This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label VIDEO MUSIC. Show all posts
Showing posts with label VIDEO MUSIC. Show all posts

Tuesday, August 12, 2014

ကေကေတီ+ဗန်းသောဒ့်ကျင်း မူပိုင် (2014)

ကဲ ၀င်ရိုးတန်းက သီချင်းသုံးပုဒ်ယူလာတယ်ဗျာ။ နောက်ဆုံးတင်ထားတာလေးတွေပါဘဲ..။ သူများဥစ္စာလေးတွေ
ကော်ပီကူးတာက လွယ်တယ်လေ.။ ကိုယ့်ဟာကို တင်မယ်ဆို ပစ္စည်းရှာရတဲ့ဒုက္ခ သီချင်းပုံတွေ ထည့်သွင်းရ
တဲ့ဒုက္ခ သီချင်းတွေကို အင်တာနက်ပေါ်တင်ရတဲ့ဒုက္ခတွေ မတွေ့တော့ဘူးပေါ့ဗျာ..။ အဲတော့ မူရင်းတင်ကြတဲ့
သူတွေလည်း အဆင်ပြေအောင် သွားရောက်လည်ပတ်ကြဖို့ တိုက်တွန်းချင်ပါတယ်..။ ကိုမိုး ဒီဆိုက်ကိုတော့
ဖြင့် တတ်နိုင်သမျှ Update ဖြစ်အောင်လုပ်သွားမှာပါ။ တစ်ခြားသော နည်းပညာဆိုက်တွေက တင်သမျှထဲမှ
ကိုယ်ကြိုက်တာလေးတွေလည်း ကူးတင်မယ်။ ကိုမိုးရဲ့ ohnthar.blogspot.com က ပို့စ်လေးတွေလည်း ကူး
ပြီးတော့ တင်ပေးသွားမယ်လို့ စိတ်ကူးထားတယ်။ လောလောဆယ်မှာက ကော်ပီသမားတွေ နာမည်ရနေ
တယ်မဟုတ်လား...။ သတင်းနဲ့ပတ်သက်ပြီးတော့ ကြည့်ကြည့်ပေါ့။ ဖုန်းတွေမှာလည်း ကြည့်ကြည့်ပေါ့ သတင်း
ဆိုက်တွေ နည်းပညာဆိုက်တွေကို ဆော့ဖ်ဝဲသေးသေးလေးထုတ်ပြီးတော့ နာမည်ကြီးနေတာတွေ ရှိတယ်
မဟုတ်လား။ ဆော့ဖ်ဝဲသေးသေးလေးထုတ်တာက မဆိုးဘူးဗျ။ ဒီလိုကော်ပီလုပ်နေတာကတော့ နေ့တိုင်းအချိန်
တစ်ခု ပေးရဦးမှာလေ..။ ဘာပဲဆိုဆို ကိုယ်ကတော့ အကျင့်ဖြစ်နေတော့ ပို့စ်တင်တဲ့ဘက်ကိုဘဲ ဦးစားပေးမှာပါ။
ကိုယ့်ရဲ့ အကျိုးရှိတဲ့အချိန်လေးတွေကို တတ်နိုင်သမျှ အကျိုးများမယ့် သတင်းတို့ နည်းပညာတို့ကို ကြိုးစားပြီး
တင်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်..။ ဒါကြောင့် ဒီဆိုက်လေးကိုလည်း လာလည်ကြဖို့ ဖိတ်ခေါ်လိုက်ချင်
တယ်...။             http://axeltkw.blogspot.com/


အဆင်ပြေပါစေကွယ်...ပြေရင်တော့ Like လုပ်ပြီးအားပေးပါ..ဦး..။
ဒီဆိုက်မှာကတော့ HTML အလုပ်မလုပ်တဲ့အတွက် FB Like က မတွေ့ရဘူးပေါ့ သို့သော်
ပို့စ်တစ်ခု အနေနဲ့တော့ ထည့်သွင်းထားတယ်။ လိုင်းကောင်းရင်တော့ မြင်ရပါတယ်..။

ကေကေတီ ၊ နန္ဒဧရာ လွှမ်းမိုးအမှတ်တရ(2014) (၀င်ရိုးတန်း)

ကဲ ဒီတစ်ခါမှာတော့ဖြင့် ကေကေတီ ၊ နန္ဒဧရာ - လွှမ်းမိုးအမှတ်တရ (Acoustics)(2014) သီချင်းလေးကိုလည်း
အားပေးလိုက်ကြပါဦးစို့ဗျာ..။ ဖိုင်ဆိုက်အနေနဲ့လည်း သိပ်မကြီးတာမို့ ဒေါင်းမယ်ဆိုလည်း ဒေါင်းပျော်တဲ့အနေ
အထားဘဲမဟုတ်ပါလား။ ဘာကြောင့် 50MB နှင့် 60/70 အတွင်းလေးတွေဘဲလေ။ အဲတော့ ကိုယ်ကတော့
အချောင်သမားဘဲဆိုဆို အဲ့လိုသီချင်းလေးတွေ လိုက်ဆွဲတာဘဲဗျာ..။ နားထောင်လို့လည်း အဆင်ပြေပါတယ်။
သူတို့က သီချင်းသမားတွေဆိုတော့ သီချင်းရဲ့ အသံအရည်အသွေး သီချင်းရဲ့ သာယာငြိမ့်ညောင်းမှုတွေကို သိပါ
တယ်။ သီချင်းတွေမှာ Layer တွေ အသီးသီးရှိတယ်ဗျ 128 ဆိုတာပုံမှန်ပါဘဲ။ Bitrate (KB/S) တွေမှာ ချိန်ပေး
ရတယ်လေ။ ဆောင်းဘောက်ကြီးတွေနဲ့ ဖွင့်မယ်ဆိုရင် သို့မဟုတ် အသံကိုကြည်လင်ပြတ်သားစွာ နားထောင်
လိုရင် 192 KB ကိုရွေးပြီးတော့ Converter လုပ်ရပါတယ်။ ဒါတွေကို သီချင်းသမားတွေကတော့ သိတာပေါ့ဗျာ။
ဒါကြောင့်ဒို့တစ်တွေ သီချင်းကောင်းလေးတွေကို အသံအရည်အသွေးကောင်းကောင်းနဲ့ နားထောင်လို့ရတာပေါ့
မိမိကိုယ်တိုင်ပြုလုပ်မယ်ဆိုလည်း ကျုပ်ပြောတာလေးကို သဘောပေါက်ပြီးသကာလပြုလုပ်ကာ နားဆင်ကြပေါ့။
အသံအရည်အသွေးမှာ အရည်အသွေး 32 လောက်နဲ့လည်း နားထောင်လို့ရပါတယ်။ သို့သော်မကောင်းဘူးပေါ့
အရည်အသွေးနိမ့်ချလိုက်ရင် File Size ကလည်း သေးသွားပါတယ်။ ဟိုအရင်ကတော့ ကျုပ်လည်း သူများ မင်မို
ရိုလေးတွေကို သီချင်းထည့်ပေးတော့ ဒါလေးတွေလုပ်ရတယ်လေ။ 2GB လောက်နဲ့ သူတို့က သီချင်းအများကြီး
ရချင်တာဆိုတော့ ဖိုင်ဆိုက်တွေကို တတ်နိုင်သမျှ ခြုံ့ပြီးတော့ သွင်းရတာပေါ့ဗျာ.။

အဲတော့ များများဆံ့တယ်ပေါ့ ခုနောက်ပိုင်းများတော့ မင်မိုရီတွေကလည်း 32GB 64GB 128GB စသဖြင့်
ပေါ်လာတဲ့အခါကြတော့ အသံအရည်အသွေးမြင့်မြင့်လေးနဲ့ နားထောင်လို့ ရတာပေါ့..။ ကဲဒါပါဘဲဗျာ....
သီချင်းအကြောင်းကနေ သီချင်းသီးဖြတ်ခြင်းတွေ ရောက်သွားတယ် လေရှည်တယ်လို့ ထင်ရင်လည်း စာမဖတ်
ဘဲ ကျော်ကာ ဒေါင်းလော့ချသွားကြပေါ့...။ကိုယ့်အတွေ့အကြုံနဲ့ အသိလေးတွေ ပြန်မျှတာပါ..။ ဒီလိုနောလစ်
လေးတွေ သိထားတော့ ပိုကောင်းမယ်ထင်လို့လည်း ပါတာပေါ့လေ..။



အဆင်ပြေပါစေကွယ်...ပြေရင်တော့ Like လုပ်ပြီးအားပေးပါ..ဦး..။
ဒီဆိုက်မှာကတော့ HTML အလုပ်မလုပ်တဲ့အတွက် FB Like က မတွေ့ရဘူးပေါ့ သို့သော်
ပို့စ်တစ်ခု အနေနဲ့တော့ ထည့်သွင်းထားတယ်။ လိုင်းကောင်းရင်တော့ မြင်ရပါတယ်..။

အောင်ရင် - အိမ်အလွမ်း (2014 single) ( ၀င်ရိုးတန်း )

အောင်ရင် ပရိသတ်တွေအတွက် သီချင်းကောင်းလေးတွေတွေ့လို့ ကူးလာတယ်။ ၀င်ရိုးတန်းဆိုတဲ့ ဆိုက်လေးက
ပေါ့ဗျာ။ သူ့ဆိုက်လေးကလည်း မဆိုးဘူးဗျ။ ဘာလဲဆိုတော့ သီချင်းတွေဆိုရင် များသောအားဖြင့် ဖိုင်အလိုက်
တင်ပေးထားတာလေ။ ဒေါင်းလော့ချသူအတွက်လည်း အဆင်ပြေတယ်။ တစ်ပုဒ်ချင်း တင်တာတော့ နဲတယ်
အဲဒါကြောင့် ကိုယ်တောင် အားကိုးအားထားပြုနေရတာပေါ့ဗျာ။ သီချင်းအသစ်တွေရော အဟောင်းတွေပါ ရနိုင်
တဲ့ ဆိုက်လေးတစ်ခုပေါ့ဗျာ..။ အလှမလို ဘ၀အလိုကျ ကပြနေတဲ့ သီချင်းဝါသနာအိုးကြီး ၀င်ရိုးတန်းကိုလည်း
ဝင်ရောက်ကြည့်ရှု အားပေးကြပါဦးကွယ်..။ သူ့ဆီမှာတော့ဖြင့် သီချင်းစုံဘဲ အရင်ကတော့ သူ Mediafire မှာ
တင်တာများတယ်။ ခုနောက်ပိုင်းသီချင်းတွေကတော့ Zipyshare မှာ တင်ထားတာလေးတွေပါ။ အင်တာနက်
စသုံးတဲ့သူများကတော့ Download မြင်တိုင်းနှိပ်တတ်တာ ဓမ္မတာပါ။ သူ့မှာအထှာလေးတွေရှိတယ်။ ဘယ်
ဥစ္စာလေးနှိပ်မှ ဒေါင်းလို့ရတယ်ဆိုတာ ကိုယ့်ဟာကိုနှိပ်ကြီးပါ။ ဒါမှ ပညာတိုးတက်မှာပေါ့ အမှားမကင်းပါဘူး။
ကိုယ်လည်း ဒီဘ၀ကတက်လာသူမို့ပေါ့။ ကဲဗျာ အားလုံးသိပါတယ် ဘယ်လိုဒေါင်းရတယ်ဆိုတာ ဒေါင်းပြီး
နားထောင်နိုင်ကြပါစေ..။



အဆင်ပြေပါစေကွယ်...ပြေရင်တော့ Like လုပ်ပြီးအားပေးပါ..ဦး..။
ဒီဆိုက်မှာကတော့ HTML အလုပ်မလုပ်တဲ့အတွက် FB Like က မတွေ့ရဘူးပေါ့ သို့သော်
ပို့စ်တစ်ခု အနေနဲ့တော့ ထည့်သွင်းထားတယ်။ လိုင်းကောင်းရင်တော့ မြင်ရပါတယ်..။



Friday, August 8, 2014

အွန်လိုင်းမှာ လူပြောများနေတဲ့ ရေသူမနဲ့ပတ်သက်လို့ (ဧရာဝတီ)

အွန်လိုင်းမှာ နာမည်ကြီးပြီး အငြင်းအခုန်ဖြစ်နေတဲ့ ရေသူမ နဲ့ပတ်သက်တဲ့ မူလ ဖန်တီးရှင်ကို တွေ့ပါပြီ။ တကယ်တော့ ဒီ ရေသူမဆိုတာကို Pirates of the Caribbean ဇာတ်ကားထဲမှာ On the Stranger Tides အတွက် ရုပ်လုံးဖော်ကာ ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်။ 



ဒါပေမယ့် အွန်လိုင်း အသုံးပြုသူတွေကြား ရေသူမ ဆိုတာ တကယ်ရှိတယ်၊ မရှိဘူး၊ အွန်လိုင်းမှာ ခေတ်စား
နေ တဲ့ ဓာတ်ပုံ ကလည်း ဒါဟာ ဖိုတိုရှော့ ပါဆိုပြီး ပြောဆိုငြင်းခုန်နေတာတွေလည်း တွေ့ရပါတယ်။ 

တကယ်တော့ ဖိုတိုရှော့လည်းမဟုတ်ပါဘူး။ ရေသူမဆိုတာကို ပညာရှင်တွေစုပေါင်းပြီး စိတ်ကူးနဲ့ ပုံဖော်ခဲ့ ကြတာဖြစ်ပါတယ်။ 

ပညာရင်တဦးပြောထားတာက သူတို့ ဒီရေသူမ ဆိုတာကို တကယ်အသက်ဝင်တဲ့ ပုံရိပ်တခုဖြစ်လာဖို့ 
လေ့လာမှုတွေ အများကြီးလုပ်ခဲ့ပြီး အရိုးစုတွေအကြောင်းလည်း လေ့လာခဲ့ရသလို ငါးတပိုင်း၊ လူတပိုင်း သတ္တ၀ါဆိုတာမှာ ဘယ်လို အရိုးအဆစ်မျိုး ဖြစ်နိုင်မလဲဆိုတာ စိတ်ကူးယဉ်ခဲ့ကြတာပါဘဲတဲ့။

နောက်ပိုင်းမှာ တကယ့် အသက်ဝင်တဲ့ ပုံစံဖြစ်ဖို့အရေး အရောင်တွေကိုလည်း သေချာ စီစဉ်ခဲ့တာ လို့ ဆိုပါတယ်။ လူ့အသားရေနဲ့ ငါး အသားအရေကို ဘယ်လို ဆက်စပ်ပြီးလိုက်ဖက်ညီအောင်လုပ်ဆောင် ဖန်တီးရတာ တကယ့် အနုပညာပါလို့လည်း ပညာရှင်တဦးက ပြောပါတယ်။ 

လူပေါင်းသန်းနဲ့ချီတဲ့ သူတွေကို ရေသူမ တကယ်ရှိတယ်လို့ အငြင်းပွားမှုတွေနဲ့ ထင်မှတ်မှားစေတဲ့ အထိ အနုပညာ မြောက်တဲ့ ရေသူမ အရုပ်ကို သူတို့ ဘယ်လို လုပ်ကြသလဲဆိုတာ အခုအောက်က ရုပ်သံဖိုင်မှာ ဧရာဝတီ ပရိသတ် တွေ ကြည့်ရှုနိုင်ပါတယ်။  

<iframe width="640" height="360" src="//www.youtube.com/embed/?feature=player_embedded" frameborder="0" allowfullscreen></iframe>



အိမ့်သံစဉ် ~



Wednesday, August 6, 2014

အပျိုစင်မလေး Black Dog ရဲ့ Myanmar Song Apk

အပျိုစင်မလေး ဘလက်ဒေါ့ရဲ့ မြန်မာဆောင်း ဆိုတဲ့ အေပီကေလေးကို တင်ပေးလိုက်တယ်..။ ကောင်းမကောင်း
ကတော့ မသိသေးဘူး။ သူ့တင်ထားတဲ့ သီချင်းလေးတွေကတော့ ကောင်းသလိုလိုဘဲဗျ။ နာမည်လေးကတော့
Black Dog ဆိုတာ့ တစ်မျိုးကြီးဘဲနော်..။ဘယ်လိုများ ရွေးထားတယ်မသိ သူလည်း ကိုယ့်လိုဘဲနဲ့ တူပါတယ်..။
ဘာကြောင့်ဆို သများတွေ မလိုချင်တဲ့ မမှည့်ချင်တဲ့ နာမည်မျိုး ရွေးထားပုံပေါ်ပါတယ်။ သို့သော် စိတ်ဝင်စားစရာ
ကောင်းတာကတော့ သူ့မျက်နှာလေးနဲ့ သူမရဲ့ အချိုးကျလှပတဲ့ ကိုယ်လေးပေါ့..။ တစ်ကယ် မြင်ရသူ ရင်ထဲမှာ
စွဲလောက်စရာ ပရိုဖိုင်လေးနဲ့ ဆိုတော့ ကိုမိုးကတော့ နဲနဲစွဲသွားတာပေါ့ဗျာ။ မိုးယုစံတောင် မေ့သွားတယ်။ တစ်
ကယ် သူ့ကိုယ်လုံးလေးက မိုးယုလိုဘဲလေ...မဆိုးလောက်ဘူးဗျာ..ကောင်မလေး ချောလွန်းလို့ သွားတာလား
ဒီခေါက်ဆွဲ ကောင်းလွန်းလို့ စားသာလားဆိုသလိုပေါ့ ကောင်မလေးမျက်နှာ မြင်လိုက်တာနဲ့ မျက်နှာများတယ်ဘဲ
ဆိုဆို မိုးယုရယ် ကိုယ်ကတော့ နဲနဲခိုက်သွားတာကတော့ အမှန်ပါဘဲ..။ မဟုတ်တာတွေ ကောက်ဆွဲထည့် လို
သလို ပြောတတ်ပါတယ်ဆိုနေမှ...နောက်ကျ ရင် ကိုမိုးလည်း ကိုယ့်ပုံလေးနဲ့ ဆော့ဖ်ဝဲ ရေးဦးမှနဲ့ တူပါတယ်..။
သူ့လိုတော့ ချစ်ခံရမှာ မဟုတ်ဘူး အားလုံး ၀ိုင်းဆဲခံရမှာလေ...။ ရုပ်က ဆိုးတာကိုးဗျာ..သို့သော်လည်း ချောတာ
လေးတွေကိုတော့ ကြိုက်တတ်သားနော်...။ ကဲ ဒါပါဘဲ ဒေါင်းချင်ရင် အောက်မှာဒေါင်းကြပါလေ...



သူတင်ထားတဲ့ သီချင်းလင့်လေး..Google Play Music

Myanmar Songs - screenshot 
 Myanmar Songs - screenshot








Myanmar Songs - screenshot

ဒီလင့်လေးက https://www.facebook.com/ohnthar ကိုမိုးရဲ့ Page ပါ Like လုပ်ပြီး အားပေးကြပါဦးကွယ်

Tuesday, July 29, 2014

မူဗီတွေမှာ မြန်မာလိုစာတမ်းထည့်ပြီးကြည့်ကြရအောင်...(itgar)

မူဗီချစ်သူတွေ ဆရာ.တွေ..မူဗီတွေကိုကြည့်ရင်..မြန်မာလိုစာတမ်းလေးထိုးပြီးတော့ကြည့်
ကြည့်ချင်ကြမှာပေါ့.. ကျွန်တော်လည်းအပါဝင်ပေါ့....အချိန်ပေးပေးပြီးတော့..ဘာသာပြန်ပေးထားတဲ့.. ကို  "သူရ " ကိုဒီနေရာကနေပဲ ..creadit ပေးပါတယ်...
original link.... https://www.facebook.com/groups/myanmarsub/



Myanmar Subtitle တွေကို Gom Player နဲ့ ကြည့်ရင်အဆင်ပြေပါတယ် .. "winnwa" Font ရှိထားဖို့တော့လိုပါတယ် .. Gom Player ရဲ့ Perferences ထဲက Subtitle မှာ Subtitle Font ကို "winnwa" Font ပြောင်းပေးလိုက်ပါ .. .. ပုံမမြင်ရရင် Full Screen ကြည့်ပေးပါ .. (အ၀ါရောင်နောက်ခံပုံ)
Myanmar Subtitle တွေကို VLC Player နဲ့ ကြည့်ရင်လည်းအဆင်ပြေပါတယ် .. "winnwa" Font ရှိထားဖို့တော့လိုပါတယ် .. VLC ရဲ့ Tool > Perferences ထဲက Subtitles & OSD မှာ Subtitle Font ကို "winnwa" Font ပြောင်းပေးလိုက်ပါ ..အားလုံးအဆင်ပြေပါစေဗျာ .. ပုံမမြင်ရရင် Full Screen ကြည့်ပေးပါ ..


ကားဟောင်းတွေလိုချင်တဲ့သူတွေအနေနဲ့https://www.dropbox.com/sh/gukxozwgan6y0cy/62hOWZ-Ek3 မှာ ၀င်ရောက်ရှာဖွေယူနိုင်ကြပါတယ်။
စာဖိုင်သစ် တက်တိုင်းသိချင်ရင်တော့https://www.facebook.com/groups/myanmarsub/permalink/352116628248124/ ပိုစ်ကို
like လုပ်ထားကြပါ။
win font မရှိတဲ့သူတွေကတော့https://www.dropbox.com/sh/gukxozwgan6y0cy/3rlDuofUF3/WIN_FONTS မှာ ယူနိုင်ပါတယ်။
GOM player နဲ့ VLC player အသုံးပြုနည်း တင်ပေးတာ က Jemmy Off ပါ။

ကျွန်တော်ကတော့ pot player သုံးပါတယ်.. သဘောတရားချင်းကတော့အတူတူပါပဲ..
ကျေးဇူးတင်ပါတယ်..
ကိုသူရ တင်ပြီးသား subtitle list သွားချင်ရင်ဒီမှာ..သွားကြည့်ပါ...


ကိုမိုးကူးခဲ့တာကတော့ဖြင့်...

Friday, July 11, 2014

Free Video Download ( Tune MOVIE )

ကဲဗွီဒီယိုဇာတ်လမ်းကောင်းလေးတွေကို ကြည့်ချင်ကြသူများအတွက် အကောင့်လည်းဝင်စရာမလိုတဲ့ Free လည်းဆွဲလို့ရ ဆွဲလို့လည်းကောင်းတဲ့ဆိုက်လေးတစ်ခုကို ညွန်ပြချင်ပါတယ်.။ ဆိုက်နာမည်ကတော့ Tune MOVIE ပါ Viooz လိုတော့ မဟုတ်သေးဘူးပေါ့ဗျာ.။ အဲဒီဆိုက်ကလည်း လူကြည့်များလာလို့နဲ့တူပါတယ် ။ အကောင့်တွေ ရှောက်လုပ်ခိုင်းနေတာနဲ့ ကိုမိုးလည်း ကြော်ငြာမပေးတော့ဘူး။ ကိုယ်ကတော့ အကောင့်တွေ
လုပ်ခိုင်းတဲ့ ဆိုက်တွေဆို ရှောင်တော့တယ်ဗျာ ဟိုကလည်း လုပ်ခိုင်း ဒီကလည်းလုပ်ခိုင်းနဲ့ ဒီကအကောင့်တွေ
ကို မှတ်မိတာမဟုတ်ဘူးလေ။ ဒီတော့ ဒီတိုင်းဘဲ စိတ်ကြိုက်ဆွဲလို့ရတဲ့ဆိုက်ကိုဘဲ အားပေးတော့တယ်ဗျာ.။
ဇာတ်လမ်းတွေကတော့ အတော်စုံပါတယ်.။  ဖိုင်ဆိုက်လည်း သိပ်ကြီး မကြီးလှဘူးပေါ့ဗျာ 300/ 400 ၀န်းကျင်
ဆိုတော့ ဆွဲပျော်ပါတယ်...။ ကဲဒါဘဲ....သွားလိုရင် အောက်လင့်အတိုင်းဘဲ...။ အခြားဆိုက် နှစ်ခုပါ တစ်ပါတည်း
ထည့်ပေးလိုက်သည်...။
http://tunemovie.so/  အခြားဆိုက်များ http://watch32.com/

Friday, July 4, 2014

စက်ရုပ်များ တီထွင်မှုတွေကတော့ အမြဲတမ်း ဆန်းသစ်နေတယ်နော်

စက်ရုပ်တွေ တီထွင်ထားပုံကလည်း စိတ်ဝင်စားစရာ အတော်ကောင်းပါတယ်.။ တစ်ကယ်ပါ..ကိုမိုးတော့ ဒီလို
မျိုး စိတ်ကူးတောင် မရှိပါဘူး သူတို့တစ်တွေရဲ့ စိတ်ကူးစိတ်သန်းတွေကလည်း အတော်ကောင်းသကိုး ဖြစ်အောင်
လုပ်နိုင်စွမ်းကလည်း ချီးကျူးစရာပေါ့...။ ဆက်လက် ရှုစားပါဦး..









ကဲ ဒီလောက်ဆိုရင် သူနဲ့ ပါတ်သက်တာတွေ ကျလာပါလိမ့်မယ် ကြည့်ရှုနိုင်ကြပါစေ....ကြည့်ပြီးသကာလ
ဗဟုသုတ များစွာ ရရှိကြပါစေ.....

Wednesday, July 2, 2014

Shakira ရဲ့ La La La (Brazil 2014)

Shakira ရဲ့ La La La သီချင်းကလည်း အတော့်ကို အောင်မြင်ပါလားကွယ်ရို့ ကျုပ်ကတော့ ခုမှ ကြည့်ဖူးတာ မရှာဖြစ်ဘူးလေ..။ ဒီတော့ မကြည့်ရဘူးပေါ့ဗျာ ခုကြည့်လိုက်တော့ ကြည့်ရှုသူ သန်းပေါင်း 18 ကုဋေ 6 သန်း 7သိန်း သုံးသောင်းတောင် ကျော်နေပါလား တင်တာကတော့ တစ်လလောက်ရှိပြီပေါ့ဗျာ..။ အဲဒီလိုဗျ သူများတွေ
ကတော့ ဗွီဒီယိုလေး တစ်ဖိုင်ကို လူတွေအဲဒီလောက် စိတ်ဝင်စားကြတာ ကျုပ်တို့များ နာမည်မရှိတော့ မကြည့်နဲ့
ကြည့်လိုက်ရင် 5 ယောက်လောက် တစ်ခါတစ်တော့လည်း ကြည့်သူမရှိလို့ 0 သုံညဖြစ်နေတတ်တယ်။ ကံခြင်း
နာမည်ခြင်းက ကွာသကိုးကွယ်..။ မကြည့်ရသေးရင် ဒေါင်းပြီး ကြည့်ပါ အတော်ကောင်းတဲ့ သီချင်းဗျ။ သူနဲ့ ဆင်
တူ နာမည်တွေအများကြီးဘဲ ။ PSY ရဲ့ သီချင်းတုန်းကလိုပေါ့ဗျာ နာမည်တူ သီချင်းတူနဲ့ သရုပ်ဆောင်ကွဲတာတွေ
က မနဲဘူးဗျာ..။ ကဲ သူများတွေ အောင်မြင်တာကို ကြည့်ပြီး အားကျစရာဖြစ်အောင် ကြိုးစားကြတာပေါ့ဗျာ..။

Saturday, June 28, 2014

Katy Perry - Dark Horse (Official) ft. Juicy J

ခုကိုမိုးသဘောကျတဲ့ သီချင်းလေးကို ရှယ်ပေးလိုက်ပါတယ်ဗျာ။ ဘာလဲဆိုတော့ ဒီသီချင်းလေးက အတော်လေး
ကို ကြိုးစားထားတဲ့ သီချင်းလေးပါ..။ ကြည့်ရတာ အလွန်ကောင်းပါတယ်..။ သီချင်းကတော့ ဒို့မြန်မာတွေလိုပါဘဲ
သမိုင်းနောက်ခံသီချင်းပါ..။ ကြည့်ချင်ကြမလားလို့ တစ်ကယ်သရုပ်ဆောင်ရော အဆိုရော စပါယ်ရှယ် ကောင်းတဲ့
သီချင်းမို့ အခမဲ့ ကြော်ငြာလိုက်တာပါ..။ စိတ်ဝင်စားရင် ကြည့်နိုင်ပါတယ်...။ မနေ့ကမှ တင်တဲ့သီချင်းထင်တာဘဲ
ဗျာ အီးမေးထဲလှမ်းပို့ထားလို့ ကြည့်လိုက်တော့ အကြိုက်သီချင်းလေးဖြစ်နေတယ်..။

Wednesday, June 25, 2014

မိုက်နောင်တ (တေးဆို=ဟိန်းဇော်) ၀တုတ်လေး


မိုက်နောင်တနှင့် ၀တုတ်လေးသီချင်း နားထောင်ဖူးကြလား ကိုမိုးကတော့ ခုမှနားထောင်ဖူးတာ ကောင်းလို့ တင်လိုက်တယ်ဆိုပါတော့။ သီချင်းကတော့ တစ်ကယ်ကောင်းတယ်နော်..။ မှတ်သားစရာတွေချည်းပါဘဲ..။
အဆိုတော်ကလည်း ကလေးအဆိုတော်ပေါ့ဗျာ။ သူ့အမည်က ဟိန်းဇော် အညာသားပေါ့ဗျာ။ အညာမှာမွေးတဲ့
ကိုမိုးလည်း အညာသီချင်းအေးအေးလေးတွေလည်း ကြိုက်ပါတယ်။ DJ တွေလည်း ကြိုက်ပါတယ် ကဲခုတော့
အညာသား မြို့ကြီးသားတွေအတွက် အဖြစ်များတဲ့ မိုက်နောင်တတွေ မဖြစ်ရလေအောင် သူက ဘယ်လိုများ
သီဆိုပြီးတော့ ဘယ်လိုများပြသွားသလဲ ပညာပေးသလဲဆိုတာ သိချင်မှာပေါ့ သိချင်ရင် ဒီတိုင်းမရဘူး ကြည့်
မှ မြင်ရမယ်..။ ကြည့်မှ သိမယ် ဒီသီချင်းက တိုင်းပြုပြည်ပြုသီချင်းဆိုလည်းဟုတ်တယ် ဘာကြောင့်လည်းဆို
တော့ လူငယ်တွေမပြက်စီးသင့်တာ မပျက်စီးအောင်ဆိုထားတဲ့ သီချင်းမို့ပါ..။ လူငယ်ဆို ကိုမိုးလည်း လူငယ်
ပါဘဲ မကြီးသေးပါဘူး..။ ကဲကဲ ပြောနေတာကြာတယ် ဆွဲလို့သာ ကြည့်လိုက်ပေတော့...အပြောမပို သဘော
နော် ချိုဆိုသလိုပေါ့....သီချင်းကလည်း ကောင်းမှကောင်းပေါ့...။




Friday, June 20, 2014

Myanmar Move မြန်မာစာတန်းထိုးဇာတ်ကားများ ဒေါင်းဖို့

အင်္ဂလိပ်ကားပေါ့ နိုင်ငံခြားဇာတ်ကားလေးတွေ ဒေါင်းကြည့်ချင်ရင်တော့ ဒီဆိုက်လေးကလည်း မဆိုးပါဘူး။ တည်
ထောင်တာတော့ ကြာဦးမည်မထင်။ အသစ်တွေတော့ သိပ်မမြင်ရသေးဘူးဗျ  ဇာတ်ကားအဟောင်း 2013 က
ထွက်တဲ့ ဇာတ်ကားတွေကို စာတန်းထိုးအနေနဲ့ ဒေါင်းယူ ကြည့်ရမယ့် သဘောပါ။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ
တော့ Update ဖြစ်လာမယ်လို့ ထင်ပါတယ်။ သူများဆိုက်တွေမှာလည်း ကြော်ငြာနေကြတာဆိုတော့ ခဏအတွင်း
အောင်မြင်မှု ရရှိမယ့် ဆိုက်လေးတစ်ခုပါဘဲ။ ကဲ ကိုယ်လည်း သူများကို ကြော်ငြာပေးရတာနဲ့ အချိန်ကုန်နေတယ်။
ကိုယ့်အတွက် အောင်မြင်မှုတစ်ခု မှတ်တိုင်တစ်ခုတော့ ကျန်အောင် လုပ်ဦးမှ ဖြစ်မယ်..။ အတ္တဟိတ မလုပ်ဘဲ - ပရဟိတတွေချည်းဆိုလည်း မကောင်းဘူးလေ။ အတ္တ-ပရ ညီမျှ မှ ကောင်းမယ်မဟုတ်လား။ ဒီတော့ ချိန်ခွင်ညှိကြ
တာပေါ့ဗျာ။ ပရတွေချည်းလည်းမလုပ်နဲ့ အတ္တဟိတတွေချည်းလည်း မလုပ်ရဘူးပေါ့ ဒီလို ဒီလို ...မည်သူမဆိုပေါ့
ကိုယ့်အတွက် မလုပ်ရင်...ကိုယ်ဘယ်အောင်မြင်မလဲ...ဒီတော့ ဇာတ်လမ်းစမှ တော်လိမ့်မည်...။ သို့မဟုတ်လျှင်...
မောင်ကျန်ရစ်ကြီး ဖြစ်ပေတော့မည်....။ ဗွီဒီယိုများ ဒေါင်းလိုက အောက်ကလင့်မှာ ဒေါင်းကြပါလေ..။ ရေးသားမှု
တွေ လိုအပ်ခဲ့ရင်လည်း ခွင့်လွတ်ဗျာ မည်သူမျှ အမှားမကင်းပါဘူး မှားသွားရင်တော့ ဆောရီးပေါ့။ IDM နဲ့ ဒေါင်းရ
တာ အဆင်မပြေရင်တော့ Spark Browser လေးနဲ့ ဆွဲလိုက်ပါ...။ ဆွဲကြည့်မလား ၀ယ်ကြည့်မလား ဒါကတော့
မိမိကိုယ်တိုင် ရွေးချယ်မှုပေါ့ ၀ယ်ကြည့်ရင် တစ်ထောင်ဘိုး သုံးခွေ ခြောက်ကားနဲ့မြောက်တော့ 6x3= 18 ကား
ကြည့်ရမယ်ပေါ့။ သူကတော့ တစ်ထောင်ဘိုးလောက်ဖြုန်းမှ အလွန်ဆုံး နှစ်ကားလောက် ကြည့်ရမယ်။ ၀ယ်မယ်
ဆို ဇာတ်ကားအကြည်ဆို တစ်ခွေ 500 နှုန်းလည်း ရှိတယ် စိတ်ကြိုက်သာ လုပ်ပေတော့...။

Tuesday, June 10, 2014

PSY - HANGOVER ရွာပြန်ရောက် အမှတ်တရ သီချင်းလေး တစ်ပုဒ်


ရောက်ရောက်ချင်း ဘာမှမတွေ့တတ်ဘူးလေ ဒါကြောင့် ကိုမိုးအတွက် အသစ်လေးဖြစ်တဲ့ PSY ရဲ့ HANGOVER feat ဆိုတဲ့ သီချင်းလေးနဲ့ စတင်လိုက်ရင်များ ကောင်းမလားလို့ သီချင်းနဲ့ စတင်နုတ်ဆက်လိုက်ပါတယ်..။
အားလုံးသော ဘော်ဒါများ ကျုပ် ““ မိုးကောင်းကင် ဖောင်းပြင် ”” မသေသေးပါဘူး..လိုင်းပေါ်ကို
ပြန်တက်လာနိုင်သေးတယ်ဆိုတဲ့ အကြောင်း သတင်းကောင်းပါးလိုက်သည်....။

Monday, December 30, 2013

အချစ်စွမ်းအား...သီချင်းနှင့် စကားစမြည်...ခဏတာပြောကြားခြင်း...

ဒီသီချင်းရဲ့ ဘ၀ဇာတ်ကြောင်းလေး ဒီနေ့ သိလာရတယ်... ဒီသီချင်းကို ရေးသားသူ အစစ်ကတစ်ယောက်ပေါ့.. .သို့သော်လည်း...သီချင်းရေးသားသူ အစစ်မှာ တေးရေး မည်သူဆိုတာတောင် အထည့်မခံခဲ့ရတဲ့ ကိုယ့်အ ချစ်တော် ချစ်ကိုကြီး တစ်ယောက်ဖြစ်နေလေရဲ့... ကိုယ်မသိခဲ့တာအမှန်....ဒီသီချင်းကတော့ လွန်ခဲ့တဲ့ 10နှစ်ကျော်လောက် ကအောင်မြင်ခဲ့တဲ့ သီချင်းပေါ့ဗျာ...ကိုမိုးကိုယ်တိုင်တော့ သိပ်နားမထောင်ဖြစ်ပါဘူး သူ့ရဲ့ ဘ၀ဇာတ်ကြောင်း မေးမြန်းကြည့်မိလို့ သိလာတာလေးပါ...... တစ်ကယ်တော့ ကိုယ်မြန်မာပြည်သား အချင်း ချင်းတွေဘဲဗျာ...တေးရေး မည်သူမည်ဝါဆိုတာတော့ ထည့်သင့်တာပေါ့...သူဟာ ငယ်သေးတယ်..တက်လမ်း လည်း ရှိတယ်...ဆိုရင် ပိုလို့တောင် အားပေးရဦးမယ်လေ...ခုတော့ သူ့ဘ၀က....စစချင်း ဆောက်နဲ့ ထွင်းခံရသ လို....ဦးနှိမ်ခံရိုက်ချိုးခံလိုက်ရတဲ့ ဘ၀ပေါ့ဗျာ...တစ်ကယ် ၀မ်းနည်းစရာကောင်းပါတယ်......


ဘယ်နေရာဘဲဖြစ်ဖြစ်ပေါ့..အဲဒါတွေ ကြားရတော့ ကိုမိုးလည်း သိပ်စိတ်မကောင်းဘူးဗျာ....သြော် အနုပညာဆိုပေမယ့် ဒါကလည်း အကြမ်းဖက် ပညာတစ်ခုလို ဖြစ်သွားတာပါလားလို့ပေါ့......
ဒါတွေကြောင့်လည်း အနုပညာလောက စာပေလောကမှာ...စာကောင်း
ပေမွန် အထွက်နည်းသည် ထင်ပါ့ဗျာ...ကိုယ်ရေးသားထားသည်မဟုတ်ဘဲ
ကိုယ်ရေးသလိုလုပ်....တော့ မူရင်း ရေးသားသူခမျာ ဘယ်လိုနေမလဲ.....
ဒီတော့ အတွေးအခေါ်ကောင်း စာအရေးအသား ကောင်းမွန်တဲ့သူတွေဟာ
ရှေ့ကို ရောက်မလာဘဲ နောက်တန်းမှာ နေနေကြရတယ်....ဆိုတော့.....
ဘယ်မှာ သီချင်းကောင်းတွေ ထွက်တော့မလဲဗျာ.....

ဒါကတော့ သူ့ရဲ့ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ အမှန်တရား တစ်ခုကို ဖွင့်လှစ်ပြလိုက်တာပါ...သီချင်းကြိုက်တဲ့သူတိုင်း မြန်မာပြည်က လူပေါင်းများစွာ ဒီသီချင်းကို နားဆင်ဖူးမှာပါ....
ပထမ သီဆိုသူက ကောင်းတယ်တဲ့....သူက ကီး 8 ချက်နဲ့ ရေးထားတဲ့
သီချင်းလို့လည်း ပြောတယ် ကိုမိုးတော့ နားမလည်ဘူးနော်...
နောက်သီဆိုတဲ့သူကတော့ 7.3 လောက်တော့ ရတယ်ပေါ့.....

သူ့ရဲ့ ကီးနဲ့တော့ သိပ်ကြီး မကိုက်ဘူးပေါ့....ဒီသီချင်းကတော့ ဟိုတစ်ချိန်က
ကာလသားတွေ ပါးစပ်ဖျားမှာ စွဲနေမယ့် သီချင်းပါ...ခုခေတ်လည်း ဂစ်တာ
ဝါသနာရှင်တွေ....သီဆိုနေကြဦးမှာပါ.....

ကိုယ်လည်း သူ့သီချင်းကို အင်တာနက်မှာ ရှာပြီး နားထောင်စမ်းကြည့်တော့
အတော်ကောင်းတယ်ဗျ......သူ့ဘ၀ သူ့နဲ့ တိုက်ဆိုင်တဲ့သီချင်း တစ်ကယ့်
ရင်တွင်းက အံကျ ထွက်ပေါ်လာတဲ့ စကားလုံးတွေနဲ့ သီကုံးထားတဲ့...
သီချင်းတစ်ပုဒ်ပေါ့ဗျာ.......

တစ်ကယ်ဆိုရင် မြှေက်စားသင့်တာကို မြှောက်စားပေးရမယ်လေ...
ရေးသားသူ အမည်လေးတော့ ထည့်ရမယ်လေ..နော်...ဒီဇာတ်ကြောင်းလေးလိုဘဲ ခုခေတ်မှာ နည်းပညာတွေ အတော်များများ ရေးသားနေကြတယ် သတင်းတွေရေးသားနေကြတယ်...ရေးသားသူကို အသိအမှတ်ပြုတဲ့အနေနဲ့
ရေးသားဖော်ပြနေတာကိုလည်း တွေ့ရတယ်...အဲဒီလို မြင်တွေ့လာရတာ
ဝမ်းသာပါတယ်...

သို့သော်လည်း ခုပြောခဲ့တဲ့ ဘ၀ပုံပြင် အမှန်ကတော့ ...ငယ်ရွယ်သူဆိုတော့
ပိုခံစားရလိမ့်မယ်ထင်ပါတယ်....လူတွေမှာ အစွဲအလန်းကြီးတတ်ကြတယ်..
ကိုယ့်ချစ်အစ်ကိုကြီးလည်း ဒီစိတ်တွေလည်း နဲနဲပါမှာပေါ့....သူ့ဘ၀ သိပ်မအောင်မြင်ရှာဘူး...ဘာလို့ဆို ဦးချိုးခံထားရတယ်လေ...တောက်မယ့
မီးခဲ တစ်ရဲရဲကို မီးသတ်ပိုက်နဲ့ထိုးခံရသလို နေမှာပေါ့ဗျာ....

ကဲ ဒါလေးပါဘဲဗျာ...သူရေးသားခဲ့တဲ့ စာသားလေးကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ်...နောက်အဆိုတော် တစ်ယောက် သီဆိုထားတာလေး နားထောင်ပြီး ပြန်လည်း ချရေးထားတာလေးပါ......

အချစ်ရဲ့စွမ်းအား..

အိပ်စက်သွားတဲ့ ငါ့နှလုံးသား..မင်းနဲ့တွေ့မှ နိုးလာတယ်..
ကွဲသွားတဲ့ အသဲဒဏ်ရာ...မင်းရဲ့လက်နဲ့ ပြောက်ကုန်ပြီ...
ဟောင်းနွမ်းခဲ့တဲ့ အိမ်မက်များ..အေးစက်မဲမှောင် ငါ့ညများ...
အိမ်မက်သစ်တွေ မွေးဖွါးလို့ ..ရင်ကိုနွေးထွေးသွား အကြင်နာညများ လင်းလက်သွား..
အွန်...သွေးကြောထဲမှာ လည်ပတ်နေ...မင်းလေးပေးတဲ့ အားအင်တွေ..ကိုယ့်ဘ၀ရဲ့ အနက်အဓိပ္ပါယ်ဟာ..
မင်းတစ်ယောက်ထဲအတွက် ဖြစ်လာတယ်...အိုး...ဘ၀နဲ့ ခရီးကို အတူလျှောက်မယ်...
ဆင်းရဲချမ်းသာ မျှဝေမယ်...အားပေးနားလည် ချစ်သူရယ်...သေချာတဲ့အဖြေဟာ ကိုယ်နဲ့ မင်းနဲ့ မခွဲတော့ဘူး..
အရာရာပိုင်ဆိုင်သမျှ အားလုံးမင်းအတွက်..စိတ်နဲ့ခန္ဓာ ကုန်လုံးဘဲ ယုံကြည်နားလည်နေမှု ရှင်သန်နေမယ် ချစ်ခြင်းများ..
ဒဏ်ရာတွေ မရှိဘူး..ကိုယ့်ရဲ့ နံဘေးနား မင်းရှိနေရင် ရင်ဆိုင်ရဲတယ်...အန္တရာယ်အားလုံး..နင်းဖြတ်သွားမယ် အချစ်စွမ်းအား..
အိုး အချစ်...

သွေးကြောထဲမှာ လည်ပတ်နေ...မင်းလေးပေးတဲ့ အားအင်တွေ..ကိုယ့်ဘ၀ရဲ့ အနက်အဓိပ္ပါယ်ဟာ..
မင်းတစ်ယောက်ထဲအတွက် ဖြစ်လာတယ်...အိုး...ဘ၀နဲ့ ခရီးကို အတူလျှောက်မယ်...
ဆင်းရဲချမ်းသာ မျှဝေမယ်...အားပေးနားလည် ချစ်သူရယ်...သေချာတဲ့အဖြေဟာ ကိုယ်နဲ့ မင်းနဲ့ မခွဲတော့ဘူး..
အရာရာပိုင်ဆိုင်သမျှ အားလုံးမင်းအတွက်..စိတ်နဲ့ခန္ဓာ ကုန်လုံးဘဲ ယုံကြည်နားလည်နေမှု ရှင်သန်နေမယ် ချစ်ခြင်းများ..
ဒဏ်ရာတွေ မရှိဘူး..ကိုယ့်ရဲ့နဘေးနား မင်းရှိနေရင် ရင်ဆိုင်ရဲတယ်...အန္တရာယ်အားလုံး..နင်းဖြတ်သွားမယ် အချစ်စွမ်းအား..

ဒီတစ်ယောက်ထဲဘဲ..လက်တွဲသွားမယ် တစ်သက်လုံးဘဲ...အိုး..ချစ်....အချစ်နဲ့ဘ၀ကို တည်ဆောက်မယ် ပေးဆပ်ခြင်းနဲ့ အရယူမယ်..
စိတ်ချလိုက်ပါ ချစ်သူရယ်..သေချာတဲ့အဖြေဟာ ကိုယ်နဲ့ မင်း မခွဲတော့ဘူး...။

မိုးကောင်းကင် ဖောင်းပြင်....

နောက်နောင်အခါ ဒီလို မဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ရေးလိုက်တာ....လူငယ်တွေရဲ့ တက်လမ်းကို...ပိတ်ဆို့
တားဆီးသည်ကို မြန်မာပြည်သူ ပြည်သားအားလုံး မလုပ်စေချင်သည့်အတွက်ပါ...။
မြန်မာပြည်မှာ မွေး မြန်မာပြည်မှာ နေထိုင်ကြတဲ့ ညီအစ်ကိုတွေဟာ တစ်ဦးကို တစ်ဦး...ထိုဘ၀ပုံပြင်လို....
မလုပ်စေချင်တဲ့အတွက်ပါ....တစ်ကယ်တော့...ခံရသူလည်း မကောင်းပါဘူး လုပ်တဲ့သူအတွက်လည်း တစ်ကယ်
မကောင်းပါ...ဒီဘ၀ဇာတ်ပုံပြင်ကို ပမာထား မမှားကြဖို့ မေတ္တာရပ်ခံရင်းဖြင့်.......
 

Sunday, December 29, 2013

The Hobbit: The Desolation of Smaug (2013)


Directed by: Peter Jackson
Year: 2013 | Duration: 161 min
Genre: Adventure, Fantasy
Starring: Ian McKellen, Martin Freeman, Richard Armitage
Country: USA
Language: English
The dwarves, along with Bilbo Baggins and Gandalf the Grey, continue their quest to reclaim Erebor, their homeland, from Smaug. Bilbo Baggins is in possession of a mysterious and magical ring. 

Wednesday, December 11, 2013

မြန်မာ ဇာတ်ကားတွေ ကြည့်ချင်ကြတဲ့သူများအတွက်..

ကဲ မနေ့ကတော့ facebook မှာ ပို့စ်တင်လိုက်တယ်ဗျာ။ ခုလည်း အမှတ်တရအနေနဲ့ ဘလော့မှာ ပြန်တင်ပေး
လိုက်ပါတယ်။ YouTube မှာ တင်ထားတာလေးတွေဆိုတော့ ဒေါင်းလို့ အဆင်ပြေမှာပါ..။ မပြေရင်လည်း ကျုပ်ဆိုက် ညာဘက်ခြမ်းမှာDownload Facebook, Youtube Videos
ဆိုပြီး လင့်လေး ရှိတယ်နော်။ အဲဒီကောင်နဲ့တာ ဒေါင်းလိုက်ပါ။ မြန်မာဇာတ်လမ်းတွေကတော့ အတော်များ
များ ရှိတယ်ဗျာ။ ကျုပ်အနေနဲ့ကတော့ တင်လည်း မတင်နိုင်ဘူး ရှိလည်း မရှိဘူး ကြည့်တာလည်း သိပ်မ
ကြည့်ဖြစ်ဘူးလေ..။ လိုင်းကောင်းလို့ ဒေါင်းလော့ချပြီး ကြည့်ချင်တယ်ဆိုရင်ဖြင့် ကြည့်ကြပေါ့ ဖိုင်ဆိုက်တွေ
ကလည်း သိပ်မကြီးတာမို့ ဒေါင်းရတာ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ကဲ မြန်မာဇာတ်လမ်းတွေကို နှစ်
သက် သဘောကျကြတဲ့ ကိုယ့်နှမလေးတွေ အတွက်ပေါ့ကွယ်...ဒေါင်းကြပေဦးတော့ ဗျို့....။

Thursday, December 5, 2013

ဆင်ပေါက် - ပြန်ဆုံတိုင်း 2013 (Axlerose)

ကဲ သီချင်းလေးတွေ မကြော်ငြာရတာလည်း နဲနဲကြာပြီဆိုတော့ ပြန်လည်ကြော်ငြာပေးလိုက်ပါတယ်။ ကိုယ့်
အတွက်လည်း ပါတယ် ငါ့ညီများအတွက်လည်း ပါအောင်ပေါ့ဗျာ။ အထူးသဖြင့်ကတော့ အွန်လိုင်းမှာ တစ်ပုဒ်
ချင်း ဒေါင်းတာထက်စာရင် ကိုယ်ကတော့ Album အလိုက် ဒေါင်းလော့ချရတာကို ပိုပြီးတော့ သဘောကျလို့
ပါ။ ဘာလဲဆိုတော့ တစ်ခါဒေါင်းတာနဲ့ တစ်ခွေလုံး ပါတယ်လေ။ သို့မဟုတ်ရင် ဘယ်စီးတီးကမှန်းလည်း မသိ
သူငယ်ချင်းတွေက မေးရင် သူတို့က စီးရီးနဲ့ လာတာလေ။ ဘယ်စီးရီးထဲက ဘယ်သီချင်းလေးဆိုရင် ကိုယ့်မှာ
ရှိတာကတော့ ရှိတာပေါ့။ ဘယ်နားရှာလို့ ရှာရမှန်းလည်း မသိဘူးလေ။ အဲဒါကြောင့်ပါ...။ သီချင်းသွင်းချင်တဲ့
ညီမတွေ နှမလေးတွေကလည်း ဒီလိုဘဲ သူတို့က ဘယ်သီချင်း အဆိုတော် ဘယ်သူ ဒီလိုလာပြောတာကများ
တယ်လေ။ အဲတော့ ကိုယ့်မှာ ရှိတာတော့ ရှိပါနဲ့ ရောသမမွှေဖြစ်နေတော့ ရှာရခက်တာပေါ့ဗျာ။ကဲ ဒီမှာက
တော့ ဖရီးအမုန်းဆွဲဘဲနော်။ ဆွဲနိုင်သလောက်ဆွဲ အင်တာနက်ဖိုးဘဲ ကုန်မယ်။ တစ်ခြားဆိုက်မှာ ရောင်းတာ
တွေ ၀ယ်ချင်တယ်ဆိုလည်း သဘောရှိတဲ့အတိုင်းပါဘဲ။ ကိုယ်ကတော့ အင်တာနက်ဖိုးကို အနိုင်နိုင်ဘ၀မို့
အားပေးချင်ပေမယ့် ဖရီးလေးတွေ လိုက်ရှာပြီး ဒေါင်းတာကိုတော့ ခွင့်လွတ်ပါကွယ်..။ ကဲ အားလုံးဘဲ ဆင်ပေါက်ရဲ့ ပြန်ဆုံးတိုင်းဆိုတဲ့ သီချင်းလေး ဘယ်လိုလဲဆိုတာ မြည်းစမ်းကြည့်ကြပေါ့..ဗျာ..။ မူရင်း Upload
တင်သူကတော့ Axlerose ဆိုတဲ့ blogspot ဆိုက်လေးကပါ။ ကျုပ်အနေနဲ့ အကြိုက်တွေ့တာကတော့ အများ
အားဖြင့် blogspot.com သမားတွေကို သဘောလည်းကျတယ်။ အမှန်အကန်သမားများတယ်လေ။ မယုံရင်
Google မှာ ရှာကြည့်ပါ။ .com တို့ .net တို့ .org တို့ ဆိုက်တွေက ယေဘုယျအားဖြင့် ရောင်းတာတွေ Key တို့
Patch ဖိုင်မပါတဲ့ အရာတွေ ပေးတာများတယ်။ နောက်ပြီး အ၀ယ်ခိုင်းတာများတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့
ကတော့ blogspot.com သမားတွေကို ယုံကြည်တယ်။ blogspot.com လို့ မြင်လိုက်တာနဲ့​ နည်းပညာဆိုက်ဆို
လည်း ဒါကတော့ ရောင်းတဲ့ ဆိုက်တွေမဟုတ်ဘူး လိုက်ရှာဦးမှဘဲ ဆိုပြီး ရှာလည်းရှာဖြစ်တယ် ဒေါင်းလည်း
ဒေါင်းဖြစ်ပါတယ်...။ ကဲ ဒါပါဘဲ နောက်ကဥစ္စာတွေက ဗဟုသုဖြစ် ထည့်လိုက်တာ....။

Sunday, November 24, 2013

THE FAMILY (2013) 412MB


ဒီမိသားစု ဇာတ်ကားလေး ကြည့်ဖူးကြလား ထွက်တာမကြားသေးဘူးလေ။ ဒီဇာတ်ကားကတော့ဗျာ မိသားစု လေးယောက်စလုံးက စရိုက်ကတော့ ခပ်ကြမ်းကြမ်းပါဘဲ။ သီးခံစိတ် အားနဲတယ်လို့ ပြောရမယ်။ သို့သော်လည်း မြန်မာလူမျိုးတွေမှာ တစ်ခါတစ်လေတော့ ဒါမျိုးစိတ်လေးတွေ ဖြစ်သင့်ပါတယ်။ အတိုချုပ် 
ပြောရမယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့လည်း ကြည့်သင့်တဲ့ ဇာတ်ကားပေါ့။ ယောက်ျားလေးတွေ လည်း တစ်ကယ် ကြည့်သင့်ပါတယ်။ ဇာတ်ကားက အတော့်ကို ဆွဲဆောင်မှုရှိတယ်ဗျ။ သမီးလေးကလည်း အချောလေး ချောတယ်ဆိုပြီး သွားမစမိနဲ့ သူမကြိုက်လို့ကတော့ သွား သုံးဆယ့်နှစ်ချောင်း စလယ်တောင်း
နဲ့ ကောက်ဖို့ရာပြင်ဘဲ။ မြန်မာမိန်းကလေးတွေကို ကျုပ်အနေနဲ့ ဒါမျိုးလေးတွေ ဖြစ်စေချင်တယ် ဘာလို့
လည်းဆိုတော့ ယောကျာ်းတွေရဲ့ အနိုင်ကျင့်မှုကို မခံရအောင်ပေါ့ဗျာ။ ဒါကြောင့် ကြည့်သင့်တယ်လို့ ပြော
တာပေါ့။ မြန်မာမိန်းကလေး အတော်များများက ကြောက်တတ်တဲ့ ရောဂါရှိတယ်လေ။ ဒါကြောင့်ပါ။ Boy တွေ အတွက်ကတော့ ဘာကောင်းသလဲဆိုတော့ ကြည့်လို့ကောင်းတာပေါ့ဗျာ ဗဟုသုတကတော့ ယူတတ်ရင် ရမယ်ပေါ့။ ကဲဒါလေးပါဘဲ တစ်ကယ်ကြည့်ကောင်းပါတယ်။ အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။

ကဲ အားလုံးဘဲ အဆင်ပြေကြပါစေ....ကိုယ်လည်း သိပ်အလုပ်မလုပ်ချင်တာရယ် စိတ်မပါတာရယ်ကြောင့်
ပို့စ်တွေ မတင်ဖြစ်တာပါ။ လူလည်း နဲနဲ နေမကောင်းဘူး ခါးနာနေတာ...အထိုင်များတော့ ဖြစ်တာပေါ့ဗျာ
ဒါကြောင့် ငါ့ညီများလည်း အနေအထိုင် တတ်နိုင်သလောက် ဆင်ချင်ကြပါ။ 
အသက်ကိုဥာဏ်စောင့်
ဥစ္စာကို ကံစောင့်တယ်တဲ့ဗျာ...။

ကျုပ်တို့တစ်တွေဟာ ငယ်သေးတယ်ကွာဆိုပြီး သိပ်ကြီး အလုပ်မလုပ်သင့်ဘူး သူ့အတိုင်းအတာ တစ်ခုလောက်ဘဲ လုပ်သင့်တယ်။ အဲဒီလိုဘဲ မြင်ပါတယ်...
ကဲ အားလုံး ဘဲ မိမိတို့ရဲ့ လျှောက်လှမ်းရမယ့် ဘ၀ခရီးကြမ်းမှာ ဘ၀အမောတွေ တတ်နိုင်သမျှ ဖြေသာနိုင်
ကြပါစေ.....


Directed by: Luc Besson
Year: 2013 | Duration: 111 min
Genre: Action, Comedy, Crime
Starring: Robert De Niro, Michelle Pfeiffer, Dianna Agron
Countries: USA, France
Language: English
The Manzoni family, a notorious mafia clan, is relocated to Normandy, France under the witness protection program, where fitting in soon becomes challenging as their old habits die hard. 

Friday, November 15, 2013

V For Vendetta 2006 Move

ဒီပုံမြင်ရင်တော့ သိမှာပါ ကိုယ်လည်း တစ်ခါမှ မကြည့်ဖူးသေးလို့ တင်လိုက်တယ်။ တစ်ခါတော့ ကြည့်ဖူး
တယ်ဗျ။ ဂျော်ကာပုံနဲ့ဘဲ အမေရိကားမှာ သူတို့ရဲ့ အထူးအမြတ်နေ့တဲ့ကွယ် ညတစ်ညပေါ့။ အဲဒီညမှာ ဂျော် ကာတို့အဖွဲ့က နီဂတိုးတစ်ကောင်ကို လိုက်သတ်တဲ့ကားပေါ့။ တစ်ညလုံး မြို့ကလည်း တိတ်ဆိတ်လို့ပေါ့။ လိုက်သတ်ပေမယ့် တစ်တိုင်းပြည်လုံးက ဒီနေ့ကို အထူးအမြတ်နေ့ဆိုပြီး ထားတာလေ။ သတ်ချင်သတ်လို့ ရတယ်ဆိုတော့။ ဟာ ဒီဇာတ်ကားကြီးကလည်း ဘာလဲကွာလို့တောင် ဖြစ်မိတယ်။ ဒို့မြန်မာပြည်သာ အဲဒီလို
နေ့သတ်မှတ်လိုက်ရင်ဖြင့် မမြင်ရက်စရာ တစ်အိမ်နဲ့ တစ်အိမ်မတည့်တာ ညီအစ်ကို မောင်နှမ မတည့်တာ
နဲ့ တစ်ညတည်း လိုက်သတ်တာနဲ့ လူမျိုးပါ ပြုန်းသွားမယ် ဒီလိုတောင် တွေးမိသေးတယ်။ ကဲ ဒီဇာတ်ကား
ကို ကွန်ပျူတာနည်းပညာဥယာဉ် အလည်သွားရင်းနဲ့ တွေ့ခဲ့တာပါ။ လင့်လေးဘဲ ယူပြေးလာတယ်။ လမင်း ငယ် တဲ့ဗျာ။ သူရှာထားတဲ့ ဗွီဒီယိုလေးပါ။ ကဲ ကြည့်ချင်ရင် ဒေါင်းကြပေတော့ဗျို့ ညပိုင်းလိုင်းကောင်းတယ်
ခဏဘဲ ဒေါင်းရမှာပါ။ 422 MB ထဲပါ။

Wednesday, November 13, 2013

Primeval: Season 1 2 3 4 လေးပုဒ်ပါ သိပ်ကောင်းပါတယ်

ဇာတ်ကားလေးကတော့ အတော်လေးကောင်းပါတယ် ကျုပ်ကတော့ မနေ့ညကတည်းက ဒေါင်းပြီးပါပြီ။ ရုပ်သံ ကြည်လင်တယ် ဒေါင်းရတာလည်းလွယ်တယ်။ ခုနကြော်ငြာပေးတဲ့ဆိုက်ကဘဲ ဒေါင်းရမှာပါ။ ကျုပ် ကိုယ်တိုင်မတင်နိုင်ငြားသော်လည်း ဒီဆိုက်လေးတွေမှာ ဒီလိုဒေါင်းလို့ရတယ် ဒေါင်းကောင်းတယ်ဆိုတော့ လူစိတ်ဝင်စားတာပေါ့ဗျာ။ မြန်မာဆိုက်တွေလည်းရှိကြပါတယ် သို့သော်လည်း ဒေါင်းရတာက နဲနဲဒေါင်းရ တာခက်နေတာမို့ မတင်ပေးဘူး မကြော်ပေးဖြစ်ပါဘူး။ ဒီဆိုက်တွေကတော့ တစ်ကယ်လည်း ဒေါင်းလို့ အဆင်ပြေတာမို့ စိတ်ကြိုက်လည်းဖြစ်တာမို့ ကြော်ငြာပေးတာပါ။ ဒီဇာတ်ကားကတော့အကောင် အထူး အဆန်းတွေပါနေတော့ မမြင်ဖူးတာတွေ မြင်ရတယ်။ လေးပုဒ်ပါ နံပါတ်လေး 1 ကတော့ 227MB
နံပါတ်လေး 2 ကတော့ 215MB နံပါတ်လေး 3 ကတော့ 198MB နံပါတ်လေး 4 ကတော့ 226MB ကဲ လိုင်း
ကောင်းသူများ ဒေါင်းပြီး ကြည့်နိုင်ပါပြီ ဆိုင်မှာ ၀ယ်ရတာကလည်း ရုပ်မကြည်ဘူး မြန်မာစာလေးတော့ ပါတယ်။ သို့သော်လည်း ရုပ်ကမုံဝါးဝါးနဲ့ဆိုတော့ ဖီးမလာဘူးပေါ့ဗျာ။ ရုပ်သံကြည်လင်တာကြပြန်တော့ တစ်ခွေကို 600 ဆိုတော့ အင်တာနက်သုံးရင်း ဒေါင်းကြည့်တာက ပိုအဆင်ပြေမယ်ထင်လို့ပါ...။
ဒေါင်းနည်းမသိရင် အောက်မှာ ကြည့်လိုက်ပါနော်..



မိမိကြည့်လိုတဲ့ ဗွီဒီယိုကို ကလစ်ပါ အပေါ်ဆုံးက ဗွီဒီယိုလေးကို ဒေါင်းရမှာပါ ဒီပုံကိုကြည့်ပါ 

အဆင်ပြေပါစေ...