This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label Antivirus သတ်မယ့်ဆော့ဝဲများ. Show all posts
Showing posts with label Antivirus သတ်မယ့်ဆော့ဝဲများ. Show all posts

Monday, August 11, 2014

AdwCleaner v3.303 Offline Full Portable (၀င်းလှိုင်)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AiPzKsmL-Q3eZyK-PslMJuz_W73V9XN_4v959yyany9elKKXCqBY1PdH1Zv9rMuGh00F0kLxAO9z7NqcRXf2QWb4uu349dKNfmSRuzI6FBWt9rlLdqR05VJpsOhjjt9K1q2p1FxDXArg/s1600/AdwCleaner.png
မိမိ computer မှာ စက်ဟမ်သာတယ် အမိုက်သရိုက်တွေများတယ်နောက်ပြီးတော့ Avira Antivirတွေက
လည်းများနေတယ်ဆိုရင်ဒီကောင်းလေးကိုဆောင်းထားသင်းပါတယ်  Kaspersky လို့ဗားရိုက်တွေမကာ ကွယ်နိုင်ပဲမယ်။ အတတ်နိုင်ဆုံးလုပ်ဆောင်ချက်တွေကတော့ပေးနိုင်ပါတယ်ဗျာ။Cleanerတစ်ခုကိုလည်း
မိမိစိတ်ချမ်းသာအောင်ဖယ်ရှားနိုင်ပါတယ်။ အသုံးလွယ်ကူရင်အတွက်တော့Portableဖြစ်နဲ့တင်ပေးလိုက်ပါ
တယ်ဗျာ။
AdwCleaner is a program that searches for and deletes Adware, Toolbars, Potentially Unwanted Programs (PUP), and browser hijackers from your computer. By using AdwCleaner you can easily remove many of these types of programs for a better user experience on your computer and while browsing the web.

Saturday, August 2, 2014

360 Browser And 360 Internet Security For PC/ MAC/ Smart Phone

ကဲဗျာ တင်မှတင်ကို အကုန်သာ တင်ပစ်လိုက်တာကောင်းပါတယ်။ ပို့စ်များများတင်နိုင်ရင် လူများများကြည့်
နိုင်တာပေါ့ ဟုတ်ဘူးလား။ သူတို့ထုတ်ကုန်က သိပ်များများစားစား မရှိပါဘူး အထူးသဖြင့်တော့ မြင့်တွေ့ရ
တာကတော့ သုံးမျိုးလောက်ပါဘဲ အဲတော့ ကိုယ်လည်း ပို့စ်များမယ် သူတို့တွေလည်း ကြော်ငြာခံရတော့
ပိုပြီးတော့ လူကြည့်များမယ် လူသုံးများလာမယ်ပေါ့ ခုကျုပ်တင်တာတွေက ဘာမှ အသပြာပေးစရာမလိုပါ
ဘူး။ Keygen တို့ Patch ဖိုင်တို့ သုံးစရာလည်းမလိုဘူး ဘာကီးမှလည်း ထည့်သုံးစရာမလိုတဲ့ Free ထုတ်
ကုန်တွေပါ..။ တစ်ကယ်ကိုဘဲ လူသုံးများတဲ့ ဆော့ဖ်ဝဲတွေ ကောင်းလို့လည်း လူသုံးများတယ်ထင်ပါတယ်။
သူတို့ တရုတ်ပြည်ကလည်း သိတဲ့အတိုင်း ကမ္ဘာမှာ လူဦးရေအများဆုံးဆိုတော့ များမှာပေါ့လေ..ဒီလိုဘဲ
တွက်ဆကြည့်ရတော့မှာပေါ့ Hundreds of millions of users worldwide are enjoying a safer life with our secure service. တဲ့ဗျာ ဘာမှန်းတော့ မသိဘူး ။ ဒါကြီးတော့ ကြွားထားတာဘဲ..။ အေးဗျာ ကြိုက်
တဲ့သူများကတော့ဖြင့် သွားရောက်ဒေါင်းနိုင်တယ်ဆိုတာကို ကိုယ်ကလည်း ပြန်လည်ပြီးတော့ ကြော်ငြာ
လိုက်သည်။ 






အဆင်ပြေလား အဆင်ပြေရင် ကျုပ်ကိုကူညီဦး တစ်ခြားတော့မဟုတ်ဘူး..။
သူများတွေလိုဘဲ Facebook Like လေးများချင်လို့ပါ..။
လောဘ လောဘ...
ဒီလင့်လေး Like မလုပ်ရသေးရင် လုပ်ကြပါဦးကွယ်ရို့ ....

Wednesday, July 23, 2014

Baidu Antivirus 2014 မြန်မာဆိုက်များတွင် မတွေ့ရသေးသည့် Virus သတ်ခြင်းနှင့် လုံခြုံရေး Browser

ကဲဗျာ နာမည်ကတော့ အကြီးကြီးပေးထားတယ်။ တစ်ကယ်လည်း ဟုတ်ပါတယ် မြန်မာဆိုက် ကိုယ်ကျင်
လည်နေတဲ့ ဆိုက်တွေမှာတော့ဖြင့် ဒီ Baidu Antivirus 2014 နဲ့ ပတ်သက်ပြီးတော့ မတွေ့မိသေးပါဘူး။ ဒီတော့ ဒီကောင်လေးကို အထူးသဖြင့် အထူး Software အနေဖြင့် ထူးခြားစွာ တင်ပေးလိုက်ပါသည်။ သုံးစမ်း
ကြည့်တော့ သူ့မှာ Antivirus သာမဟုတ်ဘဲ Browser တစ်ခုပါ ပါလာတာတွေ့ရတယ်ဗျ။ ကျုပ်ကလည်း သူ့တို့
ထုတ်ကုန် သုံးလေးမျိုးလောက် ကောက်ဆွဲလာတယ် PC ကို မြန်နှုန်းမြင့်တာတွေရယ် PCAppStore တွေရယ်
bdMiniDownloaderSuite ဆိုတာတွေ ကောက်ဆွဲလာတယ်။ ခုပြောတဲ့ဥစ္စာတွေက Offline Software မဟုတ်
ပါဘူး install လုပ်ပြီးရင် အင်တာနက်နဲ့ တစ်ဖန်ပြန်ပြီးတော့ ဆွဲရသေးတယ်ဗျ။ ဒါကြောင့်မို့ အဲဒီကောင်တွေ
ကိုတော့ တင်မပေးသေးဘူး တင်မပေးဆို ခုကျုပ်တင်မယ့်ဆော့ဖ်ဝဲကိုလည်း တင်မပေးတော့ပါဘူး ဘာငေ့်
ဆို 132MB ရှိနေလို့ပါ ကိုယ့်အင်တာနက်လိုင်းနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒီတော့ ကိုယ့်ညီတွေ ညီမ
တွေအတွက် အလွယ်ကူဆုံး Download ကို တစ်ချက်နှိပ်လိုက်တာနဲ့ ဆွဲလို့ရနိုင်တဲ့ နည်းနဲ့ဘဲ လုပ်ပေးမယ်။
ဒီတော့ ကိုမိုးအတွက်လည်း ပင်ပန်းသက်သာမယ်ပေါ့။ ဒီဆော့ဖ်ဝဲ ဘယ်လောက်ဘယ်မျှ ကောင်းတယ်လို့
တော့ ကျုပ်မသိဘူး သို့သော် အများတစ်ကာထက် ထူးခြားနေတာကတော့ အမှန်ဘဲ။ သုံးခဲ့ဖူးသမျှတွေထဲ
မှာကတော့ လန်းလည်းလန်း ပေါ့လည်းပေါ့တဲ့ Software တစ်ခုလို့ဘဲ ပြောပါရစေတော့ဗျာ။ Browser သုံးမယ်
ဆိုရင်လည်း သူ့မူရင်း Browser မှာ အင်တာနက်က Virus တွေ ပါမလာအောင် စစ်ထုတ်ပေးမယ့် သတ်ပေး
မယ့် Safe စနစ်လေးပါလာတာတွေ့ရတယ်ဗျ။ ဒါကလည်း လိုအပ်လို့ပေါ့ ခေတ်စနစ်အရ ထည့်ပေးထားပုံ
ပေါ်ပါတယ်။ နောက်ဆုံးပေါ် နောက်ဆုံးထွက်ကိုမှ နှစ်သက်တဲ့ ကိုမိုးအတွက်ကတော့ ပြောမဆုံးပေါင်
 တောသုံးတောင်ဆိုသလိုပါဘဲဗျာ..။ ဆက်လက်ရှုစားပါဦး အကြိုက်တွေ့စေမှာပါ...




App Store ကတော့ မသုံးစမ်းရသေးဘူးဗျာ ဒီတော့မကြာခင်ကာလမှာ ကိုမိုးတင်ပေးသွားမှာပါ..။ ခုတော့
ဖြင့် အကောင်းတစ်ကာ့ အကောင်းဆုံး အလန်းဇယား ဘာမှ ၀ယ်စရာမလို ပေါချောင်ကောင်း ဆော့ဖ်ဝဲကို
ဘယ်သူ မသုံးဘဲ နေမလဲ..။ ဟုတ်ဘူးလား..ကဲ ဘလော့ကာကြီးများအနေဖြင့်ကတော့ဝင်ရောက် လေ့လာ
ကြည့်ပါ ကိုမိုးပြောတာ ဟုတ်လေသလား မဟုတ်လေလားပေါ့ဗျာ ခင်ဗျားတို့က အင်္ဂလိပ်လို တတ်ကျွမ်းနား
လည်တော့ ပိုပြီးတော့ သုံးစွဲသူတွေကို နားလည်အောင် နားရှင်းအောင် ပြောပြနိုင်ပါလိမ့်မယ်...။ ကိုမိုးက
တော့ သုံးကောင်းတယ်ထင်ရင် ကြွားတာဘဲ..။ Browser အနေနဲ့ကတော့ Zawgyi One အလုပ်မလုပ်ပါဘူး
အင်္ဂလိပ်လိုတော့ ရေးလို့ရတာပေါ့ဗျာ..။ ကဲ လေရှည်နေပြီ..ဒီနေ့က တစ်ပို့စ်လေး တင်မှာဖြစ်တဲ့အတွက်
စာများများ ရေးလိုက်တာပေါ့ဗျာ..။ နိုင်ငံရေးတွေကလည်း ဘာမှန်းမသိပါဘူး အဓိကကတော့ဖြင့် လုပ်ကွက်
ကြီးပါ..။ ဘာလည်းဆိုတော့ ဒီနေ့တက်လာတဲ့ သတင်းတွေအရ ဂတုံးမဆိုပြီး တက်လာတယ် သေချာတယ်
ဒါ ဒါ ဒါဘဲ...ဆိုတာပေါ့...။ တော်တော့ဗျာ အရိပ်ပြ အကောင်မြင်တော့ တော်ကြာ သူတို့ကို စွပ်စွဲတယ်ဆိုပြီး
ရိတိတိ လာလုပ်ရင် လွယ်ဘူးဗျ ဒါကတော့ နိုင်ငံရေးကို မြင်အောင် ပြောပြတာပါ ရောရောင်ပြီး သွားမလုပ်
စေချင်ဘူး အထူးသဖြင့်ကတော့ ဖောင်းပြင်သားတွေကို ပြောတာပါ.ကျုပ်တို့ဖောင်းပြင်သားက ရိုးသားတယ်
အေးအေးဆေးဆေး နေချင်တဲ့သူတွေ မဟုတ်လား..။ ဒါကြောင့်ပါ အောက်ပြည်အောက်ရွာက လူတွေက
တော့ ပညာတတ်အသိုင်းအ၀ိုင်း ငွေရှင်ကြေးရှင်တွေဆိုတော့ ပြောလည်းမပြောတတ်ပါဘူး ဆုံးမလည်း
မဆုံးမတတ်ပါဘူးဗျာ..။ ကိုယ့်အညာသူအညာသားတွေ ရောရောင်ပြီး ခံရမယ် မိဝေးဖဝေးမှာ ကြားမကောင်း
တဲ့ သတင်းတွေ ထွက်လာမှာစိုးလို့ ဒီနေရာကနေ တားတာပါ..။ ဒါဘဲ Virus နဲ့တော့ နဲနဲဆိုင်ပါတယ်နော်..။

ဘာကြောင့်ဆို..ဒါကလည်း နိုင်ငံရေး Virus ဘဲလေ နော် ။ ဟုတ်လား မပါပါအောင် မရရအောင် စကားကို
ကပ်ဆွဲတတ်ပါတယ်ဆိုနေ ကိုမိုးကလေ...ဟေ ဟေး..ဒါပါဘဲကွယ်....ဒေါင်းယူကာ စမ်းသုံးကြလေ...။
မကြာခင်ကာလမှာ ဘလော့တွေမှာ ပျံ့နှံ့ပြီးသကာလ မြန်မာပြည်မှ လူသုံးများတဲ့ Software တစ်ခုဖြစ်လာ
လိမ့်မည်။ မယုံမရှိလေနဲ့......



ပုံမှာ ပြသထားသလို Offline သာဆွဲလိုက်ပါ..




ကဲ ဒေါင်းဖို့လင့်ကတော့ အောက်ဆုံးမှာဘဲ ထည့်လိုက်တော့တယ်ဗျာ...




ကဲ အဆင်ပြေလား အဆင်ပြေရင် ကျုပ် Facebook Like လေးကိုလည်း အားပေးသွားဦး ကြော်ငြာလိုက်ကြဦး
နော်....။ အားကိုးပါတယ်...။ အားငယ်နေတာ Like 1700 ကျော်လေးမို့လေ...။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ.....ကိုမိုး အုန်းသာစံပြကျေးရွာ...

Friday, November 22, 2013

ESET Smart Security 7 v7.0.302.26( 32 & 64 bit) full (VIP)

Smart Security လေးတွေ့လို့ ပို့စ်အဖြစ်တင်ပေးလိုက်ပါတယ်။ Virus သတ်တဲ့ဆော့ဖ်ဝဲပါဘဲဗျာ.။ file Size
144MB ဆိုတော့ တင်ရမှာ နဲနဲလန့်စရာကောင်းတာမို့ သူများလင့်လေးနဲ့ လုပ်စားလိုက်တယ်ပေါ့ဗျာ။ ရချင်
သပဆိုရင်ဖြင့် ဒေါင်းကြပေါ့။ ကျုပ်တော့ဖြင့် သုံးကို မသုံးဖူးပါဘူး။ Virus သတ်တာလည်း Microsoft က
ထုတ်လုပ်တဲ့ Microsoft Security Essentials လေးတော့ သုံးနေပါတယ်။ သူကတော့ ဘာကီးမှလည်းမလို
ပေါ့လည်းပေါ့တယ်လေ။ ခုကျုပ် Windows 8.1 ကြီး သုံးနေတာဆိုတော့ သူ့အလိုလို Auto ပါပြီးသားပေါ့။
အဲဒီတော့ သူနဲ့ တွဲဖက်သုံးတာကတော့ အင်ဒိုနီးရှားက ထုတ်တဲ့ Samrt ဆိုတဲ့ကောင်းလေးပါဘဲ ဒီနှစ်မျိုးဘဲ
လောလောဆယ် သုံးတယ်။ သူများတွေလို မဟုတ်ဘူးလေ တစ်ကိုယ်ရေ သုံးဆိုတော့ သိပ်မလိုပါဘူး။ ကဲ
ဗျာ။ ဒီကောင်လေးကလည်း ဆိုက်အတော်များများမှာ တင်ထားကြပါတယ်။ နာမည်လည်းကြီးတယ်။ မသုံး
ဖူးသေးလို့ စမ်းသုံးလိုရင်တော့ ယူကြပေါ့ ဒေါင်းကြပေါ့။ ကျုပ်လည်း ဒေါင်းရတာဝါသနာပါတာမို့ ဒေါင်းလို့
တော့ ပြီးပါပြီ။ ကီးရယ်လို့တော့ သီးသန့်မပါဘူးဗျာ။  ဘယ်လို Activator လုပ်ရမယ်ဆိုတာတော့ပါပါတယ်။
လုပ်ဆောင်နိုင်တာတွေတော့များတယ်။ နယ်ကလူတွေအတွက်တော့ အဆင်မပြေလောက်ဘူးနော်...။ ကဲ
ဒါပါဘဲ...အဆင်ပြေပါစေ...။

Wednesday, November 20, 2013

USB Disk Security 6.8.0.501

USB Disk Security 6.8.0.501 လေးပါ ပြန်ရှာလိုက်တာ မြန်မာဆိုက်လေးတစ်ခုမှာ တွေ့တယ်ဗျ။ ကဲ သူကတော့ USB Disk Security 6.9.0.501 လို့ ပြောထားတယ် ကျုပ်တင်စမ်းကြည့်တော့ Key မထည့်ခင်
မှာ 6.1 လို့ပြောတယ်။ Key လည့်ထည့်ပြီးရော v6.8.0.501 လို့ မြင်ရတယ်ဗျာ။ ဘာကွာသလဲဆိုတာတော့
အရင်ဆုံး ပုံလေးကြည့်လိုက်ပေါ့ဗျာ။ ကဲ သုံးစမ်းလိုရင် ဒေါင်းကြပါ ။ ဒီကောင်လေးကို install လိုက်ပါ။ install ပြီးရင် ဆော့ဖ်ဝဲလေးကို ပိတ်ပါ (ညာဘက်ခြမ်းအောက်ခြေမှာ ပေါ်နေပါလိမ့်မယ်။ Right Click>>
Exit နဲ့ တစ်ခါတည်း ပိတ်ထားပါဦး အတွင်းမှာ Crack ဆိုတဲ့ floder ထဲက USBGuard ကိုကော်ပီကူးပြီး
တော့ C:\Program Files (x86)\USB Disk Security မှာ ထည့်ပေးပါ ( သို့မဟုတ် Desktop ပေါ်က USB Disk Security အိုင်ကွန်ပေါ်မှာ Right Click>>Properties>> Open File location မှာ ကော်ပီကူး ထည့်ပြီး နှစ်ချက် ကလစ်ပေးပါ...။ နောက်ပြီးတော့ Text ဖိုင်လေးထဲက ကီးကို ထည့်ပေးပါ..ကဲ ဒါဆို သုံးလို့ ရပါပြီ။ ဒါနဲ့ ပတ်သက်ပြီး နဲနဲပြောချင်တယ်ဗျ ကျုပ်သင်္ကေတထားတာလေး တစ်ခုရှိတယ် ဒီဆော့ဖ်ဝဲ
ကို ဘယ်တုန်းက ဒေါင်းထားသလဲပေါ့ သူ့မှာ ရက်လနှစ်တွေပါတယ်။ ကျုပ်အဲဒါလေးကြည့်လိုက်တာ သူက
2011 ကတည်းကဗျာ။ အဲဒါလေးမရှင်းရင်တော့ ကျုပ်ပုံလေးတစ်ပုံနဲ့ ရှင်းပြထားတယ် ဘာမှတော့ မဟုတ်
ဘူး မသိသေးရင်တော့ ဒါလေးကလည်း ပညာတစ်မျိုးပါဘဲလေ..။ အောက်မှာ ကြည့်ပေးပါ..။



ကဲဗျာ ဒီပုံကြည့်လိုက်ရင်တော့ဖြင့် သဘောပေါက်ရောပေါ့နော်..ဒါကြောင့် ဘာမှ မဟုတ်ဘူးလို့ ပြေတာပေါ့
မသိရင်တော့ အခက်ကြီးပေါ့ဗျာ...သိတော့ အလွယ်လေး ဟုတ်ဘူးလား.. ကဲ လာလည်ကြတဲ့သူများကို
အားကိုးလိုက်ချင်တယ်။ ကျုပ်ကိုလည်း နဲနဲတော့ ကြော်ငြာပေးဦးနော် လက်တို့ပေးကြပါဦးလို့...မသိသေး
တဲ့သူတွေကို မရောက်ဖူးသေးတဲ့သူတွေကို လက်တို့ပေးပါဦးနော်....ohnthar.blogspot.com/
ကို ၀င်ကြည့်ပါ ကောင်းတယ် ဘာညာပေါ့ဗျာ အဲလိုလေး ကြော်ငြာပေးပါဦးနော်...



အားလုံးဘဲ အဆင်ပြေကြပါစေ.....


USB Disk Security 6.4.0.1 / USB Disk Security 6.3 Final

USB Disk Security 6.4.0.1 လေး တင်ပေးလိုက်ပါတယ်။ KeyGan ဖိုင်လေးလည်းပါတယ်နော်။ 6.3 ပါ ထည့်ပေးလိုက်ပါတယ်။ အတော်များများကတော့ အသုံးပြုကြပါတယ်။ ကျုပ်တော့ သိပ်မသုံးဖြစ်ပါဘူး။ ဒီနေ့
တော့ တင်စမ်းကြည့်လိုက်တယ်။ မဆိုးပါဘူး ကောင်းပါတယ်။ ဟိုအရင်က USB Disk Securityတစ်မျိုး တင်စမ်းကြည့်ဖူးတယ်ဗျ။ သူကတော့ စတစ်ခေါ် မင်မော်ရီကဒ်ထဲကို တိုက်ရိုက်မောင်းထည့်ပေးရတာမျိုး
ပါ Update မဖြစ်တော့လို့နဲ့ တူပါတယ် သုံးမရတော့ဘူးလေ။ သူ့ခေတ်နဲ့သူကတော့ ကောင်းခဲ့တာကိုးဗျ။
2010 / 2011 / 2012 က ဥစ္စာတွေဆိုတော့ သုံးမရတော့ဘူးပေါ့။ ကဲ ခုဟာကတော့ Update ရယ်လို့
တော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် သုံးကောင်းတုန်းပါဘဲ။ အဆင်ပြေသေးတယ်ပေါ့။ ကဲ နောက်ထပ် နှစ်ခု
ရလာပြန်ပြီဗျာ။ တင်ပြီးသားမို့ တင်လိုက်ပြီ။

Friday, October 18, 2013

Smadav 2013 Rev.9.4.1

Virus သတ်ရာမှာ အတော်လေး အသုံးများလာတဲ့ကောင်လေးပေါ့ဗျာ။ အတော်များများကတော့ သိနေကြပြီ
ကြော်ငြာအားကောင်းတာကိုးဗျ။ ကျုပ်လည်း နှစ်ခါလောက်ရှိပြီလေ တင်ပေးတာ ကြော်ငြာပေးတာပေါ့။ ကဲ
ခုတော့ အသစ်လေးပါ ဟိုတစ်နေ့ကတည်းက ရတာပါ။ ခုမှ တင်ပေးဖြစ်တာလေ။ ကဲဗျာ သူကတော့ floder
Hide တဲ့ ကောင်လေးတွေရော အခြားသော Virus တွေကိုပါ သတ်ပေးပါတယ်။ အသုံးပြုလိုရင်တော့ သုံးကြ
ပေါ့ဗျာ။ ကျုပ်တော့ ထည့်သွင်း အသုံးပြုထားတယ်။ ဒီနေ့ သီတင်းကျွတ်ပြီနော် ညနေပိုင်းတော့ ဘုရားဖူး သွားဦးမယ်။ လိုက်ကြဦးမလား..ညပိုင်းကျရင်တော့ 5000 ထောင်တန်ဖုန်းကဒ်လေးတစ်ကဒ်လောက် လှူရ မလားလို့ပါ။ ကိုယ့် ဒီဘလော့လေးမှာ တင်ပေးမှာပါ။ လာလည်တဲ့သူထဲက မြန်မာပြည်က လူတွေ အသုံးပြု
လို့ ရမယ့် GSM ငွေဖြည့်ကဒ်လေး တစ်ခုလောက်ပေါ့ဗျာ။ အမှတ်တရလေးလည်း ဖြစ်အောင်ပေါ့။ ကံကောင်းတဲ့သူ ရမှာဘဲ သို့မဟုတ် အရင်လာတဲ့သူ ရမှာဘဲနော်..။ ဒီတိုင်း ဓါတ်ပုံရိုက်ပြီး ဓါတ်ပုံလေး တင်ပေးမယ်နော်..။ ကဲ အဆင်ပြေကြပါစေ...
DOWNLOAD SOLIDFILES  OR  DOWNLOAD DROPBOX   OR  DOWNLOAD DE-HOST

Monday, September 30, 2013

AutorunKiller နှင့် Shortcut Virus Remover လေးပါ

AutorunKiller နှင့် ကွန်ပျူတာဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလေးနှင့် Shortcut Virus တွေကို ဖျက်ပေးမယ့် သတ်ပေး
မယ့် Virus Remover နှစ်မျိုး တင်လိုက်တယ်။ မရှိသေးလို့ပါကွယ်။ Autorun Killeer ကိုတော့ နဲနဲ သတိထားပါ။
သူပြတိုင်း ဗိုင်းရပ်မဟုတ်ပါဘူး။ အထူးသဖြင့် မင်မိုရီ စတစ်တွေထဲမှာပါတဲ့ Autorun ဆိုတဲ့ဖိုင်လေးတွေ ကုမ္မဏီ
က ထုတ်တုန်းကတည်းက ထည့်ပေးထားပါတယ်။ အဲဒါလေးကို ဖျက်မိရင် စတစ်တို့ ကဒ်တွေ ကြောင်တတ်တယ်
ဗျ။ ဒါက ကိုယ်တွေ့တွေမို့ပါ ။ မဖျက်ရပါဘူး ဥပမာ ဖုန်းထဲမှာလည်း မင်မိုရီး ကဒ်လေးတွေ ထပ်စိုက်ကြရတယ် မဟုတ်လား အဲဒီမှာလည်း Autorun.inf ဆိုတဲ့ Text ဖိုင်လေးပါတယ် အဲဒါ ဖျက်စရာမလိုပါဘူး ဖျက်မိမှာစိုးလို့
ပြောတာပါကွယ်။ ဘယ်လောက်စွမ်းတယ်ရယ်တော့ မသိပါဘူးဗျာ။ သူလည်း သူ့နည်းသူဟန်နဲ့ စွမ်းမှာပါဘဲ။ DVD Drive တွေ ခွေထည့်တဲ့အခါမှာလည်း သူက ပေါ်လာတယ်။ ဖုန်းနဲ့ ချိတ်တဲ့အခါမှာလည်း သူက ပြပေးတာ
ပါဘဲ။ နောက်တစ်ခုကတော့ Shortcut Virus တွေ ရှိနေရင် ရှာဖွေပြီး ဖျက်နိုင်တဲ့ ကောင်လေးပါ။ အသုံးဝင်ပါတယ်
ဆောင်ထား မမှားပါဘူး။ Facebook Like လေး မလုပ်ရသေးရင် Like လေး ကလစ်သွားပါဦးနော်..။
DOWNLOAD SOLIDFILES       OR         DOWNLOAD DROPBOX

Wednesday, June 19, 2013

Deep Freeze Server Enterprise v7.61.270.4320 Final

Deep Freeze ကို အသုံးပြုလိုတဲ့သူများအတွက် တွေ့တာနဲ့ ကောက်တင်လိုက်တယ် မရှိသေးလို့ပေါ့ဗျာ..။ ဒီဆော့ဝဲကတော့ အင်တာနက်ဆိုင်တွေမှာ အသုံးများပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သိတဲ့အတိုင်းဘဲ
လူစုံတက်စုံ ကလိကြလေတော့ Virus သတ်ရတဲ့ ဒုက္ခမှ ကင်းအောင် ဖိုင်တွေ ရှုတ်ပွနေအောင် လုပ်ထားတာ
တွေ ဖြေရှင်းရတဲ့ ဒုက္ခမှ ကင်းအောင် တင်ကြရတယ်။ အင်တာနက်လိုင်းမမိ မြို့ပြနှင့်ဝေးတဲ့ နယ်မှာ နေတဲ့ သူတွေလည်း ဒီဆော့ဝဲလေးကို သုံးကြပါတယ်.။ ဒီဆော့ဝဲနှင့် ထိန်းချုပ်ထားပြီဆိုရင် ကွန်ပျူတာအတွင်းသို့
ဘာဆော့ဝဲမှ အတည်ထည့်ထားလို့ မရတော့ပါဘူး ဒီချင်းအသစ်တွေလည်း ထည့်လို့မရတော့ပါဘူး.။ မရဘူး
ဆိုတာတော့ မဟုတ်ပါ.။ ရတော့ရတယ် Restart ကျတာနဲ့ ထည့်သမျှ အကုန်ပျောက်တာပါ.။ ဒီတော့ စတစ်
တစ်ချောင်းတော့ ဆောင်ထားရပါလိမ့်မယ်။ သင်ဟာ အင်တာနက်ဆိုင်သွားသုံးရင် စတစ်ဆောင်ရမယ်ပေါ့
ကိုယ်လိုချင်တာလေးတွေ ဒေါင်းလော့ချပြီး စတစ်ထဲထည့်ထားရမယ်ပေါ့ မထည့်မိဘဲ Restart ကျသွားရင်
တော့ လူမလိမ္မာ နှစ်ခါပင်ပန်းဖြစ်ပြီပေါ့။ ကဲ အတော်များများ သိပြီးသားပါ.။ အကြောင်းမသိဘဲ ထည့်မသုံး
ပါနဲ့ ဖြုတ်ရတာ ခက်တယ်.။ ကိုယ့်အတွက် အရေးကြီးမှ သုံးပါ..။

Deep Freeze instantly protects and preserves baseline computer configurations. No matter what changes a user makes to a workstation, simply restart to eradicate all changes and reset the computer to its original state - right down to the last byte. Expensive computer assets are kept running at 100% capacity and technical support time is reduced or eliminated completely. The result is consistent trouble-free computing on a truly protected and parallel network, completely free of harmful viruses and unwanted programs.

Expensive computer assets are kept running at 100% capacity and technical support time is reduced or eliminated completely. The result is consistent trouble-free computing on a truly protected and parallel network, completely free of harmful viruses and unwanted programs. While Deep Freeze provides bulletproof protection, its non-restrictive approach also improves user productivity and satisfaction.

Placing no restrictions on a user's ability to access all system resources, users avoid the frustration of downtime due to software conflicts, operating system corruption, virus attacks, and many other problems. Users are always assured of computers that are consistently operable and available. Building on the power of Deep Freeze Standard, Deep Freeze Enterprise offers centralized deployment and enhanced flexibility options for customizable management of large computing environments. Deep Freeze Enterprise is the best solution for keeping a large number of PCs in top notch state.

Security and Control:
· Encrypt all components with a unique Customization Code
· Preset multiple passwords to be used on a workstation or via the Command Line Control with varying activation and expiration dates
· Generate encrypted One Time or One Day Passwords
· Disable keyboard and mouse during maintenance periods or on demand
· Boot Control window provides ability for immediate reboot

Configuring Options:
· Create customized installation files using the Configuration Administrator
· Pre-select Frozen Drives and selectively Freeze or Thaw fixed drives
· Schedule automatic Restart/Shutdown times
· Restart computer on Logoff
· Schedule idle shutdowns or restarts after a preset length of time that the workstation has been inactive
· Schedule Thawed Maintenance periods to perform Windows updates through the Internet or a SUS/WSUS server or run a custom batch file to update your antivirus definitions
· Schedule Send Message tasks

Flexibility Options:
· Create a ThawSpace on a workstation that can be used to store programs, save files, or make permanent changes
· Specify the size and file system of the ThawSpace (up to 100GB using NTFS)
· Use Stealth Mode to hide the Deep Freeze system tray icon
· Override ongoing maintenance periods

Interoperability Options:
· Use Deep Freeze Command Line Control Utility (DFC) to manage Deep Freeze deployment remotely via command line interface
· Integrate Deep Freeze protection into any Desktop Management Solution capable of executing command line control
· Manage Deep Freeze protection through the LANDesk native console with Deep Freeze plug-in for LANDesk
· Enhanced Novell compatibility during Maintenance

Action Files:
· Create XML-based Deep Freeze Action Files to interact with other programs via the Deep Freeze Console
· Administrators will be able to create, edit, download and share Action Files with other users through Faronics Labs



Download Instructions By A.K
1. Click "Download Button".
2. Wait "5sec".
3. Click "Skip Ad".
Adf.ly
4. Download and Enjoy!.




Download

Friday, June 14, 2013

Multi Virus Cleaner 2013 For Pc 15MB

ကိုယ်စက်ထဲမှာ antivirus ဆောင်ထားပါလျှက်နဲ့ ဗိုင်းရပ်ဒုက္ခပေးနေသေးရင် Multi Virus Cleaner ကိုသာ အသုံးပြုလိုက်ပါ စက်ထဲက ဗိုင်းရပ်တွေ ကတ်ထဲမှာရှိတဲ့ ဗိုင်းရပ်တွေခွေးပြေးဝက်ပြေး ပြေးရမှာမှာပါ ဖိုင်ဆိုဒ်ကလည်း သေးသေးလေးဆိုတော့ ကွန်နက်ရှင်းမကောင်းတဲ့ သူငယ်ချင်းတွေအတွက် အသုံးဝင်မှာ ပါ ပြီးတော့ ၀င်းဒိုး 8 မှာလည်း အသုံးပြုနိုင်ပါတယ် အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် ။
အမျိုးကောင်းသားမှ ကူးယူဖော်ပြထား.။
 Download>>>>Multi Virus Cleaner 2013 Portable
မူရင်းလင့် http://www.01net.com

Saturday, May 11, 2013

SmadAV 9.3 2013 / 1MB Floder Hidden ဗိုင်းရပ်စ် တွေတော့ အတော်နိုင်တယ်ဗျာ

ဒီ Smad ဆိုတဲ့ဆော့ဝဲလေးကတော့ ကျုပ်အနေနဲ့ 2010 လောက်ကတည်းက သဘောကျခဲ့တဲ့ဆော့ဝဲလေး
ပါ.။ ဒီကောင်လေးနဲ့ ကျုပ်လက္ဖက်ရည်တော့ သောက်ခဲ့ရသေးတယ်.။ ကိုယ့်သူငယ်ချင်းက ဟေ့ကောင်
ငါ့ ကွန်ပျူတာ ဘာဖြစ်သွားကုန်ပြီလည်း မသိဘူးကွာ floder တွေလည်း ဘာဖြစ်ကုန်တာလည်း မသိဘူး
ဖွင့်လိုမရတော့ဘူး ဖွင့်လိုက်ရင် ဘာမှ မရှိကုန်ဘူးကွာတဲ့ အဲဒါနဲ့ မပူပါနဲ့ကွာ ကိုကြီးလုပ်ပေးမှာပေါ့ အဲလိုဘဲ
ပြောပြီးတော့ ဒီကောင်းလေးနဲ့ ရှင်းပြစ်လိုက်တာ.။ အဲဒီတုန်းက ကိုယ်ကအင်တာနက် သုံးနေပြီကိုး အဲတော့
တောင်နှိပ်မြောက်နှိပ် ရထားတာလေးကို လက်တွေ့စမ်းလိုက်တာ အဆင်ပြေသွားတယ်လေ.။ တစ်ခြား



ဆော့ဝဲတွေနဲ့ သတ်တာက ကျုပ်တို့ ပင်ပင်ပန်းပန်း ရှာထားတဲ့ Keygen ဖိုင်တွေ ဒုက္ခပေးတယ်ဗျာ။ ဖိုင်ချုပ်
ထားရင်ထား မထားလို့ကတော့ ရှိသမျှ ပြောင်မယ်.။ အကုန် ဆွဲဇိကုန်တာဗျ Avira နဲ့ သတ်ရင်တော့ အဲဒါ
သတိထားပေတော့.။ ဒီဖိုလ်ဒါ ဟိုက်တဲ့ ဗိုင်းရပ်စ်ကိုတော့ Avira လည်း သတ်ဖို့နေနေတာတာ သိတောင်
မသိဘူး..။  တစ်ခြားဆော့ဝဲတွေလည်း မသိဘူးဗျာ.။ ဒီကောင်လေးနဲ့မှ အဆင်ပြေတာ ကဲဒီလောက်ဆို သူ့
ကောင်းကြောင်း သိရောပေါ့ အဲဒီတော့ ဆောင်ထားသင့်တယ်မဟုတ်လား..ကိုယ်လည်း ရလာလို့ တင်ပေး
လိုက်တာပါ..။ ကျုပ်က ကီးဖိုင်တွေ သိပ်မရှာတတ်လို့ မတင်ဖြစ်တာဗျာ ခုတော့ သူများရှာထားတာလေးကို
ကောက်တင်လိုက်တာဘဲ....
۩۩۩۩   DOWNLOAD BOX  ۩۩۩۩
۩۩۩۩   DOWNLOAD MDF  ۩۩۩۩

Thursday, May 2, 2013

Microsoft Essential Security 10MB Virus သတ်ဖို့အတွက်ဆိုရင် ဒီကောင်လေး သဘောကျတယ်

۩۩۩۩ DOWNLOAD WINDOW.MICROSOFT.COM  ۩۩۩۩
 ကဲဗျာ Microsoft Essential Security ဆော့ဝဲလေးဟာ အတော်လေးကောင်းသတင်းတွေ ထွက်နေပါ
တယ်.။ ကိုယ်တိုင်သုံးစမ်းကြည့်တော့လည်း ကောင်းတယ်ကွယ့်.။ ဟိုအရင်ကတော့ Avira ကို သုံးခဲ့ပါတယ်
သို့သော်လည်း နာမည်လေးရလာတော့ ရောင်းတော့တာဘဲဗျာ.။ ခုနောက်ပိုင်းမှာ ဘာဆော့ဝဲများ အသုံးပြု
ရမလဲလို့ စဉ်းစားနေတာ ကိုယ့်ဘော်ဒါတွေကလည်း ဒီ Microsoft Security လေးတွေဘဲ သုံးနေကြတယ်
ဟိုတစ်လောကတော့ avast free antivirus ကိုသုံးပါတယ်။ နောက်ပိုင်းမှာလည်း Microsoft Security နဲ့
avast free antivirus နှစ်မျိုးသုံးဖို့ စိတ်ကူးထားပါတယ်.။ သူများစက်တွေလို Core i 3/ i 5 / i 7 တွေ မသုံးနိုင်တော့ အဲလိုလုပ်ရတော့မှာဘဲ.။ ကိုယ့်စက်က Core(TM) 2 Dou E7500 @2.93 GHz ဆိုတော့
ကိုးတူး ဂျူရယ်ဆိုတော့ ဒီခေတ်ထဲမှာတော့ နဲနဲနိမ့်သွားပြီပေါ့။ ဒီအမျိုးအစားတွေက ဈေးကွက်မှာ မရှိတော့
ဘူး.။ ဒါတွေထားပါ ကဲ ဗိုင်းရပ်စ်နဲ့ပါတ်သက်ရင် ဘာဆော့ဝဲ သုံးရမလဲ စဉ်းစားနေကြတဲ့ သူတွေအတွက်
စိတ်ကြိုက်ဖြစ်စေမယ့် ဆော့ဝဲလေးတစ်ခုပါနော် .......



ဒီဆော့ဝဲလေးဟာ Microsoft Essential Security ဆော့ဝဲကို မူရင်း Microsoft ကုမ္မဏီကိုယ်တိုင်က ထုတ်
တာဖြစ်တဲ့အတွက် အတော်လေးစိတ်ချရတဲ့ အခြေအနေမှာ ရှိပါတယ်.။ ကိုယ်သုံးနေတဲ့ Windowကလည်း
Microsoft ကဘဲ ထုတ်တာဆိုတော့ အချိုပေါ် သကာလောင်းသလိုပါဘဲ..။ ဒီဇိုင်းရော မြန်ဆန်မှုရောပါ..
အတော်လေးကောင်းပါတယ်.။ ဆော့ဝဲ အမြဲတမ်း Update ဖြစ်နေတာကို သုံးချင်ရင်တော့ သူ့မူရင်းဆိုက်
လေးမှာ ဒေါင်းလော့ချပါ. Window အတွက် 32 ရော 64 ရော နှစ်မျိုးလုံး ရှိပါတယ်.။ ကိုယ့် Window နဲ့
ကိုယ့်မယ့် ဆော့ဝဲကို ရွေးပြီးတော့ ဒေါင်းလော့ချလို့ရပါတယ်နော်..။ ကျုပ်ခုသုံးနေတဲ့ ဆော့ဝဲလေးတော့
တင်ပေးလိုက်တယ် ဒေါင်းလော့ချပြီး သုံးစမ်းလိုရင်တော့ အောက်မှာဒေါင်းလော့ချပါ.။ မူရင်းဆိုက်မှာ စိတ်ကြိုက် ဒေါင်းလော့ချမယ်ဆိုရင်လည်း မိတ်ဆွေ သဘောပါဘဲ တစ်ကယ်ကောင်းလို့ ပြောတာပါ.။
သဘောရှိသလို ဒေါင်းလော့ချပြီး သုံးစမ်းကြည့်ပါ.။

۩۩۩۩ DOWNLOD BOX.COM ۩۩۩۩

۩۩۩۩ DOWNLOAD WINDOW.MICROSOFT.COM  ۩۩۩۩


Sunday, November 18, 2012

Avira Antivirus 2013 13.0.0.2761 (100MB)

  ကဲဗျာမိတ်ဆွေများ သူများတွေတော့မသိဘူးကျုပ်တော့ Virus သတ်သည့်ဆော့ဝဲဆိုရင် Avira Antivirus Perso nal အမျိုးအစားဘဲ သုံးဖူးတယ် သဘောလဲကျတယ်။ ကောင်းလဲကောင်းပါတယ် တစ်ကယ်ပါ။ သူမကောင်းတဲ့
နေရာကတော့ ကျုပ်တို့အင်တာနက်ပေါ်ကနေ Software ဒေါင်းလော့ချရင် Keygen တို့ Patch ဖိုင်တို့တွေ့ရင် ဗိုင်း
ရပ်ထင်ပြီး စားပြစ်တာဘဲ။ RAR ဖိုင်တွေဖြည်ရင် ထီးပုံလေးနဲ့ Avira ကို အမှန်ချစ်လေးတွေ ဖြုတ်ထားရတယ်ဗျာ။
သိတဲ့သူများမှာပါ။ ဒါကတော့ ကိုယ့်ဆိုက်မှာ Antivirus နှင့်ပါတ်သက်လို့ ဘာတစ်ခုမှမရှိသေးလို့ ပို့စ်တင်တာပါ။
ဆော့ဝဲတော့မတင်နိုင်ပါဘူး လင့်မသေနိုင်တဲ့ အမြဲဆွဲလို့ရမည့် နေရာလေးကိုဘဲတင်မှာပါ။ ကျုပ်တော့ဒီဆော့ဝဲကို
ပိုသဘောကျပါတယ်  Kaspersky ကိုတော့ သိပ်မတင်ဖြစ်ဘူး လေးလွန်းလို့ဗျာ။ ကြိုက်လည်းသိပ်မကြိုက်ဘူး။
တစ်ကယ်အရေးကြုံမှဘဲ ၀ယ်သုံးလိုက်မယ် သို့မဟုတ်ရင်တော့ မတင်တာကောင်းတယ်။ Core i 3 Core i 5
Core i 7 သမားတွေတော့ တင်လိုကတင်ကြပါ မိမိတို့စိတ်ကြိုက်ပေါ့ဗျာ။ ကိုယ်ကြိုက်တာကိုယ်ကောင်းတာဘဲ။


ကျုပ်ကတာသဘောသိပ်မကျတာ သဘောကျတဲ့သူတွေက များမှာပါ။ ကိုယ့်မှာဘာဘဏ်အကောင့်မှလည်းမရှိ
အရေးကြီးတာခိုးခံရအောင်ဘာမှမရှိတော့ ပေါ့ပါးတဲ့ဆော့ဝဲ နဲနဲကောင်းမယ်ထင်တဲ့ဆော့ဝဲလေးဘဲ သုံးဖြစ်တယ်။
ကျုပ်သုံးတာကတော့ Avira နှင့် Smadav ဒီနှစ်မျိုးဘဲသုံးဖြစ်တယ်။ Smadav  ကဘာကောင်းသလဲဆိုတော့ ဖိုလ်ဒါ
တွေ ဟိုက်တဲ့ဗိုင်းရပ် ပြန့်ပွါးစေတဲ့ ဗိုင်းရပ်ကတော့အတော်နိုင်တယ်ဗျာ။ Avira ဗိုင်းရပ်မှန်းတောင်မသိတာ ဒီ Smadav ဆိုတဲ့ကောင်နဲ့ သတ်မှအဆင်ပြေတယ် ဒါကြောင့်ကိုယ်သဘောကျတဲ့ ဗိုင်းရပ်သတ်သည့်ဆော့ဝဲကို အနည်းဆုံး သုံးမျိုးတော့ဆောင်ထားပါ။ install မောင်းချင်မောင်းမမောင်းချင်နေ ဆောင်တာတော့ဆောင်ထား
ကိုယ့်ကွန်ပျူတာမှာ ဗိုင်းရပ်ကိုက်နေတာသိတာနဲ့ ဆော်ပြစ်လိုက်ရုံဘဲ။ Avira နဲ့ဆို ကွစ်ကွစ်ကွစ်နဲ့တောင်နေသွား
မယ်။ ကဲAvira မှာလည်း အမျိုးမျိုးရှိပါတယ် အဲဒီထဲကမှ ကျုပ်တော့ Personal အမျိုးအစားဘဲသဘောကျတာပါ။
တစ်ချို့Avira ကတော့မကောင်းဘူးဘဲပြောရတော့မှာပေါ့ ကိုယ်မှမကြိုက်တာ။ ကဲဗျာ ဘာပဲပြောပြော မသုံးဖူးလို့
စမ်သုံးကြည့်ချင်တယ်ဆိုရင်ဖြင့် အောက်မှာဒေါင်းလိုက်ပါ။ ခုနောက်ပိုင်း 2012 နောက်ပိုင်းမှာ ကျုပ်မသုံးဖြစ်တော့ပါဘူး။ ဒါကြောင့် နဲနဲကွဲတာလေးတွေရှိနေမှာပါ။ Install ပြုလုပ်နည်း..





♣♣♣♣  Download Avira Software  ♣♣♣♣

♣♣♣♣  Download Update vdf and ivdf  ♣♣♣♣

AntiVirus နှင့်ပါတ်သက်လို့ အချိန်မရွေးဒေါင်းရန် မူရင်းဆိုက်များသို့




Update လို့ခေါ်တဲ့ VDF  and IVDF ကို ဒေါင်းရန်