ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, July 2, 2014

U Virathu & U AungThaung ဦးဝီရသူနှင့် ဦးအောင်သောင်း နိုင်ငံရေး ဆွေးနွေးချက်

အနာဂါတ်စီမံကိန်း အတိတ်စီမံကိန်းများအကြောင်းတွေကို ပြောထားတဲ့ ဗွီဒီယိုဖိုင်လေးပါ။ ကိုယ်တိုင်တော့
မတင်တော့ဘူးနော်..။ ဦးဝိရသူတို့ တင်ထားတာကိုဘဲ ပြန်ပြီးတော့ လမ်းပြတာပါ..။ သူတို့တွေ ဘယ်လိုတွေ
ဆေးနွေးကြသလဲ ပြည်သူအများလည်း သိချင်ကြမယ်ပေါ့..။ ဒီတော့ ကိုမိုးအနေနဲ့ မှတ်တမ်းတင်ထားတဲ့ သဘောပေါ့ဗျာ..။ နိုင်ငံရေးဆိုတာကလည်း အခက်သားဘဲ မဟုတ်လား..မိသားစုတစ်စု ညီညွတ်မှု ရဖို့ဆိုတာ
တောင် ခက်နေရင် ထို့ထက်အလွန် ရွာတစ်ရွာ ရပ်ကွက်တစ်ခုတောင် ညီညွတ်ဖို့​ခက်သေးရင် ပြည်နယ်တွေ
တိုင်းတွေနဲ့​ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုဟာ ဘယ်လောက်ခက်ခဲမလဲ..။ ဘာသာအမျိုးမျိုး လူမျိုးပေါင်းများစွာ ရှိနေ
တဲ့ ဒို့မြန်မာပြည်ကလည်း အားလုံးညီညွတ်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ..။ သို့သော်လည်း သူတို့တွေ ကြိုးစားနေ
ကြတယ်..။ အာဏာပါဝါရှိတဲ့သူတွေချင်း ညှိနှိုင်းဆုံးဖြတ်မှုအပေါ်မှာ မူတည်တာကတော့ အသေအချာဘဲ..။ ဘယ်လောက်ဘဲ များနေများနေ အားလုံးဆွေးနွေးပြီး တစ်ကယ်လုပ်ချင်စိတ် ပြည်သူအတွက် အကျိုးများအောင်
လုပ်ပေးချင်စိတ်တွေ ရှိနေရင် အားလုံးဟာ ပြည့်စုံမှာပါ..။ နိုင်ငံရေးမှာ တစ်ဖက်တည်း ကြည့်လို့တော့ မရဘူး
ပေါ့..။ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံက ညှိနှိုင်း အဖြေရှာကြရမှပါ။ တစ်ဦးကိုတစ်ဦး တစ်ဖွဲ့ကို တစ်ဖွဲ့ အပြစ်တင်
ပြောဆိုနေရုံနဲ့တော့ လမ်းကြောင်းမှန်ပေါ် ရောက်လာမှာ မဟုတ်ဘူးပေါ့ဗျာ..။



    "ဦးဝီရသူနှင့် ဦးအောင်သောင်း ဆွေးနွေးခြင်း"  (29.5.2012-ရက်နေ့၌ ဆွေးနွေးသည်)။
ကမာရွတ်မီဒီယာလွှင့်တဲ့ အတင်းအဖျင်းတွေကို အခုချိန်ထိ ဝါဒဖြန့်နေကြလို့ တင်ပေးလိုက်တာပါ။
အတွင်းရေးစကားတွေပါလို့ ဦးအောင်သောင်းကို အားနာပြီး မတင်ဘဲ နေခဲ့တာပါ။ အခုတော့ ချပြဖို့ အချိန်တန်ပြီဖြစ်လို့ တင်လိုက်တာပါ။ ဒကာကြီးဦးအောင်သောင်း နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

0 အားပေးစကားပြောကြားကြပါ:

Post a Comment