This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label 01/ Ohn Thar News အုန်းသာသတင်း. Show all posts
Showing posts with label 01/ Ohn Thar News အုန်းသာသတင်း. Show all posts

Monday, August 18, 2014

honor နှင့်ဓါတ်ပုံရိုက်ရင်း အသံမက်ဆေ့ထည့်မယ်၊ နောက်ပေါ်ဖုန်းများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ရင်း အသံသွင်းထားမယ် (18.8.2014)

 



ကဲ ဒီပညာလေး တင်ပေးမယ် တင်ပေးမယ်နဲ့ မတင်ပေးဖြစ်ဘူး။ ကျုပ်သုံးနေတဲ့ honor 3c မှာတော့ ပါပြီးသားပါ
မကလိလို့ မသိတာပါ။ ဒီကောင်လေးက ဘယ်နေရာတွေမှာ အသုံးဝင်သလဲဆိုတော့ ဘုရားဖူးသွားတဲ့နေရာတွေ
ကိုယ်မရောက်ဖူးတဲ့နေရာတွေမှာ ဓါတ်ပုံရိုက်တဲ့အခါ ဒီနေရာလေးမှာ ဘာလုပ်ခဲ့တယ် စသဖြင့် အသံမက်ဆေ့
လေးထည့်လိုက်လို့ရပါတယ်။ G6 မှာလည်း ဒီစနစ်ပါပါတယ် များသောအားဖြင့် နောက်ပေါ်ဖုန်းတွေမှာ ပါမယ်
ထင်ပါတယ်နော်..။ အသုံးမပြုကြလို့သာ မသိတာပါ..။ ကဲ စမယ်ဗျာ..ပထမဆုံး ကင်မရာကိုဖွင့်ပါ။ ဖွင့်ပြီးရင်တော့
ကင်မရာပုံလေးကို ထပ်နှိပ်ပါ Audio Note ဆိုတာလေးကို ရွေးပေးပါ။ ကဲဒါဆိုရင်တော့ ကိုယ်ရိုက်ချင်တာ စရိုက်
လို့ ရပါပြီ။ ဓါတ်ပုံရိုက်ပြီးရင်တော့ အသံကို 10 စက္ကန့်လောက် ထည့်သွင်းလို့ရပါတယ်။ ဘာမှတော့မခက်ပါဘူး
သို့သော်လည်း ပညာဆိုတာမျိုးက ရှာမှတွေ့တာကိုးဗျ။ ကျုပ်ဖြင့် ဒီပညာလေးကို နည်းပညာဆိုက်တွေမှာတော့
မတွေ့မိသေးဘူးဗျ။ တော်တော်များများကတော့ သိမယ်ထင်ပါတယ်။ မသိသေးဘူးလို့လည်း ထင်ပါတယ်.။ မေး
ကြမြန်းကြတာ မတွေ့တာကြောင့်ပါ။ သိမယ်ထင်တာက ပညာက အရမ်းရိုးရှင်းနေလို့ပါ။ ကင်မရာကတော့
မူရင်း ပါတဲ့ ရိုးရိုးကင်မရာပါဘဲနော်....။

ကဲ ဒီလောက်ဆိုရင်တော့ သိလောက်မယ်ထင်ပါတယ်..။ ဘာမှမခက်ဘူးဗျ..။ ကင်မရာဖွင့်>ကင်မရာပုံလေးနှိပ်>
 Audio Note ဆိုတာလေးရွေးလိုက်ရင်ရပြီ..။ ဓါတ်ပုံကတော့ ကြိုက်တာရိုက်ပေါ့ဗျာ..။ 8MP နဲ့ရိုက်ရင်တော့ 3MB
လောက်ထွက်တယ်ဆိုတော့ ကြည့်ရိုက်ပေါ့ကွယ်..။

G6 မှာလည်း ထိုနည်း၎င်းဘဲ လုပ်လိုက်ပါ။ honor နဲ့ တော့ လုပ်ပုံနဲနဲလေးကွဲပါတယ်။ ဒါပေမယ့် အတူတူပါဘဲ
သူ့မှာက Audio Note လို့ ရေးမထားဘူး နာမည်တောင် မေ့နေတယ်ဗျာ ကိုယ့်ဆီမှာ မရှိတော့ ငှါးရမှာမို့ နာမည်
တော့ မထည့်နိုင်တော့ဘူး ။ ဒါတော့ခွင့်လွတ်ပါဗျာ နောက်ပေါ်ဖုန်းတိုင်း ရိုက်လို့​ ရပါတယ်...။ ဓါတ်ပုံရိုက်ပြီးရင်
အသံသွင်းဘို့ အသံဖမ်းဖို့ ပုံလေးတက်လာတယ် ကျုပ်တို့ ဝေါ်ကီတော်ကီလိုပေါ့ဗျာ..အဲဒီအချိန်မှာ ကိုယ်ပြောချင်
တာလေးတွေ ပြောရုံဘဲ။ ဒီကောင်က facebook ပေါ်တော့ တင်လို့ မရဘူးဗျာ တင်လိုက်ရင် ဓါတ်ပုံဘဲ တင်တာ
အဲဒီအသံတွေက ပါမလာတာ အဲဒါတစ်ခုပါ.။ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်လေ့ရှိသူတွေအတွက်ကတော့ကိုမိုးရဲ့
မတောက်တစ်ခေါက် သိထားတဲ့ ပညာက အသုံးဝင်လိမ့်မယ်ထင်ပါတယ်။ သူများထုတ်ထားတာကို သိအောင်
လုပ်နေရတဲ့ ဘ၀သမားရယ်ပါ....။

ကိုမိုးက ဆေးလိပ်သောက်တတ်တာကိုးဗျ ဒီတော့ ဆေးလိပ်ရိုက်ပြထားတာပေါ့။ ငွေနဂါးကြော်ငြာတာမဟုတ်ပါ
မရှိသုံး သောက်နေရတာ မကြိုက်ဘူး လူတွေ စီးပွါးရေး သိပ်ဆန်တယ်....။ ဒါပါဘဲ..အဆင်ပြေပါစေ....

Tuesday, July 22, 2014

လက်ထဲမှာ ဖုန်းရှိတိုင်း ရေးချင်ရာ ရေးကြလျှင်ဖြင့် ...

ငါ့မြင့်ငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုသလို....ဖြစ်ကုန်လိမ့်မည်...... စိတ်တိုဒေါသတရား ကို ရှေ့တန်းမတင် ကြလေနှင့်.....သမ္မတကြီးလည်း ဦးနှောက်စားနေလို့လား မသိ...... အသံဗလံတောင် သိပ်မကြားရတော့ ပါလား......ငြိမ်နေတယ်....လေတိုက်မလို့လား...မုန်တိုင်းကျမလို့လား.....ငြိမ်နေရင် သတိထားရတယ်ဗျ......
သူ့မှာလည်း ကျန်းမာရေးက ညံ့နေပါတယ်ဆိုမှ.....တိုင်းပြည်မှာ အကြီးဆုံး တာဝန်တစ်ခုကို ထမ်းဆောင်နေ ရတယ်ဆိုတော့..သိပ်တော့မလွယ်....တစ်ကယ် ဦးနှောက်စားမယ်ဆိုတာ သိပါတယ်...လိုင်းပေါ်လေး ခဏ တက်လို့ ဘက်ပြန်ကွန်မန့်လေး တစ်ချက်လောက်ပေးတာနဲ့.... အားလုံးက ၀ိုင်းကိုက်ချင်နေကြတာကို သိထားတော့ ဒီနေရာသာဆို....ပိုပြီးတော့.. ဦးနှောက်ခြောက်မယ်ဆိုတာ ကိုမိုးသိတယ်လေ.......အားလုံးကို ချိန်ခွင်လျှာ ညှိနေရတာမဟုတ်လား.....အဲတော့ ကိုယ့်နေရာနဲ့ ကိုယ် စာရေးရင်လည်းကြည့်ရေးနေရတယ်....
ခုတောင် ထိတဲ့သူက ထိနေမှာ အမှန်ဘာကြောင့်ဆို.......ကိုက်ချင်နေတာလို့ ကိုမိုး သုံးလိုက်တယ်လေ....
ကိုက်တယ်ဆိုတာ အနာကိုက်တဲ့ သဘောပေါ့..ခွေးကိုက်တာလည်း ဖြစ်ချင်ဖြစ်မယ် ကျားကိုက်တာလည်းဖြစ် ချင်ဖြစ်မယ်....ကျင်ကိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်...ကျွတ်ကိုက်တာလည်း ဖြစ်ချင်ဖြစ်မယ်...ဘာပဲကိုက်ကိုက် ကိုက်ရင်တော့ နာတာဘဲ....မဟုတ်လား...ဒီတော့ ၀ိုင်းမကိုက်ခံရလေအောင် အဖွဲ့အစည်း တစ်ခုအနေနဲ့ လှုပ်ရှားမှ...ဖြစ်တော့မယ်.......ဘာကြောင့်ဆို ပြန်ခုခံ တိုက်ခိုက်ဖို့အတွက်ပေါ့.... သူ့မှာသာ အင်အားရှိသ လား ကိုလည်း အင်အားရှိတယ်ဆိုပြီး အညံ့မခံဘဲ...ကိုက်လာတဲ့ ခွေးကို ကျားကို တုတ်နဲ့သော်လည်းကောင်း
လှံနဲ့သော်လည်းကောင်း သေနတ်နဲ့သော်လည်း ကောင်း ပြန်လည် ခုခံသတ်ဖြတ်နိုင်မသာ.....ပိုကောင်းမယ် မဟုတ်လား....အရာအားလုံးကို သီးခံနေလို့မဖြစ်တော့ပြီ......ဒီတော့ အဖွဲ့ဆိုတဲ့နေရာမှာ ညီညွတ်ဖို့ လိုတာပေါ့.....နွားတွေလို အဖွဲ့ မြင်းကျားတွေလို အဖွဲ့ဆိုလျှင်တော့......ကျားစာတွေချည်း ဖြစ်သွားမယ်.........
ဒါလည်း သတိထားရမယ် မဟုတ်လား.......၀ိုင်းဖိလာရင် တပ်အင်အားနဲနဲနဲ့ ပျောက်ကျားစနစ်သုံး တိုက်ကြတာပေါ့ကွာ.......စလိုက်တာက ဒေါသ အဆုံးသတ်လိုက်တာကလည်း ဒေါသ..... အလယ်က အနှစ်ကို နိုက်ယူကြစေ........အနှစ်ဟူသည်......အလယ်မှာ ရှိ၏......။
အနှစ်ဟူသည် ကား အဘယ်မှာနည်း.......???

Saturday, July 19, 2014

၁၉ ဂျူလိုင် မမေ့နိုင် နေ့တွင် အမှတ်တရ ကာတွန်းလေး.


ထိမိလိုက်တဲ့ ကာတွန်းလေးမို့ တင်လိုက်တာပါ......အကောင်းဆုံးကတော့ ဗိုလ်ချုပ်ကိုရဲ့ စကားလေးတွေကို
ဗိုလ်ချုပ်ကို ချစ်သောအားဖြင့် သူ့စကားလေးတွေကို လိုက်နာကြရင်တော့ ပိုကောင်းတာပေါ့...။
အောက်မှလည်း ပုံကောင်းလေးတွေ အမှတ်တရ ယူလာတယ် ဖေ့ဘုတ်က....လူနာမည်တွေတော့ မထည့်
တော့ဘူး...အဲဒါတော့ ခွင့်လွတ်ကြလေကုန်.....ပုံတွေကတော့ အနှစ်တွေချည်းနော်...



အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကျဆုံးလေပြီးသော အာဇာနည်များကို
လွမ်းမောတမ်းတစွာဖြင့် ရွှန်းရွှန်းစားစား ကြည့်နေပုံ..

ညိုးနွမ်းခွေလျှော့ ဖျော့တော့နေသည့် ဒေါ်အောင်ဆန်းစုကြည်..ဖခင်၏ နောက်ဆုံးခရီးကို လွမ်းမောနေမယ်
ဆိုတာ သားသမီးတိုင်းလည်း နာလည်မယ်ထင်ပါတယ်...မိဘတိုင်းလည်း နားလည်မှာပါ....
သူ့ကို ကြည့်ရတာ....ကိုယ်တောင် ၀မ်းနည်းလာမိတယ်...မျက်ရည်တောင် ကျမတတ်ပါဘဲလား.......




 ကျဆုံးလေပြီးသော ဗိုလ်ချုပ်တို့အား အမှတ်တရ.......ကိုမိုး.....
facebook Like လေး လုပ်ပြီး အားပေးကြဦးနော်....
ဒီလင့်ပါ
လာလည်လို့ ကျေးဇူးတင်တယ်..... တစ်ကယ်




Monday, June 30, 2014

အုန်းသာ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနား ပုံရိပ်များ

အုန်းသာစံပြကျေးရွာနှင့် ဇီးခုန်နှစ်ရွာပေါင်း စုပေါင်းကျင်းပအပ်သော ဘုရားပွဲနှင့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်
ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားကိုလည်းဘဲ ကိုမိုးအနေနဲ့ ဓါတ်ပုံလေးတွေနဲ့ မှတ်တမ်းတင်
ရိုက်ကူးထားပါတယ်..။ အဲဒါလေးတွေကိုလည်း ကိုယ့်ရဲ့ဆိုက်မှာ အမှတ်တရအနေနဲ့ သိုမှီးထားတယ်လို့ဆိုပါ
တော့ဗျာ။ ဒို့တစ်တွေဟာ မသေခင် မိမိတို့တတ်စွမ်းသမျှ ဒါနသီလဆောက်တည်ကြတဲ့ သူတော်ကောင်းတွေ
မဟုတ်ပါလား..။ ဒီတော့ မြတ်ဗုဒ္ဓရဲ့ ခက်ခဲနက်နဲလှတဲ့ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဟာလည်း အမှန်
ကတော့ ဒါနပွဲသို့မဟုတ် ပူဇော်ပွဲ သို့မဟုတ် ဓမ္မသ၀န ဓမ္မဒေသနာ ဒဋ္ဌိဇုကမ္မ စတဲ့ ကောင်းလှမွန်မြတ်လှတဲ့
ပွဲတစ်ပွဲပါဘဲ..။ နောက်ပြီး ဘုရားရှင်တာဝတိံသာမှာ ဟောခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ထဲကဆိုရင်တော့ ပုည
ကြိယာဝတ္ထုဆယ်ပါးလိုပေါ့ဗျာ.။ ဒါန ၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မသဝ
န၊ ဓမ္မဒေသနာ၊ ဒဋ္ဌိဇုကမ္မဆိုတဲ့အတိုင်းဘဲလေနော် ပုညကြိယာဝတ္ထုဆယ်ပါးလုံး အားလုံးပြည့်စုံနေလေတော့
အတော့်ကိုဘဲ ကုသိုလ်တရားကြီးမားလှပါတယ်.။ နောက်ပြီး ဘုရားရှင်တောင်မှ ဒီအဘိဓမ္မာဒေသနာတော်ထဲက
မှ ပဋ္ဌာန်းကျမ်းတော်ကြီးကို ဆင်ခြင်သုံးသပ်သည့်အခါမှ ဦးခေါင်းတော်မှ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူး
တယ်ဆိုတာ ဗုဒ္ဓဘာသာဝင် အတော်များများ ကြားဖူးနားဝရှိတဲ့ တရားပဲမဟုတ်ပါလား..။




ဒီတော့ဗျာ ဒီလောက်ကောင်းမွန်လှတဲ့ပွဲကို အုန်းသာ ဇီးခုန်သားများအနေဖြင့် မိမိတို့ ကာယအားဥာဏအားဖြင့်
တတ်စွမ်းသမျှ ကြိုးစားအားထုတ်မှုလေးကို ကိုမိုးအနေနဲ့ အများပြည်သူ ၀မ်းမြောက်နုမော် သာဓုခေါ်အောင်
မလုပ်သင့်ဘူးလားဗျာ။ မိမိတို့ဖောင်းပြင်သားများအနေဖြင့်လည်း မိမိတို့ရဲ့ နယ်ပယ်က သတင်းတွေကို ကြားချင်
သိချင်ကြမှာဘဲလေ..။ ဖတ်ချင်ကြမှာဘဲ..ဒီတော့ ကိုယ့်နယ်သူနယ်သားတွေလည်း ရွှင်လန်းဝမ်းမြောက် မြန်မာ
လူမျိုးများပါမကျန် ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေ ညီညွတ်မှုစည်းလုံးမှုတွေရဲ့ အသီးအပွင့်တွေကို မြင်တွေ့ရတော့
ဝမ်းသာကြလိမ့်မယ်လို့ ထင်ပါတယ်....။
  အညာသဘာဝကိုလည်း သိပါလိမ့်မယ် အညာသူအညာသားများဟာ ယေဘုယျအားဖြင့် ပညာအရည်အချင်း
နိမ့်ပါးတာတွေ့ရပါတယ်။ ဘာကြောင့်ဆို ခေတ်ဆိုး စနစ်ဆိုး ဂျပန်ခေတ် ကွန်မြူခေတ်တွေနဲ့ နေထိုင်ခဲ့ကြရတဲ့
ဒို့ဖောင်းပြင်သားများဟာ ပညာအမျှော်အမြင် နဲပါးသည့်အလျှောက် အချို့အရာတွေက ညှိယူရတာ ခက်ခဲပါတယ်.
အချို့သောသူတွေကလည်း ၀ါသနာဗီဇအရ အသိုင်းအ၀ိုင်း အဖွဲ့အစည်းနဲ့ လုပ်တဲ့နေရာမှာ အဖျက်သဘောတွေ
ဆောင်တဲ့ အပြုအမူတွေ လုပ်တတ်ကြတယ် ။ အဲဒါတွေကို နားလည်သဘောပေါက်ပြီးတော့ ဒို့တွေ ဘာတွေ
ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ရပ်မိရပ်ဖတွေနဲ့ စည်းဝေးပြီးတော့ ဒီလိုဝမ်းမြောက်စရာ အသံမစဲ မဟာပဋ္ဌာန်း
ပွဲကို ဖြစ်အောင်လုပ်ခဲ့ကြရတာပါ...။ တောသူတောင်သားများဆိုတော့ ငွေကြေးအရလည်း ချို့တဲ့ကြတယ်လေ..။
ဒီတော့ မိမိတို့တတ်စွမ်းသမျှနဲ့ မိမိအတွက် ဘာသာသာသနာအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်လေး
ကြိုးစားခဲ့တာကိုဘဲ ဂုဏ်ယူနေရတာပါ...။ ဒီလိုအောင်မြင်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူး မတူညီတာတွေ
အမြင်မတူတာတွေကို ညှိယူကြရတယ်..။ အများနဲ့လုပ်တဲ့ လုပ်ငန်းဖြစ်သည့်အလျှောက် အများနားလည်အောင်
အများက လက်ခံအောင် လုပ်ဆောင်ကြရတဲ့လူများအနေဖြင့်လည်း အတော်လေးပင်ပန်းကြရပါတယ်..။ ဒီလို
အပင်ပန်းခံရပေမယ့်လည်း သူတို့အတွက်ကတော့ မှတ်တမ်းအနေနဲ့ မကျန်ခဲ့ပါဘူး ။ ခုတော့ ဘလော့ကာရူး
မိုးကောင်းကင် နဲ့ တွေ့တော့မှ ဒီအကြောင်းအရာ အနဲအကျဉ်းကို ချပြလို့ မြင်တွေ့ကြရတာမဟုတ်လား...။
ကဲဗျာ ဘာဆိုဆို ဒုတိယ နှစ်ကြိမ်မြောက်တော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားလို့ ရွာသူရွာသားတွေလည်း
ဝမ်းမြောက်နေကြပါတယ်..။ ဒီလိုကောင်းမှုမျိုးဆိုတာ မိမိနေထိုင်ရာ ရပ်ရွာရဲ့ ညီညွတ်မှု စည်းလုံးမှု သိပ်ကိုလို
အပ်ပါတယ်။ ဒီနေရာမှ မဟုတ်ပါဘူး စည်းလုံးမှုဟာ နိုင်ငံရေး ဘာသာရေး လူမှုရေး စသဖြင့် များစွာသော
နေရာတွေမှာ လိုကို လိုအပ်ပါတယ်လို့ ပြောရင်းဖြင့်.............












 အားလုံးသော သူတော်စဉ်များ ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ.........
ဗုဒ္ဓဘာသာ သူတော်စဉ်များအနေဖြင့် မိမိတို့ဘာသာ သာသနာအပေါ် ချီးမြောက်ထောက်ပံ့နိုင်သော
ယောက်ျားကောင်း ယောကျာ်းမြတ် မိန်းမကောင်းမိန်းမမြတ်များလည်း ဖြစ်ကြပါစေ....လို့
ဆုပေးရင်း........ကိုမိုးရဲ့ ၁၃၇၆ နှစ် 2014 အမှတ်တရလေးကို..........ကြည်ပြီး အားရကျေနပ်ကြလိမ့်မယ်လို့
ထင်ပါတယ်..............


အုန်းသာ အသံမစဲ မဟာပဋ္ဌာန်းပွဲအတွက် ကြိုတင်ပြင်ဆင်နေကြတဲ့ အုန်းသာသူ လှပျို ဖြူ လေးများအတွက် အမှတ်တရ

အုန်းသာရွာတွင် ဒုတိယအကြိမ်မြောက်ကျင်းပခဲ့တဲ့ အသံမစဲ မဟာပဋ္ဌာန်းပွဲမှ အခမ်းအနားပြင်ဆင်ရေးအတွက်
လုပ်အားပေးနေကြတဲ့ သူများကိုလည်း ကိုမိုးအနေနဲ့ မှတ်တမ်းတစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်။ သူတို့တွေ
ရဲ့ ညီညွတ်စွာဖြင့် ပြုလုပ်ခဲ့ကြမှုကြောင့် ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပွဲဟာ အောင်အောင်မြင်မြင်
နဲ့ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်..။ ဘုရားပွဲကို အစပိုင်းမှာတော့ တပို့တွဲလဆန်းတစ်ရက်မှာ ကျင်းပလေ့ရှိပါတယ်.။
ခုတော့ ဘုရားပွဲနဲ့ ပဋ္ဌာန်းပွဲတွဲလုပ်တာဆိုတော့ လဆန်းသုံးရက်နေ့ကို ပြုလုပ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဒုတိယ
အကြိမ်တုန်းကတော့ ဒုတိယအကြိမ်မို့ ( ၅ ) ရက်တိုင်တိုင် ကျင်းပြခဲ့တာပါ။ ယခုနှစ်မှာတော့ဖြင့် (၇) ရက်ကျင်း
ပမှာပါ..။ နောက်နောင်နှစ်တွေဆိုရင်တော့ အဆင်ပြေသလိုပေါ့ဗျာ..။ ဘုရားကတော့ တည်ထားတာ သိပ်မကြာ
သေးပါဘူး ၁၃ နှစ်လောက်ဘဲ ရှိပါသေးတယ်။ သို့သော်လည်း ရှေးဟောင်းဘုရားတွေ ပြိုကျပျက်စီးနေတဲ့ ဘုရား
တွေ အဲဒါတွေကို ဖြိုဖျက်ပြီးတော့ အသစ်တည်ထားတဲ့စေတီငယ်လေးပါ..။ ရွာအ၀င်မှာ ကြည့်လိုက်ရင် မြင်ကွင်း
လေးက ကြည်နူးစရာ မြင်ကွင်းလေးပေါ့ဗျာ..။ ခုဆို ညနေဆည်းဆာမှာ အုန်းသာသူပျိုဖြူမေ တစ်သိုက်ကလည်း
ဘုရားဖူး ညောင်ရေလှူ နဲ့ တစ်ကယ့်ကို ရွာရဲ့ကျက်သရေ ဆောင်နေပါတယ်..။ တစ်ကယ်ပါ...မရောက်ဖူးရင်
တစ်ခေါက်တစ်ခါ အရောက်သာ လှမ်းလာခဲ့ပေါ့...။ ပျော်စရာလည်းကောင်းပါတယ်...ကဲဗျာ ခုတော့ အုန်းသာသူ
ပျိုမေတစ်သိုက်တို့ရဲ့ ပဋ္ဌာန်းပွဲမှာ အားခဲပြီး လုပ်အားပေးနေပုံတွေကို မြင်တွေ့ရမှာပါ..ကြည်နူးဝမ်းသာလိုရင်ဖြင့်..
အောက်မှာ ကြည့်ရှုကြည့်ပါလေ....


 ဓါတ်ပုံများလွန်းရင် ဆိုက်လေးတာမို့ ခုတော့ လေးငါးပုံလောက်ဘဲ တင်လိုက်တယ်ကွယ်...နောက်မှ ဆက်တင်မယ်လေ...





 အားလုံးဘဲ ရွှင်လန်း ၀မ်းမြောက် သာဓုခေါ်နိုင်ကြပါစေ...........


Wednesday, June 25, 2014

ရာဇမုနိပရိယတ္တိစာသင်တိုက်သို့ အုန်းသာသူ အုန်းသာသားများနှင့် ဆွမ်းဆက်ကပ်ခြင်း အမှတ်တရပုံများ

ကဲ ကိုမိုးအညာပြန်တုန်းက ရာဇမုနိပရိယတ္တိသို့ ဆွမ်းကပ်ရောက်ဖြစ်ခဲ့တယ်ဆိုပါတော့။ အုန်းသာရွာသူ ရွာသား
တွေကတော့ စာသင်တိုက်ကို တစ်နှစ်ကို သုံးကြိမ်လောက် ဆွမ်းကပ်သွားဖြစ်ကြတယ်လေ..။ သို့သော်လည်းဘဲ
ခုလို အင်တာနက်ပေါ်တင်ပေးမယ့်သူက မရှိတော့ အင်တာနက်ပေါ်မှာ မမြင်တွေ့နိုင်ဘူးပေါ့ဗျာ။ ဘလော့ကာ အရူး မိုးကောင်းကင် ဖောင်းပြင်နဲ့တွေ့မှ နက်ပေါ်ကို ရောက်လာတော့တာပေါ့..။ တစ်ကယ်ပါ အုန်းသာသူ အုန်းသာသားတွေဟာ ရိုးသားကြိုးစား စေတနာကောင်း စိတ်ကောင်းရှိသူလေးတွေမို့ တစ်ကယ်ချစ်စရာကောင်း
ပါတယ်။ အုန်းသာမှ မဟုတ်ပါဘူး ဖောင်းပြင်သားများဟာ ရိုးသားကြတယ် ပွင့်လင်းကြတယ်..။ စေတနာလည်း
ကောင်း စိတ်ကောင်းလည်းရှိကြတဲ့ လူမျိုးတွေပါ..။ အခက်အခဲဖြစ်နေတာတွေ့ရင် လက်ပိုက်ကြည့်မနေတတ်တဲ့
လူမျိုးတွေလည်း ဖြစ်ပါတယ်.။ ( ကဲ ဒါတွေထားပါတော့ အုန်းသာကတော့ စာသင်တိုက်ရှိ သံဃာတော်တွေများ
အတွက် ကောက်ကြီးပေါ်ရင်လည်း ဆွမ်းကပ်တယ်.။ (2) တစ်ပေါင်းလလောက်မှာ တစ်ခါ ဆွမ်းကပ်တယ်..။
(3) ၀ါဆိုဦး မြစ်တွေပေါ်ချိန်မှာလည်း ဆွမ်းကပ်ကြပါတယ်..။ မှော်ထဲက ငွေအဆင်ပြေတဲ့သူများက ဆွမ်းကပ်
ချင်တယ်ဆိုရင်လည်း ရွာသူရွာသားများနှင့် ပူးပေါင်းပြီးတော့ ဆွမ်းကပ်ကြပါတယ်...။ ရွာမှာကတော့ ဆွမ်းကပ်
တာနဲ့ ပတ်သက်လို့ကတော့ အမေကြီး စိန်မြင့်ကနေပြီး ဦးဆောင်ပြီးတော့ ဆက်ကပ်တာကတော့များတာပေါ့..။
တစ်ဆက်တည်းမှာဘဲ ဖောင်းပြင်မြို့ ရာဇမုနိ စာသင်တိုက်ကို တစ်နှစ်ကို ဆန်အိတ် အလုံး (60) လောက် လှူ
ဖြစ်ပါတယ် ကောက်ကြီးပေါ်ချိန်တွေမှာပေါ့ ဆန်အိတ်တွေ များလာပြီဆိုရင် စာသင်တိုက်ဆရာတော်ကို ပင့်ပြီး
တော့ ရေစက်ချ လှူဒါန်းပွဲလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တာ အတော်ကြာပါပြီ အုန်းသာဆရာတော်ကြီး ဦးတေ
ဇ၀န္တ ရှိစဉ်ကတည်းကဆိုတော့ နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိခဲ့ပြီပေါ့ဗျာ...။ ကဲ ခုတော့ ဆွမ်းကပ်အမှတ်တရပုံလေး
တွေ အောက်မှာ ကြည့်ရှုသွားပါဦး အုန်းသာက အချောအလှလေးများ မြင်ဖူးအောင်ပေါ့...ဆွမ်းကပ်ဆိုတော့
ရွာထဲက ကွမ်းတောင်ကိုင် အားလုံးတော့မပါဘူးပေါ့ကွယ်....



 ရာဇမုနိစာသင်သားများအား ဆွမ်းလောင်းလှူနေပုံပေါ့ကွယ်.........

 ဆွမ်းမလောင်းခင် သံဃာတော်တွေ သပိတ်ကိုယ်စီပိုက်ပြီး စီတန်းနေပုံများ..


အုန်းသာသူ ပျိုမေများ စေတနာကောင်းဖြင့် ဆွမ်းလောင်းလှူရန် အသင့်အနေအထားပေါ့


ကဲဗျာ ဒါကတော့ ရာဇမုနိစာသင်တိုက်ရှိ သံဃာတော်များ ဆွမ်းဘုန်းပေးနေပုံနှင့် အမေကြီး စိန်မြင့်မှ သံဃာတော်များ ဆွမ်းကွမ်းအဆင်ပြေစေရန် ကိုယ်တိုင် ကြည့်ရှုပြီး လိုအပ်နေတာများ မှာကြားနေပုံပေါ့

 ဆောင်းတွင်းမှာ နေရောင်ထိုးထားတော့ နေရောင်အလင်းဝင်လို့ ပုံကတော့ မကြည်လင်လှဘူးကွယ်..


 ကဲဗျာ ရွာသားတွေကတော့ ကိုယ်စီ ဟင်းချိုင့်ကိုင်ပြီးတော့ ဟင်းလိုက်နေပုံပေါ့...

 ဒီကျောင်းငယ်လေးကတော့ ဆရာတော် ဦးတေဇနိယ သီတင်းသုံးတဲ့ နေရာကျောင်းငယ်ပေါ့ဗျာ...


အားလုံးသော မိတ်သဟာအပေါင်း ကုသိုလ်အဖို့ကို အမျှပေးဝေပါ၏...အလုံးအမျှရပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း
ဝမ်းမြောက်နိုင်ကြပါစေ...........စာသင်တိုက် ဆွမ်းကပ် အမှတ်တရ...ဘလော့ကာ ကိုမိုး..