ခေါင်းတွေ ပူနေတယ် ကိုမိုးအကြောင်း အတင်းပြောနေသူတွေ များနေပြီထင်တယ်...နားလည်း ပူလာတယ် ဘာသတင်းကြားရမလဲဆိုတာတော့ မသိသေးဘူး.....သေချာတာကတော့ ကိုမိုးအခြေအနေ သိပ်မကောင်းဘူး....
ဘာပဲဆိုဆိုပါ...ကိုယ့်အနေနဲ့ ကောင်းစေချင် ဖြစ်စေချင်တာကိုလည်းရေးခဲ့တယ်...ကိုယ် ကျေနပ်ပါတယ်...
မည်သူတွေက ပုတ်ခတ်တိုက်ခိုက်သော်လည်း မကြာခင် အင်တာနက် မျက်စိမရှိတော့မှာမို့ အနာဂါတ်ကို တွေးပြီး လည်း မဆွေးချင်ပါဘူး....ပစ္စုပ္ပန်မှာ လုပ်သင့်တာကိုတော့ တတ်အားသမျှ တတ်နိုင်သမျှ လုပ်သွားရမှာဘဲ...ဘ၀ ဆိုတာ ရေပွက်ပမာ ခဏတာလေးပါ...ခဏတာ ရလာတဲ့ဘ၀လေးမှာ အမှားများစွာလည်း လုပ်ဖူးတယ် ကောင်း တာတွေလည်း လုပ်ခဲ့တယ်....သို့သော် ဒီနေရာမှာ...စဉ်းစားမှုပိုင်းမှာ လိုအပ်တယ်.....
ကုသိုလ်ကောင်းမှုပြုတဲ့နေရာနဲ့ ဥပမာပေးရမှာဘဲဗျာ...ပြောရရင် အပရစေတနာပါဘဲ...အပရစေတနာနဲ့ တူတယ် ဗျာ..ကိုယ်ကောင်းတာတွေ လုပ်ခဲ့တာကို တွေးပြီးတော့ ၀မ်းမြှောက်ဝမ်းသာဖြစ်နေရင် ကုသိုလ် တိုးပွါးမှာဘဲ....
မကောင်းတာတွေ လုပ်ခဲ့မိတာကို တွေးနေရင်တော့ စိတ်မချမ်းသာဘူးပေါ့.. ဒီတော့ အတွေးမှာ ကောင်းတာ ကို တွေးမှ ကောင်းကောင်း စိတ်ချမ်းသာမယ် မကောင်းတာတွေးနေရင် မကောင်းတာလုပ်ခဲ့တာတွေကို တွေးနေ မယ်ဆိုရင်..မကောင်းဘူး စိတ်မချမ်းသာဘူး စိတ်ချမ်းသာရင်လည်း ကောင်းတဲ့ စိတ်ချမ်းသာမှု မဟုတ်ဘူး ဆိုတာပါဘဲ....
လူတိုင်းမှားဘူးတယ် မှားတာကြီးကို ပြန်တွေးပြီး ပူဆွေးနေရင်တော့..အဲဒီအမှားကို ပွါးများနေသလို ဖြစ်နေ မှာဘဲ...ပွါးများရင် ပွါးများသလောက် မကောင်းမှု ပြုခဲ့တာကို ၀မ်းသာပီတိဖြစ်နေမယ်ဆိုရင်လည်း ၀မ်းသာ
သလောက် မကောင်းမှု အကုသိုလ်တွေ တိုးနေမယ်....ဒီတော့....ကောင်းတာကို တွေးရပါလိမ့်မယ်.....
ဒါမှသာ ကောင်းခြင်းတရားတွေ လာလိမ့်မယ် စိတ်ပျော်ရွှင်မှုရမယ်... ကုသိုလ်တွေ ရမယ်ပေါ့ဗျာ.....
ကဲ ဒါဘဲဗျာ ခေါင်းပူနေတယ်....နားရွက်တွေ ပူနေတယ်....ထူးခြားတဲ့ သတင်း တစ်ခုခုတော့ ကြားရလိမ့်မယ်....
ဒါကတော့ ကိုယ့်အယူအဆနဲ့ ကိုယ်ပေါ့......
အားလုံးဘဲ စိတ်သဘောထားလေးတွေ အမြင်လေးတွေ ကောင်းပါစေ..
အမြင်ကောင်းမှ အကောင်းမြင်ပါလိမ့်မယ်....
အမြင်မကောင်းရင် မကောင်းမြင်လိမ့်မယ်...
ဒါကြောင့် အမြင်ကောင်းအောင် အမြင်ကြည်လင်အောင်
လုပ်ဖို့ရာ မိမိကိုယ်တိုင်သာဖြစ်တယ်.....ဒါ ဘဲ.........ကိုမိုး....

လုပ်ဖို့ရာ မိမိကိုယ်တိုင်သာဖြစ်တယ်.....ဒါ
0 အားပေးစကားပြောကြားကြပါ:
Post a Comment