This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, June 30, 2014

အုန်းသာ အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနား ပုံရိပ်များ

အုန်းသာစံပြကျေးရွာနှင့် ဇီးခုန်နှစ်ရွာပေါင်း စုပေါင်းကျင်းပအပ်သော ဘုရားပွဲနှင့် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်
ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားကိုလည်းဘဲ ကိုမိုးအနေနဲ့ ဓါတ်ပုံလေးတွေနဲ့ မှတ်တမ်းတင်
ရိုက်ကူးထားပါတယ်..။ အဲဒါလေးတွေကိုလည်း ကိုယ့်ရဲ့ဆိုက်မှာ အမှတ်တရအနေနဲ့ သိုမှီးထားတယ်လို့ဆိုပါ
တော့ဗျာ။ ဒို့တစ်တွေဟာ မသေခင် မိမိတို့တတ်စွမ်းသမျှ ဒါနသီလဆောက်တည်ကြတဲ့ သူတော်ကောင်းတွေ
မဟုတ်ပါလား..။ ဒီတော့ မြတ်ဗုဒ္ဓရဲ့ ခက်ခဲနက်နဲလှတဲ့ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲဟာလည်း အမှန်
ကတော့ ဒါနပွဲသို့မဟုတ် ပူဇော်ပွဲ သို့မဟုတ် ဓမ္မသ၀န ဓမ္မဒေသနာ ဒဋ္ဌိဇုကမ္မ စတဲ့ ကောင်းလှမွန်မြတ်လှတဲ့
ပွဲတစ်ပွဲပါဘဲ..။ နောက်ပြီး ဘုရားရှင်တာဝတိံသာမှာ ဟောခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ထဲကဆိုရင်တော့ ပုည
ကြိယာဝတ္ထုဆယ်ပါးလိုပေါ့ဗျာ.။ ဒါန ၊ သီလ၊ ဘာဝနာ၊ အပစာယန၊ ဝေယျာဝစ္စ၊ ပတ္တိဒါန၊ ပတ္တာနုမောဒန၊ ဓမ္မသဝ
န၊ ဓမ္မဒေသနာ၊ ဒဋ္ဌိဇုကမ္မဆိုတဲ့အတိုင်းဘဲလေနော် ပုညကြိယာဝတ္ထုဆယ်ပါးလုံး အားလုံးပြည့်စုံနေလေတော့
အတော့်ကိုဘဲ ကုသိုလ်တရားကြီးမားလှပါတယ်.။ နောက်ပြီး ဘုရားရှင်တောင်မှ ဒီအဘိဓမ္မာဒေသနာတော်ထဲက
မှ ပဋ္ဌာန်းကျမ်းတော်ကြီးကို ဆင်ခြင်သုံးသပ်သည့်အခါမှ ဦးခေါင်းတော်မှ ရောင်ခြည်တော်ခြောက်သွယ် ကွန့်မြူး
တယ်ဆိုတာ ဗုဒ္ဓဘာသာဝင် အတော်များများ ကြားဖူးနားဝရှိတဲ့ တရားပဲမဟုတ်ပါလား..။




ဒီတော့ဗျာ ဒီလောက်ကောင်းမွန်လှတဲ့ပွဲကို အုန်းသာ ဇီးခုန်သားများအနေဖြင့် မိမိတို့ ကာယအားဥာဏအားဖြင့်
တတ်စွမ်းသမျှ ကြိုးစားအားထုတ်မှုလေးကို ကိုမိုးအနေနဲ့ အများပြည်သူ ၀မ်းမြောက်နုမော် သာဓုခေါ်အောင်
မလုပ်သင့်ဘူးလားဗျာ။ မိမိတို့ဖောင်းပြင်သားများအနေဖြင့်လည်း မိမိတို့ရဲ့ နယ်ပယ်က သတင်းတွေကို ကြားချင်
သိချင်ကြမှာဘဲလေ..။ ဖတ်ချင်ကြမှာဘဲ..ဒီတော့ ကိုယ့်နယ်သူနယ်သားတွေလည်း ရွှင်လန်းဝမ်းမြောက် မြန်မာ
လူမျိုးများပါမကျန် ပျော်ရွှင်ဝမ်းမြောက်ခြင်းတွေ ညီညွတ်မှုစည်းလုံးမှုတွေရဲ့ အသီးအပွင့်တွေကို မြင်တွေ့ရတော့
ဝမ်းသာကြလိမ့်မယ်လို့ ထင်ပါတယ်....။
  အညာသဘာဝကိုလည်း သိပါလိမ့်မယ် အညာသူအညာသားများဟာ ယေဘုယျအားဖြင့် ပညာအရည်အချင်း
နိမ့်ပါးတာတွေ့ရပါတယ်။ ဘာကြောင့်ဆို ခေတ်ဆိုး စနစ်ဆိုး ဂျပန်ခေတ် ကွန်မြူခေတ်တွေနဲ့ နေထိုင်ခဲ့ကြရတဲ့
ဒို့ဖောင်းပြင်သားများဟာ ပညာအမျှော်အမြင် နဲပါးသည့်အလျှောက် အချို့အရာတွေက ညှိယူရတာ ခက်ခဲပါတယ်.
အချို့သောသူတွေကလည်း ၀ါသနာဗီဇအရ အသိုင်းအ၀ိုင်း အဖွဲ့အစည်းနဲ့ လုပ်တဲ့နေရာမှာ အဖျက်သဘောတွေ
ဆောင်တဲ့ အပြုအမူတွေ လုပ်တတ်ကြတယ် ။ အဲဒါတွေကို နားလည်သဘောပေါက်ပြီးတော့ ဒို့တွေ ဘာတွေ
ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ရပ်မိရပ်ဖတွေနဲ့ စည်းဝေးပြီးတော့ ဒီလိုဝမ်းမြောက်စရာ အသံမစဲ မဟာပဋ္ဌာန်း
ပွဲကို ဖြစ်အောင်လုပ်ခဲ့ကြရတာပါ...။ တောသူတောင်သားများဆိုတော့ ငွေကြေးအရလည်း ချို့တဲ့ကြတယ်လေ..။
ဒီတော့ မိမိတို့တတ်စွမ်းသမျှနဲ့ မိမိအတွက် ဘာသာသာသနာအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်လေး
ကြိုးစားခဲ့တာကိုဘဲ ဂုဏ်ယူနေရတာပါ...။ ဒီလိုအောင်မြင်ဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူး မတူညီတာတွေ
အမြင်မတူတာတွေကို ညှိယူကြရတယ်..။ အများနဲ့လုပ်တဲ့ လုပ်ငန်းဖြစ်သည့်အလျှောက် အများနားလည်အောင်
အများက လက်ခံအောင် လုပ်ဆောင်ကြရတဲ့လူများအနေဖြင့်လည်း အတော်လေးပင်ပန်းကြရပါတယ်..။ ဒီလို
အပင်ပန်းခံရပေမယ့်လည်း သူတို့အတွက်ကတော့ မှတ်တမ်းအနေနဲ့ မကျန်ခဲ့ပါဘူး ။ ခုတော့ ဘလော့ကာရူး
မိုးကောင်းကင် နဲ့ တွေ့တော့မှ ဒီအကြောင်းအရာ အနဲအကျဉ်းကို ချပြလို့ မြင်တွေ့ကြရတာမဟုတ်လား...။
ကဲဗျာ ဘာဆိုဆို ဒုတိယ နှစ်ကြိမ်မြောက်တော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားလို့ ရွာသူရွာသားတွေလည်း
ဝမ်းမြောက်နေကြပါတယ်..။ ဒီလိုကောင်းမှုမျိုးဆိုတာ မိမိနေထိုင်ရာ ရပ်ရွာရဲ့ ညီညွတ်မှု စည်းလုံးမှု သိပ်ကိုလို
အပ်ပါတယ်။ ဒီနေရာမှ မဟုတ်ပါဘူး စည်းလုံးမှုဟာ နိုင်ငံရေး ဘာသာရေး လူမှုရေး စသဖြင့် များစွာသော
နေရာတွေမှာ လိုကို လိုအပ်ပါတယ်လို့ ပြောရင်းဖြင့်.............












 အားလုံးသော သူတော်စဉ်များ ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေ.........
ဗုဒ္ဓဘာသာ သူတော်စဉ်များအနေဖြင့် မိမိတို့ဘာသာ သာသနာအပေါ် ချီးမြောက်ထောက်ပံ့နိုင်သော
ယောက်ျားကောင်း ယောကျာ်းမြတ် မိန်းမကောင်းမိန်းမမြတ်များလည်း ဖြစ်ကြပါစေ....လို့
ဆုပေးရင်း........ကိုမိုးရဲ့ ၁၃၇၆ နှစ် 2014 အမှတ်တရလေးကို..........ကြည်ပြီး အားရကျေနပ်ကြလိမ့်မယ်လို့
ထင်ပါတယ်..............


အုန်းသာ အသံမစဲ မဟာပဋ္ဌာန်းပွဲအတွက် ကြိုတင်ပြင်ဆင်နေကြတဲ့ အုန်းသာသူ လှပျို ဖြူ လေးများအတွက် အမှတ်တရ

အုန်းသာရွာတွင် ဒုတိယအကြိမ်မြောက်ကျင်းပခဲ့တဲ့ အသံမစဲ မဟာပဋ္ဌာန်းပွဲမှ အခမ်းအနားပြင်ဆင်ရေးအတွက်
လုပ်အားပေးနေကြတဲ့ သူများကိုလည်း ကိုမိုးအနေနဲ့ မှတ်တမ်းတစ်ခုအနေနဲ့ တင်ပေးလိုက်ပါတယ်။ သူတို့တွေ
ရဲ့ ညီညွတ်စွာဖြင့် ပြုလုပ်ခဲ့ကြမှုကြောင့် ဒုတိယအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းပွဲဟာ အောင်အောင်မြင်မြင်
နဲ့ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်..။ ဘုရားပွဲကို အစပိုင်းမှာတော့ တပို့တွဲလဆန်းတစ်ရက်မှာ ကျင်းပလေ့ရှိပါတယ်.။
ခုတော့ ဘုရားပွဲနဲ့ ပဋ္ဌာန်းပွဲတွဲလုပ်တာဆိုတော့ လဆန်းသုံးရက်နေ့ကို ပြုလုပ်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဒုတိယ
အကြိမ်တုန်းကတော့ ဒုတိယအကြိမ်မို့ ( ၅ ) ရက်တိုင်တိုင် ကျင်းပြခဲ့တာပါ။ ယခုနှစ်မှာတော့ဖြင့် (၇) ရက်ကျင်း
ပမှာပါ..။ နောက်နောင်နှစ်တွေဆိုရင်တော့ အဆင်ပြေသလိုပေါ့ဗျာ..။ ဘုရားကတော့ တည်ထားတာ သိပ်မကြာ
သေးပါဘူး ၁၃ နှစ်လောက်ဘဲ ရှိပါသေးတယ်။ သို့သော်လည်း ရှေးဟောင်းဘုရားတွေ ပြိုကျပျက်စီးနေတဲ့ ဘုရား
တွေ အဲဒါတွေကို ဖြိုဖျက်ပြီးတော့ အသစ်တည်ထားတဲ့စေတီငယ်လေးပါ..။ ရွာအ၀င်မှာ ကြည့်လိုက်ရင် မြင်ကွင်း
လေးက ကြည်နူးစရာ မြင်ကွင်းလေးပေါ့ဗျာ..။ ခုဆို ညနေဆည်းဆာမှာ အုန်းသာသူပျိုဖြူမေ တစ်သိုက်ကလည်း
ဘုရားဖူး ညောင်ရေလှူ နဲ့ တစ်ကယ့်ကို ရွာရဲ့ကျက်သရေ ဆောင်နေပါတယ်..။ တစ်ကယ်ပါ...မရောက်ဖူးရင်
တစ်ခေါက်တစ်ခါ အရောက်သာ လှမ်းလာခဲ့ပေါ့...။ ပျော်စရာလည်းကောင်းပါတယ်...ကဲဗျာ ခုတော့ အုန်းသာသူ
ပျိုမေတစ်သိုက်တို့ရဲ့ ပဋ္ဌာန်းပွဲမှာ အားခဲပြီး လုပ်အားပေးနေပုံတွေကို မြင်တွေ့ရမှာပါ..ကြည်နူးဝမ်းသာလိုရင်ဖြင့်..
အောက်မှာ ကြည့်ရှုကြည့်ပါလေ....


 ဓါတ်ပုံများလွန်းရင် ဆိုက်လေးတာမို့ ခုတော့ လေးငါးပုံလောက်ဘဲ တင်လိုက်တယ်ကွယ်...နောက်မှ ဆက်တင်မယ်လေ...





 အားလုံးဘဲ ရွှင်လန်း ၀မ်းမြောက် သာဓုခေါ်နိုင်ကြပါစေ...........


Sunday, June 29, 2014

ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာ ( အောင်ရင်ငြိမ်း )

အောင်ရင်ငြိမ်းရဲ့ ရိုမန်းဘော့ထ်တွေရဲ့ ကမ္ဘာဆိုတဲ့ စာအုပ်လေး တစ်နေ့ကတည်းက ရထားပါတယ်.။ ကောင်းမ
ကောင်း အစလေးတော့ ဖတ်ဖြစ်တယ် အကုန်လုံးတောင် မဖတ်ရသေးဘူးဗျာ။ ကောင်းမကောင်း သိရအောင်
ဖတ်များ ဖတ်ချင်ကြမလားလို့ပေါ့ဗျာ..။ နာမည်ကတော့ အတော်ကြီးနေတာဘဲ..အပုတ်နံ့တော့ နံတယ်ဗျ..။ အဒီ
အပုတ်ကြောင့်ဘဲ ဒုက္ခရောက်နေတာ သို့မဟုတ် အဒီအပုတ်ကြောင့်ဘဲ လူတွေ ပျော်နေကြတာ..။ သားတွေ သမီးတွေ ဖြစ်တည်လာတာပေါ့..။ ဒီအပုတ်နံ့က ခုမှ မဟုတ်ဘူး လူသားတွေမှ မဟုတ် သတ္တ၀ါမှန်သမျှ ဖြစ်နေတဲ့ အပုတ်နံ့လေ.။ ကဲ ဘာတွေများ ရေးထားလို့ ဘာလို့ ဒီလောက်တောင် နာမည်ကြီးနေရသလဲဆိုတာကတော့
မိမိကိုယ်တိုင် ကြည့်ရှုပြီး ဝေဖန်ဆုံးဖြတ် သုံးသပ်ကြရမှာဖြစ်ပါတယ်ဗျာ...။

Saturday, June 28, 2014

Katy Perry - Dark Horse (Official) ft. Juicy J

ခုကိုမိုးသဘောကျတဲ့ သီချင်းလေးကို ရှယ်ပေးလိုက်ပါတယ်ဗျာ။ ဘာလဲဆိုတော့ ဒီသီချင်းလေးက အတော်လေး
ကို ကြိုးစားထားတဲ့ သီချင်းလေးပါ..။ ကြည့်ရတာ အလွန်ကောင်းပါတယ်..။ သီချင်းကတော့ ဒို့မြန်မာတွေလိုပါဘဲ
သမိုင်းနောက်ခံသီချင်းပါ..။ ကြည့်ချင်ကြမလားလို့ တစ်ကယ်သရုပ်ဆောင်ရော အဆိုရော စပါယ်ရှယ် ကောင်းတဲ့
သီချင်းမို့ အခမဲ့ ကြော်ငြာလိုက်တာပါ..။ စိတ်ဝင်စားရင် ကြည့်နိုင်ပါတယ်...။ မနေ့ကမှ တင်တဲ့သီချင်းထင်တာဘဲ
ဗျာ အီးမေးထဲလှမ်းပို့ထားလို့ ကြည့်လိုက်တော့ အကြိုက်သီချင်းလေးဖြစ်နေတယ်..။

Wednesday, June 25, 2014

ရာဇမုနိပရိယတ္တိစာသင်တိုက်သို့ အုန်းသာသူ အုန်းသာသားများနှင့် ဆွမ်းဆက်ကပ်ခြင်း အမှတ်တရပုံများ

ကဲ ကိုမိုးအညာပြန်တုန်းက ရာဇမုနိပရိယတ္တိသို့ ဆွမ်းကပ်ရောက်ဖြစ်ခဲ့တယ်ဆိုပါတော့။ အုန်းသာရွာသူ ရွာသား
တွေကတော့ စာသင်တိုက်ကို တစ်နှစ်ကို သုံးကြိမ်လောက် ဆွမ်းကပ်သွားဖြစ်ကြတယ်လေ..။ သို့သော်လည်းဘဲ
ခုလို အင်တာနက်ပေါ်တင်ပေးမယ့်သူက မရှိတော့ အင်တာနက်ပေါ်မှာ မမြင်တွေ့နိုင်ဘူးပေါ့ဗျာ။ ဘလော့ကာ အရူး မိုးကောင်းကင် ဖောင်းပြင်နဲ့တွေ့မှ နက်ပေါ်ကို ရောက်လာတော့တာပေါ့..။ တစ်ကယ်ပါ အုန်းသာသူ အုန်းသာသားတွေဟာ ရိုးသားကြိုးစား စေတနာကောင်း စိတ်ကောင်းရှိသူလေးတွေမို့ တစ်ကယ်ချစ်စရာကောင်း
ပါတယ်။ အုန်းသာမှ မဟုတ်ပါဘူး ဖောင်းပြင်သားများဟာ ရိုးသားကြတယ် ပွင့်လင်းကြတယ်..။ စေတနာလည်း
ကောင်း စိတ်ကောင်းလည်းရှိကြတဲ့ လူမျိုးတွေပါ..။ အခက်အခဲဖြစ်နေတာတွေ့ရင် လက်ပိုက်ကြည့်မနေတတ်တဲ့
လူမျိုးတွေလည်း ဖြစ်ပါတယ်.။ ( ကဲ ဒါတွေထားပါတော့ အုန်းသာကတော့ စာသင်တိုက်ရှိ သံဃာတော်တွေများ
အတွက် ကောက်ကြီးပေါ်ရင်လည်း ဆွမ်းကပ်တယ်.။ (2) တစ်ပေါင်းလလောက်မှာ တစ်ခါ ဆွမ်းကပ်တယ်..။
(3) ၀ါဆိုဦး မြစ်တွေပေါ်ချိန်မှာလည်း ဆွမ်းကပ်ကြပါတယ်..။ မှော်ထဲက ငွေအဆင်ပြေတဲ့သူများက ဆွမ်းကပ်
ချင်တယ်ဆိုရင်လည်း ရွာသူရွာသားများနှင့် ပူးပေါင်းပြီးတော့ ဆွမ်းကပ်ကြပါတယ်...။ ရွာမှာကတော့ ဆွမ်းကပ်
တာနဲ့ ပတ်သက်လို့ကတော့ အမေကြီး စိန်မြင့်ကနေပြီး ဦးဆောင်ပြီးတော့ ဆက်ကပ်တာကတော့များတာပေါ့..။
တစ်ဆက်တည်းမှာဘဲ ဖောင်းပြင်မြို့ ရာဇမုနိ စာသင်တိုက်ကို တစ်နှစ်ကို ဆန်အိတ် အလုံး (60) လောက် လှူ
ဖြစ်ပါတယ် ကောက်ကြီးပေါ်ချိန်တွေမှာပေါ့ ဆန်အိတ်တွေ များလာပြီဆိုရင် စာသင်တိုက်ဆရာတော်ကို ပင့်ပြီး
တော့ ရေစက်ချ လှူဒါန်းပွဲလည်း နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့တာ အတော်ကြာပါပြီ အုန်းသာဆရာတော်ကြီး ဦးတေ
ဇ၀န္တ ရှိစဉ်ကတည်းကဆိုတော့ နှစ်ပေါင်း နှစ်ဆယ်နီးပါး ရှိခဲ့ပြီပေါ့ဗျာ...။ ကဲ ခုတော့ ဆွမ်းကပ်အမှတ်တရပုံလေး
တွေ အောက်မှာ ကြည့်ရှုသွားပါဦး အုန်းသာက အချောအလှလေးများ မြင်ဖူးအောင်ပေါ့...ဆွမ်းကပ်ဆိုတော့
ရွာထဲက ကွမ်းတောင်ကိုင် အားလုံးတော့မပါဘူးပေါ့ကွယ်....



 ရာဇမုနိစာသင်သားများအား ဆွမ်းလောင်းလှူနေပုံပေါ့ကွယ်.........

 ဆွမ်းမလောင်းခင် သံဃာတော်တွေ သပိတ်ကိုယ်စီပိုက်ပြီး စီတန်းနေပုံများ..


အုန်းသာသူ ပျိုမေများ စေတနာကောင်းဖြင့် ဆွမ်းလောင်းလှူရန် အသင့်အနေအထားပေါ့


ကဲဗျာ ဒါကတော့ ရာဇမုနိစာသင်တိုက်ရှိ သံဃာတော်များ ဆွမ်းဘုန်းပေးနေပုံနှင့် အမေကြီး စိန်မြင့်မှ သံဃာတော်များ ဆွမ်းကွမ်းအဆင်ပြေစေရန် ကိုယ်တိုင် ကြည့်ရှုပြီး လိုအပ်နေတာများ မှာကြားနေပုံပေါ့

 ဆောင်းတွင်းမှာ နေရောင်ထိုးထားတော့ နေရောင်အလင်းဝင်လို့ ပုံကတော့ မကြည်လင်လှဘူးကွယ်..


 ကဲဗျာ ရွာသားတွေကတော့ ကိုယ်စီ ဟင်းချိုင့်ကိုင်ပြီးတော့ ဟင်းလိုက်နေပုံပေါ့...

 ဒီကျောင်းငယ်လေးကတော့ ဆရာတော် ဦးတေဇနိယ သီတင်းသုံးတဲ့ နေရာကျောင်းငယ်ပေါ့ဗျာ...


အားလုံးသော မိတ်သဟာအပေါင်း ကုသိုလ်အဖို့ကို အမျှပေးဝေပါ၏...အလုံးအမျှရပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း
ဝမ်းမြောက်နိုင်ကြပါစေ...........စာသင်တိုက် ဆွမ်းကပ် အမှတ်တရ...ဘလော့ကာ ကိုမိုး..

မိုက်နောင်တ (တေးဆို=ဟိန်းဇော်) ၀တုတ်လေး


မိုက်နောင်တနှင့် ၀တုတ်လေးသီချင်း နားထောင်ဖူးကြလား ကိုမိုးကတော့ ခုမှနားထောင်ဖူးတာ ကောင်းလို့ တင်လိုက်တယ်ဆိုပါတော့။ သီချင်းကတော့ တစ်ကယ်ကောင်းတယ်နော်..။ မှတ်သားစရာတွေချည်းပါဘဲ..။
အဆိုတော်ကလည်း ကလေးအဆိုတော်ပေါ့ဗျာ။ သူ့အမည်က ဟိန်းဇော် အညာသားပေါ့ဗျာ။ အညာမှာမွေးတဲ့
ကိုမိုးလည်း အညာသီချင်းအေးအေးလေးတွေလည်း ကြိုက်ပါတယ်။ DJ တွေလည်း ကြိုက်ပါတယ် ကဲခုတော့
အညာသား မြို့ကြီးသားတွေအတွက် အဖြစ်များတဲ့ မိုက်နောင်တတွေ မဖြစ်ရလေအောင် သူက ဘယ်လိုများ
သီဆိုပြီးတော့ ဘယ်လိုများပြသွားသလဲ ပညာပေးသလဲဆိုတာ သိချင်မှာပေါ့ သိချင်ရင် ဒီတိုင်းမရဘူး ကြည့်
မှ မြင်ရမယ်..။ ကြည့်မှ သိမယ် ဒီသီချင်းက တိုင်းပြုပြည်ပြုသီချင်းဆိုလည်းဟုတ်တယ် ဘာကြောင့်လည်းဆို
တော့ လူငယ်တွေမပြက်စီးသင့်တာ မပျက်စီးအောင်ဆိုထားတဲ့ သီချင်းမို့ပါ..။ လူငယ်ဆို ကိုမိုးလည်း လူငယ်
ပါဘဲ မကြီးသေးပါဘူး..။ ကဲကဲ ပြောနေတာကြာတယ် ဆွဲလို့သာ ကြည့်လိုက်ပေတော့...အပြောမပို သဘော
နော် ချိုဆိုသလိုပေါ့....သီချင်းကလည်း ကောင်းမှကောင်းပေါ့...။




Tuesday, June 24, 2014

Korean Food ကိုးရီးယား အစားအစာ ချက်ပြုတ်ကြော်လှော်နည်း

ကိုးရီးဇာတ်လမ်းတွဲတွေ ကြည့်ကြတဲ့ မမအပျိုကြီးများနှင့် ချစ်နှမလေးများအတွက် မိမိအိမ်မှာဘဲ ကိုးရီးယားအစား
အစာ ချက်ပြုတ်ပြီး စားသောက်ချင်တယ်ဆိုရင်တော့ ဒါလေးဖတ်ပြီးတော့ လှုပ်ရှားလိုက်ပါ..။ ကိုးရီးယား ကင်ချီ
တို့လိုပေါ့ သူတို့နိုင်ငံမှာတော့ ဘာကြောင့်များ ဒါကိုအစွဲစားနေကြတယ်မသိ ကိုမိုးတော့ အဲဒီကင်ချီဆိုတာကို သိပ်မကြိုက်ဘူးဗျ အခြားသော ကိုးရီးယားအစားအစာလေးတွေတော့ ကြိုက်တာလည်း ကြိုက်တယ်ပေါ့ဗျာ။ ကဲ
ချက်ဖို့ ပြုတ်ဖို့တော့ နည်းလမ်းတွေပေးနေပြီ ချက်ပြီးပြုတ်ပြီးရင်လည်း ဖုန်းလေးနဲ့ လှမ်းတော့လိုက်ဦးဟေ့..။ စားတာကတော့ စားတတ်တယ် ချက်တော့ မချက်တတ်ဘူး..။ အပျင်းချင်းပြိုင် ဘယ်သူနိုင်ဆိုသလိုဘဲ ၀ါသနာကို
မပါတာ ချက်ရတာပြုတ်ရတာကိုပေါ့..။ ငယ်ငယ်ကတော့ စိတ်တိုပြီး အမေနဲ့ အိုးစားခွဲစားမယ်ဆိုပြီး ထမင်းချက်
တာ ကိုမိုးကတော့ ထမင်းပြော့တူးမနှပ်နဲ့ စားခဲ့ဖူးတယ်..။ ကိုယ့်ညီကတော့ အချက်အပြုတ် ၀ါသနာပါတယ်။ ကိုမိုးကတော့ ငယ်ငယ်ကတော့ ဟင်းရှာကတော့ ဖြစ်ပါတယ်။ အမေကတောင် တစ်နပ်စားဥာဏ်ဘဲ တတ်တယ်
လို့ ပြောခံရဘူးတယ်။ ခုလည်း ဒီလိုဘဲလားမသိပါဘူးဗျာ...။ ကဲ ပြောနေတာကြာတယ်.. ကိုးရီးယား အစားစာ
ချက်ပြုတ်နည်းစာအုပ်လေး တင်ပေးလိုက်ပြီ။ ရွာမှာဆိုရင်တော့ဖြင့် ကိုယ့်တပည့်မလေးတွေကို စာအုပ်ပေးချက်
ခိုင်းလို့ ရတာပေါ့ ဒီမှာတော့ လိုင်းပေါ်မှာကလည်း ကိုယ့်အသိလည်းမရှိ ခိုင်းစရာလူမရှိလေတော့ ဖြစ်သလို
ကြက်သွန်နီဟင်းလေးနဲ့ နှစ်ပါးသွားရပေဦးမည်..............။

မိသားစု နေ့စဉ်သုံး ဟင်းချက်နည်း

မိသားစုနေ့စဉ်သုံး ဟင်းချက်နည်းဆိုတဲ့ စာအုပ်လေးလည်း ထပ်ပြီးတော့ တင်ပေးလိုက်ပြန်တယ်။ အထူးသဖြင့်
တော့ ကိုယ့်နှမလေးများ ဟင်းချက်တတ်အောင်လို့ပါ..။ ဟင်းချက်ထမင်းချက်ဆိုတာ မိန်းကလေးတွေရဲ့ အလုပ်
တစ်ခုလို ဖြစ်နေတယ်မဟုတ်လား..ဒီတော့ တတ်အပ် တတ်ထားသင့်တဲ့ နည်းပညာတွေပေါ့.။ ထမင်းချက်တာ
ဟင်းချက်တာကလည်း နည်းပညာတစ်ခုဘဲလေ..။ ဟင်းမချက်တတ်ဘူးဆိုသူ တစ်ယောက်ဟာ ကြက်သားဟင်း
ဘယ်လိုချက်ရမလဲ ဘာတွေထည့်သင့်တယ် ဘာလေးနဲ့ ရောက်ချက်ရင်ကောင်းမယ်ဆိုတာ သိပါ့မလား ဒီတော့
သိထားတတ်ထားမှသာလျှင် ကောင်းမယ်မဟုတ်ပါလား..။ များသောအားဖြင့်တော့ ဟင်းချက်တတ်ပါတယ်။ သို့
သော် မကျွမ်းကျင်တာတစ်ခုဘဲ ရှိမယ်ပေါ့ဗျာ..။ အပေါ့အငံ မကိုက်တာရယ် နောက်ပြီး မိသားတစ်စုစာလောက်
တော့ ချက်တတ်တာများတယ် အလှူပွဲကြီးတွေနဲ့ကြတော့ မချက်တတ်တာတွေလည်း တွေ့မိတယ်လေ..။ ကဲဗျာ
ဘာဆိုဆို ချက်တတ်ပြုတ်တတ်တော့ ကောင်းတာပေါ့..ဟုတ်ဘူးလား...။

ဖွယ်ဖွယ်ရာရာ ဟင်းချက်နည်းများ သိလိုရင် ဒီစာအုပ်လေးဖတ်

ကဲ ကိုမိုးလည်း ဟင်းချက်ကလည်းပျင်းပျင်း ထမင်းချက်ကလည်းပျင်းပျင်းဆိုတော့လည်း သူများကို ဟင်းချက်ပုံ
ချက်နည်းတွေ နည်းပေးလမ်းညွန်လုပ်ရတော့မှာပေါ့ဗျာ။ ကိုယ်ကိုတိုင်ကတော့ စိတ်လည်းမ၀င်စား မီးအပူခံရမှာ
ကို ကြောက်နေတာနဲ့တင် မချက်ဖြစ်ပါဘူး ဖြစ်သလိုစားနေလိုက်တာဘဲ...။ သို့သော်လည်း အမှန်တစ်ကယ်
ပြောရရင် ဟင်းချက်တတ်ရုံနဲ့ ကြီးပွါးနိုင်တဲ့ လမ်းစတွေရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဟင်းချက်ကောင်း
တဲ့သူကို လူတိုင်းက နှစ်သက်လို့ပေါ့ ၀ယ်စားတဲ့ဆိုင်ချင်းတောင် လက်ရာကောင်းတဲ့ဆိုင်ကိုမှ အားပေးချင်ကြ
တာ မဆန်းပါဘူး။ ဒါကြောင့်ပြောတာပေါ့ကွ ဟင်းချက်တတ်ရင် ကြီးပွါးနိုင်တယ်လို့ စေတနာကလည်းကောင်း
ဟင်းချက် ထမင်းချက်ကလည်းကောင်း အပြောလေးကလည်းချိုဆိုရင် အိမ်မှာတောင် မစားချင်ဘဲ ဒီဆိုင်မှ ဒီဆိုင်
မဖြစ်နိုင်ဘူးလားဗျာ။ အဲဒါဘဲ...သူများတွေလို ကျောက်ကုန်သည် အမေရိကန် ဂျပန်ကိုးရီးယား မသွားနိုင်ပေမယ့်
ကိုယ့်မြေကိုယ့်ရေမှာ ထမင်းဆိုင်လေး တစ်ဆိုင်လောက်ဖွင့်နိုင်အောင်ကြိုးစားပြီး ဟင်းချက်နည်းလေးသာ ကျွမ်း
မယ်ဆို ကဲ ဘာပြောမလဲ....ချမ်းသာရောပေါ့..။ ကဲကဲ အပြောမများ သဘောတရားလေးနဲ့ နားလည် သဘော
ပေါက်ကြပေကုန်ရော့...စိတ်ပါရင် ဆွဲဖတ်...ကိုယ့်အတွက် ကိုယ်သိ....

မြန်မာ့ရှေ့ဆောင်ဘဏ်မှ Multicurrency VISA Card မိတ်ဆက်

မြန်မာ့ရှေ့ဆောင်ဘဏ်မှ VISA ကတ်ဖြင့် ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ၊ ယူရိုနှင့်စင်္ကာပူဒေါ်လာတို့ သုံးနိုင်
သော Multicrency VISA Travel Prepaid ၀န်ဆောင်မှုစနစ်ကို စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါဝန်ဆောင်မှုစနစ် မိတ်ဆက်ပွဲကို နိုဝင်ဘာလ 28 ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့
ခြင်းဖြစ်သည်။ အဆိုပါ VISA Card ကို ပြည်တွင်းတွင် အသုံးပြုနိင်မည်မဟုတ်ဘဲ ပြည်ပနိုင်ငံများသို့ ခရီးသွားချိန်
တွင် ငွေသားသယ်စရာမလိုရန် စီစဉ်ခြင်းဖြစ်ကြောင်း ပြည်ပနိုင်ငံများတွင်ရှိသော ATM နှင့် POS များတွင် အသုံး
ပြုနိုင်မည်ဖြစ်သည်။ အွန်လိုင်းငွေပေးချေမှုတွေ အတွက်တော့ ပြည်တွင်းမှာ သုံးလို့ရမှာပါဟုပြောသည်။ VISA Card ကို အနည်းဆုံး ဒေါ်လာ200 မှ အများဆုံး ဒေါ်လာ 5000 အထိ ထည့်သွင်းအသုံးပြုနိုင်မည်။ လိုအပ်သူ များအနေဖြင့်..မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲများတွင် လျှောက်လွှာပုံစံများ ရယူလျှောက်ထားနိုင်မည်ဖြစ် ပြီး နှစ်ပတ်အ တွင်း ကဒ်ရရှိရန် စီစဉ်ပေးသွားမည်ဟု မြင်တွေ့ ကြားသိရသည်..။ ThchSpace ဂျာနယ်မှ အေ၀မ်းရဲ့သတင်းကို
အတိုချုပ် ရေးလိုက်သည်...။



Sunday, June 22, 2014

3D map Myanmar [Burma] မြေပုံကြည့်ဖို့ အတော်ကောင်း

ကဲ မြန်မာ့မြေပုံကို 3D Desing နဲ့ ကြည့်ရန် အတော်လေးကောင်းတယ်ဆိုတဲ့ 3D Map လေးကို တင်ပေးလိုက်
ပါပြီ။ ကြိုက်သူများ ဒေါင်းယူပြီးတော့ သုံးနိုင်ကြပါပြီခင်ဗျာ..။ ကဲ ဘယ်လိုလဲ ကိုယ်ဘယ်နေရာရောက်နေလဲ..။
ကိုယ်နေတဲ့မြို့နားမှာ ဘယ်မြို့တွေရှိနေသလဲ ဘယ်လိုပုံစံနဲ့ တည်ရှိနေသလဲ သိချင်ကြမှာပေါ့..။ သိချင်ရင် ဒီတိုင်း
နေလို့ သိလာမှာမဟုတ်ဘူး မြေပုံကြည့်မှသိမှာပါ..။ ဒီမြေပုံက အင်တာနက်လည်းရှိမှ ကြည့်လို့ ရမှာပါ..။ ရိုးရိုး
လေးတော့မရဘူးပေါ့..။ ကဲ ဒါပါဘဲ....

Emotion UI Fonts Installer

Emotion UI ပါရှိသော ဖုန်းများဖြစ်သော Huawei ဖုန်းအများစုတွင် Root Access မလိုပဲ မိမိနှစ်သက်သော
ဖောင့် Style ထည့်သွင်းနိုင်အောင် ပြုလုပ်ထားခြင်းဖြစ်သည်။ မိမိ ဖုန်းတွင် Frozenkeyboard မပါရှိပါက Auto သွင်းပေး နိုင်အောင်ထည့်သွင်းထားသည်။ မိမိဖုန်းနှင့် Support မပေးပါက ထည့်သွင်းခွင့်ရှိမည်မဟုတ်ပါ။
မိမိဖုန်းနှင့် ကိုက်ညီသော Font ဟုတ်မဟုတ် စမ်းသပ်ပြီးမှထည့်သွင်းနိုင်အောင် စီမံပေးထားသည်။
ထည့်သွင်းရန် အညွန်း - - - -
မိမိဖုန်းအတွင်းထည့်သွင်းတော့မည်ဆိုပါက Install ကို နှိပ်လိုက်ပါ။ ပြီးရင် CUSTOMIZE CURRENT Theme ကိုနှိပ်ပါ။ Font Style ကိုရွေးချယ်ပါ။ မိမိထည့်သွင်းထားသော Font နာမည်ကို Apply လုပ်ပေးပါ။ အဆင်ပြေ ပါစေ။ ဒီ App ကို MMSD မှ Free အနေဖြင့် ရေးသားဖြန့်ဝေပေးလိုက်ပါတယ်။
DOWNLOAD GOOGLE STORE  OR  DOWNLOAD  DEV- HOST OR DOWNLOAD SOLIDFILES




V1.1
- Fix Bugs
Not Support Error In Huawei EUI Devices
- Add Function
- Ubuntu Zawgyi Font Style
- Iphone Zawgyi Font Style

v1.2
- Dance Zawgyi (Support G730U-00 & Other Devices)
- Ghost Zawgyi (Support G730U-00 & Other Devices)
- CL Metrix (Support G730U-00 & Other Devices)
- Tharlon Zawgyi (Support G730U-00 & Other Devices)
ဖောင့်အားလုံးကို ဖုန်းအားလုံး ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ပေးထားပါသည်။
Credit To All Font Creator!
Credit To Icon Design Han Zaw OO
Developed By Phyo Chan.
My Facebook -
https://www.facebook.com/phyo.chan.12
My Website -
http://myanmarmobilesoftwaredeveloper.com/

V Root 1.7.8 Last Update 2014.6.19 ရက်နေ့ထွက်သည်

V Root 1.7.8 Last Update တွေ့လာလို့ ပို့စ်အနေနဲ့ တင်လိုက်တာပါ။ အသုံးပြုနည်းကတော့ ဟိုအရင်တင်တဲ့
ပို့စ်မှာ ဖတ်ရှုနိုင်ပါတယ်။ သိပ်မခက်ပါဘူး..။ ခုကောင်လေးကတော့ ဘယ်ဖုန်းတွေအထိ Root လုပ်နိုင်မလဲဆို
တာတော့ မပြောတတ်သေးဘူး ခု 2014.6.19 ရက်မှ ထွက်တာဆိုတော့ ခု 2014ထွက်ပြီးသားဖုန်းတွေ အတော်
များများကို Root လုပ်နိုင်မယ်ထင်ပါတယ်..။ ကဲ အားလုံးဘဲ မူရင်းဆိုက်မှာသာ ဒေါင်းကြပါလေ........။

အရိုး​၊ အကြော ထုံးခြင်း၊ မြစ်ခြင်းတွင် သုံးရန် ဂါထာမန္တာန်( ရသေ့ကျမ်း )

ကဲ လူတိုင်း အကြောနဲ့ပါတ်သက်လို့ ထုံခြင်းကျင်ခြင်း ကိုက်ခဲခြင်း မြစ်တာတွေ ဖြစ်လာရင် ဒီဂါထာနဲ့ စမ်းသပ်
နိုင်ပါတယ်။ ဒီဂါထာကတော့ အဝေးကသူအတွက်ဆို မဆစ်ဆီမှန်းပြီး ပေးတာကောင်းပါတယ်။ ဂါထာက မည်မျှ
ပင်ကောင်းသော်လည်း အာစက်လိုက်သူမှ ရပါလိမ့်မယ်။ မိမိမှာ အာစက်မရှိရင်တော့ ရမှာမဟုတ်ဘူး ။ ရှင်းလင်း
အောင်ပြောရရင်တော့ ဒီဂါထာမန္တာန်တွေ မှန်းမှုတ်တာနဲ့ လိုက်ဖက်မှုရှိမှသာ အကျိုးခံစားရမှာပါ။ လူတိုင်းတော့
ရမှာမဟုတ်ပါဘူး သို့သော်လည်း မိမိဟာ ဒီလိုဂါထာမန္တာန်တွေနဲ့ လိုက်ဖက်မှုရှိသလားဆိုတာ သိရအောင် စမ်း
သပ်နိုင်ပါတယ်။ ဒီဂါထာတွေက ကိုယ့်အတွက် လျှို့ဝှက်ထားတဲ့ ဥစ္စာလေးတွေပါ။ ဒါကိုထုတ်ဖော်လို့ ပြရတာ
ကိုယ့်စေတနာပါ။ ဂါထာလူတိုင်းပေး တေးဖြစ်တယ်တဲ့ဗျာ ဒါ တေးဂီတမဟုတ်ဘူး။ ဒါကြောင့် လူတိုင်းမပေးရဘူး
ဗျ။ လူတိုင်းပေး လူတိုင်းသိနေရင် စားပေါက်လည်းမရှိတော့ဘူးပေါ့ဗျာ။ ကဲ ဘာပဲဆိုဆို ကျုပ်ပေးခဲ့ပါ့မယ်။ နောက်
ပိုင်းမှာတော့ ပေးချင်မှ ပေးတော့မယ်။ တစ်ချို့ဂါထာတွေက သိပ်ရိုင်းတာတွေ ရှိတယ်လေ။ ဒီတော့ မြင်ရတာ
မကောင်းဘူးပေါ့ဗျာ။ ဒီကောင်လေးနဲ့ ကိုမိုးတော့ စမ်းကြည့်ဖူးပါတယ် သက်သာမှုရှိပါတယ်။ ကိုမိုးက မန္တာန်တွေ
နဲ့ နဲနဲတော့ လိုက်ဖက်တယ်ဗျ။ ကိုယ့်ရဲ့ အသံသြဇာပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ကျင့်သီလပေါ်မှာလည်း မူတည်တာပေါ့
သူများသားမယား ပြစ်မှားနေတဲ့သူ အမြဲတမ်းခိုးဆိုးနေမယ်၊ မူရူးနေမယ်ဆိုရင်တော့ ပေါများလှတဲ့ စည်းစိမ်ဥစ္စာ
တောင် ပျက်စီးသေးတာဘဲ။ ဒီတော့ ကိုယ့်ဥာဏ်နဲ့ ယှဉ်ပြီးတော့ သုံးပါ။ အသုံးပြုနည်းကို အောက်မှာကြည့်ပါ။



 ကဲ အသုံးပြုနည်းကတော့...။
မိမိရဲ့ အသိုင်းအ၀ိုင်းထဲကသော်လည်းကောင်း အကြောမြစ်တာထုံးတာနဲ့ ပါတ်သက်လာရင်တော့ လက်ဝါးကို
(၇) ကြိမ်မှန်းမှုတ်ပြီး တစ်ထောင်ခွါလောက်မှနေပြီး မြစ်နေတဲ့ အကြေားထုံးတဲ့နေရာကို သတ်ချပေးရပါတယ်။
ဂါထာမန္တာန်တွေ မှန်သမျှဟာ (၇) ကြိမ်နဲ့ သိပ်အဆင်မပြေလှရင် (၃၇) ကြိမ်မှန်းရပါတယ်။
အနီးအနားက လူနာမဟုတ်ရင် မဆစ်ဆီကို 200 ဘိုးလောက်ဝယ်ယူပြီး မှန်းမှုတ်ကာ ဖြစ်တဲ့နေရာကို လူးပေး
လိမ်းပေးခြင်းဖြင့် အကြောထုံးခြင်းမြစ်ခြင်းတွေကို သက်သာပျောက်ကင်းစေမှာပါ......။
ကဲ ဒါပါဘဲ လောလောဆယ်တော့ စမ်းကြည့်ကြဦးပေါ့....။ နောက်ပိုင်းကတော့ အခြေအနေအရပေါ့....။
ပေးလွန်းရင် ကိုယ့်အတွက် စားပေါက်ပိတ်မှာတောင် ကြောက်ရသေးတယ်...။ သြော် ကိုမိုးရယ်...ဒီခေတ်ကြီး
မှာ ဒါတွေ လိုသေးလို့လား ။ ဟ ကိုယ့်လူရ လူတိုင်း ဆေးရုံမတက်နိုင်ဘူးဗျ ငွေရှိမှ တက်လို့ရတာဗျ..လွယ်တာ
မဟုတ်ဘူး...ဒါဆို မင့်သိရောပေါ့....။ ခေတ်ရေစီးကြောင်းက ခုလိုဖြစ်နေတာမို့ ရေးလိုက်တာပါ........။

စေတနာထားပြီးတော့ ဒုက္ခဖြစ်နေသူတွေကို ကူညီစေချင်လို့ လက်ဆောင်အနေနဲ့ ပေးတာပါ........။
ယုံကြည်မှုရှိလျှင် စမ်းကြည့်လိုက်ပါ......။ ဘယ်အရာမဆို ယုံကြည်မှုမရှိဘဲနဲ့​ လုပ်နေရင်တော့ ဘယ်အရာကမှ
အကျိုးပေးမည်မဟုတ်ပါ.....။ ဒါကြောင့် လုပ်မယ်ဆိုရင်တော့ ယုံကြည်မှုလေးတော့ ထားပေါ့ဗျာ။ ဒါလေးတော့ ပြောခဲ့ချင်တယ်..........။

အားလုံးဘဲ ရောဂါဘယ ကင်းဝေးကြပါစေ........

Saturday, June 21, 2014

အနာပဆုတ်တို့ သွေးစုနာတို့ကို လျှင်မြန်စွာ ပြောက်ကင်းစေသည့် ရသေ့ကြမ်းမှ ဂါထာမန္တာန်

ကဲ အပျင်းပြေလည်းဖြစ် ဗဟုသုတလည်းဖြစ်အောင် ဂါထာမန္တာန်လေးတစ်ခုနဲ့ မိတ်ဆက်ချင်ပါတယ်။ ယုံကြည်သူ
များသာ ဖတ်ကြပါ။ မယုံလျှင်တော့ ကျော်လိုက်တာကောင်းပါတယ်။ ဒီဂါထာက ရသေ့ကျမ်းက လာတဲ့ ဂါထာပါ။
ရသေ့ကျမ်းကတော့ ဒို့ကိုယ်တိုင် မဖတ်ဖူးပါဘူး သို့သော်လည်း ရှေးလူကြီးများပြောခဲ့တဲ့ ဂါထာပေါ့။ ခပ်ကြမ်းကြမ်း
ပါဘဲ အကြမ်းကိုမှ ကြိုက်သူတွေအတွက်..ခပ်ကြမ်းကြမ်းဂါထာလေးတစ်ပုဒ်နဲ့ မိတ်ဆက်တာပေါ့ဗျာ။ အနာပဆုတ်
တို့ ဖြစ်လာရင် ရင်ဘတ်မှာတို့ ကျောမှာတို့ ပေါင်မှာတို့ ပေါက်တတ်တဲ့ အဖူးကြီးတွေကို လျှင်မြန်စွာ ပျောက်ကင်း
စေတယ်လို့ သိရပါတယ်။ ကိုယ်တိုင်တော့ မစမ်းဖူးပါ သို့သော် နယ်က ဘိန်းတောဆရာတွေ လက်စွဲ ဂါထာတစ်
ပုဒ်ပေါ့ဗျာ။ ဘာလည်းဆိုတော့ အပေါ်မှာ ရေးထားသည့် စာအတိုင်းဘဲပေါ့ဗျာ..။
===  ဥုံ တောင်ဘို့ကြီးလည်းကွဲ ငါ့လီးကြီးလည်း ပြဲ ===== 
ကဲ ကောင်းလိုက်တဲ့ ဂါထာကြီး စမ်းသပ်ကြည့်ကြပါကုန်လေ....။ ဘယ်လိုသုံးရမလည်းဆိုတော့ ဓါးကိုသော်၎င်း
လက်ညိုးကိုသော်၎င်း 7 ကြိမ် သို့မဟုတ် 37 ကြိမ်မှန်းပါ။ ပြီးလျှင် အနာဖြစ်သည့် အဖူးကို အနာကို 5 ကြိမ်
နှစ်တောင်လောက် အဝေးမှ အဖူးနေရာကို ၀ိုင်းပါ ။ ၀ိုင်းပြီးလျှင် (2)  နှစ်ကြိမ်ကို ၀ိုက်ထားတဲ့ အဖူးနေရာကို
ခွဲပါ စိတ်ထဲမှာ အဖူးကို ခွဲထုတ်ပြစ်တဲ့ စိတ်လေးထားထားပါ။ ကိလေသာစိတ်တော့ မန်းမုတ်ချိန်မှာ မထားပါနဲ့
ထားလျှင်ကား စွမ်းမည်မဟုတ်။ အကျယ်ကြီး အော်ပြီး ရွတ်ဖတ်ရန်လည်း မလိုပါ စိတ်ထဲကသာ ရွတ်ဖတ်ပါလေ။

Friday, June 20, 2014

Myanmar Move မြန်မာစာတန်းထိုးဇာတ်ကားများ ဒေါင်းဖို့

အင်္ဂလိပ်ကားပေါ့ နိုင်ငံခြားဇာတ်ကားလေးတွေ ဒေါင်းကြည့်ချင်ရင်တော့ ဒီဆိုက်လေးကလည်း မဆိုးပါဘူး။ တည်
ထောင်တာတော့ ကြာဦးမည်မထင်။ အသစ်တွေတော့ သိပ်မမြင်ရသေးဘူးဗျ  ဇာတ်ကားအဟောင်း 2013 က
ထွက်တဲ့ ဇာတ်ကားတွေကို စာတန်းထိုးအနေနဲ့ ဒေါင်းယူ ကြည့်ရမယ့် သဘောပါ။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ
တော့ Update ဖြစ်လာမယ်လို့ ထင်ပါတယ်။ သူများဆိုက်တွေမှာလည်း ကြော်ငြာနေကြတာဆိုတော့ ခဏအတွင်း
အောင်မြင်မှု ရရှိမယ့် ဆိုက်လေးတစ်ခုပါဘဲ။ ကဲ ကိုယ်လည်း သူများကို ကြော်ငြာပေးရတာနဲ့ အချိန်ကုန်နေတယ်။
ကိုယ့်အတွက် အောင်မြင်မှုတစ်ခု မှတ်တိုင်တစ်ခုတော့ ကျန်အောင် လုပ်ဦးမှ ဖြစ်မယ်..။ အတ္တဟိတ မလုပ်ဘဲ - ပရဟိတတွေချည်းဆိုလည်း မကောင်းဘူးလေ။ အတ္တ-ပရ ညီမျှ မှ ကောင်းမယ်မဟုတ်လား။ ဒီတော့ ချိန်ခွင်ညှိကြ
တာပေါ့ဗျာ။ ပရတွေချည်းလည်းမလုပ်နဲ့ အတ္တဟိတတွေချည်းလည်း မလုပ်ရဘူးပေါ့ ဒီလို ဒီလို ...မည်သူမဆိုပေါ့
ကိုယ့်အတွက် မလုပ်ရင်...ကိုယ်ဘယ်အောင်မြင်မလဲ...ဒီတော့ ဇာတ်လမ်းစမှ တော်လိမ့်မည်...။ သို့မဟုတ်လျှင်...
မောင်ကျန်ရစ်ကြီး ဖြစ်ပေတော့မည်....။ ဗွီဒီယိုများ ဒေါင်းလိုက အောက်ကလင့်မှာ ဒေါင်းကြပါလေ..။ ရေးသားမှု
တွေ လိုအပ်ခဲ့ရင်လည်း ခွင့်လွတ်ဗျာ မည်သူမျှ အမှားမကင်းပါဘူး မှားသွားရင်တော့ ဆောရီးပေါ့။ IDM နဲ့ ဒေါင်းရ
တာ အဆင်မပြေရင်တော့ Spark Browser လေးနဲ့ ဆွဲလိုက်ပါ...။ ဆွဲကြည့်မလား ၀ယ်ကြည့်မလား ဒါကတော့
မိမိကိုယ်တိုင် ရွေးချယ်မှုပေါ့ ၀ယ်ကြည့်ရင် တစ်ထောင်ဘိုး သုံးခွေ ခြောက်ကားနဲ့မြောက်တော့ 6x3= 18 ကား
ကြည့်ရမယ်ပေါ့။ သူကတော့ တစ်ထောင်ဘိုးလောက်ဖြုန်းမှ အလွန်ဆုံး နှစ်ကားလောက် ကြည့်ရမယ်။ ၀ယ်မယ်
ဆို ဇာတ်ကားအကြည်ဆို တစ်ခွေ 500 နှုန်းလည်း ရှိတယ် စိတ်ကြိုက်သာ လုပ်ပေတော့...။

Thursday, June 19, 2014

Myanmar-Nepall Internte TV မြန်မာ့အင်တာနက်တီဗွီ ကြည့်ကြရအောင်ဗျို့

ကဲ ကိုမိုးကို အားပေးကြတဲ့ ချစ်သောညီနောင်တို့ရေ အင်တာနက်ကတီဗွီ Software တွေနဲ့ အလုပ်ရှုတ်တယ်.။ အင်တာနက်ရှိမယ် Browser သာရှိမယ်ဆို သင်ကြိုက်နှစ်သက်တဲ့
( 1 )  MNTV TV 
( 2 ) Up to Date TV ( 3 ) MWD TV  ( 4 ) Channel 7 TV  
( 5 ) MRTV- 4  ( 6 ) MRTV LIVE   
( 7 ) SKY NET  BUDDHATV    
 လိုင်းတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ တစ်ကယ်လို့ ကြည့်ရှုချင်တယ်ဆိုရင်တော့ သူ့လိုင်းနဲ့သူ လင့်လေးတွေ
ထည့်သွင်းပေးလိုက်ပါပြီး အားရပါးရ ကြည့်နိုင်ပါပြီ။ ဘေကုန်ရင်တော့ ကိုမိုးနဲ့ မဆိုင်ဘူးနော် ..ကိုမိုးလည်း ဘေ
ဘိုးကို မနည်း ချွေတာရေးလုပ်နေရတာဆိုတော့လေ...။ ကဲဗျာ အကောင်းတွေကိုမှ စုတတ်တဲ့ ကိုမိုးနဲ့ ကိုယ့်ညီ
နောင်တွေနဲ့တော့ အကြိုက်ချင်းများ တူနေမလားဘဲနော်....။
မူရင်းဆိုက်ပေါ့ဗျာ တစ်ကယ်တော်တဲ့သူတွေနော်...ကိုမိုးကတော့ မလုပ်တတ်ဘူး ဒါမျိုး TV လိုင်းတွေ အင်တာနက်နဲ့ ကြည့်လို့ ရဖို့ပေါ့ဗျာ..။ ဒီဆိုက်လေးရဲ့ အပေါ်မှာ Myanmar Internet TV ဆိုပြီး လင့်လေးထည့်
ပေးထားပါတယ်။ အဲဒီကနေပြီးလည်း သွားလို့ရကြောင်း သတင်းကောင်းပါးလိုက်ပါတယ်နော်

Tuesday, June 17, 2014

Spark Browser သိပ်မိုက်တဲ့ Browser လေးပါ...

ဒီ Browser လေးကတော့ အတော်လေးကောင်းတယ်ဗျ။ အတော်လေးကောင်းဆို အတော်လေးမကောင်းတာ
လည်း ပါတယ်ဗျ။ ဒီကောင်လေးရှိနေရင်တော့ Internet Download Manager တောင် လက်လွတ်ရမလို ဖြစ်နေပြီ
ဘာကြောင့်လည်းဆိုတော့ YouTube က ဗွီဒီယိုတွေကို တစ်ခါတည်းဒေါင်းနိုင်လို့ဘဲပေါ့ဗျာ။ MP 4 / 720 P နဲ့ ဆွဲ
မလား သို့မဟုတ် MP 4/ 320 နဲ့ဆွဲမလား သို့မဟုတ် MP 3 ယူမလား တစ်ခါတည်း MP 4 ဖြစ်ပြီးသား ကြိုက်တဲ့
ဆိုက်နဲ့လည်း ဆွဲလို့ရတယ်ဆိုတော့ အတော်လေးကောင်းတယ်လေ.။ နောက်ပြီးတော့ မြန်နှုန်းကလည်းမြင့်
တယ်ဆိုတော့ စိတ်ကြိုက်ပေါ့ဗျာ။ သူ့မှာ အားနဲချက်လေးက Zawgyi Font အလုပ်မလုပ်တာဘဲ ခုလောလောဆယ်
ပေါ့ မစမ်းကြည့်ရသေးဘူးဗျာ။ နောက်မှ စမ်းကြတာပေါ့..။ ကဲ ဘယ်လိုအခြေအနေလည်းဆိုတာ သိအောင်သုံး
ကြည့်လိုက်ပါ...။ Video Downlod လုပ်ဖို့ Internet Download Manager အလုပ်မလုပ်တဲ့အခါမှာ ဒါလေးနဲ့ ဆွဲစိ
လိုက်ပေါ့ဗျာ..။ ဆောင်ထားမမှားပါဘူး..။ မူရင်းလင့်မှာလည်း ဆွဲနိုင်ပါတယ်..။


 DOWNLOAD NOW http://en.browser.baidu.com/


 အဆင်ပြေမလား ရလောက်ပါတယ်....ဘာမှ မခက်ပါဘူးနော်.......


Monday, June 16, 2014

Huawei Honor H30-U10 အတွက် Root မလိုဘဲ ဖောင့်ထည့်နည်း Huawei Myanmar Font (No Need RootAccess) Keyboard 2

Huawei Honor H30-U10 မှာ တိုင်ပတ်နေသူများအတွက် ရှာဖွေမွှေနောက်လို့ ရရှိလာတဲ့ အကျိုးကျေးဇူးလေး
တစ်ခုကို ဝေမျှလိုက်ပါတယ်။ ဘာလည်းဆိုတော့ ဒီ Huawei Honor H30-U10 က V.Root ကလည်းမတိုးချင်
ဘူးလေ။ ဒီတော့ အလွယ်ဆုံးနဲ့ အကောင်းဆုံးလေးတစ်ခုတွေ့လာတယ်ဗျ။ Huawei Myanmar Font (No Need RootAccess) ohnthar.blogspot.com ဆိုတဲ့ ဆော့ဖ်ဝဲလေးကို install လုပ်လိုက်ရုံနဲ့တင် အဆင်ပြေတာကိုးဗျ။
ကီးဘုတ်အတွက်လည်း Frozen Zawgyi Keyboard ထည့်သွင်းပေးထားပါတယ် ။ နှစ်မျိုးပေါ့ဗျာ ကြိုက်တာ သုံးရုံပါဘဲ။ ကိုယ်ကတော့ အဆင်ပြေသွားပြီ။ သူများဖုန်းလေးပါကွယ် ကိုယ့်ဖုန်းမဟုတ်ပါဘူး မနေ့ကမှ လိုက်ဝယ် ကူလိုက်တာ ကလိချင်ရင် ယူသွားပါဆိုလို့ မြန်မာဖောင့်ကလည်း မထည့်ရသေးတာမို့ လိုက်ကလိရင်း သိတာလေး ဝေမျှလိုက်တာပါ။ Facebook မှာ လိုက်ရှာလိုက်တာ သူများတွေ ကွန်မန့်ဘောက်လေး လိုက်ချောင်း ကြည့်ရတာပေါ့ဗျာ။ အဆင်ပြေတယ်ဆိုတဲ့ဟာတိုင်းကို ဒေါင်းပြီးတော့ ယူထားပါတယ်။ သို့သော်လည်း ဒီတစ်ခု စမ်းကြည့်လိုက်တာ အဆင်ပြေတာနဲ့တင် ရပ်လိုက်ပြီးတော့ ပို့စ်တင်ဖို့ ကြိုးစားလိုက်တော့တာဘဲဗျာ။ ကဲ အားလုံးဘဲ အဆင်ပြေကြပါ စေနော်....ကိုမိုးကြီးလည်း အိပ်တော့မယ်.....။




ဒီပုံလေးထဲကလိုပေါ့ဗျာ မြင်ရပြီလေ...မိုးကောင်းကင်တဲ့ ဂိုးရလဒ်တဲ့ ကဲ ရပြီမဟုတ်လား...
စမ်းကြည့်ကြပေတော့ဗျို့


DOWNLOAD SOLIDFILES   OR  DOWNLOAD DEV-HOST   OR  DOWNLOAD GOOGLE DRIVE