This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label Internet Speed မြင့်မယ်. Show all posts
Showing posts with label Internet Speed မြင့်မယ်. Show all posts

Thursday, July 17, 2014

SpeedConnect Internet Accelerator 8.0

SpeedConnect Internet Accelerator 8.0 ဆိုတာနဲ့ ဘာလုပ်တယ်ဆိုတာ သိရောပေါ့ ဟိုအရင်ကလည်း တင်
ပေးဖူးပါတယ်.။ ပုံစံတော့ တူတယ်ပေါ့ဗျာ...ဟိုအရင်ကတည်းက သုံးဖူးပါတယ်..။ ခုနောက်ပိုင်းမှသာ မသုံးဖြစ်
တာ သူက ကွန်ပျူတာကို နဲနဲတော့ အားစိုက်ပြီး အလုပ်လုပ်စေတယ်။ အထူးသဖြင့် RAM တို့ CPU တို့ကို သူများ
ထက် ပိုသုံးတယ်လို့ ဆိုရမယ်ဗျာ။ အဲဒီကောင်သာ သုံးထားရင် အင်တာနက်ကို တစ်အားဆွဲတာဆိုတော့ အဆွဲ
ခံရတဲ့ ကွန်ပျူတာကတော့ နဲနဲလောတယ်ပေါ့ဗျာ..။ တစ်အားသုံးမိရင် Browser တောင် လေးသွားပါတယ်။ ဒါလေးတော့ အသိပေးသတိပေးတာပါ..။ ကောင်းတာတော့ကောင်းပါတယ်။ ကိုယ်မှ မထုတ်တတ်တာ..ဒီတော့
အခြေအနေကြည့်သုံးပေါ့ဗျာ ကိုယ့်စက်အပေါ်မူတည်ပြီးတော့ သုံးရမှာဘဲ အထဲမှာ Activator လေးလည်း ပါ
ပါတယ်။ အဟောင်းပါ အသစ်မဟုတ်ပါဘူး ။ သူများတင်တာနဲ့ ကိုယ်လည်းဖမ်းဆွဲ ပြန်တင်ပေးလိုက်တာပါ..။
v8.0 က ထွက်တာကြာပြီလေ..။ သို့သော်လည်း ပို့စ်က ဒီလိုမှ မတင်ရင်လည်း ကြည့်စရာရှိတော့မည်မဟုတ်ပါ
သောကြောင့် ဒါလေးကိုလည်း တင်လိုက်တာ စိတ်မဆိုးနဲ့နော်..မမိုးယုစံရေ...ဟေ ဟေး..ကျုပ်က မိုးယုကို သဘောကျတဲ့သူလေ...ဒါကြောင့်ပါ...သူသဘောမကျဘဲ နေမှာစိုးလို့.....။
https://www.facebook.com/ohnthar ကိုလည်း Like လုပ်ပြီး အားပေးဦး

Wednesday, July 16, 2014

Net Meter Pro v7.01 Full Crack

Internet Speed ကို မြင့်တင်ပေးမယ့် ဆော့ဖ်ဝဲလေးပါ။ ဒီကောင်လေးကတော့ဖြင့် ဒေါ်လာ $9.95 ဒေါ်လာတန်
လေးပေါ့ဗျာ။ ဒီကောင်လေးကို Crack ဖိုင်လေးထည့်ပေးထားတဲ့အတွက် Free သုံးလို့ရစေမှာပါ..။  သုံးနည်း
ကတော့ Install ပြီးရင် ဆော့ဖ်ဝဲကို ပိတ်ပါ။ Crack ဖိုင်လေးကို နှစ်ချက်ကလစ်ပြီးတော့ သုံးရုံပါဘဲ။  ဒီတော့
ဒီ Crackဖိုင်လေးကို Desktop ပေါ်မှာ ထားထားဖို့တော့ လိုမယ်ပေါ့ဗျာ သုံးလိုရင် လွယ်လင့်တစ်ကူ  ဖွင့်သုံး
ရုံဘဲလေ..။ ဖိုင်ဆိုက်ကလည်း မကြီးတာမို့ ဒေါင်းပြီးတော့ စမ်းသုံးကြည့်ကြပါဦးလို့....တိုက်တွန်းလိုက်ပါတယ်။
အားလုံးဘဲ အင်တာနက်လိုင်းကောင်းကောင်း သုံးနိုင်ကြပါစေ..။ အင်တာနက်အချိန်တွေလည်း ဘယ်လောက်
သုံးလိုက်တယ်ဆိုတာ သိရမှာပါ...ဒီတော့ ကိုယ် အင်တာနက်ဘယ်နှစ်နာရီ သုံးလိုက်တယ်ဆိုတာ သိတယ်ပေါ့
ဒီတော့ဗျာ...။ အင်တာနက်သုံးချိန်နဲ့ ငွေကုန်တာ တွက်ကြည့်လို့လည်းရတာပေါ့...။

Monday, July 14, 2014

Connection Stabilizer Booster အင်တာနက် မြန်နှုန်းမြင့် apk

Internet Connection ကို ပိုမြန်အောင်ထောက်ပံ့ပေးတဲ့ apk လေးပါ.။ သူများတွေ စမ်းသပ်ထားတာကိုဘဲ ကိုယ်က လိုက်ရှာသုံးလိုက်တယ်.။ ဘာလည်းဆိုတော့ ကိုယ်တိုင် စမ်းသပ်နေရတာက အချိန်တစ်ခုပေးနေရ
တယ်မဟုတ်လား။ ဒီတော့ဗျာ ဒီဆော့ဖ်ဝဲဟာ ဘာတွေကောင်းတယ် ဘယ်လောက်ကောင်းတယ်ဆိုတာကို သူများတွေ သုံးစမ်းကြည့်လို့ ကြော်ငြာပြီးမှ ကိုယ်ကကောက်သုံးကြည့်လိုက်တယ် ကောင်းရင်ကောင်းတယ်
လို့ ပြန်ကြော်ငြာလိုက်တယ်ဗျာ။ ဒီကောင်လေးမှာ သတိထားရမှာကတော့ သူများ WiFi နဲ့ သုံးတဲ့အချိန်မှာ မြန်
နှုန်းမြင့်ထားပြီး စိတ်ကြိုက်သုံးကာ ဒီတိုင်းလေးပိတ်ပြီးတော့ အမှုမဲ့အမှတ်မဲ့နဲ့ ကိုယ့်အိပ်ကပ်ထဲ ထည့်ထားမယ်
ဆိုရင်တော့ Internet Data ကြီးက ပွင့်ပြီးတော့ ဖုန်းဘေတွေ ကုန်သွားလိမ့်မယ်ဆိုတာကိုတော့ အသိပေးလိုက်
တယ်နော်.။ သူများ Free WiFi လေးကို သုံးပြီးရင် သေသေချာချာလေးစစ်ဆေးပြီးတော့ ပြန်ပိတ်ထားပါ ထိုသို့
မဟုတ်လျှင်တော့ အလကားမစား မသောက်ရဘဲနဲ့ ဖုန်းဘေတွေ ကုန်နိုင်တယ်ဆိုတာလေးကို အသိပေးလိုက်
တာပါ..။ ခုတော့ လိုင်းကဘဲကောင်းနေလို့လားမသိ သုံးလို့တော့ ကောင်းနေတာဘဲ...။ စမ်းသုံးကြည့်ကြပေါ့ဗျာ။

Thursday, December 5, 2013

Blog ပိုင်ရှင်များအတွက် နဲနဲလောက် အကျိုးရှိစေမယ့် Google Page Speed

ကဲ တင်စရာကလည်း ခပ်ရှားရှားဘဲ သူများမတင်တာလေးတွေ တင်ချင်တာကိုးဗျ။ အဲတော့ ဒီနေ့တွေ့ခဲ့တာ
လေးကို ဖောက်သည်ချလိုက်ပါတယ်။ ဒီ နည်းစနစ်လေးကတော့ Google က ဆိုက်တွေ လေးနေတာလေး
တွေကို ပိုမြန်အောင်လုပ်ပေးတဲ့ နည်းစနစ်လေးပါ။ ကျုပ်ပြထားတဲ့ လင့်လေးအတိုင်းသွားလိုက်ပါ။ Gmail အကောင့်ကတော့ ၀င်ထားရမယ်နော်။ ပထမဆုံး ဒီလင့်ကို သွားလိုက်ပါ။ သွားပြီးရင်တော့ မိမိ Blog ရေးနေ
တဲ့ Gmail အကောင့်ကို ထည့်ပေးပါ။ ပြီးရင် အောက်မှာ မိမိWebsit လိပ်စာလေးထည့်ပေးပါ။ အဲဒါပြီးရင် Submit ဆိုတာလေး နှိပ်ပေးပါ။ ကျန်တဲ့ အပိုင်းကတော့ အင်္ဂလိပ်စာ ဖတ်ပြီး လှုပ်ရှာလိုက်တော့..။ ဒါပါဘဲ...။
ကိုယ့်ထက် ပညာတော်သူတွေချည်းဆိုတော့ မပြောတော့ဘူးနော်။ ကိုယ်လည်း ဒီလောက်လေး နားလည်
တာ ကျန်တာကတော့ Google Drive မှာ စာလေး ရေးရတယ်ဗျာ။ ကိုယ်တော့ လျှောက်ရေးလိုက်တာဘဲ။ ကိုယ်က ဘာမှ မတတ်တော့ Good Luck လို့ ရေးပေးလိုက်တယ်။ ကဲ ဒါဘဲ...။

Saturday, November 2, 2013

Internet Speed မြန်အောင် Add-ons လေးတွေ ထည့်သုံးကြည့်ရအောင်

ကဲ Google ကပေးတဲ့  Add-ons နဲ့ Mozilla Friefox မှာ ပေးထားတဲ့ Meet the Speed DNS Developer ဆိုတဲ့
ကောင်းလေးကို မနေ့ညက လိုင်းကောင်းချိန်ထည့်သုံးစမ်းကြည့်တော့ အတော်အဆင်ပြေပါတယ်။ ညည့်
နက်မှဆိုတော့လေ ကောင်းမှာပေါ့။ ကဲခုညနေပိုင်းလေးလည်း မဆိုးပါဘူးဗျာ။ အတော်များများကတော့
ထည့်သွင့်အသုံးပြုတတ်မယ်လို့ထင်ပါတယ်။ ဘာမှ ထွေထူးလုပ်စရာမလိုပါဘူး။  Google Add-ons ကတော့
ရွေးပေးရမယ် ကိုယ်သုံးနေတာက Friefox ဆိုရင်တော့ firefox ကိုရွေးပေါ့ ။ Chrome ဆိုရင် Chrome ကိုရွေး
ပြီးတော့ Add-ons ဆိုတာလေး နှိပ်ပေးလိုက်ရင် ဒေါင်းလော့ချနေပါလိမ့်မယ် ပြီးသွားရင်တော့ Install လုပ်
ပေးပေါ့။ Install လုပ်ပြီးပြီဆိုရင်တော့ Restart ချခိုင်းမယ် ချပေးလိုက်ပေါ့ ပြန်တက်လာရင်တော့ အတော်
လေး မြန်ဆန်နေတာကို တွေ့ရပါလိမ့်မယ်။ နှစ်ခုထည့်သုံးလိုက်တယ်ဗျာ။ Meet the Speed DNS Developer
ဆိုတဲ့ကောင်ကလည်းကောင်းပါတယ်။ ကဲ အဆင်ပြေလား အဆင်ပြေရင် စလုပ်လိုက်ကြစို့ မရှင်းတဲ့သူများ
ကတော့ အောက်မှာ လှမ်းရှိုးကြည့်လိုက်ပါဦးနော်.။ မေးစရာရှိတာများရှိရင်တော့https://www.facebook.com/Mr.MoeKaungKin မှာ မေးကြပါနော်။ တတ်နိုင်သမျှ တတ်သမျှတော့ ဖြေပေးပါ့မယ် မတတ်ရင်တော့ မဖြေ
ပေးဘူး။ သို့သော် အကြံဥာဏ် ဘယ်မှာမေးဆိုတာလေး အကြံပေးမယ်။ အရာအားလုံးကိုတော့ ဘယ်သူမှ
မသိပါဘူး ဒါကြောင့်ပါ မိတ်ဆွေတတ်ထားတဲ့ ပညာက လွယ်နေပေမယ့် ကိုယ့်အတွက် အခက်တွေ ဖြစ်နေ
တတ်သလို ကိုယ်သိထားတဲ့ ပညာကလည်း မိတ်ဆွေအတွက် အခက်အခဲ ဖြစ်နေတတ်တယ်လေ...။




ကဲ ပထမဆုံး  https://addons.mozilla.org/  ဒီလင့်ကို သွားလိုက်ပါ။ ရောက်သွားရင် အောက်က ပုံလေးအတိုင်း
နှိပ်ပါ ။ Add to Firefox ဆိုတာကိုပေါ့။
ကဲ နှိပ်လိုက်ရင် ဒုတိယ ပုံလိုမျိုးလေး ဒေါင်းလော့ချနေမယ်ဗျာ။ ဘယ်ဘက်ခြမ်း အပေါ်မှာ ဒေါင်းလော့ချ
နေမယ်။  ခဏလောက်စောင့်ပါ။ ဒေါင်းပြီးရင် အောက်ကပုံလိုပေါ့။ Install လုပ်ရုံဘဲ။

 Install လုပ်ပြီးပြီဆိုရင်တော့ဖြင့်။ အောက်ပုံအတိုင်းဘဲ Restart Now ဆိုတာ နှိပ်ပေးပါ။

 နှိပ်ပေးပြီးရင်တော့ တစ်ခု ရသွားပါပြီနော်။ နောက်တစ်ခုကတော့။ Google က ထုတ်ကုန်တစ်ခုလို့ဘဲ
ဆိုပါတော့ဗျာ။ အဲဒါကိုလုပ်မယ်။
  

    ပထမဆုံး https://developers.google.com/speed/pagespeed/insights_extensions  ဒီလင့်ကို သွားမယ်။
နောက်ပိုင်း မသွားတတ်ရင်တော့ Search Box မှာ Google Page Speed လို့ ရိုက်လိုက်ရင် ပထမဆုံးဖော်
ပြတဲ့ ဆိုက်ဟာ အပေါ်က လင့်ပါဘဲ။ ကဲ ရပြီ။ ဆိုတော့ ထည့်သွင်းနည်းကတော့ အပေါ်ကအတိုင်းပါဘဲ။
မခက်ဘူး ။

 ဒီနေရာလေးကို ရောက်မယ်ပေါ့ဗျာ။ ကိုယ်က Firefox သုံးနေတယ်ဆိုရင်တော့ Firefox အောက်က install Firefox Extension ဆိုတာလေး နှိပ်ပေးပါ ကျန်တာတော့ အပေါ်ကနဲ့ တူပြီ။ Chrome ဆိုရင်လည်း သူ့အောက်
က ကောင်လေးနှိပ်ပြီးတော့ ထည့်သွင်း အသုံးပြုရုံပါဘဲ မခက်ပါဘူး။
 ကဲဗျာ အခုဆိုရင် နှစ်ခုလုံး ထည့်သွင်းပြီးပြီဆိုရင်တော့ Firefox အပေါ်တန်းက Tools>> Add-ons>> Extensions မှာ ၀င်ရောက် ကြည့်ရှု ပြင်ဆင်နိုင်ပါပြီနော်။ အားလုံး အဆင်ပြေကြပါစေ....။


ကဲ ဒီလောက်ဆိုရင်တော့ အတော်လေး Website တွေ ဖွင့်ရတာ အတော်လေး မြန်သွားတော့မှာပါ။ မြန်သွား
ရင်တော့ ပတ်မွှေပေတော့။ အလည်အပတ်များများသွားပါ။ ဒါမှ ပညာများများ ရမှာပါ။.....
အဆင်ပြေရင်တော့ ကိုယ့် facebook FanPage လေးကိုလည်း Like လေး နှိပ်ပေးပါဦးနော်..။
မိုးကောင်းကင် ဖောင်းပြင်...https://www.facebook.com/Mr.MoeKaungKin

Friday, November 1, 2013

Internet Speed Test

အင်တာနက်မြန်နှုန်းမြင့်တဲ့ကောင်လေးပါ။ နေ့လယ်က စမ်းကြည့်တာတော့ လိုင်းနဲနဲကောင်းလို့နဲ့တူတယ်။
အဆင်ပြေပါတယ်။ ညပိုင်း 10.30 လောက်မှာ အင်တာနက်ဖွင့်ပြီး ဒီ Internet Speed Test လေးတင်မလို့ ကြွား
မလို့လုပ်တော့ ငနဲသား MPT က အတော်ချစ်စရာကောင်းအောင်ကို လိုင်းကစုတ်ပြတ်နေလေတော့ 11 နာ
ရီလောက်မှာ မဖြစ်သေးဘူး စစ်တိုက်ဦးမှဆိုပြီး စစ်တစ်ပွဲနွဲလိုက်ရသေးတာ 12 ထိုးခါနီးမှ နဲနဲအဆင်ပြေလာ
တယ်။ သြော် ဘ၀ဘ၀ ကဲ စမ်းသုံးလိုရင်တော့ ယူသွားကြပါ အရောင်အဆင်းလေးတော့ လှသားဘဲ ကောင်း
တာ မကောင်းတာကတော့ ကျုပ်လည်းမသိဘူး။ အဓိကကတော့ MPT ဘဲ ခွေထီးခွေးမ ပုံပြင်သာ မြင်ရောင်
လာတော့တယ်။ ခွေးထီးက ဘယ်လောက်ပင် လုပ်ချင်လုပ်ချင် ခွေးမက ထိုင်နေတော့ ဘာမှ အလုပ်မဖြစ်ဖူး
ဆိုသလိုဘဲ။ သုံးစွဲချင်တဲ့ ပြည်သူက ငွေကြေးများစွာပေးပြီး သုံးချင်ပါသော်လည်း ခွေးမတည်းဟူသော MPT
က ထိုင်နေတော့ ဘာမှ လုပ်မရဘူးပေါ့ဗျာ.။ ကဲ ဆီးဂိမ်းနီးရင် 4GB တွေ ဘာတွေ ဖြစ်လာမယ်ဆိုပြီး မျှော်ရ
တာဘဲ အဖတ်တင်တယ်။ ဘာမှလည်း မဟုတ်ဘဲနဲ့...အတော် အပြောကောင်းတဲ့သူတွေ....။
Google Play Store Link to Copy  လင့်ကို ကော်ပီကူးပါ    
http://apps.evozi.com/apk-downloader/  Link to Paste  ဒီဆိုက်မှာ လင့်ကိုထည့်ဒေါင်းပါ။ 

Monday, September 23, 2013

Firefox browser Hight Speed ပေါ့ firefox ကို နှစ်ဆပိုမြန်အောင် လုပ်နည်း

ကဲ ကျုပ်စမ်းကြည့်တာတော့ အတော်ဟုတ်တယ်ဗျ။ နည်းပညာလေးတွေက နဲနဲတော့ လွဲနေတာလေးတွေ ရှိတယ်။ ကိုယ်လုပ်တာ မဟုတ်လို့လားတော့ မသိဘူး။ သို့သော်လည်း အကုန်းစမ်းကြည့်တာ အတော်လေး
မြန်လာတာကို တွေ့ရတယ်။ ဘူးရေမျက်ရွာက ရလာတဲ့ စာအုပ်လေးပါ။ အတော်လေး ကောင်းပါတယ်။
ဓါတ်ပုံနဲ့ ပြထားတာ မဟုတ်တဲ့အတွက် နဲနဲတော့ ခက်ပါလိမ့်မယ်။ သို့သော်လည်း ကျုပ် ဘယ်ဟာက Address Bar ဆိုတာရယ်။ Filter Search Bar ဆိုတာရယ်။ Pop-up Menu ဆိုတာရယ် အဲဒီ သုံးခုကို အပေါ်က
ဓါတ်ပုံမှာ ပြသပေးထားတဲ့ အတွက် လွယ်ကူမှာပါ။ ဒီလောက်ဆိုရင် လုပ်တတ်ပြီ။ ကျုပ်လည်း လိုက်ရှာကြည့်
ရတာဘဲ။ ဘယ်ဟာက Address Bar ဘာလဲ စသဖြင့်ပေါ့။ Google Search မှာ ရှာကြည့် သြော် ဒါကိုပြောတာ
ကိုး ဆိုပြီး သဘောပေါက်သွားတယ်။ ကဲ လိုင်းကျနေတာနဲ့တော့ အတော်ဘဲ။ သူများဆိုက်တွေကိုတော့ မစမ်းကြည့်ဘူး ကိုယ့်ဆိုက်နဲ့ကိုယ် စမ်းကြည့်တာတော့ အတော်လေးကို သွက်လာတယ်ဗျ။ ကဲ စမ်းသပ်
အသုံးပြုနိုင်အောင် တင်ပေးလိုက်တယ်နော်..။

Tuesday, September 17, 2013

PageSpeed Insights Browser Extensions Loading Time လေး မြန်အောင် ဆိုက်တွေ ဖွင့်တာမြန်အောင်လုပ်မယ်..

ကဲ ကျေးဇူးရှင် Google ကပေးတဲ့ PageSpeed Insights Browser Extensions ဆိုတဲ့ကောင်လေးပေါ့
ဗျာ။ အဲဒီကောင်လေး Add on ပေါ့ Firefox အတွက်နှင့် Google Chrome နှစ်မျိုးအတွက်ပါ။ ကိုယ့်နိုင်ငံ အင်
တာနက်လိုင်းကလည်း သိတဲ့အတိုင်းဘဲ သုံးပန်လှ ကောင်းချင်ကောင်းမယ် မကောင်းချင် မကောင်းဘူး ။ မကောင်းတာက များလေတော့ ဒါမျိုးလေးတွေ အားကိုးနေရတယ်မဟုတ်လား။ ဒီကောင်လေးထည့်သွင်း အသုံး
ပြုမယ်ဆိုရင်တော့ ပုံမှန်ထက် ဆိုက်တွေဖွင့်ရတာ မြန်လာပါလိမ့်မယ်။ Facebook ဖွင့်တာတို့ အခြားသော နည်း
ပညာဆိုက်တွေ မိမိကြည့်ချင်တဲ့ ဆိုက်တွေကို ပုံမှန်ထက် မြန်ဆန်အောင် လုပ်ပေးနိုင်ပါတယ်။ မယုံရင်တော့
စမ်းကြည့်ကြဗျာ။ မကောင်းဘူးလို့ ထင်ရင်တော့ ဖြုတ်ထုတ်လိုက်ပေါ့..။ ကဲ လင့်လေးပေးမယ်။ စမ်းသုံးလိုရင်
တော့ အောက်က လိပ်စာအတိုင်း ကြွမြန်းလိုက်ပါ..။



PageSpeed Insights Browser Extensions

PageSpeed Insights is available as an open-source browser extension for Google Chrome and Firefox. Webmasters and web developers can use PageSpeed Insights to evaluate the performance of their web pages and to get suggestions on how to improve them.
PageSpeed Insights performs several tests on a site's web server configuration and front-end code. These tests are based on a set of best practices known to enhance web page performance. Webmasters who run PageSpeed Insights on their pages get a score for each page, as well as suggestions on how to improve its performance. By following the suggestions you can make your site faster, keep Internet users engaged with your site, reduce your bandwidth and hosting costs and improve the web!

Thursday, July 4, 2013

အင်တာနက် Upload Speed ကို ဒီလိုမြှင့်လိုက်ပါ For Windows 7/ 8



အင်တာနက်သုံးနေတဲ့သူတွေအနေနဲ့ စိတ်အ၀င် စားဆုံးကိစ္စတွေထဲမှာ အင်တာနက် Download Speed ကို ဘယ်လိုမြှင့်ရမယ်ဆိုတဲ့ ကိစ္စဟာ တစ်ခုအပါအ၀င်ပေါ့ ..ဒါပေမယ့် .. အဲဒီလို လူတွေထဲမှာမှ ကိုယ့်ဆီမှာရှိတဲ့ ဖိုင်လေးတွေကို သူငယ်ချင်းတွေကို မျှဝေပေးချင်သူတွေနဲ့ Blogger တွေအဖို့  Upload Speed မြင့်ဖို့ကလည်း   တော်တော်အရေးပါတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ် ...ဒီတော့ .. ကွန်နက်ရှင်မကောင်းတဲ့ဒေသ မှာနေနေရတဲ့ ကျွန်တော့်အဖို့ ရှာရင်းဖွေရင်း ကလိရင်းနဲ့ အမှန်တကယ် ထရောက်တဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်ဖိုင်တွေကို  Hosting Site တွေမှာ တင်တဲ့အခါ Upload Speed ကို သိသိသာသာမြှင့်ပေးနိုင်မယ့် နည်းလေးတစ် ခုပါ ..

ကဲ .. အဆင့်နှစ်ဆင့်လုပ်ရမယ့်ထဲက ပထမအဆင့်ကို စပါမယ် .. ( ပုံတွေ မထင်ရှားရင် ပုံပေါ်မှာ မောစ်တင်ပေးလိုက်ပါ)


ဝင်းဒိုးကြီးရဲ့ Run Box မှာ gpedit.msc လို့ ရိုက်ထည့်ပြီး Enter နှိပ် ဒါမှမဟုတ်လည်း Ok နှိပ်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်

အဲဒီထဲက Administrative Templates ရဲကရှေ့က မြှားအဖြူလေးကိုနှိပ်လိုက်ပါ အောက်ပုံအတိုင်း ကျလာပါမယ်


အဲဒီထဲက Network ရဲ့ရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ အောက်ကပုံအတိုင်း
ထပ်ကျလာပါမယ်
 
 
အဲဒီထဲက Qos packet Schedule ပေါ်မှာနှိပ်ပြီး ဘယ်ဖက်ထဲမှာ ပေါ်လာတဲ့ထဲက Limit reservable bandwidth ပေါ်မှာ Double Click နှိပ်လိုက်ပါ အောက်ကပုံအတိုင်း ၀င်းဒိုးအသစ်တစ်ခု ပွင့်လာပါမယ်







အဲဒီထဲက enable ရဲ့ရှေ့မှာ အမှတ်တပ်ပေးပါ အောက်မှာရှိနေတဲ့ကိန်းတွေကို ဘယ်လောက်ပဲဖြစ်နေပါစေ 0
( သုည ) ပြောင်းလိုက်ပါ ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ .. ဒီအဆင့်ပြီးတာနဲ့ စက်ကို Restart ချလိုက်ပါ

ဒုတိယအဆင့်ကို မစတင်ခင်မှာ အင်တာနက်လိုင်းကို အရင်ဆုံးချိတ်လိုက်ပါ ဖုန်းနဲ့ဆိုလည်းဖုန်းနဲ့ ... Wifi နဲ့ဆိုလည်း Wifi နဲ့ပေါ့ .. အဲဒီလို အင်တာနက်လိုင်း ချိတ်ပြီးသွားပြီဆိုရင်တော့ Control Panel ကို သွားပြီး
Device Manager ကိုဖွင့်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်



အဲဒီထဲက Ports ( COM & LPT ) ရဲကရှေ့က မြှားအဖြူလေးကို နှိပ်လိုက်ပါ
အောက်ကပုံအတိုင်း ကျလာပါမယ်


အဲဒီထဲမှာ COM 1, COM2 ... စသည်ဖြင့် တွေ့ပါလိမ့်မယ် .. ( အင်တာနက်လိုင်းအမျိုးအစားပေါ်မူတည်ပြီး အရေအတွက် မတူပါဘူး )
အဲဒီထဲက တစ်ခုချင်းပေါ်မှာ Double Click နှိပ်လိုက်ရင် ၀င်းဒိုးတစ်ခု ပွင့်လာပါမယ် ..


ပွင့်လာတဲ့ ၀င်းဒိုးထဲက Port Settings ကိုနှိပ်လိုက်ပြီး  Bits per second အကွက်မှာ 128000 ကိုပြောင်းပေးပါ
Flow control အကွက်မှာ none ကနေ Hardware ကို ပြောင်းပေးပါ ပြီးရင် Ok ကို နှိပ်ပေးလိုက်ပါ
နောက်ထပ် COM 2 ... အဲဒီလို တွေကိုလည်း အပေါ်ကအတိုင်း ပြင်ပေးသွားလိုက်ပါအားလုံးအတွက် ပြင်ပေး ပြီးသွားရင်တော့ စက်ကို Restart ချပေးလိုက်ပါ ၀င်းဒိုးပြန်တက်လာတဲ့အခါ အင်တာနက်ချိတ်ဆက်ပြီး ဖိုင်တစ်ဖိုင်လောက်  Upload တင်ကြည့်လိုက်ပါ တကယ်ပဲ Upload Speed ဟာ သိသိသာသာမြင့်တက်လာ တာကို တွေ့ရပါလိမ့်မယ်ကဲ .. အဆင်ပြေကြပါစေဗျာ.

ရေးသားသူ...အိုင်တီမုဆိုး..

Tuesday, June 11, 2013

Internet Cyclone v2.01 အင်တာနက်မြန်နှုန်းမြင့်မယ် 2MB

ကဲ အင်တာနက်မြန်နှုန်းမြင့်တာတွေကတော့ အတော်လေး များလာပါပြီး ကျုပ်တော့ မူရင်းထုတ်လုပ်တဲ့ ဆိုက်တွေပါ ထည့်ပေးလိုက်တာဘဲ.။ ဒါမှ ရှာဖွေရတာ လွယ်မှာလေ.။ ဟုတ်တယ်မဟုတ်လား ဘယ်ဆိုက်က
ထုတ်တယ်ဆိုတာပါ တစ်ခါတည်း သိသွားတာပေါ့ ။ အဲဒီတော့ နောက်ဆုံးထွက် Verision ကိုမှ နှစ်သက်တယ်
ဆိုလည်း သူ့မူရင်းဆိုက်လေးမှာ သွားဒေါင်းလော့ချရုံပါဘဲ.။ ဟုတ်တယ်နော် အဲဒါကောင်းမယ်ထင်လို့ ထည့်
ထည့်ပေးတာ.။ ဒါမှ လင့်သေသွားရင်လည်း မူရင်းဆိုက်မှာ ဒေါင်းလော့ချပေါ့..အဲဒီလို အစီအစဉ်လေးနဲ့ လုပ်
တာပါဗျာ.။ ကျုပ်တို့မြန်မာဆိုက်တွေက သိပ်မသေချာဘူးလေ အဖျက်ခံရတာတွေရှိတယ် ကိုယ်တင်ထား
တာတွေ ဖျက်ခံရရင် အလည်မလာချင်ကြတော့ဘူး.အဲဒီတော့ မူရင်းဆိုက်ထည့်ရချင်းအကြောင်းသိရောပေါ့
ကဲကဲ ဒါပါဘဲ မြန်မမြန်စမ်းကြပေတော့ မကြာခင်ဆက်သွယ်ရေးတွေလည်း တင်ဒါခေါ်နေတယ် ကောင်းတာ
ရွေးမယ်ဆိုတာဘဲဗျာ ကံကောင်းရင်တော့ 4G ပါ သုံးရတော့မယ် ဘယ်လောက်မြန်မလဲ မြည်းကြည့်ရသေး
တာပေါ့ဗျာ..။ ဒီဆော့ဝဲလေးက Version 2.16 အထိထွက်နေပြီ ခုတင်တာက full Version လေးပါ
မူရင်းဆိုက် http://www.jordysoft.com/

SpeedTest Pro Standard အင်တာနက်မြန်နှုန်းမြင့်မယ်..

ကဲမြန်သလားမမေးနဲ့ လိုင်းကောင်းတဲ့အခါပြောပါတယ်..။ ဒါလေးစမ်းသုံးနိုင်အောင် တင်ပေးလိုက်ပါတယ်..ကျုပ်က
full Version မ၀ယ်တတ်တော့ free Version ဘဲ စမ်းသုံးကြည့်ပေါ့ ဘာကီးမှ ထည့်စရာမလိုပါဘူး မူရင်းဆိုက်လေးပါ ထည့်ပေးလိုက်ပါတယ်.။ အဲဒီမှာ ငွေရှိရင်ဝယ်ပေါ့ဗျာ..။ မရှိရင်လည်း google မှာ ရှာကြည့်ပေါ့ ဟုတ်လား.သုံးရတာတော့ မဆိုးပါဘူး တောင်နှိပ်မြောက်နှိပ်နဲ့ စမ်းကြရတာဘဲလေ..။ ကဲဗျာ လေမရှည်ချင်တော့
ပါဘူး သုံးမျိုးတင်ပေးထားပါတယ်.။ မူရင်းဆိုက်မှာလည်း ဒေါင်းနိုင်တယ်.။
 မူရင်းဆိုက် http://speedtestpro.net/

Saturday, June 8, 2013

NetScream version:2.6.3.2013 အင်တာနက်မြန်နှုန်းမြင့်

ကဲဒါကလည်း တစ်မျိုးပေါ့ဗျာ အင်တာနက်မြန်နှုန်းမြင့်တာပါဘဲ ။ ဒီမှာ version နှစ်မျိုးထည့်ပေးထားပါတယ်
နောက်ထွက် version အတွက်ကတော့ Patch ဖိုင်းမပါဘူးဗျာ.။ ဖိုင်ဆိုက်သေးတဲ့ကောင်က အရင်ထွက်တာပါ
အဲဒီကောင်ကတော့ Patch ဖိုင်ပါတော့ full version  ပေါ့ဗျာ.။ ဘယ်လိုဘဲဖြစ်ဖြစ် ကြိုက်တာသုံးပါ။ အဆင်ပြေ
ဖို့ အဓိကပါဘဲ..။ သုံးနည်းတော့ မရေးတော့ဘူးနော်..။ မြန်နှုန်းမြင့်တယ်ဆိုမှတော့ ဘာပြောစရာလိုသေးလဲ
ဟုတ်ဘူးလား မူရင်းဆိုက်လေးပါ ထည့်ပေးထားပါတယ် လေ့လာလိုရင်လည်းလေ့လာလို့ ရတယ် ဒေါင်းချင်
ရင်လည်း ဒေါင်းလို့ရတာပေါ့ဗျာ..။ ကဲ အဆင်ပြေလား အဆင်ပြေရင်တော့ ဒေါင်းပြီးစမ်းသုံးကြပေတော့ဗျို့
အောက်မှာ ပုံတစ်ပုံ ထည့်ပေးလိုက်တယ် အရင်က ထွက်တဲ့ version ပုံလေးပေါ့ အဲဒီကောင်ကတော့ full version ဘဲ ကြိုက်တာသုံး အဆင်ပြေဖို့ အဓိကနော်..။
မူရင်းဆိုက် http://www.swiftdog.com/downloads/




oss-internet-speed-booster-3.0/ 4.27MB အင်တာနက်မြန်နှုန်းမြင့်

ဒီကောင်လေးကိုလည်း ထပ်တင်ပေးလိုက်ပါတယ် လိုလိုမယ်မယ်ပေါ့ နှစ်မျိုးရှိတော့ နှစ်မျိုးလုံး သုံးရတာပေါ့
ဟုတ်ဘူးလား ကြိုက်တာသုံးပါ.။ အတူတူပါဘဲ အောက်မှာ တင်ပေးလိုက်တဲ့ ဆိုက်ကဘဲ ထုတ်လုပ်တာပါ.။
သူက Version 3.0 ပထမပေါ်ပေါ့ဗျာ.။ ခုနောက်ဆုံးထွက်တာကတော့ အောက်မှာ တင်ပေးထားပါတယ်..။
စမ်းသုံးလိုရင် ယူသွားကြပေါ့..။
မူရင်းဆိုက်သို့ http://www.onestopsoft.com/

Internet-speed-booster အင်တာနက် မြန်နှုန်းမြင့်ဆော့ဝဲများ

မြန်မမြန်တော့ မသိဘူး နာမည်ကတော့ လန်ထွက်နေတာဘဲ ကိုယ့်ဖုန်းကတော့ 250KB လောက်ရှိနေတာ
ဆိုတော့ သိပ်မသိတာဘူး နှေးကွေးတဲ့သူများအတွက်ပေါ့ဗျာ.။ သူများနှစ်ကျပ်ကိုယ်က လေးကျပ်ပေးသုံးနေ
တာဆိုတော့လည်း ဒီလိုပါဘဲ.။ ကျုပ်ဟိုတစ်လောလေးက ပြောက်သွားတာက မုံရွာသွားနေတာလေ.။ အဲဒီ
မှာတော့ လိုင်းက ပေါ်လိုက်ပြောက်လိုက်နဲ့ အဆင်မပြေဘူး ဘာမြန်နှုန်းမြင့်ဆော့ဝဲတပ်ဆင်တပ်ဆင် အဆင်
မပြေဘူး နဂိုရှိမှ နဂိုဏ်းထွက်မှာလေ.။ အဲဒါကြောင့် မတင်ပေးတာပါ.။ ကျုပ်မှာ ဒီလို မြန်နှုန်းမြင့်တဲ့ဆော့ဝဲ
တွေ အတော်များများရှိပါတယ်.။ ကိုယ်လည်း အဒီထဲကမှ ကြိုက်တာလေး ရွေးသုံး စမ်းသုံးနေတာဘဲဗျာ..။ ဒါလေးလည်း စမ်းသုံးနိုင်အောင် တင်ပေးလိုက်တယ်ဗျာ..။ သဘောရှိ ကရောဟိပေါ့ .။ သဘောကျတယ်ဆို
ရင်တော့ အောက်မှာ ဒေါင်းသွားလိုက်တော့ စမ်းသုံးကြပေါ့ဗျာ..မူရင်းဆိုက်လေးပါ ထည့်ပေးထားတယ်နော်.
သူ့ဆိုက်မှာလည်း အတော်လေးစုံပါတယ်. အခြားဆော့ဝဲတွေလည်း ဒေါင်းနိုင်ပါကြောင့် သတင်းကောင်းပါ
လိုက်ပါတယ်..။ Version 3.0 ကိုတော့ မတင်ပေးလိုက်ဘူးဗျာ ဒါကတော့ နောက်ဆုံးထွက်လေးပေါ့ အောက်
ဆုံးကလင့်ဟာ သူ့မူရင်းဆိုက်ဘဲ သဘောကျတယ်မဟုတ်လား ဒေါင်းသွားပေါ့...
မူရင်းဆိုက် http://www.onestopsoft.com/

Sunday, May 12, 2013

ကွန်ပျူတာ အရမ်းနှေးနေလား မိုးပျံမတတ် မြန်အောင်လုပ်နည်းလေး ပေးမယ်ဗျာ

ဟုတ်ပါတယ် ကွန်ပျူတာကိုအမြန်ဆုံးဖြစ်အောင် လုပ်နည်းလေးကို ကျုပ်ပြောပြချင်ပေမယ့် မပြောပြခဲ့မိဘူး
ကွန်ပျူတာ မြန်အောင် လုပ်ဖို့ရာအတွက် အချက်(12)ချက် ရှိပါတယ်..။ သင့်ကွန်ပျူတာဟာ အရမ်းနှေးနေ တယ် ဆိုရင်တော့ ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါ..။ အလွန်အင်မတန်မြန်တဲ့ကွန်ပျူတာလေး ဖြစ်လာ မှာပါ အဲဒီလိုမြန်ဖို့ဆိုရင် သင့်ကွန်ပျူတာကို အရင်ဆုံး မားသားဘုတ်ကို ပထမကြည့်ကြည့်ပါ.။



 (1) မားသားဘုတ်ဟာ 775 လို့ခေါ်တဲ့ G31 မားသားဘုတ်ဆိုရင် Core i 7 ကို Sport လုပ်တဲ့ GIGABYTE အမျိုးအစားကို ၀ယ်ပါ.။




(2) နံပါတ်နှစ်အနေနဲ့ကတော့ CPU ကိုကြည့်ပါ သင့်CPUဟာ P4 လား ဂျူရယ်ကိုး
လားပေါ့ အဲဒါတွေဆိုရင်တော့ အသစ်ထပ်ဝယ်ရပါလိမ့်မယ် Core i 7 အမျိုးအစားထဲမှ ဈေးအကြီးဆုံးကို
ဝယ်ယူပြီးတပ်ဆင်လိုက်ပါ.။ ဖြစ်နိုင်ရင် i 7 နှစ်လုံး တပ်လို့ရတဲ့ မားသားဘုတ်ရှိရင် အဲဒီဘုတ်ကို ၀ယ်ပါ.။
ဝယ်ပြီးတော့ i 7 နှစ်လုံး တပ်လိုက်ပါ..။

(3)  Ram ကိုကြည့်ပါ သင့် Ram ဟာ DDR 2 2GB ဆိုရင် အသစ်ထပ်ဝယ်လိုက်ပါ.. DDR 4 4GB ကို နှစ်
ချောင်းဝယ်ပြီး တပ်ဆင်လိုက်ပါ.။ လေးချောင်းတပ်လို့ ရတာရှိရင် လေးချောင်းဝယ်တပ်ပါ..။

(4) သင့်ကွန်ပျူတာဟာ မူရင်းပါလာတဲ့ Video ကဒ်ကို မသုံးပါနဲ့ Graphics ကဒ်ကို နောက်ဆုံးထွက် အမြင့်
ဆုံး ကဒ်ကို ၀ယ်စိုက်ပါ.။ မရလှ အဆုံး 2 GB လောက်တော့ စိုက်ပါ.။

(5) ဟဒ်ဒစ် လို့ခေါ်တဲ့ HDD ကိုကြည့်ပါ 250 လောက်ဖြစ်နေရင် 1TB လောက်ကို အနိမ့်ဆုံးထားပြီးတော့
ထည့်ပါ..။

(6) Power Supply ကြည့်ပါ 550 ၀ပ်လောက်လေးဆိုရင် ထပ်ပြီးတော့ ၀ယ်ပါ အနိမ့်ဆုံး 1000 ၀ပ်ကိုဝယ်
ပါ..။ 1500 ၀ပ် ရှိရင် 1500 ၀ပ်ကို တပ်ပါ..။

(7) မော်နီတာကို တစ်ချက်ကြည့်ပါ သင့်မော်နီတာဟာ 18 / 19 လက်မလောက်ဆိုရင် ထပ်ဝယ်ရပါလိမ့်
မယ် ဒီကောင်လောက်လေးနဲ့ သုံးမကောင်းပါဘူး..။ အနိမ့်ဆုံး 22 လက်မလောက်တော့ ၀ယ်ပါ ။ 25လက်မ အမျိုးအစားရှိရင် 25 လက်မကို ၀ယ်ပြီးတပ်လိုက်ပါ..။ နောက်ဆုံးထွက်နေတဲ့ အထဲက LED
အမျိုးအစားကို ၀ယ်ယူပါနော်...။

(8) UPS ကို ပြန်ကြည့်ပါ သင့် UPS 550 ၀ပ်အားလောက်ဘဲဆိုရင်တော့ ထပ်မြင့်ရပါမယ်..။ အနိမ့်ဆုံး
ဝပ် 1000 လောက်အိုးနှစ်လုံးနဲ့ UPS ကို ၀ယ်တပ်ပါ..။

(9) ကေဇင်လို့ ခေါ်တဲ့ ပုံးအခွန်ကို တစ်ချက်ကြည့်ပါ..။ နိမ့်နေရင် အသစ်ထပ်ဝယ်ပါ..။ အတွင်းမှာ စက်ကို
အေးစေတဲ့ ဖန်လို့ခေါ်တဲ့ ပန်ကာလေးတွေ ပါတဲ့ကောင်ပေါ့ MainBoard လို့ခေါ်တဲ့ မားသားဘုတ်နဲ့လည်း
အဆင်ပြေမယ့် တောင့်တင်းခိုင်မာတဲ့ ပုန်းအခွန်ကို ၀ယ်ပြီးတပ်ဆင်လိုက်ပါ..။

(10)  ကတော့ ကွန်ပျူတာ တစ်လုံးမှာ အဓိကလိုအပ်နေတာ ဘာရှိသေးလဲ ဘောက်တစ်လုံးတော့ ၀ယ်ရ
ပါဦးမယ် မ၀ယ်ရင် ဘာမှ အသံကြားရမှာ မဟုတ်ဘူး ။ အဲဒီတော့ မိုက်ခရိုလက် အမျိုးအစားထဲမှ 50000
တန်ရဲ့ အထက်အမျိုးအစားကို ၀ယ်ယူတပ်ဆင်လိုက်ပါ.။ သီးချင်းကြိုက်သူတွေ အတွက် အဆင်ပြေပါလိမ့်
မယ်...။

(11) ကီးဘုတ်ကို ကြည့်ပါ PS 2 ကီးဘုတ်အမျိုးအစားထဲမှ ကောင်းတာကို ရွေးဝယ်ပါ.။ အင်တာနက်ဆိုင်
က ကီးဘုတ်မျိုး လုံးဝလုံးဝ မ၀ယ်ပါနှင့် မိမိအကြိုက်ဆုံးဆိုတဲ့ ကီးဘုတ်အကောင်းစားလေးတော့ ၀ယ်တပ်
လိုက်ပါ..။ USB ထိုးလို့ ရတဲ့ ကီးဘုတ်အမျိုးအစားကို ၀ယ်တပ်လိုက်ပါ.။

(12) မောက်စ်လို့ ခေါ်တဲ့ ကောင်လေးကိုလည်း ကွန်ပျူတာစက်ကြီးကတော့ ကောင်းနေပါပြီ နှစ်ထောင်
သုံးထောင်လောက်တန်ကို မ၀ယ်ပါနှင့် အနိမ့်ဆုံး 1 သောင်းကျော်တန်ကို ၀ယ်ပါ..။ USB ထိုးလို့ ရတဲ့
မောက်အမျိုးအစားကို ၀ယ်ပါနော်..။.

မှတ်ချက် ။ ။ ကွန်ပျူတာ တွဲကြိုးများကတော့ ကွန်ပျူတာ ၀ယ်တိုင်း အပိုပေးသည်..

ကဲ ဒါဆိုရင် သင့်ကွန်ပျူတာဟာ အမြန်ဆုံး ဖြစ်လာမှာကတော့ မလွဲဧကန် အမှန်ပါဘဲဗျာ..။ ကျုပ်အနေနဲ့
ပြောချင်တာက နဂိုရှိမှ နဂိုင်းထွက်ဆိုသလိုပေါ့ဗျာ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေက မကောင်းရင် ဘယ်လောက်ပင် မြန်အောင် လုပ်ခိုင်း လုပ်ခိုင်း မမြန်ပါဘူးဆိုတာပါဘဲ..။  ကိုယ့်ကွန်ပျူတာ  မြန်ချင်တယ်ဆိုရင်တော့ ကျုပ်ပြောတဲ့အတိုင်းသာ လုပ်ကြည့်ပါ..။ သင့်ကွန်ပျူတာဟာ အမြန်ဆုံး ဖြစ်လာမှာကတော့ ကျုပ်တောင် ပြောစရာ မလိုလောက်ပါဘူးနော်..အားလုံးဘဲ ကွန်ပျူတာ အမြန်ဆုံးနဲ့ ကော်နက်ရှင် အကောင်းဆုံး အင်တာနက်ကို သုံးနိုင်ကြပါစေလို့...
ဆုတောင်းရင်း...

မိုးကောင်းကင် ဖောင်းပြင် 13.5.2013 အမှတ်တရ...

Sunday, April 28, 2013

အင်တာနက်မြန်နှုန်းမြင့်ခြင်း ဘက်ထရီ ကြာရှည်ခံခြင်းစတာတွေ ပြုလုပ်ပေးမယ့် All in One Booster ဆိုဘဲ

ဖုန်းလိုင်းဆွဲအားကို မြှင့်တင်နိုင်ခြင်း.. Internetလိုင်းအားကို မြှင့်တင်ပေးနိုင်ခြင်း. ဘက်ထရီသက်တမ်းကို ပိုကြာကြာခံအောင်လုပ်ပေးခြင်း စတာတွေကို  ပိုသွက်အောင်လုပ်ပေးမယ့် All In One Booster ဆိုဘဲကွယ် Android 2.1 နှင့်အထက်တွေမှာသုံးစွဲနိုင်ပါတယ်...ဒါကြောင့် ဒီကောင်လေးကလည်း လိုရမယ်ရပေါ့ကွယ်
မရှိသေးရင်တော့ သုံးစမ်းကြပေါ့ဗျာ.2MB ကျော်ကျော်လေးဘဲ ရှိတာပါ.။ကြိုက်ရင် ဒေါင်းပြီးသုံးစမ်းကြဟေး ကိုယ်လည်း မစမ်းရသေးဘူး.. မြည်းကြည့်ရတာပေါ့....
۩۩۩۩   DOWNLOAD BOX.COM  ۩۩۩۩

۩۩۩۩  DOWNLOAD MDF  ۩۩۩۩

Monday, January 28, 2013

uTorrent SpeedUp PRO 2.7.0.0

Internet Speed မြင့်တဲ့ဆော့ဝဲလေးနဲ့တူပါတယ်။ ဘားတန်းမှာ facebook Skype Radio တွေရော ပေါ်
လာတယ်ဗျာ အတော်လေးတော့ စုံတယ် ရထားတာလေးတော့ တစ်ပတ်လောက်ရှိပြီ။ မသုံးစမ်းရသေးတာ
ဒီနေ့တော့ စမ်းတင်ကြည့်တာ မဆိုးဘူးလို့ဘဲ ပြောရမှာပေါ့။ Network Interface မှာ မိမိသုံးနေတဲ့ Internet အမျိုးအစားကို ရွေးးပေးပါ အဒါပြီးရင်တော့ ACCELERATE! လေးကို နှိပ်ပေးလိုက်ပါ အသုံးပြုတဲ့
အချိန်တွေပါ မှတ်သားပေးထားတယ် ကောင့်မယ့်ပုံဘဲနော် ak-softwares.blogspot.com ကရလာတာ
လေးပါ ကဲမသုံးဖူးသေးတဲ့ဆော့ဝဲလေး စမ်းသပ်သုံးကြည့်လိုရင်တော့ ယူသွားကြပေါ့ဗျာ။ ကိုယ်လည်း ချစ်လူမိုက် လုပ်နေတာ ဟိုတစ်နေ့ကတော့ ဆော့ဝဲတွေထည့်စမ်းရင်းနဲ့ Shutdow တောင်ချမရဖြစ်သွား
တယ်။ ဆော့ဝဲတွေ လိုက်ဖြုတ်ကြည့်တော့လည်း အဆင်မပြေတာနဲ့ Restore ပြန်လုပ်လိုက်မှ အဆင်ပြေ
သွားတယ် တော်သေးတာပေါ့ Restore Point တွေ မဖျက်ထားမိလို့ ဖျက်ထားရင်တော့ တင်ပြန်ဦးတော့
Window ပေါ့။ ကျုပ်တော့စိတ်ရှုတ်မခံဘူး စက်လေးလာရင် အဆင်မပြေရင်တော့ Window အသစ်တင်
လိုက်တာဘဲဗျာ။ ဆော့ဝဲတွေလည်း ဒီလိုဘဲ ကတ်ဖဲ့ဖဲ့လုပ်နေရင် ဖြုတ်တတ်လုပ်တာဘဲ။ ငါ့ဘော်ဒါတွေ
တောင် သိလို့နေပြီ။ ငါနည်းကိုပြောပါတယ်။ ကဲလိုအပ်ရင် သုံးစမ်းလိုရင်တော့ ဒေါင်းသွားကြပေတော့။
۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩
other Link
www.boostyourdownload.com/

Tuesday, January 8, 2013

Throttle+6.12.3.2012+With+Crack အင်တာနက်စပိမြင့်

အတော်လေးတော့ သွက်လာတယ်မှတ်တာဘဲဗျာ ဒီကောင်လေးက အင်တာနက်စပိမြင့်တာလေးပါ။ မဆိုးဘူးလို့ပြောရမလိုဘဲ ကျုပ်စမ်းကြည့်တာ အတော်လေးကောင်းတယ်နော် စမ်းသုံးကြည့်ပါလား။ ဒီကောင်လေးကို ထည့်ပြီးရင်တော့ စိတ်ကြိုက်အမြင့်ဆုံးကို တင်လိုက်ပါ။ ပြီးရင်တော့ GO နှိပ်လိုက်။ Restart ချခိုင်းလိမ့်မယ် ချပေါ့ဗျာ။ ပြန်တက်လာရင်တော့ ပုံမှန်ထက်တော့ နဲနဲလိုင်းအားကောင်းလာမယ်။ တစ်ကယ်ပါ စမ်သုံးကြည့်ပါ။ လိမ်လို့တော့မပြောချင်ဘူးဗျာ ဗမာပြည်လိုင်းက မိတ်ဆွေတို့လည်း အသိသားဘဲ ဘယ်မှာ ဒုံးပျံလိုမြန်နိုင်မှာလဲ..နဲနဲလေးမှ မြန်မြန်ဆိုတာလောက်တာ လုပ်နိုင်တာပါ။ ကျုပ်သူများစိတ်ဝင်စားအောင် မရေးတတ်ဘူး။ အရှိတိုင်းလေးဘဲ ရေးတာကောင်းပါတယ်။ ကြွားရင် လူတွေမယုံကြတော့ဘူး ဟုတ်ပါဘူးကွာ တစ်ကယ် ဒုံးပျံလိုမြန်တယ်ဆိုလို့ စမ်း လိုက်တာ နှေးတာမှ ရေစည် လှည်းတောင် အရှုံးပေးရတယ်ဆိုပြန်ရင်လည်း မဟုတ်သေးဘူးလေ။ ဒါကြောင့် နဲနဲတော့ သိသာပါတယ်။ ကဲကဲ အတင်းတုတ်သလိုဖြစ်သွားရင် ခွင့်လွတ်ပါ။ အားလုံး သုံးစမ်းနိုင်ပါစေ...။
Crack ဖိုင်လေးပါပါတယ် အဲဒါလေးကို နှစ်ချက်ကလစ်ပြီးတော့ စပိကို အဆုံးထိတာ တင်ပစ်လိုက် ဒါပြီးရင်း Go ကိုနှိပ်လိုက်ပါ။ နောက်ပြီး Restart ချခိုင်းပါ့မယ် ချလိုက်ပါ ပြန်တက်လာရင်တော့ ပုံမှန်ထက် သွက်နေပါလိမ့်မယ်။

Thursday, December 13, 2012

Net Speeder v45 Build 850 အင်တာနက် မြန်နှုန်းမြင့်ဆော့ဝဲ


အင်တာနက်မြန်နှုန်းမြင့်တဲ့ ဆော့ဝဲလေးပါ။ ကီးလေးတွေလည်းပါပါတယ်။ လေးနေရင် နှေးနေရင် စမ်သုံးကြ
ပေါ့။ ကိုယ်သဘောမကျရင် ပြန်ဖြုတ်ပေါ့ဗျာ။ မြန်မာပြည်အင်တာနက်လိုင်းက မကောင်းပေမယ့် ဈေးကသူ
များထက် သာအောင်ယူချင်သေးတယ်။ အခုနောက်လဆိုရင် လာပါပြီး ကုန်ပေါက်တွေ။ ပြည်သူတွေကို အတော်ချစ်ပုံရတယ်၊ ဆင်းရဲသားပပျောက်ရေးတွေ ဘာတွေတော့ပြောတာဘဲ လေဘဲလို့ထင်ပါတယ်။ ဘယ်နိုင်ငံမှာမှ ဆင်းရဲသားမပျောက်နိုင်ဘူး ချမ်းသာတဲ့သူတွေချည်းဆို ဘယ်သူတွေက အလုပ်လုပ်ပေး
တော့မှာလည်း ရုပ်ချောသူရှိသလို ရုပ်မလှတဲ့သူလည်းရှိတာဘဲ။ အချောတွေချည်း မွေးလို့မှမရတာ။ မချော
တဲ့သူကို ကလေးမမွေးရဘူးလို့လည်း အမိန့်ထုတ်လို့မရဘူးလေ။ ကဲဗျာ ဘာပဲဆိုဆို သုံးလို့ရနေတာလေးကို
ဘဲ ကျေးဇူးတင်ရတော့မှာပေါ့။ တိုင်းပြည်ကို တစ်ကယ်ချစ်တဲ့သူ တိုင်းပြည်အတွက် တစ်ကယ်အလုပ်လုပ်တဲ့
သူ များများပေါ်ပေါက်ပါစေ ။ အာဏာရပါစေလို့ဘဲ ဆုတောင်းရတော့မှာပေါ့။ ကဲဗျာ နဲနဲလေရှည်သွားတယ်။
စမ်းသုံးလိုရင် ဒေါင်းလော့ချလိုက်ပါ။ ရှိပြီးသား သုံးဖူးတဲ့သူတွေတော့များမှာပါ။

۩۩۩۩  DOWNLOAD INTERNET SPEED  ۩۩۩۩
۩۩۩۩  DOWNLOAD SOLIDFILES.COM۩۩۩۩

Wednesday, December 12, 2012

PC for Internet Speed Hack 6.1 အင်တာနက် မြန်နှုန်းမြင့်

 ကဲ ဒါလေးရအောင် အတော်ရှာထားရတယ် Internet Speed Hack 10.0 က မရတတ်တော့ဘူးဗျာ ဒါလေး
တောင် တစ်ဆိုက်မှာ ရခဲ့တာ အတော်များများက ဖျက်ခံထားရတယ် ဒါကြောင့် ကျုပ်တင်ထားတာလေး
တွေလည်း အဖျက်မခံရခင် ဒေါင်းလော့ချထားတာ အကောင်းဆုံးပါဘဲ။ အင်တာနက်မြန်နှုန်းမြင့်တာလေး
တွေပါ။ Youtube မှာတင်ထားတဲ့ ဗွီဒီယိုတွေပါ အဖျက်ခံထားရတာပါ။ ကျုပ်တော့ အဲဒီဗွီဒီယိုလေးရထားတယ်
သူပြထားတဲ့ ၀က်ဆိုက်မှာ ၀င်ရှာတော့ ဗွီဒီယိုရော ဆော့ဝဲပါမရှိတော့ဘူး ဒါကြောင့် ရတာလေးဘဲ တင်ပေး
လိုက်တယ်။ ကောင်းမကောင်းကတော့ သုံးကြည့်ကြပေါ့ဗျာ။ လူတိုင်း အကြိုက်တူတာမှ မဟုတ်တာ ကိုယ်
သဘောကျတာ ကိုယ်ကြိုက်တာ ကောင်းတာဘဲမဟုတ်လား။ သုံးစမ်းလိုရင် အောက်မှာဒေါင်းလိုက်ပါ ။
မိတ်ဆွေ။ .NET Framework 4.0 ရဲ့အထက် လိုတယ်နော် အဲဒါအတွက်ကတော့ မပူနဲ့ အောက်မှာဒေါင်း