This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, September 30, 2013

How to set up Google 2-step verification ဂျီမေးအကောင့်ကို သုံးထပ်ကွင်း အဆင့်မြင့်တင်နည်း ဗွီဒီယို


ကဲ တစ်ကယ့်နည်းပညာလေး လာပါပြီ အောက်ကပို့မှာကတော့ တိုက်ရိုက်ရှယ်ထားတဲ့ပို့လေးပါ။ ဒီမှာကတော့ ပိုပြီး သိအောင်လို့ ရေးလိုက်တာပါနော်။ ဒီနည်းကတော့ အကုန်အစုံပါဘဲ ကျုပ်တောင် ရေးစရာမလိုအောင်ပါဘဲ။
ဒီနေရာမှာ ပြောချင်တာက ဖုန်းနံပါတ်ပေးပြီးရင်ရင် SMS ကို မနှိပ်ပါနဲ့ Voice Call ကိုနှိပ်ပါ။ ဗွီဒီယိုမှာကတော့ SMS နဲ့ ပြထားလို့ပါ။ ဒုတိယ အချက်ကတော့ Android ဖုန်းဆိုရင် Android ကိုရွေးပေးပါ။ iPhoe ဆိုရင် iPhoe ကို
ရွေးပေးပါနော်။ တတိယကတော့ ဆော့ဝဲကို ဒေါင်းရမယ် ကျုပ်အောက်ကပို့စ်မှာ တင်ပေးထားပါတယ်နော်။
Apk နှစ်ခုလုံး ထည့်ပြီးရင် ဗွီဒီယို ပြကွက်မှာ ပါတဲ့အတိုင်း မိမိဖုန်းလေးနဲ့ ဘားကုဒ်ကို ချိန်ရိုက်ရမယ်။ ရလာတဲ့
Code လေးကို ပြည့်ပေးရမယ်ပေါ့ဗျာ။ ကဲ ဒီလောက်ဆိုရင် လုံလောက်ပါပြီး Youtube က ဗွီဒီယို ဒေါင်းမရရင်တော့
720HD နဲ့ ဒေါင်းထားတဲ့ဖိုင်လေး တင်ပေးထားတယ်။ 28 MB ရှိပါတယ်။ သူ့ထက်သေးတာကတော့ flv နဲ့ ဒေါင်း
ထားတာလေးလည်း ရှိပါတယ်။ သူက 10MB ထဲပါ ။ ရုပ်ထွက်ကောင်းအောင်လို့ ဖိုင်ကြီးတာ တင်ပေးထားတယ်။
Google 2-step verification ကို ဖြတ်လမ်းက သွားလိုရင် ကျုပ်ပြတယ် အောက်ကပို့စ်မှာလည်း ထည့်ပေးထား
တဲ့ လင့်အတိုင်းဘဲ။ https://support.google.com/accounts/answer/180744?hl=en&rd=1 ဒီလင့်ကဘဲ သွားရ
မှာပါ။




ဖိုင်ဒေါင်းမရတဲ့ သူများကတော့ ဒီအောက်မှာ ဒေါင်းသွားနိုင်ပါတယ်နော်.။ တစ်ကယ် အသုံးဝင်ပါတယ်။ အထူးသဖြင့်တော့ ဘလော့ကာသမားများအတွက် အရေးကြီးသလို Gmail ကို အဓိကထားသုံးတဲ့ သူတွေ အ
တွက်လည်း အကျိုးရှိပါတယ်။ နောက်ပြီး Facebook အတွက်ပါ။ တစ်ကယ် အရေးကြီးပါတယ်။ ဘယ်လိုအရေး
ကြီးလည်းဆိုတော့ Gmail အကောင့် ဟက်ခံလိုက်ရပြီဆို ဖေ့ဘုတ်အကောင့်ပါ  ပါသွားဖို့ 90 ရာခိုင်းနှုန်းရှိတယ်
ဒါကြောင့် facebook သမားတွေအတွက်လည်း အရေးကြီးပါတယ်။ တစ်ကယ်ပါ။

ကဲ လိုအပ်ရင်တော့ အောက်မှာ ဒေါင်းသွားကြပါ..။




ကဲဗျာ Google Authenticator နှင့် Barcode Scanner ဆော့ဝဲ နှစ်မျိုးလုံးကို Rar ဖိုင်ချုပ်ပြီး ပြန်တင်ပေးလိုက်တယ်
မိမိတို့ရဲ့ Gmail အကောင့်ကို သေချာစွာ ထိန်းသိမ်းနိုင်ကြပါစေ.။ မျက်နှာငယ်လေးနဲ့ သူများအကူအညီ
မတောင်းရအောင် လုပ်ထားကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်နော်..။






Google Authenticator

Google Authenticator မှာတော့ အောက်ပို့စ်မှာ ပြောခဲ့တဲ့ Authenticator မှာ ဘားကုဒ်တွေ မှတ်သားတယ်ဆို
တာ ဘယ်လိုမှတ်သားထားလဲဆိုတာ ပုံကို ကြည့်ရင် သိနိုင်ပါတယ်။ alice@gmail.com 246174 ဆိုတာလေး
တွေ့လား အဲဒီ alice@gmail.com နောက်က ကုဒ် 246174 ကို Gmail အကောင့် ၀င်ပြီးရင် Verify Code တောင်း
ပါလိမ့်မယ် အဲလိုတောင်းရင် ခုန ဖုန်းထဲက မိမိရဲ့ ကုဒ်လေးကို 246174 ဆိုတာလေးကို ထပ်ဖြည့်ပြီးမှ ၀င်လို့ရမှာ
ဆိုတော့ Gmail Account ဟာ ပိုပြီးတော့ လုံခြုံသထက် လုံခြုံမှာပါ။ ကိုယ့်အကောင့်နဲ့ကိုတောင် ဒီ Authenticator
ဆော့ဖ်ဝဲ ဖုန်းထဲမှာ မရှိတော့ရင်.။ ကုဒ်တွေကို မသိနိုင်တော့တဲ့အတွက် အသုံးပြုလို့ ရမှာမဟုတ်ပါဘူး။ သို့သော်
လည်း  Verify Code တွေကို ကွန်ပျူတာနဲ့ Backup လုပ်ထားခဲ့မယ်ဆိုရင်တော့ ရမှာပါ။ ဒါက ချွင်းချက်ပေါ့ဗျာ။
ဒီလောက်ဆိုရင်တောင် အတော်လေးရိပ်မိမှာပါ။ ကျုပ်တော့ ကိုယ်တိုင်စမ်းလုပ်ကြည့်တာနဲ့ အဆင်ပြေသွားတာ
ပါ။ ကျုပ်က ပုံလေးတွေကြည့်ပြီးတော့ ဘယ်လိုလုပ်ရတယ်ဆိုတာ သဘောပေါက်တယ်လေ။ ကိုယ့်မိတ်ဆွေများ
လည်း ပြုလုပ်တတ်ကြမယ်လို့ ထင်ပါတယ်။ မူရင်းအင်္ဂလိပ်လို ကြည့်ပြီး လှုပ်ရှားလိုရင်တော့ ဒီလင့်လေးမှာ Link
လေ့လာနိုင်ပါတယ်။ လုပ်တတ်မယ်လို့လည်း ထင်ပါတယ် Android အတွက်လား iPhone အတွက်လား မေးပါ
တယ် ကိုယ့်ဖုန်းက Android ဆိုရင်တော့ Android ကို ရွေးပေးပေါ့။ ကဲ အဆင်ပြေပါစေ..။





Description
Google Authenticator generates 2-step verification codes on your phone.Enable 2-step verification to protect your account from hijacking by adding another layer of security. With 2-step verification signing in will require a code generated by the Google Authenticator app in addition to your account password.
Start by visiting accounts.google.com/SmsAuthConfig
Features:
* Generates codes even in airplane mode!
* Support for multiple accounts
* Support for multiple languages

https://support.google.com/accounts/answer/180744?hl=en&ref_topic=1099588

ဒေါင်းရန် လင့် https://play.google.com/store/apps/details?id=com.google.android.apps.authenticator2&hl=en





Barcode Scanner

ဘားကုဒ်တွေကို ဖတ်ပေးမယ့်  ကောင်လေးပါ။ ဘယ်မှာ အသုံးဝင်လည်းဆိုတော့ Gmail အကောင့်ကို သုံးထပ်
ကွင်း လုံခြုံရေး တိုးမြင့်တဲ့အခါမှာ ဒီကောင်လေးကို ထည့်ပြီးတော့ အဲဒီဘားကုဒ်ကို ဓါတ်ပုံရိုက်ရမှာပါ။ကိုယ့် Gmail အကောင့်ကိုပြီးရင် အပြောက်လေးတွေနဲ့ လုပ်ထားတာလေးကို တွေ့မယ် အဲဒါလေးကို ကင်မရာနဲ့ ချိန်လိုက်ရင် သူ့အလိုလို ရိုက်ပေးပြီးတော့ ဖော်ပြပေးမှာပါ။ ဒီအကောင့်ဟာ ဘယ်Gmail အကောင့်ဖြစ်တယ်ဆို
တာ ပြသပေးမယ် အဲဒါလေးကို Save browser လုပ်လိုက်ရင် Authenticator ဆိုတဲ့ ဆော့ဝဲလေးမှာမှတ်သားထား
မှာပါ။ အပေါ်ကပို့မှာ ကြည့်နိုင်ပါတယ်။ ကုဒ်လေးတွေကတော့ အချိန်နှင့်အမျှ ပြောင်းနေမှာပါ။ Gmail အကောင့် ကို ၀င်လိုက်ပြီးရင် ဒီကုဒ်လေးတွေကို တောင်းနေမှာပါ။ Passwrod မှန်နေရင်တောင် ဒီကုဒ်လေး မဖြည့်သမျှ ဖွင့်လို့ ရမှာ မဟုတ်ပါဘူး။ ဒီအကြောင်းကို နောက်မှ ပြည့်2 စုံစုံလေး ရေးပေးဖို့ စိတ်ကူးထားပါတယ်။ အင်္ဂလိပ်လို လေ့လာလိုရင် စမ်းကြည့်လိုရင်တော့ ဒီလင့်လေးမှာ https://support.google.com/accounts/answer/180744?hl=en&rd=1 လေ့လာကြည့်ပါနော်။
Description
Scan barcodes on products then look up prices and reviews. You can also scan Data Matrix and QR Codes containing URLs, contact info, etc.Also share your contacts, apps, and bookmarks via QR Code. This is why contacts permissions are needed. See FAQ below.

Manchester United News မန်ချက်သမားများ အကြိုက်တွေ့စေမယ့် မန်ချက် သတင်းApk လေးပါ

မြန်မာပြည်ကတော့ မန်ချက်မှ မန်ချက်လို့ ပြောရမလို မန်ချက်စတာ ယူနိုက်တက် အသင်းကို အားပေးကြတဲ့သူ
များပါတယ်။ ကျုပ်တော့ အားမပေးဘူးနော် ဘယ်အသင်းမှ အားမပေးဘူး ကြိုက်မှ မကြိုက်တာ ဘောပွဲက ကိုယ့်
အတွက် အိပ်ဆေးလိုဘဲ။ ဟိုတုန်းက ကိုယ့်ဘော်ဒါတွေ ဘောပွဲကြည့်သွားမယ်ဆို လိုက်ကြည့်တယ် ။ တစ်ပွဲ တစ်
ရာ ပေးရတယ် ရုံထဲရောက် ခဏလောက်ကြီးပြီးရင် ဟေ့ ပွဲပြီးရင် ငါ့ကို နိုးဦးနော်လို့ ပြောထားရတယ်။ ဘောပွဲ မကြည့်ဘဲ ငွေတစ်ရာပေးပြီး သွားအိပ်တာဘဲ။ ဝေး ၀ါး ဝေး၀ါးနဲ့ အုံးကြွက်နေပေမယ့် အိပ်ကောင်းတယ်ဗျ။ အိပ်
ဆေးလိုဘဲ။ ကဲ မန်ချက် ဟန်ချက် ဘယ်လိုလဲဆိုတာ သိချင်ကြမှာပေါ့ ကန်ချက်က လန်ထွက်သွားရင်တော့ ပျံတက်သွားမှာပေါ့။ ကဲ သဘောကျမယ်လို့တော့ ထင်တာဘဲ မကျရင်လည်း ဂျာနယ် ၀ယ်ဖတ်ပေါ့ဗျာ။ ဟုတ်ဘူး
လား မ၀ယ်ချင်ဘူးဆိုရင်တော့ ကျုပ်ဆိုက် ညာဘက်ခြမ်းမှာ Myanmarjournaldownload ဆိုတဲ့ဆိုက်လေးရှိတယ်
အဲဒီမှာ ၀င်ဆွဲလိုက်။ သဘောတူလား သဘောတူရင် Google + နဲ့ ကွန်မန့်ပေးနိုင်ပါတယ်။ မြှောက်တွေ လာရေး
လို့ Google + လေးထည့်လိုက်တာ။ Annymouse ဆိုလားဘဲဗျာ ဘယ်သူမှန်းမသိ လာပေးတော့ ဘယ်သူ ဘယ်ဝါ ပေးတယ်ဆိုတာလေး သိအောင် အဲဒါလေး ထည့်လိုက်တယ်..။
Fcaebook Like လေး မကလစ်ရသေးရင် ကလစ်သွားကြပါဦးနော်...။

AutorunKiller နှင့် Shortcut Virus Remover လေးပါ

AutorunKiller နှင့် ကွန်ပျူတာဗိုင်းရပ်စ်သတ်တဲ့ ဆော့ဝဲလေးနှင့် Shortcut Virus တွေကို ဖျက်ပေးမယ့် သတ်ပေး
မယ့် Virus Remover နှစ်မျိုး တင်လိုက်တယ်။ မရှိသေးလို့ပါကွယ်။ Autorun Killeer ကိုတော့ နဲနဲ သတိထားပါ။
သူပြတိုင်း ဗိုင်းရပ်မဟုတ်ပါဘူး။ အထူးသဖြင့် မင်မိုရီ စတစ်တွေထဲမှာပါတဲ့ Autorun ဆိုတဲ့ဖိုင်လေးတွေ ကုမ္မဏီ
က ထုတ်တုန်းကတည်းက ထည့်ပေးထားပါတယ်။ အဲဒါလေးကို ဖျက်မိရင် စတစ်တို့ ကဒ်တွေ ကြောင်တတ်တယ်
ဗျ။ ဒါက ကိုယ်တွေ့တွေမို့ပါ ။ မဖျက်ရပါဘူး ဥပမာ ဖုန်းထဲမှာလည်း မင်မိုရီး ကဒ်လေးတွေ ထပ်စိုက်ကြရတယ် မဟုတ်လား အဲဒီမှာလည်း Autorun.inf ဆိုတဲ့ Text ဖိုင်လေးပါတယ် အဲဒါ ဖျက်စရာမလိုပါဘူး ဖျက်မိမှာစိုးလို့
ပြောတာပါကွယ်။ ဘယ်လောက်စွမ်းတယ်ရယ်တော့ မသိပါဘူးဗျာ။ သူလည်း သူ့နည်းသူဟန်နဲ့ စွမ်းမှာပါဘဲ။ DVD Drive တွေ ခွေထည့်တဲ့အခါမှာလည်း သူက ပေါ်လာတယ်။ ဖုန်းနဲ့ ချိတ်တဲ့အခါမှာလည်း သူက ပြပေးတာ
ပါဘဲ။ နောက်တစ်ခုကတော့ Shortcut Virus တွေ ရှိနေရင် ရှာဖွေပြီး ဖျက်နိုင်တဲ့ ကောင်လေးပါ။ အသုံးဝင်ပါတယ်
ဆောင်ထား မမှားပါဘူး။ Facebook Like လေး မလုပ်ရသေးရင် Like လေး ကလစ်သွားပါဦးနော်..။
DOWNLOAD SOLIDFILES       OR         DOWNLOAD DROPBOX

Sunday, September 29, 2013

MyanPay မှငွေများကို မိမိရဲ့ မြန်မာဘဏ်Account ထဲသို့လွှဲနည်း (IT Helper)

မြန်မာနိုင်ငံကနေ pay pal အကောင့်တွေဖွင့်ပြီး ပိုက်ဆံကို မြန်မာငွေအနေနဲ့ဘယ်လိုပြန်ထုတ်မလဲ ဆိုတာကိုမေးထားတဲ့ အစ်ကိုတွေအတွက်ပါ။ ကျွန်တော်တို့ဆီမှာ အသုံးပြုနေကြတဲ့ Pay Pal လိုပဲ MyanPay  ဆိုတဲ့ online banking ကိုအသုံးပြုပြီး ထုတ်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီမှာ Bank account ရှိထားရမှာဖြစ်ပြီး MyanPay account လည်းရှိထားမှအဆင်ပြေပါလိမ့်မယ်။ အသေးစိတ်ကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။



ကဲ...အခု MyanPay ဆိုတဲ့ မြန်မာပြည်တွင်း Online Payment System အကြောင်းပြောတော့မယ်ဗျာ...အဓိကပြောမှာကတော့ အင်တာနက်ကနေရလာတဲ့ ပိုက်ဆံတွေကို
PayPal ကနေတစ်ဆင့် တကယ့်ငွေသားကိုယ့်လက်ထဲရောက်အောင် ထုတ်ဖို့အတွက် MyanPay ဆိုတာ သုံးကိုသုံးရမယ်ဗျာ..ကျနော်အခုအဓိကရေးမှာကတော့ MyanPay
ကနေ မိမိရဲ့ မြန်မာဘဏ်အကောင့်ထဲကိုငွေဘယ်လိုလွှဲမလဲဆိုတာပါဘဲ..ဒါကိုဘဲအဓိကထားရေးသွားပါ့မယ်... အရင်ဆုံး မိမိနဲ့ နီးစပ်တဲ့ ဘဏ်တစ်ခုခုကနေလုပ်ထားတဲ့ ဘဏ်စာအုပ်
ရှိရပါ့မယ်..ဘဏ်စာအုပ်လုပ်တာကလဲ တစ်ထောင်လောက်ပဲကုန်ကျတာပါ.. ဘဏ်စာအုပ်ရပြီဆိုရင် ဘဏ် Account ရပါ့မယ်..အဲဒီဘဏ်အကောင့်ထဲကို ငွေလွှဲရမှာဖြစ်ပါတယ်။
အိုကေစမယ်..အရင်ဆုံး MyanPay Account လုပ်ဖို့အတွက် www.myanpay.com.mm ကိုသွားလိုက်ပါ..ပြီးတာနဲ့ Create MyanPay Account ကိုနှိပ်လိုက်ပါ
Picture
Create Personal Account ကိုရွေးပါ
Picture
ပြီးတာနဲ့ Register လုပ်ရပါ့မယ်..သူမေးထားတဲ့အတိုင်း အောက်ပါပုံကိုသေချာကြည့်ပြီးဖြည့်ပေးပါ .. ပြီးတာနဲ့ မိမိထည့်ထားတဲ့ ဖုန်း နဲ့ မိမိ Register လုပ်ထားတဲ့ Email Account ထဲသို့ Register Code ပို့ပေးပါလိမ့်မယ်...အဲဒါကို ရိုက်ထည့်ပြီး Activate လုပ်ရင် MyanPay Account ( Unverified ) တစ်ခုရပါပြီ။ ပြီးတာနဲ့ Login ၀င်လိုက်ပါ
Picture
Login ၀င်လိုက်တာနဲ့ Unverified ကိုတွေ့ပါမယ်..Verified ဖြစ်ဖို့အတွက် အောက်ဖော်ပြပါ ပုံပါ လိပ်စာသို့ ဖုန်းဆက်ပြီး အကြောင်းကြားရပါ့မယ်..သို့မဟုတ် ငွေတစ်ထောင် သွင်းရပါမယ်..သို့မဟုတ် မိမိရဲ့မှတ်ပုံတင် Scan ဖတ်ထားတာကို သူတို့ရဲ့ Mail လိပ်စာဖြစ်တဲ့ support@myanpay.com.mm ကို ပို့ပေးရပါ့မယ်.. အကောင်းဆုံးကတော့
ဖုန်းအရင်ဆက်ပါ..မိမိအကောင့်ဖွင့်ထားကြောင်းပြောပါ.. verified လုပ်လိုကြောင်းပြောပြီး သူတို့ရဲ့ညွှန်ကြားချက်အတိုင်း လုပ်လိုက်ပါ...ဒါဆိုရင် Verified ဖြစ်သွားမှာပါ..ကျွန်တော်ကတော့ ကျွန်တော့်မှတ်ပုံတင်ကို Scan လုပ်ပြီးပို့ပေးလိုက်တာ 24 နာရီအတွင်း Verified ဖြစ်သွားပါတယ်..ကဲ..Verified ဖြစ်ပီဆိုမှတော့သောင်းကျန်းလို့ရဘီ .. :D
Picture
ကဲ..အခုမိမိရဲ့အကောင့်က Verified ဖြစ်သွားပြီ..မိမိမှာ ဘဏ်စာအုပ်လဲရှိပြီဆိုရင် ဘာဆက်လုပ်မလဲဆိုတော့ ဘဏ်စာအုပ်ထဲက Account Number ကို MyanPay ထဲထည့်မှာပါ..ဘယ်လိုထည့်မလဲ..အောက်ကပုံကိုကြည့်ပါ.. တစ်ခုသတိပေးချင်ပါတယ်.. ဘဏ်စာအုပ်မှာ Aung San ဆိုပြီးလုပ်မယ်ဆိုရင် MyanPay မှာလဲ Aung San ဆိုပြီး
လုပ်ပါ..သူတို့ဘက်က ငွေလွှဲလို့ နာမည်မတူရင် ရစ်ပါတယ်..အဲဒါကြောင့်တူတူလုပ်ပါ။ အိုကေအောက်က ပုံကိုကြည့်ပါ။
Picture
Withdraw ကိုနှိပ်ပါ... Withdraw to Bank Account ကိုနှိပ်ပါ.. ပြီးတာနဲ့ Add your Bank Account Information ကိုနှိပ်လိုက်ပါ။
Picture
ပုံမှာဆိုရင် မိမိ ဘဏ်အကောင့် (Or) ဘဏ်စာအုပ်လုပ်ထားတဲ့ ဘဏ်အမျိုးအစားကိုရွေးပါ..ကျွန်တော်ကတော့ KBZ မှာလုပ်ထားလို့ KBZ Bank လို့ဘဲရွေးလိုက်ပါတယ်..
အောက်က Bank Branch Name ကတော့ ဘဏ်ခွဲအမည်ပါ..ကျွန်တော်က နေပြည်တော် ပေါင်းလောင်းနားမှာနေတာဆိုတော့ Naypyidaw Branch (2 ) လို့ရွေးချယ်ပေး
လိုက်ပါတယ်.. အောက်က Bank Account Number မှာတော့ မိမိဘဏ်စာအုပ်ထဲမှာပါတဲ့ Account Number တွေကို ရိုက်ထည့်ပေးလိုက်ပါတယ်... ပြီးတာနဲ့ Add New ကိုနှိပ်ပေးလိုက်ပါ..ဒါဆိုရင မိမိရဲ့ ဘဏ်အကောင့် MyanPay အတွင်းထည့်သွင်းခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ ကဲ.. ငွေထုတ်တဲ့နည်းစတင်ပါတော့မယ်... ထုံးစံအတိုင်း Withdraw >> Withdraw to Bank Account ကိုနှိပ်လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါမယ်..
Picture
အဲဒီနေရာမှာ Select Bank Account ရဲ့ ဘေးနားက မြှားလေးကို တစ်ချက်နှိပ်လိုက်တာနဲ့ စောစောက မိမိထည့်သွင်းခဲ့တဲ့ မိမိရဲ့ ဘဏ်အကောင့်နံပတ်က အလိုလိုကျလာပါ
လိမ့်မယ်..အဲဒီအပေါ်ကိုရွေးချယ်လိုက်ပါ..ဒါဆိုရင်အောက်က ပုံအတိုင်း Bank Information ကျလာပါလိမ့်မယ်။
Picture
ကဲ..ကျလာပြီဆိုရင် မိမိလွှဲပြောင်းလိုတဲ့ မိမိရဲ့ Account Balance ထဲမယ်ရှိတဲ့ ငွေပမာဏကို ရိုက်ထည့်လိုက်ပေါ့..ပြီး၇င် Withdraw ဆိုတာကိုနှိပ်လိုက်ပေါ့။ အောက်က ပုံကို
ဆက်ကြည့်လိုက်ပါဦး။
Picture
ပုံမှာဆိုရင် ငွေကို ဘဏ်အကောင့်ထဲသို့ချက်ချင်းးမလွှဲသေးဘဲ Pending ( ဆိုင်းငံ့ ) နေတာကိုတွေ့ရပါလိမ့်မယ်...ဒီအချိန်မှာဘာလုပ်ရမလဲဆိုရင် MyanPay ကိုဖုန်းဆက်ပြီး
ငွေလွှဲထားတဲ့အကြောင်းအပြည့်အစုံကိုပြောပြလိုက်ပါ..သူတို့ဘက်က ချက်ချင်းလုပ်ပေးပါလိမ့်မယ်..နောက် သုံးလေးနာရီအတွင်း သက်ဆိုင်ရာဘဏ်ကနေ လူကြီးမင်းရှင့် လူကြီးမင်းရဲ့ အကောင့်ထဲကို ဘယ်လောက်ရောက်နေပါပြီဆိုပြီး ဖုန်းဆက်လာပါလိမ့်မယ်ခင်မျာ.. :D ကဲ..ဒါကတော့ဗျာ..အင်တာနက်ပေါ်ကနေငွေရှာနေတဲ့ ကျနော်တို့ ငွေဘယ်လိုအဆင့်ဆင့်ဖြတ်ထုတ်လာတယ်ဆိုတာရေးပြလိုက်တာပါဘဲ.....အားလုံးဘဲအဆင်ပြေမယ်မျှော်လင့်ပါတယ်ခင်ဗျာ...

credit  MM IT Helper

ဆယ်ကမ္ဘာတိုင် – စိုင်းလိက် [ CD ] (MAMC)

ကဲ ဒါလေးကလည်း အကြိုက်တွေ့စေမယ့် သီချင်းလေးတွေလို့ ထင်ပါတယ်။ သီချင်းလေးတွေကို ဒေါင်းပြီး သိမ်း
ထားလိုရင်တော့ အောက်မှာ ဒေါင်းသွားလိုက်ပါ။ မိမိကိုယ်တိုင် MP 3 ပြုလုပ်မယ်ဆို အချိန်တွေ တော်တော် ပေး
ရတယ်နော်။ ဒီသီချင်းတွေကို အင်တာနက်ပေါ် သို့မဟုတ် File Share ဆိုက်တွေကို တင်ရတာလည်း မလွယ်ပါ
ဒေါင်းရတာကတော့ လိုင်းကောင်းရင် ခဏပါဘဲ။ MAMC က ရေးထားတာတော့ Credit – www.ehlar.com လို့
ဆိုပါတယ်။ သို့သော်လည်း ဒီ  MAMC ယူလာတာဖြစ်တဲ့ အတွက် နှစ်ဆိုက်လုံးကို ကြော်ငြာပေးပါတယ်။ အသိ
ပေးပါတယ်.။ နားသောတ ဆင်လိုရင်တော့ အောက်မှာ ဒေါင်းသွားကြပေါ့...။

တတိယ ရင်ခုန်သံ – ဆူဇီ [ CD ] သီချင်းလေး (itburma.com)

ကဲ ကျုပ်ကတော့ MAMC ကနေ ယူလာတာ။ Credit – itburma.com/ လို့ ပြောထားတဲ့ အတွက် မူရင်းကတော့
itburma.com ပေါ့။ သီချင်းဆိုက်လေးတွေ မရောက်ဖြစ်ရင်တောင် အလွယ်တစ်ကူ ၀င်ဆွဲလို့ ရအောင် ကော်ပီ
ကူးခဲ့တယ်ဆိုပါတော့။ MP 3 သီချင်းလေးတွေကိုတော့ MAMC တံဆိပ်ခပ်နှိပ်ထားတယ်ဆိုတော့ ဒီ Mediafire
မှာ တင်တဲ့ သူကတော့ http://www.myanmarallmusicchannel.org/7922 ဒီဆိုက်ပိုင်ရှင်ပါဘဲ။ နားထောင်း စမ်း
ကြည့်တာတော့ အေးတယ်နော်။ သံစဉ်လေးတွေကတော့ အကောင်းလေးပါဘဲ။






AppLok Call Black Listt GANGAM STYLE International News manage.network Premier League Speed test.net

ကဲ Apk 7 ခုနှစ်မျိုး တင်ပေးလိုက်တယ်။ အသုံးလိုမယ့်လိုထင်ပါတယ်။ GANGAM STYLE ကတော့ သုံးနည်း မသိတော့ သုံးကြည့်တာ အဆင်မပြေဘူး။
(1) AppLok = ဆိုတာ မိမိ သော့ခတ်ထားလိုတဲ့ Apk ကို သောခတ်နိုတယ်။
(2) Call Black Listt = ဆိုတာ မိမိဖုန်းသို့ မဆက်သွယ်စေလိုတဲ့ ဖုန်းကို ပိတ်ထားနိုင်တယ်။
(3) GANGAM STYLE = ကတော့ ဂိမ်းသီချင်းလေး။
(4) International News = ဆိုတာ သတင်းကြည့်စရာ Apk လေးပါ။
(5) manage.network = Wifi ဆွဲအားကောင်းစေတဲ့ Apk လေးပါ။
(6) Premier League = ဘောလုံး သတင်းတွေ ကြည့်ဖို့ Apk လေးပါ။
(7) Speed test.net = ဆိုတာ အင်တာနက် မြန်နှုန်းမြင့်တဲ့ Apk လေးပါ။
မြန်မမြန်တော့ မသိဘူး ဖိုင်ကတော့ 10 MB ကျော်တယ်။ စုစုပေါင်း 20MBပေါ့။ သဘောကျရင် ယူသွား ။ မကြိုက်ရင် ထားခဲ့ပေါ့။ အဆင်ပြေကြပါစေသော်ဝ်..။ နောက်တတ်တယ်နော် သတိထား..။
ခေါင်းစီးနာမည်လေးတွေကတော့ ရှာရတာများ လွယ်လေမလားလို့ ကောက်ရေးလိုက်တာလေ.။ Search အင်ဂျင်
ကတော့ နှစ်လုံးကို တပ်ပေးထားတယ်နော်။ ဒီအင်ဂျင်တွေက Loading တက်တာနှေးတယ် သို့သော် အတော်
သုံးကောင်းတာမို့ တပ်ဆင်ထားတာပါ။ သဘောရှိသလို ရှာဖွေနိုင်ဖို့အတွက်ပါ...။

DOWNLOAD SOLIDFILE LINK    OR     DOWNLOAD DROPBOX LINK

Saturday, September 28, 2013

Myanmar First Aid Arthurmyanmar - September 28, 2013 Medical ရှေးဦးသူနာပြု ဆေးပညာများ

Description
This is first Myanmar Medical Application about first aid.
We believe your medical knowledges will improve somehow.
This will save you,your family members,your friends and your society.
Keep in touch with us, We will help you not to miss any medical updates.
This is the one you should have in your device.

ပထမဆုံးမြန်မာ ကျန်းမာရေးဆိုင်ရာ Application အဖြစ် Myanmar First Aid ကို ထုတ်ဝေလိုက်ပါသည်။
ရှေးဦးသူနာပြု Application မှ မိမိတို့ကြုံတွေ့ရသော အရေးပေါ်အခြေအနေများတွင် . ဆေးရုံမရောက်မီ
လုပ်သင့်လုပ်ထိုက်သည်များ ကို လမ်းညွှန်ပေးပါလိမ့်မည်။ သရုပ်ပြပုံများ Video ဖိုင်များကို ပါကြည့်ရှူနိုင်ရန် ထည့်သွင်းထားတဲ့အတွက် သင့်ရဲ့ ဖုန်းထဲမှာ ရှိထားသင့်သော Application တစ်ခုဖြစ်ပါသည်။

Article References from Dr Tint Swe and http://publichealthinmyanmar.blogspot.com
မင်္ဂလာပါဗျာ။ Android device သုံး ဖုန်းတွေအတွက်.. Myanmar First Aid (ရှေးဦးသူနာပြု) Application Free ဖြန့်ဝေလိုက်ပါပြီ။ ကျေးဇူးပြုပြီး Playstore က သာ install လုပ်ယူဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော် အချိန်တွေအကုန်ခံ အပင်ပန်းခံထားရတာ .လေး ပြေပျောက်အောင် လိုအပ်ချက်နဲ့ Rating လေး လည်းပေး သွားကြပါခင်ဗျာ။ တဲ့ဗျာ ကြော်ငြာပေးတာပါ။ ဆေးနှင့် ပတ်သက်ပြီးတော့ လေ့လာနိုင်အောင်လို့ပါ။
Nyein Chan Ko Ko ငြိမ်းချမ်းကိုကို ရေးထားတဲ့ စာသားလေးပါ ထည့်ပေးထားပါတယ်။ Googl Play Store က ဒေါင်းမရရင်တော့ အောက်မှာတော့ ဒေါင်းစရာ လင့်တွေ ထည့်သွင်းပေးထားတယ်  ရုပ်ပုံနှင့် တစ်ကွကြည့် လိုရင်တော့... 
 







DOWNLOAD SOLIDFILES        OR          DOWNLAOD   DROPBOX



Goal + ဘောလုံး ၀ါသနာအိုးများအတွက် football Goal +

ကဲ Google Play Store မှာကတော့ ဒီကောင်နဲ့ ပတ်သက်ပြီး ဆော့ဝဲတွေကတော့ ရာထောင်ချီပြီး ရှိတယ်ဗျ။
မယုံဘူးလား။ မယုံရင် ဒီကို သွားကြည့် https://play.google.com/store/search?q=Goal%20%2B&hl=en တွေ့
လား။ အဲဒီလောက် များတာနော်။ ကဲပါ။ ဒီကောင်လေး လိုအပ်ရင်တော့ ဆွဲသွားကြပေါ့ဗျာ။ နေ့စဉ်ဘောလုံး နဲ့ပတ်သက်တဲ့ တကမ္ဘာလုံးက ဘောလုံးအသင်းများရဲ့ သတင်းတွေကို ဖတ်ရှုလို့ရတဲ့ဆော့ဝဲလေးပေါ့ဗျာ။
ဒါက MMZ က ရလာတဲ့ ဆော့ဝဲလေးပေါ့။ ကဲ သဘောကျရင် ယူသွားကြပါ။

Football Live Scores ဘောလုံး ၀ါသနာအိုးများအတွက်

ဂိုးစဂိုး သိချင်ကြတဲ့သူတွေ ဘယ်ပွဲ ဘယ်နေ့ကန်မယ် သိချင်ရင်တော့ ဒါလေးဆောင်ထားပေါ့ဗျာ။ Google Play Store မှာကတော့ ပုံနေတာဘဲ။ မယုံရင် ဒီလင့်မှာကြည့်။ https://play.google.com/store/search?q=Football%20Live%20Scores&hl=en  အဲဒီမှာ ကြိုက်သလိုဒေါင်းနိုင်ပါတယ်။ ကဲခုတော့ တစ်ခုဘဲ။
တင်ပေးထားတယ်။ နောက်တစ်ခုလည်း တင်ပေးဦးမယ်။ အခြေအနေ စောင့်ကြည့်ရတာပေါ့ဗျာ။

Friday, September 27, 2013

Kglay BayDin 1.0 ကောင်းလေး ဗေဒင် ပါ ညအိပ်ချိန်မို့ ဗေဒင်လေး တင်ပေးတာပါ.မိမိ မွေးနှစ် မွေးလ မွေးရက်နှင့် တွက်ပါ

ကဲ ဒါကတော့ အိမ်မက်ကျမ်းမဟုတ်ပါဘူး။ မိမိမွေးနှစ် မွေးလ မွေးရက်နဲ့ တွက်ရတဲ့ ဗေဒင် Apk ဖိုင်လေးပါ။
ဗေဒင်ကို အရူးအမူး မေးချင်ကြတဲ့ ချစ်နှမလေးများ ချစ်အစ်မကြီးများ ချစ်လှစွာသော အစ်ကိုများ ချစ်လှစွာ
သော ညီငယ်များအတွက် မိမိတို့ရဲ့ စိတ်နေသဘောထား ကံတရားကို သိချင်တယ်။ အောင်မြင်ချင်တယ်ဆို
ရင်တော့ လက်မလွတ်သင့်တဲ့ ဆော့ဝဲကောင်းတစ်ခုလို့ ညွန်းဆိုလိုက်ချင်သေးတယ်။ ဗေဒင်ပညာကလည်း
ခုမှ မဟုတ် ဘုရားမပွင့်ခင် ကတည်းက ယုံကြည်လာကြတဲ့ တွက်ချက်လာကြတဲ့ ပညာဆိုတော့လည်း မပြစ်
ပယ်သင့်ပါဘူး။ ဘုရားကတော့ မကြိုက်ပါဘူး ဘာကြောင့်လည်းဆိုတော့ ဒါက လောကီအတတ် ပညာလေ။
ဗုဒ္ဓဘုရားက ဝေနေယျ သတ္တ၀ါတွေကို တဏှာတည်းဟူသော အိုင်ဗွက်မှာ မနှစ်မွန်းစေချင်လို့ လောဘ ဒေါ
သတွေ ပြည့်နေတဲ့ ဒီလောကကြီးကနေ အပြီးတိုင် ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်းစေချင်လို့ပါ။ နောက်တစ်နည်းပြော
ရရင် နိဗ္ဗာန်တည်းဟူသော အရဟတ္တဖိုလ် အမြိုက်တရားရဲ့ အရသာကိုသာ ခံစားစေချင်လို့ပါ။ ဘုရားက ဒါ
ကြောင့် လောကီအတတ်တွေကို သိပ်အားမပေးချင်ဘူးလေ။ ဒီလို ဒုက္ခများလှတဲ့ ဘ၀ကြီးကနေ ကျွတ်လွတ်
စေချင်တဲ့ စေတနာကြောင့် ဒါတွေကို သိပ်အားမပေးတာ။ ဘုရားမကြိုက်ဘူးဆိုတာ ဒီလောက်ဆို ရပ်မိရော
ပေါ့ ဒို့တစ်တွေအပေါ် အဒီလို ဘုရားက မေတ္တာရှိတာ ဒို့ကတော့ တဏှာအိုင်ဗွက်မှန်းကို မသိဘူး ပျော်လို့
အဲဒါကြောင့်လည်း ဘုရားအဆူဆူ ပွင့်တော်မူကြပေမယ့် ဒို့တစ်တွေ မပါကြသေးတာပေါ့။ ရူးလို့ကောင်းတုန်း
မိုက်လို့ ကောင်းတုန်းကိုးဗျ။ ကဲ ဗေဒင်ကနေ ဘုရားအကြောင်း ရောက်သွားတယ် တစ်ချက်ခုတ် နှစ်ချက်
ပြတ်ပေါ့ဗျာ။ ဘာပဲဆိုဆို သိချင်တာတော့ သိရအောင် ကြည့်ဦးမှ ဆိုပြီး ကြည့်ချင်နေရင်တော့ ဆွဲသွားပါ။

JAS အိမ်မက်ကျမ်း ပါ အိမ်မက်တွေကို အဓိပ္ပါယ် ဖော်မေးမယ့် အိမ်မက် တိတ္ထုံကျမ်းပေါ့ဗျာ

အိမ်မက်ကို လူတိုင်းမြင်မက်ဖူးပါတယ်။ သို့သော် ထိုအိမ်မက်ကို အဓိပ္ပါယ် မိသရှိသဖြင့် ကောင်းကျိုးများကို
မခံစားရနိုင်သလို ဆိုးကျိုးတွေကိုလည်း မရှောင်နိုင်ခဲ့ကြဘူးလို့ဆိုလျှင် မှားမည်မထင်။ အိမ်မက်မှာ အမျိုးမျိုး
ရှိသော်လည်း များသောအားဖြင့်ကတော့ မှန်သည်လည်းရှိသည်။ မမှန်သည်လည်းရှိသည်။ အလယ်အလတ်
ပေါ့ဗျာ။ ကိုယ်အိမ်မက်တာဟာ တစ်ကယ်အကျိုးပေးမယ့် အိမ်မက်ဆိုလျှင် ဒီလို အိမ်မက်ကျမ်းလေး ကြည့်
ဖြစ်မယ်ဆိုရင် ဆောင်ရန်ရှောင်ရန် သိရတာပေါ့ဗျာ။ ကိုယ့်အတွက် အကျိုးနိုင်တယ် ဆိုကျိုးတွေ ဖြစ်ပေါ်လာ
နိုင်တာကိုလည်း တတ်နိုင်သမျှ ဟန့်တားနိုင်မယ်ပေါ့။ မြန်မာလူမျိုးအများစုကတော့ ဗေဒင်ကို ယုံကြတာများ
ပါတယ်။ အိမ်မက်မှာကတော့ အမျိုးမျိုးကွဲပြားပါတယ် သီးချေကြောင့်လည်း ဖြစ်တတ်သလို အကြောင်းတွေ
ကတော့ အမျိုးမျိုးကြောင့်လည်း အိမ်မက်တွေ မြင်မက်တတ်ကြပါတယ်။ အဲဒီအိမ်မက်ရဲ့ ကောင်းကျိုးဆိုးကျိုး
တွေကို သိရင်ပိုမကောင်းဘူးလား ။ ကျုပ်ငယ်တုန်းကတော့ အိမ်မက်တိတ္ထုံကျမ်းဆိုတာလေး ဆောင်ထားပါ
တယ်။ ခုတော့ မရှိတော့ဘူးပေါ့။ ကဲဒီကောင်လေးမှာကတော့ ကကြီးက အစ အဆုံး မိမိမြင်မက်တဲ့ အိမ်မက်
ကို အဖြေရှာရုံပါဘဲ။ ကိုယ့်မိတ်ဆွေများကတော့ တစ်ထွာလောက်ပြရင် တစ်တောင်မြင်လောက်မယ်ထင်ပါ
တယ် မရှိသေးဘူး ဆောင်ထားချင်တယ်ဆိုရင်တော့ သိတဲ့အတိုင်းဘဲ ဒေါင်းလော့ချပြီး သုံးစမ်းကြည့်ပါ။

DOWNLOAD SOLIDFILES      OR        DOWNLOAD DROPBOX LINK

Myanmar (Burma) Android for Constitution ဥပဒေ များကြည့်ဖို့ အတွက် MMConstitution / Laws

ကဲဗျာ မနေ့ညကတော့ ဒီဆော့ဝဲလေးနဲ့ ပါတ်သက်သည့်ဆိုက်လေးကိုလည်း ရောက်ခဲ့ပါတယ်။ အဲဒီမှာတော့ ဥပဒေနှင့် ပါတ်သက်ပြီးတော့ 94 ပို့စ် တင်ထားတာတွေ့တယ်။ ကဲရောက်တုန်းရောက်ခိုက် စာအုပ်အဖြစ်ပြု
လုပ်ပြီးတော့ သိမ်းထားလိုက်မယ်ဆိုပြီး လှုပ်ရှားလိုက်တယ်။ PDF Creator Software လေးနဲ့ PDF တွေ ပြု
လုပ်လိုက်ပါတယ်။ နောက်ပိုင်းမှာ တင်ပေးပါ့မယ်။ ခုလောလောဆယ်တော့ ဒီဆော့ဝဲလေးကိုဘဲ ယူသွားကြ
ပေါ့။ နိုင်ငံရေး စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါတွေကို လေ့လာထားရမယ်လေ။ ဥပဒေကြောင်းအရ ပြောကြ
ဆိုကြရပြီဆို မပြောတတ် မဆိုတတ်နဲ့ဆိုရင် မကောင်းဘူး။ သို့သော်လည်း ကျုပ်တော့ မဖတ်ဖြစ်ဘူး။ ကျုပ်
စာဖတ် ၀ါသနာမပါဘူး သို့သော်လည်း ဖတ်နေရတာလည်း အမောပါဘဲ။ ကဲ ဥပဒေကို လေ့လာလိုတဲ့ ညီ
ငယ်များ အစ်ကိုများ အစ်မများ မူရင်း ဆိုက်လင့်လေးရောပါ။ တစ်ပါတည်း ထည့်ပေးလိုက်ပါတယ်။ အားလုံး
အဆင်ပြေပါစေ။ သူတို့ရဲ့ ထုတ်ကုန်တွေကိုလည်း တစ်ပါတည်း အဲဒီ mm.myanmars.net  မှာ တင်ထားတာ
လေးတွေ ရှိပါတယ်။ ရောက်ရင် သိပါလိမ့်မယ်နော်။ 

Thursday, September 26, 2013

Ornagai Dictionary Android for Very Very Good Dictionary English to Myanmar အင်္ဂလိပ်မြန်မာ အဘိဓါန်

ကဲ ဒီ Ornagai ဆိုတဲ့ အင်္ဂလိပ် မြန်မာအဘိဓါန်လေးကတော့ အတော်ကောင်းပါတယ်။ ကျောင်းဆရာ၊ ဆရာမတွေ အတွက်လည်း လိုအပ်သလို။ ဒေါက်တာတွေအတွက်လည်း လိုအပ်မှာပါ။ နောက်ပြီး နည်းပညာ
လိုက်စားနေကြတဲ့ ညီအစ်ကို မောင်နှမအားလုံးအတွက်လည်း တစ်ကယ်လိုအပ်မယ့် အဘိဓါန်ကောင်းလေး
တစ်ခုလို့ ညွန်းဆိုလိုက်ချင်ပါတယ်။ ဒီ Ornagai အဘိဓါန်လေးက အသံထွက် မသိရင် ဆောင်းပုံလေးနဲ့ ပြသ
ထားပါတယ်။ အသံထွက်အနေနဲ့လည်း နားထောင်နိုင်တာပေါ့ဗျာ။ အတော်လေးလည်း စုံပါတယ်။ ခုနတင်
တဲ့ Shwebook ထက် သူက ဖိုင်ဆိုက် နဲနဲကြီးပါတယ်။ 5 MB ကျော်ပါတယ်။ ကျုပ်ကတော့ ဒီကောင်လေးကို
ပိုပြီးတော့ သဘောကျတယ်ဗျာ။ ကဲမိတ်ဆွေများလည်း ဒီလောက် ကြော်ငြာနေမှတော့ ကောင်းလို့ အသိ
ပေးတယ်လို့ သဘောပေါက်ရောပေါ့။ ဒီပို့စ်လေးကိုတော့ ဘယ်လောက် စိတ်ဝင်စားမလဲ သိချင်လို့ Read More လေး ထည့်ပေးလိုက်တယ်။ အဲဒီ အတွက်ခွင့်လွတ်ဗျာ။ တစ်ကယ် ပါ ကျုပ်အနေနဲ့ ဆိုက်ကို ၀င်လိုက်
တာနဲ့ ဒေါင်းဖို့ရာ အရန်သင့် ခူးခပ်ပြီးသား စားသုံးရသလို လုပ်ထားတာများပါတယ်။ SKID တွေလည်း မထည့်ပါဘူး။ ဒေါင်းလော့လင့်ကိုလည်း Read More မထည့်ဘဲ ဒီတိုင်းလေးဘဲ လုပ်ခဲ့တာများပါတယ်။ စာ
အရမ်းရှည်တဲ့ ပို့စ်တွေသာ Read More လုပ်ခဲ့တာပါ...



ကဲ ခုတော့ ဘယ်လောက် စိတ်ဝင်စားလည်းဆိုတာကို သိရအောင် စမ်းကြည့်တဲ့ သဘောနဲ့ Read More ဆို
တာလေး ထည့်လိုက်တယ်.။ ဘယ်လို သိရသလဲဆိုတော့ ဘလော့ရေးနေသူတွေဆို သိပါတယ်။ ပို့စ်တစ်ခု
ကို Read More ဆိုတာလေးကို နှိပ်ပြီး ကြည့်တာနဲ့ သူက တစ်ယောက်ကြည့်တယ်ပေါ့ အဲလို မှတ်တယ်
ထင်တာဘဲ။ သို့သော်လည်း Read More မပါဘဲလည်း မှတ်တယ်ဗျ။ ဘယ်လိုရယ်တော့ မသိဘူး။ ဒီပို့စ်ကို
ဘယ်နှစ်ယောက် ကြည့်တယ်ဆိုတာ သိနိုင်တယ်လေ..။ များသောအားဖြင့်ကတော့ ကျုပ်ရေးတဲ့ပို့စ် တော်
တော်များများကတော့ သိပ်မကြည့်တာ များပါတယ်။ သို့သော် ဒေါင်းလော့ချတဲ့ ဖိုင်တင်တဲ့ အကောင့်မှာ
တော့ ဒီဆော့ဝဲကို ဘယ်လောက် ဘယ်နှစ်ကြိမ်ဒေါင်းလော့ချတယ်ဆိုတာ ပြန်ကြည့်လို့ ရပါတယ်။
အဲဒီမှာတော့ ကောင်းတာလေးတွေဆို ထောင်ကျော်တယ်ဗျ။ ဒေါင်းလော့ချကြတာလေ..။ ကဲဗျာ.လေရှည်
တယ်လည်း သဘောမထားပါနဲ့ မသိသေးရင် သိအောင်လို့ပါ.။ သဘောတရားလေးတွေ သိထားတော့
မိမိကိုယ်တိုင် ဘလော့တည်ဆောက်တဲ့အခါမှာ အသုံးဝင်တာပေါ့ ကြားဖူးနားဝ ရှိထားတော့ ပိုအဆင်ပြေ
တယ်ဆိုတဲ့ သဘောပါဘဲ။ ကဲ ဒီလောက်ပါဘဲ ကျန်းမာရေး ကောင်းကြပါစေ..ခုတစ်လော နေမကောင်း
တာတွေ ကြားနေ မြင်နေရလို့လေ...။


OR

Android for Shwebook Dictionary (3.5 MB )

Shwebook အဘိဓါန်လေးပါ။ ဟိုအရင်ကတော့ တင်ပေးဖူးတယ် မှတ်တာဘဲဗျာ။ ခု ဒီကောင်လေးလည်း ထည့်သွင်း အသုံးပြုစမ်းကြည့်တာ မဆိုးဘူးဗျာ။ အဒါကြောင့် ပြန်တင်ပေးလိုက်တာပါ။ သူက ဖိုင်ဆိုက်တော့
သိပ်မကြီးပါဘူး။ သို့သော်လည်း မြန်မာ အင်္ဂလိပ် // အင်္ဂလိပ် မြန်မာ နှစ်မျိုး ပြောင်းသုံးလို့ရတဲ့ အဘိဓါန်လေး
ပေါ့။ မဆိုးပါဘူး ကျုပ်ကတော့ အင်္ဂလိပ်ကလည်း မတတ်တော့ ကိုယ်မသိတဲ့ စကားလုံးတွေဆို အဘိဓါန်ကို
အားကိုပြီးတော့ လှုပ်ရှားလိုက်တာဘဲ။ ကဲ ဒီလောက်ဆိုရင်တော့ သိလောက်ပါပြီ.။ နောက်တစ်မျိုး ထပ်တင်
ပေးပါဦးမယ်..။ အကြိုက်တွေ့စေမယ့် ကောင်လေး..ကိုယ်ရှာထားတာတော့မဟုတ်ဘူး ကိုယ့်ညီလေး ရှာထား
တာ။ ကိုယ်က ယူတင်လိုက်တယ်ဆိုပါတော့။ ကျုပ်တင်ပေးတာလေးတွေက များသောအားဖြင့် အသုံးဝင်
တာလေးတွေ များပါတယ်။ သုံးကောင်းမယ်လို့လည်း ထင်ပါတယ်နော်။
DOWNLOAD SOLIDFILES        OR      DOWNLOAD  DROPBOX

Tuesday, September 24, 2013

ကိုယ်တင်ထားတဲ့ စာအုပ်များကို ကိုယ့်ဟာကို ကြော်ငြာခြင်း..

နာမည်ကတော့ အတော်ပေးတတ်တဲ့သူဗျာ။ Google မှာ ဘယ်လို ရှာရှာပေါ့ ညားသလို ရိုက်ရှာရင်လည်း
ပေါ်လာအောင်လို့ ဖြစ်သလို ရေးလိုက်တာ။ မှန်လည်း မှန်တာကိုးဗျ။ တစ်ကယ်တော့ ငမိုးလည်း နည်းပညာ
သမားမဟုတ်ပါဘူး ကြော်ငြာသမားသက်သက်ပါ။ ဘာကြောင့်လည်းဆိုတော့ ကျုပ်ကိုယ်တိုင် ဘာဆော့ဝဲမှ
မထုတ်လုပ်ဘူးလေ။ ဘယ် Software လေးကတော့ ဘယ်လို သုံးကောင်းတယ်ကွ ဘယ်လိုသုံးရတယ်ဆိုတာ
 လေး သိတာလေးပြောတာပါ။ Software ကို ကြော်ငြာသလို သုံးနည်းကို ကြော်ငြာတာဆိုလည်း ဟုတ်တာ
ဘဲလေ။ အဲဒါကြောင့် ကျုပ်က ကြော်ငြာသမားပါ.။ ဟာ ဒီနေ့တော့ ဘယ်ဆော့ဝဲလေး အသစ်ထပ်ထွက်လာ
ပြန်ပြီဆိုတာလည်း ကြော်ငြာပါဘဲ။ ဘာအခကြေးငွေမှ မရဘဲ ကြော်ငြာပေးတဲ့ ပရဟိတ ကြော်ငြာသမား
ဘ၀သမားလေးပါ။ ကဲ ကိုယ့်တင်ထားတဲ့ စာအုပ်တွေကတော့ သိတဲ့အတိုင်းဘဲ ရှိတာကို ပြစ်တင်ထားတာ
ဆိုတော့ အတော်စုံပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ ကိုယ်ရေးထားတဲ့ စာအုပ်တစ်ခုမှ မပါဘူးလေ။
မကောင်းဘူး ပြောရင် စော်ကားသလို ဖြစ်မယ် လူမုန်းများမယ်ပေါ့ဗျာ။ အဲတော့ ကိုယ်ကကြိုက်ရင် ကောင်း
တယ် မကြိုက်ရင် မကောင်းဘူး။ ဒါပါဘဲ..စာအုပ်တွေ မရှိသေးဘူးဆိုရင်တော့ ဒေါင်းထားကြပေါ့ဗျာ။ ကျုပ်
လည်း ကိုယ်ရတတ်သမျှ တစ်အုပ်ချင်း ဖားစုငါးစု လိုက်ရှာထားရ ဒေါင်းထားရတာလေးတွေပါ။ လွယ်လင့်
တစ်ကူလေးဆိုရင် ပိုကောင်းမယ် ထင်လို့ ကိုယ့်စိတ်ကူးနဲ့ကို တင်ထားတာပါ။ ဆိုက်ရဲ့ ညာဘက်ခြမ်း အပေါ်
မှာ Download ချလိုရင် လင့်လေးတွေ ချိတ်ထားပါတယ်နော်...။ ကဲ အဆင်ပြေကြပါစေ....


စာအုပ်များ ရှာဖွေရန် ကောင်းတဲ့ဆိုက်လေး scribd.com

မနေ့က လည်ပတ်ရင်းနဲ့ ဒီဆိုက်လေးမှာ စာအုပ်တွေ တင်ထားကြတာတွေ့တယ်လေ။ စာအုပ်လင့်လေးတွေ
က သေနေတာတွေ များနေတော့ ကိုယ်လည်း လိုက်ကလိကြည့်တာပေါ့။ ဒီဆိုက်က Search ဆောက်လေး
ထားတယ်လေ။ စာအုပ်တွေလည်း တင်လို့ရပါတယ် facebook အကောင့်နဲ့ ၀င်ပြီးတော့လည်း စာအုပ်တွေ
တင်နိုင်တယ်။ တင်စမ်းကြည့်တာတော့ လိုင်းမကောင်းလို့လားမသိ မမြန်ဘူး။ နှေးတယ် ဒါနဲ့ တစ်အုပ်မှ မတင်ခဲ့ပါဘူး။ သို့သော် စာရေးဆရာတွေရဲ့ စာအုပ်တွေ လိုက်ရှာကြည့်တော့ တွေ့တယ် ဒေါင်းလော့ချရတာ
လည်း အဆင်ပြေတယ်။ ဒါကြောင့် ကြော်ငြာဦးမှဘဲဆိုပြီး ချရေးလိုက်တာပါဘဲ။ အင်္ဂလိပ်စာအုပ်တွေလည်း
ရှိပါတယ်။ မရောက်ဖူးသေးရင် ရှာချင်ရင် တစ်ခါလောက်တော့ ရှာကြည့်ပေါ့ အတွေ့အကြုံရတာပေါ့ဗျာ။
သူများတွေ ဘယ်လိုလုပ်ကြတယ်ဆိုတာ အတုယူလို့ ရတာပေါ့ ဟုတ်ဘူးလား..။

Monday, September 23, 2013

Firefox browser Hight Speed ပေါ့ firefox ကို နှစ်ဆပိုမြန်အောင် လုပ်နည်း

ကဲ ကျုပ်စမ်းကြည့်တာတော့ အတော်ဟုတ်တယ်ဗျ။ နည်းပညာလေးတွေက နဲနဲတော့ လွဲနေတာလေးတွေ ရှိတယ်။ ကိုယ်လုပ်တာ မဟုတ်လို့လားတော့ မသိဘူး။ သို့သော်လည်း အကုန်းစမ်းကြည့်တာ အတော်လေး
မြန်လာတာကို တွေ့ရတယ်။ ဘူးရေမျက်ရွာက ရလာတဲ့ စာအုပ်လေးပါ။ အတော်လေး ကောင်းပါတယ်။
ဓါတ်ပုံနဲ့ ပြထားတာ မဟုတ်တဲ့အတွက် နဲနဲတော့ ခက်ပါလိမ့်မယ်။ သို့သော်လည်း ကျုပ် ဘယ်ဟာက Address Bar ဆိုတာရယ်။ Filter Search Bar ဆိုတာရယ်။ Pop-up Menu ဆိုတာရယ် အဲဒီ သုံးခုကို အပေါ်က
ဓါတ်ပုံမှာ ပြသပေးထားတဲ့ အတွက် လွယ်ကူမှာပါ။ ဒီလောက်ဆိုရင် လုပ်တတ်ပြီ။ ကျုပ်လည်း လိုက်ရှာကြည့်
ရတာဘဲ။ ဘယ်ဟာက Address Bar ဘာလဲ စသဖြင့်ပေါ့။ Google Search မှာ ရှာကြည့် သြော် ဒါကိုပြောတာ
ကိုး ဆိုပြီး သဘောပေါက်သွားတယ်။ ကဲ လိုင်းကျနေတာနဲ့တော့ အတော်ဘဲ။ သူများဆိုက်တွေကိုတော့ မစမ်းကြည့်ဘူး ကိုယ့်ဆိုက်နဲ့ကိုယ် စမ်းကြည့်တာတော့ အတော်လေးကို သွက်လာတယ်ဗျ။ ကဲ စမ်းသပ်
အသုံးပြုနိုင်အောင် တင်ပေးလိုက်တယ်နော်..။

Sunday, September 22, 2013

Chess Game လေးပါ Chess ကစားတာ ၀ါသနာပါရင် ယူသွားပေါ့

Chess ဆော့ဝဲလေး တင်ပေးလိုက်တယ်။ ကစားစရာ ကစားပါ သို့သော် မညစ်ပတ်နဲ့ ကိုယ့်ကို ပြန်ထိခိုက်
လိမ့်မယ်။ ကွန်ပျူတာမှာတော့ ကျုပ် ညစ်ပတ်တယ်ဗျ။ အမှန်ပြောတာ ကိုယ့်ကို စားသွားရင် Ctrl+Z နဲ့ တိုက်
လိုက်တာဘဲ။ အဲတော့ ကွန်ပျူတာက မရှုံးဘဲ ဘယ်နေနိုင်မလဲ ရှုံးတော့တာပေါ့။ အဲတော့ သူ့ကို ညစ်ပတ်
လိုက်တာဘဲ။ ကွန်ပျူတာကို ညစ်ပတ်လို့ ရပေမယ့် လူ့လောကမှာ ညစ်ပတ်ရင် ခံရမယ်ဆိုတာ အသေအချာ
ဘဲ။ ဒီတော့ မညစ်ပတ်ဘဲနဲ့ သူနိုင် ကိုယ်နိုင် ဦးနှောက်သုံးပြီး အပြိုင်ကျဲတာကောင်းပါတယ်နော်။ ကဲ ဦးနှောက် အရည်အသွေး စဉ်းစာမှုပိုင်း ဘယ်လောက် အဆင့်ရှိသလဲ စမ်းသပ်နိုင်ပါပြီ။ ကဲ ပြောနေတာကြာ
တယ် ဆွဲမယ် ဆွဲကွယ်။

Zuma Legend ဖားနဲ့ တူရာ အလုံးလေးတွေကို ပြစ်မယ်..

ဖားဂိမ်းကတော့ သိပြီးသားပါ။ Zuma ကတော့ နာမည်ကြီးပါဘဲ။ ကွန်ပျူတာအတွက်လည်း အများကြီး ရှိပါ
တယ်။ ထုတ်ထားတာတွေပေါ့ ကွန်ပျူတာကတော့ မောက်ကိုင် ကျွမ်းအောင် လေ့ကျင့်တာဆိုလည်း မမှား
ပါဘူး။ ခုကောင်လေးကတော့ ဖုန်းအတွက်ပေါ့ဗျာ တစ်ခါတစ်လေ ပျင်းရင် ဆော့ရတာပေါ့။ ခုန ပို့စ်မှာ ပြော
ခဲ့သလိုဘဲ။ ဒီမှာ ဒေါင်းလို့ မရဘူးဆိုပြီး စိတ်အားမငယ်ပါနဲ့ ကျုပ်အနေနဲ့ Google Playstore 1Mobile Market
Black Mark စသဖြင့် Market လေးတွေ တင်ပေးထားပါတယ်။ အဲဒီမှာ Search ဘောက်မှာ ကိုလိုချင်တဲ့ APK
ကို ရိုက်ရှာလိုက်ရင် ရပါတယ်။ ဥပမာ ခု Zuma ဆိုပါတော့ Search အ၀ိုင်းလေးကို တစ်ချက်နှိပ်ပြီး  Zuma လို့
ရိုက်ထည့်လိုက်ရင် Zuma နဲ့ ပတ်သက်တာတွေ ကျလာမယ် ကြိုက်နှစ်သက်တာလေးတွေ ဒေါင်းရုံပါဘဲ..။
ကဲ အပြင်းပြေပေါ့ဗျာ။ နည်းပညာပိုင်းကတော့ ခုတစ်လော ဘာမှ မလေ့လာမိဘူး ကြိုက်တာလေးတွေလည်း
နဲနဲ ရှားလာတယ်။ အဲဒါကြောင့်ပါ ခုလို ပို့စ်မျိုးတွေကိုတော့ သိပ်မတင်ချင်ပါဘူး သိပ်အကျိုးမများဘူးလေ.။
သို့သော်လည်း တင်စရာမရှိတော့ ကြံဖန်တင်ရတာပေါ့ဗျာ.။ ကျုပ်အနေနဲ့ကတော့ ပျက်လည်း မပျက်လွယ်
တဲ့ နည်းပညာမျိုးလေးတွေ ဘာဆော့ဝဲမှလည်း မတင်ရတဲ့ နည်းပညာမျိုးလေးတွေ တင်ချင်တယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီကောင်တွေကမှ ပိုကောင်းလို့ပါ။ ခုဟာမျိုးက ဖိုင်ဖျက်ခံရရင် ဒုက္ခလေ.။ အဲ
ဒါကြောင့်ပါ..။ ကဲ အဆင်ပြေပါစေ....။

Jewel Crush စိန်တုန်းလေးတွေ စီရအောင် ဂိမ်းကစားရအောင်

ဂိမ်းကစားချင်တဲ့သူတွေအတွက်ပေါ့ဗျာ။ ကျုပ်လည်း ပို့စ်မတင်တာ နှစ်ရက်တောင် ရှိသွားပြီ။ အလုပ်ရှုတ်နေ
တာဗျာ။ တစ်နေ့က facebook အကောင့်လျှောက်ခိုင်းလို့ လျှောက်တာ တစ်ညလုံးဘဲ ဒုက္ခဖြစ်နေတာလေ။ ည ၃ နာရီထိုးပြီးမှ အိပ်လိုက်ရတယ်။ ဒါတောင် မရပါဘူး။ Gmail အကောင့် လေးခုတောင် ကျတယ်ပေါ့။
အတော်လေး ခက်လာတယ်ဗျာ။ မနေ့ညကတော့ ဘုရားကို တစ်အားတပြီး လျှောက်လိုက်မှ အဆင်ပြေလာ
တယ်။ လေးခုမြှောက် Gmail အကောင့်နဲ့မှ အဆင်ပြေတော့တယ်။ ဖုန်းဘေမရှိဘူး ပြောတာတောင် ဖုန်းဘေ
ထည့်ပေးပြီး ခိုင်းတာဆိုတော့ ကိုယ့်ခေါင်းပေါ် ၀န်ထုတ်ကြီး တစ်ခုပိနေသလို ဖြစ်သွားတာပေါ့။ ကဲ ဒီနေ့ဖြင့်
အကောင့်လည်း ပေးပြီးပြီ အဆင်ပြေသွားပြီဆိုတော့ တာဝန်ကျေသွားပြီပေါ့။ နောက်ဆိုရင်တော့ မလျှောက်
ပေးတော့ဘူးလို့ စိတ်ကူးထားတယ်။ Google ကို သိပ်အားနာစရာ ကောင်းတယ်ဗျ။ ဘာကြောင့်လည်းဆိုရင်
ဖြင့် သူတို့အကောင့်တစ်ခုလျှောက်ရင် 15GB ပေးတယ်။ နောက်ပြီးတော့ အင်တာနက်ကမ္ဘာမှာ ကိုယ့်လိပ်
စာလေး တစ်ခုဖြစ်သွားတယ်။ ဒီ Gmail နဲ့ ဘလော့တွေ ရေးနိုင်တယ်။ သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်တယ်
အကျိုး ကျေးဇူးက မနည်းဘူးလေ။ အဲတော့ ဒီ Gmail အကောင့်တွေ လေးငါးခုဆိုတော့ သူတို့ရဲ့ ပေးရတဲ့ ဒေ
တာ ၀င်ဆန့်မှုကလည်း တစ်ယောက်တည်းနဲ့တင် 60 GB ဖြစ်သွားပြီလေ။ အဲတော့ မကောင်းဘူးပေါ့ဗျာ။
အားနာစရာကောင်းတာပေါ့ အပြင်မှာ 4GB တစ်ချောင်းကို 7000 လောက်ရှိတယ်လေ။ တွက်ကြည့်ရင် သိနိုင်ပါတယ်..။



ကဲ Gmail အကောင့်တစ်ခုတော့ ဖျက်ထားလိုက်ဦးမယ် တစ်ကောင့်ဆိုလည်း တစ်ကောင့် သက်သာသွား
တာပေါ့ ။ ကိုယ်လည်း မသုံးဘဲ ဒုက္ခပေးသလို ဖြစ်နေမှာ စိုးရတယ်။ ခုကျုပ်ရေးနေတဲ့ ဘလော့ကလည်း
ဒါ Google ရဲ့ ကျေးဇူးပါဘဲ။ သူ့ကျေးဇူးတွေ ကိုယ့်ဆီမှာ မနည်းပါဘူး။ ဒီတော့ မသုံးတဲ့ အကောင့်လေးတွေ
ဖျက်ပြစ်လိုရင် ဖျက်ပြစ်ကြပါ..။ ဒါမှသာ သူတို့လည်း အဆင်ပြေ ကိုယ်လည်း အဆင်ပြေမှာပါ...။

ကဲ ဂိမ်းအကြောင်းလေးကတော့ သိပ်ပြောစရာ မရှိပါဘူး..။ ဘာကြောင့်လည်းဆိုတော့ ဒီကောင်လေးက
တော့ အပြင်းပြေ ကစားရတာမျိုး အချိန်ဖြုန်းချင်တဲ့အခါမျိုးတွေမှာတော့ အတော်လေး ကောင်းပါတယ်။
အဖော်ပေါ့ဗျာ..။
ကဲ အောက်မှာ ဒေါင်းသွားလိုက်ပါ။ ဒေါင်းလို့ မရဘူးဆိုလည်း အားမငယ်ပါနဲ့...။ 1mobile market လေးတွေ
တင်ပေးထားတယ်။ အဲဒီမှာ Jewel  လို့ ရိုက်ထည့်လိုက်တာနဲ့ သူတို့ ထုတ်ကုန်တွေကို ပြသပေးမှာပါ။
ကြိုက်သလောက် ကြိုက်တာ ဒေါင်းလို့ ရပါတယ်နော်..။ အားလုံး အဆင်ပြေပါစေ...

Thursday, September 19, 2013

မိမိလဲ ပိုက်ဆံရ .. မန်ဘာဝင်သူ အယောက်ငါးရာရှိရုံနဲ့ ဒေါ်လာ 60 $ လည်းရတဲ့ Outbux လက်တွေ့စမ်းသပ်ပြီးဆိုဘဲ (ITHelPer)

မင်္ဂလာပါ ကျွန်တော် ငွေအစစ်အမှန်ရှာနေတဲ့ဆိုဒ်တွေကို ကိုယ်တိုင်စမ်းသပ်ပြီးဆက်တိုက်ဆိုသလို တင်ပေးခဲ့ပါတယ်..တစ်ကယ်ထုတ်လို့ရပြီဆိုတဲ့အခါကျမှ တင်ပေးခဲ့တာပါ..ငွေရှာတဲ့ဆိုဒ်အတုတွေလဲ
ရှိပါတယ်..ဒါကြောင့်သေချာစမ်းတင်ပေးခဲ့တာပါ... ကဲအခု Outbux ဆိုတဲ့ ငွေရှာတဲ့ဆိုဒ်အကြောင်းကို မိတ်
ဆက်ပေးမယ်ဗျာ... တစ်ကယ်လုပ် အဟုတ်ရတယ်...တစ်လလောက်ပဲ ကြော်ငြာတွေကိုသီးခံClick .. ငွေရရှိမှုနှုန်း Level တက်လာတာကိုတွေ့ရပါလိမ့်မယ်....ရလာတဲ့ပိုက်ဆံတွေကို Rental Referral ၀ယ်.. တစ်နည်း ရှယ်ယာဝယ်ပေါ့..မိမိရဲ့ Link ကိုလည်း သူငယ်ချင်းတွေဆီဖြန့်ပြီး ရှယ်ယာဝင်ခိုင်း အလုပ်လုပ်ခိုင်း .. 

ဒီလို ငွေရှာတဲ့ဆိုဒ်တွေမယ်လုပ်ရတာ
ဘားမှအချိန်ကုန်တာမဟုတ်ပါဘူး...ငွေတွေများလာလို့ထုတ်ချင်သလား
..မပူနဲ့...ငွေရှာနည်းအကြောင်း သေချာမသိသေး
ဘူးလား မပူနဲ့ adflycreator@gmail.com ဆီကိုသာ Mail ပို့မေးမြန်းလိုက် 24 နာရီအတွင်းချက်ချင်းကူ
ညီပေးပါတယ်... ကဲ.. ဟုတ်ပီ Outbux ဆိုတဲ့ဆိုဒ်မယ်ရှာမယ်နော်...ဘယ်လို ရှာမလဲ ??

အရင်ဆုံး ငွေရှာနည်းအကြောင်းကိုနားမလည်သေးသူတွေကတော့ ဒီမှာ သေချာလေး အချိန်ပေးဖတ်လိုက်
ပါဦး...  နားလည်သွားပြီဆိုရင် Outbux မှာငွေရှာနည်းစမယ်.... ငွေရှာနည်း . .ရှယ်ယာဝယ်နည်း..အကုန်လုံးကသဘောတရားအတူတူပါဘဲနော်.....အိုကေ...

Outbux မှာ Member ၀င်ဖို့ ဒီကိုနှိပ်ပါ..

တစ်ခါတစ်လေ မန်ဘာဝင်တဲ့အခါ Sorry , Your IP Address is used by other member ဆိုပြီးပေါ်တတ်တယ်.. ဒီတော့ IP Address ကိုကျော်ခွပြီးလုပ်မှရတော့မှာပေါ့..ကျော်ခွနည်း
ကတော့ ဒီမှာ ဖတ်ပါ။ 
ကဲ..မန်ဘာလည်းဝင်ပြီးပြီ ဖတ်လဲဖတ်ပြီးပြီဆိုရင် သဘောပေါက်လောက်ပြီထင်ပါတယ်..အလုပ်ကတော့
ရှင်းရှင်းလေးပါဘဲ.. ကြော်ငြာ Click တယ်...ပိုက်ဆံစုတယ်..ရှယ်ယာတွေဝယ်တယ်..ဒီလိုနည်းနဲ့
ပိုက်ဆံများလာအောင်လုပ်တာပေါ့...ဟုတ်ပြီး Outbux မှာကျတော့ကြော်ငြာဘယ်လိုကြည့်မလဲ ?
အောက်ပုံမယ်ပြထားတဲ့အတိုင်း View ADS ကိုနှိပ်လိုက်...အဲဒါဆိုရင် Click ရမယ့်ကြော်ငြာတွေပေါ်လာမယ်..အဲဒီထဲမှာမှ အပြာရောင်ဘားကို ကြော်ငြာကြည့်ဖို့Click လိုက်
click လိုက်ရင်အောက်ကအတိုင်း  ပေါ်လာမယ်...( တစ်ခုသတိပေးတာက ကလစ်လိုက်တာနဲ့ တန်းပေါ်တာမဟုတ်ပါဘူး..သူသတ်မှတ်ထားတဲ့ Webpag ရဲ့စာမျက်နှာအပြည့်ပေါ်မှ Click ရမယ့် ပုံတွေပေါ်တာပါ..ကျွန်တော်ကတော့ GSM Connection နဲ့သုံးတယ်...တစ်မိနစ်လောက်နေလို့မှClick ရမယ့်ပုံတွေမပေါ်သေးရင် Loading ပြန်ဆွဲတယ်.မကြာဘူးတန်းပေါ်လာပါတယ်...
ပုံမှာ Click ဖို့ ပုံခြောက်ပုံပေါ်လာပါတယ်နော်... ဘေးမယ်စာရေးထားတယ်.. " Click the upside down Picture" ဆိုတော့ အောက်ကို ဇောက်ထိုးဖြစ်နေတဲ့ပုံကို click ခိုင်းတာပါ.. ခြောက်ပုံထဲက ဇောက်ထိုးဖြစ်နေတဲ့ ပုံကို ကလစ်ပေးလိုက်ပေါ့.. ဒါဆိုရင် အောက်က အတိုင်း
အမှန်ခြစ်ပေါ်လာပါ့မယ်..ဒါဆိုရင် ကြော်ငြာတစ်ခု ကြည့်လို့ပြီးသွားပါပြီ..

ကျန်ရှိနေတဲ့ကြော်ငြာတွေကိုလည်း ဒီအတိုင်းသာ ကလစ်သွားပါ...ကိုယ်ပိုင်ဖုန်းသမားတွေကတော့ မနက်ခင်း 7 နာရီ 8 နာရီလောက်ထလုပ်ကြည့်ပါ..မြန်မှမြန် ခဏလေးနဲ့ တက်ပါတယ်။ အိုကေ..ကြော်ငြာ
ကြည့်ပြီးပြီဆိုတော့.. ကိုယ့်ထဲကို မန်ဘာဝင်အောင် လုပ်နည်းပြောပါ့မယ်....အောက်က ပုံကိုအရင်ကြည့်လိုက်ပါ
Banners ကို ကလစ်ပါ.. ပြီးတာနဲ့ HTML ထဲက အစိမ်းရောင်ပြထားတဲ့ထဲက Link ကိုကော်ပီကူးပါ..ဥပမာ.
http://www.outbux.com/?ref=aungsan လိုလေးဖြစ်ပါတယ်.. အစိမ်းရောင် အကွင်းပြထားတဲ့ စာသားကို
ကော်ပီကူးပြလိုက်တာပါ..အဲလိုမှမဟုတ်လဲ ထိပ်ဆုံးမယ် Your referral link: http://www.outbux.com/?ref=aungsan ဆိုပြီးရှိပါတယ်..အိုကေ.. အဲ Link ကို မိမိလိုဘဲ ငွေရှာစိတ်ဝင်စားသူဆီကိုပေးလိုက် ရော့..သူငယ်ချင်းရေ..ဒါလေးကတော့ ဒီလို ဒီလို ငွေရှာတယ်ကွာ..အဆင်လဲပြောတယ်..မင်းလုပ်ချင်ရင် ဟောဒီက Link မယ်မန်ဘာဝင်လိုက်..ငါလုပ်နည်းသင်ပေးမယ်.. ဘာညာ ကွိကွ လုပ်ထည့်လိုက်... ပွဲစားပါးစပ်ပေါ့ :D .. ကိုယ်ပေးလိုက်တဲ့သူက မန်ဘာဝင်လာပြီဆိုတာနဲ့ မြှားအပြာပြထားတဲ့အတိုင်း မန်ဘာဝင်သူအရေအတွက်
တက်လာပြီပေါ့ဗျာ..သူတို့က ကိုယ့်ထဲမယ်မန်ဘာဝင်မယ်...ပြီးတော့ သူတို့ ကြော်ငြာကလစ်ကြမယ်ဆို
ရင်..သူတို့ကလစ်တဲ့အထဲက $0.02 ရှယ်ယာ အမြတ် ကိုယ့်အတွက်ရမှာပါ... ဒီလို ပွဲစားလုပ်တာကိုတော့
Direct Referral လုပ်တယ်လို့ခေါ်ပါတယ်.... ရှယ်ယာ ၀ယ်တာကိုတော့ Rental Referral လို့ခေါ်ပါတယ်..
Rental Referral ဘယ်လိုဝယ်မှာလဲ..ဟုတ်ကဲ့.. ထိပ်ဆုံးမယ်. ဒီမှာ သေချာလေး အချိန်ပေးဖတ်လိုက်ပါဦး.
ဆိုတဲ့နေရာမှာ ကြည့်နိုင်ပါတယ်..အဲဒီမှာရေးထားတာတွေကိုသာ သေချာဖတ်ပါ..လုံးဝလုပ်တတ်သွားစေရ
ပါ့မယ်.. မလုပ်တတ်ဘူး နားမလည်ဘူးဆိုရင်လည်း adflycreator@gmail.com သို့ဆက်သွယ်နိုင်ပါတယ်

ကဲဟုတ်ပြီ အဲလိုနဲ့ Direct Referral တွေကိုရှာသွားမယ်ဆိုပါစို့..ကိုယ့်ထဲကို မန်ဘာဝင်လာသူက အယောက်ငါးရာပြည့်တာနဲ့ 60$  အပိုဘောက်ဆူးရပါ့လိမ့်မယ်....အောက်က ပုံကိုကြည့်ပါ

ပုံမယ်ပြထားတဲ့အတိုင်း တစ်ကယ်ပေးမှာပါ..ဘာလို့သိသလဲဆိုရင် ကျနော် The bux မယ်လဲ ရှာနေပါတယ်..သူက အယောက် 250 ပြည့်ရင် 30 $ ပေးပါတယ်..ကျနော်တစ်ကယ်လဲရခဲ့ပါတယ်..
ကဲ... နမူနာပြထားတာကိုလဲကြည့်...ဒါကိုလဲ ကလိ..ပါ..တစ်ကယ်ရပါတယ်..ငွေများလာရင်ဘယ်လို
ထုတ်မလဲ..ဟုတ်ကဲ့..  ကိုယ်ငွေစုတာ 25$ ရရင် adflycreator@gmail.com သို့သာ ဆက်သွယ်လိုက်ပါ
တာဝန်ယူထုတ်ပေးပါ့မယ်...ဒါကြောင့် ငွေဘယ်လိုထုတ်ရလဲမမေးပါနဲ့... ကျနော် MMITHelper ကိုယ်တိုင်တာဝန်ယူထုတ်ပေးပါ့မယ်။ အေးအေးဆေးဆေးသာရှာပါ... တစ်လလောက်ဘဲ စမ်းရှာကြည့်
တစ်နေ့တစ်နေ့ ငွေရရှိမှု Level တွေတက်လာပါလိမ့်မယ်...အချိန်ဆိုတာလဲ မကုန်ပါဘူး.. အလွန်ဆုံးနာ၇ီဝက်လောက်ဘဲ ကုန်တာပါ..ဒီနာရီဝက်ဆိုတာကလဲ မိမိအင်တာနက်သုံးတဲ့အချိန်ထဲကနေ ဖဲ့ပေးရတာပါ..အခြားအလုပ်တွေလုပ်နေတာထက်စာရင် ဒါလုပ်တာက ကိုယ့်အတွက်အကျိုးရှိပါ့လိမ့်မယ်။

ကဲ..ဒီမှာ ကျွန်တော် 2$ စမ်းထုတ်ထားတာလေး ကြည့်လိုက်ပါဦး..

ဟောဒါကတော့ PayPal ထဲကို 24 နာရီအတွင်းရောက်လာတဲ့ပုံပါ
ကဲ.. PayPal ထဲရောက်မှတော့ အေးအေးဆေးဆေး မြန်မာကနေထုတ်လို့ရပြီပေါ့ဗျာ... တစ်ကယ်ထုတ်လို့ရတယ်ဆိုတာ လက်တွေ့ပြလိုက်ပါတယ်နော့်.. :) အခြားသော Offer တွေကိုလဲ ကလိလို့ရသေးတယ်ဗျ..ကြော်ငြာကလစ်မှ ပိုက်ဆံရတာမဟုတ်ဘူး Offer တွေကိုလဲ လိုက်ကလိကြည့်ပါ...ဥပမာ နားလည်အောင်ပြောရရင် အလုပ်ပေါ့နော်...ဒီ အလုပ်ကိုလုပ်ပါ..တစ်ဒေါ်လာပေးမယ်..ဆယ်ဒေါ်လာပေးမယ်..ပေါ့...အိုကေ..
အားလုံးဘဲအဆင်ပြေကြပါစေခင်မျ
Myanmar IT Helper
www.mmithelper.ccom

KMPlayer VERSION 3.7 လေးပါကွယ်

KMPlayer VERSION 3.7 အသစ်လေး တွေ့လို့ တင်လိုက်ပါတယ်။ Player တွေထဲမှာတော့ ဒီကောင်လေးကို အမြဲ သုံးဖြစ်ပါတယ်။ ဒီကောင်လေးက ပေါ့ပါး မြန်ဆန်တယ်။ အတော်များများ fromat တွေကို ဖတ်နိုင်တယ်။ ဒါကြောင့် လက်စွဲတော်နေရာမှာ ထားထားတာပေါ့။ ခုနောက်ဆုံးထွက်ထားတဲ့ 3.7 ကိုတင်စမ်းကြည့်တာ တော် 2  ကောင်းးပါတယ်။ အတော်များများကတော့ သုံးဖူးကြမှာပါ။ ဒီကောင်လေးကတော့ free ပေးတဲ့ ဆော့ဖ်ဝဲပါ  free Player တွေထဲမှာတော့ ကိုယ်ကဘဲကြိုက်လို့လား သူကဘဲ ကောင်းလို့လားမသိ အတော့်ကို သဘောကျ တယ်ဗျ။ MP3 ဖွင့်ရင်တော့ ဒီကောင်လေးနဲ့ ချိန်ပြီးဖွင့်တာ အသံကတော့ ဟိန်းထွက်လာတာဘဲ.။ ကဲ မသုံးဖူး သေးရင် စမ်းသုံးကြည့်ပါ။ မူရင်းဆိုက် လင့်လေးကိုဘဲ ထည့်သွင်းပေးထားပါတယ်။ Update ထွက်တိုင်း လည်း မိမိဘာသာ သွားဒေါင်းနိုင်အောင်လို့ပေါ့.။ 

DOWNLOAD http://www.kmpmedia.net/update/update/main/12

Photodex ProShow Producer 5.0 Photo and Video Editing တည်းဖြတ်ဆော့ဖ်ဝဲ (KopeinLay)

 တော်တော်များများတော့ သိပြီးသားဖြစ်မှာပါ ဓာတ်ပုံကို ဗွီဒီယိုတည်းဖြတ် ပြောင်းတာ အမြန်ဆုံး အလန်းဆုံး လို့ပြောလို့ရပါတယ် ဓာတ်ပုံဆိုလို့ ဓာတ်ပုံသီးသန့်တော့မဟုတ်ပါဘူး ကျွန်တော် အဓိကသုံးတာကို ဆိုလိုတာပါ  Photodex ProShow Producer 5.0.329 ပါ version အသစ် တွေ့လို့ တင်ပေး လိုက်ပါတယ် full version ပါ patch ဖိုင်ရောတင်ပေးလိုက်ပါတယ် ။ software ထည့်ပြီးတာနဲ့  patch ကို ဖြည်ပြီး ကော်ပီလုပ်ထားပါ desktop ပေါ်မှာရှိတဲ့ ဒီsoftware  icon ပေါ်မှာ ညာကလစ်ပြီး properties နှိပ်ပြီး open file location ကိုနှိပ်ပြီး အဲဒီဖိုင်ထဲကို ဒေါင်းထားသော patch ဖိုင် ကို ကူပြီးထည့်လိုက်ပါ ပြီးရင် run လိုက်ပါ ပြီးရင် patch ကိုနှိပ်လိုက် ပါ full version ဖြစ်ပါလိမ့်မယ်။
software ဒေါင်းရန်  ဒီမှာကလစ်ပါ
patch ဖိုင်ဒေါင်းရန် ဒီမှာကလစ်ပါ
မူရင်းလင့်  http://kopeinlay.blogspot.com ကနေ ကူးယူဖော်ပြထား

Wednesday, September 18, 2013

Online Photo Editing အင်တာနက်မှာ ဓါတ်ပုံပြင်ရအောင် Online Photoshop

ကဲ ကောင်းနိုးရာလေးတွေ လိုက်ရှာရင်းနဲ့ ဒါလေးတွေ့လာတယ်။ တစ်ကယ် ကောင်းပါတယ်။ ကိုယ့်စက်မှာ Phot
oshop ကလည်း မထည့်ထားရသေးဘူး ဓါတ်ပုံလေးတွေကလည်း ပြင်ချင်တယ်ဆိုရင်တော့ ဒီလင့်လေးက မဆိုး
ဘူးနော်။ တစ်ကယ် မိုက်တယ်ဗျ။ အဆင်ပြေပါစေ..။

Tuesday, September 17, 2013

PageSpeed Insights Browser Extensions Loading Time လေး မြန်အောင် ဆိုက်တွေ ဖွင့်တာမြန်အောင်လုပ်မယ်..

ကဲ ကျေးဇူးရှင် Google ကပေးတဲ့ PageSpeed Insights Browser Extensions ဆိုတဲ့ကောင်လေးပေါ့
ဗျာ။ အဲဒီကောင်လေး Add on ပေါ့ Firefox အတွက်နှင့် Google Chrome နှစ်မျိုးအတွက်ပါ။ ကိုယ့်နိုင်ငံ အင်
တာနက်လိုင်းကလည်း သိတဲ့အတိုင်းဘဲ သုံးပန်လှ ကောင်းချင်ကောင်းမယ် မကောင်းချင် မကောင်းဘူး ။ မကောင်းတာက များလေတော့ ဒါမျိုးလေးတွေ အားကိုးနေရတယ်မဟုတ်လား။ ဒီကောင်လေးထည့်သွင်း အသုံး
ပြုမယ်ဆိုရင်တော့ ပုံမှန်ထက် ဆိုက်တွေဖွင့်ရတာ မြန်လာပါလိမ့်မယ်။ Facebook ဖွင့်တာတို့ အခြားသော နည်း
ပညာဆိုက်တွေ မိမိကြည့်ချင်တဲ့ ဆိုက်တွေကို ပုံမှန်ထက် မြန်ဆန်အောင် လုပ်ပေးနိုင်ပါတယ်။ မယုံရင်တော့
စမ်းကြည့်ကြဗျာ။ မကောင်းဘူးလို့ ထင်ရင်တော့ ဖြုတ်ထုတ်လိုက်ပေါ့..။ ကဲ လင့်လေးပေးမယ်။ စမ်းသုံးလိုရင်
တော့ အောက်က လိပ်စာအတိုင်း ကြွမြန်းလိုက်ပါ..။



PageSpeed Insights Browser Extensions

PageSpeed Insights is available as an open-source browser extension for Google Chrome and Firefox. Webmasters and web developers can use PageSpeed Insights to evaluate the performance of their web pages and to get suggestions on how to improve them.
PageSpeed Insights performs several tests on a site's web server configuration and front-end code. These tests are based on a set of best practices known to enhance web page performance. Webmasters who run PageSpeed Insights on their pages get a score for each page, as well as suggestions on how to improve its performance. By following the suggestions you can make your site faster, keep Internet users engaged with your site, reduce your bandwidth and hosting costs and improve the web!