသာ ရှိပါတယ်။ ဒါကတော့ အားလုံးသိတဲ့အတိုင်း မြန်မာပြည်
ရောက်လာတော့ မြန်မာတွေ ကိုင်တဲ့ Andriod ဖုန်းမှန်သမျှ မြန်မာစာ ဖတ်ဖို့ဆိုရင်ဖြင့် ဒီကောင်တွေနဲ့ လှုပ်ရှားရတာပါ။ လှုပ်ရှားမှ မုန့်စားရမယ်နော်။ ဒီ Smart Zawgyi ထည့်သွင်းအသုံးပြုမယ်ဆိုရင် Root လုပ် ထားဖို့လိုပါတယ်။ Root လုပ်ထားရင်တော့ ဒီကောင်လေးထည့်သွင်း အသုံးပြုနိုင်ပါပြီ။  အသုံးပြုနည်းပါ တစ်ပါတည်း ရေးသားထားတဲ့ ဆော့ဖ်ဝဲမို့ ဘာမျှ ရေးစရာမကျန်တော့ပြီ။ မြန်မာစာ အတော်လေးတော့ မှန်ပါတယ်။ မမှန်ဘူးဆိုရင်တော့ နောက် fepfz(MMSD) ကို ထည့်သွင်းအသုံးပြုပါ ကျုပ်ရဲ့ စက်ကတော့ ERROR OCCURRED PATCH-FAIL-ERROR တဲ့ဗျာ။ မကိုက်ဘူးပေါ့။ Error တက်တယ်ပေါ့။ နောက်တစ် ခုကတော့ mpt service ပါ အတော်များများ သိပြီးလောက်ပါပြီ။ ဒါကနောက်ထွက်လေးပေါ့။ ကဲ ဒီလောက်
ပါဘဲနော်။ အဆင်ပြေပါစေ..။ နည်းပညာတွေ သိပ်မတင်နိုင်တာ ခွင့်လွတ်ပါကွယ်..။ ကိုယ်လည်း ရချင်တာ
လေးတွေ လိုက်ကလိနေလို့ပါ..။  

Wednesday, October 16, 2013

All Font မြန်မာ Font မှန်သမျှ ပြီးပြည့်စုံစေမယ့် All Font

ကဲ ပုံနှိပ်တိုက်ငယ်တွေတောင် မရှိတဲ့ Font အားလုံးကို ရောသမမွေပြီး စုပေါင်းထားတဲ့ All Font လေးကို
သီတင်းကျွတ် လက်ဆောင်ပေးလိုက်တယ်ဆိုပါတော့။ 87MB ရှိပါတယ် Rar နဲ့ ချုပ်လိုက်တော့ 45MB ပေါ့
ဗျာ။ အချို့သော ဆိုင်တွေမှာ စာစီစာရိုက်လုပ်ငန်းကို လုပ်ကိုင်နေကြပေမယ့် Font မပြည့်စုံတာလေးတွေ
တွေ့ဖူးပါတယ်။ ကိုယ့်ဆီမှာ စာစီစာရိုက်ပြီး အလန်းလေးဖြစ်အောင် လုပ်သွားပေမယ့် စာရွက်ထုတ်မယ်
လည်း လုပ်ရော ဆိုင်က Font က အားနဲတော့ ကိုယ်ပြုပြင်ထားတဲ့ စာတွေ ပန်းဘောင်တွေက တစ်မျိုးဖြစ်
နေတယ်။ ကိုယ်လုပ်ခဲ့တဲ့ Font က သူတို့ဆီမှာ မရှိတော့ ရှိတာနဲ့ ပြသရတာဆိုတော့ မလန်းတော့ဘူးပေါ့
ဗျာ။ ကဲ ဒါကလည်း ငါ့ညီလေး မောင်ပိန်စုထားတဲ့ Font တွေပါဘဲ။ အားလုံး ပြီးပြည့်စုံတယ်လို့ ပြောလို့ရပါ
တယ်။ ကျုပ်နဲ့ ဆက်နွယ်တဲ့ သူတွေဆီကိုတော့ ပေးထားဖူးပါတယ် သို့သော်လည်း သူတို့က ဝေမျှသူတွေ
မဟုတ်လေတော့ ရရှိကြမှာ မဟုတ်ပါဘူး။ မြန်မာပြည်က မြန်မာစာအတွက် လုပ်ထားတဲ့ ဟို ဘိုးဘေ Font
တွေရောပါ မကျန် အကုန်ပါပါတယ်။ Font လောက အကြောင်းကလည်း သိပ်မပြောချင်ပါဘူးဗျာ။ ကိုယ်က
Innwa လက်ကွက်နဲ့ ကျင့်ထားတာဆိုတော့ တစ်ခြားဖောင့်နဲ့ဆို လူလည်း ဘာတွေဖြစ်ကုန်မှန်းမသိဘူးေ
နေရာမှာ တစ်ခြားဟာတွေရောက်နဲ့ဆိုတော့ အတော့်ကို ပျင်းစရာကောင်းနေဆဲ font လောကပါဘဲ.။ ခုထိ
လည်း အင်တာနက်လောကမှာ Zawgyi font နဲ့ Myanmar Unicode နဲ့ ရန်ဖြစ်နေဆဲဘဲ။ နောက်ပိုင်းမှာတော့
 Myanmar Unicode ကတော့ နိုင်ငံတစ်ကာသုံးဆိုတော့ ပိုအသုံးများလာမယ်လို့ ထင်ပါတယ်။ သို့သော်လည်း
ခုသုံးနေကြတဲ့ ပုံစံအတိုင်းဆိုရင်တော့ Zawgyi က အနိုင်ယူနေဦးမှာပါဘဲ။ သတင်းနှင့် နည်းပညာ facebook
တစ်ခွင် ဘလော့ စသဖြင့် များစွာသော ဆိုက်တွေက Zawgyi နဲ့ဘဲ ရေးသား ပြောဆိုဆက်ဆံနေတာ ဆို
တော့ Myanmar Unicode ကတော့ နောက်မှာဘဲ ဖြစ်နေဦးမှာပါ။ တစ်ကယ်က အားလုံးညီညွတ်သင့်တာ
သို့သော် မညီညွတ်တော့ ရေးတဲ့သူရော ဖတ်တဲ့သူရော ဒုက္ခဖြစ်နေတာပေါ့ဗျာ...။

Alpha Zawgyi Myanmar Unicode

ကဲ ခုတစ်လော Friefox မှာ ဇော်ဂျီကြည့်မရတာ ရေးမရတာလေးတွေ တွေ့နေမြင်နေရတယ်။ ဒါကြောင့် ကျုပ်လည်း အကြံတစ်ခုတော့ ပေါ်လာတယ်။ သြော် ကျုပ်လည်း Font တောင် မတင်ပေးမိဘူးထင်ပါရဲ့လို့
ပေါ့။ ကဲ ခုတော့ Windows XP 7 / 8 အသုံးပြုသူတွေအတွက် 32bit 64bit အတွက် နှစ်မျိုးလုံးကို ထည့်သွင်း
အသုံးပြုနိုင်မယ့် font Software ရော Font ရောပါ ထည့်ပေးလိုက်တယ်။ ကျုပ်ကွန်ပျူတာက သူများကွန်ပျူ
တာကို စီဇာတော့ မကြောင်ဘူး i 3 Desktop တစ်လုံးတော့ တွေ့ဖူးတယ်။ သူကတော့ ဘာဖြစ်တယ် ညာဖြစ်
တယ်နဲ့ ဇီဇာကြောင်ချင်တယ်။ ကဲ အဲဒါတွေလည်း အဆင်ပြေသွားပါတယ်။ နည်းလိုတာပါ နည်းမှန်ရင် အဆင်ပြေ ချောမွေ့သွားပါလိမ့်မယ်။ အသုံးပြုနည်းကို ဒီမှာ မရေးချင်လို့ မဟုတ်ဘူး အတွင်းမှာ ထည့်သွင်းပုံ
နည်းစနစ်က အစ ရေးပေးထားတယ်။ ဓါတ်ပုံနဲ့တောင် ပြထားသေးတယ်။ ကဲ မရှင်းတဲ့သူကတော့ အောက်
မှာ ဆက်လက်ရှုစားလိုက်ပါဦး..ရှင်းတဲ့သူများ အပြင်ကနေ ဒေါင်းသွားလိုက်ပါ။ Alpha လည်း မရောက်ဖြစ်
တာကြာလို့ ဒီနောက်ပိုင်း မ၀ယ်ဖြစ်ဘူး ဒါကြောင့် ဟောင်းပေမယ့် ကောင်းနေဆဲဘဲ.
DOWNLOAD  DROPBOX               OR          DOWNLOAD DE-HOST




======================================
=== Windows XP 7 8 ===64 Bit For အသုံးပြုသူများအတွက် ===
======================================
AlphaZawgyi ကို Floder အပြင်ကကောင်ကို Zawgyi Install >> ပြုလုပ်ပါ Restart မချပါနဲ့ဦးနော်
Zawgyik64bit Floder အတွင်းမှ ZawgyiK_amd64 ကို နှစ်ချက်ကလစ်ပါ
ပြီးရင် ခနစောင့်ပါ ပြည့်စုံကြောင်း Zawgyi Myanmar Unicode K has been successfully installed.
Click  Close to edit. ဆိုပြီးပြမယ် Close လိုက်ပါ ပိတ်လိုက်ပါ။

======================================
=== Windows XP 7 8 ===32Bit For အသုံးပြုသူများအတွက် ===
======================================
32 bit ကတော့ AlphaZawgyi ကို Floder အပြင်က Software ကို install လုပ်ပါ။
ပြီးရင်တော့ U Nicode font floder ထဲက Font တွေကို Ctrl+A လုပ်ပြီး Righit Click>>Install လုပ်ပါ။
ဒါပြီးရင်တော့ စာလေးရေးကြည့်ပေါ့ အဆင်မပြေရင် Restart ချလိုက်ပါ။ အဆင်ပြေပါလိမ့်မယ်နော်....။။

Zawgyi font အတုံးလေးတွေဖြစ်နေရင်
အဲ့ဒါက desktoop မှာ right click နှိပ်ပြီးတော့ personalization ကိုသွားပါပြီးရင် window color ကိုနှိပ်ပါ...နောက်ပြီးတော့ advance and apperance setting ကိုနှိပ်ပါ....ပြီးရင် Item နေရာမှာ
Icon ကိုရွေးပေးပြီးတော့ အောက်က font နေရာမှာ Zawgyi One ကိုရွေးပေလိုက်ရင်ရပါပြီဗျာ.....window 7ကိုပြောတာနော်...

 ကဲ အားလုံးဘဲ အဆင်ပြေကြပါစေ...
firefox မှာကတော့ ကျုပ်သုံးတာတော့ အဆင်ပြေတာတွေချည်းပါဘဲ..။အဆင်မပြေရင်တော့ Tools>>Option>> Content >> Default Font မှာ Zaw Gyi One ကိုပြောင်းပေးပါ..။

ခုတစ်လော ပို့စ်တွေ သိပ်မတင်ဖြစ်ဘူးဗျာ.။ facebook Account လျှောက်ခိုင်းထားလို့ရယ်.။ ကျုပ်
Windows 8 Enterprise 64bit က Driver လိုနေတာနဲ့ တူပါရဲ့ Online ချိတ်ပြီး Other Drive ကို Update လုပ်ခိုင်းတာလည်း အဆင်မပြေဘူး။ ကွန်ပျူတာ သုံးရတာတော့ အဆင်ပြေပါတယ်။ သို့သော် ဖုန်းဆော့ဝဲ
iCon တွေ မပေါ်ဘူး မူရင်းဆော့ဝဲ iCon ကြီးဆိုတော့ ပြသရတာ မလွယ်တာကတစ်ကြောင်းမို့ပါ..။
နောက်ပြီး Adobe Photoshop CS3 Extended တင်တာလည်း သုံးမရဆိုတော့ Windows 8 ပြောင်းသုံးရမှာ
လေ.။ Professional  လေးပြန်တင်မလို့လေ.။ အဲဒီကောင်ကတော့ အဆင်ပြေတယ်ဗျာ.။
ဒါကြောင့်ပါနော်...အားလုံးဘဲ နည်းပညာတွေလေ့လာနိုင်ကြပါစေ သိတာလေးတွေလည်း ပြန်လည်
မျှဝေခံစားနိုင်ကြပါစေလို့ ဆုတောင်းရင်း......မိုးကောင်းကင်...
https://www.facebook.com/Mr.MoeKaungKin ဒီ Facebook Page လေးကိုလည်း Like မလုပ်ထားရသေး
ဘူးဆိုရင်တော့ Like လေးနှိပ်ပြီး အားပေးကြပါဦးလို့....