This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label Dictionary များ. Show all posts
Showing posts with label Dictionary များ. Show all posts

Friday, November 29, 2013

Shweyoe Dictionary Version 3.0

ကဲ မောင်ရွှေရိုးလေး လာပါပြီဗျာ။ ပုသိမ်ထီးလေးနဲ့ ကတဲ့ကောင်တော့ မဟုတ်ဘူးဗျ။ ဒီကောင်းလေးကဖြင့်
Dictionary လေးပါ။ Eng<=> Myan / Rus<=> Myan / Kor<=> Myan / Thai<=> Myan Jap <=> Myan/  ဒီလောက်ဆို သိရောပေါ့ အင်္ဂလိပ်ကနေ မြန်မာဘာသာ ရုရှားစာကို မြန်မာလိုပြောင်း စသဖြင့် ၅ နိုင်ငံက ဘာသာစကားကို မြန်မာလို ပြောင်းပေးနိုင်တဲ့ Dictionary လေးပေါ့ဗျာ။ အတော့်ကို ကြိုးစား အားထုတ်ထားပုံပါဘဲ။ လိုအပ်နေတဲ့ စကားလုံးတွေကိုလည်း မိမိကိုတိုင် စိတ်တိုင်းကျ ထည့်သွင်း
အသုံးပြုနိုင်အောင်လည်း လုပ်ပေးထားတယ်လေ။ ပုံကို ကြည့်လိုက်တာနဲ့တင် ဒီကောင်းလေးကတော့ အတော်အသုံးဝင်မှာဘဲဆိုတာ သိမှာပါ။ ဒီဆော့ဖ်ဝဲကို ဖန်တီးသူကတော့ ဇော်မင်းစိုးလို့ သိရပါတယ်။ သူ့ရဲ့ အင်တာနက် လိပ်စာမထည့်သွင်းထားတဲ့အတွက် ဘယ်ကဆိုတာတော့ မသိပါဘူးဗျာ။ ကျုပ်အောက်မှာပုံ
လေးတွေ ထည့်သွင်းပေးထားပါတယ်။ ဆက်ကြည့်ချင်တဲ့ ဆန္ဒရှိရင်ပေါ့ဗျာ။ များသောအားဖြင့်ကတော့ ကျုပ်ဆိုက်ကို Readmore ကြည့်တဲ့သူကတော့ နဲလောက်ပါတယ်။ ဘာကြောင့်လည်းဆို ကျုပ်က သတိ ထား ကြည့်နေလို့ပါ။ သို့သော်လည်း ဖုန်းဆော့ဖ်ဝဲလေးနဲ့ ကြည့်ကြတဲ့ သူတွေကတော့ အကုန်လုံးကို မြင်
နိုင်ပါတယ်။ ကြည့်တဲ့သူ အရေအတွက်ကလည်း လက်ချိုးရေလို့ ရလောက်ပါတယ်။ ဘာကြောင့်ဆို ကျုပ်
ဆိုက်က နာမည်မှ မကြီးတာ နောက်ပြီး နဲနဲလေးတယ်လေ။ အဲဒါကြောင့်ပါ။ ဘာပဲဆိုဆို လာလည်ကြတဲ့
သူတွေကိုတော့ ကျေးဇူးတင်ပါတယ်နော်။










 ကဲ အားလုံးဘဲ အဆင်ပြေပါစေ...ကျုပ်လည်း ဒီတစ်ပတ် ချဲပေါက်ရပါလို၏ဗျာ..။
ချဲလည်း မပေါက်တာကို အတော်ကြာနေပါပြီး သုံးနှစ်လောက်တောင် ရှိတော့မယ်....သြော် ဘ၀ ဘ၀...
ခင်ဗျားတို့တော့ သိပ်မထိုးကြနဲ့နော်...ဂဏန်းကောင်းရရင်တော့ လက်တို့လိုက်ကြဦးဗျို့......
ဘယ်သူမှလည်း ရောက်လာမှာ မဟုတ်ဘူး...အောက်မှာရေးထည့်လိုက်တာကိုးဗျာ...ဖတ်မိတယ်ဆိုရင်
တော့ ကွန်မန့်လေး ပေးနိုင်ပါတယ်...
https://www.facebook.com/ohnthar ဒီဖေ့ဘုတ် Page လေး Liked မလုပ်ရသေးရင်လည်း အားပေး
သည့် အနေဖြင့် ညာဘက်ခြမ်းက facebook Like ဘောက်လေးမှာ Like လေး ကလစ်သွားပါဦး...




 

Thursday, September 26, 2013

Ornagai Dictionary Android for Very Very Good Dictionary English to Myanmar အင်္ဂလိပ်မြန်မာ အဘိဓါန်

ကဲ ဒီ Ornagai ဆိုတဲ့ အင်္ဂလိပ် မြန်မာအဘိဓါန်လေးကတော့ အတော်ကောင်းပါတယ်။ ကျောင်းဆရာ၊ ဆရာမတွေ အတွက်လည်း လိုအပ်သလို။ ဒေါက်တာတွေအတွက်လည်း လိုအပ်မှာပါ။ နောက်ပြီး နည်းပညာ
လိုက်စားနေကြတဲ့ ညီအစ်ကို မောင်နှမအားလုံးအတွက်လည်း တစ်ကယ်လိုအပ်မယ့် အဘိဓါန်ကောင်းလေး
တစ်ခုလို့ ညွန်းဆိုလိုက်ချင်ပါတယ်။ ဒီ Ornagai အဘိဓါန်လေးက အသံထွက် မသိရင် ဆောင်းပုံလေးနဲ့ ပြသ
ထားပါတယ်။ အသံထွက်အနေနဲ့လည်း နားထောင်နိုင်တာပေါ့ဗျာ။ အတော်လေးလည်း စုံပါတယ်။ ခုနတင်
တဲ့ Shwebook ထက် သူက ဖိုင်ဆိုက် နဲနဲကြီးပါတယ်။ 5 MB ကျော်ပါတယ်။ ကျုပ်ကတော့ ဒီကောင်လေးကို
ပိုပြီးတော့ သဘောကျတယ်ဗျာ။ ကဲမိတ်ဆွေများလည်း ဒီလောက် ကြော်ငြာနေမှတော့ ကောင်းလို့ အသိ
ပေးတယ်လို့ သဘောပေါက်ရောပေါ့။ ဒီပို့စ်လေးကိုတော့ ဘယ်လောက် စိတ်ဝင်စားမလဲ သိချင်လို့ Read More လေး ထည့်ပေးလိုက်တယ်။ အဲဒီ အတွက်ခွင့်လွတ်ဗျာ။ တစ်ကယ် ပါ ကျုပ်အနေနဲ့ ဆိုက်ကို ၀င်လိုက်
တာနဲ့ ဒေါင်းဖို့ရာ အရန်သင့် ခူးခပ်ပြီးသား စားသုံးရသလို လုပ်ထားတာများပါတယ်။ SKID တွေလည်း မထည့်ပါဘူး။ ဒေါင်းလော့လင့်ကိုလည်း Read More မထည့်ဘဲ ဒီတိုင်းလေးဘဲ လုပ်ခဲ့တာများပါတယ်။ စာ
အရမ်းရှည်တဲ့ ပို့စ်တွေသာ Read More လုပ်ခဲ့တာပါ...



ကဲ ခုတော့ ဘယ်လောက် စိတ်ဝင်စားလည်းဆိုတာကို သိရအောင် စမ်းကြည့်တဲ့ သဘောနဲ့ Read More ဆို
တာလေး ထည့်လိုက်တယ်.။ ဘယ်လို သိရသလဲဆိုတော့ ဘလော့ရေးနေသူတွေဆို သိပါတယ်။ ပို့စ်တစ်ခု
ကို Read More ဆိုတာလေးကို နှိပ်ပြီး ကြည့်တာနဲ့ သူက တစ်ယောက်ကြည့်တယ်ပေါ့ အဲလို မှတ်တယ်
ထင်တာဘဲ။ သို့သော်လည်း Read More မပါဘဲလည်း မှတ်တယ်ဗျ။ ဘယ်လိုရယ်တော့ မသိဘူး။ ဒီပို့စ်ကို
ဘယ်နှစ်ယောက် ကြည့်တယ်ဆိုတာ သိနိုင်တယ်လေ..။ များသောအားဖြင့်ကတော့ ကျုပ်ရေးတဲ့ပို့စ် တော်
တော်များများကတော့ သိပ်မကြည့်တာ များပါတယ်။ သို့သော် ဒေါင်းလော့ချတဲ့ ဖိုင်တင်တဲ့ အကောင့်မှာ
တော့ ဒီဆော့ဝဲကို ဘယ်လောက် ဘယ်နှစ်ကြိမ်ဒေါင်းလော့ချတယ်ဆိုတာ ပြန်ကြည့်လို့ ရပါတယ်။
အဲဒီမှာတော့ ကောင်းတာလေးတွေဆို ထောင်ကျော်တယ်ဗျ။ ဒေါင်းလော့ချကြတာလေ..။ ကဲဗျာ.လေရှည်
တယ်လည်း သဘောမထားပါနဲ့ မသိသေးရင် သိအောင်လို့ပါ.။ သဘောတရားလေးတွေ သိထားတော့
မိမိကိုယ်တိုင် ဘလော့တည်ဆောက်တဲ့အခါမှာ အသုံးဝင်တာပေါ့ ကြားဖူးနားဝ ရှိထားတော့ ပိုအဆင်ပြေ
တယ်ဆိုတဲ့ သဘောပါဘဲ။ ကဲ ဒီလောက်ပါဘဲ ကျန်းမာရေး ကောင်းကြပါစေ..ခုတစ်လော နေမကောင်း
တာတွေ ကြားနေ မြင်နေရလို့လေ...။


OR

Friday, August 2, 2013

ဘာသာစကား ၂၄ မျိုးမှ မြန်မာသို့ တိုက်ရိုက်ပြန်ဆိုနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင်ထား

ဘာသာစကား ၂၄ မျိုးမှ မြန်မာဘာသာသို့ ပြောင်းလဲ ဘာသာပြန်ပေးနိုင်သော ဝက်ဘ်ဆိုက်တစ်ခု လွှတ်တင် ထားပြီးဖြစ်၍ မြန်မာဘာသာ ပြန်ဆိုမည့် သူများအတွက် လွယ်ကူအဆင်ပြေစေကြောင်း သိရသည်။ ယင်းဘာ သာစကား ၂၄ မျိုးမှာ အင်္ဂလိပ်၊ ဟီးဘရူး၊ ဂရိ၊ ပေါ်တူဂီ၊ အာရေဘစ်၊ စပိန်၊ နော်ဝေး၊ ဆွီဒင်၊ ဂျာမန်၊ ရုရှား ၊ ဂျပန်၊
တရုတ်၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဟိန္ဒီ၊ ရိုမေးနီးယား၊ ပြင်သစ်၊ ဒပ်ခ်ျ၊ Finish ၊ ဖိလစ်ပိုင်၊ Polish နှင့် Danish ဘာသာစကားများဖြစ်ပြီး အဆိုပါ ဘာသာစကား၂၄ မျိုးကို မြန်မာဘာသာသို့ ပြန်ဆိုရန်
http://www.myordbok.com/ သို့ ဝင်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။ “ဝင်ပုံက လွယ်ပါတယ်။ ဒီဝက်ဘ် ဆိုက်ထဲကို ဝင်လိုက်ပြီးရင် Search Box ထဲမှာ ဘာသာပြန်ချင်တဲ့ စာပိုဒ်၊ စာကြောင်းကို Copy၊ Pasteလုပ်လိုက် ရုံပဲ။ ပြီးရင် Enter ခေါက်လိုက်တာနဲ့ မိနစ်ပိုင်းအတွင်း လိုသလို ဘာသာပြန်ပေးပါတယ်” ဟု အဆိုပါ ဝက်ဘ် ဆိုက်ကို လတ်တလော သုံးစွဲနေသူတစ်ဦးက ရှင်းပြသည်။

အဆိုပါ http://www.myordbok.com/ သို့ ဝင်ရောက်လေ့လာကာ ဘာသာပြန်လိုသူများအနေဖြင့် ဘာသာ မပြန်မီ အဆိုပါဆိုက်၏ လုပ်ဆောင်ချက်များကို ကြိုတင်လေ့လာသင့်ကြောင်း သိရပြီး အဆိုပါ ဆိုက်မှာလည်း အင်တာနက် သုံးစွဲသူများအကြား မေလ နောက်ဆုံးပတ်အတွင်းနှင့် ဇွန်လ ပထမပတ်အတွင်းမှာပင်
အသုံးပြုမှု များပြားလာကြောင်း ၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်နေ့ထုတ်ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""
စိတ်ကူးပျော်ရာက တွေ့လို့ ကောင်းတဲ့ သတင်းလေးဆိုပြီး မှတ်စုထဲ ထည့်ထားလိုက်တယ်..

Saturday, June 29, 2013

ArThawKa-Computer Dictionary လေးပါ

ကဲဗျာ ကောင်းမကောင်း စမ်းသုံးနိုင်အောင် တင်ထားတယ်ဆိုပါတော့ သို့မဟုတ် ပြည့်စုံအောင် တင်ထားတယ်
ဆိုပါတော့လေ.။ ကိုယ်တိုင်ကလည်း မလုပ်တတ်တော့ ကော်ပီလေးပွါးရတာပေါ့ဗျာ.။ ဒီလိုပါဘဲ ဘလော့ရေးနေ
တယ်ဆိုတော့လည်း ဘာမှတာမဟုတ်တယ် ငွေတော့ကုန်တယ်ဗျ.။ ၀င်ငွေလေး ရအောင်တော့ ကမ္ဘာ့ဘဏ်က
မြန်မာနိုင်ငံမှာ အခြေစိုက်လာရင် နောက်တစ်ခုကတော့ Google က ငွေထုတ်လို့ရတဲ့ ဥစ္စာလေး အဆင်ပြေလာ
ရင် ကောင်းမှာဘဲလို့ တောင့်တနေမိတယ်.။ နောက်ပြီး မြန်မာပြည်လည်း Master Card တို့ Visa Card တို့ Pay
Pal တို့ သုံးလို့ အဆင်ပြေရင်တော့ ကလစ်နှိပ်ရင်း ငွေရှာလို့ အဆင်ပြေတယ်.။ ခုတော့ အွန်လိုင်းက ငွေကုန်ဖို့ရာ
ဖန်တီးထားသလို ဖြစ်နေတယ်ဗျာ.။ ကဲကဲ စိတ်မကောင်း မဖြစ်ကြနဲ့ တစ်နေ့တော့ ရောက်လာလိမ့်မယ်.။ လော2
ဆယ်တော့ ဒါလေးသုံးပြီး ကျေနပ်ကြဦးနော်.. မျှော်လင့်ချက်တွေ များနေရင် မကောင်းဘူး အာဏာရှိတဲ့သူတွေ
က ရူးခဲ့လေသမျှ ခံရလေတယ်လို့လည်း သိပ်ကြီး မအောက်မေ့ကြနဲ့ အပြစ်တွေချည်းမြင်နေရင် အချစ်မ၀င်တော့
ဘဲ မုန်းစိတ်နဲ့ နှလုံးမှာ အဆိပ်မိသလို ဖြစ်နေလိမ့်မယ်.။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..။ 29.6.2013

Thursday, June 20, 2013

English Myanmar Dictionary Version v.1.0 ငြိမ်းချမ်း

ကဲဗျာ English-Myanmar Dictionary လေးရလာလို့ တင်ပေးထားလိုက်တယ်.။ 3MB တောင်မရှိပါဘူး အသေး
လေးပါဘဲ ဆောင်ထားသင့်တဲ့ဆော့ဝဲ တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး စကားလုံးပေါင်း 29618 လုံး ထည့်
သွင်းထားတယ်ပေါ့ အစဆိုတော့ ဒီလိုပါဘဲ မပြည့်စုံသေးဘူးလို့ ပြောလို့ရပါတယ်.။ သို့သော်လည်း တစကယ် အသုံးတည့်ပါလိမ့်မယ်.။ ကျုပ်တင်ပေးထားတဲ့ wxPyDict ဒီကောင်လေးလောက်တော့ မပြည့်စုံဘူးပေါ့ ဖိုင်ဆိုက်
ကလည်း သေးတာကိုးဗျာ.။ ကဲဘာပဲပြောပြော စမ်းသုံးလိုရင် လိုရမယ်ရ ဆောင်ထားလိုရင်တော့ အောက်မှာယူ
သွားလိုက်ပါနော်..။ အားလုံးဘဲ လာလည်ကြတဲ့အတွက် ၀မ်းသာသလို ကျေးဇူးလည်း တင်ပါတယ်နော်..။
wxPyDict Dictionary လေး ဒေါင်းလိုရင် ဒီကိုသွား DOWNLOAD WXPYDICT

Friday, October 19, 2012

wxPyDict Dictionary လေးပါ အတော်ကောင်း

လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားများနှင့် ပြည်တွင်းမိတ်ဆွေတို့အား အထူးကျေးဇူးတင်လျက်
ကဲမြန်မာနိုင်ငံမှ သူငယ်ချင်းလေးတွေ facebook မှာတွေ့ရင်သူတို့ရဲ့လိပ်စာလေးမေးပြီး ဒီကောင်လေးနဲ့ ရှာကြည့်ပါ။ ရွာနာမည်သိရုံနဲ့ ရိုက်ထည့်လိုက်ရင် သူဟာ ဘယ်တိုင်း ဘယ်ခရိုင် ဘယ်မြို့နယ်ကဆိုတာပါ သိရပါ
လိမ့်မယ်။ ကဲအဲဒီwxPyDict Dictionary လေးဟာ Window XP / 7 / 32/64 bit နှစ်မျိုးလုံးသုံးလို့ရပါတယ်။ တစ်ချို့ Version တွေတော့မရဘူးဗျာ။ များသေားအားဖြင့်တော့ အသုံးပြုလို့ရတယ်။ ကဲစမ်းသပ်အသုံးပြုလိုသူ
များ မရှိသေးသူများအတွက်တော့ အောက်မှာဒေါင်းလော့ချသွားပါ။ ကျုပ်တော့ အဲဒါလေးဘဲသုံးနေတာပါ။ ကြိုက်လို့ သဘောကျလို့ပါ တစ်ခြားDictionary တွေလည်းရှိပါတယ်။ ဒါပေမယ့် ကျုပ်ကိုကအစွဲအလန်းကြီးလို့
လားမသိဘူး ဒီကောင်လေးကို ပိုသဘောကျနေတယ်။ ကဲဗျာ ရချင်ရင်လိုချင်တယ်ဆိုရင်ဖြင့် ဒေါင်းလော့ချသွား
ပါမိတ်ဆွေ။