This is default featured slide 1 title
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.
This is default featured slide 2 title
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.
This is default featured slide 4 title
Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.
ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်
Showing posts with label Internet ဖုန်းပြောရအောင်. Show all posts
Showing posts with label Internet ဖုန်းပြောရအောင်. Show all posts
Wednesday, November 6, 2013
Viber ကို Computer မှာ မြန်မှာလိုပေါ်အောင်
ကဲ ညီလေးတစ်ဦးက Computer မှာ Viber သုံးတာ မြန်မာလိုမပေါ်လို့တဲ့။ အမှန်ပြောရရင် ကျုပ်အနေနဲ့ Viber ကို ကွန်ပျူတာနဲ့ တစ်ခါမှ မသုံးဖူးပါဘူး သို့သော်လည်း ရချင်တဲ့သူရှိတော့ လိုက်ရှာပြီးတော့ တင်ပေး လိုက်ပါပြီ။ အရင်ဆုံး Viber ကို Install လုပ်ပါ။ နောက်ပြီးတော့ font လေးကို C > Windows > font ထဲကို ကော်ပီကူးထည့်ပေးရမှာပါ။ သို့မဟုတ် font ကို Right Click >> Install ဆိုလည်း အဆင်ပြေမှာပါ။ ကဲ သုံးစမ်းကြည့်လိုက်ပါ။ တစ်ခြားသောဆိုက်တွေမှာလည်း ဒီနည်းအတိုင်း ဘဲ ရေးထားမှာဘဲ။ ကျုပ်facebook နဲ့ Websit တစ်ချို့မှာ ကြည့်လိုက်တာ ဒီနည်းပါဘဲ။ အဆင်ပြေမယ် ထင်ပါတယ်..။
Thursday, October 31, 2013
FreePP Internet Phone
FreePP ဆိုရင်တော့ အတော်များများ သိကြပါလိမ့်မယ်။ ကျုပ်လည်း ဖုန်း framware ရိုက်ပြီးကတည်းက ထည့်မသုံးဖြစ်တာ ကြာပါပြီ ခုတော့ ထည့်သုံးနေတယ်။ သူကလည်း Viber လိုပါဘဲ သုံးကောင်းပါတယ်။
ကိုယ့်ဘော်ဒါတွေထဲမှာလည်း အတော်များများ အသုံးကြတဲ့ ဆော့ဖ်ဝဲတစ်ခုပေါ့ဗျာ။ အသံမက်ဆေ့တွေပို့
ထားလို့ရတယ် အင်တာနက်ဖုန်းပြောနိုင်တယ်။ မိမိရောက်ရှိနေတဲ့ နေရာကို ဓါတ်ပုံရိုက်ပြီးတော့ ပေးပို့နိုင်
တယ်။ အတော်ကောင်းတဲ့ ဆော့ဖ်ဝဲတစ်ခုပါ။ အသုံးပြုနည်းကတော့ ဆော့ဖ်ဝဲကို Install ပြီးတော့ မိမိဖုန်း
နံပါတ်လေး ထည့်ပြီးတော့ လျှောက်ရပါတယ် ဖုန်းအတွက် ဂဏန်းကုဒ်လေးလုံးချပေးမယ် မှတ်ထားပေါ့။
အဲဒီဂဏန်းလေးလုံး ထည့်ပြီးရင်တော့ မိမိလိုဘဲ freeePP အသုံးပြုနေကြတဲ့ဘော်ဒါတွေ အားလုံးကို ဖော်ပြ
ပေးမှာပါ။ ဒါဆိုရင်တော့ Viber လိုဘဲ အင်တာနက်ဖုန်းပြောဆိုနိုင်ပါပြီ။ ချက်လို့လည်းကောင်း အသံမက်ဆေ့
ပို့ရတာလည်း မြန်ပါတယ် လိုင်းကောင်းရင်ပေါ့ဗျာ။ အသံကြည်လင်တယ်ပေါ့။ Viber ကတော့ အသုံးများပါ
တယ်။ သို့သော်လည်း FreePP ကတော့ လူအသုံးနဲသေးတယ် ဒီကောင်က အားသာချက်လေးတွေ ရှိတယ်
ဗျ။ မယုံရင် သုံးစမ်းကြည့်ပါ သိပါလိမ့်မယ် သူများပြောတာထက် ကိုယ်တိုင်သုံးကြည့်မှ တစ်ချို့အရာတွေ
သိတာ ပိုကောင်းပါတယ်။ မြန်ဆန်တိကျတယ်ပေါ့ဗျာ..ကဲ ကြော်ငြာခတော့မရပါဘူး ဒီလောက်ပါဘဲ။ အအဆင်ပြေပါစေ...
Google Play Store Link to Copy  လင့်ကို ကော်ပီကူးပါ     
http://apps.evozi.com/apk-downloader/  Link to Paste  ဒီဆိုက်မှာ လင့်ကိုထည့်ဒေါင်းပါ။
Wednesday, July 10, 2013
Hangouts နှင့် Video Call ပြောမယ် နောက်ပြီး Google ရဲ့ ရှယ်ဆော့ဝဲများ
ကဲ မယုံမရှိနဲ့ဗျာ ကျုပ်တော့ ဒီထဲကကောင်လေးတွေကို အသုံးပြုနေတာဘဲ။ ကဲဒီထဲမှာ ပါတဲ့ဆော့ဝဲ အသုံးဝင်ပုံ
လေးအကြောင်းနဲနဲပြောမယ်.။ Flash Transfer ဆိုတဲ့ကောင်က Zapya လိုဘဲ သူ့ထက်နဲနဲမြန်တယ်လို့ အပြောများ
တယ်.။ Friendcaster Pro ဒီကောင်လေးကတော့လည်း အသုံးပြုကြပါတယ် သူက Facebook အသုံးပြုတဲ့ကောင်
ပေါ့ဗျာ.။ Google Translatew ဆိုတဲ့ကောင်လေးက ဘာသာပြန်ပေးတဲ့ ဆော့ဝဲပဲ နိုင်ငံပေါင်း 70 ကျော်က ဘာသာ
စကားတွေကို ပြန်ပေးနိုင်တယ် မြန်မာတော့ မပါသေးဘူး.။ Google+ လည်း သိပြီးသား ဖေ့ဘုတ်လိုပါဘဲ.။ သူနဲ့
တွဲသုံးရမှာကတော့ လန်းချက်က မိုက်ကိုမိုက်ပါတယ်လို့ ပြောရမလားဘဲဗျာ.။ Hangouts ဆိုတဲ့ကောင်ပေါ့ဗျာ.။
သူကတော့ Google Play Store ၀င်လို့ရတဲ့သူမှသာလျှင် အဆင်ပြေမှာပါနော်.။ ဖုန်းထဲမှာ Talk ဆိုတဲ့ဆော့ဝဲလေး
တွေ့ဖူးကြလား သူ့နေရာမှာ အစားထိုးသွားပါ့မယ်.။ ဒီ  Hangouts က ကျုပ်ဟိုအရင်ကပြောခဲ့သလိုဘဲ. သူကလူ
လေးငါးယောက် သို့မဟုတ် မိသားစုလိုက်ကို Chat လို့ရတယ်.ရိုးရိုး Chat မဟုတ်ဘူး Video Chat ဗျာ သိပ်ကောင်း
တယ်နော်.မှတ်ထား.။ တစ်ခြားဆော့ဝဲတွေနဲ့ မတူဘူး ဒါက Google ကပေးတာလေ Gmail အကောင့်ရှိရင် ၀င်
လို့ရပြီ.။
ကဲ Hangouts ကိုတော့ ကိုယ်တိုင် တင်ပြီးစမ်းကြည့်ကြ မကြိုက်ရင် ပြန်ဖြုတ်လိုက်ပေါ့.။ ဖြုတ်လိုက်ရင် မူရင်းပါတဲ့
Talk ဆော့ဝဲလေးက ပြန်ပေါ်လာမယ်.။ ကဲ Hangouts အကြောင်းကတော့ ဒီလောက်ပါဘဲနော်..။ နောက်တစ်ခုက
Google Maps 6.14.4 ဒါကလည်း မြန်မာမဟုတ် ကမ္ဘာမှာပင်လျှင် နာမည်ကြီး ဆော့ဝဲဘဲ ဘယ်ကိုသွားချင်လည်း
လမ်းမသိရင် အင်တာနက်လေးဖွင့်ပြီး ရိုက်ထည့် မိမိရောက်နေတဲ့ နေရာကနေ (ဥပမာ ဖောင်းပြင်ကို သွားချင်ရင်
Phaung Pyin လို့ ရိုက်ထည့်လိုက် ဘယ်လိုသွားရမယ်ဆိုတာ ပေါ်လာမယ် ) ဒါကတော့ ကိုယ်သွားချင်တဲ့ နေရာ
တွေကို လိုက်ရှာခိုင်းတာပေါ့ သူကလည်း အများကြီး အသုံးဝင်တယ်နော်..သိပါတယ် မိတ်ဆွေတို့က..ကိုယ့်ထက်
တော်သူတွေများပါတယ်.။
နောက်တစ်ခုကတော့ Tube Video Downloader ဆိုတာကတော့ YouTube က ဗွီဒီယိုတွေကို ဒေါင်းတဲ့ဆော့ဝဲဘဲ
နောက်ပြီး ဖေ့ဘုတ်ပေါ်ရောက်လာတဲ့ YouTube ကဗွီဒီယိုဆိုရင်လည်း ဒေါင်းလော့ချလို့ရတယ်.။ ကဲနောက်တစ်
မျိုးကတော့ အင်တာနက် အဖွင့် အပိတ်လုပ်တဲ့ဆော့ဝဲပေါ့ဗျာ..။ ကဲအားလုံးဘဲ အဆင်ပြေချောမွေ့စွာဖြင့် အသုံး
ပြုနိုင်ကြပါစေနော်...11.7.2013 အမှတ်တရ..ကြိုတင်ရေးလိုက်တာပေါ့ဗျာ...
Sunday, July 7, 2013
GSM WCDMA CDMA 800 MHz များအတွက် Internet APN Setting ချိန်နည်း
ကဲဗျာ Android ဖုန်းအတော်များများအတွက်ပါ.။ တစ်နည်းအားဖြင့် GSM WCDMA CDMA 800 MHz စတဲ့ဖုန်းတွေ 1500 ရာတန်ဖုန်းတွေ အင်တာနက်လျှောက် ထားပြီးရင် ဒီနည်းလေးတော့ လိုအပ်တာပေါ့ဗျာ ဒါလေးသိထား
ထားရင် ကိုယ့်ဟာကို အင်တာနက်ဖွင့်လို့ ရတာပေါ့ သို့မဟုတ်လျှင် ဆိုင်ပြေးရတဲ့ ဒုက္ခဖြစ်မှာပေါ့.။ မိမိတို့ရဲ့ သူငယ်ချင်းဘဲဖြစ်ဖြစ် ဦးလေးတွေ ဒေါ်လေးတွေ ကလည်း ငါ့တူငါ့မောင်ရယ် အင်တာနက် Setting မချိန်တတ်ဘူးလား ချိန်တတ်ရင် ချိန်ပေးစမ်းပါဆိုရင် ကိုယ်က မချိန်တတ်ရင်တော့ နဲနဲအောက်တာပေါ့ဗျာ.။ အဲဒီတော့ လူငယ်ပီပီ ဟာဦးလေးကလည်း ဒါလောက်ကတော့ ရပါတယ်ဆိုတာမျိုးလေး ဖြစ်စေချင်လို့ပါ.။ များသောအားဖြင့်
ကတော့ ကိုယ့်ထက်တော်တဲ့သူ တတ်တဲ့သူတွေချည်းပါဘဲ ကျုပ်ကစာရေးရတာ နဲနဲတောင် ၀ါသနာပါလာလို့
ရေးနေတာပါ.။ မသိသေးတဲ့သူတွေအတွက်ရောပေါ့ဗျာ.. စာအုပ်လည်း တင်ပေးမယ်.။ နည်းလေးလည်းတင်
ပေးမယ်.။ ဒီနည်းလေးကတော့ အိုင်တီဘဏ်ကနေ ရတာလေးပေါ့ GSM WCDMA အတွက်ကတော့ ကျုပ်ချိန်
တတ်ပါတယ် ခုနောက်လာတဲ့ 1500 တန်အတွက်တော့ မချိန်တတ်ဘူး အဲဒါကြောင့် ဒါလေးပို့စ်အဖြစ်တင်လိုက်
တာပါ..။ အောက်မှာ စာအုပ်ရော နည်းရော ရေးထားတယ် တင်ထားတယ် ရှိုးကြည့်လိုက်ဦး...
ဒေါင်းရန်.လင့်များ 
1.GSM Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – မိမိနှစ်သက်ရာနာမည် တစ်ခုခုရိုက်ထည့်လိုက်ပါ။
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့ Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။
1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။
ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။(မှတ်ချက် - ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။
2.CDMA 800 Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name - CTNET
APN - #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - မှာ မိမိကြိုက်တာရိုက်ပါ။)
Password - မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။ မထည့်ရင်လည်းရတယ်.။
Server - ဘာမှ မထည့်ပါနဲ့။
Authentication type - PAP or CHAP
APN type - Default
APN protocol - IPv4
APN Roaming protocol - IPv4
Bearer - Unspecified
Data Bearer - Package Data
Prompt password - #777
ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ......ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့
ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့
 ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။
Data Enable ကို On ထားပါမယ်။ထိုနောက် Wireless and Network Settings>Mobile networks>Access Point Names ကို
ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။
ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။အားလုံးပဲ အဆင်ပြေကြပါစေနော်။
3.1500 တန် CDMA 800 Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name - Mectel (or) Card
APN  -  #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - mectel@c800.mm (or) card@c800.mm
Password - 123 (or) 12345 (or) card
Server - ဘာမှ မထည့်ပါနဲ့။
MMSC - ဘာမှ မထည့်ပါနဲ့။
MMS Proxy - ဘာမှ မထည့်ပါနဲ့။
MMS Port - ဘာမှ မထည့်ပါနဲ့။
MCC - 460
MNC - 03
Authentication type - PAP or CHAP (or) CHAP
APN type - ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။(Default ကိုသာ ထည့်ပေးပါမယ်။)
Data bearer - မလိုပါ။
Prompt password  -  #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။Connection name တောင်းခဲ့ရင် mectel ပါနော်။
 ကဲ.......ဒီလောက်ဆိုရင်တော့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျ။အခက်အခဲ တစ်စုံတစ်ရာရှိခဲ့ရင်လဲ  Comment ပေးပြီး မှာထားခဲ့လို့ရပါတယ်ဗျာ။
ကြိုးစားလျက်....!
ကဲဗျာ အားလုံးဘဲ အဆင်ပြေကြပါစေနော်..မိုးကောင်းကင် ဖောင်းပြင် ရှာဖွေနေဆဲ...မကြီးမငယ် ...အသက်ပြော
တာ မကြီးဘူးလား မကြီးသေးဘူး မငယ်တော့တာလည်း အမှန်ဘဲ...
ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ....
Friday, July 5, 2013
မော်ဒယ်နိမ့်သော Andriod ဖုန်းအတွက် Gtalk Voice and Video Call
ဒီနည်းလေးကတော့ ဖုန်းကနေ Gtalk ခေါ်ချင်သူတွေ အဆင်ပြေပါလိမ့်မယ် မော်ဒယ်
နိမ့် တဲ့ ဖုန်းတွေမှာ Gtalk ခေါ်ဖို့  VOIP စနစ်ထည့်မပေးထားပါဘူး အဲ့တာကို ပြောချင်
သုံးချင်သူတွေက အောက်မှာ ရှင်းပြထားတဲ့ နည်းအတိုင်း လိုက်လုပ်ကြည့်လိုက်ကြပါ
အဆင်မပြေဘူးဆိုခဲ့လျှင် တစ်ခုခု နားမလည်ခဲ့လျှင် မေးမြန်နိုင်ဖို့ လည်းေ မးလိပ်စာ
2ခုထည့်ပေးထားပါတယ် ဒီပိုစ်လေးကို သူငယ်ချင်း  ဇော်မင်းသန်းမှ  အားလုံးသိစေဖို့ 
ပြန်လည်မျှဝေပေးတာပါ အားလုံးအဆင်ပြေကြပါစေ..................မောင်(စွယ်စုံကျမ်း)
 သူငယ်ချင်းများကိုနည်းတခုပြောပြချင်ပါတယ် အခုကျနော်တို့ ဖုန်းတွင်အများဆုံး
သုံးနေကြတဲ့Gtalk ဆိုတာပါပဲ..။မော်ဒယ်နိမ့်သောဖုန်းတွေမှာ Gtalkကို
ရိုးရိုးချက်တင်လောက်ပဲရကြပါတယ် ။call ချင်ရင်တော့ Vtalk တို့
Nimbuzz တို့ဖုန်းထဲinstallရပါတယ်။Vtalk က Voice and Video call ရပေမဲ့ချက်တင်နဲ့တခါတည်းတွဲသုံးမရတဲ့အတွက် နဲနဲရှုပ်ရပါတယ်..။
ဖုန်းကို rest setting လုပ်ရင်လည်းအဲကောင်တွေကပြုတ်ထွက်ပြီး
ပြန်အင်စတောရပါတယ.။အခုကျနော်ပုံမှာပြတဲ့နည်းက ဘယ်တော့မှ
မပြောက်ထွက်တော့ဘူး...။sumsang ဖုန်း S2 ၀ယ်ရင် အပြီးပါလာတဲ့ Talk ပုံစံမျိုးပါ..။ကဲကျနော်တို့မော်ဒယ်နိမ့်တဲ့ galaxy W/Y/ACE/ACE Plus
အစရှိတဲ့ဖုန်းတွင် လုပ်ကြရအောင်..။စိတ်ဝင်စားရင်အောက်ကပုံစံကို
ကြည့်ပြီးလိုက်လုပ်ရအောင်..............။
အရင်ဆုံးမိမိဖုန်းကို root လုပ်ရပါမည်...။root နည်းကဖုန်းတလုံးနှင့်
တလုံးမတူတဲ့အတွက် တခုချင်းလိုက်ပြီးကျနော်မရှင်းပြတော့ပါဘူး...။
မလုပ်တတ်ရင် aung575@gmail.com နဲ့ zawmintan@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်.....။ကျနော်ကတော့ ကျနော်root ဖူးတဲ့ဖုန်းလောက်ဆို ကောင်းကောင်းရှင်းပြနိုင်ပါတယ်....။
မိမိဖုန်းမော်ဒယ်နဲ့အွန်လိုင်းမှာရှာရင်လည်းအများ
ကြီးပါ..။ကဲပြောနေတာနဲ့စာများသွားပြီ...။root ပြီးရင်
ကျနော်တို့စလုပ်ကြရအောင်....။အရင်ဆုံးအောက်
ကဆော့ဝဲ ၃ ခုကိုဒေါင်းရအောင်.....။
Root Explorer.apk
Talk 2.apk
libtalk _ini.so
ဒေါင်းပြီးရင်အရင်ဆုံးRootExplorerကိုinstallပါ...။ပြီးရင်ဆောဝဲကိုRun ပီး
အောက်ကပုံကိုကြည့်ပြီးဆက်သွား
အရင်ဆုံးမျှားပြထားတဲ့အတိုင်း system ကိုသွား...။မ၀င်ခင်အပေါ်က
 Mount R/W ကို နှိပ်လိုက်ပါ R/O ဖြစ်သွားပါမယ်...။
system/app/ကိုဝင်ပြီးမျှားပြထားတဲ့ Talk.apk/Talk.cdex ကို delete လိုက်ပါ...။
ပြီးရင် ခုနကဒေါင်းထားတဲ့ Talk2.apk ကို system/app/ ထဲဝင်ပြီး paste ချပါ.။
အပေါ်ကပုံလိုတွေ့မှာပါ...။ နောက်ဆုံးအဆင့်ကတော့ ခုနကဒေါင်းထားတဲ့
 libtalk _ini.so ကို systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။
နောက်ဆုံးအဆင့်ကတော့ ခုနကဒေါင်းထားတဲ့ libtalk _ini.so ကို
 systam/lib/ကိုဝင်ပြီး paste ချလိုက်ပါ..။ပြီးရင်ဖုန်းကို restart ချလိုက်ပါ....။ကဲ...မျိုးကြီးသီချင်းလေးအော်ဆိုပေတော့.....။
ဖုန်းပြန်ပွင့်လာရင် မိမိGtalkဟာ အပေါ်ဆုံးမှာပြထားတဲ့ပုံလို ဖြစ်သွားပါပြီ...။
နီးစပ်ရာသို့အကောင့်ကိုခေါ်စမ်းကြည့်ပါ..Voice ရော Video call ပါရပြီ။.
မလုပ်တတ်ရင် aung575@gmail.com နဲ့ zawmintan@gmail.com ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်.
.မောင်(စွယ်စုံကျမ်း)မှကူးယူဖော်ပြသည်
Friday, June 28, 2013
ဖုန်းအတွက် ခပ်ဆန်းဆန်းဆော့ဝဲလေးများ
ကဲ နာမည်လေးတော့ လှအောင်ပေးထားလိုက်တယ်။ ဖုန်းလာရင် တစ်ချက်လောက်ရမ်းလိုက်တာနဲ့ ကိုင်ပြီးသား
ဖြစ်သွားတဲ့ဆော့ဝဲလေးရယ် မြေပုံကြည့်တာဝါသနာပါတာ သို့မဟုတ်လေ့လာရှာဖွေစူးစမ်းကြတဲ့သူများအတွက်
လည်း အဆင်ပြေစေမယ့် ဆော့ဝဲလေးရယ်.။ နောက်ပြီး အိုင်စုဘူးဆိုပြီး တစ်နေ့က ရထားတဲ့ဆော့ဝဲလေးရယ်
အင်တာနက်ဖုန်းဆော့ဝဲလေးရယ်.။ စုပေါင်းပြီး တင်ပေးလိုက်တယ်ဗျာ.။ 17 MB ထဲပါ သိပ်ကြီးတော့ မကြီးပါဘူး
မကြီးပါဘူးတယ်ဆိုရတာ လိုင်းက မကောင်းချင်ပြန်ဘူး အဲဒီတော့ သုံးလေးခေါက်လောက် တင်လိုက်ရတယ်ဗျာ
ကဲ အားလုံးဘဲ အသစ်အသစ်တွေ့ပြီး အဟောင်းအဟောင်းတွေကိုလည်း မမေ့ကြပါနဲ့ဦးလို့ ပြောရင်းဖြင့်.။ ငမိုးရဲ့
ဒီနေ့အတွက် လက်ဆောင်လေးပေးလိုက်တယ်နော်.။ ကျုပ်ရဲ့မတောက်တစ်ခေါက်ဆိုက်လေးသို့ လာရောက်ကြ
တဲ့ မိတ်ဆွေများ ရှာတတ်ဖွေတတ်အောင်လို့ ကျုပ်အနေနဲ့ မြန်မာ Website တွေရော English Site လေးတွေပါ
ထည့်သွင်းပေးထားပါတယ်.။ မိမိတို့ဟာ နည်းပညာလိုက်စားနေတဲ့ လူငယ်ရွယ်များဖြစ်တာကြောင့် ရှာတတ်ဖွေ
တတ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်.။ 
Google မှာလည်း ရှာဖွေနိုင်သလို  filecrop.com မှာလည်း ရှာဖွေနိုင်ပါတယ်.။ ရှာဖွေရေး အင်ဂျင်တွေကလည်း
အများကြီးပါဘဲ မြန်မာ့နည်းပညာဆိုက်တွေလည်း အတော်လေးပေါများလှပါတယ် ရှာရဖွေရတာ အလွယ်ကူဆုံး
ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်.။ အခြားသော နာမည်ကြီးဆိုက်များလောက် ကျုပ်ဆိုက်က မပြည့်စုံပေမယ့်
ဆိုက်လင့်တွေ သိပ်မမှတ်မိတဲ့ ကျုပ်အတွက် မိတ်ဆွေများအတွက် တစ်ဆိုက်ဝင်လိုက်တာနဲ့ အခြားသော နည်း
ပညာဆိုက်တွေကိုလည်း သွားရောက်လေ့လာနိုင်ဘို့အတွက် လင့်တွေ ဆိုက်လိပ်စာတွေ ထည့်သွင်းပေးထား
တာပါ.။ နည်းပညာဆိုက်တွေချည်း လေ့လာချင်တယ်ဆိုရင်တော့ ကျုပ်ကိုယ်တိုင် ပြုစုထားတဲ့ hlamin.blogspot.com ကို သွားရောက် လေ့လာမှတ်သားနိုင်ပါတယ်ဆိုတဲ့ အကြောင်းပါ ဒီနေရာလေးကနေ
အသိပေးပြောကြားလိုပါတယ်.။ ခေတ်လူငယ်တွေဖြစ်သည့်အလျှောက် ဒီလောက်တော့ ရှာတတ်ကြတော့မည်
ဟု ကျုပ်စိတ်ထဲမှာ ထင်မိမြင်မိတယ်ဆိုတဲ့အကြောင်း အသိပေးရင်းဖြင့်..
နည်းပညာ ဗဟုသုတများ တိုးပွါးနိုင်ကြပါစေနော်..။
နည်းပညာဆိုက်များ လေ့လာရန် 
Sunday, May 19, 2013
VZO Chat လို့ခေါ်တဲ့ အင်တာနက်ဗွီဒီယိုကော ဖုန်းလေး....
Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။ တကယ်တော့ VZO Chat ဆော့ဝဲ ဆိုတာ မြန်မာ Developer တွေ ရေးထားတဲ့ Program တစ်ခုပါ ။ ယခုအခါမှာ Android ဖုန်းအတွက်လဲ မြန်မာ Developer များ ထွက်ရှိပေးလို့ လာပါပြီ ။ VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည်   ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်လိုက်ပါ ။ www.vzochat.com ကိုလဲ www.t3.conferen.do/en/ သို့ အမည်ပြောင်းလိုက်ပါပြီ ။ သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ """" မူရင်းဆိုက်ရဲ့ အပေါ်နားမှာ နိုင်ငံအလံတွေပြထားပါတယ် နှိပ်လိုက်ပြီး ကြိုက်တဲ့နိုင်ငံ အလံကိုရွေးလိုက်ပါ ဆိုက်ကို Language ပြောင်းပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ။ မြန်မာအလံကိုနှိက်လိုက်ရင် မြန်မာဘာသာနဲ့လေ့လာနိုင်ပါတယ် တိုက်ရိုက်သွားချင်ရင်တော့ ဒီမှာနှိပ်ပါ http://t3.conferen.do/my/ VZO ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ ။
PC အတွက် VZO ဆော့ဝဲကိုတော့ ဒီမှာနှိပ်၍ သွားရောက်ဒေါင်းယူပါ ။
Android အတွက် VZO ဆော့ဝဲကို ဒီမှာနှိပ်၍ Play Store သို့ သွားရောက်ဒေါင်းယူပါ ။
Play Store ဝင်မရသော သူများကတော့ ဒီမှာနှိပ်၍ ဒေါင်းယူပါ ။
website နှင့် VZOchat application တို့ကို မွမ်းမံပြင်ဆင်ကာ နောက်ဆုံးပေါ် version အနေဖြင့် ဂုဏ်ယူ ၀မ်းမြောက်စွာ တင်ဆက်ပေးလိုက်ပါပြီ။ ယခုအချိန်မှစပြီး ၀န်ဆောင်မှုကို မြန်မာဘာသာဖြင့် မြင်တွေ့နိုင်ပါ ပြီ။
အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိပါလျှင် ကျွန်ုပ်တို့အားလွတ်လပ်စွာဆက်သွယ်ပြောဆို ပြင်ဆင် ပေးနိုင်ပါ တယ်ခင်ဗျား။ ကျေးဇူးတင်ပါ တယ် ခင်ဗျား။
ဒါလေးကို http://freemobilesharing.blogspot.com ဒီလင့်က ကူးလာတယ်..။
ဖုန်းဆော့ဝဲများ ဒေါင်းရန် ဒါလေးကတော့ ကိုယ်တိုင်တင်ထားတာလေးပေါ့..။
{ လေးစားစွာဖြင့်၊ VZOchat အသင်း }
www.vzochat.com
www.conferendo.com
www.facebook.com/conferendo
Wednesday, May 15, 2013
PC for Viber ကွန်ပျူတာအတွက် Viber Software
ကဲဗျာ ကွန်ပျူတာအတွက် Viber Software လေးပါ ကျုပ်တော့ မတင်တော့ဘူးနော် မူရင်း Viber ဆိုက်လေးမှာဘဲ ဒေါင်းကြပါတော့။ ကျုပ်ခုတစ်လော ကံမကောင်းဘူးဗျာ.။ ဖုန်းဒုက္ခဖြစ်ပြီးတော့ ခု ကွန်ပျူတာကို ကူးလာပြီ.။UPS က အခြေအနေမကောင်းဘူး ညက သုံးပြီးတော့ ပိတ်ထားလျှက်နှင့် မနက်အိပ်ယာနိုးတော့ တီ တီ တီ နဲ့ မြည်နေလို့ ပါဝါပိတ်တာလည်း အဆင်မပြေဘူး ဒါနဲ့ ကျောက်လှည့်နဲ့ ဖွင့်ဆုတ်ဆက်ခတ်ပြီးတော့ ဘက်ထရီးကြိုးကို ဆွဲဖြုတ်လိုက်မှ အသံမြည်တာ ရပ်သွားတော့တယ်ဗျာ..။ ခုလောလောမှာလည်း အဆင်မပြေလှဘူး ဒါလေးရေးနေရင်း တန်းလန်းနဲ့ ပြုတ်ပြုတ်ကျနေတာ ခုတော့ အဆင်ပြေအောင် ဘက်ထရီကြိုးဖြုတ်ပြီး လုပ်ထားရတယ်ရေရှည်အတွက်တော့ မကောင်းဘူးပေါ့.။   လောလောဆယ်တော့ အဆင်ပြေအောင် ကြံဖန်နေရတာဘဲဗျာ..။ အားလုံးဘဲ ကွန်ပျူတာ မကောင်းတဲ့ ဒုက္ခမှ ကင်းလွတ်ကြပါစေ...။ ကျုပ်ဟိုနေ့ညက ပြောင်လှောင်ရေးထားတာ မို့လား မသိဘူးဗျာ ကွန်ပျူတာက ကျုပ်ကို အသစ်ဝယ်ခိုင်းနေတာနဲ့ တူပါရဲ့ မတတ်နိုင်သေးဘူးဗျာ အဟောင်းလေးကိုဘဲ အကောင်းလေးလုပ်ပြီး နှိပ်စက်ရဦးမှာဘဲ...။ အားလုံး မိုးအေးအေးနဲ့ ကွေးနိုင်ကြပါစေလို့....
Saturday, May 11, 2013
Tango For Pc 11MB ကွန်ပျူတာနဲ့ သုံးမယ်
Tango ကို ကွန်ပျူတာမှာလည်း အသုံးပြုလို့ရနေပါပြီ မသိသေးတဲ့ သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် အကောင့်လုပ်နည်းကတော့ Viber နဲ့တူတူပါဘဲ ဖုန်းမှာလည်း Tango ရှိရပါမယ် ကွန်ပျူတာမှာ သုံးဖို့အတွက် ဖုန်းမှာအသုံးပြုခဲ့တဲ့ ဖုန်းနံပါတ်ကို ထည့်ပေးရပါမယ် ပီးတော့ ဖုန်းမှာ အင်တာနက်ဖွင့်ထားပါ Tango ထဲကို မက်ဆေ့ဝင်လာပါမယ် ၀င်လာတဲ့ မက်ဆေ့ထဲက ကုတ်ကို ကွန်ပျူတာက Tango မှာထည့်လိုက်ရင်  ဖုန်းထဲမှာအတိုင်း သူငယ်ချင်းတွေတစ်ပါတည်းမြင်ရမှာဖြစ်ပါ တယ် အသုံးပြုမယ်ဆို အောက်ကလိပ်စာမှာရယူနိုင်ပါတယ် ဒါလေးကတော့ အမျိုးကောင်းသာကပါ.။ 
စမ်းသုံးကြည့်ရအောင်လို့ လင့်လေး မှတ်လာတယ်ပေါ့ဗျာ..ကောင်းလေမလားလို့ပေါ့..။ သူများတွေ သုံးနေ
ကြတာတော့ ကြာရောပေါ့ သို့ပေမယ့် ကိုယ်တိုင်တော့ မသုံးစမ်းကြည့်မိသေးဘူး...ကွန်ပျူတာ လက်တော့
သမားများအတွက်ပေါ့ Desktop သမားတွေလည်း သုံးလို့ ရပါတယ်..။ အားလုံး အဆင်ပြေကြပါစေ...
Thursday, November 22, 2012
imo နဲ့ အင်တာနက်ဖုန်း gmail/ facebook / Yahoo/ အကောင့်နဲ့ ကမ္ဘာတစ်ဝန်းသို့ ဖုန်းပြောရအောင်
ကဲဗျာ မရှင်းမှာစိုးလို့ ထပ်ပြီးရှင်းပြလိုက်ပါတယ်။ ရှုတ်သွားမလားတော့မသိဘူးနော်။ ပုံလေးတွေကြည့်ပြီး
တော့ လုပ်ရှားရမှာဘဲဗျာ။ လွယ်ပါတယ် ကြွားလိုက်ဦးမယ် ဒို့မန္တလေးကတော့ လက္ဖက်ရည်ဆိုင် တော်တော်
များများမှာ အင်တာနက်တွေ အခမဲ့လွင့်ပေးနေတယ်။ ဒါကြောင့် မိမိတို့မှာ Tablet/ Android/ ဖုန်းတို့နဲ့ လက္ဖက်ရည်ဆိုင်ကနေပြီးတော့ ကြိုက်တဲ့နိုင်ငံကမိတ်ဆွေတွေကို လက္ဖက်ရည်လေးသောက်ရင်း မုန့်လေး
စားရင်း ဘောပွဲလေးကြည့်ရင်း ဖိုက်တင်ကားလေးကြည့်ရင်းနဲ့ အင်တာနက်ဖုန်းဘဲပြောပြော gmail ဖုန်းဘဲ
ပြောပြော facebook ဖုန်းဘဲပြောပြော စိတ်ကြိုက်ပြောဆိုဆက်သွယ်နိုင်အောင် ကိုယ်သိထားတာလေးကို
ဝေမျှလိုက်ပါတယ်နော်။ မသိသေးသူများအတွက်ပေါ့ဗျာ။ သိပြီးသူများလည်း တွင်တွင်ကျယ်ကျယ်သုံးကြ
ပေါ့ဗျာ။ ကဲအောက်ကပုံလေးတွေကြည့်ရင် ရှင်းသွားမယ်။ မျက်စိထဲကွင်းကွင်းကွက်ကွက်ပေါ်လာမယ်။
မရှင်းရင်လည်း ရှင်းအောင် ကြိုးစားပြီးလုပ်ပေါ့ဗျာ။
 ကဲ စမ်းသပ်လုပ်ကြည့်ခြင်းဖြင့် အသိပညာရယူပါတော့ဗျာ။ imo Software လေးကို အောက်မှာ ဒေါင်းလော့
ချလိုက်ပါကွယ်။
ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။
♣♣♣♣  Download imo app  ♣♣♣♣
Tuesday, November 20, 2012
imo နဲ့ ပြည်တွင်းပြည်ပသို့ ဖုန်းပြောရအောင်
ကမ္ဘာကြီးရဲ့ဘယ်နေရာဘဲ ရောက်နေရောက်နေ internet ရှိတဲ့နေရာမှန်သမျှ imo နဲ့ဖုန်းပြောနိုင်ပါတယ်။ အင်တာ
နက်အသုံးပြုသူတိုင်း gmail အကောင့်တစ်ခုတော့ မြန်မာပြည်သားများရှိကြပါတယ်။ facebook အကောင့်လည်း
အတော်များများ အသုံးပြုကြပါတယ်။ ကဲကိုယ့်မှာ gmail အကောင့်တစ်ခုရှိရင် မိမိတို့ဟာ အမေရိကရောက်နေတဲ့
မိမိတို့ရဲ့ မိတ်ဆွေများနဲ့လည်းစကားပြောနိုင်ပါတယ်။ Android ဖုန်း တစ်လုံးပိုင်ဆိုင်ထားသူများအတွက်သာဖြစ်ပါ တယ်။ ကဲအသုံးပြုပုံလေးစလိုက်ရအောင်ဗျာ။ ပထမဆုံး imo ဆိုတဲ့ ဆော့ဝဲလေးကို ဒေါင်းပြီး install ပြုလုပ်လိုက်
ပါ။ ပြီးရင် မိမိတို့ရဲ့ gmail အကောင့်သော်၎င်း facebook အကောင့်သော်၎င်းဝင်လိုက်ပါ။ နှစ်ခုလုံးလည်း ၀င်လို့
ရပါတယ်။ ကဲဒီနှစ်မျိုးအသုံးပြုနည်းဘဲပြောတော့မယ် ကျန်တာကတော့ သိလောက်ပြီ။ကိုယ် voice call ခေါ်မည့် သူမှာလည်း imo ကိုအသုံးပြုသူ ဖြစ်နေရပါမယ်။ gmail / facebook အကောင့်နှစ်ခုလုံးဝင်ပြီးပြီဆိုရင်တော့ မိမိရဲ့သူငယ်ချင်းတွေနဲ့ voice call ခေါ်လို့ရပါပြီဗျာ။ chat တင်လုပ်တာလည်း အရမ်းကောင်းတယ် ဓါတ်ပုံတွေကို
လည်း အပြန်အလှန်ပေးပို့လိုရပါတယ်။ မိမိတို့ရဲ့ဖေ့ဘုတ်အကောင့် ဂျီမေးအကောင့်ပွင့်လာပြီဆိုတာနဲ့ အွန်လိုင်း
မှာရှိသူထဲက imo အသုံးပြုသူတွေဟာ Call ပုံလေးပြနေပါတယ် ဒါဆိုရင်အဲဒီမိတ်ဆွေကို Voice Call ခေါ်လို့ရပါ
ပြီနော်။ ကျုပ်စာနဲ့ရေးပြတာထက် လက်တွေ့ဒီလိုလေးလုပ်ရတယ်ဆိုတာ ပြရတာကလွယ်ကူတယ်။ ကဲမရှင်းရင်
ပုံလေးကြည့်ပြီး လုပ်ရှားလိုက်တော့ဗျာ။ ကဲဗျာ ကျုပ်ရဲ့ဘော်ဒါတွေ imo သုံးပြီး ကျုပ်ဆီကို ဖုန်းဆက်နိုင်ပါပြီ။
မိမိတို့ရဲ့ အမေရိကရောက်နေတဲ့သူငယ်ချင်းတွေ စင်္ကာပူရောက်နေတဲ့သူငယ်ချင်းတွေကို gmail အကောင့်နဲ့ဖိတ်
ပြီး ဖုန်းပြောနိုင်သလို facebook မှာလည်းပြောနိုင်တယ်။ Skype တို့ Yahoo တို့ကတော့ ကျုပ်မသုံးတော့ မပြော
တော့ဘူး သုံးမှမသုံးတာကိုးဗျ။ မရှင်းတာများရှိသေးလား မရှင်းရင် နောက်တစ်ခါပေါ့ဗျာ။ ဖုန်းခေါ်ကြဦးနော်
ဖေ့ဘုတ်ကဘော်ဒါတို့။ ဂျီမေးက ဘော်ဒါတို့ ကျုပ်မှာ အင်တာနက်ဖုန်းတတ်ထားပေမယ့် imo မသုံးကြတော့
ဖုန်းကို မပြောရပါဘူးဗျာ။ ဖုန်းလေးပြောလာအောင်လို့ imo ရဲ့ကောင်းကြောင်းလေးရေးလိုက်တာပါ။ ဒါမှ ကိုယ့်
လူတွေ imo နဲ့ဖုန်းပြောကြမှာလေ။
 လက်ဖက်ရည်ဆိုင်က အင်တာနက်အခမဲ့သုံးပြီး ကမ္ဘာတစ်ဝန်းက မိတ်ဆွေတွေကို ဒီလိုဖုန်းပြောနိုင်တယ်ဆိုတဲ့
အကြောင်း စေတနာကောင်းနဲ့ ကျုပ်မိုးကောင်းကင် တင်ဆက်လိုက်ပါတယ်။ သဘောကျရင် လက်ခုပ်သံလေး
ကြားချင်တယ် ဖုန်းသံလေးကြားချင်တယ်။ ကဲ imo ဆော့ဝဲကို အောက်မှာ ဒေါင်းလော့ချပြီး install လိုက်ပါ။
ဒါပြီးရင် ဖေ့ဘုတ်အကောင့်တို့ ဂျီမေးအကောင့်တို့ ၀င်ကြပါတော့ဗျာ။ဆော့ဝဲတွေ လေးငါးခြောက်ခု တစ်ခါတည်း
တင်ပေးထားတယ်နော်။ ကျုပ်သဘောကျတဲ့ ရှယ်လေးတွေဘဲ။ တစ်ခါဆွဲရုံနဲ့ ပြည့်ပြည့်စုံစုံလေးရသွားမယ်။
ဓါတ်ပုံအခက်အခဲကြောင့် ပုံနဲ့ပြသတဲ့နေရာမှာ ကျုပ်သုံးတဲ့အတိုင်း ထပ်တူတော့မကျပါ။ ဒါပေမယ့် စမ်းသပ်ကြည့်
ပါ လွယ်လွယ်လေးပါနော်။ မိမိပြောလိုတဲ့ မိတ်ဆွေဟာ အွန်လိုင်းမှာလည်းရှိမယ် imo ဆော့ဝဲလည်းထည့်သွင်း
အသုံးပြုထားမယ် gmail facebook အကောင့်လည်း ၀င်ထားမယ်ဆိုရင် ဆက်သွယ်လို့ရပါပြီ။
♣♣♣♣   Download imo and All Software  ♣♣♣♣
♣♣♣♣ Download only imo   ♣♣♣♣