This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label facebook နှင့်ပါတ်သက်သမျှ. Show all posts
Showing posts with label facebook နှင့်ပါတ်သက်သမျှ. Show all posts

Thursday, July 10, 2014

Facebook ကိုဘာဆော့ဖ်ဝဲမှ မလိုဘဲ ကျော်ဖွင့်နည်း

ကဲ ကျော်ဖွင့်နည်းတဲ့ဗျာ facebook က အဖြူရောင်နတ်သားလေးခေါ် မောင်အောင်လေးက ဒီလိုသုံးလို့ရပါတယ်
ဆိုပြီးတော့ သုံးစမ်းခိုင်းရာက စပြီးတော့ ဒီနည်းကိုသိတာပါ.။ ဘာလဲဆိုတော့ Proxy ကျော်တဲ့နည်းပါဘဲ။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူးဗျာ။ www.facebook.com ဆိုတာမှာ www.prod.facebook.com ဆိုပြီး
ပြောင်းလည်း ရိုက်လိုက်ရင် မူလ facebook လိုဘဲ သုံးလို့အဆင်ပြေပါတယ်။ ကျော်ခွစရာတောင် မလိုဘူးလို့
မောင်အောင်လေးက ပြောပါတယ်.။ fb ပိတ်ထားလည်း ဒီလိုဝင်လိုရတယ်ဆိုတာ သိအောင်လို့ပါဗျာ။ ပို့စ်လေး
တွေကလည်း မတင်နိုင်တော့ စပ်မိစပ်ရာလေး ရေးလိုက်တာပါ..။ ခက်ပါဘူးနော်..။ prod ဆိုတာလေးကို မှတ်
ထားလိုက်ရင် ရပြီဘဲ။ ဘာမှထွေထွေထူးထူး လုပ်စရာမှ မလိုတာ မိမိတို့ facebook သုံးနေတဲ့ Browser မှာ
ခုနပြောခဲ့တဲ့ www.prod.facebook.com ဆိုပြီး ရိုက်လိုက်ရင် ကိုယ်မူလ သုံးနေတဲ့ www.facebook.com လို
ဘဲ အတူတူသုံးလို့ရပါတယ်..။ ပုံစံတွေ မပြောင်းပါဘူး အကောင့်လည်း ထပ်ဝင်နေစရာမလိုပါဘူးဆိုတဲ့ အကြောင်း သတင်းကောင်းပါလိုက်ပါတယ်ကွယ်..။ စမ်းသပ်ကာ သုံးကြည့်တော်မူကြပါဦး.....။

Thursday, December 26, 2013

Facebook Unlock လော့ကျနေသည့် Fb အကောင့်များအတွက် ၀မ်းသာစရာသတင်းကောင်း

Facebook ကဖုန်းနံပါတ်တောင်းတာကို Pinger သုံးပြီး ဖြေရှင်းနည်းလေးပါ  textPlus နဲ့  yuilop ကိုသုံးတာထက် အများကြီးပိုလွယ်သွားပါပြီတဲ့ဗျာ။ ဆော့ဖ်ဝဲနှစ်ခုတည်းနဲ့ အဆင်ပြေမယ့်နည်းလမ်းပါ လုပ်ပုံလုပ်နည်း နည်းစနစ်
စာအုပ်လေးရော ဆော့ဖ်ဝဲနှစ်ခုပါ ဒေါင်းလော့ချပြီး ယူလာတယ်ဗျာ.။ ရေးသားသူကတော့ Sakura Hanako ကိုပါ။
ကဲ ဒါဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်..။ ကျုပ်မှာလည်း ခုလောလောဆယ် လော့ကျသည့်အကောင့် မရှိ
သေးသည်မို့ မစမ်းရသေးပါဘူး။ သဇင်ကိုကိုနဲ့ MMUG က မန်ဘာများတော့ အတော်များများ စမ်းသပ်ထားပြီး
ဖြစ်ပါတယ်။ မယုံရင်တော့ ဒီလင့်မှာ လှမ်းရှိုးကြည့်နိုင်ပါတယ်..။ သဇင်ကိုကိုမှာလည်း မေးမြန်းထားတဲ့ ကွန်မန့်
များကို ကြည့်ပြီး သိရှိနိုင်ပါတယ်..။ ခုနည်းကတော့ ဆော့ဖ်ဝဲနှစ်မျိုးတည်း အသုံးပြုရမှာပါ..ခုတော့တွေ့တွေ့ချင်း
အသစ်လေးမို့ တင်ပေးလိုက်တာပါ..။ 






Wednesday, December 18, 2013

hotmail အကောင့်နှင့် Facebook အကောင့်လျှောက်နည်း စပါယ်ရှယ်....

ပထမဆုံး www.hotmail.com ကို သွားပါ။ ဒီပုံလေးတွေ့ရပါလိမ့်မယ်...

ကဲ ရောက်သွားရင်တော့ဖြင့် အောက်ဆုံးက Don't have a Microsoft account? Sign up now  ကိုနှိပ်ပါ..။
ဓါတ်ပုံလေးတွေနဲ့ ပြသထားပါတယ်။ ဒီဓါတ်ပုံလေးတွေကို ဒေါင်းထားချင်တယ်ဆိုရင် အောက်မှာဒေါင်းပါ..။




ဒါကတော့ ဒုတိယပုံပေါ့ဗျာ hotmail အကောင့်လျှောက်ဖို့ ပုံစံလေး ကျလာလိမ့်မယ် ပုံမှာ ပြထားသလို မိမိလိုချင်
တဲ့ အကောင့်နာမည်ကို ရိုက်ထည့်ပေးပါ...
နာမည်ကတော့ ဖြစ်သလိုပေါ့ဗျာ အင်္ဂလိပ်နာမည်လား ဘာလားတော့ မသိဘူး စိတ်ကူးပေါက်ရာ နာမည်နဲ့ လုပ်လိုက်တာဆိုတော့ သီခံပါ..။ Name နေရာမှာ မိမိနာမည်ထဲ့ပါ. ရှေ့နာမည် နောက်နာမည်ပေါ့ဗျာ...သိပြီးသား
ဒီအဆင့်မှာလည်း မရှင်းတာ မရှိလောက်ပါဘူးနော်..။ မနေ့က လျှောက်တာတော့ Security question မဖြေရဘူးဗျ။ Post Code ZIP Code တောင်းရင် 4802 ကို ထည့်ပါ..။

ကဲ လိုအပ်တာ ဖြည့်ပြီးရင်တော့ I Accept ကို နှိပ်လိုက်ပါ...။


ကဲ hotmail အကောင့်လျှောက်တာ အောင်မြင်သွားပါပြီ...။ hotmail အကောင့်နာမည်က skyjan4@hotmail.com
ပေါ့ဗျာ...။ ကဲ အဲဒီအကောင့်နဲ့ဘဲ facebook အကောင့်လျှောက်ပါ့မယ်...နော်....။

Faebook အကောင့်လျှောက်နည်း.....။

ပထမဆုံး www.facebook.com ကို သွားလိုက်ပါ...။
 Fast Name Last Name မှာကတော့ hotmail မှာ ပေးခဲ့သလို မရတဲ့အတွက် Sky Jan Sky ဟု ပေးလိုက်သည်။
ဓါတ်ပုံရဲ့ Date ကိုကြည့်ပြီး မဝေဖန်နဲ့ဦးနော်။ အဲဒီတုန်းက ခုနေရာပုံကို မရိုက်မိဘူးဗျာ..။ ရိုက်မိတဲ့ဟာက Sky Jan
4 ဆိုတာကြီးမို့ ပြန်ဖျက်လိုက်ပြီ...။ ဒါလေးတော့ သီးခံပါ..ပုံမှာ ပြထားသလို မိမိ Email ထည့်ပါ ကိုယ့် Password
ဖြည့်ပါ..။ hotmail လျှောက်ခဲ့တုန်းက ကိုယ့်မွေးနှစ်မွေးလကို ပြန်ထည့်ပေးပါ...။ ယောကျာ်းလေးကို Male
မိန်းကလေးကို female အမှတ်အသားပေးခဲ့ပေါ့..။




 ကဲ ဒီအဆင့်မှာ gmail နဲ့လျှောက်ရင် လော့ကျတာဘဲဗျာ။ ဒီအဆင့်အောင်ရင် အဆင်ပြေတာဘဲ။ hotmail နဲ့က
တော့ တစ်ခါမှ လော့မကျဖူးသေးဘူး။ facebook နဲ့ Microsoft နဲ့က ပါတနာတွေနဲ့ တူပါတယ်..။ ဒါကြောင့် လော့
ကျခဲတယ်လေ...။ ကဲ Skid လေး နှိပ်ကျော်လိုက်ပါ...။

Skid ကိုဘဲ ဆက်နှိပ်ပါ..။ Step 3 အဆင့်ရောက်အောင် Skid နဲ့ ကျော်ခဲ့ပါ..။





မကြိုက်ရင်လည်း Like လုပ်ပေးခဲ့ပါ..။
ဒီအဆင့်မှာတော့ ကိုယ့်မှာ ရှိတဲ့ ဓါတ်ပုံလေး ထည့်ပေးလိုက်ပေါ့ဗျာ..။




ကဲဗျာ အောင်မြင်သလောက်ရှိနေပါပြီ ပို့စ်လေး တစ်ခုနှစ်ခုလောက်တင်လိုက်ပါ.။ နောက်ပြီးတော့ ခုနဖွင့်ခဲ့တဲ့..။
hotmail ထဲကို ပြန်သွားလိုက်ပါဦး..။ facebook က မေးနှစ်စောင် ပို့ထားတယ်။ ဖောက်ကြည့်လိုက်ပါ...


hotmail ထဲမှာ facebook က ပို့လိုက်တဲ့ မေးကို ဖွင့်လိုက်ရင် Confirm Your Account ဆိုတာလေးတွေ့မယ်..။
အဲဒါလေးနှိပ်ပြီး အတည်ပြုပေးပါ..။ ဒါဆိုရင်တော့ဖြင့် facebook အကောင့်တစ်ခု လုံးဝလုံးဝ အဆင်ပြေပြေ...
သုံးနိုင်ပါပြီဗျာ...။ အထူးမှာလိုသည်မှာ တစ်ပတ်အတွင် Friend တွေ အများကြီး ဖိတ်ခြင်း Fanpage တွေကို Like
လုပ်ခြင်းတွေကို များများ မလုပ်ပါနဲ့ဦးနော်..။ Group တွေကိုလည်း သိပ်ကြီး မ၀င်ပါနဲ့ဦးလို့ မှာလိုက်ချင်တယ်..။
facebook က ဒီကောင် မဟုတ်တာ လုပ်တဲ့ကောင် ထင်တယ် စပန်ထင်တယ်ဆိုပြီး...သတ်မှတ်သွားမှာစိုးလို့ပါ..။

ကဲ အားလုံးဘဲ အဆင်ပြေကြပါစေ.....။

Tuesday, November 19, 2013

Facebook ကို ပရိုတစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်း သုံးတတ်လိုလျှင် ဒီစာအုပ်ဖတ်ပါ

ကဲ ကျုပ်လည်း Facebook ကို ပရိုတစ်ယောက်လို မသုံးတတ်သေးပါဘူး ထိန်းချုပ်မှုပိုင်းမှာတော့ လိုနေပါ
သေးတယ်ဗျာ။ ရထားတာတော့ တစ်ပတ်လောက်ရှိတော့မယ် သူများတွေ မေ့လောက်မှ ကောက်တင်
လိုက်တယ်လို့ဘဲ ဆိုပါတော့လေ။ ဒီစာအုပ်လေးကတော့ အင်တာနက်ပေါ်က နည်းပညာရေးသားသူတွေရဲ့
Facebook နဲ့ ပတ်သက်သမျှ မှတ်စုသဘောလို ပြုလုပ်ထားတဲ့ စာအုပ်လေးပါ။ သိပ်ကောင်းပါတယ်။ ကိုစိုင်းသူက ပြန်လည်စုစည်းတင်ဆက်ထားတာပေါ့ဗျာ။ facebook အကောင့်လော့ကျတာကို ပြန်ဆယ်တဲ့
နည်းလမ်းတွေ အကောင့်ဟက်ခံရတာကို ပြန်လည်ရယူနိုင်တဲ့ နည်းလမ်းတွေ Facebook Setting ဆိုင်ရာ
မှာ နားမလည်တာတွေကို နားလည်သဘောပေါက်အောင် ပုံနှင့်တစ်ကွ ရှင်းပြထားတာလေးတွေကို စုစည်း
ထားတာဆိုတော့ အတော်လေးကောင်းပါတယ်။ ကျုပ်တောင် ဒီစာအုပ်ဖတ်မှ ကိုယ်သုံးနေတဲ့ facebook
တောင် အားနဲချက်တွေ များနေပါလား လုံးခြုံရေးတွေ အရမ်းနဲနေပါလားလို့ တွေးမိတယ်။ ဒါကြောင့် တိုက်
ကြည့်ပြီးတော့ ပြင်သင့်တာလေးတွေလည်း လိုက်ပျင်လိုက်တယ်။ အစုံလင်ဆုံးရယ်တော့ မဟုတ်ပါဘူး ဒီစာ
အုပ်ကတော့ လုံခြုံရေးပိုင်းကို ဦးစားပေးပေါ့။ စုံသလားဆိုတော့လည်း အတော်လေးစုံတယ် facebook သုံး
သူတိုင်း မည်သူမဆို ဒီစာအုပ်လေးတော့ဖြင့် ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် တင်ပေးလိုက်တယ်။ ဒီလို
ပညာမျိုးတွေကတော့ စာအုပ်ထုတ်ရောင်းစားတဲ့ဥစ္စာမျိုးတွေလို မဟုတ်ဘူးဗျ။ ပိုကောင်းတာပေါ့ စာအုပ်
ထုတ်ရောင်းတာမျိုးက သိပ်မစုံလင့်ဘူး။ ဖတ်ကြည့်ရင် သိပါလိမ့်မယ်..။ 2MB ကျော်ကျော်လေးပါ..။

အကောင်းဆုံး အလန်းဆုံး စပါယ်ရှယ်အဖြစ်ဆုံး အများဆုံး Update အဖြစ်ဆုံး apk များ

ဆုံးတွေနဲ့ စဖွင့်လိုက်ပါပြီ။ ဒေါင်းချင်သူများ များများရတာကိုမှ နှစ်သက်သူများ အခြားသောဆိုက်တွေမှာ
ဒေါင်းလို့ရသမျှ ဒေါင်းထားတာလေးတွေကို ကိုယ်စိတ်နဲ့ အကြိုက်ဆုံးဖြစ်တာလေးတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်ဗျာ။ မယုံရင်လည်း လှည့်ပတ်ရှာကြည့်ပါ ။ မြန်မာပြည်က နာမည်ကြီး နည်းပညာ Site တွေမှာ လိုက်ပတ်မွှေနောက်ထားတာလေးတွေကို အချိန်မနှောင်းခင် တင်ပေးလိုက်တာပါ။ နာမည်
တွေ ကြည့်လိုက်တာနဲ့ လေ့လာနေသူဆိုရင် ဒါဘာသုံးတာဆိုတာသိပါလိမ့်မယ်။ သို့မဟုတ် ပုံကြည့်ရင်
လည်း သိမှာပါ။ ဖုန်းသရဲလုပ်ဖို့လည်းပါပါတယ်။ လုပ်နည်းတော့ ကိုယ်တိုင်မလုပ်ဖူးတော့ မသိဘူး။ ကိုယ့်ဖုန်းနံပါတ်မပေါ်အောင် နောက်လို့ ရတယ်ဆိုဘဲကွာ စမ်းကြည့်ကြပေါ့။ ကျုပ်တော့ ဆော့ဝဲတွေလည်း
ပုံနေတော့ စမ်းကို သိပ်မစမ်းနိုင်ဘူးဗျာ။ ငွေရှာဆိုက်လေးတွေမှာလည်း သူ့အချိန်လေးနဲ့သူ ကလစ်ပေးရ
သေးတယ်လေ။ သူဌေးဖြစ်ဖို့ဆိုတာ အဝေးကြီးပါ ဒေါ်လာလေး တစ်ဒေါ်လာရဖို့ တစ်ပတ်လောက်လုပ်ရ
တယ်။ 1000 မှ တစ်ကျပ် 10000 မှတစ်ကျပ် အလို သတ်မှတ်ထားတာလား မသိဘူးဗျာ။ စမ်းသပ်ဆဲကာ
လဆိုတော့လည်း ဒီလိုပါဘဲ..။ အဓိကကတော့ ဘယ်လိုလုပ်လို့ရတယ်ဆိုတာလေး သဘောပေါက်အောင်
လုပ်နေတာပါ။ ငွေထုတ်ဖို့ဆိုတာကတော့ အဝေးကြီးပါ ...ကဲ ဒါလေးဒေါင်းသွားကြပါ လိုင်းကောင်းရင်တော့
မကြာပါဘူး။ 48 MB ထဲပါ နဲသလားနဲတယ် များသလားများတယ်ပေါ့။ တင်ရတာက ဒေါင်းတာထက် ခက်
တယ်ဆိုတာ တင်ဖူးသူတိုင်း သိမှာပါ...။ အဆင်ပြေပါစေ...။ facebook လော့ကျနေတာကို ပြန်ရအောင်
လုပ်နည်းကတော့ အောင်ကျော်မှာ ကြည့်ပါ ဆော့ဖ်ဝဲကတော့ ပါပြီးသားပါ။ Text + နှင့် Yuilop ကို အသုံး
ပြုရမှာပါ။  ခုလောလောဆယ်တော့ သူများပို့စ် မကူးချင်တာမို့ပါ..
DOWNLOAD SOLIDFILES.COM        OR        DOWNLOAD DROPBOX.COM

Friday, September 6, 2013

Facebook ကြောင့် အိမ်ထောင်ကွဲမှု များလာ

အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့ စစ်တမ်းအရ အိမ်ထောင်ကွဲရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော အကြောင်းအရင်းဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။ အဲဒါ ၂၀၁၁ ခုနှစ်တုန်းကပါ။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ပိုလို့တောင် တိုးပွားလာ ကြောင်း သိရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ်တွေ့ တွေ့မြင် ရပါတယ်။ မြန်မာပြည်မှာလည်း Facebook ကြောင့် ကွဲသွားတဲ့ အိမ်ထောင်ရှင်တွေကို တပ်အပ်မြင်ခဲ့ ရပါတယ်။ အမျိုးသမီး ဖြစ်သူဟာ နိုင်ငံခြားမှာ ရှိနေတဲ့ ငယ်ချစ်ဦးကို Facebook မှာ ပြန်တွေ့ရင်း အလွမ်းသည် ပြောဆိုနေမှုကို အမျိုးသားဖြစ်သူက တွေ့ ရှိခဲ့ပြီး ပြဿ =နာ ရှာရာမှ တကယ်ကွဲသွားတဲ့ အတွဲ ရှိပါတယ်။ အိမ်ထောင်ကွဲသူ အမျိုးသားက တက္ကဆီဒရိုင်ဘာဖြစ်ပြီး သားသမီး ၂ ဦးနဲ့ ကျန်ခဲ့ပါတယ်။

ယင်းကဲ့သို့ အလားတူပဲ အခြားဖြစ်ရပ်တစ်ခုမှာ အမျိုးသားရဲ့  Facebook မှ တစ်ဆင့် အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်ခင်စုံမက်မှုကြောင့် အိမ်ထောင်ကွဲ တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်မှာတော့ အမျိုးသမီးက နစ်နာပြီး သားသမီးနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုပါပဲ Facebook, G Talk တို့ကြောင့် ကွဲ သွားရတဲ့ အိမ်ထောင်တွေ အများကြီးပါတယ်။ ဒါဟာ မြန်မာပြည် မှာ ဖြစ်နေ တာတင် မဟုတ်ပဲ ကမ္ဘာမှာပါ အရေအတွက် အလုံးလိုက် အရင်းလိုက်ကို ဖြစ်နေခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ၂၁ ရာစုမှာ Facebook , Twitter အသုံးပြုမှုဟာ အိမ်ထောင်ရှင်အကြားမှာ အိမ်ထောင်ကွဲ စေရန် အကြောင်းပြချက် တစ်ခုပါ ဖြစ်လာကြောင်း သိရပါတယ်။

Aung Kham (International news for myanmar)

Tuesday, June 18, 2013

facebook မှာ ကြိုက်တာတွေကို Group တွေကို Share ပေးမယ်

ကဲဗျာ ဖေ့ဘုတ်မှာ ကိုယ်သဘောကျတဲ့ သတင်း နည်းပညာ စသည်တို့ကို Group တွေကို ရှယ်ယာပေးမယ်။ မိမိ တင်ထားတဲ့ ပို့စ်တွေကိုလည်း Share ပေးမယ်ပေါ့ဗျာ.။ ဒါလေးကို မသိတဲ့သူတွေအတွက်ပေါ့ ရေးလိုက်
တာ။ ကဲစကြစို့ဗျာ ဓါတ်ပုံလေးတွေနဲ့ ပြသပေးမယ် ဒါမှ မျက်စိထဲမှာ မြင်သွားမယ် ရှင်းသွားမယ်ပေါ့ဗျာ.။
ဓါတ်ပုံ ခြောက်ပုံနဲ့ ရှင်းပြထားတယ် သေသေချာချာလေးဖြစ်အောင်လို့ပါ။ လိုက်လုပ်စမ်းကြည့်ရင် ပိုမှတ်မိ သွားမယ် ။ လုပ်ကြည့်ကြဖို့လည်း တိုက်တွန်းချင်ပါတယ်..။









အားလုံး အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းလျှက်.။ ကျုပ်ရဲ့ မိုး အင်တာနက် ၀ိုင်းတော်သားများ Group
လေးသို့လည်း မိမိတို့ ကြိုက်နှစ်သက်ရာ သတင်း နည်းပညာများကိုလည်း Share ပေးနိုင်ကြပါစေ။
ဘယ်သူမှ Share မပေးကြလို့ ဒါလေး ကောက်ရေးလိုက်တာ။ လွယ်ပါတယ်. ဘာမှမခက်ပါဘူး။ ကျုပ်ရဲ့ facebook Group ကတော့ https://www.facebook.com/groups/heavenssky/
ဒီလင့်လေးပါ သွားရောက် Join Group ဆိုတာလေး နှိပ်ပေးကြပါနော်.။ နှိပ်ပြီးရင်လည်း ဒီယခုတင်လိုက်တဲ့
နည်းလေးနဲ့ Share ပေးကြပါဦး သို့မဟုတ် Post လေးတွေ တင်ပေးကြပါဦးနော်.။ အားကိုးပါတယ်...။
ကျုပ်ရဲ့ facebook fan Page ကတော့ https://www.facebook.com/Mr.MoeKaungKin ဒီလင့်လေးပါ သဘော
ကျတယ်ဆိုရင်တော့ Like လေးနှိပ်ပေးပါ။ နောက်ပြီး စက်သွားပုံလေးမှာ  Add to Interest Lists.. ဆိုတာလေး
ရှိပါတယ် အဲဒါလေးကို နှိပ်ထားမှ ကျုပ်တင်တဲ့ Post လေးတွေကို သတင်းလေးတွေကို အချိန်နှင့် တစ်ပြေးညီ
မြင်နိုင်မှာဆိုတော့ အဲဒါလေး နှိပ်ပေးပါ..။

အားလုံးကို ကျေးဇူးတင်ပါတယ်..။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ...။ မိုးကောင်းကင် ဖောင်းပြင်..။ 18.6.2013 အမှတ်တရ...

Monday, June 10, 2013

Facebook Myanmar Translation (or) Facebook မြန်မာဘာသာ

အခုခေတ်စားနေတဲ့ Facebook ကို မြန်မာသာဘာနဲ့ အသုံးပြုတဲ့ နည်းလမ်းပါ။ ၉၄ ရာခိုင်နှုန်းလောက်တော့ မှန်ကန်တယ်လို့ သိရပါတယ်။ ဘာဘဲပြောပြော ကြည့်ရတာ COOL တာပေါ့ဗျာကဲ စမ်းကြည့်ကြခြင်မယ် လို့ မျှော်လင့်ပါတယ်။ Facebook search မှာ Translation ဆိုတာရိုက်ထည့်ပြီး ရှာ မရိုက်ချင်ရင် ကူးထည့်ပါ.။
မြန်မာလိုက ဇောဂျီနဲ့ မဟုတ်တော့ နဲနဲတော့ အခြေအနေမကောင်းလှဘူးနော်။ သူပြောတာကတော့ တစ်လ ကြာမှ အင်္ဂလိပ်ပြန်ပြောင်းရမှာတဲ့.။ ကျုပ်တော့ လက်တဲ့စမ်းလိုက်ပြီ..။ ဟေဟေး ဘာတွေမှန်းမသိ
တော့ဘူး ကိုးရိုကားယားနဲ့ ကျုပ်ဖောင့်ပြောင်းနည်းလေးနဲ့ စမ်းကြည့်တာလည်း အဆင်မပြေသေးဘူး..ဗျာ..
ဒါပေမဲ့ အခုရွေးလိုက်ရင် နောက်ထက် ရက်(၃၀) ကြာမှ တခြား ဘာသာ (english)ကို ပြန်ရွေးလို့ရပါမယ်။
ပိုမိုသိလိုဆွေးနွေးလိုလျှင် https://www.facebook.com/groups/316265785166945/ SBSangpi(စံပီး)
 ကဲအပြည့်အစုံကြည့်ဖို့ အောက်မှာ ပုံလေးတွေနဲ့ ပြထားပါတယ်..၀င်ကြည့်လိုက်ပါဦး...


ပထမဆုံး facebook Search box မှာ..ဒီစာသားလေး  Translation ရိုက်ထဲ့ရှာပါ...

တွေ့ပြီဆိုရင်တော့ နှိပ်လိုက် အောက်ကပုံလေးလို ပေါ်လာရင် မြန်မာကို ရွေးပြီး Continue ပေါ့

ရွေးပြီးရင် အတည်ချိန်းမလားဆိုတာလေး ပေါ်သေးတယ်ဗျ အဲဒါ ဓါတ်ပုံ မရိုက်လိုက်ဘူး ဒါဆိုရင် အဆင်ပြေ
ပါပြီး...ကျုပ်ချိန်းထားတာ ကြည့်ဦးမလား ဘာတွေမှန်းကို မသိဘူး လက်တည့်စမ်းတာဆိုတော့လေ..
သူများ လုပ်ထားတာက အဲလိုဗျ ကိုယ်လုပ်တာနဲ့တော့ တစ်ခြားစီဘဲ ဖောင့်ပြောင်းတာ အဆင်မပြေသေးလို့
ပါ..နော်..

ကဲဗျာ မူရင်းဆိုက်ကတော့ ဒီမှာပါ. http://www.sbsangpi.com/
ကဲ ဖောင့်ချိန်းနည်းလေးကိုတော့ ကျုပ်ဆိုက်မှာပါဘဲ လင့်လေး ပေးလိုက်မယ် အခြေအနေကောင်းမကောင်း
စမ်းကြပေတော့ တစ်လမှ ပြောင်းလို့ ရမှာဆိုတော့ သေခြာစဉ်းစားပြီးမှ လုပ်ပါ ကျုပ်လို အခက်အခဲဖြစ်နေ
မှာစိုးလို့ ...ကျုပ်လည်း မြန်မာဖောင့် ကောင်းကေင်း မလုပ်တတ်သေးဘူး ဟိုအရင်က စမ်းတာတော့ အဆင်
ပြေတယ် ခုတော့ ဘာဖြစ်နေတာလည်း မသိဘူး..အဲဒါကြောင့်ပါ စဉ်စားပြီးမှ လုပ်ပါ..မလုပ်လို့လည်း ဘာမှ
မဖြစ်ပါဘူး..။ မြန်မာဖောင့် ချိန်နည်း ကြည့်ရန်...  www.ohnthar.blogspot.com

Tuesday, May 14, 2013

facebook အကောင့် တိုက်ခိုက်ဖို့ မလွယ်အောင် လုပ်နည်းလေး..Trusted Contacts ပြုလုပ်ပုံ

ကဲဗျာ ဒီနည်းလေးဟာ အတော်များများတော့ သိပြီးတော့မှာပါ.။ ကျုပ်ကတော့ ဒီနေ့မှ လုပ်လိုက်တာလေ.။ အဲဒါလေး အတွေးပေါ်လာတာနဲ့ ဒါလေးကောက်ရေးလိုက်တယ် ။ အမှတ်တရလည်းဖြစ်တာပေါ့ဗျာ.။ ကဲကဲ လုပ်ငန်းစရအောင်ဗျာ.။ ဖေ့ဘုတ်အကောင့် မဟက်ခံရဖို့အတွက် လုပ်နည်းကတော့ ။ မိမိ facebook account ကိုဝင်ပါ။ဝင်ပြီးရင် ညာဘက်ခြမ်းမှာရှိတဲ့ စက်သွားပုံလေးကိုနှိပ်ပါ။ account setting ကိုနှိပ်ပါ ။ နှိပ်ပြီးရင် ဘယ်ဘက်ခြမ်းက Security ဆိုတာလေးကို နှိပ်ပါ.။ အဲဒါပြီးရင်တော့ Trusted Contacts ဆိုတာလေးကို နှိပ်ပါ.။ ဒီနေရာမှာ အရေးအကြီးဆုံးဘဲဗျ.။ facebook ပေါ်မှာ ကိုယ့်အခင်ဆုံး အပြင်မှာ အရင်းနှီးဆုံး သူငယ်ချင်း (3/4) ယောက်လောက်ကို ထည့်ပါ..။ ဒီအဆင့်ပြီးရင်တော့ Password တောင်ပါ့မယ် ကိုယ့်  Password လေးဖြည့်ပေးလိုက်ပါ. ကဲဒါဆိုရင်တော့ သင့်ဖေ့ဘုတ်အကောင့်ဟာ အတော်လေးလုံခြုံမှု ရှိသွားပါပြီ.။ 80/90 % လောက်ပေါ့ဗျာ.။ သူ့တို့ ဖေ့ဘုတ်ကိုယ်တိုင်တောင် အတိုက်ခံရသေးတော့ ဒီလောက်တော့ လုံခြုံမှုရှိတယ်လို့ဘဲပြောချင်တယ်..။ အားလုံး တိုက်ခိုက်ခံရမှုဘေးမှ ကင်းလွတ်ကြပါစေ...။  14.5.2013 အမှတ်တရလေးပေါ့ဗျာ..။
ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထားလိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။

Thursday, January 24, 2013

facebook.com/bookmarks/interests နှင့် facebook ဟာ ၀က်သားနှင့် တူခြင်းအကြောင်း

အမှန်ပြောရရင် ဖေ့ဘုတ်ကြီးက ၀က်သားနဲ့ တူလာသလိုဘဲ စိတ်ထဲမှာ ခံစားရတယ် ၀က်သားကိုကြော်စား
မလား ချက်စားမလား ကင်စားမလား ဒီလိုဘဲ နည်းအမျိုးမျိုးနဲ့ လုပ်စားကြသလို facebook ကလည်း ဒီလို
ပါဘဲ  facebook မှာ Page တည်ဆောက်မလား။ Group တည်ဆောက်မလား။ နောက်ပြီး facebook Pages တွေရဲ့ သတင်းတွေကို တစ်နေရာတည်းမှာ ထိုင်ကြည့်လို့ ရအောင် တည်ဆောက်မလား။ ကဲနောက်
နည်းတွေလည်း ရှိပါတယ်။ အများကြီးပါနော်။ ခုပြောမှာကတော့ facebook fan Pages တွေကို ဘယ်Page
ကိုမှ မသွားဘဲ ကိုယ့်ဖေ့ဘုတ်နေရာလေးကနေ ထိုင်ကြည့်နည်းလေးပါ။ သူများတော့ မသိဘူး ကျုပ်တော့ ဒီနည်းကို စဉ်းစားနေတာ ဘယ်လိုလုပ်ရမလဲပေါ့ တွေ့ပါပြီ တွေ့ထားသည်မှာ ကြာပြီဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပို့စ်အဖြစ်မရောက်ခဲ့ပါဘူး။ ဟိုအရင်က တွေ့ဖူးတာကတော့ Link List ဆိုတာ
တွေ့ဖူးပါတယ် ခုတော့ အဲဒီကောင်မတွေ့တော့ဘူး ဒါပေမယ့် Internet List ကိုပြောပြပါ့မယ်။ ကဲစလိုက်
ရအောင်။ ပထမဆုံး facbook အကောင့်ဝင်ပြီးရင်https://www.facebook.com/bookmarks/interests ဒီနေရာကိုသွားလိုက်ပါ။ ဒါပြီးရင်တော့ Create Last ဆိုတဲ့နေရာလေးကိုရောက်ပါ့မယ်။ ပုံလေးနဲ့ ရှင်းပြတာ
ပိုလွယ်မယ်ထင်လို့ ပုံနဲ့ ပြပေးလိုက်တယ်နော်။ မြား အကွင်းပြထားတဲ့ နေရာလေးတွေကို နှိပ်သွား ရုံပါဘဲ။





 မိမိ Like လုပ်ထားတဲ့ Pages တွေထဲက အကြိုက်ဆုံး Pages 40 / 50 လောက်ရွေးလိုက်ပြီး Next ကိုနှိပ်။
မိမိနာမည် ရေးပေးပါ။ သို့မဟုတ် ချစ်စရာကောင်းတဲ့ နာမည်လေး တစ်ခုလောက်ရေးလိုက်ပြီးတော့ Done ကို နှိပ်ကာ အတည်ပြုပေးလိုက်ပါ။






ကဲဗျာ အားလုံး အဆင်ပြေကြမယ်လို့ထင်ပါတယ် ။ ကျုပ်လို တောသားအညာသား အင်္ဂလိပ်မတတ်သည့်
သူတောင် ဒီလိုလေး လုပ်နိုင်သေးတာဘဲ မိတ်ဆွေတို့လည်း ဒီမြားပြထားတဲ့ အတိုင်း လုပ်မယ်ဆိုရင် လုပ်နိုင်ပါပြီ။ မခက်ပါဘူးနော်။
ကျုပ်နှစ်နည်း စာအုပ်နဲ့ လုပ်ပြထားပါတယ် လိုချင်ရင် ဒေါင်းလော့ချပြီး ကြည့်လုပ်ရှားလိုက်ပါတော့နော်။
တစ်ကယ် ကြိုက်သူအတွက်တော့ တန်ဘိုးကြီးပါတယ်။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။



 

۩۩۩۩  DOWNLOAD BOX.COM   ۩۩۩۩

Friday, January 11, 2013

ဖေ့ဘုတ်အကောင့်ဟက်မယ့် ၀က်ဆိုက်လေးနော်

ကဲဗျာ ဖေ့ဘုတ်အကောင့်ကို လွယ်ကူစွာဟက်ပြထားတဲ့ ဗွီဒီယိုလေးရထားလို့ တင်ပေးမလို့ပါဘဲ တစ်ဝက်ကျမှ ပျက်နေလို့ မူရင်းဆိုက်ကဘဲ ခုလောလောဆယ်တော့ ဒေါင်းလိုက်ပါနော် နောက်လိုင်းကောင်းရင် ပြန်တင်ပေးပါ့
မယ်ဗျာ။ တစ်ကယ်နော် အကောင့်ကို လွယ်ကူစွာဖောက်တဲ့နည်းကတော့ ကြောက်စရာဘဲဗျာ။ ဒီနည်းပညာကို မကောင်းတဲ့ဘက်မှာ မသုံးဘဲ အကောင့်လော့ကျတာတို့မှာတာသုံးသင့်ပါတယ်။ ကိုယ့်ကြောင့်သူများ ငွေကုန် လူပန်းရေးသားထားတဲ့ ဖေ့ဘုတ် ဂျီမေး Yahoo mail တွေကို မလုပ်သင့်ပါဘူး။ gmail Yahoo Mail facebook စတာတွေကိုလည်းလည်း ဟက်နိုင်တယ်လို့ ပြထားတယ် မယုံရင်တော့ ဗွီဒီယိုလေးဒေါင်းပြီးကြည့်ပေါ့..။


တစ်ကယ် သူပြထားသလိုတာ လုပ်ကြည့် ပျက်နေတာတွေတောင် ရလောက်ပါတယ်။ ကျုပ်တော့ မစမ်းရသေးပါ
ဘူး။ သူများစိတ်ဆင်းရဲမှာမျိုးမလုပ်ချင်ဘူး။ မိတ်ဆွေတို့လည်း ကျုပ်အကောင့် လာမဟက်စမ်းပါနဲ့ဗျာ လွယ်ကူ
စွာဖြင့် ရသွားမယ် ကျုပ်တော့ စိတ်ဆင်းရဲနေမယ်။ ကျုပ်ထောင်ထားတဲ့ ဖေ့ဘုတ်မှာကလည်း အများကြီးလေ။
အဲဒါတွေပါ ဆုံးရှုံးရရင် ဘယ်လိုဖြေသိပ်မလဲ။ ကိုယ်တစ်သက်လုံးမွေးလာတဲ့ကြက် တစ်မနက်ထဲ ရိုက်သတ်စား
သလို ခံရရင် ဘယ်ကောင်းမလဲ၊ ဒါကြောင့် ဒီနည်းစနစ်ကို အကောင့်ပျက်တာတို့ လော့ကျတာတို့မှသာ သုံးစေ
ချင်ပါတယ်။ တစ်ကယ်လို့ စိတ်ပါနေရင်လည်း ကိုယ့်မိတ်ဆွေအရင်းကို ပြောပြီး ဟက်စမ်းကြည့်ပေါ့ဗျာ။ ကျုပ်အ
ကောင့်တော့ လာမဟက်ကြနဲ့နော် မကောင်းလို့ပါ။ ကဲကဲ တစ်ကယ်ပါ ကျုပ်ခု Mediafire အကောင့် ဖျက်ခံရလို့
 ဒီကောင့်တွေ ဖေ့ဘုတ်မှာ သွားဆဲထားတယ်။ 2GB တောင်မရှိဘူးဗျာ ဒီကောင်တွေ လိုက်ဖျက်တာ ဘာကောင်
တွေမှန်းမသိပါဘူးဗျာ။ google ကလို သူတတ်နိုင်သလောက်လုပ်ပေါ့ ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားသလို 50 GBကြီး
ပေးပြီးတော့မှ သူများတင်ထားတာတွေကို လိုက်ဖျက်နေတာတော့ မကောင်းပါဘူး ကျုပ်ရဲ့ဆရာတွေလည်း အဖျက်ခံရတာဘဲ ဒီကောင်တွေ နည်းနည်းတော့ ဆုံးမရလိမ့်မယ်ထင်တယ်နော်..စိတ်နဲနဲပေါက်လာတယ်..ကိုယ့်
ဖိုင်လေးတွေ အဖျက်ခံရတယ်ဆိုတော့ဗျာ တွေးကြည့်ပေါ့ သူများတွေ ပျော်နေချိန်မှာ ကိုယ်က အိပ်ရေးပျက်ခံ အပင်ပန်းခံပြီး တင်ထားရတာ လိုင်းကလည်း ဒီလောက်ကောင်းတာမဟုတ်ဘူး။ ဒါတွေ သူတို့ကနားမလည်းဘူး
အတော်ဆိုးပါတယ်ဗျာ..မပြောချင်တော့ပါဘူး...ရှိပါစေတော့ ကိုယ်ကသူများဆီမှာတင်ထားတာဆိုတော့လည်း
သူတို့ သဘောပါဘဲ...။ ဒို့တစ်တွေ ခက်နေတာက အွန်လိုင်းမှာ Visa ကဒ် Master ကဒ်တွေမရှိတာခက်တယ်။
ကိုယ့်နိုင်ငံကလည်း ကမ္ဘာပေါ်မှာ ရှိပါလျက် အပါယ်ခံနိုင်ငံဖြစ်နေတာကိုးဗျာ။ ဒါကြောင့် သူတို့တောင်းတဲ့ ဒေါ်လာ
မပေးနိုင်တော့ ဖျက်ခံရတာပေါ့..ဒါကြောင့် Visa card Mastar card လုပ်နည်း သိသူများရှိရင်လည်း လမ်းညွန်ကြ
ပါဦးဗျာ။ အင်တာနက်မှာ ငွေရှာပြီး ပေးတာကောင်းမယ်ထင်တယ်..။ဒါမှ ဒီကောင်တွေကမဖျက်မှာ ခုတော့
ငွေ မပေးနိုင်တော့ သူတို့ စိတ်ကြိုက်ဖျက်လိုဖျက် ထားလိုထား ဆိုသလိုဖြစ်နေရတာပေါ့ဗျာ...ကဲဒါပါဘဲဗျာ။
သူများအကောင့်တွေ လိုက်မဟက်ကြပါနဲ့ဗျာ။ ဒါကသိထားသင့်တယ်ထင်လို့ တင်တာပါ။
http://hackfacebookaccount.org/?ref=1320810 ဒါကတော့ သူ့မူရင်းဆိုက်ဘဲ အဲဒီမှာလည်း ဗွီဒီယိုရှိတယ်
အဲဒီကို သွားပြီး လုပ်ရှားရမှာနော်..။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။

Monday, January 7, 2013

facebook အကောင့်ဟက်နည်းလေးနှင့် အကောင့်ကို လုံခြုံအောင် အသုံးပြုနည်း Page တစ်ခုတည်ဆောက်ပုံများ

ကဲ သူများတွေ ဖေ့ဘုတ်ဟက်တာတွေ ဘာတွေရေးနေကြတယ် ကိုယ်တော့ ဟက်တာမပြောနဲ့ ကိုယ့်အကောင့်
တောင် မ၀င်ဖြစ်လို့ Password တောင် မေ့နေတယ်။ အမြဲအသုံးပြုတဲ့ အကောင့်လောက်ဘဲ မှတ်မိတယ် ကျန်တာ
တော့ သိပ်မမှတ်မိချင်ဘူး..။ သူများကို ဟက်လို့လည်း ဟက်တာဘဲရှိမှာပေါ့ ကိုယ့်အတွက် ဘာအကျိုးရှမှာလဲ
ဟက်ဖို့တော့မလွယ်ပါဘူးဗျာ။ ဒါပေမယ့် အဆင့်မြင့်တင်ပြီး ထိန်းသိမ်းနည်းလေးတော့ သိသင့်တယ် အကျိုးရှိ
မယ်လို့ ထင်တဲ့အတွက် တင်ပေးလိုက်ပါတယ်။ နှစ်မျိုးပါ..တစ်ခုကတော့ ဖေ့ဘုတ်က ရေးသားတဲ့ စာအုပ်လေးပါ
Page တစ်ခုတည်ဆောက်ချင်ရင် ဒါလေးတော့ ကြည့်သင့်ပါတယ်။ များသောအားဖြင့် ဖေ့ဘုတ်မှာလည်း စာအုပ်
လေးတွေ ရှိတတ်ပါတယ်။ သူတို့ရဲ့ ဖေ့ဘုတ်ကို ဘယ်လို အသုံးပြုရမယ် တည်ဆောက်ရမယ်ဆိုတာကို စာအုပ်
လေးတွေ လုပ်ပြီး တင်ပေးထားတတ်ပါတယ်။ ကျုပ်တော့ တောင်နှိပ်မြောက်နှိပ် မြင်သမျှ ကောက်နှိပ်လိုက်တာဘဲ
ဗဟုသုတ ရတာပေါ့ဗျာ။ အချိန်တော့ သူများထက်ပေးဆပ်ရတာပေါ့။ ကဲအသုံးလိုမယ်ထင်ရင် ဒေါင်းလော့ချပြီး
ကြည့်ရှုလိုက်ပါ။ ဒီနေ့ည ကံမကောင်းဘူးဗျာ မှားဖျက်မိတာ စာအုပ်သုံးအုပ် ဘယ်စာအုပ်ဖျက်မိသလဲတောင်
မသိတော့ဘူး.. ကိုယ်က ခုမှတင်လိုက်တဲ့ စာအုပ်က နှစ်အုပ်ဖြစ်နေလို့ ဖျက်တာ အမှန်ခြစ်လေးပေးမိထားတဲ့
ကောင် သုံးအုပ်ပျက်သွားပါလေရော သြော်ဒုက္ခဒုက္ခ လိုင်းမကောင်းပါဘူးဆို လက်လေးက ဇွတ်မြန်တာကိုးဗျ။
ကဲဗျာ ကျုပ်တင်ထားတဲ့ပို့စ်တွေထဲက စာအုပ် ဒေါင်းလော့ချမရရင် လှမ်းအော်လိုက်ပါဦးဗျာ ဘယ်စာအုပ်မိသွား
သလဲမသိဘူး..


Page တစ်ခုတည်ဆောက်တာက လွယ်ပါတယ်ဗျာ မခက်ပါဘူး လုပ်စမ်းကြည့်ပါ လွယ်ပါတယ်ပြောမှ Create Page တောင်မတွေ့မိပြန်ဘူး များသေားအားဖြင့်တော့ ဖေ့ဘုတ်ဝင်ဝင်ခြင်း ညာဘက်ခြမ်း အပေါ်နားမှာ Create
Page လို့ ပေါ်နေတတ်တယ် အဲဒီမှာ မတွေ့ရင် ဘယ်ဘက်ခြမ်းက Page ဆိုတာလေးနှိပ်ပြီး ရှာပါ။ Create Page
ဆိုတာကို မတွေ့တွေ့အောင်ပြီး လုပ်ပေါ့ဗျာ။ ကုမ္မဏီအတွက်လား တစ်ကိုယ်ရေအတွက်လား အားကစား
အတွက်လားဆိုပြီး ပုံလေးတွေနဲ့ ပြထားတယ်။ ကိုယ်သဘောကျတာလုပ်ပေါ့ မသိရင်တော့ ကျုပ်ရှေ့မှာတင်ခဲ့
တဲ့ ဖေ့ဘုတ်နဲ့ဆိုင်တဲ့ စာအုပ်တွေ ဒေါင်းပြီး ဖတ်ပေါ့ အသေးစိတ်သိချင်ရင်ပြောပါတယ်။ ကျုပ်လိုအင်္ဂလိပ်
မတတ်တဲ့သူတောင် လုပ်သေးတာဘဲ တောင်နှိပ်မြောက်နှိပ်နဲ့ တည်ဆောက်ထားတာ အဆင်ကို ပြေလို့ဗျာ။
စမ်းကြည့်ပါ လုပ်ဖူးတာပေါ့ ဟုတ်ဘူးလား..အကျဉ်းပြရင် အကျယ်ကို လေ့လာလိုက်တော့ ပညာဆိုတာ လေ့မှ
လာမှာပါ မလေ့ဘဲနဲ့တော့ လာမှာမဟုတ်ပါဘူး..အမှားတွေကြုံဖူးမှ အမှန်မြင်မှာ မဟုတ်လား...ဟာဟား..
မိုက်တယ်နော် သဘောတူရင် စမ်းကြည့်ကြဗျာ...

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။



 



۩۩۩۩  DOWNLOAD FACEBOOK  ۩۩۩۩

۩۩۩۩  DOWNLOAD FACEBOOK PAGE  ۩۩۩۩

ဖေ့ဘုတ်နှင့် ပါတ်သက်လို့ ဒါလေးပါ ကူးထည့်ပေးလိုက်တယ်
နှစ်သစ်ကူးကာလတွင် အသစ်ထည့်သွင်းလိုက်သော Facebook privacy shortcuts များအကြောင်း

Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။

ဒီလို privacy shortcuts များကို US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။

ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

-Blocking

Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။

ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။

-Privacy Shortcuts

Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။

Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။

နောက် Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I'm tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။

ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။

Facebook Privacy shortcuts pop-up box ရဲ့ "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။

မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် "who can see my stuff?" ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။

ဒါဆိုရင် သင့်ရဲ့ profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။


အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။

Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ "who can contact me" ကို click လိုက်ပါ။

ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။

ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။

ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက buttomကို ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။

Thursday, December 27, 2012

Internet Website လမ်းညွန်နှင့် facebook အသုံးပြုနည်း facebook Group တည်ဆောက်နည်းများ

Internet Website လမ်းညွန်နှင့် facebook အသုံးပြုနည်းဆိုတဲ့ စာအုပ်လေး ရထားလို့ ဝေမျှလိုက်ပါတယ်ဗျာ။ ကဲဘာသိချင်လဲ စာအုပ်ကတော့ ကောင်းတာမှ အလွန်ကောင်း ''က'' ကြီးကစလို့ ''အ'' အဆုံး ကိုယ်သဘော
ကျနှစ်သက်ရာကို နိဒါန်းမှာကြည့်ပြီး ရှာလို့ရတယ်။ ''က'' ကြီးနဲ့ဆိုင်တဲ့ ကားတို့ဘာတို့ စသဖြင့် ကြည့်လိုရင်
ဘယ်ဝက်ဆိုက်တွေကြည့်သင့်တယ်။ နောက် '' ခ '' ခရီးသွားလုပ်ငန်းနှင့်ဆိုင်ရာတွေ လေ့လာလိုရင် ဘယ်
ဆိုက်တွေကကောင်းတယ် စသဖြင့်ပေါ့ဗျာ။ ''က'' ကြီးအစ ''အ'' အဆုံး မိမိသိလိုရာကို လေ့လာနိုင်အောင်
သူရအောင် (B.C.Sc) ရေးသားမှုကတော့ အတော်လေးပြည့်စုံပါတယ်။ သူရေးသားတဲ့စာအုပ်ထဲမှာ ကျုပ်ရဲ့
ဘော်ဒါ ဆရာသမားတွေရဲ့ဆိုက်များ ပါလေမလားဆိုတဲ့စိတ်နဲ့ ရှာဖွေလိုက်ပေမယ့် တစ်ယောက်မှမပါပါဘူး။
ဒါတော့ပြောထားရဦးမယ်။ မသိသေးတဲ့ဆိုက်တွေ အများကြီးပါဘဲဗျာ။ လေ့လာရင်းသာသေသွားရမယ်။
လေ့လာလို့ မကုန်နိုင်အောင်ပါဘဲ။ ဒါကြောင့် ပြောလိုတာကတော့ ကိုယ်နှစ်သက်ဝါသနာပါတာလေးကိုသာ
အာရုံစိုက်ပြီးလေ့လာကြပါလို့တော့ တိုက်တွန်းချင်ပါတယ်။ ကိုယ်က ကားဝါသနာပါရင် ကားနဲ့သက်ဆိုင်တဲ့
ဆိုက်တွေကို လေ့လာပေါ့ဗျာ။ အကုန်လုံးကတော့ ဘယ်လေ့လာနိုင်ပါ့မလဲ ? ဟုတ်ဘူးလား ?


  နောက်ပြီးလူသုံးများတဲ့ facebook အကောင့်လျောက်နည်း ဒါကတော့ အတော်များများသိပြီးသား။ အသုံးပြု
နည်းကလည်း တော်တော်များသိပြီးသား။ဒီမှာ တစ်ခုပြောချင်တာကတော့ group ထောင်တဲ့ အပိုင်းပါ။ ကျုပ်
လည်း ဒါလေးကို ဟိုအရင်က ဖေ့ဘုတ်အသုံးပြုနည်းတွေမှာလည်း ပါပါလျက်နဲ့ ကိုယ်ရှာဖွေနေတာကို ကိုယ်
က သေချာမလုပ်ကြည့်မိဘူးဗျာ။ ကျုပ်တို့ဟာ ဖေ့ဘုတ်ကို နည်းအမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်။ တစ်ချို့
ကမိုဘိုင်းဖုန်းနဲ့ ပါတ်သက်တာလေးတွေကို ဝေမျှဖို့ တစ်ချို့ကလည်း သတင်းတွေဝေမျှဖို့ တစ်ချို့ကလည်း
နိုင်ငံရေးနှင့် ပါတ်သက်တာတွေ ဝေမျှဖို့ စသဖြင့် အသုံးပြုနေကြတယ်။ အကြောင့်အမျိုးမျိုးနဲ့ အသုံးပြုနေကြ
ပေမယ့်လည်း ကျုပ်ကတော့ အဒီ group ထောင်တဲ့ အပိုင်းကို စိတ်ဝင်စားနေတာ ကြာပါပြီ။ ဒါကကျုပ်တို့ Website ထောင်သလိုဘဲ အဲဒီမှာ အားသာတာက စိတ်ကြိုက် ကွန်မန့်ပေးပြီး ရင်းရင်းနှီးနှီး ဆွေးနွေးလို့ ရတာ
ပါဘဲ။

     ကျုပ် Like လုပ်လို့ရတဲ့ Page လုပ်တာကို group ပြုလုပ်နည်းနဲ့ တူတယ်ထင်လို့ မေ့နေတာပါ။ တစ်ကယ်
တော့ group လုပ်တာက တစ်မျိုးပိုကောင်းပါတယ်။ မန်ဘာတွေနဲ့ တစ်ကယ်စိတ်ကြိုက်ဆွေးနွေးလို့ရတယ်။
အရမ်းကောင်းပါတယ်။ မိမိတို့ကိုယ်တိုင်လည်း ကိုယ်ဝါသနာပါတာကို ဖေ့ဘုတ်မှာ ထိုင်သုံးရင်း ကောင်းတာ
လေးတွေကို မိမိတို့ရဲ့ မိတ်ဆွေတွေကို ဝေမျှနိုင်ပါတယ်။ ဒါအများကြီး အကျိုးရှိနိုင်လိမ့်မယ်လို့လည်း ယုံကြည်တဲ့ အတွက်ပြောတာပါ။ မိမိတို့လည်း group လေးထောင်ပြီး ၀ါသနာချင်းတူရာ ပြောလို့ကောင်းလှပါတယ်။ တစ်ကယ်ပါ မိုဘိုင်းဖုန်းတွေ ၀ါသနာပါသူကလည်း မိုဘိုင်းနှင့်ပါတ်သက်တာတွေကို ဆော့ဝဲတွေ
25 MB လောက်ပမာဏရှိတာဆိုရင် ဖေ့ဘုတ်မှာဘဲ တိုက်ရိုက်တင်နိုင်တယ်။ စာအုပ်တွေလည်း ဒီ 25 MB
ပမာဏအောက်ကို တိုက်ရိုက်တင်နိုင်ပါတယ်။ တစ်ခြားဆိုက်တွေမှာ တင်ပြီး ဒီမှာလာပြီး လင့်လေးကို ဝေမျှ
လို့လည်း ရပါတယ်။ သိပ်ကိုကောင်းပါတယ်။ ဒါကတော့ .com / .net/ blogger.com စသဖြင့် ဆိုက်တွေမှာထက်
ပိုတောင် ကောင်းနေသလိုပါဘဲ။ တစ်ကယ်ပါ။
group တည်ဆောက်လိုရင်ဖြင့် facebook Account ၀င်လိုက်ပြီး ဘယ်ဘက်ခြမ်းမှာ Create Group ဆိုတာလေး
နှိပ်ပြီး တည်ဆောက်တာပါဘဲ.။ နာမည်ကို ကိုယ်သဘောကျတာရေးပေါ့ဗျာ။ Group နာမည်ပေါ့။ ဖုန်းနံပါတ်တို့
ဘာတို့ တောင်းရင် ဖြည့်ပေးလိုက်ပေါ့ ဖေ့ဘုတ်အကောင့် လျောက်တာကမှ များသေးတယ် ဒီကောင်ကတော့
လွယ်ပါတယ်.လုပ်ကြည့်လိုက်ပါနော်..

   ကဲအဲဒီလို လေရှည်ရှည်နဲ့ ပြောခဲ့သလို group တစ်ခုတည်ထောင်လိုရင်ဖြင့် ဒီစာအုပ်နောက်ပိုင်းမှာ ရှင်းပြထား
တာတွေရှိပါတယ်။ ကျုပ်တော့ မနေ့က တည်ဆောက်လိုက်ပြီ။ ကျုပ်က အခန့်မသင့်ဘဲ ကလိရင်းဖြင့် တည်ဆောက်မိသွားတာပါ။ ဒီစာအုပ်က နောက်မှတွေ့တာပါ။ ဟာဒီစာအုပ်ထဲမှာတွေ အပြည့်အစုံပါတာဘဲ။ ငါအသိနောက်ကျလေခြင်းဆိုတဲ့ နောင်တလေးတွေတောင် ဖြစ်မိပါတယ်ဗျာ။ ဟုတ်တယ် ကျုပ်သူများဆိုက်တွေ
ကို ၀င်ကြည့်ရတာ တစ်ခါတစ်လေ အပြောမတတ်ရင် ရန်ထောင်ခံရတယ်ဗျာ။ ဖေ့ဘုတ်က လူစုံ စရိုက်စုံဆိုတော့
မလွယ်ဘူးဗျာ။ တစ်ချို့ဆိုက်တွေကလည်း ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ စည်းကမ်းချက်တွေများလို့ တစ်ခါ တစ်
လေမှဘဲ ၀င်တော့တယ်။
         ကျုပ်တော့ သူများတွေလို ထိန်းချုပ်မှု အာဏာအောက်မှာ နေရတာကို သဘောမကျဘူးခုမှမဟုတ်ပါဘူး ငယ်ကတည်းကအကျင့်လိုဖြစ်နေတာ။ သူများတွေရဲ့ ထိန်းချုပ်မှုထက် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်အောင်တော့ ကြိုးစားတယ်။ ကျုပ်တည်ဆောက်လိုက်တဲ့ group လေးမှာ မန်ဘာဝင်ပြီး လူတွေအတွက် တိုင်းပြည်အတွက် အကျိုးများမည့် အရာလေးတွေကို ဝေမျှလိုတယ်ဆိုရင်ဖြင့် တစ်ခါတစ်ခေါက် လာရောက်လှည့်ပါဦးလို့လဲ ဖိတ်ခေါ်ပါတယ်။ ကျုပ်တော့ စည်းကမ်းတွေဘာတွေတော့ မပြောလိုဘူး လူအမြင်မတင့်တယ်တဲ့ ပုံတွေ ရိုင်းတဲ့စကားလုံးဖြစ်တဲ့ ဆဲတာဆိုတာတော့ မလုပ်စေချင်ဘူး။ အကျိုးများတာကိုဘဲ တင်စေချင်တယ်။ လူဖြစ်လာတဲ့ ခဏတာ ရလာတဲ့ဘ၀လေးမှာ ခဏတာ အင်တာနက်အသုံးပြုတဲ့အခိုက်မှာ ကိုယ်သဘောကျတာ
လေးတွေကို သူများကိုလည်း ဝေမျှကြပါ ။ ပေးကြည့်ကြပါလို့ မေတ္တာရပ်ခံရင်းဖြင့်.. အဆုံးသတ်လိုက်ပါတယ်။
 ကဲစာအုပ်လေးကတော့ ဒီအောက်မှာ ဆွဲလိုက်ပါ။ သဘောကျလိမ့်မယ်လို့တော့ထင်ပါတယ်။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။



 


۩۩۩۩   DOWNLOAD NET EBOOK   ۩۩۩۩


My Facebook group


 

Sunday, October 7, 2012

facebook ကို သေချာစွာ သုံးတတ်ချင်သူများအတွက်


 ကဲဗျာ ကျုပ်မိတ်ဆွေများဆိုက်မှာ တွေ့တာဒေါင်းထားတာ ဒီနေ့မှဖတ်လိုက်တယ် အတော်လေးကို ကောင်းပါ
တယ်။ ဒါကြောင့်ကျုပ်လည်း ကိုယ့်ဆီရောက်လာသည့်မိတ်ဆွေများ ဖတ်ရအောင်ဆိုပြီး တင်ပေးလိုက်ပါတယ်။
ကျုပ်အနေနဲ့ ဖေ့ဘုတ်သုံးတာကြာပြီ ဆိုပေမယ့် မသိသေးတာတွေရှိတယ်လေ ကျုပ်လိုဘဲ မသိသေးတဲ့သူများရှိ
လျှင် ဖတ်ရအောင်လို့ပါ။ ဒီထဲမှာfacebook အကောင့်လျောက်နည်း အသုံးပြုနည်း GROUPS ဖွဲ့နည်း စုံအောင်ပါ
တယ်ဗျာ။ ဒီတစ်အုပ်ဖတ်လိုက်ရင် facebook ကတော့ ကျွမ်းကျင်စွာ သုံးတတ်သွားမယ်။
ကဲဗျာ ဖတ်ချင်ကြတဲ့ မိတ်ဆွေများ DOWNLOAD ကိုနှိပ်ပြီး ဆွဲသွားကြပါ။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။



 

Monday, September 3, 2012

facebook နှင့် ပါတ်သက်တာလေးများ အတော်စုံနေပြီ

Lock ကျနေသာ Facebook အကောင့် ပြန်ယူနည်း
လတ်တလော Facebook ရဲ့ ပြောင်းလဲသွားသော ပေါ်လစီကြောင့် ကမ္ဘာတစ်လွှားက အကောင့်တွေ တော်တော်များများ ပိတ် (Lock) ကျသွားပါတယ်။ ပြန်မရတော့လောက်အောင်ကို စိတ်ညစ်စရာေ ကာင်းပေမယ့် အကောင့်ကို အလွယ်တကူ ပြန်ရနိုင်ပါတယ်။ ဒါကြောင့် အကောင့်သစ်သုံးနေရပြီး မူလအကောင့် ကိုပန်လိုချင်သူ များ  အောက် ပါ အတိုင်း လုပ်ဆောင်ရန်လိုအပ်ပါတယ်။ 

အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါလိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံတွေ့ပြီး ဖြစ်ပါတယ်။ ဖုန်းနံပါတ် ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့
ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက်တာမျိုး မလုပ်သင့်ပါဘူး။ နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုးအနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်းနံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။ ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။

ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ်ထားတဲ့အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။ အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထားတာ သိပ်မရှိပါဘူး။ အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူတိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့်အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။

ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါတယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်ရောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေးတာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။ ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။
အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။ တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။


ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ်နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။ အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။
ဒါကြောင့် ယခင်က ဖော်ပြပေးတဲ့ အောက်ပါလခ့်က စာတွေကို ပြန် လည်ဖတ်ရှုစေလိုပါတယ်။
မြန်မာ့သားကောင်းမှ ကူးယူလာခြင်းပါခင်ဗျာ။ 
==========================================

စိတ်ဝင်စားစရာ ကောင်းပြီး အသုံးဝင်တဲ့ Facebook Shortcuts များ
Photo

အခုအချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းနီးပါးဟာ အကုန်မဟုတ်တောင် သုံးပုံနှစ်ပုံလောက်ဟာ Social Network တွေပေါ်မှာ ရှိနေကြပါတယ်။  ကျွန်တော်တို့ဆီမှာလည်း လူတော်တော်များများမှာ Facebook အကောင့်တစ်ခုစီတော့ ရှိကြပါတယ်။ ကုမ္ပဏီလိုမျိုးတွေ၊ သတင်းဌာနလို နေရာတွေဟာ Social Network တွေကို အသုံးပြုပြီး သတင်းအချက်အလက်တွေ တင်ဆက်မှုတွေ နောက်ပြီး ကြော်ငြာတွေ အတွက်၊ နည်းပညာ ကဏ္ဍတွေအတွက် ပညာမျှဝေတာတွေ လုပ်ဆောင်လာကြပါတယ်။

အချို့လူတော်တော်များများဟာ Social Network တွေမှာ သူတို့ရဲ့ တကယ့်ဘဝတွေနဲ့ထပ်တူ Facebook ဆိုတဲ့ အွန်လိုင်း စာမျက်နှာပေါ်က ဖြစ်ဖြစ် twitter ဆိုတဲ့ Social Page ပေါ်မှာပဲဖြစ်ဖြစ် စီးမျောလေ့ ရှိလာကြတယ်။ တစ်နေ့လောက် Facebook or Twitter မဖွင့်ရ မဝင်ရ ဖြစ်နေရင် လူကတစ်ခုခု လိုနေသလိုလို ဖြစ်ဖြစ်လာနေတာကလည်း စွဲလန်းမှု ပြဿနာ တစ်ခုပါပဲ။ Social Network တွေရဲ့ ထူးခြားတဲ့ စွမ်းဆောင်ရည်နဲ့ ဆွဲဆောင်နိုင်စွမ်းတစ်ခုလို့ ဆိုရတော့မှာပဲပေါ့။

အခုလည်း Facebook ရဲ့ စွမ်းဆောင်ရည်တွေထဲက သင့်ရဲ့ Social Networking Life ကို ပိုမိုပီပြင်လာအောင် အထောက်အပံပေးမယ့် လျင်မြန်ပြီး အသုံးဝင်တဲ့ Shortcuts တွေကို ဖော်ပြပေးချင်ပါတယ်။ သင်အသုံးပြုတဲ့ Web Browser တွေထဲက အခု ပြောပြပေးမယ့် Shortcuts တွေကို အသုံးပြုလို့ ရနိုင်မယ့် Browser နှစ်မျိုးကို အဓိကထား ပြောပြပေးသွားမှာပါ။

ဘယ်လို Browser တွေလဲ အခုအချိန်မှာ လူကြိုက်အများဆုံးနဲ့ အသုံးအများဆုံး ဖြစ်နေတဲ့ ထိပ်တန်း Browser နှစ်ခုပါပဲ။ Web Master တွေ Web Developer တွေ အကြိုက်လည်း ဖြစ်ပါတယ်။ သူတို့တွေကတော့ Chrome နဲ့ Mozilla Firefox တို့ပဲ ဖြစ်ပါတယ်။

Chrome Browser နဲ့ ဆောင်ရွက်လို့ရတဲ့ Facebook Shortcuts မခက်ပါဘူး။ ကိန်းဂဏန်းတွေဖြစ်တဲ့ ၁ ဒဿမ ၉ အထိသိရင် Facebook Shortcuts အတွက် လုံလောက်မှုရှိပါပြီ။ New Message တစ်ခု ဆောင်ရွက်ချင်တယ်ဆိုရင် alt+m, Home Page ကို သွားချင်တယ်ဆိုရင် alt+1, Profile Page ဆိုရင် alt+2, အပေါင်းအသင်း သူငယ်ချင်းများရဲ့ စာရင်းကို သိချင်ရင်တော့ alt+3 ပါတဲ့။ သင့်ဆီကိုဝင်တဲ့ Message List ကို သိချင်တယ် ဆိုရင်တော့ alt+4 နောက်တစ်ခုက List of notification alt+5 သင့်ရဲ့ အကောင့်ကို ပြင်ဆင်မှုတွေ လုပ်ဆောင်ချင်လာလို့ Account Setting page ကို တိုက်ရိုက်သွားချင်တယ် ဆိုရင် alt+6, Facebook ရဲ့ Privacy Setting page ဆိုရင် alt+7 နှိပ်ပြီး တိုက်ရိုက် ရောက်ရှိစေမှာပါ။ Facebook ရဲ့ Fan page ကို အလည် သွားချင်ရင်တော့ alt+8 လို့သာတွဲနှိပ်လိုက်ပါ။ နောက်ဆုံးတစ်ခုကတော့ Facebook ရဲ့ Policy Page ပါပဲ။ alt+9 ပါ။ ဒါကတော့ Chrome Browser အတွက် Facebook Shortcuts တွေပါ။

Mozilla Firefox Browser နဲ့ ဆောင်ရွက်လို့ရတဲ့ Facebook Shortcus သူလည်း မခက်ပါဘူး လုပ်ဆောင်ချက် အနေနဲ့  Key တစ်ခုတော့ ပိုနှိပ်ရပါတယ်။ အဲဒါကတော့ Shift Key ပါ။ ကျန်တာတွေ အတူတူပါပဲ။ ဥပမာ-New Message ဆိုပါစို့။ Chrome မှာ alt+m ပါ။ Mozilla မှာတော့ ဒီလိုဖြစ်သွားပါတယ် shift+alt+m ပါ။ ဒီလောက်ဆိုရင်တော့ Browser နှစ်ခုမှာ Facebook ရဲ့ အသုံးဝင်တဲ့ Shortcuts လေးတွေအကြောင်း စမ်းသပ် လုပ်ဆောင်ကြည့်လို့ ရနိုင်ပါပြီ။
============================================================

ဒီတစ်ခါတော့ သင်တို့ရဲ့ facebook စာမျက်နှာကို better facebook လုပ်ကြရအောင်။ 

ပထမဦးစွာ
ဒီနေရာကိုသွားပါ။
http://www.socialfixer.com/



ပီးရင် သင်အခုသုံးနေတဲ့ အင်တာနက်ကြည့် software ကိုရွေးပါ။
Mozilla Firefox တို့ Chrome စသည်ဖြင့်ပေါ့
မြန်မာနိုင်ငံမှာတော့ အခြား software တွေကို အသံးနည်းပါတယ်။
ကဲပီးရင် သူက ဒေါင်းလုပ်လုပ်ပါလိမ့်မယ်။
Mozilla ဆိုရင် add_ons ကရတာနဲ့ run မလားမေးလိမ့်မယ်။
Run ( Installation) လုပ်လိုက်ပါ။
Mozilla ခဏ restart ကျသွားပီးပြန်ပေါ်လာရင် ရပါပီ။
သင့် facebok စာမျက်နှာအတွက် မေးခွန်း ၁၀ ခုမေးပါလိမ့်မယ်။
သင်မဖြေတတ်ရင် အားလုံးကို next နှိပ်လိုက်ပီး ကျော်လိုက်ပါ။






ဒီလိုလေးစတွေ့နေရပါပီ။
ကဲ အပေါ်ဆုံးဘားမှာ ရှိတဲ့ ခက်ရင်းခွပုံလေးကို ကလစ်လိုက်ပါ။



ဒါမျိုးလေးစတွေ့နေရရင် အပေါ်က Social Fixer Options ကို ရွေးလိုက်ပါ။
အဲအထည်းကနေ စပြင်နိုင်ပါပီ။
အလွယ်ဆုံးကတော့ Themes ကိုရွေးပီး ကိုယ်ကြိုက်တဲ့ ဟာကို click လုပ်ပီး save လုပ်နိုင်ပါတယ်။
save မလုပ်ချင်သေးရင်လဲ preview လုပ်နိုင်ပါတယ်။နမူနာပြပါလိမ့်မယ်။
ကဲနောက်ထပ် အလန်း တွေကို ဘယ်လို ဆက်လုပ်မလဲဆိုရင် ကျွမ်းကျင်သူများကတော့ ကိုယ်တိုင် CSS code ရေးနိုင်ကြပါတယ်။
နားမလည်သူတွေအတွက်ကတော့ သူများရေးထားတာတွေကို ကူးရတာပေါ့။

ကဲဒီကို သွားပီး ကူးနိုင်ပါတယ်။
ဒီနေရာကလည်းဆိုဒ်ကောင်းလေး တစ်ခုပါပဲ သင်ကြိုက်နှစ်သက်ရာ theme ကို left column ၇ှိ အမျိုးအသားနေရာမှာ ရွေးချယ်ကာ အသုံးပြုနိုင်ပါတယ်။
သင်ရွေးလိုက်ပီးရင် ဒီလိုပေါ်လာရင် Make The My Facebook Skin! ဆိုတာကိုေ၇ွးလိုက်ရင် ရပါပီ။
အခြားဆိုဒ်တွေကိုလဲ ဖော်ပြပေးလိုက်ပါတယ်။
http://facebookskin.com/
http://www.facetheme.com/
http://userstyles.org/ ဒီနေရာကတော့ နာမည်ကြီး နေရာတစ်ခုပါ။ သူကတော့ code တွေကိုပါ ဖော်ပြပေးပါတယ် ကိုလိုသလို ညှိနှိုင်းလို့ရပါတယ်။
သူ့ကို တိုက်ရိုက်သုံးချင်ရင်တော့ Mozilla မှာပဲရပါတယ်။
Mozilla add_ons ကနေ stylish ဆိုသော အရာကို ရွေးပီး Install လုပ်ထားလိုက်ရင် တိုက်ရိုက်သုံးနိုက်ပါပီ။
mozilla ဆိုရင် တိုက်ရိုက်သုံးနိုင်ပါတယ်။




ကဲနောက်တစ်မျိုးကတော့
Chrome မှာ background လေးပဲချိန်းတာပါ။
video လေးကို ကြည့်လိုက်ပါ ရှင်းပါတယ်။
ပုံလေးတွေပါ ထည့်ပေးလိုက်တယ်။




အလွယ်ဆုံးအဆင့် (၃)ဆင့်ပါ အခုပုံလေးက အလယ်က facebook ပုံပါတာလေးကို နှိပ်ပီးဆက်လုပ်ကြတာပေါ့။
ကျွန်တော့် facebook style က တစ်မျိုးဖြစ်နေတယ် ဗျ။ အဲတာကတော့ facebook Time Line ကို သုံးထားတာပါ။
ဆက်လက်ဖော်ပြပါမယ်။ from KoChinLay
============================================

Facebook Video Chat

ပြောကြားလိုက်ပါတယ်။ ဒီ Video chat က Facebook တခုဘဲကလုပ်တာ မဟုတ်ဘဲ Skype နဲ့ ပူးတွဲလုပ်
ဆောင်တာဖြစ်ပါတယ်။ အရင်က တွေ့နေရတဲ့  Facebook video chat က Facebook ကပြုလုပ် တာမဟုတ်ဘဲ ဒီအတိုင်း user တွေလုပ်တာပါ။ အခုဟာကတော့ Facebook ကနေ တရားဝင်လုပ်လိုက်တဲ့
Video Chat ဖြစ်ပါတယ်။
REF: http://www.pcworld.com/article/235127/facebook_and_skype_partner_on_video_calling.html
ဘယ်လိုလုပ်ရမလဲဆိုတော့
http://www.facebook.com/videocalling ကိုသွားပါ။





ပြီးတော့ facebook plugin ကို Download လုပ်ပြီး install လုပ်ပါ။  OR
အောက်က Facebook Video chat ကို Download လုပ်ပြီး install လုပ်ပါ အထက်ပါ
ပုံအတိုင်းလုပ်စရာမလိုတော့ပါဘူး

Facebook Video chat (Mediafire) OR
Facebook Video Chat (ifile.it)OR
Facebook Video Chat (filape)  
from KoChinLay
=======================================

Gmail တွင် Facebook, Twitter ပေါင်းစပ်ထည့်သွင်းခြင်း

Facebook, Twitter, Orkut, Digg, MySpace ကဲ့သို့သော Social Networking service များအပြင် Yahoo Mail, Hotmail စသည်ကဲ့သို့သော email service များကိုလည်း gmail sidebar မှာထည့်သွင်း အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

Gmail sidebar မှာ ၄င်း service များကို ထည့်သွင်းအသုံးပြုဖို့ ပထမဦးစွာ ထို service (Add any gadget by URL) ကို Enable လုပ်ပေးရပါမယ်။

Add any gadget by URL ကို Enable လုပ်ခြင်း
  1. gmail login လုပ်ပြီး setting ထဲမှာ Labs ကိုရွေးပါ။
  2. Labs သို့ရောက်လျင် Add any gadget by URL ကိုရှာပြီး enable လုပ်ပါ။ ပြီးလျှင် Save changes လုပ်ပေးပါ။ Setting ထဲတွင် Gadgets ဆိုတဲ့ Tab တစ်ခုတိုးလာမှာဖြစ်ပါတယ်။
  3. Setting ထဲမှ Gadgets ကိုသွားပါ။ မိမိထည့်သွင်းလိုတဲ့ service ရဲ့ address ကို URL Box မှာထည့်သွင်းလိုက်သည်နှင့် Gmail ရဲ့ sidebar မှာပေါ်လာပြီး စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
သက်ဆိုင်ရာ service တွေနဲ့ ပက်သက်ပြီး ထည့်သွင်းအသုံးပြုရမည့် address (URL) တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Facebook Gadget URL
http://hosting.gmodules.com/ig/gadgets/file/104971404861070329537/facebook.xml

Twitter Gadget URL
https://twittergadget.appspot.com/gadget-gmail.xml 
from Kochinlay
======================================

Facebook ချစ်သူများအတွက် Facebook မြန်မာ-အိင်္ဂလိပ် Dictionary




Facebook ချစ်သူများအတွက် Dictionary လေးပါ ဒီဟာလေးပေါဒါတော့ အရမ်းကို
ကြာနေပါပြီ ရေးရင်ကောင်းမလာ မရေးရင်ကောင်းမလားလို အရမ်းကိုစဉ်းစားရပါတယ်
သိပြီးသားသူတွေလဲရှိနေ မှာပေါဒါကြောင်းရေး ရတော့တယ် အခုတလော ကျွန်တော်တို့
လူငယ်တော်တော်များများဟာ Facebook မှာထိုင်နေကြတယ်လို News တွေမှာရေးထား
တာတွေ့ရတော့ ဒီ Dictionary လေးဟာအဆင်ပြေနေလိမ်မယ်လိုထင်တယ် ဘာကြောင့်
လဲဆိုတော့ မြန်မာပြည်သားမဟုတ် ဘဲမသိတဲ့ နိုင်ငံခြား ကောင်လေး နှင့် ပောင်မလေး
တွေကို Add တတ်ကြတယ် ဒါကြောင့် ဒီဟာလေးဟာ English လိုရေးတဲ့အချိန်မှာ
မြှာနတ်မောင် လိုလဲဖြင့်နိုင်ပါတယ်။
ဒီမှာ Facebook Link

ဒီလင့်ကိုဖွင့်ပြီးရင်းတော့ Allow လေးတော့လုပ်ပေးအုံးနော်/
==================================================

Facebook , Gmail , Twitter တွေကိုဒီလိုသုံးရအောင်


Pokki လေးနဲမိတ်ဆက်ပေးခြင်တယ်ဒီဟာကတော့ Software လေးလို Gmail , Facebook , Twitter
တွေကို Pokki ဒေါင်းပြီးတော့ Computer မှာလှလှပပသုံးတဲအရာလေးပါဘဲ ကဒီ Pokki အကြောင်လေး
နဲနဲရှင်းပြခြင်ပါတယ် ဒီ Software ကိုဒေါင်းပြီး Install လိုရင်တော့ အောက်ပုံကိုကြည်ပေးပါ အဲလိုပေါလာ
လိမ်မည်။

ဒီလိုပေါလာရင်တော့ အမည်ရောင်လေးနဲပြထားတဲဟာကိုမြင်မယ်လိုထင်ပါတယ်အဲဒါကို Click
လိုက်ပါပြီးရင်တော့ အောက်ပုံလေးလိုပေါလာလိမ်မယ် တွေရင်တော့ ကိုယ်ကြိုက်တဲ့ဟာကိုဒေါင်း
ပါ Facebook လား Gmail လာ Twitter လာကိုကြိုက်တာကိုဒေါင်းပါ Game တွေလဲဒေါင်းလိုရ
တယ်အရမ်းကိုကောင်ပါတယ်။
ဒီဟာကတော့ Twitter လေးပါကြည်ကြည့်ပါအရမ်းလှပါတယ်နော်


Facebook လေးပါအရမ်းကိုကောင်းတယ်။


ဒီဟာကတော့ Gmail လေးပါ။

လိုခြင်ရင်တော့ဒေါင်းကြပါအရမ်းကောင်တယ်။

Pokki ကိုဒီမှာဒေါင်းရန်

=============================================

Facebook New Tab လေးပါ

Facebook ချစ်သူများအတွက် Facebook New Tab ကလေးပါ Firefox မှာ Facebook ကလေးကို
Add လိုက်ရင်တော့ New Tab လုပ်တိုင်းမှာ Firefox Browser မှာ Facebook စာမျက်နာထဲဘဲပေါ
နေမှာဖြစ်ပါတယ် Facebook ကိုအလွန်နှစ်သက်သူများအတွက် Facebook ကို Internet Bar ကလေး
မှာရေးစရာမလိုတော့ဘဲ လွယ်ကူစွာသုံးနိုင်ဖို့ အတွက်တင်ပေးလိုက်တာ ပါ Firefox Add နည်းကိုတော့
မရှင်းပြတော့ဘူး အောက်မှာ Add On Download
=============================================

Facebook Massage ကို Video နဲပို့ရအောင်။


ကဲအခုရေးရမည်အကြောင်းကတော့ အခု Internet မှာအရမ်းကိုနာမည် နေတိုင်းနေရာ
တိုင်းမှာအသံကြားနေရတဲ့ Facebook ကလေးပါ Facebook မှာ Massage ကို Video
နဲ့ဘယ်လိုပို့ရလဲ ဆိုတဲ့အကြောင်းကလေးပါ ကဲစလိုက်ကြရအောင် ကဲအရင်ဦးဆုံ ကို
Massage ပို့ခြင်တဲ့သူငယ်ချင်းရဲ Facebook ကိုသွားလိုက်ပါ ပြီးတော့ အောက်ပုံမှာပြထား
တဲ့အတိုင်း Massage ကို Click လိုက်ပါ။


နောက်ပြီးတော့ အောက်ပုံမှာပြထားတဲ့ အမဲရောင်လဲနဲ့ပြထားတဲ့ Camera လေးနဲ့တူတဲ့
ဟာလေးကို Click လိုက်ပါ။





နောက်ပြီးတော့ Video ရိုတ်တဲ့ဟာလေးနဲ့ တူတဲ့ဟာကို Click လိုက်ပါ။
ပြီးတော့ Photo ပုလေးလိုပေါလာရင်တော့ Allow ပေးလိုက်ပါ ပြီးတော့ Close ကို Click
လိုက်ပါ။


ပြီးတော့ အမည်းရောငိလေးနဲ့ဝိုင်းထားတဲ့ နေရာလေးမှာ Click လိုက်ပါ Click ပြီးရင်တော့
Video ယာ Record ပြီးသားဖြစ်နေပြီ ကိုပြောခြင်တဲ့စကားကို ပြောလိုရပါပြီ။


ပြောပြီးရင်တော့ ကိုပြောခြင်တဲ့အရာတွေကုန်ပြီးရင်တော့ အခု Click လိုက်တဲ့ဟာကို ပြန်ပြီးတော့
Click လိုက်ပါ Stop ရန်အတွက်။


ပိုလိုရပါပြီ မင်းသူငယ်ချင်းကမင်းရ Video ကိုလက်ခံရရှိနေ ပါပြီ။



သူငယ်ချင်းတစ်ယောက်မေးနေလိုရေးပေးလိုက်တာပါ။ From KoChinLay
=================================================================

Facebook Messenger



ကဲအခုတင်ရမည့်ဟာကတော့ Windows မှာ Facebook Messenger ကိုဒေါင်းရန်အတွက်
တင်ပေးလိုက်မယ် အရမ်းကိုကောင်းပါတယ် သုံးဖူးတဲ့သူလဲ ရှိမယ်မသုံးဖူး မမြင်ဖူးတဲ့သူတွေ
အတွက်တော့ အသစ်ပေါ့နော် ကျွန်တော်ဆိုရင် Facebook လင့်ကိုမသွားတော့ဘူး Facebook
Messenger အမြဲတမ်းသုံးရတော့တယ် အရမ်းအဆင်ပြေတယ် အောက်ကပုံကိုကြည်ကြပါအုံး
ကျွန်တော့ကိုယ်ပိုင်ပုံတော့ မဟုတ်ဘူး Internet ကကူးလာတာပါ။


အောက်မှာဒေါင်းလော့ချပါ။ Download ကိုနှိပ်ပါ။
========================================

Facebook Timeline ကို Remove ရအောင်


ကဲအခုကျွန်တော် Facebook Timeline ကိုဖြက်ခြင်တဲ့သူတွေအတွက်ပါ Facebook Timeline
ကိုလုပ်ပြီးတော့ မလိုခြင်တော့ဘူးလိုပြောတဲ့လူတွေ အများကြီူရှိတယ် ကျွန်တော် ကိုလဲလာပြီးတော့
သူငယ်ချင်းတွေ မေးကြတယ်ဆိုတော့ မင်းတို့လည်လိုခြင်မလားတော့ မသိဘူး Timeline သုံးပြီးတော့
နောင်တရတဲ့ သူများလုပ်ကြည်ပါ အောက်က Link ကိုသွားပါ။ 
ဒီမှာ Remove လုပ်ပါနော်

အပေါပေးထားတဲ Link ကိုသွားပြီးရင် ပုံထဲကလို Web Brown တွေပါလိမ်မည် ကိုယ်ဘာ Brown
ကိုသုံးသလဲ Firefox လား Google Chrome လားကိုယ်သုံးတဲ့ Web Brown ကို Click လိုက်ပြီးရင်
Firefox ဆိုရင်တော့ Add On မှာ Add သလိုပေါ့ ပေါလာလိမ်မည် ပေါလာရင်ပေါလာရင်ဘယ်လိုလုပ်
ရမလဲဆိုတာသိပြီးသားထင်ပါတယ် Google Chrome လဲအတူတူပါဘဲ ။ကိုယ် Computer မှာဘဲလုပ်ကြည်စေခြင်တယ်။
From KoChinLay
=================================================== 

Facebook အကောင့်ဖျက်လိုလျှင် 


မင်္ဂလာပါခင်ဗျာ... မေးထားတဲ့ အမတစ်ယောက်ရှိလို့ အခြားမသိသေးတဲ့ သူငယ်ချင်းတွေပါ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ်... ပထမဆုံး မိမိဖျက်လိုတဲ့ အကောင့်ဖြင့် Facebook ကိုဝင်ပါ... ပြီးရင်အောက်မှာ ပုံလေးတွေနှင့် ဖော်ပြထားသည့်အတိုင်း တဆင့်ခြင်းလုပ်ဆောင်ပေးပါ....


ပုံမှာပြထားသည့်အတိုင်း Account မှတဆင့် Account Settings ကိုသွားပါ...
Security ကို နှိပ်ပါ...
မြှားပြထားသည့်အတိုင်း Deactivate your account ကိုနှိပ်ပြီး ဖျက်နိုင်ပါတယ်...
နောက်ထပ်အလွယ်ဆုံးနည်း
***********
ဖျက်လိုသည့်အကောင့်ဖြင့် Face Book ကိုဝင်ပါ...
ဒီကို နှိပ်ပြီး ပုံမှာပြထားသည့် Delete My Account ကိုနှိပ်ပြီး ဖျက်နိုင်ပါတယ်....
from KoPyae Phyo

https://www.facebook.com/help/delete_account

ဒါကိုနှိပ်လိုက်ရင်ဖြင့် တန်းရောက်သွားမှာပါ။

======================


Facebook မှာ Like များများလိုချင်တယ်ဆိုရင်from


ဒီတခါတော့ Facebook သုံးတဲ့ ကိုကို မမ များ စိတ်ဝင်စားမယ်ထင်တယ်။  မိမိတင်လိုက်တဲ့ပုံဖြစ်ြဖစ် ၊Status ဖြစ်ဖြစ် Like တွေ အများကြီးလိုချင်တယ်ဆိုရင် လင့်ပေးပါ့မယ်။ သူက မိမိသူငယ်ချင်းတွေ လာ ပြီး Like လုပ်တာ မဟုတ်ပါဘူး။ တခြား အဲဒီဆိုဒ်လေးကို သုံးတဲ့အဖွဲ့ဝင်တွေ အချင်းချင်း ကို Auto Like ပေးတဲ့ နည်းစနစ်လေး ဖန်တီးထားတာပါ။  မိမိ Facebook ကို Auto Like လုပ်သလို တခြား သူတွေ Facebook ကိုလည်း မိမိက Auto Like ပြီး ဖြစ်ပါလိမ့်မယ် ။
ကဲ နမူနာ ကြည့် ကြည့်နော်.......။
ကြိုက်တယ်ဆိုရင် ဒီလင့်(http://powerlike.org) လေး ကိုအရင်သွားပါ။ ဒီလိုလေးတွေ့ပါလိမ့်မယ်။
အဆင့်(၁)
Facebook ဖွင့်ထားပါ။ အဲဒီမှာ Get Access Token Here ! ကိုကလစ်ပေးပါ။ 
အဆင့်(၂)  
အဲဒီမှာ Click  Here ကို ကလစ်ပေးပါ။ 
အဆင့်(၃)

သူပေးထားတဲ့ Allow ဆိုတာလေးတွေကို အကုန်ကလစ်ပေးပါ။ ပြီးရင် အပေါ်ကလို Success ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ AAAA နဲ့ စာကြောင်းကို  & ပုံစံလေး မရောက်ခင်ထိ  copy ကူးပါ။ 
အဆင့်(၄)
အစနေရာကို ပြန်သွားပါ။ အဲဒီမှာ ခုနက copy ကူးထားတာကို ထည့်ပါ ။ပြီးရင်Enter ခေါက်ပါ။ နည်းနည်းတော့ ကြာမယ်ဗျာ။
အဆင့်(၅)
အဲလိုပေါ်လာပြီဆိုရင် Powerlike 2 ကိုကလစ်ပေးပါ။ မိမိ Facebook ကိုသွားပါ။  
အဆင့်(၆)
အဲလိုလေးပေါ်အောင်လုပ်ပြီး အပေါ် url  တန်းပေါ်က နောက်ဆုံးမှာ ရှိနေသော ဂဏန်းအားလုံးကို copy ကူးပါ။ 
အဆင့်(၇)
ခုနက PowerLike v.2 ဆိုတာကိုသွားပါ။ Post ID မှာ ခုနက copy ကူးထားတာကို paste လုပ်ပါ။  ပြီး၇င် PowerLike  buttom ကိုကလစ်ပေးပါ။ ခဏစောင့်ပါ။ ပြီးရင် PowerLike v.1 ကိုသွားပါ။ 
အဆင့်(၈)
မိမိရေးထားသောအကြောင်းအရာလေး ပေါ်နေပါ့မယ်။ အဲဒီအောက်နားလေးက PowerLike buttom လေးကို ကလစ်ပေးပါ ။ပြီးပါပြီ။ အဆင်မပြေဘူးဆိုရင် nothateme51@gmail.com မှာ မေးနိုင်ပါတယ်။
နောက်ထပ်ဆင်တူ ဆိုဒ်လေးတွေပါ။
အဆင်ပြေကြပါစေ...