This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label အိုင်တီနည်းပညာ သတင်းများ. Show all posts
Showing posts with label အိုင်တီနည်းပညာ သတင်းများ. Show all posts

Monday, August 18, 2014

honor နှင့်ဓါတ်ပုံရိုက်ရင်း အသံမက်ဆေ့ထည့်မယ်၊ နောက်ပေါ်ဖုန်းများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ရင်း အသံသွင်းထားမယ် (18.8.2014)

 



ကဲ ဒီပညာလေး တင်ပေးမယ် တင်ပေးမယ်နဲ့ မတင်ပေးဖြစ်ဘူး။ ကျုပ်သုံးနေတဲ့ honor 3c မှာတော့ ပါပြီးသားပါ
မကလိလို့ မသိတာပါ။ ဒီကောင်လေးက ဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတော့ ဘုရားဖူးသွားတဲ့နေရာတွေ
ကိုယ်မရောက်ဖူးတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်တဲ့အခါ ဒီနေရာလေးမှာ ဘာလုပ်ခဲ့တယ် စသဖြင့် အသံမက်ဆေ့
လေးထည့်လိုက်လို့ရပါတယ်။ G6 မှာလည်း ဒီစနစ်ပါပါတယ် များသောအားဖြင့် နောက်ပေါ်ဖုန်းတွေမှာ ပါမယ်
ထင်ပါတယ်နော်..။ အသုံးမပြုကြလို့သာ မသိတာပါ..။ ကဲ စမယ်ဗျာ..ပထမဆုံး ကင်မရာကိုဖွင့်ပါ။ ဖွင့်ပြီးရင်တော့
ကင်မရာပုံလေးကို ထပ်နှိပ်ပါ Audio Note ဆိုတာလေးကို ရွေးပေးပါ။ ကဲဒါဆိုရင်တော့ ကိုယ်ရိုက်ချင်တာ စရိုက်
လို့ ရပါပြီ။ ဓါတ်ပုံရိုက်ပြီးရင်တော့ အသံကို 10 စက္ကန့်လောက် ထည့်သွင်းလို့ရပါတယ်။ ဘာမှတော့မခက်ပါဘူး
သို့သော်လည်း ပညာဆိုတာမျိုးက ရှာမှတွေ့တာကိုးဗျ။ ကျုပ်ဖြင့် ဒီပညာလေးကို နည်းပညာဆိုက်တွေမှာတော့
မတွေ့မိသေးဘူးဗျ။ တော်တော်များများကတော့ သိမယ်ထင်ပါတယ်။ မသိသေးဘူးလို့လည်း ထင်ပါတယ်.။ မေး
ကြမြန်းကြတာ မတွေ့တာကြောင့်ပါ။ သိမယ်ထင်တာက ပညာက အရမ်းရိုးရှင်းနေလို့ပါ။ ကင်မရာကတော့
မူရင်း ပါတဲ့ ရိုးရိုးကင်မရာပါဘဲနော်....။

ကဲ ဒီလောက်ဆိုရင်တော့ သိလောက်မယ်ထင်ပါတယ်..။ ဘာမှမခက်ဘူးဗျ..။ ကင်မရာဖွင့်>ကင်မရာပုံလေးနှိပ်>
 Audio Note ဆိုတာလေးရွေးလိုက်ရင်ရပြီ..။ ဓါတ်ပုံကတော့ ကြိုက်တာရိုက်ပေါ့ဗျာ..။ 8MP နဲ့ရိုက်ရင်တော့ 3MB
လောက်ထွက်တယ်ဆိုတော့ ကြည့်ရိုက်ပေါ့ကွယ်..။

G6 မှာလည်း ထိုနည်း၎င်းဘဲ လုပ်လိုက်ပါ။ honor နဲ့ တော့ လုပ်ပုံနဲနဲလေးကွဲပါတယ်။ ဒါပေမယ့် အတူတူပါဘဲ
သူ့မှာက Audio Note လို့ ရေးမထားဘူး နာမည်တောင် မေ့နေတယ်ဗျာ ကိုယ့်ဆီမှာ မရှိတော့ ငှါးရမှာမို့ နာမည်
တော့ မထည့်နိုင်တော့ဘူး ။ ဒါတော့ခွင့်လွတ်ပါဗျာ နောက်ပေါ်ဖုန်းတိုင်း ရိုက်လို့​ ရပါတယ်...။ ဓါတ်ပုံရိုက်ပြီးရင်
အသံသွင်းဘို့ အသံဖမ်းဖို့ ပုံလေးတက်လာတယ် ကျုပ်တို့ ဝေါ်ကီတော်ကီလိုပေါ့ဗျာ..အဲဒီအချိန်မှာ ကိုယ်ပြောချင်
တာလေးတွေ ပြောရုံဘဲ။ ဒီကောင်က facebook ပေါ်တော့ တင်လို့ မရဘူးဗျာ တင်လိုက်ရင် ဓါတ်ပုံဘဲ တင်တာ
အဲဒီအသံတွေက ပါမလာတာ အဲဒါတစ်ခုပါ.။ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်လေ့ရှိသူတွေအတွက်ကတော့ကိုမိုးရဲ့
မတောက်တစ်ခေါက် သိထားတဲ့ ပညာက အသုံးဝင်လိမ့်မယ်ထင်ပါတယ်။ သူများထုတ်ထားတာကို သိအောင်
လုပ်နေရတဲ့ ဘ၀သမားရယ်ပါ....။

ကိုမိုးက ဆေးလိပ်သောက်တတ်တာကိုးဗျ ဒီတော့ ဆေးလိပ်ရိုက်ပြထားတာပေါ့။ ငွေနဂါးကြော်ငြာတာမဟုတ်ပါ
မရှိသုံး သောက်နေရတာ မကြိုက်ဘူး လူတွေ စီးပွါးရေး သိပ်ဆန်တယ်....။ ဒါပါဘဲ..အဆင်ပြေပါစေ....

Monday, August 11, 2014

ဖုန်းခေါ်ဆိုခ တစ်မိနစ် (၂၅) ကျပ်နှုန်းသာ ကောက်ခံမည် (Messenger)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnsKJFfqYU7SrnEpy6fM0StenRUVbNS8B4_FvT43DiIi3r3OABLXlbAbH002XdjVMZibaUUvEbfb8UDAhkQvs0UxpZoUA3gBhPUUTI7VwuwviHLB7JW97NVJGtdm6dUQWCBGi1K4ERPXk/s1600/telenor.jpg
Telenor မှ မည်သည့် ဖုန်းကိုမဆို ခေါ်ဆိုခ တစ်မိနစ်လျှင် (၂၅) ကျပ်နှုန်းဖြင့်သာ ကောက်ခံ သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။ လက်ရှိ မြန်မာ့ ဆက်သွယ်ရေးမှ ဖုန်းခေါ်ဆိုခ တစ်မိနစ် (၅ဝ) ကျပ်နှုန်းနှင့် Ooredoo မှ တစ်မိနစ် (၃၅) နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။


“ပြည်သူတွေ အတွက် အဆင်ပြေစေ နိုင်အောင် ဘယ်ဖုန်းကို ခေါ်ခေါ် (၂၅) ကျပ်ပဲ ကောက်ခံမယ်။ Sim ကတ်နဲ့ ငွေဖြည့်ကတ်ဒ်တွေကို နောက်လလောက်မှ တရားဝင် ထုတ်ပြန်သွားမယ်” ဟု Telenor Myanmar မှ ပြန်ကြားရေး တာဝန်ခံ ကိုစိုးသူက ပြောသည်။


Telenor မှ ဆင်းမ်ကတ်ဒ် များအား စက်တင်ဘာလတွင် 2G ၊ 3G ဆင်းမ်ကတ်ဒ် တစ်ကတ်အား (၁၅ဝဝ) ကျပ်နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ပြီး၊ ယင်း Sim ကတ်ဒ်များမှ မိုဘိုင်းနှင့် ဆက်စပ် ဝန်ဆောင်မှုများ ဖြစ်သည့် Video Call ၊ Voice mail ၊ အင်တာနက် စသည် တို့ကိုလည်း ထည့်သွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။


“MPT အနေနဲ့ ကလည်း ဖုန်းခေါ်ဆိုခ ဈေးနှုန်းတွေ လျှော့ချဖို့ စီစဉ်နေပါပြီ။ ပြည်သူတွေ အားလုံး အဆင်ပြေစေမယ့် ဈေးနှုန်း ဖြစ်မှာပါ။ မကြာခင်တော့ အကောင်အထည် ဖော်သွားမှာပါ” ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာမှူး ဦးငွေသောင်းက ဆိုသည်။


Telenor မှ ရောင်းချမည့် Sim ကတ်ဒ်များမှာ 2G ကွန်ရက်ဖြစ်၍ မည်သည့် ဟန်းဆက်မဆို အသုံးပြုနိုင်မည် ဖြစ်ပြီး အဆိုပါ ဆင်းမ်ကတ်ဒ်များ စတင် ရောင်းချချိန်တွင် ဆင်းမ်ကတ်ဒ် သန်း (၃ဝ) ရောင်းချပေး သွားမည် ဖြစ်ကြောင်း Telenor Myanmar မှ သိရသည်။
 
 Messenger

Thursday, July 31, 2014

ယခုနှစ်အတွင်း သတ္တုကိုယ်ထည် ဖုန်းကိုသာ မိတ်ဆက်ပေးမည်ဟု Samsung ကတိပြု


ကုမ္ပဏီအနေဖြင့် လအနည်းငယ်အတွင်း screen အရွယ်အစား ကြီးမားသည့် သတ္တုဖြင့် ပြုလုပ်ထားသော ဖုန်းအမျိုးအစားသစ်ကိုသာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း Samsung Mobile မှ စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ ကင်မ်ဟွန်ဂျွန်းက ရင်းနှီးမြှုပ်နှံသူများနှင့် လေ့လာဆန်းစစ်သူများထံ ပြောကြားခဲ့သည်။ အဆိုပါ အရွယ်ကြီးမား သည့် screen ပါဝင်သော ထုတ်ကုန်သည် Samsung ၏ နာမည်ကျော် Galaxy Note နောက်ဆုံးပေါ် အမျိုးအစား ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် လွန်ခဲ့သည့် လအနည်းငယ်က ထွက်ပေါ်ခဲ့သည့် သတ္တုဖြင့် ပြုလုပ်ထားသော ၄.၈ လက်မ Galaxy Alpha ထုတ်ကုန်ကိုလည်း သြဂုတ်လတွင် မိတ်ဆက်ပေး ဖွယ်ရှိသည်။


Samsung သည် Galaxy S5 စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့သော်လည်း ကုမ္ပဏီ၏ အမြတ်ငွေမှာ ပြီးခဲ့သည့်နှစ်ထက် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ သို့သော်လည်း S5 သည် S4 ထက် ၁၀ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရကြောင်း၊ စုစုပေါင်း စမတ်ဖုန်း ရောင်းချမှုနှုန်းသာ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း Samsung ကုမ္ပဏီက ဆိုခဲ့သည်။

ထို့အပြင် Samsung သည် စွမ်းဆောင်ရည် အနိမ့်နှင့် အလယ်အလတ်ရှိသည့် ထုတ်ကုန်များကို ယခုနှစ်ကုန်ပိုင်းတွင် အဆင့်မြှင့်တင်ကာ မိတ်ဆက်ပေးမည်ဟု ကင်မ်ဟွန်ဂျွန်းက ရင်းနှီးမြှုပ်နှံသူများကို ပြောကြားခဲ့သည်။

Ref: TheVerge
Internet Journal

Monday, July 28, 2014

မိုဘိုင်း Developer များအတွက် အချက်အလက်များ ထောက်ပံ့ရန် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ ဖိတ်ခေါ် (7Daydaily)


လွှတ်တော်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က၎င်း၏၀က်ဘ်ဆိုက်တွင်ရှိသောအချက်အလက်များကို ပြည်တွင်းရှိဝက်ဘ်ဆိုက်
များနှင့် မိုဘိုင်းအက်ပ်များရေးသားသော Developer များရယူလိုပါက မျှဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ‘‘နယ်ပယ်အသီးသီးမှာပါ နည်းပညာကို အသုံးပြုပြီးတော့ ကြိုးစားနိုင်တယ်ဆိုတဲ့ အခွင့်အလမ်းတွေကို အာရုံစိုက်ချင်ပါ တယ်။ လွှတ်တော်မှာ ဆွေးနွေးတာတွေနဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နည်း ပညာဖွံ့ဖြိုးတိုးတက်မှုကိုရော နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကိုပါ အများကြီးအထောက်အကူပြုနိုင် မှာဖြစ်ပါတယ်’’ဟု ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။


ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့အနေဖြင့် လက်ရှိတွင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူမှုရေးနှင့် စီးပွားရေးကွာ ဟမှုများကို လျော့နည်းစေပြီး နိုင်ငံတကာအ ဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် သုတေသနှင့် လေ့လာမှုများ ပြုလုပ်နေ သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင်ပြုစု ထားသော အချက်အလက်များကို နည်းပညာဖြင့် အကျိုးရှိစွာ အသုံးချနိုင်ရန် မျှဝေခြင်းဖြစ်ကြောင်း သိရသည်။
‘‘ဥပမာပြည်နယ်နဲ့ တိုင်းတွေက လူဦးရေစာရင်းကို ၀က်ဘ် ဆိုက်နဲ့ မိုဘိုင်းအက်ပ်တွေမှာ ထည့်ရေးချင်တယ် ဆိုရင် သူတို့ရေးမယ့်မိုဘိုင်း App ထဲကပဲဖြစ်ဖြစ်၊ ၀က်ဘ်ဆိုက်ကပဲဖြစ်ဖြစ် လင့်လေးနဲ့ Key တောင်းလိုက်တဲ့ အခါမှာ အချက်အလက်တွေကို သူတို့ပရိုဂရမ်မှာ သုံးလို့ရမှာဖြစ်ပါတယ်’’ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ နည်းပညာအဖွဲ့တာဝန်ခံမပွင့်ဖြူကျော်က ပြောသည်။ Developer များအနေဖြင့် အချက်အလက် များရယူလိုပါက www.developer.omimyanmar .orgတွင် မှတ်ပုံတင်၍ ၎င်းတို့၏ မိုဘိုင်းအက်ပ် (သို့) ၀က်ဘ်ဆိုက်နှင့် သက် ဆိုင်သော အချက်အ လက်များကိုဖြည့်ကာ တောင်းယူနိုင်ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံကတော့ အင်တာနက်က လိုက်ရှာထားတာ...သူ့ဆိုက်ကိုတော့ မကြော်ငြာတော့ပါဘူးဗျာ...။
လိုင်းကမကောင်းတစ်ကောင်းဆိုတော့ သွားရတာနဲနဲအခက်အခဲဖြစ်နေလို့လေ...။ ဓါတ်ပုံမပါရင် ကြည့်ရတာ
တစ်မျိုးဖြစ်နေလို့ ကောင်းမယ့်ဓါတ်ပုံလေး ဆွဲထည့်ထားလိုက်တယ်..။

Thursday, July 24, 2014

သုံးစွဲသူများ မသိရှိသေးသည့် Google ၏ လုပ်ဆောင်ချက်များ (Internet Journal)


ပြီးခဲ့သည့်နှစ်က Google တွင် ရှာဖွေမှုပေါင်း ၂,၁၆၁,၅၃၀,၀၀၀,၀၀၀ ပြုလုပ်ခဲ့သော်လည်း သုံးစွဲသူများမှ အံ့အားသင့်ဖွယ်ကောင်းသည့် Google ၏ လုပ်ဆောင်ချက် အများစုကို သိရှိကြခြင်း မရှိသေးပေ။ ထို့ကြောင့် သုံးစွဲသူများအတွက် အကျိုးရှိစေမည့် Google ၏ လျှို့ဝှက်လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါသည်။

(၁) သုံးစွဲသူ၏ ညစာအတွက် Google က ကူညီ ဆုံးဖြတ်ပေးနိုင်သည်။





(၂) Google ကို timer တစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။



(၃) နေထွက်ချိန်နှင့် နေဝင်ချိန် အတိအကျကို Google က ဖော်ပြပေးနိုင်သည်။



(၄) “Zerg Rush” ဟုခေါ်သော hidden ဂိမ်းကို Google တွင် ကစားနိုင်သည်။



(၅) မြို့အမည်၏ နောက်တွင် “forecast” ကို ရိုက်ထည့်ခြင်းဖြင့် သက်ဆိုင်ရာ မြို့၏ ရာသီဥတု အခြေအနေကို သိရှိနိုင်သည်။



(၆) “site:” keyword ကို အသုံးပြုပြီး သက်ဆိုင်ရာ ဝက်ဘ်ဆိုက်၏ ရှာဖွေမှု ရလဒ်များကို သိရှိနိုင်သည်။ ဥပမာ အနေဖြင့် Google တွင် “site:myanmarinternetjournal.com MPT” ဟု ရိုက်ထည့်ပါက အင်တာနက်ဂျာနယ် ဝက်ဘ်ဆိုက်ပေါ်ရှိ MPT နှင့် သက်ဆိုင်သည့် သတင်းများကို ရှာဖွေနိုင်သည်။



(၇) နေ့လယ်စာ/ညစာ အတွက် ကုန်ကျစရိတ် တွက်ချက်ရာတွင် တစ်ဦးချင်းစီအလိုက်ကျသင့်မည့် ဘောက်ဆူးကိုလည်း တွက်ချက်နိုင်သည်။ ထို့အပြင် ရာခိုင်နှုန်းနှင့် စားသုံးသူ အရေအတွက်ကိုလည်း ချိန်ညှိနိုင်သည်။



(၈) လေကြောင်း ခရီးစဉ် အခြေအနေကို Google တွင် စစ်ဆေးနိုင်သည်။



(၉) Google တွင် “do a barrel roll” သို့မဟုတ် “tilt” ကို ရိုက်ထည့်ပြီး နောက်ပြောင်မှုများ ပြုလုပ်နိုင်သည်။





(၁၀) သုံးစွဲသူ နှစ်သက်သည့် show ကို ကြည့်ရှုနိုင်မည့် အချိန်အား Google က ဖော်ပြပေးနိုင်သည်။



(၁၁) ရုပ်ရှင် ဇာတ်ကားသစ် ဖြန့်ချိမည့် နေ့ကို Google တွင် သိရှိနိုင်သည်။





(၁၂) ကုမ္ပဏီများ၏ အချက်အလက်များကို Google က ဖော်ပြပေးနိုင်သည်။



(၁၃) နှစ်သက်ရာ တီးဝိုင်းအဖွဲ့များ၏ သီချင်းများကို Google တွင် ရှာဖွေနိုင်သည်။



(၁၄) Google images တွင် “Atari Breakout” ဟု ရိုက်ထည့်ကာ ၁၉၇၆ ခုနှစ်က Atari ကုမ္ပဏီက ဖန်တီးခဲ့သည့် Breakout ဂိမ်းကို ကစားနိုင်သည်။



(၁၅) Google တွင် အတိုင်းအတာ အကွာအဝေးကို ပြောင်းလဲတွက်ချက်နိုင်သည်။



(၁၆) သုံးစွဲသူ မသိရှိသည့် ဘာသာစကားများကိုလည်း Google က ဘာသာပြန်ပေးသည်။



(၁၇) သုံးစွဲသူ နှစ်သက်သည့် စာရေးဆရာ ရေးသားထားသော စာအုပ်များကို Google က ဖော်ပြပေးနိုင်သည်။



(၁၈) Facebook ပေါ်တွင် တွေ့မြင်ရသည့် ဓာတ်ပုံတစ်ပုံ၏ မူလရင်းမြစ်ကို သိရှိလိုသည့်အခါ Google တွင် ရှာဖွေနိုင်သည်။ ထို့အပြင် Google ၏ Reverse Image Search ကို အသုံးပြုပြီး ဓာတ်ပုံကို search tool သို့ drag-and-drop ပြုလုပ်ပြီး ဓာတ်ပုံ၏ မူလရင်းမြစ် တည်နေရာကို ရှာဖွေနိုင်သည်။



(၁၉) Google တွင် ရှာဖွေမှုများအတွက် keyboard ဖြင့် ရိုက်ထည့်ခြင်း ပြုလုပ်သည့်အခါ ငြီးငွေ့လာပါက microphone icon ကိုနှိပ်ပြီး နှုတ်ဖြင့် ပြောဆိုကာ ရှာဖွေမှု ပြုလုပ်နိုင်သည်။



http://www.myanmarinternetjournal.com/content/13959
မှာ ကူးယူဖော်ပြသည်

Friday, July 4, 2014

စက်ရုပ်များ တီထွင်မှုတွေကတော့ အမြဲတမ်း ဆန်းသစ်နေတယ်နော်

စက်ရုပ်တွေ တီထွင်ထားပုံကလည်း စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်.။ တစ်ကယ်ပါ..ကိုမိုးတော့ ဒီလို
မျိုး စိတ်ကူးတောင် မရှိပါဘူး သူတို့တစ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကလည်း အတော်ကောင်းသကိုး ဖြစ်အောင်
လုပ်နိုင်စွမ်းကလည်း ချီးကျူးစရာပေါ့...။ ဆက်လက် ရှုစားပါဦး..









ကဲ ဒီလောက်ဆိုရင် သူနဲ့ ပါတ်သက်တာတွေ ကျလာပါလိမ့်မယ် ကြည့်ရှုနိုင်ကြပါစေ....ကြည့်ပြီးသကာလ
ဗဟုသုတ များစွာ ရရှိကြပါစေ.....

Tuesday, June 24, 2014

မြန်မာ့ရှေ့ဆောင်ဘဏ်မှ Multicurrency VISA Card မိတ်ဆက်

မြန်မာ့ရှေ့ဆောင်ဘဏ်မှ VISA ကတ်ဖြင့် ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ၊ ယူရိုနှင့်စင်္ကာပူဒေါ်လာတို့ သုံးနိုင်
သော Multicrency VISA Travel Prepaid ၀န်ဆောင်မှုစနစ်ကို စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါဝန်ဆောင်မှုစနစ် မိတ်ဆက်ပွဲကို နိုဝင်ဘာလ 28 ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့
ခြင်းဖြစ်သည်။ အဆိုပါ VISA Card ကို ပြည်တွင်းတွင် အသုံးပြုနိင်မည်မဟုတ်ဘဲ ပြည်ပနိုင်ငံများသို့ ခရီးသွားချိန်
တွင် ငွေသားသယ်စရာမလိုရန် စီစဉ်ခြင်းဖြစ်ကြောင်း ပြည်ပနိုင်ငံများတွင်ရှိသော ATM နှင့် POS များတွင် အသုံး
ပြုနိုင်မည်ဖြစ်သည်။ အွန်လိုင်းငွေပေးချေမှုတွေ အတွက်တော့ ပြည်တွင်းမှာ သုံးလို့ရမှာပါဟုပြောသည်။ VISA Card ကို အနည်းဆုံး ဒေါ်လာ200 မှ အများဆုံး ဒေါ်လာ 5000 အထိ ထည့်သွင်းအသုံးပြုနိုင်မည်။ လိုအပ်သူ များအနေဖြင့်..မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲများတွင် လျှောက်လွှာပုံစံများ ရယူလျှောက်ထားနိုင်မည်ဖြစ် ပြီး နှစ်ပတ်အ တွင်း ကဒ်ရရှိရန် စီစဉ်ပေးသွားမည်ဟု မြင်တွေ့ ကြားသိရသည်..။ ThchSpace ဂျာနယ်မှ အေ၀မ်းရဲ့သတင်းကို
အတိုချုပ် ရေးလိုက်သည်...။



Sunday, January 5, 2014

ကျပ် 13,000 ဖြင့် တစ်လလုံး အချိန်အကန့်အသတ်မရှိ ခေါ်ဆိုနိုင်သော Skype Unlimited World

Skype Unlimited World ဆိုသည်မှာ မိမိ၏ Skype Account ထဲသို့ ပိုက်ဆံထည့်သည့် နေ့မှ တစ်လလုံး အချိန်အကန့်အသတ်မရှိ ပြောဆိုနိုင်ပါသည်။ အောက်တွင် ဖော်ပြထားသော နိုင်ငံများအားလုံးသို့ ခေါ်ဆိုနိုင်ပါသည်။
Skype ဖြင့် မိုဘိုင်း နှင့် ကြိုးဖုန်း Unlimited ခေါ်ဆိုနိုင်သော နိုင်ငံများ
Canada   China        Guam     Hong Kong SAR         Puerto Rico     Singapore  Thailand         United States

Skype ဖြင့် ကြိုးဖုန်း Unlimited ခေါ်ဆိုနိုင်သော နိုင်ငံများ



-------------------------------------------------------------
Andorra
Argentina
Australia
Austria
Belgium
Brazil
Brunei
Bulgaria
Chile
Colombia
Costa Rica
Croatia
Czech Republic
Denmark
Estonia
Finland
France
Germany
Greece
Guadeloupe
Hungary
Iceland
Indonesia (Jakarta)
Ireland, Republic of
Israel
Italy
Japan
Korea
Latvia
Lithuania
Luxembourg
Malaysia
Malta
Mexico
Mexico (Guadalajara, Mexico City, Monterrey)
Morocco
Netherlands
New Zealand
Norway
Panama
Paraguay
Peru
Poland
Portugal
Romania
Russia
Russia (Moscow, St Petersburg)
Slovakia
Slovenia
South Africa
Spain
Sweden
Switzerland
Taiwan
Turkey
United Kingdom
Venezuela


ဆက်သွယ်ရန်လိပ်စာ
-----------------------
APS Technology

အမှတ် ( ၄၀ - ဘီ ) ၊ တတိယထပ် ၊ ရန်ကုန် - အင်းစိန်လမ်းမကြီး ၊

( စံရိပ်ငြိမ် (၁)လမ်း နှင့် (၂)လမ်းကြား)

( IT Food Center & 119 Fashion Complex အရှေ့၊ ချမ်းသာသုခ ဆေးဆိုင်အပေါ် ၊ လှည်းတန်းမှတ်တိုင်အနီး၊ )

လှည်းတန်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့ ။

PHONE : 09 - 5091820

E-Mail : aps.itsolution@gmail.com

Facebook : www.facebook.com/apst.mm

---------------------------------------------------------------------------
မှတ်ချက်။ ။ APS Technology မှ လူကြီးမင်း၏ Skype အကောင့်များထဲသို့ တဆင့် ငွေဖြည့်တင်းပေးသော ၀န်ဆောင်မှု သာ ဖြစ်ပါသည်။

Privacy Policy နှင့်ပတ်သက်၍ သတ်မှတ်ချက်များသည် Skype မှ သတ်မှတ်ထားသော သတ်မှတ်ချက်အတိုင်း ဖြစ်ပါသည်။

Skype မှ သတ်မှတ်ထားသော Policy များကို အောက်ပါ website များတွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

(1) ***** Fair Usage Policy *****
http://www.skype.com/en/legal/fair-usage/

(2) Privacy Policy
http://www.skype.com/en/legal/privacy/

(3) Terms & Conditions
http://www.skype.com/en/legal/


Ref : APS Myanmar Technology
ဝင်းကမ္ဘာကျော်မှ ထပ်ဆင့် ယူပြီး ဖော်ပြထား....

Sunday, December 8, 2013

၁၅၀၀ တန်ဖုန်းကဒ်ဖြင့်အာဆီယံ (၁၀) နိုင်ငံကိုပြည်တွင်း ဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီ

၁၅၀၀ တန်ဖုန်းကဒ်ဖြင့် အာဆီယံ (၁၀) နိုင်ငံကို ပြည်တွင်းဖုန်းခေါ်ဆိုခအတိုင်း ခေါ်ဆိုနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ခေါ်ဆိုရာတွင်ရိုက်နှိပ်ရမည့် format ပုံစံကိုတော့ သိရှိရန်လိုအပ်ကြောင်းသိရှိရပါတယ်။ သက်ဆိုင်ရာနိုင်ငံ Code ရှေ့မှာ 0100 ကို အရင်ရိုက်ပြီးမှခေါ်ဆိုရမှာဖြစ်ကြောင်းနဲ့ ယင်း Code များမှာ...
Singapore –010065,
Malaysia — 010060,
Thailand — 010066,
Brunei — 0100673,
Indonesia — 010062,
Laos –0100856,
Vietnam — 010084,
Cambodia — 0100855,
Philippines — 010063,
တို့ဖြစ်ပါတယ်။ ယင်း 0100 Code နဲ့နိုင်ငံ Code ရိုက်ပြီးလျှင် ခေါ်ဆိုလိုသည့်ဖုန်းနံပါတ်ကို ရိုက်ထည့်ပြီး ဖုန်းပြောနိုင်ပါပြီ။ ဒီလို ပြည်တွင်းဖုန်းခေါ်ဆိုခနဲ့ မြန်မာများအနေများတဲ့ အာဆီယံနိုင်ငံများသို့ ဖုန်းခေါ်ဆိုနိုင်မှာဖြစ်တဲ့အတွက် ကွန်နက်ရှင်မကောင်းပေမယ့် အင်တာနက် ကနေ အခကြေးငွေအနည်းငယ်ဖြင့် ခေါ်ဆိုနိုင်သည့်နည်းလမ်းထက်တော့ ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

http://www.winkabarkyaw.net/ မှ ကူးယူဖော်ပြသည်...။

Tuesday, November 12, 2013

တယ်လီနောဝန်ဆောင်မှု အသုံးပြုသူများအတွက် Wikipedia ဝန်ဆောင်မှုကိုပါ အသုံးပြုနိုင်ရန်ဆောင်ရွက်

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများအားလုပ်ကိုင်ခွင့်ရရှိ ရန် အော်ပရေတာအောင်မြင် ထားသော Telenor Group အနေဖြင့် Wikipedia ဝန်ဆောင်မှုအသုံးပြုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။ အာရှနှင့် ဥရောပရှိ တယ်လီနော ဝန်ဆောင်မှုအသုံးပြုသူများအတွက် Wikipedia Zero ဝန်ဆောင်မှုပေးရန် သဘောတူညီမှုထားရှိသည့်အတိုင်း မြန်မာနိုင်ငံအားလည်း ထိုဝန်ဆောင် မှုပေး မည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ကြောင်း၊ မြန်မာနိုင်ငံမှ တယ်လီနော၏ ဝန်ဆောင်မှုအသုံးပြုသူ များ အနေဖြင့် မိုဘိုင်းဖုန်းမှ အင်တာနက်အသုံးပြုခ ပေးဆောင်ရန်မလိုဘဲ Wikipedia မှ ဗဟုသုတများကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ “အင်တာနက်အသုံးပြုခမကုန်ဘဲ Wikipedia အသုံးပြုနိုင်တာဟာ မိုဘိုင်းဖုန်းသုံးတဲ့သူတွေကို တချို့ဆို ပထမဦးဆုံးအနေနဲ့ အင်တာနက်ကို အသုံးပြုဖို့ မိတ်ဆက်ပေးတဲ့ နေရာမှာလည်း အထောက်အကူရပါတယ်” ဟု Telenor Group ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ် သူ Mr. John Fredrik Baksaas မှ ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။



မိုဘိုင်းဖုန်းများအတွက် သီးသန့် Wikipedia ကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် မွန်တီနီဂရိုနိုင်ငံတို့တွင် စတင်လွှင့်တင်ခဲ့ကြောင်း၊ ၎င်းအပြင် ၂၀၁၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဆားဗီးယားနိုင်ငံတို့တွင် Wikipedia Zero ကို စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ တယ်လီနောနှင့် Wikimedia Foundation ကြားမှ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် စတင်ခဲ့ပြီး တယ်လီနောအသုံးပြုသူများအား အင်တာနက်ခမယူဘဲ Wikipedia သုံးစွဲနိုင်ရန် အတူတကွရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 Telenor Group အနေဖြင့်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိ မည့် အော်ပရေတာတစ်ခု အဖြစ် ရွေးချယ်ခံထားရကာ လက်ရှိတွင် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများနှင့် လိုင်စင်သဘောတူညီမှုအ တွက် နောက်ဆုံးအဆင့် သဘောတူညီမှုဆိုင်ရာ အချက်အလက်များကို ဆွေးနွေးလျက်ရှိကြောင်း၊ လိုင်စင်သဘောတူညီမှု လက်မှတ်ရေးထိုးပပြီး နောက်ရှစ်လအကြာတွင် မြန်မာနိုင်ငံ၌ဝန်ဆောင်မှုများ စတင်ပေးနိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။ Wikipedia Zero ဖြင့် ကမ္ဘာ့ဗဟုသတများကို မြန်မာနိုင် ငံ တွင် ရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထွန်းထွန်း
http://www.myanmarinternetjournal.com/content/9283

Friday, November 1, 2013

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို လပေးအခ ကြေးငွေဖြင့် နိုဝင်ဘာမှ စတင်ကာ ၀န်ဆောင်မှုပေးမည်

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကြိုတင်ငွေဖြည့် စနစ်သုံး GSM, WCDMA မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုများကို နိုဝင်ဘာ ၁ ရက်မှ စတင်ကာ လပေးအခကြေးငွေဖြင့် ၀န်ဆောင်မှု ပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ၀န်ဆောင် မှု ပေးသွားမည့် ထပ်တိုး ၀န်ဆောင်မှုများတွင် ဖုန်းပြောဆိုမှုအား နှစ်ဦး ပြောဆိုမှုထက် ထပ်မံဝင်ရောက် လာသော ဖုန်းခေါ်ဆိုလာသူကိုပါ လက်ခံပြောဆိုနိုင်မည့် CW(Call Wait Service)၊ မိမိ၏ဖုန်းအား အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ဖုန်းပိတ်ထားချိန်တွင် ဖုန်းသို့ ၀င်ရောက်ခဲ့သည့် Missed Call များကို မက်ဆေ့ခ်ျဖြင့် အကြောင်း ကြားပေးမည့် MCA(Missed Call Alert) ၀န်ဆောင်မှုနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် မြန်မာအင်ဖိုတက်ခ်ျတို့ ပူးပေါင်းဝန်ဆောင်မှုပေးမည့် VMS(Voice Mail Service) နှင့် လပေးအခကြေးငွေ အများဆုံး ပေးဆောင်ရမည့် CF(Call Forwarding Service) တို့ပါဝင်ကြောင်း သိရသည်။ VMS စနစ်သည် ယခုလ အတွင်းတွင် ၀န်ဆောင်မှု ပေးမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပြန်ကြေညာ ထားသော်လည်း အသုံးပြုရန် အဆင်မပြေသေးကြောင်း သိရသည်။ CF ၀န်ဆောင်မှုတွင် ထပ်ခွဲဝန်ဆောင်မှု သုံးမျိုး ပါရှိမည်ဖြစ်ပြီး၊ ၎င်းတို့တွင် ဖုန်းတစ်လုံးအား လက်ခံပြောဆို နေခြင်းကြောင့် အခြားတာဝန်ရှိသူ တစ်ဦးဦး၏ ဖုန်းအား လက်ခံပြောကြားစေမည့် Busy Forward ၀န်ဆောင်မှု၊ မိမိ၏ဖုန်း အခြားတာဝန်ရှိသူဖုန်းအား တိုက်ရိုက်ချိတ်ဆက်ထားပြီး တိုက်ရိုက် လွှဲပြောင်းပေးနိုင်သည့် Direct Forward ၀န်ဆောင်မှုနှင့် မဖြေကြားလို၍ အခြားဖုန်းအား လွှဲပြောင်းပေးမည့် No Answer Forward ၀န်ဆောင်မှုတို့ ပါဝင်ကြောင်း သိရသည်။

CW (Call Wait Service) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၅၀၀ ဖြင့် လည်းကောင်း၊ MCA (Missed Call Alert) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၁၀၀၀၊ VMS(Voice Mail Service) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၁၀၀၀ ဖြင့်၊ အခကြေးငွေ အများဆုံး ၀န်ဆောင်မှုအဖြစ် CF(Call Forwarding Servie) ၀န်ဆောင်မှု တစ်လလျှင် ကျပ် ၉၀၀၀ အထိ ဖုန်းဘေလ်များထဲမှ ဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group  facebook က လာတယ်
 

Friday, October 4, 2013

ယခုလကုန်တွင် အင်တာနက် ပိုမို မြန်လာမည်ဟု ဆို (ဧရာဝတီ )

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကနိုင်ငံတကာနှင့် ဆက်သွယ်ထားသော ဖိုင်ဘာဆက်ကြောင်းတခု၏ Bandwidth ကို နှစ်ဆ တိုးလိုက်သည့်အတွက် ယခုလကုန်ပိုင်းမှစ၍ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများသည် သတင်း အချက်အလက်များကို ပိုမိုလျှင်မြန်စွာ ပေးပို့ ရယူနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ Bandwidth ဆိုသည်မှာ အင်တာနက်ဆက်ကြောင်း တလျှောက်တွက် သယ်ယူပို့ဆောင်ပေးနိုင်သည့် အချက်အလက် ပမာဏကို ဆိုလိုခြင်းဖြစ်သည်။ ၎င်းကို တစက္ကန့် အချိန်အပိုင်းအခြားအတွင်း စီးဆင်းနိုင်သည့် သတင်းအချက်အလက် ပမာဏကို မူတည်၍ တိုင်းတာဖော်ပြပြီး ကွန်ရက်၏ စွမ်းဆောင်ရည်ကို ကိုယ်စားပြုသည်။ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများ လိုင်းကြပ်ခြင်း၊ နှေးကွေးခြင်း စသည့် ပြဿနာများ ကြုံတွေ့နေရခြင်းသည် လက်ရှိ Bandwidth ကျဉ်းမြောင်းနေသည့်အတွက် ဖြစ်သည်။ လူသုံးများသည့် နေ့ခင်း အချိန်များတွင် အင်တာနက် ပို၍နှေးသည်။

အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ အဆိုအရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်၍ သွယ်တန်းထားသော အင်တာနက် ဆက်ကြောင်းသည် Bandwidth 2.5 Gbps (gigabytes per second)၊ SEAMEWE-3 ဟု သိကြသော ပင်လယ် ရေအောက် ဆက်ကြောင်းက Bandwidth 6.2 Gbps နှင့် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဆက်သွယ်ထားသော ဆက်ကြောင်းက Bandwidth 8.5 Gbps ရှိသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သတင်းအချက်အလက် နည်းပညာ ဌာနမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ထိုင်းနိုင်ငံဖက်သို့ ဆက်သွယ်ထားသော ဆက်ကြောင်းကို ယခုလအတွင်းတွင် Bandwitdh 20 Gbps အထိ တိုးမြှင့်မည်ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။ စမ်းသပ်ခြင်းလုပ်ငန်းများ မည်သည့်နေ့တွင် ပြီးဆုံးမည်ကို တိကျစွာ မပြောနိုင်သေးသော်လည်း “အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ ဖြစ်ပါလိမ့်မယ်” ဟု သူကဆိုသည်။ ဒေသတွင်း အားကစားပြိုင်ပွဲဖြစ်သည့် အဆိုပါ အားကစားပွဲကို ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကျင်းပတော့မည် ဖြစ်သည်။

ထိုင်းနိုင်ငံ နှင့်ဆက်သွယ်ထားသည့် ဆက်ကြောင်းကို အဆင့်မြှင့်နိုင်ခြင်းမှာ အရှေ့တောင် အာရှ အားကစားပွဲ မတိုင်မီ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ကြီး ၃ မြို့ဖြစ်သော နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့များတွင် အင်တာနက်အမြန်နှုန်းကို 20 Gbps အထိရှိအောင် လုပ်ဆောင်ပေးမည့် ဂျပန်အစိုးရမှ ကူညီသော စီမံကိန်းအရ ပြုလုပ်နိုင်ခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏ အဆင့်မြှင့်တင်ရေး အကူညီဖြင့် ဆီးဂိမ်း အားကစားပွဲ ကာလအတွင်းတွင် 4G မိုဘိုင်းကွန်ရက်ကို ယာယီ အသုံးပြုနိုင်ရန်လည်း နောက်တဆင့်အဖြစ် မျှော်မှန်းထားကြောင်း သိရသည်။

Bandwidth ကို တိုးမြှင့်လိုက်ခြင်းအားဖြင့် ကွန်ရက်တခုလုံး၏ စွမ်းဆောင်ရည် တိုးတက်လာမည်ဟု သာမန်အားဖြင့် ဆိုနိုင်သော်လည်း ကွန်ရက်အတွင်း အချက်အလက်များ စီးဆင်းရန် ကြာမြင့်ချိန် (မြန်နှုန်း) နှင့် သုံးစွဲသူ ပမာဏ စသည့် အချက်များသည်လည်း စွမ်းဆောင်ရည်အပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

မည်သည့်အချိန်တွင် စတင် အသုံးပြုနိုင်မည်ကို တိကျစွာ မသိသေးသော်လည်း အဆင့်မြှင့်မှုများ မည်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဆိုသည်ကို အင်တာနက် အသုံးပြုသူများအား အသိပေးထားသင့်ကြောင်း၊ သို့မှာသာလျှင် သူတို့ နောက်တကြိမ် အင်တာနက် ဖွင့်လိုက်တိုင်း ထူးခြားမှုကို ခံစားသိနိုင်ကြမည် ဖြစ်ကြောင်း အင်တာနက် သုံးစွဲသူများက ဆိုသည်။
 ဧရာဝတီမှ ကူးယူဖော်ပြထား http://burma.irrawaddy.org/news/2013/10/04/49070.html

Thursday, September 12, 2013

အသက် ၁၂ နှစ် သို့သော် စက်ရုပ် တီထွင်ပညာရှင် (TSJ team)

 
ပုံမှာ မြင်တွေ့နေရတဲ့ ကလေးက အသက် ၁၂ နှစ်ပဲ ရှိပါသေးတယ်။ သို့ပေမယ့် သူ့ရဲ့  အကြီးမားဆုံး အောင်မြင်မှု တစ်ခုကတော့ စက်ရုပ် တီထွင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှ Agrawal လို့ အမည်ရတဲ့ ကလေးငယ် ပါ။ အသက် ၄ နှစ်သားအရွယ်ကို ဝဘ်ဆိုဒ်တွေကို စတင်ထိတွေ့မိပြီး ဘာလို့စာတွေမြင်နေရလဲလို့ သူ့အမေ ကို မေးပါတယ်။ ဒါနဲ့ HTML နဲ့ ရေးထားတာ ဖြစ်ကြောင်း ပြောတာမို့ သူဟာ HTML ကို ၄ နှစ်သားက စလို့ စတင် လေ့လာခဲ့ပါတယ်။ အသက် ၅ နှစ်အရွယ်မှာ ကိုယ်ပိုင်ဝဘ်ဆိုဒ်တစ်ခု တည်ထောင်သွားနိုင်ခဲ့ ပါတယ်။ သူ့ရဲ့  မိဘ ၂ ပါးလုံးက အင်ဂျင်နီယာတွေပါ။ သူ့အသက် ၉ နှစ်ပြည့်မွေးနေ့မှာ ဝေါကီတော်ကီလို စကားပြောလို့ ရတဲ့ ရေဒီယို တစ်လုံး ကို လက်ဆောင်ရတော့ ဟာ့ဒ်ဝဲ ပစ္စည်းတွေကို စတင်စိတ်ဝင်စားပါတော့တယ်။ ဒါနဲ့ စက်ရုပ်တွေကို တီထွင်တဲ့အခါမှာ အခြေခံ အသုံးပြုတဲ့ Arduino လို့လို့ Mini Computer Controller ကို လေ့လာခွင့် ရရှိခဲ့ပြီး စိတ်ကြိုက် လေ့လာ ပါတော့တယ်။ အသက် ၁၀ နှစ်အရွယ်မှာ သူဟာ Hacker Dojo လို့ အမည်ရတဲ့ Creative Group ကို ချိတ်ဆက်ဝင်ရောက်ခဲ့ပါတယ်။ ဒီအတွက်လည်း Test အလုပ်ခံရပေမယ့် သူ့ရဲ့  အရည်အချင်းကြောင့် အဖွဲ့မှာ စိန်ခေါ်မှုတိုင်းကို အောင်နိုင်ပါတယ်။

ပညာသင်ကြားခွင့်လည်းရနေတော့ အဖွဲ့ကနေ သူဟာ ဟာ့ဒ်ဝဲပစ္စည်းများ လေ့လာခြင်း၊ စက်ရုပ်တီ ထွင်ခြင်းတို့ ကို ပြုလုပ် ပါတယ်။ အသက် ၁၂ နှစ်သားအရွယ်ရောက်တော့ OLogic အမည်ရ ကုမ္မဏီသို့ သူ့အဖေ ပို့ပေးခဲပါ တယ်။ Disney နဲ့ Apple ကုမ္မဏီတို့ လိုအပ်တဲ့ စက်ရုပ်နဲ့ ကိရိယာ တန်ဆာပလာများကို တီထွင်ရောင်း ချပေးနေတဲ့ ကုမ္မဏီဖြစ်ပါတယ်။ ယင်းကုမ္မဏီမှာ နွေရာသီကျောင်းပိတ်ရင် ကလေးများ လေ့လာခွင့်ရအောင် Internship များခေါ်ပါတယ်။ Agrawal ဟာ အလုပ်သင် ဝင်ရောက်ခဲ့ပြီး ပစ္စည်းများကို စိတ်ကြိုက်လေ့လာခွင့်ရ ပါတယ်။

ဖုန်စုပ်စက်နဲ့ သန့်ရှင်းရေး စက်ပစ္စည်းများကို လေ့လာဖို့အတွက် ကုမ္မဏီက ပရောဂျက်ပေးပေမယ့် သူကိုယ်တိုင် စက်ရုပ်တစ်ကောင်ကို စိတ်ကြိုက်ဖန်တီးပါတယ်။ ယင်းစက်ရုပ်အတွက် လိုအပ်တဲ့ ပရိုဂရမ် (Firmware, software) နဲ့ ဟာ့ဒ်ဝဲများကို စိတ်ကြိုက်တပ်ဆင်လိုက်တော့ စေခိုင်းလို့ရတဲ့ ရုံးဝန်ထမ်း တစ်ဦး ဖြစ်လာ ပါတယ်။ လောလောဆယ်ကတော့ မုန့် နဲ့ ပစ္စည်း တိုလီမုတ်စ သယ်ဖို့အတွက်ပဲ စေခိုင်းလို့ရပါသေးတယ်။ သို့ပေမယ့် အဲ့ဒီလောက်လုပ်ခိုင်းလိုက်နိုင်တာတင် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။

သူ့အနေနဲ့ ရှေ့ ဆက်ပြီးတော့ ဟင်းချက်နိုင်တဲ့ စက်ရုပ်ကို တီထွင်မှာ ဖြစ်ပြီး ကုန်ကျစရိတ်က အမေရိ ကန်ဒေါ်လာ ၁ သိန်းရှိမယ်လို့တောင် အင်တာဗျူးမှာ ခန့်မှန်းပေးသွားပါတယ်။ အလုပ်သင် လေ့လာ ကာလပြီးလို့ ကျောင်းပြန်ဖွင့်ရင် သူ့အိမ်မှာပဲ ဆက်လုပ်မှာ ဖြစ်ပါတယ်။ စတူဒီယို အသေးစား ပြုလုပ်ထားပြီး ပစ္စည်းအဟောင်းများနဲ့ စက်ရုပ်တွေ ဖန်တီးမှာ ဖြစ်ပါတယ်။ ကောလိပ်တက်တဲ့အခါ စက်ရုပ် ပညာ ရပ် သို့မဟုတ် ကွန်ပြူတာ ပရိုဂရမ် ပညာရပ် ၂ ခုထဲက တစ်ခုခုကို အထူးပြု လေ့လာသွားမယ်လို့ ဆိုပါတယ်။

Agrawal ဟာ အသက်ငယ်ပေမယ့် သူ့ရဲ့  ကြိုးစားဖန်တီးမှုကြောင့် နေ့ချင်းညချင်း လူသိများလာခဲ့ပါတယ်။ သူတီထွင်တဲ့ စက်ရုပ်အကြောင်းကို အောက်ပါ ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။ 
ဗွီဒီယို ကြည့်ရန် http://youtu.be/cyUp39ZWP2Y ဒီလင့်လေးမှာ ကြည့်နိုင်ပါတယ်
http://blog.techspace.com.mm/2013/09/blog-post_12.html က နေ ကူးယူဖော်ပြထားတယ်

Saturday, August 31, 2013

မမြင်နိုင်တဲ့ စပီကာ ထုတ်လုပ်ရောင်းချတော့မည်ဆိုဘဲ..

 
တီထွင်အောင်မြင်တာ အရင်နှစ်ကတည်းက ပါ။ ယခုတော့ ဈေးကွက်ကို အမှန်တကယ် ဖြန့်ချိရောင်းချတော့ မှာ ဖြစ်ပါတယ်။  Saltwater Gel နဲ့ လုပ်ထားတဲ့ ယင်းစပီကာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ထိုးဖောက်မြင်နေ ရမှာ ဖြစ်ပါတယ်။ ဒီတော့ အသံဘယ်လိုဖြတ်မလဲ ဆိုတာ မေးစရာ ရှိပါတယ်။ ဒီလိုရှိပါတယ်။ အီလက်ထရောနစ် ဗို့အားတစ်ခု သက်ရောက်စေပြီး ယင်းသက်ရောက်မှုကြောင့် တုန်ခါမှုတစ်ခုဖြစ်ပေါ်ပြီး အသံလိုင်း ထုတ်လုပ်ပေး မှာ ဖြစ်ပါတယ်။ ယင်းအသံလိုင်းကနေပဲ အသံ မျိုးစုံ ထွက်ရှိနိုင်ပြီး စပီကာလိုမျိုးလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ယင်း Gel ရဲ့  ထူးခြားချက်က အသားတု အစားထိုးမှုမှာလည်း အသံးပြု လို့ ရပါတယ်။ နောက်ဆိုရင် စပီကာနဲ့ အီလက် ထရောနစ် ပစ္စည်းမှာပါ မဟုတ်တော့ပဲ Human အစိတ်အပိုင်းမှာပါ အသုံးဝင်မယ့် နည်းပညာ အစိတ်အပိုင်း တစ် ခုဖြစ်လာမယ်လို့ ဆိုပါတယ်။ ယင်း Transparent speakers အလုပ်လုပ်ပုံကို အောက်ပါ ဗီဒိယို လခ့်မှာ ဝင်ရောက်   လေ့လာကြည့်ရှု နိုင်ပါတယ်။     http://youtu.be/5K5KSDL1gXE     Aung Kham (TSJ team)

Wednesday, August 28, 2013

တရုတ်အင်တာနက်ဆာဗာများအား အကြီးမားဆုံး ဆိုက်ဘာ တိုက်ခိုက်မှု ကြုံတွေ့ရ

 
တရုတ်နိုင်ငံတွင် သြဂုတ်လ ၂၅ရက်နေ့ အစောပိုင်းက အကြီးမားဆုံး DDoS အင်တာနက် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး တရုတ်၏ .cn ဆာဗာများ တိုက်ခိုက်ခံခဲ့ရကာ အင်တာနက် အသုံးပြုသူအချို့ နာရီအ နည်းငယ်ကြာ အသုံးပြု၍ မရခဲ့ကြောင်း တရုတ်အင်တာနက် ကွန်ရက်သတင်းအချက်အလက် စင်တာ(China Internet Network Information Centre (CNNIC)က ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ ၎င်းတိုက် ခိုက်မှုသည် .cnနှင့် ဆုံးသော ဝက်ဘ်ဆိုက်များကို ပစ်မှတ်ထားကာ ဒေသစံတော်ချိန် နံနက် ၂နာရီနှင့် နံနက် ၄နာရီတွင် နှစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ဒုတိယအကြိမ် တိုက်ခိုက်မှုသည် တရုတ်အ တွက် အကြီးမားဆုံး တိုက်ခိုက်မှု တစ်ခုဖြစ်ပြီး မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကိုမူ မထုတ်ပြန်ခဲ့ပေ။ တရုတ်တွင် DDoS တိုက်ခိုက်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမို များပြားလာကြောင်း သိရသည်။ DDoS တိုက်ခိုက်မှုများမှာ ဆာဗာ၏ လုပ်ဆောင်မှုများကို နှောင့်ယှက်ဟန့်တားသည့် တိုက်ခိုက်မှု ဖြစ်သည်။ အမေရိကန် အစိုးရဌာနများနှင့် စီးပွားရေး လုပ်ငန်းများ၏ ဝက်ဘက်ဆိုက်များအား ဆိုက်ဘာ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အမေရိကန်အစိုးရက တရုတ်အား အကြိမ်ကြိမ် စွပ်စွဲထားသည်ဟု သိရသည်။  Myanmar ICT 
 
ကျုပ် Myanmar Online News က ယူခဲ့တာ...လိုင်းမကောင်းလို့  Softwar APK တွေ မတင်နိုင်တော့ သတင်းလေး ရှာတင်လိုက်တယ်ဗျာ..ငါ့ညီက တစ်နေ့လာလည်း ပို့စ်မတင်ဆိုပြီး အပြစ်မြင်နေလို့...ငါ့မှာလည်း ဒုက္ခ..ဆော့ဝဲလေး လုပ်ခိုင်းမိတာက မဟာအမှား.. သို့မဟုတ်ရင်  သူတို့ တစ်လနေလို့ တစ်ခေါက်မရောက် ခုတော့...Update မဖြစ်ဘူး ပြောသူကပြော..လေ့လာပါဦး လိုသေး တယ်ဆိုသူကဆို လိုအပ်တာတော့အမှန်ပါ.။ ကျုပ်ရှေ့မှာပြောခဲ့တယ်..ရှေ့လည်း မတိုးတာ နောက်လည်း မဆုတ်သာ..ရပ်ပြန်မယ်ဆိုလည်း.။ တစ်မျိုး စိတ်ညစ်စရာတွေချည်း များနေတယ် ဒီကြားထဲ လိုင်းက စုတ်နေ သေးတယ်...သြော် ငါ့ဘ၀ကလည်း..ဘာလုပ်လုပ် အဆင်မပြေပါလားနော်...

မြန်မာတွေ့ အသဲစွဲနိုင်မယ့် မာစီးဒီးကား E-Class 400

မြန်မာတွေ အသဲစွဲ ဂျာမနီ နိုင်ငံမှ ကမ္ဘာကျော် မာစီးဒီး ကားများမှာ အများနှင့်မတူ တမူထူးခြားသော ဂုဏ်ပုဒ်နှင့် အဆင့်အတန်းတခု အတွက်နာမည်ကျော် ကားများဖြစ်နေသည် မှာ အထွေထူး ပြောစရာပင် မရှိပေ။ ယခု မိတ်ဆက်ပေးချင်သော မာစီးဒီးကားမှာ သာမန်မြင်တွေ့နေကျ ပုံစံမှ ခွဲပြားစွာ ဖန်တီး ထားသော E-Class 400 ဖြစ်ပါတယ်။ ၄င်းတွင် သုံးဖက်ကြယ်ပုံ အမှတ်တံဆိပ်ကို ရှေ့ လေတိုး ဘန်ဘာ တွင်တပ်ဆင် ထားပြီး ရှေ့ရှဲများများတွင် မည်သည့်မီးလုံး ကိုမှ တပ်ဆင်မထားသော ပုံစံဖြင့် ဖောင်းကြွသော အသွင်က ရပ်နေချိန်မှာ တောင် အရှိန် အဟုန်ဖြင့် သွားနေသလို ထင်မှတ်မှားစေ လောက်သည်။ခန့်ညားသော ကိုယ်ထည် နှင့် အမြန်နူန်းမြင့် ကားပေါင်းစပ်ထားမူတွေဟာ ယခုကား ကို ၄.၇ စက္ကန့်အတွင်း 0 မှ ၁၀၀ ကီိလိုမိတာကို အရောက်ပို့ဆောင်ပေးနိုင်ပါတယ်။အင်ဂျင်အား ၃၃၃ မြင်းကောင်ရေ နှင့် ဖြစ်ပေမဲ့ ဆီစားနူန်းသက်သာစေသော အီကို စနစ်ပါဝင်တာကြောင့် ကား ပိတ်နေတဲ့ အချိန် သို့ မီးပွိုင့် လိုနေရာမျိုးမှာ အင်ဂျင်ကို အနားပေးထားပြီး ကျန်သော လုပ်ဆောင် ချက်များကို ဆက်လက် လုပ်ဆောင်ပေးသွားပါလိမ့်မယ်။

ရှေ့ ဂီယာ ၇ချက် နှင့် ထူးခြားစွာ နောက်ဘက်မောင်း ၂ချက်ပါ ပါတယ်။ ယနေ့လို့မြို့ ပြတွေမှာ ကားပါကင်ထိုးဖို့ အင်မတန်မှ ခက်ခဲသော နေရာများတွင် အော်တို ပါကင်ထိုးသောစနစ် က သင့်ကို ဘာတခုမှ လုပ်ဆောင်ရန်မလိုပဲ အလိုအလျေက် ပါကင်ရှာပြီး လုပ်ဆောင်ပေးသွားပါလိမ့် မယ်။

အဆိုပါလုပ်ဆောင်ချက်များ အပြင် မိမိ ကားမှာ အရှိန်မြှင့်မားစွာ မောင်းနှင်နေချိန် ဘေးသို့ ရုတ်တရတ် ဆွဲကွေ့မိသော အခြေအနေများကြောင့်ဖြစ်တက် သော မတော်တဆမူများ ကာကွယ် သောစနစ်များ၊ လမ်းပေါ်သိုရုတ်တရက် ဖြတ်ကူးသူ သို့ ကားများဖြတ်မောင်းလာမူ များအတွက် အန္တရယ်မဖြစ် စေရန် အော်တို ဘရိတ်အုပ်ပေးမပါလိမ့်မယ်။

၂၀၁၅ ခုနှစ်ရောက်မှ ကားထုတ်လုပ်သူများ အားလုံး ကျင့်သုံးရန်သတ်မှတ် ထားသော EU-6 စံသတ်မှတ်ချက် တခုဖြစ်သော သဘာဝပတ်ဝန်းကျင် အားထိခိုက်မူအနည်းဆုံး နှင့် ညစ် နွမ်းသော အခိုးငွေ့ ထုတ်လွှတ်မူ အနည်းဆုံး စံနစ်ကို ၂၀၁၄ တွင် မော်ဒယ်ဖြစ်သော ယခုကား
တွင် ပါဝင်လာပါတယ်။

ကားများတွင် သာမန်လေအိတ် ၂လုံးသာ ပါလေ့ရှိပေမဲ့ ယခုကားတွင် စုစုပေါင်း ၉ လုံးပါ ရှိမှာ ဖြစ်ကာ သင့်ကိုထောင့်ပေါင်းစုံက နေကာကွယ်ပေး နိုင်မှာဖြစ်တယ်။ ကားသော့ခလုပ်တွင်သင့် နေ့စဉ်လုပ်ဆောင်ချက်များကို မှတ်တမ်းတင်သောစနစ်ပါဝင်သည်။

ကားတွင် bluetooth ဖြင့် သင့်ဖုန်းကို ချိတ်ဆက်ထားနိုင်ကာ အန္တရယ် ကင်းကင်းဖြင့် ကား မောင်းနေရင်း လိုအပ်သော ဆက်သွယ်မူများက သင့်ကို ဘ၀င်ခိုက်စေမှာ ဖြစ်တယ်။ ကားတံခါးကို ပိတ်ဖို့မေ့နေရင် တောင်မှ ကားမှာ ပေ၂၀ ကျော် အကွာသင်ရောက်ရှိရင် အလိုအလျောက် လော့ချ
ထားပေးပါလိမ့်မယ်။

ယခု မြန်မာနိုင်ငံတွင် ကြိုတင်မှာယူသော စနစ်ဖြင့် သင့်စိတ်ကြိုက် ပစ္စည်းများ ကိုထည့် သွင်းပြီးမှာ နိုင်ပြီးဖြစ်ကြောင်းတင်ဆက်လိုက်ပါတယ်။


အသေးစိတ်လေ့လာလိုပါက www.mercedes-benz.com.mm
https://www.youtube.com/watch?v=bN1VEo2SKfk

ကချင်း ( MM Social Sky )
Myanmar Online News က ကူးယူဖော်ပြထားတယ်...
 
လိုင်း မကောင်းသောကြောင့် Apk များ မတင်နိုင် လိုင်းပေါ်တက်ရန် အခက်အခဲလေးတွေ ရှိနေသဖြင့်..
ခွင့်လွတ်နားလည်ပေးကြပါဦးလို့....ပြောချင်ပါတယ်...
လိုင်းကလည်း လေးကျပ်တာပေးရတယ်...နှစ်ကျပ်တန်လောက်တောင် အဆင်မပြေဖြစ်နေတယ်...
ဘာဖြစ်တာလဲ...ပြင်ဆင်မှုတွေ လုပ်နေတာလား...
ပြောချင်တော့ပါဘူးဗျာ..လက်ညောင်း အာညောင်းတာ အဖတ်တင်ပါတယ်....
ငွေတော့ လျှော့ကောက်ဖို့ စိတ်ကူးလေးတော့ ထည့်ကြဦး....

Thursday, August 22, 2013

အမေရိကန်တွင် ဖြစ်ပေါ်လာမည့် ပိုက်လိုင်း ပို့ဆောင်ရေး စနစ် ( Aung Kham)

 
အမေရိကန်အခြေဆိုက် လျှပ်စစ်ဓာတ်အားသုံး ကားသီးသန့် ထုတ်လုပ် နေတဲ့ Telsa ရဲ့  တရားဝင်ကြေညာ ချက် ဖြစ်ပါတယ်။ ၎င်းတို့ ကြေညာ၊ ထုတ်ဖော်ပြသချက်အရ ကမ္ဘာ့ပထမဆုံး ပိုက်လိုင်း ပို့ဆောင်ဆက် သွယ်ရေးနစ်ကို ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။ နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး မော်တာကို လည်ပတ်စေပါမယ်။ ပြီးတော့ ပိုက်လိုင်းထဲက လေကို ထုတ်ပြီး လေဟာနယ် ဖြစ်စေပါမယ်။ လေဟာ နယ် ဖြစ်သွားတဲ့ ပိုက်ထဲမှာ ယာဉ်တွေသွားလို့ရအောင် အားတစ်ခုနဲ့ တွန်းပို့ပေးမှာ ဖြစ်ပါတယ်။ တီထွင်သူ ပညာရှင်တို့ရဲ့  ထူးခြားဆန်းသစ်တဲ့ အိုင်ဒီယာကြောင့် ကမ္ဘာ တစ်ဝန်းက ဆက်သွယ်ရေး နည်းပညာသစ်   စောင့်ကြည့် သူတွေကို အံ့သြ စေခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဝါရှင်တန် ဒီစီအထိ ဆက်သွယ် မယ့်ပိုက်လိုင်းကို စတင်မှာ ဖြစ်ပါတယ်။ ပိုက်လိုင်းထဲမှာ စနစ်တကျ ပြုလုပ်ထားတဲ့ ယာဉ်တန်းများ ထည့်သွင်း ထားပြီး အလှည့်ကျ ခရီးသွားမှာ ဖြစ်ပါတယ်။ တစ်နာရီကို မိုင်ပေါင်း ဘယ်လောက်ထိ သွားနိုင်မယ်ဆိုတာ မသိသေးပါဘူး။ သေချတာ ကတော့ လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ အမြန်ပြေး သံလိုက်ရထားတွေရဲ့  ပြေးနှုန်း ထက်မလျော့စေရဘူးလို့ အာမခံထားပါတယ်။

စွမ်းအင်ကလည်း နေရောင်ခြည်ကို အသုံးပြုခြင်း ဖြစ်တဲ့အတွက် ကုန်ကျစရိတ် သက်သာမယ့် ပို့ဆောင်ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။ ယင်း ပိုက်လိုင်းပို့ဆောင်ဆက်သွယ်ရေးစနစ်ကို Hyperloop လို့ အမည်ပေး ထားပြီး အမှန်တကယ် ဖြစ်မြောက်လာရန် စတင်ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။

Stuff UK
Aung Kham (Stuff Myanmar)
TechSpace Journal

Wednesday, August 14, 2013

Call Center ၏ 1875 Hot Line မှ အလုပ်အကိုင် အခွင့်အလမ်း များအတွက် ဝန်ထမ်းရှာဖွေရေး ဝန်ဆောင်မှုကို ဆောင်ရွက်

Call Center ၏ 1875 Hot Line မှ အလုပ်အကိုင် အခွင့်အလမ်း များအတွက် ဝန်ထမ်းရှာဖွေရေး ဝန်ဆောင်မှု ကို ဆောင်ရွက်လိုက်ကြောင်း သိရသည်။ အလုပ်အကိုင် ရှာဖွေလိုသော ဝန်ထမ်းများ၊ ဝန်ထမ်းများ ရှာဖွေနေသော လုပ်ငန်းရှင်များအတွက် ဆောင်ရွက်လိုက်ခြင်း ဖြစ်ပြီး 1875 Hot Line လိုင်းခွဲနံပါတ် ၄ သို့ ဖုန်းခေါ်ဆို၍ အဆိုပါ ဝန်ဆောင်မှုကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ “ခေါ်ဆိုခ တစ်မိနစ်ကို ၁၀၀ ကျပ်ဖြစ်ပါတယ်။ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးရာဇဝင် အချက်အလက်ကို Call Center ဆီကို လာပို့၊ ဒါမှမဟုတ် အီးမေးလ်က တစ်ဆင့်လည်း ပို့လို့ရပါတယ်” ဟု Call Center မှ တာဝန်ရှိသူက ပြောကြားသည်။ လာရောက်ပေး ပို့ထားသော ကိုယ်ရေးရာဇဝင် အချက်အလက်များ သိမ်းဆည်းထားမည် ဖြစ်ပြီး လုပ်ငန်းရှင်များက Call Center သို့ ချိတ်ဆက်ကာ ဝန်ထမ်းလာရောက် ရွေးချယ်ပါက သင့်တော်သူနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ဝန်ထမ်းများ အနေဖြင့် 1875 Hot Line သို့ ဖုန်းခေါ်ဆို၍သော် လည်းကောင်း၊ အီးမေးလ်ဖြင့် သော်လည်းကောင်း၊ ရုံးသို့ ကိုယ်တိုင်လာ ရောက်၍ဖြစ်စေ CV ဖောင်များကို တင်နိုင်မည်ဖြစ်ပြီး လုပ်ငန်းရှင်များ အနေဖြင့် ဖုန်းဖြင့် ဆက်သွယ်၍ မိမိလိုအပ်သော ဝန်ထမ်းနှင့် ကိုက်ညီမည့် အချက်များကို ပြောပြပေးကာ 1875 Hot Line မှ ရှင်းလင်းဖြေကြားပေးမည် ဖြစ်ကြောင်းသိရသည်။ “ဝန်ဆောင်ခအတွက် အလုပ်လျှောက်ထားသူ ဝန်ထမ်းတွေဘက်က တစ်စုံတစ်ရာ ယူမှာမဟုတ်ပါဘူး” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောကြားသည်။ အလုပ်သွားရောက် လျှောက်ထားပြီးနောက် အင်တာဗျူး ဝင်ရောက်ရန် နေ့ရက်မှာ လာရောက်ချိတ်ဆက် သောလုပ်ငန်းရှင်များ အပေါ်မူတည်ကြောင်း သိရသည်။
လုပ်ငန်းရှင်များ လိုအပ်သော ဝန်ထမ်းအရေအတွက် အလိုက် ကိုယ်ရေးရာဇဝင် အချက်အလက်များနှင့် အတူ ဝန်ထမ်းများကို ရုံးသို့အရောက် ပို့ဆောင်၍ အင်တာဗျူး ပြုလုပ်နိုင်စေရန် 1875 Hot Line မှ
ဆောင်ရွက်ပေးသွားမည် ဟု ဆိုသည်။ အဆိုပါ ဝန်ဆောင်မှုအား ၂၄ နာရီ ဆောင်ရွက်ပေးမည်ဟု သိရသည်။ လုပ်ငန်းရှင်များဘက်မှ ခန့်ထားလိုသော ဝန်ထမ်း၏ ရာထူးနှင့် ကိုက်ညီသော အရည်အချင်း၊ လုပ်ခလစာတို့ကို ဖုန်းဆက်၍ ရှာဖွေနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းသိရသည်။
http://www.myanmarinternetjournal.com/content/7465
ဒီ အင်တာနက်ဂျာနယ် စာမျက်နှာက လာတယ်ပေါ့

Monday, August 12, 2013

အင်တာနက်သုံးစွဲသူ ဆယ့်တစ်သိန်းကျော်တွင် ဖုန်းဖြင့် သုံးသူ ကိုးသိန်းကျော်ရှိ (7Day Daily News )

မြန်မာနိုင်ငံတွင် ယခုနှစ် ဇွန်လအထိ အင်တာနက် သုံးစွဲသူဦးရေ ၁၁ သိန်းကျော် ရှိပြီး မိုဘိုင်းဖုန်းနှင့် သုံးစွဲသည့် ဦးရေမှာ ၉၀ ရာခိုင်နှုန်းခန့် ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်းရရှိသည်။ ပြည်တွင်း၌ အင်တာနက်သုံးစွဲသူ များပြားလာပြီး ယခုအခါ မိုဘိုင်းဖုန်းဖြင့် အင်တာနက် လျှောက်ထားမှုများမှာ လွယ်ကူပြီး တစ်သောင်းကျပ်သာ ကျသင့်ခြင်းကြောင့် လျှောက်ထားသူ ပိုမိုတိုးလာရာ နောက်လများတွင် ယခု အင်တာနက် သုံးစွဲသူထက် သိသိသာသာ ထပ်မံ တိုးလာဖွယ်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ “အခု ဇွန်လကုန်အထိ နောက်ဆုံးရရှိထားတဲ့ စာရင်းအရဆိုရင် လူဦးရေ ၁၁ သိန်းကျော်လောက်ရှိပြီ။ ဒါတောင် ဇူလိုင်လက စာရင်း မရသေးဘူး။ ပိုတော့ များလာမှာပါ” ဟု ၎င်းကပြော သည်။

လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စာရင်းများအရ မိုဘိုင်းဖြင့် အင်တာနက် သုံးစွဲသူများတွင် GSM ဖုန်းများဖြင့် လျှောက်ထားသုံးစွဲသူ ရှစ်သိန်းကျော်ရှိပြီး CDMA အမျိုးအစား ဖုန်းများအားလုံး လျှောက် ထားသုံးစွဲသူ တစ်သိန်းနှစ်သောင်းကျော် ရှိကာ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးသူ စုစုပေါင်း ကိုးသိန်းကျော် ရှိနေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အပြင် ADSL ဖြင့် လိုင်းပေါင်း ၆၆၀၀ ကျော်ရှိရာ ADSL တစ်လိုင်းလျှင် ၁၀ ဦးနှုန်းဖြင့် တွက်ချက်ထားပြီး ထိုလိုင်းများ အားလုံးပေါင်း လူဦးရေ ၆၆၀၀ ကျော်ဖြင့် စာရင်းပြုစု ထားခြင်းကြောင့် လက်ရှိတွင် အင်တာနက် သုံးစွဲသူ စုစုပေါင်း လူဦးရေ ၁၁ သိန်းကျော် ရှိနေခြင်း ဖြစ်သည်ဟု အဆိုပါ အင်ဂျင်နီယာချုပ်က ပြောသည်။

ယခင်က မိုဘိုင်းအင်တာနက် လျှောက်ထားမှုကို မြန်မာ့ဆက်သွယ်ရေး ရုံးများတွင် သွားရောက် လျှောက်ထား ရသော်လည်း သြဂုတ်လမှ စတင်၍ မိုဘိုင်းဖုန်းမှတစ်ဆင့် မက်ဆေ့ခ်ျပို့ လျှောက်ထားနိုင်ရာ စတင်လျှောက်ထား ရသည့် နေ့၌ပင် လူဦးရေ ၇၀၀၀ ကျော် လျှောက်ထားခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအနေဖြင့် ၁၉၉၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အင်တာနက် သုံးစွဲသူ လေးဦးသာ ရှိခဲ့ပြီး ၂၀၀၈ ခုနှစ်၊ မတ်လတွင် အင်တာနက် သုံးစွဲသူ ၇၈၀၁၀ ဦး၊ ၂၀၀၉ ခုနှစ် မတ်လတွင် ၉၃၅၈၅ ဦး၊ ၂၀၁၀ ပြည့်နှစ် မတ်လတွင် ၃၅၁၃၉၀ ဦး သုံးစွဲမှုရှိပြီး ၂၀၁၁ ခုနှစ်တွင် အင်တာနက်သုံးစွဲသူ လေးသိန်းနီးပါး ရှိလာကြောင်း မြန်မာ့ဆက်သွယ်ရေး၏ စာရင်းများအရ သိရသည်။
 
7Day Daily News

Nokia ဖုန်းများ နေရောင်ခြည်ဖြင့် အားသွင်းနိုင်မည် (မြ၀တီ)

nokiaကြိုးမဲ့ အားသွင်းစနစ်၊ ကင်မရာ Megapixel 44 အဆင့် အစရှိသဖြင့် ကမ္ဘာ့ ဦးဦးဖျားဖျားနည်းပညာ များ ဖော်ထုတ်ဖန်တီးပေးမယ့် Nokia ဟာ ဖုန်းတိုင်းကို နေရောင်ခြည်နဲ့ အားသွင်းလို့ရအောင် ဖန်တီးတော့
မယ်လို့ သိရပါတယ်။ အရင်ကတည်းက နေရောင်ခြည်နဲ့ အားသွင်းရတဲ့ ဖုန်းများ ရှိပါတယ်။ တောင်တက် ခရီးသွားသူများ၊ ပင်လယ်ခရီးသွားသူများ သုံးဖို့ ဆိုပြီး နိုကီယာတင်မကပဲ အခြားသော ကုမ္မဏီများကလည်း ထုတ်ပါတယ်။ သို့ပေမယ့် အဆင့်မြင့် Function ပါတဲ့ဖုန်းများ မဟုတ်ပါဘူး။ Nokia ကိုယ်တိုင် ကလည်း ဒီဂျစ်တယ်ဖုန်း အဆင့်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ အဆင့်မြင့် နည်းပညာသုံး Nokia ဖုန်းတိုင်းမှာ ဆိုလာစွမ်းအင် ဆုပ်ယူမယ့် နည်းပညာ ပေါင်းစပ်ဖို့ ဖြစ်ပါတယ်။ အလွှာလေး တစ်ခုထည့်ရုံပါပဲ။ သို့ပေမယ့် ယင်းအလွှာဟာ ဖုန်းမှာပါတယ်လို့တောင် မသိရလောက်အောင် ပါးလွှာမယ်လို့ ဆိုပါတယ်။ အခြား ဆိုလာပြား တပ်ဖုန်းများလို့ အခြပ်အကြီးကြီးတွေ မဟုတ်ပါဘူး။ ခပ်ပါးပါး ထိုးဖောက်မြင်ရတဲ့ ဆီလီကွန်လိုအလွှာတစ်ခုမျှ သာဖြစ်ပြီး နေရောင်ခြည်ကို ပြလိုက်တာနဲ့ အလိုအလျောက်စွမ်းအင်တွေ စွဲယူနေစေဖို့ ဖြစ်ပါတယ်။ ခန့်မှန်းခြေ အရကတော့ လာမယ့် Mobile World Congress မှာ Nokia က ယင်းနည်းပညာကို ဝင်ရောက်ပြသမှာ   ဖြစ်ကြောင်း သိရပါတယ်။  မြ၀တီ