This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label 1စိတ်ကြိုက်အဖြစ်ဆုံး လင့်များ. Show all posts
Showing posts with label 1စိတ်ကြိုက်အဖြစ်ဆုံး လင့်များ. Show all posts

Sunday, July 27, 2014

အကောင်းဆုံးသော နည်းပညာနှင့် နည်းပညာ Website များကို အလျှင်မြန်ဆုံး ကြည့်ရှုနိုင်မည့် နည်းပညာ ( For MKK)


ဒေါင်းလော့ချစရာများ DOWNLOAD NOW FREE SOFWARE OR EBOOK OR APK or MUSIC


Google Dirve IT Ebook                                      Mediafire Download Link ebook


Converter Softwares DOWNLOAD                        Dictionary DOWNLOAD


နည်းပညာဆိုက်များကို အလျှင်မြန်ဆုံးနည်းနဲ့ ကြည့်ကြရအောင်

  
 PC SOFTWARE AND MOBILE APK FREE FULL VERSION DOWNLOAD WEBSITES






FILE HOUSE.COM DOWNLOAD                           FILE HIPPO.COM DOWNLOAD
 
DOWNLOAD FULL VERSION SOFTWARE                      AFTER DAWN.COM
                 
MP3 MP4 သီချင်းများနှင့်    ဗွီဒီယိုများနှင့် JOURNAL များ မြန်မာစာအုပ်များ ဒေါင်းရန်
MYANMAR MP3/ MP4/ MUSIC/ VCD/ MP4/ EBOOK/ JOUNNAL DOWNLOAD NOW

Myanmar Hip Hop Channel                   Myanmar Mp3 Album     
itburma MUSIC                               axlerose MUSIC
  ဘုရားတရားသံဃာနှင့် ဆေးပညာ



ဒီလင့်ကတော့ဖြင့် ဆိုက်တစ်ခုလုံးကို ကြည့်တာ... ohnthar Website ပေါ့ဗျာ

https://www.facebook.com/ohnthar

Friday, July 25, 2014

PC App Store Version:4.5.1.6024 ကွန်ပျူတာအတွက် မရှိမဖြစ် အသုံးပြုသင့်သည့် PC App Store OR PC Market

PC App Store V:4.5 လေးတင်ပေးလိုက်တယ်။ ဘာတွေကောင်းသလဲဆိုတော့ ကျုပ်တို့တစ်တွေ Google Play Store ဆို လူတိုင်းသိပါတယ်။ ထိုနည်းတူစွာဘဲ ကွန်ပျူတာအတွက်လည်း Market ခေါ် PC App Store 
ပေါ့ဗျာ.။ ဒီတော့ PC မှာ လူသုံးအများဆုံး Player တွေ ဂိမ်းတွေ Virus သတ်မည့် ဆော့ဖ်ဝဲတွေ Reader တွေ
Converter တွေ Browser တွေ စသဖြင့် စသဖြင့်ပေါ့ဗျာ အစုံကို တင်ထားပေးတာတွေ့ရပါတယ်။ Websit တွေ
ကို ပတ်မွှေရတာထက်စာရင်တော့ ပိုမြန်ဆန်မယ်ထင်တာဘဲ။ ဒီကောင် PC Store မှာလည်း Search အင်ဂျင်
လည်း ပါနေတာဆိုတော့ မိမိမမြင်ရတဲ့ဆော့ဖ်ဝဲဆို ရိုက်ထည့်ပြီး ရှာလို့ရနေတာဘဲလေ ဒီတော့ ဒီကောင်ကို
မသုံးရင် ဘယ်ဟာသုံးဦးမလဲ..။ ဖုန်းတစ်လုံးမှာ Play Store 1Mobile market တို့လိုအပ်သလို ဒီကွန်ပျူတာမှာ
လည်း ဒါဟာလိုအပ်တယ်လို့ ကိုမိုးကတော့မြင်တယ်ဗျ။ ကိုယ့်လူတို့တော့ မသိဘူးပေါ့လေ။ ဘယ်လောက်
ဝန်ဆောင်မှုကောင်းကောင်း အကြိုက်ချင်းတူမှ ကောင်းတာမဟုတ်လား။ အမှန်ပြောရရင်တော့ ကိုယ်လည်း
တစ်ကယ်ကြိုက်ပါတယ် အဟုတ်တစ်ကယ်ပါ။ ကဲကဲ ကြွားနေရတာနဲ့ အချိန်ကြာသွားတယ်။ ကိုယ့်ထုတ်ကုန်
တော့မဟုတ်ဘူး သို့သော်လည်း စိတ်ဝင်စားအောင် ပြောရသေးတာကိုးဗျာ။ တစ်ကယ်လည်း လိုအပ်လို့ ရေး
တာပါ။ အချိန်ကုန် ငွေကုန်ပြီး ပင်ပန်းသာဘဲ အဖတ်တင်တယ်ဆိုရင်လည်း မဟုတ်သေးဘူးလေ။ ဒါမျိုး PC Store ကတော့ နဲနဲရှားသေးတယ်လို့ ပြောမလား Softeware အနေနဲ့ ပြောတာပါ။ ဟိုအရင်က ကျုပ်တင်ပေးခဲ့
ဘူးတာ တစ်မျိုးတော့ ရှိတယ် သူက ဒါမျိုးတော့မဟုတ်ဘူး ရှာဖွေရေး အင်ဂျင်သဘောမျိုးပါ။ ကဲဒီလောက်ပါဘဲ

Friday, November 1, 2013

Premium Speed Dowload Website

ကဲဗျာ ဒီနေ့တော့ဖြင့် ဟိုတစ်လောက facebook FanPage မှာ မှတ်ထားတာလေး ပြန်ရှာပြီး တင်လိုက်တယ်။
အမှတ်တရလေးတွေပြောက်ပျက်သွားမှာစိုးလို့ပါ။ ဘယ်သူရှာဖွေထားတယ်ဆိုတာတော့ မမှတ်မိဘူးကွယ်။
ဒေါင်းလော့ချတဲဆိုက်လင့်တွေပါ။ ပရီမီယမ်ဒေါင်းလော့ Premium Speed နဲ့ ဒေါင်းနိုင်တယ်ဆိုဘဲ မိမိဒေါင်း
လော့ချတဲ့ဖိုင်က အင်တာနက်ဒေါင်းလော့မန်နေဂျာနဲ့ ဒေါင်းတာတောင်မှ လိုင်းကောင်းလျှက်နဲ့ နှေးနေလို့
ရှိရင် ဒေါင်းလော့ချနေတဲ့လင့်လေးကို ဒီအောက်က ဆိုက်တွေမှာ လင့်လေးထည့်ပြီး ဒေါင်းရင် ပိုမြန်တယ်
ဆိုဘဲ။ ကဲ မြန်လား မမြန်လားဆိုတာကတော့ မိမိတို့ သုံးနေတဲ့ အင်တာနက်လိုင်းပေါ်မှာ မူတည်ပါလိမ့်မယ်
အချစ်တော်ကြီး MPT က ကောင်းရင်တော့ ကောင်းမှာပါဘဲ...။
www.rapid8.com       OR     www.generatorlinkpremium.com      OR    www.gigaleecher.com
www.leechtube.com  OR     www.leechking.com                OR              www.hlusoe.info/hotfile
www.rapidrar.com     OR     www.premiumgenerator.eu     OR               www.rsplg.com
www.atayalay.info

Sunday, October 20, 2013

Google Play Store က Apk တွေကို ကွန်ပျူတာနှင့်ဒေါင်းဖို့ အကောင်းဆုံးလင့်လေး

Google Play Store က Apk တွေကို ကွန်ပျူတာနဲ့ ဒေါင်းလော့ချလို့ရတဲ့ ဆိုက်လင့်လေးကို IT Helper ဆိုက်
မှာတွေ့လို့ တစ်ကယ်ဒေါင်းစမ်းကြည့်တော့လည်း အဆင်ပြေတာကြောင့် ကြော်ငြာလေးဝင်လိုက်ပြီနော်။ တစ်ကယ်အဆင်ပြေပါတယ်။ နောက်ပိုင်းကျရင် ဒီထက်ကောင်းလာမယ်လို့ ကျုပ်ပြောခဲ့ဖူးပါတယ်။ ဒီထက်
ကောင်းဦးမှာပါ လိုချင်တဲ့ Apk ဖိုင်နာမည်သိဖို့က အဓိကပါ။ သို့မဟုတ် ရှာတတ်ဖို့အဓိကပါ။ ရှာတတ်ရင် ကိုယ်လိုချင်တဲ့ Apk ကို အင်တာနက်လည်းရှိမယ် လိုင်းလည်းကောင်းမယ်ဆို အချိန်မရွေး ဒေါင်းလော့ချပြီး
အသုံးပြုနိုင်နေပါပြီ။ ကဲ အသုံးပြုပုံလေးကတော့ https://play.google.com/store ကို ၀င်လိုက်ပါ ရချင်တာတွေ့ ရင် အပေါ်က https:// စတဲ့လင့်လေးကို ကူးပြီးတော့ http://apps.evozi.com/apk-downloader/ ဒီဆိုက်ကို
ဝင်ပါ။ Package name or Google Play URL ဆိုတဲ့နေရာမှာ ကူးထည့်လိုက်ပါ။ Dowload link လေးပေါ်လာ
မယ်။ Click Here to Download ဆိုတာလေး နှိပ်လိုက်ရင် ရပါပြီ။ အဆင်ပြေပါစေ..။ ပုံနှစ်ပုံနှင့် ရှင်းပြထား
တယ် မရှင်းသူများ ဆက်ကြည့်နိုင်တယ်...။
ဒီဒေါင်းလော့ချတဲ့ ဆိုက်လေးကတော့ မလေးရှားက ဆိုက်လေးဖြစ်ပါတယ်။ မလေးရှားက ပညာရှင်တွေ
ပြုလုပ်ထားတယ်ပေါ့။ အဲတော့ ဒို့တော့ ဘယ်သူဘဲလုပ်လုပ် အဆင်ပြေတာကို လိုချင်တာဆိုတော့
အဆင်ပြေရင် ပြီးတာဘဲ။ ကောင်းတာမှ ကြိုက်တာကိုး..။ ကဲ ဒို့တော့ တင်စရာလည်း ရှားတော့မယ်ပေါ့။
မိုဘိုင်း ဆော့ဖ်ဝဲတွေလည်း မိုလိုပေါက်နေတယ်။ ဒေါင်းစရာတွေကလည်း အလျှံပါယ်ဘဲ မြန်မာဆိုက်တွေ
တင် နဲတာမဟုတ်ဘူးနော်။ ကဲဘာပဲဆိုဆို ကွန်ပျူတာနဲ့ ဒေါင်းတာဆိုတော့ ပိုပြီးတော့ လျှင်မြန်တာပေါ့ဗျာ။
ရှာရတာလည်း လွယ်သွားပြီ ဒေါင်းဖို့လည်း လွယ်သွားတော့ အိုကေ စိုပြေပြီပေါ့ဗျာ။ ကဲ ကျုပ်လည်း မိုဘိုင်း
ဆိုက်လင့်လေးတွေ ညွန်ပြရတော့မှာဆိုတော့ ပိုပြီးတော့ သက်သာမှာပေါ့နော်...။ ကဲ အဆင်ပြေပါစေ...


Tuesday, September 24, 2013

ကိုယ်တင်ထားတဲ့ စာအုပ်များကို ကိုယ့်ဟာကို ကြော်ငြာခြင်း..

နာမည်ကတော့ အတော်ပေးတတ်တဲ့သူဗျာ။ Google မှာ ဘယ်လို ရှာရှာပေါ့ ညားသလို ရိုက်ရှာရင်လည်း
ပေါ်လာအောင်လို့ ဖြစ်သလို ရေးလိုက်တာ။ မှန်လည်း မှန်တာကိုးဗျ။ တစ်ကယ်တော့ ငမိုးလည်း နည်းပညာ
သမားမဟုတ်ပါဘူး ကြော်ငြာသမားသက်သက်ပါ။ ဘာကြောင့်လည်းဆိုတော့ ကျုပ်ကိုယ်တိုင် ဘာဆော့ဝဲမှ
မထုတ်လုပ်ဘူးလေ။ ဘယ် Software လေးကတော့ ဘယ်လို သုံးကောင်းတယ်ကွ ဘယ်လိုသုံးရတယ်ဆိုတာ
 လေး သိတာလေးပြောတာပါ။ Software ကို ကြော်ငြာသလို သုံးနည်းကို ကြော်ငြာတာဆိုလည်း ဟုတ်တာ
ဘဲလေ။ အဲဒါကြောင့် ကျုပ်က ကြော်ငြာသမားပါ.။ ဟာ ဒီနေ့တော့ ဘယ်ဆော့ဝဲလေး အသစ်ထပ်ထွက်လာ
ပြန်ပြီဆိုတာလည်း ကြော်ငြာပါဘဲ။ ဘာအခကြေးငွေမှ မရဘဲ ကြော်ငြာပေးတဲ့ ပရဟိတ ကြော်ငြာသမား
ဘ၀သမားလေးပါ။ ကဲ ကိုယ့်တင်ထားတဲ့ စာအုပ်တွေကတော့ သိတဲ့အတိုင်းဘဲ ရှိတာကို ပြစ်တင်ထားတာ
ဆိုတော့ အတော်စုံပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ ကိုယ်ရေးထားတဲ့ စာအုပ်တစ်ခုမှ မပါဘူးလေ။
မကောင်းဘူး ပြောရင် စော်ကားသလို ဖြစ်မယ် လူမုန်းများမယ်ပေါ့ဗျာ။ အဲတော့ ကိုယ်ကကြိုက်ရင် ကောင်း
တယ် မကြိုက်ရင် မကောင်းဘူး။ ဒါပါဘဲ..စာအုပ်တွေ မရှိသေးဘူးဆိုရင်တော့ ဒေါင်းထားကြပေါ့ဗျာ။ ကျုပ်
လည်း ကိုယ်ရတတ်သမျှ တစ်အုပ်ချင်း ဖားစုငါးစု လိုက်ရှာထားရ ဒေါင်းထားရတာလေးတွေပါ။ လွယ်လင့်
တစ်ကူလေးဆိုရင် ပိုကောင်းမယ် ထင်လို့ ကိုယ့်စိတ်ကူးနဲ့ကို တင်ထားတာပါ။ ဆိုက်ရဲ့ ညာဘက်ခြမ်း အပေါ်
မှာ Download ချလိုရင် လင့်လေးတွေ ချိတ်ထားပါတယ်နော်...။ ကဲ အဆင်ပြေကြပါစေ....


စာအုပ်များ ရှာဖွေရန် ကောင်းတဲ့ဆိုက်လေး scribd.com

မနေ့က လည်ပတ်ရင်းနဲ့ ဒီဆိုက်လေးမှာ စာအုပ်တွေ တင်ထားကြတာတွေ့တယ်လေ။ စာအုပ်လင့်လေးတွေ
က သေနေတာတွေ များနေတော့ ကိုယ်လည်း လိုက်ကလိကြည့်တာပေါ့။ ဒီဆိုက်က Search ဆောက်လေး
ထားတယ်လေ။ စာအုပ်တွေလည်း တင်လို့ရပါတယ် facebook အကောင့်နဲ့ ၀င်ပြီးတော့လည်း စာအုပ်တွေ
တင်နိုင်တယ်။ တင်စမ်းကြည့်တာတော့ လိုင်းမကောင်းလို့လားမသိ မမြန်ဘူး။ နှေးတယ် ဒါနဲ့ တစ်အုပ်မှ မတင်ခဲ့ပါဘူး။ သို့သော် စာရေးဆရာတွေရဲ့ စာအုပ်တွေ လိုက်ရှာကြည့်တော့ တွေ့တယ် ဒေါင်းလော့ချရတာ
လည်း အဆင်ပြေတယ်။ ဒါကြောင့် ကြော်ငြာဦးမှဘဲဆိုပြီး ချရေးလိုက်တာပါဘဲ။ အင်္ဂလိပ်စာအုပ်တွေလည်း
ရှိပါတယ်။ မရောက်ဖူးသေးရင် ရှာချင်ရင် တစ်ခါလောက်တော့ ရှာကြည့်ပေါ့ အတွေ့အကြုံရတာပေါ့ဗျာ။
သူများတွေ ဘယ်လိုလုပ်ကြတယ်ဆိုတာ အတုယူလို့ ရတာပေါ့ ဟုတ်ဘူးလား..။

Sunday, September 8, 2013

နည်းပညာ စာအုပ်များ ဥပဒေစာအုပ်များ ဖတ်လိုရင် ဒေါင်းလိုရင်

ကဲ ကျုပ်အနေနဲ့ ကျုပ်ဆိုက် ညာဖက်ခြမ်းလေးမှာ လင့်လေးထည့်ပေးထားပါတယ်။ သို့သော်လည်း အသိမပေး
ဖြစ်ပါဘူး။ ဒီနေ့တော့ အသိပေးလိုက်တယ်နော်။ အဲဒီမှာ စာအုပ်တွေဘဲ တင်မယ်လို့ စိတ်ကူးထားတယ် ရတတ်
သမျှလေးပေါ့ဗျာ။ လွယ်လင့်တစ်ကူ ဒေါင်းလော့ချနိုင်ဖို့အတွက်ပါ။ မိမိမှာ လိုအပ်နေတာလေးတွေကိုလည်း ယူ
သွားကြပေါ့။ ကျုပ်ကတော့ တစ်ခါတည်း တစ်ပါတည်း ရစေချင်လို့ တင်လိုက်တာဘဲ။ အဲတော့ ဘယ်သူ ဒေါင်း
လော့ချချ သဘောကျပါတယ်။ အသိပညာ အတတ်ပညာတွေ များများ ရဖို့ပါဘဲ ပညာပါရမီဖြည့်ရာများ ရောက်
လေမလားလို့ပေါ့ဗျာ။ ဥာဏ်ကသိပ်မကောင်းတော့ ဒါလေးတွေလည်း လုပ်ပေးရသေးတယ်ဗျ။ သို့မဟုတ်လျှင်
ဒီဘ၀မှာပင် ဥာဏ်မကောင်း နောက်ဘ၀လည်း မကောင်းဆိုရင် မဟုတ်သေးဘူးလေ။ အဲတော့ တတ်နိုင်သမျှ
လေး လုပ်ဖို့ အချိန်ရတုန်းလေ အခွင့်ပေးတုန်းလေး လုပ်ထားရတာပေါ့ဗျာ။ အခွင့်လည်း မပေးဘူး အချိန်လည်း
မပေးနိုင်တော့ဘူးဆိုရင် စိတ်ကူးထဲမှာဘဲ အိမ်ဆောက်သလို ဖြစ်နေမှာပေါ့။ ကျန်းမာရေးကောင်းဖို့ကလည်း အရေးကြီးတယ်နော်။ ကျန်းမာရေးလည်း ဂရုစိုက်ကြဦး မိုးတစ်ပြက်လေတစ်ပြက်နဲ့ ရာသီဥတု မကောင်းဘူးဗျာ။
ကဲအဆင်ပြေကြပါစေနော်..။ ငမိုးလည်း ကံကြမ္မာက ကိုယ့်ကိုမျှက်နှာသာပေးတုန်း လုပ်ရတာပါ။ မပေးတော့ဘူး
ဆိုရင်တော့ သိတဲ့အတိုင်းပါဘဲ။

Monday, July 22, 2013

pdf စာအုပ်တွေ များများ ရချင်ရင်..ကောင်းမွန်တဲ့ နေရာတစ်ခုကို ဖွင့်ပြခြင်း

ဟုတ်ကဲ့ ကျုပ်လည်း စာအုပ်တွေ ဟိုအကောင့်မှာတင်ထား ဒီအကောင့်မှာတင်ထားနဲ့ စာအုပ်လေးတွေ ချည်း တင်ထားတဲ့ လင့်လေးတစ်ခုကို ထုတ်ဖော်ပြသလိုက်ပါတယ်.။ ၀ါသနာပါရင်တော့ ရှိုးကြည့်ပေါ့..။ ခုတစ်လော ဘာတင်ရမှန်းတောင် မသိပါဘူးညယ်.။ Mobile Software ခေါ် apk တွေကလည်း 1Mobile မှာလည်း ဒေါင်း
လို့ ရနိုင်သလို Black Market မှာလည်း ဒေါင်းနိုင်တယ် တရုတ်ဆော့ဝဲလေးတွေမှာလည်း ဒေါင်းနိုင်တယ်..။ 
Google Play Store မှာလည်း အတော်များများ ဒေါင်းနိုင်ပြီဆိုတော့ကာ..သဘောကျတာ စိတ်ကြိုက်  ဖြစ်တာ
လေးတွေကလည်း မတွေ့ဖြစ်နေတယ် ဟတ်မထိဘူးပေါ့ကွယ်..။ လာလည်တဲ့အတွက် ကျေးဇူးပါ..။ အချိန်က
လည်း စကားပြောသလို ဟတ်ထိတာတွေလည်း ဖြစ်တဲ့အရာလေးတွေကို ရွေးတင်ဖို့စိတ်ကူးပေမယ့် ခုတစ်လော
တော့ ၀ါလည်း ၀င်တော့မှာဆိုတော့ စိတ်လေးငြိမ်းချမ်းအောင် တရားလေးတွေ ရှာတင်နေတယ်..။ တစ်ကယ်
တော့လည်း ကိုယ်လုပ်နေတဲ့ အရာက သိပ်ကြီး အကျိုးမများလောက်ပါဘူး.။ သို့သော် အစွဲအလန်းတစ်ခုလို ဖြစ်
နေပြီကွယ်..။ ဒါကြောင့်သာဘဲ ပို့စ်လေးတွေ တင်နေတာ ပျင်းတောင် ပျင်းလာပြီဗျာ.။ တစ်ကယ်.သတင်းတွေ
ကြည့်ရတာလည်း စိတ်မချမ်းသာစရာ အာရုံတွေ သိပ်များတယ်.ကျုပ်အနေနဲ့ တရားစာအုပ်တွေလည်း တင်ထား
ပါတယ်..။ ဒါလေးတွေ လိုအပ်ရင် ဒေါင်းကြပေါ့ဗျာ..။ 

Friday, July 19, 2013

မေးနေကျ မေးခွန်းများ အစီအစဉ်လေး. ( Credit MMUC )

မေးတတ်တဲ့ အရာလေးတွေပါ ဒီနေရာလေးက မူရင်းရေးသားကြတဲ့ MMUC အဖွဲ့သားများနေရာပေါ့ဗျာ.. ။  ဖေ့ဘုတ်မှာ ဒါလေးတွေ့လို့အကောင်းလေး ချည်း ကိုယ့်အတွက်တော့ စိတ်ကြိုက်လေးတွေ များနေလို့ ယူလာတာ တစ်ကယ်ကောင်းပါတယ် .။ တစ်ချို့ကမေးမယ် ဆိုတာချည်းဘဲ နဲနဲလောက် အားစိုက်ပြီး ရှာကြည့် မတွေ့မှ မေးပါ.။ အဲဒါအကောင်းဆုံးဘဲ ဒီနေရာမှာတော့
လူမေးများတာတွေကို ဖော်ပြထားတယ်..။
ဘာဖုန်းဝယ်ရင် ကောင်းမလဲ ? www.gsmarena.com မှာအရင်  လေ့လာကြည့် ပါ။ စုံတဲ့ဆိုင်သွားကြည့် ဈေးမေး အခြေအနေကြည့် စကားချိုချိုသာသာပြော ကလိကြည့် ဖုန်းလေးကိုင်ကြည့်လို့ ရင်ဘတ်နဲ့ ထိတာ ၀ယ်ပါ။

ဘယ်ဖုန်းလေးက ဘယ်ဈေးရှိလဲ??  ဒါကတော့ တကယ်ဝယ်မှာ သေချာရင် ပို့စ်တင်ပီး မေးပါ။ ဖြေပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီထဲက ပြောတဲ့ ဈေးတိုင်းလဲ အမှန်မရနိုင်ပါဘူး။မြို့တမြို့နဲ့ တမြို့က မတူလို့ပါ။ reference ပဲရနိုင်ပါတယ်။

root / jailbreak လုပ်ရင် ၀ရမ်တီ ပျက်နိုင်ပါသလား။ - ပျက်နိုင်မပျက်နိုင်သေချာမသိပေမယ့် ခုလောလောဆယ် popular ဖြစ်နေတဲ့ ဖုန်းအများစုက stock firmware ပြန်တင်ရင် root/jailbreak အစအနတောင် မတွေ့အောင်လုပ် လို့ရပါတယ်။ အဲ့တော့ စဉ်းစားကြည့်ပေါ့ဗျာ..။jailbreak လုပ်ထားရင်တော့ Apple Store က Warranty မပေးပါဘူးဒါပေမယ့် မပူပါနဲ့ Restore ပြန်လုပ်ပြီးသွားပါ Warranty ပေးပါတယ်


For Android
ဟိုဆော့ဝဲလ်လေး လိုချင်လို့ ဒီဆော့ဝဲလ်လေး လိုချင်လို့ 
www.apkmania.com www.apktop.com www.1mobile.com

For iOS - iTunes store /
appsnew/#.UOsl_Ylete4 / store.heaveniphone.com/home.html 

ရှာကြည့်ပါ။ မရှိမှ ဒီမှာလာမေးပါ။ သြော်မေ့လို့ တခုကျန်ခဲ့တာ www.google.com မှာလည်း ရှာကြည့် ပါ။ အဲ့ဆိုက်ဒ်လေး မဆိုးဘူးဗျ။ ကောင်းတယ် :Pမြန်မာဆော့ဝဲလ်တွေ ထဲ့ချင်တာ ပိုက်ဆံလဲ မပေးချင်လို့ အဲ့တာ cracked ထားတဲ့ apk / ipa လေး ရှယ်ယာပါဦး။ - ဒီထဲမှာ မြန်မာဆော့ဝဲလ် developer တွေ ရှိပါတယ် သူတို့ကို ရင်နာအောင် မလုပ်ပါနဲ့။

ဖုန်းဝယ်လာတာ Made in vietnam/ Made in China ပဲ ဖြစ်နေလို့။ ကျနော်က Made in Singapore ပဲလိုချင်တာ။ စင်္ကာပူမှာ ဘယ်brand ဖုန်းမှ စက်ရုံဆောက်ပီး မထုတ်ပါဘူး။

ကျနော့် ဖုန်းလေးေ၇ာင်းချင်လို့...။ - ဖုန်းအခြေအနေ၊ သုံးထားတာ ကြာမကြာ၊ ဖုန်းရဲ့ ဒဏ်ရာဒဏ်ချက် ဖြစ်နိုင် လျှင် ဓါတ်ပုံရိုက်ပီး .. အရောင်းနိုင်ဆုံး ဈေးကိုပြောပါ။ မဖြစ်နိုင်တဲ့ဈေးပြောရင် ဘယ်သူမှ စိတ်မ၀င်စားပါဘူး။

MyRingTune ဆားဗစ် ဖြုတ်ချင်လို့/ ထဲ့ချင်လို့ - GSM 0973174488, CDMA 0973174455 ဒီနံပါတ်တွေကိုဆက်လိုက်ပါ။

Prepaid စနစ်ပြောင်းချင်လို့ - 18812 ကို YES ဟု Message ပို့ပါ။
GSM ငွေဖြည့်ကဒ်ကို တခြားနံပါတ်ကို လွဲပေးချင်လို့ - *123*pincode*phone number# Call
ရွှေဈေး ငွေဈေ ဗေဒင် ဘောလုံးပွဲသတင်း တွေကို Message နဲ့ ပို့ပေးတဲ့ ဝန်ဆောင်မှု့ အကြောင်း အသေးစိတ်သိလိုပါက - 1876 ( Operator ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

 Android အတွက် နည်းလမ်းများ
မြန်မာဖောင့်ထဲ့ချင်လို့ - samsung android မှာ version 2.3.6 အထိ zawgyi one.apk ဆိုတာထဲ့၇င် မြင်ရမယ်။ ကျန်တဲ့ android ဘယ်ဖုန်းမဆို root မှ မြင်ရမယ်။  https://www.dropbox.com/s/lfq7ee1z4yapidt/Zawgyi_Onettf.apk ဒါလေးသွင်းပီး setting/display/fontstyle/choose zawgyi  ။ rootပီးသား မြန်မာဖောင့်မထဲ့ရသေးပါက>> https://www.facebook.com/groups/MyanmarMobileUsers/doc/396620623695644/

ကျနော်ပို့တဲ့  မြန်မာ မက်ဆေ့က တခြားမှာ ? တွေပဲပေါ်နေလို့- message/setting/input/automatic or unicode လို့ပြောင်းပါ

ကျနော့် android ဖုန်းမှာ မက်ဆေ့ မထွက်လို့- အလွယ်ဆုံးနည်းက nokia / sony ဖုန်း အဟောင်းတလုံးမှာ မထွက်တဲ့ sim card ထဲ့ပီး message center no +9595930003 or +9595930014 လို့ပြောင်းလိုက်ပါ

ဗားရှင်းမြှင့်ချင်လို့ - လုပ်ဖူးတဲ့အတွေ့အကြုံ၊ english စာအခြေခံနဲနဲ ရှိရင် google ပါ။ root မလုပ်ထားရင် OTA (over the air) နဲ့ Update လုပ်ပါ။ Root လုပ်ထားရင် tips -  samsung ဆို ODIN , Huawei ဆို dload , Sony ဆို Flashtools, HTC ဆို RUU ။ ဒေါင်းရမဲ့နေရာကို ဒီမှာစုပေးထားတယ် https://www.facebook.com/groups/MyanmarMobileUsers/doc/501881649836207/

အခုနောက်ဆုံးဗားရှင်း ၄.၂.x တွေမှာ USB Debugging ပျောက်နေလို့ - Build Number ကို သုံးချက်တို့လိုက်ပါ .. (မရရင် မရမချင်းတို့ပါ :P )

အင်တာနက် setting ဘယ်လို ထဲ့ရမလဲ -
For GSM- setting/wireless and network/more/APN/ option key > create new apn> name - mpt, APN - mptnet, Authentication type - PAP or CHAP. Save and Reboot ur phone.

For CDMA 800 -setting/wireless and network/more/APN/ option key > create new apn> Name - mpt / APN - #777 / Port - 8080 / Username - xxxx@c800.mm / password - ကြိုက်ရာ / Authentication Type - PAP or CHAP / APN typr - default / Ptompt password - #777


For C8812 - APN - wap / usernaame - aaaa@c800.mm / pwd - aaaaaa / prompt password = #777

၁၅၀၀ တန် MECTEL အင်တာနက် setting >> Name- ကြိုက်တာ / APN - #777 /        username - card / psw - card / authentication type - PAP or CHAP / Prompt psw - #777

ဆိုင်မှာ မြန်မာဖောင့်ထဲ့ထားတာ ခုကြည့်ကြည့်တော့ မမှန်လို့- version ကြည့်ပါ။ 4.0+ (ICS) ဆိုရင် ကျန်တဲ့နေရာမှန်ပေမယ့် Facebook နဲ့ အင်တာနက်ဖတ်ရင်ော x် တွေ လွဲပါမယ် ပုံမှန်ပါ။ (သတင်းကောင်းပါ facebook v.2 မှာ newsfeed မှာ မြန်မာဖောင့်မှန်ပါပီ) ။ 4.1 + (jelly bean) ဆိုရင် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်   မြန်မာဖောင့် (ော x်) လွဲနေပါမယ် ပုံမှန်ပါ။ ကိုင်တဲ့ဖုန်းက sony ericsson ဆိုရင်  -ျ တွေ အပေါ်တက်နေပါ လိမ့်မယ်။ ဒါဆိုရင် android 2.3.6 ဆိုရင် zawgyi installer သုံးပီး မြန်မာဖောင့်ထဲ့ရင် မှန်ပါမယ်။ android 4.0.4 တွေ ဆိုလျင့် ဒီလင့်ခ်မှာလေ့လာပါ   https://www.facebook.com/groups/MyanmarMobileUsers/doc/504237706267268/


ဖုန်းကို root လုပ်ချင်လို့ သူများလဲ ပိုက်ဆံမပေးချင်လို့ ၊ ကိုယ့်ဖုန်းကို ကိုယ့်ဟာကိုလုပ်ကြည့်ချင်လို့ ၊ ကိုယ့်ဟာကို လုပ်ကြည့်ချင်ရင် ကိုယ့်ဟာကို အရင် google ကြည့်ပါ မရလျှင် ဒီမှာလာမေးပါ။ အားတဲ့သူဝင်ဖြေပေးပါလိမ့်မယ်။

 ကျနော့် Huawei မှာ google applications တွေ ပါမလာလို့ Rroot လုပ်ရပါမယ် ။ ပီးတော့ cwm ထဲ့ပီး gapps ကို flash ရပါမယ်။ cwm ထဲ့မရတဲ့ huawei တွေဆိုရင်တော့ မရပါ ။ talk အစား ebuddy messenger, IM+pro သုံးပါ။

စက်ရုပ်ထဲကနေ google play store ၀င်မရလို့ ။ - ခရစ်စမတ်လက်ဆောင်နဲ့ တူပါရဲ့ Dec 25, 2012 မှာ ပလေးစတိုးက မြန်မာကို ၀င်ခွင့်ပေးလိုက်ပါပီတဲ့ မြန်မာကပိတ်ထားတဲ့ port ကို Proxydroid OR Droid VPN နဲ့ ကျော်နိုင်ရင် ရပါပီ....ဒီလင့်ခ်ကို သွားပါ>> https://www.facebook.com/groups/MyanmarMobileUsers/doc/503133706377668/    [ အခုတော့ ၀င်လို့ ရသွားပါပီ -droid  Device တော်တ်ာများများ အဆင်ပြေနေကြ ပါပြီ - ဒီစာလေးတော့ကို အမှတ်တရအနေ နဲ့ ဒီအတိုင်းထားစေချင်ပါတယ် :D ]

စက်ရုပ်မှာ Root မရလို့  မ Root ပဲ မြန်မာဖောင့် မြင်ချင်လို့  for browser - 1st myanmar browser. message -  SMS4MM. for contact and dialer - mmhubdialer, myandialer, mcontact (paid), chat - CHAT4MM

 ဖုန်းမပြောင်းခင် ဖုန်းနံပါတ်တွေ၊ ဒေတာတွေ backup လုပ်ထားချင်လို့
https://www.facebook.com/groups/MyanmarMobileUsers/doc/376252589065781/

HD Gameတွေကို စက်ရုပ်ပေါ်ကနေဆော့ချင်တယ်ဗျာ။ ဘယ်လိုထည့်ဆော့ရမှန်း မတိလို့ ကူညီဂျပါဗျို့။ စက်ရုပ်မှာ hd game တွေ ထဲ့တာ ရချင်ရမယ် မရချင် မရဘူး။ ဆိုတော့ ကိုယ့်ဖုန်း gpu ဘာလဲ ဆိုတာ အရင်လေ့လာပါ။ ဒေါင်းလုပ်ဆွဲရမဲ့ ဆိုက်ဒ်တွေမှာ apk+data file တွေနဲ့ တင်ပေးလေ့ရှိပါတယ်။ ဥပမာ note 2 ဆိုရင် Mali GPU ပါ။ for mali ဆိုတဲ့ data ဖိုင်လ်ကို ဆွဲရမှာပါ ရချင်ရမယ် မရချင်မရဘူး။ နောက်တခု ဒီမှာ သွားလေ့လာပါ ။ ဒီမှာကြည့်ပါ မိတ်ဆွေ ။ ။

ဖုန်း ဘက်ထရီ ကြာကြာမခံလို့..။ - သုံးတာ ကြာမကြာ အရင်ကိုယ့်ဟာကို ဆုံးဖြတ်ပါ။ battery calibration လုပ်သင့်လျှင် လုပ်ပါ။ နောက် လင့်ခ်ကိုသွားပီး နံပါတ်၃ ကိုဖတ်ပါ။ ဒီမှာ နှိပ်ပြီးကြည့်ပါ  ။။


ကျနော့်ဖုန်းကို ကွန်ပြူတာက မသိလို့/ ဆော့ဝဲလ်လဲ ဘယ်လိုသွင်းရမှန်းမသိလို့ for android -  for android 2.3.6> Setting/application/developemnt/usb debugging on ပါ။။ for android 4.0+> setting/developers option/usb debugging on ပါ။  >setting ထဲမှာ unknown ဆိုတာ ရှာပီး on ပါ။ www.wondershare.com ကိုသွားပီး PC Suite for android ကို ဒေါင်းရ်ျ ဆော့ဝဲလ်ထဲ့ပါ။

မြန်မာစာ KeyBoard Linkများ - https://www.dropbox.com/s/ffvp1j9zg0qlhk8/FrozenKeyboard%20Latest.apk - Frozen KeyBoard (Dev -Thiha Aye Kyaw)                              http://db.tt/fEYgTJBW - Myankey Keyboard = Dev - Thurein) http://db.tt/0BEuLnrQ - iTextmm2 Keyboard = credits to original developer :) ဒါကတော့ နောက်ဆုံးပေါ် ရေခဲတောင် စာရိုက်ခုံ ပရိုပါ :D ကျနော် တောမှာရောက်နေတုန်းက ၀.၄.၄ ကို ဒေါင်းချင်တာ ပလိုးစတေးက မတက်နိုင်တဲ့ အတွက် အခုမှ မီဒီယာမီးတောက်ကြီးများရဲ့ အရေးပါပုံကို နားလည်လာပါတယ် အဲ့တာကြောင့် ဒီမှာ မီးတောက်လင့်လေးတွေ ဗားရှင်းစုံရှဲပါတယ် :D မြို့ကြီးသားများ ပလိုးစတေးက ဒေါင်းကြပါညော် ။   ဒီမှာကြည့်ပါ  ။။။


Viber (Android) latest version ဘယ်မှာရနိုင်မလဲ - http://download.viber.com/viber.apk

Apple ->>> ပစ္စည်းများအတွက်

ios v6.0 + တွေ jailbreak ရပီလား။ - 6.1.2 ထိရပါပြီ......
all iPhone,iPod,iPad iOS 6.1.2 ထိ untethered JailBreak ရပါပြီ  JB Tools ကိုဒီမှာဒေါင်းပါ...
http://evasi0n.com

iOS 7 ကို Jailbreak ရပြီလား။ - iOS 7 တောင် beta မှာပဲရှိပါသေးတယ်။
Apple ID လေး အသစ် ဖွင့်ချင်လို့- ဒီလင့်ခ်မှာလေ့လာပါ ။ ဒီမှာနှိပ်ပြီးကြည့်ပါ  .။။။

အိုင်ဖုန်း အိုင်ပတ်တွေမှာ jailbreak မလုပ်ပဲ မြန်မာဖောင့် မြင်ချင်လို့...။ - ဖုန်းရဲ့ နေရာတကာမှာ မမြင်နိုင်ပါ။ for browser - Mogok Browser , for chat – myanchat, Facebook - Likebook, Message - Be Patient

အိုင်ဖုန်းတွေ ၁၉၉ ဒေါ်လာနဲ့ ရတာကို ဒီမှာ ရသိန်း ဂသိန်း ရောင်းပီး အမြတ်ကြီးစားနေတယ် ဘာလို့လဲ - ၁၉၉ ဒေါ်လာဆိုတာ သူတို့ Carrier နဲ့ တွဲရောင်းတဲ့ဖုန်းတွေပါ။ Official unlock ဆို မရပါဘူး။

အိုင်ဖုန်းမှာ Lock နဲ့ Unlock ဆိုတာ ဘာလည်းဗျ - လွယ်လွယ်ဖြေရ ရင်တော့ Unlock မှသာ ကြိုက်တဲ့ ဆင်းကဒ်နဲ့ (ဥပမာ MPT Sim Card) တွဲသုံးလို့ ရပါတယ်။ Lock ဆိုရင် သူတို့ တွဲရောင်းတဲ့ Carrier (eg : AT&T) နဲ့ ပဲ သုံးရမှာပါ။

ကျနော့် အိုင်ဖုန်း အိုင်ပတ် လေး ဆိုင်မှာဆော့ဝဲလ် ထဲ့လာတာ ခုဝင်မရတော့ဘူး - Apple ID ချိန်းသွားလို့ပါ။ အ၇င်ထဲ့ထားတဲ့ apple id ပြန်ထဲ့ပေးလိုက်ပါ။

iphone မှာ internet setting ထဲ့ချင်ရင် - Setting/General/Cellular/Cellular Data Network မှာ APN နေရာ သုံးခုလုံးမှာ mptnet လို့ရေးရ်ျ restart ချပါ။

ကျနော့် အိုင်ဖုန်းလေး မက်ဆေ့ခ်ျ အထွက်မရလို့    **5005*7672*+9595930003# Call and Reboot Your iphone

iphone မှာ Call Recorder ထဲ့ချင်လို့   4s နဲ့ 5 ပဲရမယ်... Audio Recorder ကို modmyi repo သို့မဟုတ်  http://limneos.net/repo/ မှာရှာပြီးဆွဲပါ...

iphone မှာ bluetooth ပို့ချင်လို့  Cydia မှာ AirBlue Sharing ဆိုတာရှိပါတယ်... Free မဟုတ်ပါ.. $5.49 ပေးရပါတယ်.. iOS 6 မှာသုံးလို့ရပါတယ်.....။ zapya ဆိုတဲ့ wifi sharing app ဆော့ဝဲလ်လေး store က ဒေါင်းပီးသုံးပါ။ ပိုတောင် မြန်ပါတယ်..။

ipadက ဖုန်းပြောလို့..ရလား..ခင်ဗျ - apple က ထုတ်တုန်းကတော့ ဖုန်းပြောလို.မရပါခင်ဗျ.... Gmate တို့ Apple Peel တို့နဲ့တော့ရတယ်ပြောတာပဲ... မစမ်းဖူးဘူး

ကျနော့် i Devices က ဘယ်ကလာလဲ ဘယ်ကထုတ်လဲ official lockလား unlock လား မသိလို့  ဒီဆိုက်ဒ်မှာ ရှာပါခင်ဗျာ http://iphonefrom.com/



Symbian OS (Nokia)>> ဆိုနီ သမားများအတွက်

Internet Setting - 
 http://ohnthar.blogspot.com/2013/07/gsm-wcdma-cdma-800-mhz-internet-apn.html
 
http://blog.myanmarmobileusers.com/2012/07/internet-for-nokia-symbion-os.html

Symbian တွေမှာ မြန်မာဖောင့်မြင်ချင်လို့
http://blog.myanmarmobileusers.com/2012/07/myanmar-font-for-opera-mobile-in-s60v5_09.html

Meego မှာ မြန်မာဖောင့်မြင်ချင်လို့ -
http://blog.myanmarmobileusers.com/2012/07/zawgyi-keyboard-font-dictionary-for.html

ဒီအမေးအဖြေတွေကလည်း ဆိုးရွားလိုက်တာ ဒါပေမယ့် ကျနော့်မှာ မေးစရာတစ်ခု ရှိနေသေးတယ် မေးလို့ ရမလား - အောက်မှာ ပို့စ်တင်ပီး မေးဖို့ဝန်မလေးပါနဲ့ ;)

ကဲ မိုးကောင်းကင် ဆိုသူကတော့ ကောင်းတာတွေကို ကူးလည်း ကူတတ်ပါပေတယ်နော်..သို့ သော် ကြည့်တဲ့
သူကတော့ အလွန်နဲပါတယ်..။ ဘာပဲ ပြောပြော အမှတ်တရလေးတွေပါဘဲကွယ်...
19.7.2013 အမှတ်တရ..။


မိုးကောင်းကင် အညာသား ခင်ဗျာ ကျွန်တော်တို့ဂရုမှာ ရေးထားတဲ့ FAQs တွေဟာ ဂရုမှ ဆရာ အကို ဦးလေး အကုန်လုံးရေးသားထားတာ ဖြစ်ပါတယ် .. ။ ကျွန်တော်တစ်ယောက်ထဲရေးထားတာမဟုတ်ပါဘူး ... ။ ဒါကြောင့် အကို့ ဘလော့မှာ ယူထားတဲ့ စာနေရာမှာ Credit နေရာမှာ ကျွန်တော့်ကို မပေးပါနဲ့ခင်ဗျာ ..။ MMUC လို့ပေးပေးပါခင်ဗျာ ..။ MMUC မှာ မန်ဘာအားလုံး ရေးထားတာဖြစ်ပါတယ် ..။ ကျေးဇူးတင်ပါတယ် ..။ :) :)
ကဲဗျာ ဒါလေးကတော့ ဒီနေ့မှ စိုင်းအာကာကနေပြီးတော့ သူ့နာမည် တစ်ခုတည်း မထည့်ပါနဲ့တဲ့ သူတို့
ရဲ့ ဂရုက ဆရာတွေ အားလုံး ညှိနှိုင်းရေးသားထားတာဆိုတော့ အဲဒါလေး ထည့်ပေးဖို့ ပြောတော့ 
ထည့်ပေးလိုက်ခြင်းပါဘဲဗျာ..။ မိုဘိုင်းဖုန်းနဲ့ ပါတ်သက်လို့ကတော့
ဒီ https://www.facebook.com/groups/MyanmarMobileUsers/  ဂရုကတော့ မသိတဲ့သူ
အတော်နဲမှာပါ သိပြီးသားသူတွေချည်းပါဘဲ.. အားလုံးအဆင်ပြေဖို့ပါ..အဆင်လည်း ပြေကြပါစေ.. 

Thursday, July 18, 2013

Computer Mobile Network စသဖြင့် နည်းပညာ စာအုပ်များ စုစည်းခြင်း

ကဲဗျာ တင်စရာကလည်း ရှိတာလေးဘဲ အမျိုးမျိုး တင်ပေးလိုက်တယ်.။ ထမင်းလိုပေါ့ဗျာ ပေါင်းစားချက်စားကြော်
စားသလိုပေါ့ ခုလည်း Mediafire မှာ စာအုပ်တွေချည်း ပစ်တင်လိုက်တယ်ဗျာ.။ ခုလောလောဆယ်တော့ စာအုပ်
ပေါင်း နှစ်ရာကျော် တင်ထားတယ်.။ ဖွင့်ရတာ နဲနဲလေးမှာ စိုးလို့ Floder နှစ်ခုဆောက်ပြီး ထည့်လိုက်တယ်.။ တစ်
ခုကို စာအုပ် 100 ကျော်ပေါ့ဗျာ.။ ကဲနောက်ပိုင်းမှာ ရလာတာလေးတွေကိုလည်း ဖြည့်တင်သွားမှာပါ အားရင်အား
သလိုပေါ့ဗျာ.။ ဒီတော့ ဒီဆိုက်လေးကို ရောက်လာကြတဲ့ မိတ်ဆွေများအနေနဲ့ လင့်လေးကို မှတ်သားထားလိုရင်
လည်း မှတ်ထားပေါ့ မမှတ်ထားလိုရင်လည်း ကျုပ်ဆိုက်မပျက်သေးသမျှ ရှာလို့ရတာဘဲ မြင်အောင်လည်း လင့်
လေးတွေ ချိတ်ပေးသွားမှာပါ.။ Mediafire မှာတင်တယ်ဆိုတာက ကောင်းမယ်ထင်လို့ပါ သူကလည်း ဆော့ဝဲတင်
ရင် ဖျက်ပစ်တာကြောင့် မတင်တာပါ .ခုတော့ ကျုပ်မဟုတ်တာလေးတွေ တင်ထားတဲ့ စာအုပ်လေးတွေကို မဖျက်
သေးဘူးနဲ့ တူတယ် ကျုပ်လည်း ၀င်မကြည့်တာ တစ်လကျော်ပြီလေ.။ အဲဒီတော့ စာအုပ်တင်ရင်တော့ မဖျက်
လောက်ဘူး ထင်လို့ တင်လိုက်တယ်။ ဒီလင့်လေးတွေမှာ ကိုယ်လိုချင်တာလေးတွေကို ရှာကြည့်ပေါ့ မရှိရင်လည်း
ရချင်တာလေးတွေ ပြောပေါ့ ရှိတာဆို တင်ပေးမယ် မရှိရင်လည်း ရှာကြည့်မယ် ရရင်တင်မယ် မရရင်တော့ မတင်ဘူးပေါ့.။

Tuesday, July 16, 2013

ဆဋ္ဌမ သင်္ဂါယနာတင် အမေးအဖြေများ MP3 အသံဖိုင်းများဖြစ်ပါတယ်.

ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ ကျွန်ဘ၀ နှစ်(၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော် ကို စောင့်ရှောက်ခဲ့ရသည်။ http://www.dhammaransi.com/ မှ ကူးယူဖော်ပြထားသည်.။



ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း(၂၅၀၀)တွင် ထေရ၀ါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ သီရိလင်္ကာ နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါဝင်သော သံဃာထု၊ ဖဆပလ ဦးနုအစိုးရ ဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင်ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့် ရှင်းတည်တံ့ ပြန့် ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
ဆဌမသင်္ဂါယနာတင်ပွဲကြီးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးနှင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေကြားတော်မူသော ဆဌမသင်္ဂါယနာတင် အမေးအဖြေများကို အထူးစုစည်းကာတင်ဆက်ထားပါသည်။ ဆဌမသင်္ဂါယနာတင် တရားတော်များကို ရိုသေစွာတရားနာယူခြင်းဖြင့် ကြည်ညိုသဒ္ဒါပွားနိုင်ကြပါစေ။
၁. စူဠကမ္မ၀ိဘင်္ဂသုတ္တန်
၂. ရှင်သာမဏေကျော် လေးပါးတရား
၃. မယ်ယှက၀တ္ထု
၎. သုဝဏ္ဏမိဂ ရွှေသမင်ဝတ္ထု
၅. ကံဏှဒီပ၀တ္ထု
၆. နကုလပီသုသုတ် / ယမတသုတ်
၇. တေသတုဏဇာတ် (ပထမပိုင်း)
၈. တေသတုဏဇာတ် (ဒုတိယပိုင်း)
၉. စူဠသုဘဒ္ဒါ-ရဟန်းငါးပါး စောရ၀တ္ထု
၁၀. ရေ၀တသာမဏေတရား
၁၁. ကုဏ္ဍကကုစ္ဆိသိန္ဓ၀သုတ်
၁၂. ပါရရာသိသုတ်
၁၃. ဥဒယသုတ်မှ ကတိဘာရဒွါဇသုတ်
၁၄. အာဇိဝက-ဥပါလီ
၁၅. မဟာသတိပဋ္ဌာနမှ ခန္ဒုပမသုတ်
၁၆. မူလပရိယာယ၀တ္ထု
၁၇. ရာဓမထေရ် အဿဇိပုနဗ္ဗသုတ ရဟန်းငါးရာ လက္ခဏာရေးသုံးပါး
၁၈. စေတိယဇာတ်
၁၉. ကန္ဒရကသုတ် / ပေါတတိယသုတ်
၂၀. ပုပ္ပသုတ်မှ ဂီလာနသုတ်
၂၁. မရဒွါဇသုတ်
၂၂. ကောသမ္ဘီပါသီတိဿ သာမဏေပဉ္စဥပါသကာဝတ္ထု
၂၃. မိလက္ခသုတ်မှ မရဏသတိသုတ်
၂၄. ၀ိသာခါဏ ပါသိကာဝတ္ထု
၂၅. မိဠတသုတ်တော်- အဠိကသုတ်
၂၆. ကုလမကသုတ် / သဒ္ဓမ္မပဋိရူပကသုတ်
၂၇. စူဠတဏှာ သင်္ခယသုတ / မာရကစ္စဏီသသုတ်
၂၈. ကကစူပမသုတ် / နိဝါပသုတ်
၂၉. ခေါမဒုတသုတ်
၃၀. အဗျာကတသုတ်
၃၁. ၀ဂ္ဂိလသုတ်
၃၂. သုမနသုတ္တန်
၃၃. မလ္လိကာဝိမုတ္တိ ရတနာ့သုတ်
၃၄. အနိစ္စသုတ်မှ သမ္မာဒိဋ္ဌိသုတ်
၃၅. မဟာသိဟနခံသုတ်
၃၆. မဟာပဒါနသုတ် / မဟာပရိနိဗ္ဗာနသုတ်
၃၇. မဟာသိဂီတိသုတ်
၃၈. မဘရကုမာရသုတ်
၃၉. ဂါရ၀သုတ် / ဘာရဒွါဇသုတ်
၄၀. ခန္ဓာယမိုက်သုတ်
၄၁. ပိဏ္ဍသုတ်
၄၂. ဒုတိယပတ္တသုတ် /  ဒီဂါရသုတ်
၄၃. ဗာလာပဏ္ဍိတသုတ် / ဒါရုက္ခန္ဓောပမသုတ်
၄၄. ဓါတုဝိဘင်္ဂသုတ်
၄၅. အာဠာဝကသုတ် / သုပ္ပဗုဒ္ဓသုတ်
၄၆. အမ္ဗဋသုတ်မှ ရာဟုလာသံယုတ်သုတ်
၄၇. ယမကသုတ် / မဟာစုန္ဒသုတ်
၄၈. ဓမ္မသင်္ဂဏီသုတ်
၄၉. ဘိက္ခုနီဝိဘင်း
၅၀. မဟာသတိပဋ္ဌာနသုတ် / ပါရာသိရာဇသုတ်
၅၁. အတ္တိပဒေါပမသုတ် / ဒါရုက္ခန္ဓောပမသုတ်
၅၂. စူဠသစ္စကသုတ် / မဟာသစ္စကသုတ်
၅၃. စကီသုတ်
၅၄. ယမိုက်ပါဠိတော်
၅၅. မဟာပရိနိဗ္ဗာနသုတ် / မဟာပဒေသလေးပါး
၅၆. မဟာဓမ္မပါလဇာတ်
၅၇. သောနကဇာတ် (ပထမပိုင်း)
၅၈. သောနကဇာတ် (ဒုတိယပိုင်း)
၅၉. မဟာသီဟနာဒသုတ်
၆၀. အာနန္ဒသေဠိ / ပဉ္စဥပဿတာဝတ္ထု- လယ်သမားဝတ္ထု
၆၁. ၀ိသာခါဝတ္ထု သမ္မဟုသိလာဒိဘိက္ခု ၀တ္ထုများ
၆၂. ကုလူပကသဒ္ဓမ္မ ပဋိရူပကသုတ်
၆၃. မဟာသီဟနာဒသုတ် /  တတိယဘဒ္ဒိယသုတ် (မလ္လိကာဒေ၀ီ ပရိတ်များ)
၆၄. ရဟန်းငါးရာ ၀တ္ထု /  ပတိပူဇိကာဝတ္ထု- ထင်းခုတ်သမားဝတ္ထု
၆၅. ဓမ္မဿဝန၀တ္ထု / တိဿသာမဏေပဉ္စဥပဿကာဝတ္ထု
၆၆. ဒုက္ကဋ်အာပါတ်ဝိနည်း (ဆံပင်)
၆၇. နိသိဂ္ဂိဝိနည်းတော်
၆၈. ယမကသုတ် /  ရှင်နာဂီယသုတ် /  ဣနသုတ် /  မဟာစုန္ဒသုတ် / ဖော်သဠိယသုတ် / စူဠမာလုကျသုတ် ပရိတ်များ
၆၉. ခေါမဒုဿသုတ် / ၀ဂီသုတ်(အကျဉ်း) / အနန္ဒသုတ် / ဣန္ဓကသုတ် ပရိတ်များ
၇၀. ဧကပုတ္တသုတ္တန် / ဧကသီသုသုတ် / ရာဟုလာသုတ် / အတ္တိသုတ် / ကုဠူပကသုတ် /  ဩ၀ါဒသုတ် ပရိတ်များ
၇၁. ပါတရာသိ(၀ါ) အရိယာပရိယသန စူဠအတ္တိကသောပမာသုတ္တန်
၇၂. တတိယ ဩ၀ါဒသုတ် / ဘဒ္ဒမပတိရူပကသုတ် / မောလိင်္ကာ ဖဂ္ဂုဏရဟန်း အနုဂတူပဟသုတ်
၇၃. ၀က်မလေးဝတ္ထုနှင့် အညတရပုရိသ ၀တ္ထု
၇၄. နကုလပီတုသုတ် /  အနိစ္စလက္ခဏသုတ် / အာနိသုတ် / န၀သုတ် မိဠကသုတ် ပရိတ်များ
၇၅. ရဠ၀ီနိတ္တသုတ် / နိဝါပသုတ် / ဂန္ဒရထပုဂ္ဂလစတုတ္တုသုတ် / အဋ္ဌကနဂရသေက္ခသုတ ပရိတ်များ

အားလုံးသော တရားချစ်ခင် စိတ်ကောင်းဝင်ကုန်သော မိတ်ဆွေများ ဘာသာရေး အသိတရားများ ကောင်းသော
မြတ်ဗုဒ္ဓသာသနာနှင့် တွေ့တုန်းကြုံတုန်း လူဖြစ်မရှုံးရအောင် မိမိကိုယ်ကိုမိမိ ထိန်းသိမ်းစောင့်ရှောက်ကာ အပါယ်
မကျဘဲ နိဗ္ဗာန်ကို မရောက်နိုင်တောင်မှ အပါယ်မှ ကင်းလွတ်နိုင်တဲ့ သူများဖြစ်အောင် ကြိုးစားနိုင်တဲ့ ယောက်ျား
ကောင်း ယောက်ျားမြတ် မိန်းမကောင်း မိန်းမမြတ်များ ဖြစ်နိုင်ကြပါစေ....လို့ ဆုတောင်းလျှက်...

ခုတစ်ရက်နှစ်ရက်အတွင် ဖုန်းနှင့် ကွန်ပျူတာ အင်တာနက်ချိတ်ဆက်ရာတွင် No internet Access ဖြစ်နေသော
ကြောင့် ပို့စ်များမတင်နိုင်ပါ ဒါကြောင့် ငွေကုန်ကျမှု နည်းသွား၏ ။ အလိုဘဲပြောရတော့မှာပေါ့ ကောင်းတဲ့ဘက်က
ကြည့်ပြောတာလေ..အားလုံး အဆင်ပြေကြပါစေ...

Saturday, July 13, 2013

Google Drive မှာ Floder အလိုက် တင်ထားတဲ့ စာအုပ်တွေကို Floder အလိုက် မိမိတို့ရဲ့ Google Drive သို့ ဒေါင်းထားမယ့် ( အကောင်းဆုံးနည်း )

ကဲ အကောင်းဆုံးနည်းလေးတစ်ခုပေးမယ်ဗျာ.။ ဘာလဲဆိုတော့ ဥပမာအားဖြင့် ကျုပ်အနေနဲ့ Google Drive မှာ တင်ထားတဲ့ စာအုပ်တွေကို Floder အလိုက် လင့်တွေ ထည့်ပေးထားတယ် အဲဒီ Floder အလိုက်စာအုပ်အားလုံး
ကို ဒေါင်းလို့ရတယ်နော်.။ မိမိတို့မှာ Gmail အကောင့်ရှိတယ်.။ Gmail အကောင့်ရှိသူတိုင်းလည်း Google Drive ကို သုံးပိုင်ခွင့်ရှိတယ် ကိုယ်တင်ချင်တာတွေလည်း တင်လို့ရတယ်.။ ခုဒီနေရာမှာ ကျုပ်တင်ထားတာတွေကို ဒေါင်း နည်းလေးပြောမယ်.။ ဒီနေရာမှာ Chrome Browser နဲ့ဒေါင်းပြပါ့မယ် ပထမဆုံး မိမိရဲ့ Gmail အကောင့်ကိုဝင်ပါ.။
ဝင်ပြီးရင်တော့ ကျုပ်ဆိုက်ညာဖက်ခြမ်းမှာ ရှိတဲ့ နည်းပညာဆိုင်ရာ စာအုပ်များ ဗဟုသုတစာအုပ်များ လယ်တီ ဒီပ
နီကျမ်းများနှင့် ပိဋကသုံးပုံဆိုတဲ့ လင့်လေးတွေရှိတယ်.။ အဲဒီထဲကမှ ဗဟုသုတစာအုပ်များဆိုတဲ့ လင့်လေးကို
ကလစ်လိုက်မယ်.။ ကလစ်လိုက်ရင် ကျုပ်တင်ထားတဲ့ စာအုပ်တွေကို တွေ့ရမယ်ပေါ့ဗျာ အဲဒီစာအုပ်အကုန်လုံးကို
ကိုယ် Google Drive ထဲမှာ သိမ်းထားချင်တယ် ဒေါင်းထားမယ် အလိုရှိတဲ့အခါ သုံးချင်တယ်ပေါ့.။ အဲလိုဆိုရင်
တော့ ညာဘက်ခြမ်း အပေါ်က ပုံမှာ မြှားပြထားတဲ့ Add to Drive ဆိုတာလေးကို နှိပ်လိုက်ရင် မိမိတို့ရဲ့ Google Drive ထဲကို ရောက်ရှိသွားမှာဖြစ်ပါတယ်..။ ပုံများနှင့် အောက်မှာ ရှင်းပြထားတယ် ရှိုးကြည့်ပါ...


မယုံရင်တော့ New Tab ခေါ်လိုက်ပါ ပေါ်လာတဲ့ Google Drive ကိုနှိပ်ပါ အဲဒီမှာ ကျုပ်ဆီကဒေါင်းလိုက်တဲ့ ရှယ်ယာ
ယူလိုက်တဲ့ ဖိုင်လေးရောက်နေတာကို တွေ့ရပါလိမ့်မယ်.။ Gmail အကောင့် ၀င်ထားဖို့တော့ လိုပါလိမ့်မယ် မ၀င်
ထားရင်တော့ ရှိမည်မဟုတ်ပါ..။ ဒီနည်းနဲ့ Firefox မှာလည်း ဒေါင်းလော့ချနိုင်ပါတယ်.။ ခုနက Chrome နဲ့ဒေါင်း
သလိုပါဘဲ ဒါပေမယ့် www.google.com ကိုဝင်ဖို့တော့ လိုမယ်ပေါ့. ၀င်ပြီးရင် Myanmar ဆိုတဲ့နေရာမှာ English
ကိုပြောင်းပါ.။ အပေါ်ဘားမှာ Drive ဆိုတာတွေ့မယ်  Gmail အကောင့်နဲ့ ၀င်ပါ.။ ၀င်ပြီးရင်တော့ ကျန်တာအားလုံး
တူနေပါပြီ..။

ဒီနည်းလိုဘဲ dropbox.com မှာ Floder အလိုက် ရှယ်ယာပေးထားရင် မိမိရဲ့ dropbox ကို ဒေါင်းလော့ချလို့ရပါ
တယ်နော်.။ သူများက Floder အလိုက် ရှယ်ယာပေးထားရင် မိမိရဲ့ dropbox အကောင့်ကို ၀င်ပါ ပြီးရင် ခုနသူများ
ရှယ်ယာပေးထားတာကို  မိမိရဲ့ dropbox အကောင့်ထဲကို ဒေါင်းလို့ရပါပြီ.။ ဒေါင်းရမှာကတော့ အပေါ်က ညာဘက်
ခြမ်းလေးမှာ ရှိပါတယ်.Add to My drobox ဆိုရင်တော့ ဒေါင်းလော့ချနေပါလိမ့်မယ် မကြာပါဘူး စက္ကန့်သုံးဆယ်
လောက် အဲဒီလောက်တောင် မရှိပါဘူး ခဏလေးအတွင်းမှာ သူများတင်ထားတာ အာလုံးကို ကိုယ့် Dropbox ကို
ရောက်အောင် ဒေါင်းနိုင်ပါတယ်.။ ကဲဒီလိုဆိုရင် မိမိမှာ Dropbox အကောင့်ရှိဖို့ လိုနေပြီနော် ဒါကြောင့် Dropbox
အကောင့်လေးတစ်ခုတော့ လျှောက်ထားကြပေါ့ ဒါဆိုရင် မိမိတို့ဖုန်းထဲမှာ  Dropbox ဆော့ဝဲလေးထည့်ပြီး အကောင့်လေး ၀င်ထား သူများတင်ထားတာလေးတွေကို ရှယ်ယာဒေါင်းလော့ချနည်းနဲ့ ဒေါင်းထားမယ်ဆိုရင်
လင့်မှတ်ရတဲ့ ဒုက္ခက ကင်းဝေးပါလိမ့်မယ် မိမိအလိုရှိတဲ့အခါလည်း အင်တာနက်လေးဖွင့်ပြီး ကိုယ့် Dropbox မှာ
ပြန်ဒေါင်းလို့ ရတာပေါ့ဗျာ...။

ကဲကဲ အားလုံး အဆင်ပြေကြပါစေနော်..ဓါတ်ပုံလေးတွေကို ကြည့်လုပ်ရှားကြပေါ့ကွယ်...။
နည်းပညာစာအုပ်များ လင့်ကတော့ အမှားတက်ပါတယ်နော် ကိုယ်တိုင်လုပ်ကြည့်တာ အဆင်မပြေဘူးဗျာ အဲဒါ
တော့ ခွင့်လွတ်ကြပါ ဒေါင်းတဲ့သူများလို့လား ဘာကြောင့်လည်း မပြောတတ်ဘူးဗျာ. ဗဟုသုတ စာအုပ်နှင့် လယ်တီး ဒီပနီ အဲဒီနှစ်လင့်ကတော့ ရပါတယ်..လင့်လေးတွေလည်း ထည့်ပေးလိုက်မယ်..။

နည်းပညာ စာအုပ်များ ဒေါင်းရန်လင့်

ဗဟုသုတ စာအုပ်များ ဒေါင်းရန်လင့်

လယ်တီဒီပနီနှင့် ပိဋကသုံးပုံလင့်

ပထမဆုံး မိမိ Gmail account ကို ၀င်ပါ သို့မဟုတ် Google Drive ကို ၀င်ပါ..။
 ကိုယ်ဒေါင်းထားချင်တဲ့ လင့်လေးကို နှိပ်မယ်
 ဒီအောက်က ပုံကတော့ ဒေါင်းလော့ချပုံပေါ့ကွယ်.မြှားပြထားတဲ့ နေရာလေးကို နှိပ်ပါ..Add to Drive ပေါ့
 ကဲ ဒီပုံလေးကတော့ မိမိ Google Drive ကို ရောက်ရှိလာပုံလေးဘဲ ဖြစ်ပါတယ်နော်...။




ကဲ အားလုံးဘဲ နည်းပညာ ဗဟုသုတ တိုးပွါးပြီး အမျိုးဘာသာ သာသနာကို ချစ်ခင်မြတ်နိုးသော ယောက်ျား
ကောင်း ယောကျာ်းမြတ် မိန်းမကောင်း မိန်းမမြတ်များဖြစ်အောင် ကြိုးစားနိုင်တဲ့ ပုဂ္ဂိုလ်များ ဖြစ်နိုင်ကြပါစေလို့
ဆုတောင်းရင်းဖြင့်...13.7.2013 အမှတ်တရလေးပေါ့ကွယ်...

Thursday, July 11, 2013

နည်းပညာကို အရူးအမူး လိုက်စားကြတဲ့သူများအတွက် ဆိုက်ကောင်းလေးတစ်ခု..

ကဲနည်းပညာကို ရူးသွပ်စွာဖြင့် လိုက်စားနေကြတဲ့သူတွေအတွက် ဆိုက်ကောင်းလေးတစ်ခုကို ညွန်ပြပေးချင်ပါ
တယ်ဗျာ.။ ရှက်ရှက်နဲ့ ကိုယ့်ဆိုက်ကို ပြန်ကြော်ငြာလိုက်ဦးမယ်.။ ဘာလဲဆိုတော့ ကျုပ်ကတော့ ခုနောက်ပိုင်း သိပ်
ကြီး ဦးနှောက်က မှတ်ဥာဏ်သိပ်မကောင်းတော့ဘူး အဲဒီတော့ နည်းပညာဆိုက်တွေကို စုစည်းရှာဖွေထားရတော့
တာပေါ့ဗျာ.။ ဒီနေ့မှာ ဘယ်ဆိုက်ကဘာတင်တယ်ဆိုတာလေးကို ဒီနေရာလေးကနေ ရှိုးကြည့်လို့ရတာပေါ့ဗျာ.။ အဲဒီတော့ ဆိုက်လိပ်စာ မှတ်ရတာပျင်းသူတွေအတွက်လည်း အဆင်ပြေအောင် နောက်ပြီးလွယ်ကူစွာကူးသန်း
သွားလာနိုင်ဆိုတဲ့ သဘောနဲ့ ကျုပ်ကိုယ်တိုင်ဘဲ ပြုလုပ်ထားတာပါ.။ ခုမှ လုပ်တာမဟုတ်ပါဘူး လွန်ခဲ့တဲ့ 2012 က
တည်းကပေါ့.။ ဒါလေးကို စိတ်ကူးရပြီး ဒါလေးတော့ လုပ်ထားသင့်တယ်လို့ ထင်လို့ လုပ်ထားတာပါ.။ ကဲဗျာ ဒီဆိုက်လေးကို မိမိတို့ရဲ့ ဆိုက်မှာ ထည့်သွင်းထားလိုရင်လည်း ထည့်သွင်းနိုင်ပါတယ်.။ ကျုပ်အနေနဲ့ မြန်မာ့နည်း
ပညာဆိုက်အတော်များများကို ထည့်သွင်းပေးထားပါတယ်.။ နည်းပညာဆိုက်မဟုတ်တာတွေကိုတော့ ချန်လှပ်
ထားတယ်ပေါ့ဗျာ.သို့သော်လည်း အနဲအကျဉ်းတော့ ထည့်သွင်းထားပါတယ်..။ မိမိတို့ရဲ့ နည်းပညာဆိုက်လေးကို
ထည့်သွင်းချင်တယ်ဆိုရင်လည်း Cbox မှာရေးခဲ့ကြဖို့ တစ်ပါတည်း မှာကြားလိုပါတယ်.။ ကျုပ်အနေနဲ့ကတော့
အတော်လေးကို သဘောကျတယ်ဗျာ အကြိုက်ခြင်းတူလျှင်တော့..လှမ်းလာခဲ့ပါ လိပ်စာကတော့ 
hlamin.blogspot.com ပါ.။ ကျုပ်ကလည်း နာမည်က အပေါစားဗျ ရုပ်တာမလှတယ် နာမည်ကတော့ အလန်းတွေ
ချည်းဘဲ နာမည်ပေးစားမှနဲ့တူတယ် ကဲဒါပါဘဲဗျာ.။ လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်နော်..။

Wednesday, July 10, 2013

Root လုပ်နည်းများနှင့် ဖုန်းနည်းပညာများစုစည်းမှုလေးပါ

ကဲဗျာ ကျုပ်အနေနဲ့ ကြော်ငြာလေးတစ်ခု ပြုလုပ်လိုက်ပါတယ်.။ ချစ်ခင်လေးစားအပ်ပါသော မိတ်ဆွေကြီး Mutual Friend (ပြည်) တင်ထားတာလေးကို ဒီနေရာကနေ ကြည့်နိုင်ဘို့ပါ.။ ဘယ်လိုဖုန်းတွေကို ဘယ်လို Root လုပ်ရ
မယ်ဆိုတာ ကျုပ်ထက်အများကြီး သိတဲ့သူပါ ကျုပ်ကတော့ Root ကလည်း ကိုယ့်ဖုန်းနဲ့ကိုဘဲ တစ်ခါလေးလုပ်ဖူး
တာပါ.။ အဲဒီတော့ လုပ်တတ်သူများရဲ့ လင့်လေးကိုဘဲ ကူးယူရတော့တာပါဘဲဗျာ.။ Root လုပ်နည်းများကို နောက်
ပိုင်းမှာ လင့်တွေ စုပါဦးမယ် ခုတော့ ဒါလေးနဲ့ ကျေနပ်ကြပါဦးနော်...။ 
ANDROID ROOT လုပ်နည်းများ ကြည့်ရန်  ဒီနေရာကို သွားလိုက်ပါနော်...
MOBILE PHONE နည်ပညာများ အပြည့်အစုံ ကြည့်ရန် ဒီနေရာလေးကို သွားကြည့်လိုက်ပါ..ကွယ်...။
ANDROID ဖုန်း နည်းလမ်းများကိုတော့ ဒီနေရာမှာ ကြည့်ပါနော်..။ ကဲ ကြော်ငြာကတော့ ဒီလောက်ပါဘဲဗျာ..။ 

Wednesday, June 26, 2013

Android ဖုန်းများအတွက် နောက်ဆုံးပေါ် Driver အချို့စုစည်းမှု Android USB Drivers for Windows / Mac / Linux OS




မိတ်ဆွေများအတွက် Android နဲ့ PC ချိတ်ဆက်ဖို့ နောက်ဆုံးထွက် Official Driver တွေကို တင်ပေးလိုက်ပါ တယ်..  Windows , Mac , Linux OS တွေအတွက်ဖြစ်ပါတယ်.. Latest Official Driver ဖြစ်တာကြောင့် အရင်က မသိတဲ့ Driver တွေကိုလည်း ဒီမှာ အဆင်ပြေစေမှာပါ.. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပြီး လက်တည့် စမ်းနေသူများ၊ လေ့လာနေသူများ၊ Service သမားများ အဆင်ပြေစေမှာဖြစ်ပါတယ်..
Google Nexus   SAMSUNG  HTC  HUAWEI   LG  ASUS  NEXUS 7  PC Companion
http://www.mmithelper.com  မှ ကူးယူဖော်ပြထားတယ်..။ တစ်ဖြေးဖြေးနဲ့ ပြည့်စုံလာအောင်ပေါ့ဗျာ.။
 

Saturday, June 22, 2013

စာအုပ်ပေါင်းများစွာ ဒေါင်းလိုသူများအတွက်

ကဲဒီနေ့တော့ (နည်းပညာ ရပ်ဝန်းစုံ) ရဲ့ ရှာဖွေအားထုတ်ထားမှုလေးကို တင်ပေးလိုက်ပါတယ်ဗျာ.။ ဒီလင့်လေး
မသေခင် ဒေါင်းလို့ရတုန်းလေး ဒေါင်းလော့ချထားလို့ရအောင် လင့်လေးတွေယူလာတယ်ဗျာ.။ ကျုပ်ကလည်း စာအုပ်တွေ သိပ်မဖတ်ပေမယ့် စာပေချစ်သူများအတွက်ပေါ့ဗျာ.။ ကိုယ့်အတွက်လည်း မှတ်စုသဘောလေးဖြစ်
အောင်ပေါ့.။ စုထားတယ် တစ်ချို့ကတော့ ဥထားတယ်ပြောတာဘဲ ကိုယ်တော့ စုထားတယ်ဘဲထားပါ.။ နည်းပ
ညာ စာအုပ်လေးတွေပါ.။ သူ့တို့တွေလည်း တတ်နိုင်သလောက် စုနေကြတာဘဲ..။ Mediafire မှာ တင်ထားတာ
ဆိုတော့ လင့်က သိပ်မသေချာဘူး.။ သို့သော် ကျုပ်မနှစ်ကတည်းက တင်ထားတဲ့ မဟုတ်တရုတ်လေးတွေတော့
မပျက်ရှာဘူးဗျ.။ ဘာကြောင့်လည်းဆိုတော့ သူ့အကောင့်ထဲကို ထပ်ပြီးတော့ မတင်တော့ဘူး တင်တာကလည်း
စာအုပ်လေးတွေဘဲကြောင့်မို့လား မသိဘူး မပျက်ရှာဘူး.။ သြော် အဲလိုပါဆို Mediafire ကလည်း...။ ဒါပါဘဲ.။
 ၁၃၀ ကျော်ဆိုတော့ Rar နဲ့ ချုံ့ထားတာ သုံးဖိုင်တင်ပေးလိုက်တယ်။ အလွယ်တကူဒေါင်းလို့ရအောင်လို့ ....။

ဖိုင် (၁) ဒေါင်းရန် >>> Download <<< 
ဖိုင်(၂) ဒေါင်းရန် >>> Download <<<
ဖိုင်(၃) ဒေါင်းရန် >>> Download <<<

Saturday, June 15, 2013

filecrop.com ဖြင့် Rapidshare/ Hotfile/ Mediafire/ Depositfiles/ Mega/ 4shared/ ၆ဆိုက်မှာ တင်ထားသမျှဖိုင်တွေဒေါင်းမယ်

ကဲဗျာ အင်တာနက်မှာ ရှာရဒေါင်းရတာ လွယ်ကူတဲ့ဆိုက်လေးတွေ့ထားတာ နဲနဲကြာပါပြီ..။ ဆိုက် ၆ ခုမှာ ကမ္ဘာအရပ်ရပ်က လူတွေတင်ထားသမျှ ဖိုင်တွေကို ရှာဖွေဒေါင်းလော့ချနိုင်ပါပြီ။ ဒီ filecrop.com မှာ ကိုယ်က
Mediafire မှာဘဲ ဒေါင်းတတ်တယ်ဆိုရင် Mediafire တစ်ခုတည်းကို အမှန်ခြစ်လေးပေးပြီး ရှာခိုင်းလိုက်ပါ.။ စာအုပ်တွေ ဆော့ဝဲတွေပေါ့ဗျာ..ကိုယ်လိုချင်တာ အကုန်နီးပါးလောက်ရနိုင်ပါတယ်.။ဘာဖြစ်လို့လဲဆိုတော့
ဒီဆိုက် ၆ ခုမှာ လူတွေအများကြီးက သူတို့ သဘောကျတဲ့ဆော့ဝဲတွေ သီချင်းတွေ စာအုပ်တွေ အများကြီး
တင်ထားကြတာလေ ။ ကျုပ်ဟိုအရင်က Mediafire မှာတင်တုန်းက ကျုပ်ဆိုက်နဲ့ ပါတ်သက်နေတဲ့ဆိုက်တွေ
လိုက်ရှာတော့ ဒီဆိုက်လေးတွေ့တာဘဲဗျာ.ရေးမယ်ရေးမယ်နဲ့ မရေးဖြစ်တာပါ.။ ရှာဖွေတယ်ဆိုမှတော့ ဂူးဂဲ
မှာ ရှာသလိုဘဲနော် အင်တာနက်သုံးနေသူတွေဆိုတော့ ဒီလောက်တော့ ပြောစရာမလိုတော့ပါဘူး.။ ဒေါင်း
လော့ချတာကလည်း ဆိုက်တွေအတော်များများမှာ ရေးထားပြီးသား ဒီအခုပြောတဲ့ဆိုက်မှာက လင့်လေးကို
ပေးထားပါတယ်.အဲဒီလင့်ကို ကူးထည့်ပြီးဒေါင်းမှ ရပါမယ် တစ်ချို့ဖိုင်တွေကတော့ သူလည်း မူရင်းဆိုက်လေး
ကို ညွန်ပြထားပါတယ်.။ ကိုယ်ရွေးချယ်ခဲ့တဲ့ လင့်အပေါ်မှာ မူတည်ပါတယ်..။ ကျုပ်သိပ်မရှင်းပြတော့ဘူး ဓါတ်
ပုံလေးတွေ ထည့်ပေးထားတယ် အားလုံးသဘောပေါက်နိုင်ပါတယ်..။ သွားရန်လင့်ကတော့  

ဒီနေရာမှာ စိတ်ကြိုက်ရှာပါ
 ရှာထားတဲ့ နမူနာ ပုံစံ

 ရှာတွေ့ထားတဲ့အထဲမှ ကြိုက်နှစ်သက်ရာ ဖိုင်ကို ရွေးပြီး Right Click >>Open Link New Tag ဖြင့်ဖွင့်လိုက်ပုံ
 ဒေါင်းလော့ချရန် လင့်ပေးပုံ လင့်လေးကို ကူးပြီး www.ဆိုတဲ့အကွက်ထဲကို ကူးထည့်ပြီးတော့ Enter ခေါက်
ပြီး ဒေါင်းပေတော့ဗျို့



Wednesday, June 12, 2013

IT နည်းပညာ စာအုပ်ပေါင်း တစ်ရာကျော် ဒေါင်းလိုရင်

ကဲဗျာ ဒီလင့်လေး တွေ့ထားတာ တစ်ပတ်လောက်တော့ ရှိတော့မယ်..။ အဲဒါလေး ဒီနေ့တော့ ဘာတင်ရမှန်း
မသိတာနဲ့ အဲဒီလင့်လေးကို ပို့စ်အနေနဲ့ တင်လိုက်တယ်ဆိုပါတော့ဗျာ..။ သူများတင်ထားတဲ့လင့်လေးပါ ကိုယ်တင်ထားတာတွေကတော့ ညာဘက်ခြမ်းလေးမှာ လင့်လေးတွေ ထည့်ပေးထားပါတယ်..။ ဒီလင့်လေး
ကလည်း စာအုပ်တွေ တစ်ရာကျော်လောက်ရှိမယ် ထင်ပါတယ်.။ ကိုယ့်ဆီမှာ မရှိတဲ့စာအုပ်တွေတောင် ပါပါ တယ်ဗျာ အဲဒါကြောင့် ဒါလေးတင်လိုက်တာပါ..။ ကဲ နည်းပညာလိုက်စားနေကြတဲ့ ချစ်သော ညီအစ်ကိုများ
အတွက်ပေါ့ ကိုယ့်အတွက်ပေါ့ သူများအတွက်ချည်းလည်း မဟုတ်ပါဘူး ကိုယ်လည်း လိုအပ်ရင် ရှာရဖွေရတာ မြန်တာပေါ့ဗျာ..။ အဲဒီအတွက်စုဆောင်းထားတာပေါ့.။ အဆင်ပြေလား အဆင်ပြေရင် ဒေါင်းကြမယ်လေ.။ လိုင်းကောင်းလားလို့ မေးတာပါ.လိုင်းမကောင်းရင် ဒေါင်းဖို့ အဆင်မပြေဘူးလေ..။

Monday, June 10, 2013

မြန်မာမင်းသမီး မင်းသားတို့ ဖုန်းနံပါတ်များ ကိုယ်လည်း မဆက်ဖူးဘူးနော်

ဟုတ်တာမဟုတ်တာအပထား စိတ်ဝင်စားရင်တော့ ငွေကုန်ခံပြီး ဆက်ကြပေါ့ဗျာ..ကိုယ်ကတော့ မိုးယုစံ
လောက် စိတ်ဝင်စားတာပါ..။ တစ်ခြား ဘယ်သူမှ သိပ်စိတ်မ၀င်စားပါဘူး..။ ကိုယ့်ဘော်ဒါများလည်း စိတ်ဝင်
စားရင်တော့ ဆက်ပေါ့ မက်ဆေ့တွေတော့ ဗုံးဘလအော ဒါဖောင်းပြင်လေသံလေ..အများကြီးကိုပြောတာ.။
ရနေမှာဘဲနော် မြင်ရောင်သေးတယ်.။ နည်းနည်းတော့ကြာပြီဗျာ လွန်ခဲ့တဲ့နှစ်ပါတ်လောက်က တွေ့ထားတာ
လေးပါ..။ မိုးယုစံ -095193620 ရေဗက္ကာဝင်း -095149662 Lဆိုင်းဇီ -095191251 ဆုန်သင်းပါရ် -095150990
သက်မွန်မြင့် - 095022559 န၀ရတ် -095010034 မိုးအောင်ရင် -09501260 အူဝဲ -095163082,548612
မိုးဟေကို- 095109343 လင်းလက်ဟိန်း -099927380 အစ္စဏီ -584501 စိုင်းစိုင်းခမ်းလှိုင် - 095016053 
ရဲလေး- 095111281 ထွန်းထွန်း - 095136585 နိင်းနိင်း - 573737 ချစ်သုဝေ- 386732 Lလွန်းဝါ-095138878
• ရတနာမိုင်- 55425 ဖြူဖြူကျော်သိန်း -098022834 နန္ဒစိုင်း 505403 အေးမြတ်သူ -095148563
• ကျော်နိုင်ကြီး (Myanmar Express) - 0973215574 တိုးနန္ဒ (Myanmar Express) - 0973250713
• မဇင် (Myanmar Express) - 0949270937 Wutt Hmone Shwe Yee - 095016584 သဇင်-0973171860


မင်းသားမင်းသမီးတွေ ဖုန်းနံပါတ်တွေလိုချင်ရင်...... 



  •     မိုးယုစံ -095193620
    * နေတိုး -095193318
    * ရေဗက္ကာဝင်း -095149662
    * Lဆိုင်းဇီ -095191251
    * ဆုန်သင်းပါရ် -095150990
    * မိုးအောင်ရင် -095012600
    * န၀ရတ် -095010034
    * သက်မွန်မြင့် - 095022559
    * အူဝဲ -095163082,548612
    * မိုးဟေကို- 095109343
    * လင်းလက်ဟိန်း -099927380
    * အစ္စဏီ -584501
    * စိုင်းစိုင်းခမ်းလှိုင် - 095016053
    * ရဲလေး- 095111281
    * ထွန်းထွန်း - 095136585
    * နိင်းနိင်း - 573737
    * ချစ်သုဝေ- 386732
    * Lလွန်းဝါ-095138878
    * ရတနာမိုင်- 559177 ,554259,
    * ဖြူဖြူကျော်သိန်း -098022834
    * နန္ဒစိုင်း 505403
    * အေးမြတ်သူ -095148563
    * မို့မို့မြင့်အောင်-095128683
    * ခရစ္စတီးနား-095179714
    * ရန်အောင်f - 095015518,541372
    * ပုလဲဝင်း- 095172505
    * လူမင်း-098022155,095011771
    * ဟိန်းဝေယ-379739, 250143
    * ဇင်ဇင်ဇော်မြင့်-095108855, 220831
    * ပြည့်ဖူးခိုင်- 095103940, 095144028
    * ရတနာ- 095015515, 660371
    * ကျော်ဟိန်း- 095019252
    * စိုးပြည့်သဇင် - 095001199
    * မေနန်းခေါင် - 095199838
    * မေထွင်ုခေါင် - 095077999, 556570
    * ဂျင်နီ- 224610
    * မေကဗျာ-095019883
    * ရည်မွန်- 512391
    * စန္ဒီမြင့်လွင်-095031411
    * သဉ္ဖာဝင့်ကျော်-095012777
    * နန်းစုရတီစိုး- 095019742, 256851
    * ဟဲလေး- 095117151
    * အေး/နှင်းဝတ်ရည်သောင်း-095035556
    * နန္ဒာလှိုင်-095131592, 666510
    * သဇင်-095152992
    * မေသက်ခိုင်-095186681