This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label Firmware Download. Show all posts
Showing posts with label Firmware Download. Show all posts

Tuesday, August 12, 2014

honor 3C H30-U10(2GB Ram)V100R001CHNC00B118 Flashtool Firmware

H30-U10 (2GB)download any one


Credit : http://www.firmwaresharing.blogspot.com/2014/07/3c-h30-u102gb-ramv100r001chnc00b118.html
china ဖုန်းတွေအတွက်ပါနော်...international သမားတွေအတွက် မရပါဘူး။ မရသေးဘူးလို့လည်း..
လေ့လာမှတ်သားမိတယ်လေ..။ ဒါကြောင့် စုံစမ်းပြီးမှ ဒေါင်းကြပါရန်...။

အဆင်ပြေပါစေကွယ်...ပြေရင်တော့ Like လုပ်ပြီးအားပေးပါ..ဦး..။
ဒီဆိုက်မှာကတော့ HTML အလုပ်မလုပ်တဲ့အတွက် FB Like က မတွေ့ရဘူးပေါ့ သို့သော်
ပို့စ်တစ်ခု အနေနဲ့တော့ ထည့်သွင်းထားတယ်။ လိုင်းကောင်းရင်တော့ မြင်ရပါတယ်..။

G730-U00 & G730-C00 Latest Firmware

နောက်ဆုံးထွက်ရှိလာတဲ့ ” Huwei G730-U00 & G730-C00 ”
တို့ ရဲ့ Firmware Build Number Update Firmware လေးတင်ပေးလိုက်ပါတယ်ဗျာ..
လိုအပ်သူများ ယူသွားပါဗျာ….

Download ( G730-C00 Build Number 157 ) Official China Link
Download ( G730-U00 Build Number 138 ) Official China Link
အားလုံးအဆင်ပြေကြပါစေဗျာ….nyipaing39@gmail.com
 
 
အဆင်ပြေပါစေကွယ်...ပြေရင်တော့ Like လုပ်ပြီးအားပေးပါ..ဦး..။
ဒီဆိုက်မှာကတော့ HTML အလုပ်မလုပ်တဲ့အတွက် FB Like က မတွေ့ရဘူးပေါ့ သို့သော်
ပို့စ်တစ်ခု အနေနဲ့တော့ ထည့်သွင်းထားတယ်။ လိုင်းကောင်းရင်တော့ မြင်ရပါတယ်..။
 

Monday, August 11, 2014

Huawei Honor 3C 4G(H30-L02) Android 4.4.2 Official Firmwares (အောင်ကျော်)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhbvVhtTvZiDw3pBhM6N4wBlXvtBxr0ZIuvnfVn7aIJjx5pc-Pd7kSLHGVL-GHTQGPW6ijLQG2VZd0AwJ2ZzLtDh_knUyv_thFyjjnUrCjtEthIn0sIqL6HnYYXKyqVv8PMWTu4zHdRZNw/

H30-L02,Android 4.4,Emotion UI,V100R001CHNC00B126

H30-L02,Android 4.4,Emotion UI,V100R001CHNC00B128

H30-L02,Android 4.4,Emotion UI,V100R001CHNC00B130

H30-L02,Android 4.4,Emotion UI,V100R001CHNC17B128

H30-L02,Android 4.4,Emotion UI,V100R001CHNC17B130


Down ပြီးရင် dload ဆိုတဲ့ ဖိုင် တစ်ခုလုံးကို sd ကဒ်ထဲထည့် ပါဝါပိတ် vol up ရယ် vol down ရက် power ရယ် ကို တစ်ခါတည်းတွဲနှိပ်လိုက်သူ့ ဘာသူ firmware ရေးသွားလိုက်မယ်။5 မိနစ်လောက်တော့ကြာမယ်။
http://www.aungkyaw.net/2014/08/huawei-honor-3c-4gh30-l02-android-442.html

ကိုယ့် https://www.facebook.com/ohnthar လေးကိုလည်း Like လုပ်ပြီး အားပေးကြပါဦးကွယ်..။

Monday, November 11, 2013

VRoot 1.7.2 and Android Driver and Firmware Search

ကဲ V Root 1.7.2 လေးရယ် Android Driver ရယ် Firmware Search လေးရယ် သုံးမျိုး တင်ပေးလိုက်
တယ်။ Root လုပ်ဖို့အတွက်ဆို ပထမဆုံးလိုအပ်တာက Android Driver ပေါ့ဗျာ။ သူမရှိရင် အလုပ်မဖြစ်ဖူး
လေ ဒါကြောင့် တွဲဖက်ပြီးတင်ပေးတာပါ။ များသောအားဖြင့်ကတော့ ဖုန်းတွေမှာလည်း သူ့အတွက် သီသန့်
လေး ဖုန်းထဲမှာ ပါတတ်ပါတယ်။ USB ကြိုးနဲ့ ကွန်ပျူတာမှာချိတ်ဆက်လိုက်ရင် တွေ့ရတတ်ပါတယ် အဲဒီ
ကောင်လေးကို install လုပ်လိုက်ရင်လည်း အဆင်ပြေတယ်။ ကျုပ်လည်း နေ့လယ်ကတော့ G510 အမျိုး
အစား တစ်လုံး Root ဖောက်ပြီး မြန်မာဖောင့်ထည့်ပေးလိုက်သေးတယ် စမ်းသုံးလိုက်တာပါ။ သူများတွေက
အတော်များများဖုန်းတွေ Root လုပ်နိုင်တယ်ပြောလို့ ဟုတ်သလားဆိုတာ လက်တည့်စမ်းလိုက်တာ အိုကေ
သွားတယ်။ Root လုပ်နည်းတွေကတော့ ရေးထားတာတွေ မနည်းပါဘူး ရှာတတ်ရင် ရပါတယ်နော်။ ကဲ ကိုယ်လုပ်လိုက်တာကတော့ V Root ကို install လိုက်တယ်ဗျာ။ ဖုန်းနဲ့ ကွန်ပျူတာ USB ကြိုးနဲ့ ချိတ်ဆက်
လိုက်တယ်။ ဖုန်း Setting>>Developer options>> USB debugging ကို အမှန်ခြစ်ပေးလိုက်တယ်။
အဲဒါပြီးတော့ V Root ကို ဖွင့်ပြီးတော့ ခနစောင့်ကြည့် သူဟာသူ Android ကို စစ်ဆေးနေတယ် ပီးတော့ Root လုပ်ဖို့ အသင့်အနေအထားလေးကို ရောက်သွားတယ်။ Root Root Root နဲ့ နှိပ်သွားလိုက်တယ်။ ကားမောင်းသလို ၀ူး ၀ူး ခုတော့ ရု ရု ပေါ့ဗျာ နောက်ဆုံးမှာ ဖုန်း Restart ကျသွားတယ် ပြန်တက်လာတော့
Super User လေးပေါ်လာတယ်။ ကဲ ဒီနောက်မှာတော့ မြန်မာစာ မြင်ရဖို့အတွက် Zawgyi Installer Root
လေးကို ဖုန်းထဲမှာ install လုပ်တယ်ဗျာ။



Zawgyi Installer  ဖွင့်လိုက်တယ်ဗျာ။ Check for Root Access ကိုနှိပ် Install Roboto font ဆိုတာကို
ဆက်နှိပ်တယ်။ ခဏလောက်စောင့်ပါ Reboot Now ဆိုတာလေးပေါ်လာတယ် နှိပ်ပါ။ Restart ကျသွားလို့
ပြန်တက်လာရင်တော့ ကြည့်ချင်တဲ့ သတင်းတွေ မြန်မာလို ကြည့်လို့ရပါပြီ။

ကဲ စာရေးလို့မရသေးဘူး Frozen Zawgyi သို့မဟုတ် Bagan Keyboard လေးကို ဖုန်းထဲကို install လုပ်ပါ
ဖုန်း Setting >> Language & input >> Frozen Zawgyi ဆိုတာလေးကို အမှန်ခြစ်ပါ။ ကျန်တာတွေကို
တော့ အမှန်ခြစ်ဖြုတ်ပါ။ Bagan Keyboard ထည့်ရင်လည်း Bagan Keyboard ကိုအမှန်ခြစ်ပြီး ကျန်တာ
ဖြုတ်ထားလိုက်ပါ။

Frozen Zawgyi သို့မဟုတ် Bagan Keyboard ရဲ့ အပေါ်မှာ Default ဆိုတာလေးနှိပ်ပါ။  Frozen Zawgyi
ထည့်ရင် သူ့ကို အမှတ်အသား အစက်ပြောက်လေးပေးပါ။  agan Keyboard ထည့်ထားရင် agan Keyboard ကို အစက်ပြောက်လေး ကို အမှတ်အသား ပြုလုပ်ပါ။

ဟာ ဘာမှတာ မဟုတ်တယ် ရေးလိုက်ရတာဗျာ။ ကဲ အဆင်ပြေပါပြီနော်။ ကိုယ့်ချစ်အစ်ကိုကြီးကလည်း
သူ့ရွာကညီက ဖုန်းမြန်မာစာ  မပေါ်လို့တဲ့ဗျာ လုပ်ခိုင်းတော့လည်း ကြံဖန်လုပ်ပေးလိုက်ရသေးတာ။ သူတို့
Root လုပ်ထားတာက Google Playstore က ဒေါင်းလို့ရတဲ့ ကောင်လေးနဲ့ Root လုပ်ထားတာ Zawgyi Installer Root နဲ့ ကျတော့ အဆင်မပြေဘူးဗျာ။ Root Access မရှိဘူးလို့ပြောနေတာနဲ့ Setting ထဲမှာ
သွားပြီး ဖြုတ်ထုတ်လိုက်ရသေးတာ။ အဲဒါတွေပြီးမှ အပေါ်ကအတိုင်းဘဲ လုပ်ပေးခဲ့တာပါ။ ဒါလေးက ကိုယ်
တွေ့ ဖြစ်ရပ်မှန်လေးပေါ့ဗျာ။ Root လေးလုပ်ဖောင့်လေး ထည့်ပြီးတော့ လက်ဖက်ရည်နဲ့ ပေါက်ဆီ တစ်လုံး
တော့ စားလိုက်ရသေးတာဗျ။ ကဲ ငါ့ညီတွေ အစ်ကိုတွေကတော့ ကိုယ့်ထက်သာတဲ့ သူတွေချည်းပါဘဲ...။
ငမိုးကတော့ မတောက်တစ်ခေါက်ပါ သိတာလေး ကြုံတွေ့ခဲ့ရတာလေးတွေကို ဖောက်သည်ချတယ်လို့ဘဲ
ထားပါတော့လေ...။

ကဲ အဆုံးသတ်ချင်ပေမယ့် ကျန်နေသေးတယ်ဗျာ။ Firmware Search ဆိုတာလေးပေါ့ ကျုပ်ဟိုအရင်က
တင်ပေးခဲ့ဖူးပါတယ်။ ရေးလည်း ရေးခဲ့ဖူးပါတယ်။ သူကတော့ ကျုပ်တို့ Huawei Firamware တွေကို အမြန်
ဆုံး အလွယ်ကူဆုံး ဒေါင်းလော့ချစရာ လင့်တွေကို ရှာပေးမှာပါ။ Huawei မှ တစ်ပါး ကျန်တဲ့ ဖုန်းတွေကို
တော့ ရှာပေးမှာ မဟုတ်ပါဘူး။ ကဲ ဒီကောင့်ကလည်း အတော်လေး အသုံးဝင်ပါတယ်။ ပြောတာပြောရ
တယ်ဗျ။ ခုထိ facebook အကောင့်မလျှောက်တတ် မသုံးတတ်သေးတဲ့သူတွေ မြန်မာပြည်မှာ တစ်ပုံကြီး
ရှိသေးတယ်ဆိုတာပါဘဲ။ ကိုယ်ကတော့ အင်တာနက် သုံးတတ်နေပြီ ရှာတတ်ပြီဆိုပေမယ့် မရှာတတ်မသုံး
တတ်သေးတဲ့သူတွေ သန်းချီလို့ ရှိနေသေးတယ်ဆိုတာကိုလည်း သတိပြုပေါ့..။ ကိုယ်သိထားတာလေးက
လွယ်နေပေမယ့် ခုမှ စသုံးတဲ့ သူတွေကျတော့ တစ်ကယ့်အခက်အခဲကြီး တစ်ခုလို ဖြစ်နေတာကိုလည်း
သတိလေးထား ပြောကြားကြပါလို့.....။

ကဲ ဒါပါဘဲဗျာ။ စာဖတ်ရတာ ပျင်းရောပေါ့......အောက်မှာ ဒေါင်းလိုက်ပါနော်...။



Sunday, August 18, 2013

Huawei တွေ Firmware ရှာရာမှာ ကူညီပေးမယ့် Huawei Firmware Search Engine (Ko Ko Wynn Pyay)

Firmware ရှာတာ Pro တွေအတွက်တော့ လွယ်ကူတယ်ဆိုပေမယ့် ကျွန်တော်တို့လို မိုလ်ဘိုင်းလောကထဲဝင်ကစ လူတွေအတွက်တော့ ခက်ပါတယ်... ပြီးခဲ့တဲ့နှစ်ရက်လောက်က Y320-U01   လေးကို Firmware ရှာတာ မူးနောက်သွားလို့ ဆိုပြီးတော့ လွယ်ကူစွာ ရှာဖွေပေးနိုင်ပြီး ဒေါင်းယူနိုင်တဲ့ Search engin လေးကို  Developer Ko Kyaw Swar Thwin နှင့် Designer Green Like Orange တို့ဖန်တီး ထားသော ဆော့ဝဲလ်လေးကိုပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။အသုံးပြုပုံနည်းလမ်းလေးကလည်း
လူကွယ်ပါတယ်။ ကိုကျော်စွာသွင် ညွှန်ပြထားတဲ့အတိုင်းသာ လုပ်လိုက်ပါ အောက်မှာ တစ်ခါတည်းဖော်ပြ   ပေးထားပါတယ်။ ရှာပုံရှာနည်းကတော့ တရုတ်ဘက်ကသွင်းတဲ့ အလုံးတွေအတွက်ဘယ်ဘက်အပေါ်ဘက် က ComboBox လေးကို Click ပြီး China ကိုရွေးပါ... Singapore နဲ့ တစ်ခြားအလုံးတွေဆိုရင်တော့ Global ကိုရွေးပါ ထို့နောက် SearchBox မှာ ဖုန်းအမည် ဥပမာ Ascend P6 (သို့) ဖုန်းမော်ဒယ် ဥပမာ G610-U00 အစရှိသဖြင့် ရိုက်ပြီးရှာနိုင်ပါတယ်ခင်ဗျား...

Wednesday, August 7, 2013

Huawei C8813 official Rom + Root ( သစ်ဆန်းခန့် )

ကဲ Huawei C8813 Root  လုပ်နည်းကတော့ သစ်ဆန်းခန့်က ယူခဲ့ပြီဗျာ.။ ရှာတတ်မှာ မဟုတ်တော့ တစ်ခါထဲ
လှုပ်ရှားထားလိုက်တာ အဆင်ပြေမယ်.။ ညီလေးသစ်ရေ ခွင့်ပြုနော်.။ ဒီမှာတော့ ကိုကြီးကို အပူကပ်လာလို့ ပြေး
ပြီးတော့ လာခဲ့ရတာဘဲဗျာ.။ ကဲမောင်သစ်ရဲ့ အကူအညီနဲ့ ဖြေရှင်းလိုက်တယ်လို့ဘဲ ဆိုပါတော့ဗျာ.။ နားတောင်
ပူလာပြီ.။ ဒါပါဘဲဗျာ.။ သူ့က C8813 ကို Root ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပါလိမ့်မယ့်.။ Google ရှိနေသ၍ ရှာရဖွေရတာ လွယ်ပါတယ်ကွယ်.။ ကိုယ်တိုင် ရှာစမ်းကြည့် Seach ဘောက်လေးမှာ ကိုယ်လိုချင်တဲ့ အရာကို
နာမည်လေးရိုက်ပြီး ရှာရုံဘဲ ကိုယ်မသိတာကို အမေးသဘောလေး How to ဆိုပြီး ထည့်ပြီးရိုက်ရှာလိုက်ရင် အဆင်ပြေတာကို ဥပမာပေါ့ဗျာ How to c8813 framware install ဆိုလို့ရှိရင် သူ့နဲ့ ပါတ်သက်တာတွေ ကျလာ
မယ် အဲဒီမှာ လိုက်ကြည့်ရုံဘဲ အဆင်ပြေရင်ယူရုံဘဲလေ.။ မောင်သစ်ဆန်းခန့် ရေးသားပုံ....
Huawei C8813 Root ဖို့ လိုအပါဒါလေးကိုအောက်မှာဒေါင်းပါ
Huawei C8813 Root zip ကိုဒီမှာဒေါင်းပါ http://www.mediafire.com/?kq8t1b2fsfmksa3
official Rom ကို ဒီမှာဒါင်းပါ http://www.huaweidevice.com/cn/downloadCenter.do?method=toDownloadFile&flay=software&softid=NDIyNDE=
Root နည်ကိုပြောပါမယ် Unlock Bootloader ကိုအရင်ဆုံးလုပ်ရပါမယ် အောက်ကလင့်မှာသွားလုပ်လိုက်ပါ
မိမိ gmail ထဲကို Unlock Code ရောက်လာပြိးဆိုရင် Root လုပ်ဖို့ ဒေါင်းထားတဲ့ Zip ကိုဖြည်လိုက်ပါ
C8813 Unlock.exe . C8813 USB Driver. C8813_OneKeyTools .C8813Root.zip လေးမျိုးလုံးပေါင်းထည့်ပေးထာပါတယ် 
၁ မိမိ ဖုန်း ကို Unknown Soures & USB debugging ကို အမှန်ချစ်ပေးထားပါပြီးရင်ဖုန်းကိုပိတ်ပါ
  ဘက်ထရီဖြုတ်ပါ 10 စက္ကန့် လောက်ထားပါ ဘက်ထရီပြန်တတ်ပါ VOL Down + power နိပ်ပေးပါ
Huawei Logo မှရမ်နေပါမယ် C8813 Unlock.exe ကို Runလိုက်ပါ ဖုန်းကို pc နဲ့ ချိတ်လိုက်ပါ
မိမိ gmail ထဲ ကိုရောက်လာတဲ့  Code ကိုဖြည့်ပေးပြိး Enter နိပ်လိုက်ပါ Unlock လုပ်သွားပါမယ် 
2 မိမိ Reboot လုပ်ပြီးပြန်တက်လာပါမယ် ဖုန်းကိုပြန်ပိတ်ပါ C8813Root.zip ကို SD Card ထဲ Copy ကူးထည့်လိုက်ပါ ဘက်ထရီဖြုတ်ပါ 10 စက္ကန့် လောက်ထားပါ ဘက်ထရီပြန်တတ်ပါ VOL Down + power နိပ်ပေးပါ logo မှာ ရမ်နေပါမယ် pc နဲ့ ပြန်ချိတ်လိုက်ပါ C8813_OneKeyTools ကို Run လိုက်ပါ ဘယ်ဘက် ဘေးက နံပါတ် 3 အကွက်မှာ  Bootloader & Recovery ဆိုတဲ့ စာပါဒါကို နိပ်လိုက်ပါ 
3 မိမိ ဖုန်း Reboot လုပ်သွားပါမယ် ပြန်တက်လာရင် Recovery Mode ကိုရောက်သွားပါမယ်
  အဲလောက်ဆိုရင် သိလောက်ဘာပြီးနော် ဘာကျန်လဲ ဆိုဒါ  ကို install sd ကိုရွေးပေးလိုက်ပါ 
  C8813Root.zip ကို install လုပ်ပေး
လိုက်ပါ ပြီး၇င် Reboot လုပ်ပေးလိုက်ပါ ပြန်တက်လာရင် 
 အမြစ်တူးပြီးသွားပါပြိ 
 အားလုံးအစဉ်ပြေပါစေ
ကဲ အဆင်ပြေပါစေ...

Huawei Official Framware များ (Mobile House)

ကဲဗျာ အလိုရှိတာကို ရှာတတ်အောင်လုပ်ပါဆိုနေ မရှာတတ်ဘူးတဲ့ ကဲကျုပ်ရှာလိုက်တာ။ Official Framware
တွေနဲ့ ပါတ်သက်ရင် Mobile House ကတော့ အတော်လေးပြည့်စုံတဲ့ဆိုက်ပါ.။ အဲဒီမှာ ကိုယ်ရချင်တဲ့ ဆော့ဝဲ
ကို ရိုက်ထည့်ပြီး ရှာရုံဘဲ ခုလည်း လင့်နှစ်နဲ့ လိုအပ်တဲ့ Framware နှစ်မျိုးတော့ လင့်ယူခဲ့တယ် ဒီလိုမဟုတ်ရင်
လည်း သူ့မူရင်းဆိုက်ကိုသွားဖို့ ညွန်းရတော့မှာဘဲ။ ဘာကြောင့်လည်းဆိုတော့ ဆိုက်ပိုင်ရှင်က ကူးခွင့် မပေးလို့
ပေါ့။ ဒေါင်းစရာလင့်တွေတော့ ပေးထားပါတယ်.။ ဒီလိုတင်နိုင်ဖို့ဆိုတာ လွယ်မှ မလွယ်တာကိုးဗျ အဲတော့ ကူးယူ
ခွင့်ပေးရင် သူ့ဆိုက်ကို လူဘယ်လာတော့မလဲ ။ အဲဒါကြောင့်သူက ကူးခွင့်မပေးတာဖြစ်လောက်ပါတယ်။ သို့သော်လည်း သူ့ရဲ့စေတနာကိုတော့ လေးစားပါတယ်။ သူတို့အများကြီးကြိုးစားထားရတယ်လေ။ဒီလို ဖိုင်ဆိုက်
အများကြီးကို တင်ပေးတာဆိုလို့ ကျုပ်တော့ ဒီတစ်ဆိုက်လောက်မြင်ဖူးတာဘဲ.။ အဲတော့ ကျုပ်ရဲ့ဆိုက်ညာဘက်
ခြမ်းမှာ သူ့ဆိုက်လင့်လေးထည့်ပေးထားပါတယ်.။ Mobile နှင့်ဆိုင်ရာဆိုတဲ့အထဲမှာပေါ့ ။ Mobile House ဆိုပြီး
တော့ပေါ့.။ ကဲလိုအပ်တဲ့ဆော့ဝဲတွေကို အဲဒီမှာ လှမ်းယူကြပါ နဲတာမဟုတ်ဘူးဗျာ တင်ပေးထားတာကို အားပါး
တစ်ရကြီးဘဲ။ ကဲမယုံဘူးလား မယုံရင် သွားကြည့်ကွာ..။
 http://moiblehouse.blogspot.com/2013/04/huawei-official-firmware_4.html

Friday, July 19, 2013

HUAWEI U8825 Firmware

ကဲဗျာ ကျုပ်လည်း HUAWEI U8825 လေးဝယ်ထားတော့ သူ့အတွက် လိုလိုမယ်မယ် ဆောင်ထားရအောင်ဆိုပြီး
Firmware လေး ရှာကြည့်လိုက်တော့ Mobile House မှာ တွေ့တာနဲ့ ဒေါင်းလော့ချလိုက်တယ် ကိုယ်တိုင်တော့
မတင်နိုင်ပါဘူးဗျာ.။ ဖိုင်ဆိုက်က နည်းတာကြီးမှ မဟုတ်တာ 378 MB တောင် ရှိတယ်လေ.။ Update ဖိုင်ကလည်း
772 MB ရှိတယ် အဲတော့ ကိုယ့်လိုဘဲ လိုလိုမယ်မယ် ဆောင်ထားလိုသူများအတွက် လင့်လေးကိုဘဲ လမ်းညွန်ခဲ့
ပါရစေတော့ဗျာ..။ မူရင်း တင်တဲ့ Mobile House မှာဘဲ ဒေါင်းရမှာဘဲ သူက အဆင်ပြေအောင် လုပ်ပေးထားပါ
တယ် ကျုပ်ဒေါင်းတာတော့ အဆင်ပြေတယ် ကဲ လိုအပ်ရင်အောက်မှာ ဒေါင်းပါ..။ သူရေးသားထာပုံလေးကတော့
HUAWEI U8825-1 Offical Firmware ကိုဒေါင်းပြီး ခါတိုင်းလို dload ထဲ နဲ့ တင်လိုက်ပါ.။ Download Anyway
နှိပ်ပြီးဒေါင်းပါတဲ့ဗျာ..။ အဆင်ပြေပါစေ...။ http://moiblehouse.blogspot.com ဒါက ကျုပ်ယူခဲ့တဲ့ လင့်နေရာ.။။

Wednesday, July 10, 2013

Samsung GALAXY GRAND Duos GT – I9082 ကို Zawgyi ပါသော firmware တင်ကြမယ် (Mutual Friend (ပြည်)

မင်္ဂလာပါခင် ခုနောက်ပိုင်းထွက်ဖုန်းတစ်လုံးဖြစ်တဲ့ GT-I9082 တွက် samsung က myanmar စာ ပါတဲ့ firmware ကိုထုတ်ပေးလိုက်ပါပြီခင်ဗျာ။ Root လုပ်စရာလဲလိုတော့ဘူး မြန်မာစာလည်းမှန်သွားပြီ setting ထဲမှာပါ မြင် ရပြီဆိုတော့ စိတ်ချမ်းသာရပါပြီခင်ဗျာ။ ဒါဆိုရင်တော့ အဲဒီ firmware ကိုတင်ဖို့ လုပ်မယ်လေ မလုပ်ခင်လိုတာ   လေးတွေ ဒေါင်းမယ်နော်....




 Firmware
>> Download <<
Odin
Driver
>> Download <<
ဒေါင်းပြီးသွားရင်တော့ တင်ဖို့စကြမယ်နော်....
အရင်ဆုံးဖုန်းကို အားပြည့်အောင်သွင်းပါ.. usb debug နဲ့ Unknow source ကို On ပြီးပါဝါပိတ်လိုက်ပါ။ ခဏနေရင် home + vol down + power နှိပ်ပြီး continue ပေါ်လာရင် vol up ကိုတစ်ချက်နှိပ်ပေးလိုက်ပါ။ Download mode တတ်လာပါပြီ။
ပြီးရင် ကွန်ပျူတာနဲ့ချိတ်ပေါ့ ခါတိုင်းတင်နေကြပုံစံအတိုင်းပါ။ Pdaဆို နေရာမှာ ဒေါင်းထားတဲ့ firmware လေးကို ဖြည်ပြီးI9082XXAMF5_I9082OLBAMG1_I9082XXAME2_HOME.tar.md5 ဆိုတဲ့ဖိုင်လေးထည့်ပေးပါ။ ပြီးရင် re-partition ကိုအမှတ်မခြစ်ပါနဲ့ မခြစ်ဘူးဆိုရင် odin က start သာနှိပ်လိုက်ပါ။ တင်နေပါလိမ့်မယ် pass ပြသွားပြီဆိုရင်လည်း ဖုန်းပြန်တတ်လာတဲ့အထိစောင့်ပြီးမှ ကြိုးဖြုတ်လိုက်ပါ။ မြန်မာစာပါသော firmware ကိုတင်လို့ပြီးသွားပါပြီ။
ပုံလေးနဲ့မပြတော့ဘူးနော် ပုံလေးကိုကြည့်ချင်ရင်တော့ ပထမ samsung ဟောင်းတွေမှာ တင်ထားတာနဲကအတူတူပါပဲခင်ဗျာ ။ လုပ်နေကြပုံစံလေးဖြစ်လို့ တင်မပေးတော့ပါဘူးခင်ဗျာ။
 

 Fimrware ဒေါင်းလို့အဆင်ပြေအောင်လို့ ကိုစိုင်းမောင်မောင် တင်ပေးထားသော mediafire လင့်လေးကိုထည့်ပေးထားပါတယ်ခင်ဗျာ။
 
မှ ကူးယူဖော်ပြထားတယ်နော်..

I-Phone Firmware စုစည်းမှုများ (မောင်ပေါက်)

မိတ်ဆွေညီအကိုအပေါင်းတို့ခင်ဗျာ I-Phone သမားများနှင့် I-Phone Service သမားများ အတွက်  I-Phone Firmware များကိုစုံလင်အောင်တင်ပေးလိုက်ပါတယ်နောက်ဆုံးပေါ်တွေလည်းပါပါတယ်.... လိုအပ်တာရှိရင် လည်းcomments ပေးခြင်းဖြင့်ကူညီပါ.... လိုအပ်သူများအောက်ကလင့်မှာ ဒေါင်းလော့
ချနိုင်ပါတယ်.။ Aung Koe ရဲ့ စုစည်းမှုလေးပါ 

Wednesday, June 19, 2013

HUAWEI U8660 ROOT AND FRAMWARE 155MB

ကဲဗျာ ဒါလေး တင်ထားတာရှိလို့ ပြန်လည်ဝေမျှလိုက်ပါတယ်.။ ကျုပ်ရှေ့တစ်လလောက်က ဖုန်းကလိလွန်လို့
ဖြစ်သွားတာလေး framware တင်လိုက်ရတယ်.။ framware ဆိုတာက ကွန်ပျူတာ Windows လိုဘဲ သူလည်း
Android စက်လည်ပါတ်မှု စနစ်လေးပေါ့ဗျာ.။ အဲဒါလေးတင်လိုက်မှ မူရင်းဖုန်းအတိုင်းလေး သုံးလို့ကောင်း
သွားတယ်.။ HUAWEI U8660 သမားများအတွက်ပေါ့ဗျာ.ဒီအထဲမှာ Root လုပ်နည်းရော framwareလုပ်နည်း
ရော ထည့်ပေးထားပါတယ်.။ အသုံးလိုရင်တော့ ယူသွားကြပေါ့.။ 155MB ဆိုတော့ တစ်နေရာလေးဘဲ တင်
လိုက်တယ်ဗျာ.။ ဖိုင်ကြီးတာဆိုတော့ သိပ်မတင်နိုင်ဘူးလေ.။ တစ်ဆိုက်ထဲမှာဘဲ တင်ထားတယ်နော်.။ လိုအပ်ရင်တော့ သိတဲ့အတိုင်းဘဲ..။ မိမိကိုင်ဆောင်ထားတဲ့ ဖုန်းနဲ့ အမျိုးအစားတူရင်တော့ ဆောင်ထားသင့်
တယ်ဗျာ.။ ကဲဘာပဲပြော အမှတ်တရလေးတော့ ဖြစ်သွားပြန်ပါပကောလားကွယ်.။ 19.6.2013