ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Thursday, January 9, 2014

မနက်ဖြန် 10.1.2014 တွင် ရွာပြန်မည်..

မနက်ဖြန်တွင် ရွာပြန်မည်ဖြစ်သောကြောင့် ဒီဘလော့လေးလည်း အိပ်နေရှာတော့မည်.။ ကူဖော်လောင်ဖက် တစ်ဦးတစ်လေမျှ မရှိလေသောကြောင့် ပို့စ်များ တင်နိုင်မည်မဟုတ်ပါ...သို့အတွက်ကြောင့် အလည်ရောက်ခဲ့ရင်
လည်း အဟောင်းလေးများနဲ့သာ ကျေနပ်ကြပါ..။ ဘ၀သမားပေမို့ ဘ၀ခရီးကို ဆက်လျှောက်ရပေဦးမည်..။ စိုပြေ
တဲ့အခါ စိုပြေ မပြေလည်တဲ့အခါ မပြေပေါ့..။ နည်းပညာပိုင်းမှာ အင်တာနက်လောကမှာ ကိုယ့်ထက်တော်သူတွေ
ချည်းပါဘဲ။ ကိုမိုးကတော့ သူများအကောင်းဆုံး တီထွင်ထားတဲ့ ဆော့ဖ်ဝဲလေးကို သုံးတတ်ဖို့ သင်ယူနေရတာနဲ့
တင် အချိန်ကုန်နေတယ်လေ..။ သူများတွေလိုလည်း ပညာကမတတ်သည်မို့ အမှားတွေလည်း ရှိနေတယ်..။ ကိုယ့်ကြောင့် စိတ်သောက ရောက်ခဲ့ရတယ်ဆိုရင် အပြစ်မမြင် အချစ်ဝင်နိုင်ပါစေ..လို့သာ ဆုတောင်းရင်းဖြင့်..။
ကိုမိုးမရှိပေမယ့် ကိုယ့်ထက် ပညာတော်သူတွေ အများအတွက် အလုပ်လုပ်လိုသူတွေ နည်းပညာဆရာတွေ အများကြီးပါ..။ ကိုမိုးကတော့ တတ်ကျွမ်းလို့ လုပ်နေခြင်းမဟုတ်ပါဘူး..လေ့လာရင်း သင်ယူရင်း အကျိုးရှိတဲ့ ပို့စ်
လေးတွေကို တတ်သမျှလည်းရေး မတတ်သည်ကိုလည်း သူများပို့စ်လေးတွေ ကူး ( ရွှီး) ကူးရွှီးဘ၀နဲ့ လုပ်နေသူ
ဆိုတော့ ပညာရှင်တွေလောက် ဘယ်မှာ အောင်မြင်ပါ့မလဲ သို့သော်လည်း လိုင်းမကောင်းသည့်ကြားက တစ်ကူး တစ်က လာရောက်အားပေးကြလို့ စိတ်မှာအစဉ် ပျော်ရွှင်ခဲ့ရပါတယ်..။ ကိုမိုးပျော်ရွှင်သလို မိတ်ဆွေများ ရောက်
လာသူ လူအပေါင်းလည်း ပျော်ရွှင်ဝမ်းမြောက်ခြင်း လုပ်စီးပွါး ကိုင်စီးပွါးများလည်း ဒီရေအလား တိုးပွါးကြပါစေ..။
နောက်ပြီး ဆင်းရဲသူဆင်းရဲသား ဘ၀သမားများလည်း နှင်းခံသည့် အိုးကြီးပမာ တစ်ဖြည်းဖြည်းနှင့် စည်းစိမ်ချမ်း
သာများနှင့် ပြည့်စုံလာကြပါစေ..စည်းစိမ်ချမ်းသာတွေနှင့် ပြည့်စုံပြီးသကာလ အမျိုးဘာသာ သာသနာအတွက်
လည်း ဆထက်တစ်ပိုး ထမ်းရွက်နိုင်တဲ့ ယောက်ျားကောင်း ယောကျာ်မြတ် မိန်းမကောင်း မိန်းမမြတ်များ ဖြစ်နိုင်
ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်းဖြင့်...အားလုံးကို နုတ်ဆက်ခဲ့ပါတယ်....အားလုံး လိုရာဆန္ဒ ခဏတာ
အတွင်း ပြည့်စုံနိုင်ကြပါစေဗျာ..........မျှော်လင့်ချက်များစွာဖြင့် ဘ၀ကို လျှောက်လှမ်းနေတဲ့ ကိုမိုး....














0 အားပေးစကားပြောကြားကြပါ:

Post a Comment