This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label IP Hide နှင့် Procxy များ. Show all posts
Showing posts with label IP Hide နှင့် Procxy များ. Show all posts

Saturday, August 10, 2013

IP Hide ချင်သူများအတွက် ဆိုက်ကောင်း

ကဲ Aung MyoKyaw ရှာထား ရေးထားတာလေးတွေ့လို့ လင့်ယူလာတယ်.။ ကျုပ်လည်း ဘလော့ရေးရတာ နဲနဲ
ပျင်းလာပြီ.။ မတတ်တဲ့ပညာလေးတွေလည်း ကုန်သလောက်ရှိနေလေတော့ ဘာလုပ်ရမှန်းမသိဖြစ်နေတယ်.။ ခု
က တစ်ဦးတစ်ယောက် တစ်ကိုယ်ကောင်း ခေတ်မဟုတ်တော့ဘူး။ ၀ိုင်းဝန်းညီညာအောင်ကြောင်းဖြာ ဆိုသလို
ဘဲ ဆိုက်တွေလည်း မန်ဘာတွေနဲ့ ရေးနေကြတဲ့ ခေတ်လို့တောင် ပြောရမလိုဘဲ.။ ကျုပ်လည်း ကျုပ်ညီလေးကို
တောင်းဆိုထားပါတယ် ရေးကူဖို့ပေါ့ သို့သော်လည်း သူကလည်း သုံးလနေလို့ တစ်ပို့စ်မတင်နိုင်ဖြစ်နေလေတော့
ကျုပ်စခဲ့တဲ့အလုပ် ကိုယ်တိုင်ဘဲ မတောက်တစ်ခေါက် ရေးနေရတာပါဗျာ.။ ကျုပ်က သူများတွေလောက် ဗဟုသု
တ မပြည့်စုံပါဘူး ဒါကြောင့်လည်း ဟိုဆိုက်ကြည့်ဒီဆိုက်ကြည့်နဲ့ ပါတ်ရှာနေရတာပါဘဲ.။ ငယ်တုန်းကကျွဲကျောင်း
ခဲ့ရသလိုဘဲ ကျွဲပြောက်လို့လိုက်ရှာရရင် ငိုချင်သလိုကို ဖြစ်လို့ ဟိုတောမှာ ဒီရှိုမှာရှာရ ချောင်းဘေးတွေ လိုက်ရှာ
ရ မြောက်တောဘဲ သွားသလား မန်တော့ပင် ဇရစ်ချောင်း ရေတံခွန်ကျောက်ခွက်များ ရောက်သွားသလား အဲလို
ကျွဲလိုက်ရှာခဲ့ရတဲ့ ကျွဲကျောင်းသားပါ။ ခုတော့ ကျွဲမရှာဘဲ တောင်ရောင်ရောင်မြောက်ရောင် လုပ်နေတဲ့ အညာ
သား တောသားပါ.။ ကဲ လိုရင်းကို မရောက်သေးဘူး..ဘာဆော့ဝဲမှ ထည့်စရာမလိုပါဘူး. ဆိုက်လင့်လေးတစ်ခု
ကြောင့်မို့ ရေးနေတာပါ။ ကိုယ့် IP လေးကို တောင်ရွေ့မြောက်ရွေ့နဲ့ ပြောင်းလည်း ရုံလေးပါ တောသူတောင်သား
ဆိုတော့လည်း အရေးအသားက ကလေး ကစားသလိုပါဘဲ မှားနေရင်လည်း ပြင်ဖတ်ပေးပေါ့..။

Friday, June 21, 2013

လွယ်လွယ်ကူကူ ကျော်ကြရအောင် (နေမင်းမောင်)


အခုတော့ Proxy သုံးဖို့ လိုအုံးမလား မလိုဘူးလားတော့ မသိတော့ပါဘူး .. ဒါပေမယ့် ကျွန်တော်တို့ စီမှာတော့ အခုသုံးဖို့ လိုအပ်နေသလို တစ်ခြား မသိသေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် Proxy Sever ရဲ့ Ip Address ကို အသုံးပြုပြီး မိမိတို့ ကိုကြည့်ရှုဖို့ ခွင့်မပြုပဲ ပိတ်ထားတဲ့ ဆိုဒ်မျိုးတွေကို Proxy ကျော်ပြီး ကြည့်တဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. Proxy ကျော်ကြတာတော့ အမျိုးမျိုးပါပဲ .. တစ်ချို့ကလည်း ဆော့ဝဲလ်သုံးပြီး ကျော်ကြတယ် .. တစ်ချို့ကျတော့လည်း Proxy Sites တွေကနေ တစ်ဆင့် ကျော်ကြတယ် .. အခု Proxy Sever ရဲ့ IP Address ကိုထည့်ပြီး ကျော်တဲ့ နည်းလမ်းလေးကိုတော့ အသုံးပြုရတာလည်း အဆင်ပြေသလို လွယ်လည်း လွယ်ကူပါတယ် .. 

နည်းလမ်းလေးကို ရေးပေးသလို အသုံးပြုဖို့ အတွက် Proxy IP Address ကိုလည်း ကျွန်တော့် ဆိုဒ်ရဲ့ အပေါ်ဘားမှာ ဖော်ပြပေးထားမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာက ကျွန်တော် Proxy IP Address တွေ အများကြီး တင်မပေးတော့ပါဘူး .. ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ပြီး တကယ်သုံးလို့ အသုံးဝင်မဲ့ ကောင်လေးကိုပဲ တင်ပေးပါမယ် .. အခုကျွန်တော် တင်ပေးထားတဲ့ ကောင်လေးဆို ကော်နက်ရှင် ကောင်းသလို အခုအချိန်ထိလည်း အသုံးပြုလို့ ရနေပါသေးတယ် .. အခုတင်ပေးထားတဲ့ ကောင်လေး အဆင်မပြေတော့ဘူး ဆိုရင်တော့ အသစ်ထပ်ရှာပြီး တင်ပေးသွားမှာ ဖြစ်ပါတယ် .. ကျွန်တော် အသုံးမပြုတက်သေး သူတွေအတွက် အဆင်ပြေအောင် Firefox နဲ့ Chrome နှစ်မျိုးမှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ် .. 
အရင်ဆုံး Firefox မှာ မိမိတို့ အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address ကို ဘယ်လို ထည့်ပြီး အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. အရင်ဆုံး မိမိတို့ရဲ့ Firefox ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Firefox Option ကိုသွားလိုက်ပါ ..
အောက်က ပုံအတိုင်း Firefox Option  Box  လေး ပေါ်လာပြီ ဆိုရင်တော့ မြားပြထားတဲ့ အတိုင်း အဆင့်ဆင့် Setting ကိုသွားလိုက်ပါ .. 
ပြီးရင် ကျွန်တော်တို့က မိမိတို့စိတ်ကြိုက် Proxy Sever ရဲ့ IP Address ကို ထည့်ပြီး အသုံးပြုချင်တာ ဖြစ်တဲ့ အတွက် Manual proxy configuration ကိုရွေးလိုက်ပါ .. ပြီးရင် အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုမဲ့ HTTP Proxy နဲ့ Port ကိုထည့်ပေးလိုက်ပါ ..
အပေါ်က ပုံအတိုင်း ဖြည့်ပြီး သွားပြီ ဆိုရင်တော့ OK ပေးဖို့ မမေ့ပါနဲ့ ဒါမှသာ မိမိတို့ အသုံးပြုမဲ့ Proxy က အလုပ်လုပ်မှာ ဖြစ်ပါတယ် .. ဒါကတော့ Firefox မှာ Proxy Server ရဲ့ IP Address ကိုထည့်ပြီး အသုံးပြုတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. 
ကျွန်တော် ဆက်ပြီးတော့ Google Chrome မှာ အသုံးပြုချင်သူတွေ အတွက် ဘယ်လို အသုံးပြုရမယ် ဆိုတာကို ဆက်ပြီး ရေးပေးသွားပါမယ် .. အရင်ဆုံး မိမိတို့ရဲ့ Google Chrome ကိုဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Option ကိုသွားလိုက်ပါ .. 
အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ မိမိတို့ အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address ကို ထည့်ပြီး အသုံးပြုနိုင်ဖို့ အတွက် Setting ကို သွားလိုက်ပါ .. အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..

အောက်ကပုံအတိုင်း မိမိတို့ သုံးချင်တဲ့ HTTP Proxy နဲ့ Port ကိုထည့်ပြီး အမှန်ခြစ်လေး ပေးလိုက်ပါ .. ပြီးရင် အားလုံးကို OK ပေးလိုက်ပါ ...
ဒါဆိုရင်တော့  မိမိတို့ ကိုပိတ်ထားတဲ့ ဆိုဒ်တွေကို ဘာ Proxy Software ၊ Proxy Link တွေမှ သုံးစရာမလိုပဲ အလွယ်တကူနဲ့ ကျော်ပြီး ကြည့်လို့ ရသွားမှာ ဖြစ်ပါတယ် .. 
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. နေမင်းမောင်မှ ကူးယူဖော်ပြထားတယ်

CCProxy 7.3 Full Version

ကဲဒီဆော့ဝဲလေးကတော့ လူတိုင်းရင်းနှီးပြီးသားပါ.။ ကျော်တာခွတာ ၀ါသနာပါတဲ့ သူတွေအတွက်ပေါ့ဗျာ.။ Procxy ကျော်ပြီး ကြည့်ရတာပေါ့ဗျာ ကိုယ်တော့ ဘယ်ဆိုက်ကို ကျော်လို့ ၀င်ရမှန်းတောင် မသိပါဘူးဗျာ.။ စမ်းသပ်ရင်လည်း အစမ်းခံပါ့မလားတောင် မသိပါဘူး ကိုယ်ကြည့်ချင်တာက ထိပ်တန်းလျှို့ဝှက်ချက်တွေလေ.။
ဘယ်သူမှလည်း လွယ်လွယ် ကြည့်ခွင့်ပေးမှာမဟုတ်ပါဘူး အဲဒီတော့ မကျော်တော့ဘူးပေါ့ ကျော်ချင်သပါ့ဆိုရင်
တော့ စမ်းကျော်ကြည့်ပေါ့ ။ ကျော်နိုင်ခွနိုင်ဖို့အတွက် ကိုယ့်မှာ ကိုယ်ခံပညာတော့ ရှိမှဖြစ်မှာနော် မရှိရင်တော့ ကိုယ့်အကောင့်လေးပါ ပါသွားမယ်ဗျာ.။ ကဲကဲ ဘာမှတော့မဟုတ်ဘူး ကိုယ့်ဆိုက်ထဲမှာ မရှိသေးလို့ တင်လိုက်
တာ.။ အသုံးပြုနည်းကတော့ Help ဆိုတာလေးနှိပ်ကြည့် ပုံလေးတွေနဲ့ ပြထားတယ်.။ Patch ဖိုင် Keygen ဖိုင်
လေးပါတယ်ဟေး..။

PD-Proxy VPN v2.2.0 လေးပါကွယ်

ကဲဗျာ ကောင်းမကောင်းကတော့မသိဘူး.။ သူကလည်း ဒီဆော့ဝဲလေးတစ်ခုနဲ့ Websit တောင်ထောင်ထား
တယ်ဆိုတော့ ပေါ့သေးသေးဆော့ဝဲ မဟုတ်ဘူးဆိုတာလောက်တော့ သိပါတယ်.။ ခုနောက်ပိုင်းကတော့ ကျော်ခွ
စရာမလိုလောက်အောင် အတော်များများ ကြည့်လို့ရနေတယ်ဆိုတော့ သိပ်တော့မလိုအပ်ဘူးထင်တာဘဲဗျာ.။ သို့သော်လည်း လျှို့ဝှက်တဲ့ဆိုက်တွေကို မြန်မာပြည်ကသာမက အခြားသောနိုင်ငံများကပါ မကြည့်စေချင် မမြင်
စေချင်တဲ့ဆိုက်တွေရှိပါလိမ့်မယ်.။ အဲဒီလိုဆိုက်ပေါ့ဗျာ အဲဒါတွေကို ကြည့်ချင်ရင် ကျော်ကြခွကြရတယ်ဆိုဘဲ..။ ကိုယ်ကတော့ အခွကလည်း သိပ်ဝါသနာမပါတော့ ထောင်လည်းမကျဖူးဘူးပေါ့ ခွတာလည်း သေချာခွကြကွယ်
အခွမတော်ရင် ထောင်ကျပါလိမ့်မယ်.။ ကျော်ခြင်းကလည်း ဒီလိုပါဘဲ အကျော်မတော်ရင်တော့ နာမည်ပျက်မယ်
ကျော်တယ်ဆိုတာက မြန်မာစကားလုံးဆိုတော့ သိပ်ကျယ်ဝန်းတယ်လေ.။ နာမည်ကျော်တာလား ဘာလားပေါ့
ဗျာ.အဲဒါတွေပေါ့.။ ကဲဗျာ စမ်းသုံးလိုရင်တော့ ယူသွားကြပေါ့.မူရင်းဆိုက်လင့်လေးပါ ထည့်ပေးလိုက်ပါတယ်။   အောက်မှာ သူ့မူရင်းရေးသားချက်လေးပါတယ်


Instructions:

1. Sign up for an account ( )
2. Download and unzip PD-Proxy HERE
3. Open PD-Proxy.exe When a prompt message asking you to install a driver press Yes.
4. Press connect and wait till it says that you are connected.
5. Enjoy browsing the internet safely and securely...

Notes:
1. Make sure that you have activated your registered account.
2. Make sure the program has administrative privileges when using Vista/7
3. Make sure you have an active internet connection.
4. Check the debug mode and upload your logs at the forum [forum link]
အဆင်ပြေပါစေ

Thursday, June 20, 2013

မြန်မာနိုင်ငံမှာ ကြည့်လို့မရတဲ့ Web Site တွေ Access Denied ဖြစ်နေတဲ့ Site တွေကို ဒီ Browser လေးသုံးပြိး ပေါ့ပါးစွာကျော်ကြည့်တာပေါ့ဗျာ

ကဲဗျာ အိုင်တီဘဏ်မှာတွေ့တာလေးကို ပြန်လည်ဝေမျှလိုက်ပါတယ် ။ ဟိုတစ်နေ့က ညီလေးတစ်ယောက်က 
ကျော်ရခွရတာ ၀ါသနာပါတယ်နဲ့ တူပါတယ် သူတောင်းတုန်းက မပေးနိုင်ဘူး ကျုပ်လည်း ကိုညီနေမင်းဆီက 443 တွေနဲ့ စမ်းတော့ စမ်းဘူးတယ် သို့ပေမယ့် ကိုယ်စမ်းခဲ့တဲ့ဆိုက်က တစ်ကယ်မလွယ်လို့ နေမှာပါနော်ကိုယ်
ညံ့တာကို ညံ့တယ်လို့ မပြောချင်ဘူးလေ.။ ကဲ အဲဒါထားပါ. ဒီ Tor Browser လေးဟာ အတော်လေးကောင်း
တယ်ဆိုလို့ ခဏလောက်စမ်းကြည့်တာတော့ firefox လိုဘဲဗျ.အတော်ကောင်းပါတယ် Chrome လို font တွေ
ဘာတွေ ပြောင်းစရာလဲ မလိုဘူး။ သူ့ရဲ့ထုတ်ကုန်ဖြစ်တဲ့ မိုဘိုင်းအင်တာနက်မြန်နှုန်းဆော့ဝဲကတော့ အတော်
လေးကောင်းပါတယ်.။ Orbot.apk ဆိုတဲ့ဆော့ဝဲလေးလေ အဲဒါသုံးဖူးကြမှာပါ.။ ဒီကောင်လေးကလည်း အတော်လေးကို ကောင်းပါတယ်.။ ကဲဗျာ အိုင်တီဘဏ်စုဆောင်းထားတဲ့ လင့်လေးတွေကိုဘဲ ပြန်လည် ဝေမျှ
လိုက်ပါတယ်.။ မူရင်းဆိုက်လေးမှာဘဲ ဒေါင်းလော့ချရမှာပါ..။ file ဖြည်တာကလည်း အတော်များများ သိပြီးသား
ပါ.။ ကဲစမ်းသုံးလိုရင် ကျော်ချင်ခွချင်တဲ့ သူများ ဒေါင်းကြပေတော့.ဒီ Tor Browser လေးက ဘာမှ လုပ်စရာမလို ဘဲ သူ့ဆော့ဝဲအတိုင်းဘဲ ကျော်ခွပေးနိုင်ပါတယ်တဲ့ ။ အိုင်တီဘဏ်သို့ သွားရောက်ကြည့်လိုရင်..

Monday, January 28, 2013

WhosOnmyWiFi v2.1.2 ကိုယ့်ဝိုင်ဖိုင် ဘယ်သူခိုးသုံးနေလဲ

ဒါလေးတော့ လိုရမယ်ရပေါ့ဗျာ ဘယ်သူမှတော့ မသုံးလောက်ပါဘူး။ ဒါပေမယ့် အထူးအဆန်းဆို လူတိုင်း
ကလိချင်ကြတာ ဓမ္မတာဘဲလေ။ ဟုတ်တာမဟုတ်တာ အပထား စမ်းသုံးလိုရင်တော့ အောက်မှာဒေါင်းသွား
ကောင်းရင်းထား မကောင်းရင်သွားပေါ့။ ဟုတ်ဘူးလား ဆော့ဝဲတာမရေးတတ်တယ် လူကအကောင်းတော့
ကြိုက်သား။ ဟား ဟား ဟုတ်တယ်နော် ဒို့ကတော့ ဒီလိုဘဲ။ ကဲပြောနေတာကြာတယ် မရှိသေးရင် စမ်းသုံး
နိုင်အောင် ယူသွားကြပေတော့ဗျာ။
۩۩۩۩  DOWNLOAD BOX.COM ۩۩۩۩

Saturday, January 5, 2013

Mask My IP 2.3.3.2 Full Version

ကဲဗျာ ဟုတ်တာမဟုတ်တာ အပထား အိုင်ပီလေးဟိုက်ချင်ရင်တော့ ဒေါင်းလော့ချလိုက်ပါ။ သိပ်တော့ အသုံးမလို
ပါဘူး။ မကောင်းတာလုပ်နေတာမှ မဟုတ်တာ ကိုယ်ကဟက်ကာလည်းမဟုတ်ဘူးလေ ဒါပေမယ့်လို့ အရေးကြုံ
လို့ သုံးလိုရင် မရှိဘဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဆောင်တော့ ဆောင်ထားသင့်ပါတယ်။ အသုံးလိုလို့ ကိုယ်သုံးချင်
ရင် Intstall လုပ်ပြီး သုံးရုံပါဘဲ။ လိုလိုမယ်မယ်ဆောင်ထားလိုရင် အောက်မှာ ဒေါင်းလော့ချလိုက်ပါ။
۩۩۩۩  DOWNLOAD MASK IP  ۩۩۩۩

Sunday, December 23, 2012

IPLocator IP သိရင် ဘယ်ကဆိုတာ သိတဲ့ ဆော့ဝဲလေးပါ

မနေ့က ရလာတဲ့နည်းလေးပါ မြန်မာပြည်ကတော့ မရဘူး။ ကိုယ့် IP လေးထည့်ပြီး စမ်းလိုက်တာ စစ်ကိုင်း
ဘက်ကိုပြနေတယ်။ မြန်မာက အိုင်တီပညာရှင်တွေက ဆရာကြီးတွေဆိုတော့ တိုင်တွေပတ်သွားတာဘဲ။
ကဲ မသုံးဖူးလို့ သုံးစမ်းချင်တယ်ဆိုရင် ဒေါင်းသွားလိုက်ပါ။ အတွင်းမှာ အသုံးပြုနည်းလေးပါတယ်။ ဆော့ဝဲ
လေးရလာရင် setup_IPLocator ဆိုတာကို install လိုက် GeoLiteCity.dat ကို ဖိုင်ဖြေပြီးC:\Program Files\IP Locator ထဲကိုထည့်ပါ။ ဒါဆို IP ရိုက်ထည့်ပြီး ရှာကြည့်လိုက် သူများ IP သိရင်တော့ လွယ်တာပေါ့။ ကိုယ်က
တော့ ကိုယ့် IP ဘဲ ထည့်သွင်းစမ်းသပ်လိုက်တာ။ သူများ IP ကို သိရင် ဘယ်နေရာက ဆိုတာကို သိနိုင်ပါ
တယ်နော်။ သူဘယ်နေရာက သုံးတယ်ဆိုတာ IP သိရင် ထည့်ပြီး ရှာရုံပါဘဲ။ သိချင်ရင်တော့ ဒေါင်းပြီး ရှာ
စမ်းကြပေတော့။
۩۩۩۩  DOWNLOAD IP LOCATOR  ۩۩۩۩

Tuesday, November 27, 2012

IP platinum_hide_ip_3.1.5.6

IP platinum hide တဲ့ဗျာ ရထားတာတော့ နဲနဲကြာပါပြီ ဒါပေမယ့် သုံးလို့ရပါသေးတယ်။ဒီဆော့ဝဲရှိထားရင် အသစ်ဆိုတာက အင်တာနက်ရှိရင် အသစ်ထပ်ဆွဲလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆော့ဝဲဟာ Update မဖြစ်တော့ ဘူးဆိုရင် သူ့မူရင်းဆိုက်ကနေပြီးတော့ အကြောင်းကြားပါတယ်။ ဆရာဒီဆော့ဝဲဟာ Update မဖြစ်တော့ဘူး အသစ်သုံးမလားဆိုပြီးတော့ပေါ့။ ကိုယ်က ဟသုံးမှာပေါ့လို့ပြောလိုက်တာနဲ့ သူ့မူရင်းဆိုက်လေးကို ရောက်သွားမယ်။ အဲဒါဆိုရင် ကိုယ်သဘောကျတာလေး ကောက်ဆွဲရုံဘဲ ၀ယ်ရတဲ့ဆော့ဝဲဆိုလဲ တောင်းပေါ့ဗျာ။ ကျုပ်မှာငွေ မရှိလို့ပါလို့ပြောလိုက် အဲဒါဆို free ဆော့ဝဲလေးတော့   ပေးလိုက်မယ်ယူမလားဆိုရင် ယူလိုက်ပေါ့ဗျာ။ ဟုတ်တယ် နော် မှားသွားရင် ခွင့်လွတ်ကြပါ။ ဆော့ဝဲတွေ ကများသေားအားဖြင့် သူ့မှာ မူရင်းလင့်လေးတွေပါပါတယ်။ Update တို့ Buy now တို့ပါရင် နှိပ်သာနှိပ် လိုက် သူ့မူရင်းဆိုက်ရောက်သွားမယ်။ အားလုံးသိပြီးသားတွေပါ လေရှည်လို့ ရေးနေတာပါ ဖတ်စရာမရှိမှာစိုးလို့။

۩۩۩۩  DOWNLOAD HERE  ۩۩۩۩
۩۩۩۩  DOWNLOAD HERE  ۩۩۩۩

Super Hide IP v3.1.9.2 သုံးပြီး နိုင်ငံလိမ်ရအောင်


Super Hide IP ဆိုတဲ့ဆော့ဝဲလေးကတော့ ကိုယ့်ရဲ့ အိုင်ပီကိုလိမ်ပြီးအသုံးပြုတဲ့ ဆော့ဝဲလေးပါ။ကိုယ်ကမြန်မာ
ပြည်မှာ သုံးနေတယ်ဆိုပေမယ့် အမေရိကန်တို့ အင်္ဂလန်တို့ တစ်ခြားနိုင်ငံတွေက အိုင်ပီနဲ့ အသုံးပြုမှာပါ။ အဲဒီလိုအသုံးပြုထားရင် သူများတွေက ကိုယ်ကိုဘယ်နိုင်ငံက အသုံးပြုနေတယ်ဆိုတာမသိတော့ဘူးပေါ့ဗျာ။ ဒီဆော့ဝဲလေးကလည်း လိုအပ်တယ်နော် ကျုပ်တို့တွေက လက်တွေ့ ကလီစမ်းသပ်ကြတဲ့သူတွေဆိုတော့ ဟိုနှိပ်ဒီနှိပ်နဲ့နေရာအတော်စုံအောင် လျှောက်သွားကြတာဆိုတော့ ကိုယ့်ကိုမသိအောင် လိမ်ထားတော့ နဲနဲအန္တရာယ်ကင်းတာပေါ့ဗျာ။ ကိုယ့်ရဲ့ IP လို့ခေါ်တဲ့ကုတ်လေးတွေနဲ့ ကိုယ်သုံးတဲ့နေရာကိုလှမ်းကြည့် တဲ့ဆော့ဝဲတွေ ပေါ်နေပြီလေအဲဒီတော့ ကိုယ့်ရဲ့ IP ကိုစိတ်ကူးပေါက်ရာနိုင်ငံတွေ ပြောင်းထားလိုက်တော့ သူတို့ရှာဖွေသူတွေကို အရူးလုပ်လို့ ရတာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အသုံးလိုတဲ့အခါ သုံးနိုင်အောင် စုထားလိုက်ပါ။ ကျုပ်တော့ IP နဲ့ပါတ်သက်တာတွေခြောက်မျိုး ခုနှစ်မျိုးလောက်ဆွဲထားတယ်။ တစ်ခုမှမရှိသေးသူများ ဆွဲပြီးသုံးစမ်းကြည့်ပါလို့ဘဲ တိုက်တွန်းချင်ပါတယ်။


۩۩۩۩  DOWNLOAD HERE  ۩۩۩۩