This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, December 31, 2012

Internet Download Manager 6.14 Build 3

Internet Download Manager 6.14 Build 3 နောက်ဆုံးထွက်လေးတင်ပေးလိုက်ပါပြီနော်။ Patch ဖိုင်တွေလည်း (၈)ခု ထည့်ပေးလိုက်ပါတယ်။ အသုံးပြုနည်း ဆော့ဝဲကို မောင်းလိုက်ပါ။ မောင်းပြီးလို့ နောက်ဆုံးအဆင့်ကိုဘဲ
ပြောတော့မယ်။ ကျန်တာအားလုံးသိပြီးသား။ မောင်းလို့ ပြီးရင် finish ကိုနှိပ် မက်ဆေ့ဘောက်လေးကျလာရင်
Cancle ကိုနှိပ်ပါ။ ဒေါင်းထားတဲ့ ဖိုဒါထဲက UniPatch 2.7 ဆိုတာလေးကို C/Programfile (x86) တစ်ချို့ Window
က ဒီကိုသွားတယ်ပေါ့ဗျာ အဲဒီထဲကမှာ Internet Download Manager ဆိုတဲ့ floder ထဲကို Patch ချပါ။ ကူးထည့်ပါ။ မရောက်ရောက်အောင်ကူးပါ။ ရတဲ့နည်းနဲ့ကူးပါ။ ရောက်သွားပြီးဆိုရင် ကူးလာတဲ့ UniPatch 2.7ဖိုင်လေးကိုနှစ်ချက်ကလစ်ပါ။ Patch ဆိုတာလေးကို နှိပ်ပါ။ မင်းနာမည်ရေးပါဆိုတာလေးကျလာရင် နာမည်
ကို အင်္ဂလို (၅) လုံးအနည်းဆုံးရေးပေးပါ။ စိတ်ကြိုက်နာမည်ပေးပါ။ ကျုပ်တော့ kokolay / good luck စသဖြင့်
လျောက်ပေးလိုက်တယ်။ ရဖို့အရေးကြီးတာဘဲ နာမည်ရေးလို့ပြီးရင်တော့ OKပေါ့ဗျာ။ နာမည်ရေးလို့ အဆင်မပြေ
ရင် နောက်ထပ်နာမည် တစ်မျိုးပေးပါ။ အထူးသဖြင့် မိမိကွန်ပျူတာနာမည်ပေးရင်တော့ ပိုကောင်းပါတယ်။
ဒါဘဲ။ မရှင်းရင် အောက်မှာ ပုံလေးတွေနဲ့ ပြထားတယ် ဆက်လက်ရှုစားလိုက်ပါနော်။
۩۩۩۩  DOWNLOAD DOWNLOAD MANAGER  ۩۩۩۩









ဒီလောက်ဆိုရင်တော့ ရှင်းလောက်ပါပြီနော် ဒီထက်ရှင်းအောင်လည်း မရှင်းပြတတ်တော့ပါဘူးဗျာ။ သဘော
ပေါက်မယ်လို့တော့ ထင်ပါတယ်။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

ဥပကနဲ့ မဆာဝါ တစ်ခန်းရပ်ပြဇာတ်လေးပါ။

ဥပက ရသေ့အဖြစ် မိုးဒီ။ မုဆိုးအဖြစ် မော့စ်။ မဆာဝါခေါ် မ၀ါဝါအဖြစ် ရတနာခင်။ ဒီတစ်ခန်းရပ်ပြဇာတ်လေးဟာ အတိုလေးဆိုပေမယ့် တစ်ကယ်ကို ကောင်းပါတယ်။ ဇာတ်လမ်းကတော့ ဇာတ်တော်လာထဲကနဲ့တော့ ကွဲလွဲ
တယ်။ ဒါပေမယ့်ဆိုလိုရင်းကို အဓိကထား တင်ဆက်ထားတာဖြစ်ပါတယ်။ ရသေ့မိုးဒီဟာ တောတောင်ထဲမှာ တစ်ပါးတည်း တရားကျင့်နေတယ်။ မုဆိုးကတွေ့တော့ ကြည်ကြိုပြီး နေ့စဉ်ဆွမ်းကပ်ဖို့ သမီးကို မှာတယ်။ သမီး
ဆွမ်းသွားကပ်တော့ မိုးဒီရသေ့က သဘောကျနှစ်ခြိုက်သွားတယ်ပေါ့ဗျာ မအိပ်နိုင်မစားနိုင်နဲ့ တစ်မိုင်မိုင်ဖြစ်နေ
တာကို မုဆိုး ငမော့စ်သိတော့ သမီးဖြစ်သူနဲ့ပေးစားတယ်။ သမီးဖြစ်သူက မိုးဒီရသေ့ကို အလုပ်တွေကို မျှော်လင့်
ချက်လေးပေပြီး ခိုင်းတယ်။ မိုးဒီက မိုးမချုပ်သေးပေမယ့် ကောင်မလေးနဲ့ တစ်အားအိပ်ချင်နေတယ် အဲဒီဇာတ်ဝင်
ခန်းလေးရယ်။ ကောင်မလေးက ဟင်းချက်ခိုင်းတော့မှ သူနေ့စဉ် ရသေ့ဘ၀နေတုန်းက တဲကျောင်းလေးမှာ အစာ လာတောင်းတဲ့ယုံလေးနှစ်ကောင်ရယ် သမင်တစ်ကောင်ရယ် သတ်ထားတာလေးမြင်တော့မှ သတိသံဝေဂ
ရသွားတယ် ကာမကိလေ ညှိပွေလို့ ကပ်ခါပူးတော့ အရူးပမာဖြစ်ရရှာတဲ့ ဥပကရေဆိုပြီးတော့ သူ့ကိုသူဆုံးမပြီး မိမိနေမြဲ ရသေ့ဘ၀ကိုရောက်ကာ တရားရသွားတဲ့ ပြဇာတ်လေးပါ။ သဘောကျလို့ Youtube မှာ တင်လိုက်
တယ်ကွယ်။


သူများဖေ့ဘုတ်မှာ တင်လာလို့ ဒေါင်းပြီး ကြည့်မိရာက သဘောကျလို့ တင်လိုက်တာပါ။ အဲဒီလိုပါဘဲ
အချစ်ဆိုတာဟာ တစ်ကယ်ပြောရရင် နဲနဲတော့လန့်ရတယ်။ တရားသဘောနဲ့ကြည့်ရင်ပေါ့။ တရားနဲ့မပျော် မယား
နဲ့ပျော်ချင်တာကတော့ လူတိုင်းပါဘဲ။ ငါလည်း မယားနဲ့ပျော်ချင်ပေမယ့် မပျော်နိုင်သေးဘူး ချစ်သူမှ မရှိတာ။ အဲဒီ
တော့ ကိုယ့်ဘော်ဒါတွေတော့ ပျော်ကြပေါ့ဗျာ။ နောက်တော့ ကျုပ်လည်းပျော်နိုင်ကောင်းပါရဲ့။ ဒီလောက်ပါဘဲ
2102 နှစ်သစ်ကူးအမှတ်တရလေးပါနော်။ အားလုံးဘဲ ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်
ပါတယ်ကွယ်။ ဆုတောင်းပေးလိုက်ပါတယ်ညယ်။ ဖောင်းပြင်လေသံပေါ့။ ဟုမ္မလင်းလေသံကတော့ ဆုတောင်းပေးလိုက်ပါတယ်မွေ။ ကရင်လေသံကတော့ ဆုတောင်းပေးလိုက်တယ်ဝေး..

Sunday, December 30, 2012

Music Player & News & Browser ခြင်ပြေးတဲ့ဆော့ဝဲ

ကဲ Music Player & News & Browser ခြင်ပြေးတဲ့ဆော့ဝဲ ဒါလေးတွေတင်ပေးလိုက်တယ်။ တစ်ခြို့ဟာလေး
တွေက ရှေ့မှာတင်ပြီးသားပါ။ ဒါပေမယ့် ဒေါင်းလော့မချရသေးတဲ့ မိတ်ဆွေတွေအတွက်ပေါ့။ ဒီမှာတော့ အတော်လေးစုံသွားတယ်နော် ဘာသုံးတယ်ဆိုတာတော့မပြောတော့ဘူး။ သတင်းကြည့်ချင်ရင် သတင်း
ဆော့ဝဲထည့်သုံးကြပေါ့။ မကြိုက်ရင် ပြန်ဖြုတ်ပေါ့ဗျာ။ ကိုယ်ကြိုက်တာလေးတွေ ထည့်သုံးစမ်းကြပေါ့။ ကိုယ်
မသုံးဖူးသေးတာတွေလည်း အများကြီးပါ။ အဲဒီတော့ အသစ်အဆန်းလို့ထင်ရင် လူတိုင်း သဘောကျကြတာ
ဘဲလေ။ ကိုယ့်အတွက်အသစ်ဆိုပေမယ့် တစ်ချို့သောသူတွေအတွက်ကတော့ အဟောင်းလေးတွေ ဖြစ်နေ
တတ်တယ်။ ဘာပဲဆိုဆို အလိုရှိတယ် သဘောကျတယ်ဆိုရင်တော့ ဒေါင်းလော့ချပြီး သုံးကြပေါ့နော်။ လိုင်း
ကမကောင်းတာ လေးငါးရက်လောက်ရှိပြီး ကိုယ့်ဆိုက်ကို ကိုယ်ပြန်ကြည့်တာတောင် အလောဖြစ်နေတယ်။
ဒါကြောင့် လိုင်းကောင်းအောင် ဒို့ဆရာသမားတွေလည်း ပြုပြင်ပေးကြပါဦးလို့ ဒီနေရာလေးကနေတစ်ဆင့်
ပြောလိုက်ပါဦးမယ်။

Mobile apk များ ကွန်ပျူတာနဲ့ ပုံလေးတွေမြင်နိုင်တဲ့ဆော့ဝဲ

မိုဘိုင်းဖုန်းက ဆော့ဝဲလေးတွေကို ကွန်ပျူတာနဲ့ ကြည့်ရင် ဖြူဖြူကြီးဘဲ မြင်ရတယ် အဲဒါကို ဒီကောင်လေး
မောင်းထည့်ပြီး Restart ချလိုက်ရင် မြင်ရပါပြီ။ ဒါဘာဆော့ဝဲဆိုတာသိတာပေါ့ဗျာ။ Icon လေးတွေမြင်ရတော့
ပိုပြီး ကောင်းတာပေါ့။ ဒီကောင်လေးက တစ်ခါတစ်လေမှာ မပြဘဲနေတတ်တယ်။ အဲဒီလိုဖြစ်လာရင် ပြန်
မောင်းထည့်ပြီး Restart ပြန်ချပေးပါ။ ဒါဆိုမြင်ရပါတယ်။ ကျုပ်လည်း ဒီလိုဘဲ သုံးနေရတာပါဘဲဗျာ။ သူများ
ထုတ်ထားတဲ့ ဆော့ဝဲလေးတွေဆိုတော့ ပြင်လည်း မပြင်တတ်နဲ့ ဒီတိုင်းဘဲ မမြင်ရပြန်ရင် ပြန်ထည့်ပြီး သုံး
တာဘဲ။ ကဲ သဘောကျတယ် မရှိသေးရင်တော့ ဒေါင်းပြီး သုံးစမ်းကြပါ။
۩۩۩۩  DOWNLOAD HERE  ۩۩۩۩

Saturday, December 29, 2012

Huawei U8825D Root လို့ ရပါပြီ from MMUC

U8825D Root လို့ ရပါပြီ ဒီနေ့ တနေ့ လုံး တရုတ်စာတတ်တဲ့ သူငယ်ချင်း(Google Translate)ကို အကူညီတောင်းပြီးတော့တင်ပေးလိုက်ပါတယ် bootloader Unlock လုပ်ဖို့ နည်းနည်းတော့ အချိန်ပေးရပါမယ်

bootloader Unlock  လုပ်ဖို့ အတွက် driver ကိုအရင်ဒေါင်းပါ ဒီမှာပါ 

https://www.dropbox.com/s/nvq2to78o71txfj/Handset%2BWinDriver.rar

ဒေါင်းပြီးရင်တော့ မိမိ pc ထဲ install လုပ်လိုက်ပါ ပြီးရင်တော့ မိမိ ဖုန်း ထဲက system settings>developer options> USB debugging ကို onထားပေးပါပြီးရင်  bootloader Unlock သွားလုပ်ရပါမယ် bootloader Unlock  လုပ်ဖို့  အောက်ကလင့်ကိုသွားလိုက်ပါဒီမှာပါ

 http://www.huaweidevice.com/cn/servicePolicy.do?method=preUnlock


အဲ့ ဒီကိုရောက်ပြီဆိုရင် ပထမ စာမျက်နှာ ရဲ့ အောက်ဆုံးမှာ အမှန်ချစ်ပေးဖို့  အကွက်လေးရှိပါတယ် အမှန်ချစ်ပေးလိုက်ပါ ပြီးရင် သူ့ အောက်မှာ အနီရောင် အကွက်မှာတရုတ်စာ 3လုံးပါတဲ့ အကွက်လေးကို နိပ်လိုက်ပါ ဘေးက 1 to 6 နံပါတွေကိုတော့ ကျွန်တော်ဖြည့်ထားဒါပါ

၁။  电子邮箱 ဒီနေရာမှာ မိမိရဲ့ Email ကိုထည့်ပေးပါ

၂။ 产品类别 ဒီနေရာမှာ မှာတော့ အကွက်လေးရဲ့ မျှားလေးကိုနိပ်လိုက်ရင် တရုတ်စာ 3 ကြောင်းတွေ့ ပါမယ် အောက်ဆုံးက စာကိုရွေးပေးပါ

၃။ 产品型号 ဒီနေရာမှာ မှာတော့ အကွက်လေး ကိုနိပ်လိုက်ရင် c8812 / c8812E / U8825D ဆိုပြီးပေါ်လာပါမာ် ဘာကိုရွေးရမယ်ဆိုဒါ အထူးပြောစရာမလိုပါဘူးနော် သိတယ်မဟုတ်လာ

၎။ 产品S/N号 ဒီနေရာမှာတော့ မိမိဖုန်းရဲ့  S/N number ကိုထည့်ပေးပါ

၅။ 产品IMEI/MEID ဒီနေရာမှာတော့ မိမိဖုန်းရဲ IMEI/MEID number ကိုထည့်ပေးပါ IMEI/MEID number ကိုတော့ မိမိဖုန်း ဘက်ထရီကိုဖြုတ်ပြီးကြည့်လိုက်ပါ စာရွက်ပေါ်မှာမှတ်ထားပေးပါ

၆။ 产品识别码  ဒီနေရာမှာတော့ Product ID ကိုထည့်ပေးပါ Product IDကိုသိဖို့ အတွက် ဖုန်းခေါ်တတဲ့ ခလုပ်ကိုနိပ်ပါ *#*#1357946#*#* ရိုက်ထည့်လိုပါ  Product IDပေါ်လာပါမယ်

  အားလုံးဖြည့်ပြီးပြီ ဆိုရင် အောက်က အနီရောင်အကွက်လေးကိုနိပ်ပေးလိုက်ပါ မိမိ Email ထဲကို Unlock code ပို့ ပေးပါလိမ့်မယ် Email ထဲကို Unlock     code ရောက်ဖို့ အချိန်နည်းနည်းတော့ကြာပါမယ် Unlock code ရပြီးဆိုရင်တော့ လိုအပ်ဒါတွေကို အောက်ကလင့်မှာဒေါင်းလိုက်ပါ
 ( Google Translate နဲ့.. ဖြည့်လို့ရပါတယ် )
G330D a key to unlock.rar
https://www.dropbox.com/s/pfhdbykms3imxr4/G330D%20a%20key%20to%20unlock.rar

recovery6.0.1.2_AscendG330D.rar
https://www.dropbox.com/s/61a0e0553cu7wwt/recovery6.0.1.2_AscendG330D.rar

Root Recovery.zip
https://www.dropbox.com/s/2ytam587dakpdp9/Root%20Recovery.zip

အားလုံးဒေါင်းပြီးပြီဆိုရင် Unlock အရင်လုပ်ရပါမယ် Unlock လုပ်ဖို့ အတွက် မိမိဖုန်းရဲ့  Settings>Application>Fast boot ကို ပိတ်ပေးပါပြီးရင် ဖုန်းကို ပိတ်လိုက်ပါ 10 စက္ကန့်လောက်စောင့်ပါ

၁။ vol down + power ကိုနိပ်ထားပေးပါ Bootloader မှာရမ်နေပါမယ် ပြီးရင် ဖုန်း နဲ့  pc ကိုချိတ်လိုက်ပါ

၂။ G330D a key to unlock file ထဲက G330D一键解锁.exe Run လိုက်ပါ box တစ်ခုပေါ်လာပါမယ် မိမိ Email  ထဲကိုးရောက်လာတဲ့ unlock coad ထည့်ပေးပြီး Enter နိပါလိုက်ပါ    auto Reboot လုပ်သွားပါမယ်

၃။ ဖုန်းပြန်တက်လရင် ဘက်ထရီကိုဆွဲဖြုတ်လိုက်ပါ 10 စက္ကန့် လောက်စောင့်ပါ ပြီးရင် vol down + power ကိုနိုပ်ထားပါ Bootloader မှာရပ်နေပါမယ်

    Recovery6.0.1.0_AscendG330D.rar file ထဲံက recovery6.0.1.2_AscendG330D.exe ကို Run လိုက်ပါ ပြီးရင် 1 ကိုရွေးပြီး Enter နှစ်ချက် နိပ်ပေးလိုက်ပါ auto Reboot လုပ်သွားပါလိမ့်မယ်

၎။  ဖုန်ကိုပြန်မိတ်လိုက်ပါ ပြီးရင် sd card ထဲကို Root Recovery.zip ကို ထည့်လိုက်ပါ ပြီးရင် vol up + power ကိုနိပ်ပေးထားပါ CWM-based Recovery ကိုရောက်သွားပါမယ်

    install zip from sdcard ကိုရွေးပေးပါ ပြီးရင် Root Recovery.zip ရွေးပေးလိုက်ပါ auto install လုပ်သွားပါမယ်

၅။ ပြီးရင် Reboot လုပ်ပေးလိုက်ပါ ဖုန်းပြန်တက်လာရင် superuser စက်ရုပ်လေးနဲ့ လန်းလို့ ရပါပြီ

အားလုံးအစဉ်ပြေပါစေ ကိုအောင်ထက်ထွန်း ရေဒါလေးထည့်ပေးလိုက်တယ်နော်။
အပေါ်က Root Recovery.zip အဆင်မပြေသူများ
ဒါလေးနဲ့သုံးလိုက်ပါ ကျွန်တော်စမ်းပြီးပါပြီးအဆင်ပြေပါလိမ့်မယ်။
Root Zip ယူရန် http://www.mediafire.com/?eq1s2selzixv4u2

Aung Htet Htun (MMUC) မှ ကူးယူဖော်ပြသည်။

Template ဒီဇိုင်း ၆ မျိုးပါ

Template 6 မျိုးပါ မနေ့ကတင်တာ အဆင်မပြေနိုင်အောင် ရှိတော့တာဘဲဗျာ။ လိုင်းကအတော်လေး စုတ်နေ
တယ်။ ဒေါင်းလော့ချရင်တော့ 50 KB အဲဒီအတွင်းရပေမယ့် Upload ကတော့ ဘာမှကို မရပါဘူး။ 300 KB
လောက်လေးတင်တာကို အဆင်မပြေနိုင်လို့ လက်လျော့လိုက်ရတယ်ဗျာ။ ကျုပ်တို့နိုင်ငံကလည်း ပြန်မပြော
နားမထောင်ဆိုတဲ့သူတွေ များနေတော့ ကျွဲပါးစောင်းတီးသလိုဖြစ်နေတယ်။ ကဲဗျာ မိမိဘလော့လေးကို တစ်ခြား အလန်းစား Template လေးတွေနဲ့ အစားထိုး အသုံးပြုလိုရင်တော့ ယူပြီးစမ်းသုံးနိုင်ပါတယ်။ အတော်
လေးတော့ ကောင်းပါတယ်။ ကျုပ်စမ်းပြီးပါပြီ။ သဘောကျရင်တော့ ဒေါင်းထားလိုက်ပါ။များတာမှမဟုတ်
တာ။
۩۩۩۩   DOWNLOAD TEMPLATE    ۩۩۩۩ 
OTHER SITE

Thursday, December 27, 2012

Internet Website လမ်းညွန်နှင့် facebook အသုံးပြုနည်း facebook Group တည်ဆောက်နည်းများ

Internet Website လမ်းညွန်နှင့် facebook အသုံးပြုနည်းဆိုတဲ့ စာအုပ်လေး ရထားလို့ ဝေမျှလိုက်ပါတယ်ဗျာ။ ကဲဘာသိချင်လဲ စာအုပ်ကတော့ ကောင်းတာမှ အလွန်ကောင်း ''က'' ကြီးကစလို့ ''အ'' အဆုံး ကိုယ်သဘော
ကျနှစ်သက်ရာကို နိဒါန်းမှာကြည့်ပြီး ရှာလို့ရတယ်။ ''က'' ကြီးနဲ့ဆိုင်တဲ့ ကားတို့ဘာတို့ စသဖြင့် ကြည့်လိုရင်
ဘယ်ဝက်ဆိုက်တွေကြည့်သင့်တယ်။ နောက် '' ခ '' ခရီးသွားလုပ်ငန်းနှင့်ဆိုင်ရာတွေ လေ့လာလိုရင် ဘယ်
ဆိုက်တွေကကောင်းတယ် စသဖြင့်ပေါ့ဗျာ။ ''က'' ကြီးအစ ''အ'' အဆုံး မိမိသိလိုရာကို လေ့လာနိုင်အောင်
သူရအောင် (B.C.Sc) ရေးသားမှုကတော့ အတော်လေးပြည့်စုံပါတယ်။ သူရေးသားတဲ့စာအုပ်ထဲမှာ ကျုပ်ရဲ့
ဘော်ဒါ ဆရာသမားတွေရဲ့ဆိုက်များ ပါလေမလားဆိုတဲ့စိတ်နဲ့ ရှာဖွေလိုက်ပေမယ့် တစ်ယောက်မှမပါပါဘူး။
ဒါတော့ပြောထားရဦးမယ်။ မသိသေးတဲ့ဆိုက်တွေ အများကြီးပါဘဲဗျာ။ လေ့လာရင်းသာသေသွားရမယ်။
လေ့လာလို့ မကုန်နိုင်အောင်ပါဘဲ။ ဒါကြောင့် ပြောလိုတာကတော့ ကိုယ်နှစ်သက်ဝါသနာပါတာလေးကိုသာ
အာရုံစိုက်ပြီးလေ့လာကြပါလို့တော့ တိုက်တွန်းချင်ပါတယ်။ ကိုယ်က ကားဝါသနာပါရင် ကားနဲ့သက်ဆိုင်တဲ့
ဆိုက်တွေကို လေ့လာပေါ့ဗျာ။ အကုန်လုံးကတော့ ဘယ်လေ့လာနိုင်ပါ့မလဲ ? ဟုတ်ဘူးလား ?


  နောက်ပြီးလူသုံးများတဲ့ facebook အကောင့်လျောက်နည်း ဒါကတော့ အတော်များများသိပြီးသား။ အသုံးပြု
နည်းကလည်း တော်တော်များသိပြီးသား။ဒီမှာ တစ်ခုပြောချင်တာကတော့ group ထောင်တဲ့ အပိုင်းပါ။ ကျုပ်
လည်း ဒါလေးကို ဟိုအရင်က ဖေ့ဘုတ်အသုံးပြုနည်းတွေမှာလည်း ပါပါလျက်နဲ့ ကိုယ်ရှာဖွေနေတာကို ကိုယ်
က သေချာမလုပ်ကြည့်မိဘူးဗျာ။ ကျုပ်တို့ဟာ ဖေ့ဘုတ်ကို နည်းအမျိုးမျိုးနဲ့ အသုံးပြုနေကြပါတယ်။ တစ်ချို့
ကမိုဘိုင်းဖုန်းနဲ့ ပါတ်သက်တာလေးတွေကို ဝေမျှဖို့ တစ်ချို့ကလည်း သတင်းတွေဝေမျှဖို့ တစ်ချို့ကလည်း
နိုင်ငံရေးနှင့် ပါတ်သက်တာတွေ ဝေမျှဖို့ စသဖြင့် အသုံးပြုနေကြတယ်။ အကြောင့်အမျိုးမျိုးနဲ့ အသုံးပြုနေကြ
ပေမယ့်လည်း ကျုပ်ကတော့ အဒီ group ထောင်တဲ့ အပိုင်းကို စိတ်ဝင်စားနေတာ ကြာပါပြီ။ ဒါကကျုပ်တို့ Website ထောင်သလိုဘဲ အဲဒီမှာ အားသာတာက စိတ်ကြိုက် ကွန်မန့်ပေးပြီး ရင်းရင်းနှီးနှီး ဆွေးနွေးလို့ ရတာ
ပါဘဲ။

     ကျုပ် Like လုပ်လို့ရတဲ့ Page လုပ်တာကို group ပြုလုပ်နည်းနဲ့ တူတယ်ထင်လို့ မေ့နေတာပါ။ တစ်ကယ်
တော့ group လုပ်တာက တစ်မျိုးပိုကောင်းပါတယ်။ မန်ဘာတွေနဲ့ တစ်ကယ်စိတ်ကြိုက်ဆွေးနွေးလို့ရတယ်။
အရမ်းကောင်းပါတယ်။ မိမိတို့ကိုယ်တိုင်လည်း ကိုယ်ဝါသနာပါတာကို ဖေ့ဘုတ်မှာ ထိုင်သုံးရင်း ကောင်းတာ
လေးတွေကို မိမိတို့ရဲ့ မိတ်ဆွေတွေကို ဝေမျှနိုင်ပါတယ်။ ဒါအများကြီး အကျိုးရှိနိုင်လိမ့်မယ်လို့လည်း ယုံကြည်တဲ့ အတွက်ပြောတာပါ။ မိမိတို့လည်း group လေးထောင်ပြီး ၀ါသနာချင်းတူရာ ပြောလို့ကောင်းလှပါတယ်။ တစ်ကယ်ပါ မိုဘိုင်းဖုန်းတွေ ၀ါသနာပါသူကလည်း မိုဘိုင်းနှင့်ပါတ်သက်တာတွေကို ဆော့ဝဲတွေ
25 MB လောက်ပမာဏရှိတာဆိုရင် ဖေ့ဘုတ်မှာဘဲ တိုက်ရိုက်တင်နိုင်တယ်။ စာအုပ်တွေလည်း ဒီ 25 MB
ပမာဏအောက်ကို တိုက်ရိုက်တင်နိုင်ပါတယ်။ တစ်ခြားဆိုက်တွေမှာ တင်ပြီး ဒီမှာလာပြီး လင့်လေးကို ဝေမျှ
လို့လည်း ရပါတယ်။ သိပ်ကိုကောင်းပါတယ်။ ဒါကတော့ .com / .net/ blogger.com စသဖြင့် ဆိုက်တွေမှာထက်
ပိုတောင် ကောင်းနေသလိုပါဘဲ။ တစ်ကယ်ပါ။
group တည်ဆောက်လိုရင်ဖြင့် facebook Account ၀င်လိုက်ပြီး ဘယ်ဘက်ခြမ်းမှာ Create Group ဆိုတာလေး
နှိပ်ပြီး တည်ဆောက်တာပါဘဲ.။ နာမည်ကို ကိုယ်သဘောကျတာရေးပေါ့ဗျာ။ Group နာမည်ပေါ့။ ဖုန်းနံပါတ်တို့
ဘာတို့ တောင်းရင် ဖြည့်ပေးလိုက်ပေါ့ ဖေ့ဘုတ်အကောင့် လျောက်တာကမှ များသေးတယ် ဒီကောင်ကတော့
လွယ်ပါတယ်.လုပ်ကြည့်လိုက်ပါနော်..

   ကဲအဲဒီလို လေရှည်ရှည်နဲ့ ပြောခဲ့သလို group တစ်ခုတည်ထောင်လိုရင်ဖြင့် ဒီစာအုပ်နောက်ပိုင်းမှာ ရှင်းပြထား
တာတွေရှိပါတယ်။ ကျုပ်တော့ မနေ့က တည်ဆောက်လိုက်ပြီ။ ကျုပ်က အခန့်မသင့်ဘဲ ကလိရင်းဖြင့် တည်ဆောက်မိသွားတာပါ။ ဒီစာအုပ်က နောက်မှတွေ့တာပါ။ ဟာဒီစာအုပ်ထဲမှာတွေ အပြည့်အစုံပါတာဘဲ။ ငါအသိနောက်ကျလေခြင်းဆိုတဲ့ နောင်တလေးတွေတောင် ဖြစ်မိပါတယ်ဗျာ။ ဟုတ်တယ် ကျုပ်သူများဆိုက်တွေ
ကို ၀င်ကြည့်ရတာ တစ်ခါတစ်လေ အပြောမတတ်ရင် ရန်ထောင်ခံရတယ်ဗျာ။ ဖေ့ဘုတ်က လူစုံ စရိုက်စုံဆိုတော့
မလွယ်ဘူးဗျာ။ တစ်ချို့ဆိုက်တွေကလည်း ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ စည်းကမ်းချက်တွေများလို့ တစ်ခါ တစ်
လေမှဘဲ ၀င်တော့တယ်။
         ကျုပ်တော့ သူများတွေလို ထိန်းချုပ်မှု အာဏာအောက်မှာ နေရတာကို သဘောမကျဘူးခုမှမဟုတ်ပါဘူး ငယ်ကတည်းကအကျင့်လိုဖြစ်နေတာ။ သူများတွေရဲ့ ထိန်းချုပ်မှုထက် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်အောင်တော့ ကြိုးစားတယ်။ ကျုပ်တည်ဆောက်လိုက်တဲ့ group လေးမှာ မန်ဘာဝင်ပြီး လူတွေအတွက် တိုင်းပြည်အတွက် အကျိုးများမည့် အရာလေးတွေကို ဝေမျှလိုတယ်ဆိုရင်ဖြင့် တစ်ခါတစ်ခေါက် လာရောက်လှည့်ပါဦးလို့လဲ ဖိတ်ခေါ်ပါတယ်။ ကျုပ်တော့ စည်းကမ်းတွေဘာတွေတော့ မပြောလိုဘူး လူအမြင်မတင့်တယ်တဲ့ ပုံတွေ ရိုင်းတဲ့စကားလုံးဖြစ်တဲ့ ဆဲတာဆိုတာတော့ မလုပ်စေချင်ဘူး။ အကျိုးများတာကိုဘဲ တင်စေချင်တယ်။ လူဖြစ်လာတဲ့ ခဏတာ ရလာတဲ့ဘ၀လေးမှာ ခဏတာ အင်တာနက်အသုံးပြုတဲ့အခိုက်မှာ ကိုယ်သဘောကျတာ
လေးတွေကို သူများကိုလည်း ဝေမျှကြပါ ။ ပေးကြည့်ကြပါလို့ မေတ္တာရပ်ခံရင်းဖြင့်.. အဆုံးသတ်လိုက်ပါတယ်။
 ကဲစာအုပ်လေးကတော့ ဒီအောက်မှာ ဆွဲလိုက်ပါ။ သဘောကျလိမ့်မယ်လို့တော့ထင်ပါတယ်။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။



 


۩۩۩۩   DOWNLOAD NET EBOOK   ۩۩۩۩


My Facebook group


 

Tuesday, December 25, 2012

Zapya အသုံးပြုနည်းနှင့် ဆော့ဝဲ

ကဲဗျာ Zapya ဟာ ထွက်တာလည်း အတော်ကြာပါပြီ။ အသုံးပြုနည်းလည်း သူများတွေ ရေးထားကြပါတယ်။ ဒါပေမယ့် ကိုယ့်မှာ အင်တာနက်ပေါ်က ကူးယူဖော်ပြထားပေမယ့် သေချာမလေ့လာလိုက်မိဘူး။ ဒါကြောင့်
အသုံးလိုလို့ သုံးမယ်လုပ်တော့ ရောင်ခြောက်ဆည်ဖြစ်သွားတယ်။တင်ထားတဲ့ Zapya အသုံးပြုနည်းကို လည်း မကြည့်မိတာလဲ ပါတာပေါ့။ ဒါကြောင့်ကျုပ်လိုဘဲ တစ်ခါတစ်လေမှာ လွယ်လွယ်နဲ့ ခက်နေတဲ့ အရာ
လေးတွေကို မခက်ခဲတော့အောင် သုံးနည်းနဲ့ ဆော့ဝဲကို တစ်ပါတည်း တင်ပေးလိုက်ပါပြီ။မည်သူမဆို မြန်မာ
စာဖတ်တတ်သူတိုင်း နားလည်အောင် ရေးပေးထားပါတယ် ဓါတ်ပုံရောပါ ထည့်ပြီးရှင်းပြထားပါတယ်။ လွယ်
ကူအောင်လို့ပါ။ ဓါတ်ပုံလေးတွေကတော့ ဟိုအရင်က မိုဘိုင်းစတိုးက ကူးယူလာတဲ့ ဓါတ်ပုံမှာ ဒါပေမယ့် စာ
ရေးသားထားတာကတော့ ကျုပ်ကိုယ်တိုင် ဓါတ်ပုံပေါ်မှာ ရေးသားထားခြင်းပါ။ ဓါတ်ပုံအပြည့်အစုံရဖို့က အခက်အခဲလေးတစ်ခုလို ဖြစ်နေသေးတာကြောင့် ၅ ပုံကို ၃ပုံဖြစ်အောင် ပြုပြင်ပြီးတင်ပေးလိုက်ပါတယ်။ မိုဘိုင်းဖုန်းအတွက် Screen Short စခရင်ကပချာ ဖမ်းတဲ့ ဆော့ဝဲမတွေ့သေးတာကြောင့်ပါ။ ရှိပြီးသူများရှိရင်
လည်း Cbox မှာ အသုံးပြုနည်းလေးကို ဝေမျှသွားကြပါဦးဗျာ။ ရှာမတွေ့တတ်လို့ပါ။ ကဲစမ်းသပ် အသုံးပြုလို
ရင်တော့ အောက်မှာ ယူသွားလိုက်ပါ။
ဓါတ်ပုံကို အောက်မှာ ဆက်ကြည့်ပါဦးမိတ်ဆွေ မသိသေးတဲ့သူများအတွက်ပါ။



۩۩۩۩   DOWNLOAD ZAPYA MAKE   ۩۩۩۩




ကဲဒါလေးကတော့ Mobile စတိုးကရေးသားမှုလေးပါ

Androidဖုန်းတွေမှာdata တွေfileတွေshareဖို့ကျနော်တို့တွေbluetoothသုံးကြတယ် အခုတော့bluetoothထက်အဆပေါင်းများစွာမြန်တဲ့wifiနဲ့shareကြမယ်ဗျာ
စသုံးစဆိုရင်နဲနဲရှုပ်နေပါလိမ့်မယ်ဒီကောင်လေးကိုသုံးချင်ရင်ဖုန်းနှစ်လုံးစလုံးမှာwifiရှိမှရပါမယ် ပြီးရင်install လုပ်လိုက်ပါဝင်လိုက်ရင်ဒါမျိုးလေးပေါ်လာပါလိမ့်မယ်
ပြီးရင်အဆင့်ဆင့်သွားလိုက်ပါနောက်ဆုံးအဆင့်ရောက်ရင်barလေးကိုနှိပ်ပေးလိုက်ပါပြီးရင်ok ။ avatar and nickname ထည့်ပြီးရင် Done
အဲဒါပြီးရင်လဲအဆင့်ဆင့်ဆက်သွားလိုက်ပါပြီးရင်start(software upgradeလုပ်မလားမေးလာရင်ဘော်ဒါတို့သဘော) ပြီးရင်အောက်ကပုံထင်ကအတိုင်း connect to friend ကိုနှိပ်ပါ
ထို့နောက်ဒီတိုင်းပေါ်လာပါမယ် ဒါမျိုးပေါ်လာပြီဆိုရင်တစ်ယောက်က create network လုပ်ပါနောက်တစ်ယောက်က search network လုပ်ပါ
search တဲ့သူက create လုပ်ထားတဲ့ network ကိုတွေ့ရင်connect လုပ်ပေးလိုက်ပါconnectဖြစ်သွားပြီဆိုရင်ကိုယ်shareပေးချင်တဲ့appဖြစ်ဖြစ်data file ဖြစ်ဖြစ်ပုံထဲက
avatar qq (eg) အကွက်လေးထဲကိုဖိပြီးတွန်းပို့ပေးလိုက်ပါစက္ကန့်ပိုင်းနဲ့ကိုရောက်သွားမှာပါ
အားလုံးအဆင်ပြေပါစေဗျာ ဒီကောင်လေးရဲ့အားသာချက်ကgameတွေappတွေကိုapk file မရှိလည်းshareပေးလိုက်ရင်တစ်ဖက်လူကapk file လေးကိုရရှိမှာပါ
file size ကြီးတာတွေပို့ရင်လည်းအရမ်းမြန်တဲ့အတွက်bluetoothထက်အစပေါင်းများစွာကောင်းပါတယ် (မှတ်ချက်ဖုန်း2လုံးစလုံးမှာWifiရှိမှရပါမယ်)
အားလုံးအဆင်ပြေကြပါစေ။ မိုးကောင်းကင်။ 26.12.2012 / 12:30 AM အမှတ်တရ



Monday, December 24, 2012

ဘလော့နှင့် ပါတ်သက်တာလေးများ ရှာဖွေစုစည်းမှု

ဘလော့လင့်တွေကိုကာလာမျိုးစုံပေါ်အောင်လုပ်နည်း

  ဒီနည်းလမ်းလေးကိုလဲဘလော့မိတ်ဆွေများ ကြိုက်နှစ်သက်ကြလိမ့်မယ်ထင်ပါတယ်.ဒါကတော့ မိမိတို့ က လင့်တွေကို မောက်စ်နဲ့ ထောက်လိုက်ရင် အရောင်အမျိုးမျိုးနှင့်ပေါ်အောင်လုပ်တဲ့နည်းလေးပါ.လုပ်နည်းကလဲမခက်ပါဘူး. 

၁. Go to Dashboard, click Design, click Edit HTML.
၂. (Ctrl+F) ဖြင့် </head> ကိုရှာပြီးအောက်ကကုဒ်ကို အဲဒီ</head> အောက်မှာထည့်ပေးလိုက်ပါ.
<script language='javascript' src='http://sites.google.com/site/blogfuelblogfuel/widgets-js/LinkPelangi.js'/>

၃. ပြီးရင်တော့ Click Save Template.
မိမိတို့ ဘလော့ကလင့်လေးတွေကို အထက်မှာပြောခဲ့တဲ့အတိုင်းမောက်စ်နဲ့ထောက်ကြည့်လိုက်ရင်လှပတဲ့ ကာလာလေးတွေအလုပ်လုပ်နေတာကိုတွေ့ ရပါလိမ့်မယ်.


====================================================

Blog hack မခံရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ။

Blog hack မခံရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲပေါ့ ကိုညီနေမင်းရဲ့ Blog လေး hack ခံရရချင်း
သတိရလိုက်မိတာလေးပေါ့။ ဆိုတော့ သူများခံရတာကို အော်ဟုတ်ပါလား။ ဆိုပြီးတော့ ကြည့်မနေတော့ဘဲ။
ကိုယ့်ကိုကိုယ့် အသိပေးရပါမယ် ဒီလိုမျိုး မဖြစ်အောင် ငါဘယ်လို ဒီလို hack တာကနေ ကိုယ့် Blog ကို ကာကွယ်ရမလဲဆိုပြီးတော့  ကျွန်တော် ချက်ချင်းသတိရမိတာနဲ့ နှစ်ပေါက်အောင် အသုံးပြုနေပြီး ဖြစ်တဲ့ 
ဒီ Blogger.com ထဲက ကျော်ကျော်သွားတဲ့ function လေးကို ကျော်သွားလို့မဖြစ်ဘဲ အသုံးပြုရပါတော့မယ်။
ဒါကတော့ Blogger.com က dashboard မှာရှိတဲ့ Settings ကိုနှိပ်ပါ။


အထက်ပါ ပုံအတိုင်း Export ကိုနှိပ်ပါပြီးနောက်
DOWNLOAD BLOG ကိုနှိပ်ပါ။ ဒါဆိုရင် 
Save file ဆိုပြီးတော့ Save ခိုင်းပါလိမ့်မယ် ဒီအခါမှာ ကိုယ့်ရဲ့ Computer ထဲမှာဖြစ်ဖြစ်၊
USB ထဲမှာဖြစ်ဖြစ်...လုံခြုံတဲ့နေရာမှာ သိမ်းထားရုံဘဲ.. 
ကယ်ဒီ blog hack ခံရပြီး လုံးဝဖွင့်မရတော့ဘူးဆိုရင် Blogger Account တခုပြန်ဖွင့်ပြီးတော့
import blog မှာ အရင်က DOWNLOAD လုပ်ထားတဲ့ Blog ကိုပြန်တင်..
နဂိုအတိုင်း Comments ပါအပါအ၀င်ပြန်လည်ရရှိပါမယ်။။။။
ခင်မောင်စိုး မွန်ပြည်နယ်မှ ကူးယူဖော်ပြသည်  အပေါ်က သုံးပို့စ်ပါ)
==============================================
အားလော့လုံးမင်္ဂလာပါဗျာ.. ဘလော့ခရီးသည် မိတ်ဆွေအပေါင်း ရွှင်ပျော် ချမ်းသာကြပါစေလို့ မေတ္တာပို့သလိုက်ရပါတယ်... သည်တစ်ခါ တင်ပေးမဲ့ နည်းပညာလေးကတော့ အတော်လေး အသုံးဝင်ပါတယ်.. ကျွန်တော်တို့ ဘလော့တွေမှာ loading time အချိန်ကြာမြင့် မှ
ဘလော့ပွင့်ကျလာတာမျိုး ရှိကြပါတယ်.. အဲတာကတော့ အဓိက မိမိတို့ဘလော့မှာ Widget တွေ
အရမ်းများနေရင် သော်၎င်း  video တွေ ဖလက်တွေ အရမ်းများနေသော်၎င်း ဖြစ်တတ်ပါတယ်..
ဒါကြောင့် မိမိတို့ဘလော့မှာ Widget တွေကို လိုသည်ထက်ပိုမတင်သင့်ကြောင်း ပြောပါရစေ..
သည်နည်းလေးဟာ မိမိတို့ဘလော့ကို အသင့်တင့် ပိုမိုမြန်ဆန်စေတဲ့ နည်းပညာလေးဆိုမမှားပါဘူးးးးး
ကုဒ်လေးတွေကို ထည့်ပေးလိုက်ရုံပါဘဲ... ကဲ စမယ်နော်..

►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Expand  Widget  Template  ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

 </head>  ဆိုတာကိုရှာလိုက်ပါ တွေ့တာနဲ့ သူ့အောက်မှာကပ်လျက် ပေးထားတဲ့ကုဒ်တွေကို
        ထည့်ပေးလိုက်ပါ...
ထည့်ရမဲ့ကုဒ်တွေကတော့............


<script charset='utf-8' src='http://ajax.googleapis.com/ajax/libs/jquery/1.3.2/jquery.min.js' type='text/javascript'/>

<script src='http://beautifulbloggerwidgets.googlecode.com/files/lazyload-min.js' type='text/javascript'/>

<script charset='utf-8' type='text/javascript'>

$(function() {

$(&quot;img&quot;).lazyload({placeholder : &quot;http://beautifulbloggerwidgets.googlecode.com/files/grey.gif&quot;,threshold : 200});

});

</script>
ကုဒ်ကလည်းမများတာမို့ လွယ်ကူစွာလည်းထည့်နိုင်ပါတယ်.. စမ်းကြည့်လိုက်ပါနော် အရင်ကထက်တော့
ပိုမိုမြန်ဆန်လာတာတော့ ကျွန်တော် လက်တွေ့ သုံးထားပါတယ်...
 ပြီးတာနဲ့  Save Template လိုက်ပါနော်........
=====================================

မိမိဘလော့ပုံလေးနဲ့ကုဒ်ရောပါ လိုခြင်သူယူနိုင်ရန်

ဒါလေးကတော့  C-Box ကနေတောင်းဆိုထားတာလေးပါ...ကျွန်တော် ပြန်လည် မျှဝေလိုက်ပါတယ်..
ဝေမင်း: ကျတော်အကို့ဘလော့မှာလိုမျိုး ပုံနဲ့ကုဒ်လေးလုပ်ချင်ပါတယ်(ဘလော့ခရီးသည်ကိုသင့်ဘလော့မှာထားမယ်ဆို 

 အောက်ကကုဒ်ကိုယူထည့်လိုက်ပါ။)အဲ့လိုပုံစံမျိုးလေ

လုပ်နည်းလေးကတော့ မခက်ခဲလှပါဘူးး ကျွန်တော် အသင့် ထည့်နိုင်အောင် ကုဒ်ပါ တန်းပေးလိုက်ပါတယ်....

<div style="text-align: center;"><a href="http://www.aungsanmks.blogspot.com/" style="background-color: white;" target="_blank"><img style="width: 233px; height: 123px;" src="http://i.minus.com/ibzKGs07CjKUWB.png" /></a></div><textarea style="width: 279px; height: 44px;" cols="25">&lt;center&gt;&lt;a href="http://www.aungsanmks.blogspot.com/" style="background-color: white;" target="_blank"&gt;&lt;img style="width: 233px; height: 165px;" src="http://i.minus.com/ibzKGs07CjKUWB.png" /&gt;&lt;/a&gt;&lt;/center&gt;</textarea>

မှတ်ချက်   ။                               ။ အထက်ပါ ကုဒ်တွေကို မိမိတို့ ဘလော့ကာရဲ့ layout--

html/java-script ကိုကလစ်ပြီးကျလာတဲ့ ဘောက်လေးထဲကို ထည့်ပေးလိုက်ပါ။
ကုဒ်တွေမှာ သေခြာကြည့်လိုက်ပါ...
(၁)  အနီရောင်နဲ့ ပြထားတဲ့ ကျွန်တော့်ရဲ့ ဘလော့လိပ်စာ url နေရာကို  မိမိတို့ ဘလော့ url နဲ့အစားထိုးပေးပါ။
(၂)  အစိမ်းရောင်နဲ့ နံပါတ်လေးတွေမှာ မိမိတို့ လိုအပ်သလို ဘလော့နဲ့ လိုက်ဖက်မဲ့ နံပါတ်တွေအတိုင်း ပြောင်းလဲပေးလိုက်ပါ။
(၃)  အနက်ရောင်တွေကတော့ ပုံရဲ့လင့်တွေပါ.. ပုံရဲ့လင့်နေရာမှာ မိမိတို့ လုပ်ထားတဲ့ ပုံကို www.minus.com မှာ upload တင်ပြီး direct link ကိုယူပြီး ထည့်ပေးလိုက်ပါ။
         လုပ်ကြည့်လိုက်ပါနော်..အဆင်ပြေပါစေ..

===========================

ဒါလေးတွေအားလုံး ကျုပ်ရေးထားတာဆိုလို့ ဓါတ်ပုံလေးပါ။ ကျန်တာကတော့

ခင်မောင်စိုး (မွန်ပြည်နယ်မှ) နှင့် ဘလော့ခရီးသည်တို့ ထံမှ ကူးယူဖော်ပြထား

တာလေးတွေပါ။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။ လွယ်ကူစွာဖြင့် ဘလော့ကို

အတိုက်ခိုက် မခံရပါစေနှင့်။ တစ်ကယ်လို့ အတိုက်ခံရလျှင်လည်း ဒီအပေါ်ကနည်း

လေးအတိုင်း ပြည်လည်တည်ဆောက်နိုင်အောင် ဒေါင်းလော့ချပြီး သေချာ သိမ်းထားလိုက်ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ လာလည်ပေးတဲ့အတွက်ပေါ့။

 

 

 

 

Microsoft ရဲ့ နည်းပညာ အဆန်းများ ဗွီဒီယို

ခေတ်ရှေ့ပြေး ဗွီဒီယိုလေး မနေ့က ရလာလို့ တင်လိုက်ပါတယ်။ မမြင်ဘူးသေးရင်တော့ ကြည့်ရတာပေါ့ဗျာ။
တစ်ကယ်ပါ အတော်လေးကို ကောင်းပါတယ်။ နောင်အနာဂါတ် မကြာတော့တဲ့ ကာလမှာ မြန်မာပြည်မှာ
လည်း ဒါမျိုး နည်းပညာတွေ သုံးစွဲနိုင်တော့မှာပါ။ စောင့်တော့ စောင့်ရဦးမှာဘဲ။ ကဲ အမြီးဗွီဒီယိုလေး ကြည့်
ချင်တယ်ဆိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ။ Mediafire မှာတင်လိုက်တယ်။ Youtube မှာလည်း တင်လိုက်တယ်။ ကြိုက်တဲ့ နေရာက ဒေါင်းလိုက်ပါ။ သဘောကျရင်ပေါ့။
۩۩۩۩  DOWNLOAD MICROSOFT VIDEO  ۩۩۩۩
http://www.youtube.com/watch?v=0PXK6QOezJA&list=PLB42286429D18E2ED
ဒီလင့်လေးမှာလည်း ကောင်းတာလေးတွေ ရှိပါတယ်။

Sunday, December 23, 2012

အလန်းစား game နဲ့ အကောင်းစား ဖုန်းဆော့ဝဲလေးများ

စစ်တိုက်တဲ့ ဂိမ်းလေးကလည်း ဖုန်းနဲ့စစ်ထိုးချင်သူတွေအတွက်တော့ အတော်လေးကောင်းပါတယ်။ တစ်ခြား ဆော့ဝဲတွေကလည်း အကောင်းဆုံးတွေထဲက အကောင်းဆုံးတွေပါဘဲ ကျုပ်အနေနဲ့ တစ်ခြို့ဆော့
ဝဲတွေကို အသုံးမပြုရသေးပေမယ့် ကိုယ့်ရဲ့ဘော်ဒါတွေ ကြိုက်နှစ်သက်တဲ့ ဆော့ဝဲလေးတွေကို တစ်ဦးနှင့်
တစ်ဦး ရှယ်ပြီး စမ်းသပ်သုံးနေတဲ့ ဆော့ဝဲလေးတွေပါ။ ကိုယ်သဘောကျတာလေးတွေကို သူတို့ကိုပေး သူတို့
သဘောကျတာလေးတွေကို ကိုယ်ကယူနဲ့ မျှဝေသုံးစွဲနေတယ်။ အဲဒါမျိုးက ပိုကောင်းပါတယ် တစ်ဦးတည်း
ဆို မလွယ်ပါဘူး ဆော့ဝဲတွေစုံအောင် သုံးဖူးတာပေါ့ဗျာ။ မိတ်ဆွေတို့လည်း အချင်းချင်း ဝေငှပြီး မျှဝေသုံးစွဲ
ကြပါ။ နည်းပညာဆိုတာ တစ်ဦးတစ်ယောက်အတွက် ထုတ်လုပ်တာမဟုတ်ပါဘူး အားလုံးကို သုံးစွဲစေချင်တဲ့
စေတနာတွေနဲ့ ထုတ်လုပ်တာလို့ ကျုပ်တော့မြင်တယ်။ ဒါကြောင့် ကိုယ်ရထားတာလေးတွေကို ကိုယ့်သူငယ်
ချင်း အပေါင်းအသင်းတွေကို မျှဝေပေးပြီးတော့ သုံးစမ်းကြည့်ခိုင်းပါ။ သူတို့ သဘောကျတာလည်း ကိုယ်က
ပြန်ယူပြီး သုံးစွဲကြပါလို့ တိုက်တွန်းပါရစေ။ 12.23.2012 အမှတ်တရ။ ဆော့ဝဲတွေကတော့ ဖုန်းဆော့ဝဲ သုံးစွဲ
သူတိုင်း ပုံလေးမြင်တာနဲ့ ဒါဘာတော့ သုံးလို့ရမယ်ဆိုတာ သိလောက်မှာပါ။
۩۩۩۩  DOWNLOAD GAME & GOOD APK  ۩۩۩۩

IPLocator IP သိရင် ဘယ်ကဆိုတာ သိတဲ့ ဆော့ဝဲလေးပါ

မနေ့က ရလာတဲ့နည်းလေးပါ မြန်မာပြည်ကတော့ မရဘူး။ ကိုယ့် IP လေးထည့်ပြီး စမ်းလိုက်တာ စစ်ကိုင်း
ဘက်ကိုပြနေတယ်။ မြန်မာက အိုင်တီပညာရှင်တွေက ဆရာကြီးတွေဆိုတော့ တိုင်တွေပတ်သွားတာဘဲ။
ကဲ မသုံးဖူးလို့ သုံးစမ်းချင်တယ်ဆိုရင် ဒေါင်းသွားလိုက်ပါ။ အတွင်းမှာ အသုံးပြုနည်းလေးပါတယ်။ ဆော့ဝဲ
လေးရလာရင် setup_IPLocator ဆိုတာကို install လိုက် GeoLiteCity.dat ကို ဖိုင်ဖြေပြီးC:\Program Files\IP Locator ထဲကိုထည့်ပါ။ ဒါဆို IP ရိုက်ထည့်ပြီး ရှာကြည့်လိုက် သူများ IP သိရင်တော့ လွယ်တာပေါ့။ ကိုယ်က
တော့ ကိုယ့် IP ဘဲ ထည့်သွင်းစမ်းသပ်လိုက်တာ။ သူများ IP ကို သိရင် ဘယ်နေရာက ဆိုတာကို သိနိုင်ပါ
တယ်နော်။ သူဘယ်နေရာက သုံးတယ်ဆိုတာ IP သိရင် ထည့်ပြီး ရှာရုံပါဘဲ။ သိချင်ရင်တော့ ဒေါင်းပြီး ရှာ
စမ်းကြပေတော့။
۩۩۩۩  DOWNLOAD IP LOCATOR  ۩۩۩۩

Friday, December 21, 2012

Free Ringtone Maker 2.4.0.918 Portable တဲ့ဗျာ

ကဲ ဒါလေးကတော့ မိမိတို့ ဖုန်းအတွက် ကိုယ်နှစ်သက်တဲ့ သီချင်းကို လိုသလို Raintone လုပ်တဲ့ဆော့ဝဲကစား
ဝဲလေးပေါ့ဗျာ။ သုံးစွဲရတာလေးတော့ အတော်လေးလွယ်ပါတယ်။ ကိုယ်လိုချင်တဲ့နေရာမှာ ချိန်ပြီး ဖြတ်လို့
ရပါတယ်။ ဖြတ်ပြီးရင်တော့ သိတဲ့အတိုင်း Save ရုံဘဲ အဲဒီနည်းအတိုင်း များစွာသော မိမိတို့နှစ်သက်တဲ့ သီချင်းတွေကို ပိုင်းဖြတ်ပြီး Raintone လုပ်နိုင်ကြပါပြီနော်။ ပေါ့ပိစိကွေးလေးပါ။ သေးလွန်းလို့ ပိစိကွေးလို့ နာမည် အဆန်းလေးပေးလိုက်တယ်။ 
۩۩۩۩  DOWNLOAD RAINGTONE MAKER  ۩۩۩۩

CPUZ ဆိုတဲ့ ဆော့ဝဲလေးပါ Portable

CPUZ ဆိုတဲ့ Software Portable လေး နှစ်မျိုးတင်ပေးလိုက်ပါတယ်။ ဒါတွေက ဘာလုပ်ရမှာလဲလို့ မသိရင်
တော့ မေးကောင်းမေးနိုင်ပါတယ်။ ဟာ ဘာရယ်တော့မဟုတ်ပါဘူးကွာ သူများကွန်ပျူတာကို သူ့ရဲ့ Proceccer က ဘာအမျိုးအစားလဲ ဘာWindow သုံးလဲ ဘာBoard လဲ စသဖြင့် သိနိုင်အောင် ဖန်တီးထားတဲ့
ဆော့ဝဲသေးသေးလေးပါ။ ရထားတာတော့ အတော်ကြာပါပြီ။ နောက်တစ်မျိုးကတော့ ရတာမကြာသေးဘူး။
အတူတူပါဘဲ။ သိပ်မကွာပါဘူးကွယ် စတစ်ထဲထည့်ပြီး ကိုယ်ကကွန်ပျူတာတို့ ဘာတို့ဝယ်ပေးရမယ်ဆိုရင်
အလွယ်တစ်ကူ ကွန်ပျူတာရဲ့မြန်နှုန်း မင်မိုရီဘယ်လောက် Graphic ကဘယ်လောက်ဆိုတာ အလွယ်လေး
သိနိုင်တာပေါ့။ နှစ်ချက်ကလစ်လိုက်ရင် ဟာဒီကွန်ပျူတာက ဘယ်လိုရှိတယ်ဆိုတာ သိတာပေါ့ ရှုတ်ရှုတ်
ရှက်ရှက် လုပ်စရာမလိုဘူး။ ပုံလေးကြည့်တာနဲ့ သိပါတယ် မရှိသေးသူများအတွက်ပေါ့ဗျာ။ ဘာရယ်တော့
မဟုတ်ဘူး တင်စရာမရှိလို့ ကြံရာမရ ကောက်တင်လိုက်တာပါ။ အောက်မှာ ပုံတစ်မျိုးနော် ကြည့်လိုရင်
ဆက်ကြည့်လိုက်ဦး။
۩۩۩۩  DOWNLOAD CPU INFORMATION  ۩۩۩۩



Thursday, December 20, 2012

Internet TV Portable လေးနဲ့ မြန်မာ ကမ္ဘာ့ သတင်းတွေ ကြည့်မယ်

ကဲမိတ်ဆွေတို့ရေ အင်တာနက်သုံးရင် အပျင်းပြေ TV လေးကြည့်ချင်ရင်တော့ ပေါ့သေးဘဲလေးပါ။ အတော်
ကောင်းပါတယ် ။ Sky net လိုင်းတွေပါရပါတယ် မယုံရင် စမ်းကြည့်နိုင်ပါတယ်။ လိုင်းရှာချင်ရင်တော့ Myanmr လို့ ရိုက်ထည့်လိုက်ပါ။ အဲဒီမှာ ကိုယ်သဘောကျတဲ့ လိုင်းကိုဖမ်းကြည့်ရုံပါဘဲ အတော်လေးကောင်း
လို့ တင်ပေးလိုက်ပါပြီ။ လိုင်းတွေလည်း အများကြီး ဖမ်းကြည့်လို့ ရပါတယ်ဗျာ။သဘောကျတယ်ဆို ရင်တော့ ဒေါင်းသွားလိုက်ပါ။
 ۩۩۩۩  DOWNLOAD INTERNET TV PORTABLE  ۩۩۩۩
ဒါကတော့ မူရင်းဆိုက်လေးပါ။ အကောင့်လေးတော့ လျောက်ထားလိုက်ပါ။ ဒါဆို ပိုအဆင်ပြေပါတယ်နော်။
http://users.tvunetworks.com/
 အသုံးပြုနည်းကတော့ အောက်မှာ ကြည့်လိုက်ပါဦးနော်..


 ပေါ့သေးဘဲလေးကို နှစ်ချက်ကလစ်လိုက်ရင် TV လေးနဲ့ ဒီမက်ဆေ့ဘောက်လေးကျလာမယ် ဒါဆိုရင်
Private networks ဆိုတဲ့ အပေါ်က အကြောင်းကကောင်လးကို အမှန်ခြစ်လေး လုပ်ပေးလိုက်ပါနော်။
အဲဒါဆိုရင်တော့ အဆင်ပြေပါပြီ။ ဒီလိုလေးကြည့်လိုရပြီပေါ့ကွယ်။ အောက်ပုံ
  
 လိုင်းရှာလိုရင် ကျုပ်mayanmar လို့ ရိုက်ထည့် ရှာထားတဲ့ ဘယ်ဘက်ချမ်းလေးမှာ မိမိကြည့်ချင်တဲ့ လိုင်းကို
ရှာပါနော်။ ဒါလေးပါဘဲ။ အားလုံး အဆင်ပြေပါစေကွယ်။
အပေါ်က ဒေါင်းလော့လင့် အဆင်မပြေရင် ဒီမှာဒေါင်းလိုက်ပါနော်။
ဒါက သူများတင်ထားတာပါ။ download TV player

ဖုန်းနဲ့ ပါတ်သက်သမျှ စာအုပ်လေးများ စုစည်းမှု

 ကြိုက်ရာကို ဒေါင်းသွားလိုက်ပါ အသုံးပြုနည်းကတော့ စာအုပ်ကြည့်မှ သိမယ်နော်။






သဘောကျတဲ့ စာအုပ် ဒေါင်းကြပေတော့ဗျာ။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။




 

Wednesday, December 19, 2012

Using Android ဆော့ဝဲတွေ ရေးသားလိုရင်ဖြင့် ဒါလေးဖတ်လိုက် လေ့လာလိုက်တော့

Android Mobile Aplication Software လေးတွေကို ကိုယ်တိုင် ရေးသားလိုရင်ဖြင့် ဒီစာအုပ်လေးကို လေ့လာ
သင့်ပါတယ်။ အတော်လေးကောင်းတယ်နော် ကြော်ငြာပိုင်းလောက်တော့ ဖတ်လိုက်တယ်ခင်ဗျာ။ ကျုပ်
ပြောခဲ့သလိုဘဲ သူများထုတ်လုပ်တာလေးကိုဘဲ ကိုယ်ကဒေါင်းပြီး သုံးရတာကို ကိုယ်ကကျေနပ်နေသူပါ။
မိတ်ဆွေတို့တော့ လက်တွေ့စမ်းသပ်လိုတယ်ဆိုရင် Software တစ်ခုရေးသားလိုတယ်ဆိုရင်ဖြင့် ဒါလေး
တော့ ကြည့်လိုက်ပါဦး တစ်ကယ် လက်တွေ့လုပ်စမ်းပေါ့ဗျာ။ ဆော့ဝဲဖြစ်လာပြီဆိုရင်တော့ ကြော်ငြာလိုက်
ဦး ဒီက လိုက်ဆွဲမယ်နော်။ ကဲ အားလုံးဘဲ သဘောကျရင် ဖတ်လိုရင်ဖြင့် ယူသွားလိုက်တော့။ အားလုံး
ရွှင်လန်းချမ်းမြေ့ကြပါစေ။ မိုးကောင်းကင် 19.12.2012 ။ 10: 50 PM အမှတ်တရ။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။




 


۩۩۩۩  DOWNLOAD USING ANDROID  ۩۩۩۩

Tuesday, December 18, 2012

PC for Screensaver အရမ်းလန်းတဲ့ Screen saver များစုစည်းမှု

ကဲ ကွန်ပျူတာအတွက် Screensaver တွေ စုပြီးတင်ပေးလိုက်ပါပြီ။ မသုံးဖူးသေးရင်တော့ အသစ်လေးတွေပါ။
၅ မျိုးတင်ပေးလိုက်ပါတယ်။ Screensaver ဆိုမှတော့ ဘာလုပ်တဲ့ဆော့ဝဲလဲ မေးရင်တော့ ကစားတဲ့ဆော့ဝဲလို့
ဘဲ ဖြေရတော့မယ်နော်။ မိမိရဲ့ကွန်ပျူတာဟာ အသုံးမပြုဘဲ ဒီတိုင်းကြီး Screenကို ပြစ်ထားရင် မကောင်းဘူး
ဒါကြောင့် Screen ကို လှုပ်လှုပ်ရှားရှားလေးဖြစ်နေအောင် လန်းတဲ့ Screensaver လေးတွေတင်ပြီး အသုံးပြုကြ
တာပါ။ ဘာရယ်တော့မဟုတ်ပါဘူးဗျာ။ မသုံးလို့လဲ ရပါတယ် ဒါပေမယ့် အကြိုက်ချင်းက မတူကြဘူးလေ။
ဒါကြောင့် ကြိုက်သူများရှိရင် ကိုယ်ရထားသမမျှ Screensaver လေးတွေ စုပြီးတင်ပေးလိုက်တာပါ။
۩۩۩۩  DOWNLOAD SCREENSAVER  ۩۩۩۩
۩۩۩۩  DOWNLOAD SCREENSAVER  ۩۩۩۩
۩۩۩۩  DOWNLOAD SCREENSAVER  ۩۩۩۩
۩۩۩۩  DOWNLOAD SCREENSAVER  ۩۩۩۩
۩۩۩۩  DOWNLOAD SCREENSAVER  ۩۩۩۩

Video Calle Viber Dictionary 7 Online Radio WifiMap စတာလေးတွေ

Video Calle ဆိုတာက ဖုန်းလာရင် ဗွီဒီယိုလေးနဲ့ ပြအောင် လုပ်တဲ့ဆော့ဝဲ သူဆော့ဝဲကို ကလိကြည့်လိုက် သိပ်ကောင်းတယ်။ ရှယ်လိုဟာမျိုးလေးပုံမှာ ကလစ်လိုက် နာမည်လေးပေးပေါ့။ အဲဒါပြီးရင် ဒီဆော့ဝဲထုတ်
တဲ့ ပုဂ္ဂိုလ်တွေ တင်ထားတဲ့ Video Raintone လေးတွေကို ဒေါင်းလော့ချလိုက်ပါ။ ကိုယ်သဘောကျတာလေး
တွေကိုပေါ့။ အဲဒါပြီးရင် Vidoe ဖိုင်ထည့်ရမည့်နေရာမှာ ဖိုင်ထည့်ပါ။ Setting ထဲမှာ ၀င်ပြင်ကြည့်ပါ ဗွီဒီယိုလေး
တွေထည့်ပြီး ပုံမှန် Default Video မှာ ဗွီဒီယို နှစ်ခုထည့်ရမယ်။ ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ဗွီဒီယိုလေးတွေ ထည့်သုံး
လို့လည်းရပါတယ်။ 7 Online Radio ကတော့ အင်တာနက်ရေဒီယိုပေါ့ဗျာ အတော်ကောင်းတယ်ပြောတာဘဲ။
အင်တာနက်ဖိုး မတတ်နိုင်လို့ မနားထောင်ဖြစ်ဘူးကွယ်။ WifiMap ကတော့ သိတဲ့အတိုင်းဘဲ မိမိရောက်နေ
တဲ့ နေရာကို လှမ်းပြီး ရှိုးကြည့်လိုက်ပေါ့ဗျာ။ Viber ကတော့ နာမည်ကြီးနေတဲ့ ဆော့ဝဲဘဲ သိပြီးသား။ ကျန်
တာလေးတွေကတော့ Dictionary လေးပေါ့ ဘယ်လိုသုံးလဲဆိုတာတော့ မပြောတော့ဘူး စမ်းကြည့်ရင် သိလိမ့်မယ်နော်။ ကဲ အားလုံးဘဲ မင်္ဂလာညချမ်းမှာ အိမ်မက်လှလှ မက်နိုင်ကြပါစေ။

۩۩۩۩  DOWNLOAD Call Viber Dictionary  Radio Wifi Map  ۩۩۩۩
Dwonload box.com






ဒါလေးတွေကတော့ Video Call အသုံးပြုပုံလေးတွေပေါ့ကွယ် သုံးစမ်းကြည့်ပါ လန်းတယ်နော်။
18.12.2012 ။ 11:30 PM အမှတ်တရ။
 

nswPlayer မှန်ကြည့်စရာဆော့ဝဲ ကြောင်ဂိမ်း browser/ Uninstall စသည်စုစည်းမှု

ကဲဒီနေ့လည်း အလန်းလေးတွေပါဘဲဗျာ Player လေးကတော့ အလန်းစားလေးဘဲ သုံးဖူးသမျှထဲမှာ ဒီကောင်
လေးကတော့ အလန်းဆုံးလေးပါဘဲ။ နောက်တစ်မျိုးကတော့ မိန်းကလေးဘဲဖြစ်ဖြစ် ယောက်ျားလေးဘဲ ဖြစ်
ဖြစ် ခရီးသွားရင် မှန်တောင် ဆောင်စရာမလိုတော့ဘူး ရှေ့ကင်မရာပါတဲ့ ဖုန်းတွေအတွက်တော့ အတော်
လေး အဆင်ပြေမှာပါ။ စမ်းကြည့်တာတော့ အတော်လေးကောင်းတယ်ဗျာ နောက်ကြည့်မှန်ဘဲပါတဲ့ ကျုပ်ရဲ့
ဖုန်းနဲ့ တစ်ချက်ရှိုးကြည့်လိုက်တာ အတော်လေးအဆင်ပြေတယ်။ ကြောင်ဂိမ်းကတော့ အတော်များများ အသုံးပြုကြတော့ သိပြီးသား။ Browser လေးကလည်း နောက်ဆုံးထွက်လေးပါ။ နောက်တစ်မျိုးကတော့
ဆော့ဝဲတွေ ဖြုတ်တဲ့ဟာ။ နောက်ပြီး google.android.ကတော့ ဂူးဂဲလ်ကို ၀င်ရောက်ဒေါင်းမယ့်ဆော့ဝဲ။
နောက်တစ်မျိုးကတော့ သိဘူးဗျာ သုံးစမ်းရသေးဘူး သုံးစမ်းကြပေါ့ ကောင်းရင်တော့ လှမ်းအော်လိုက်ဦး။
သဘောကျရင်တော့ အောက်မှာ ဒေါင်းသွားလိုက်ပါ။ ကျုပ်တော့ မိုဘိုင်းစတိုးက ရတာလေးတွေရောအခြား
ဆိုက်ကရတာလေးတွေရော စုပြီးတင်ပေးလိုက်တယ် ခုတစ်လော မိုဘိုင်းဆော့ဝဲတွေနဲ့ ဓါတ်ကျနေတယ်။
ကဲဘာပဲဆိုဆို လိုအပ်ရင်တော့ ဒေါင်းသွားလိုက်ပါ။ Market တွေထဲမှာ ဒေါင်းရတာက အမှားကျတာများ
တယ်ဗျာ။ ဖုန်းနဲ့ ဒေါင်းလော့ချရတာက သိပ်မလွယ်လှဘူး ဆော့ဝဲတစ်ခုရဖို့ အတော်လေးခက်တယ်။ လိုင်း
မကောင်းရင်ပေါ့။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

۩۩۩۩  DOWNLOAD PLAYER BROWSER UNISTALL  ۩۩۩۩

Gallery Lock Pro version 3.1 ဖုန်းထဲမှာ ကိုယ်မကြည့်စေချင်တာလေးတွေကို သော့ခတ်ထားမယ်

Gallery Lock Pro version အသစ် 3.1 လေးဟာ အသုံးတည့်မှာပါ။ လူကြီးတွေမှာ တစ်ချို့အရာလေးတွေကို ကိုယ့်သားသမီးကလေးငယ်လေးတွေ မမြင်စေချင် မကြည့်စေချင်တာလေးတွေကို သော့ခတ်ပြီး သိမ်းထား
လို့ရပါတယ်။ Password နဲ့ခတ်ထားပေါ့ဗျာ ဒါဆို ကိုယ့်ကြည့်ချင်တဲ့အခါမှာ Password လေးပြန်ထည့်ပြီး ကြည့်ရုံဘဲ ဒါဆို အဆင်ပြေပြီပေါ့ အတော်များများ အသုံးပြုကြပါတယ်။ တစ်ချို့အရေးကြီးတဲ့ဖိုင်တွေကို လည်း ဒီလိုဘဲ သော့ခတ်ထားသင့်ပါတယ်။ သူများတွေ ကိုယ့်ဖုန်းကို ကလိပေမယ့် ကိုယ်မကြည့်စေချင်တာ
ကို ကြည့်မရတော့ဘူးပေါ့။ တစ်ခြားအသုံးဝင်တာလေးတွေလည်း ထည့်ပေးလိုက်ပါတယ်။ အကုန်လုံးတော့
မသုံးဖူးပါဘူး သူများဆိုက်လေးတွေမှာ ကောင်းတယ်ဆိုတာလေးတွေကို ဆွဲထားတာလေးတွေပါ။ ကျုပ် လည်းတစ်နေ့2 လက်တည့်စမ်းရတာ မလောက်နိုင်ဘူးဖြစ်နေတယ် အဒါကြောင့် ကိုယ့်မိတ်ဆွေတို့လည်း လက်တွေ့စမ်းနိုင်အောင် တင်ပေးလိုက်ပါတယ်။ ကောင်းရင်သုံး မကောင်းရင်တော့ ဖျက်လိုကဖျက်ပေါ့ဗျာ။
စမ်းသုံးလိုရင်တော့ အောက်မှာ ဆွဲသွားလိုက်ပါကွယ်။
۩۩۩۩  DOWNLOD LOCK AND OHTER APK  ۩۩۩۩

Monday, December 17, 2012

ညရိုက်ကင်မရာလေးနဲ့ သတင်း ပြက္ခဒိန်စတာလေးတွေ စုစည်းမှု

ကဲဗျာ ညမှာရိုက်လို့အဆင်ပြေမယ့် ညရိုက်ကင်မရာလေးနဲ့ သတင်းတွေကြည့်ဖို့ရာ ကစားဝဲလေးတွေရယ် တစ်ခြား အသုံးတည့်မယ့် ကစားဝဲ ကလိဝဲလ်လေးတွေကို စုပြီးတင်ပေးလိုက်ပါတယ်။ အသုံးလိုရင်ဘဲဖြစ်ဖြစ်
သိမ်းဆည်းလိုရင်ဘဲဖြစ်ဖြစ် ယူသွားလိုက်ပါ။ သဘောကျတယ်မဟုတ်လား သဘောကျရင်တော့ ဒေါင်းပြီး
ယူသွားကြပေါ့ဗျာ။ ကိုယ့်မှာ ရှိတယ်ဆိုတော့ သူငယ်ချင်းတွေလည်း ပေးသုံးလို့ရတာပေါ့ ဟုတ်ဘူးလား။
ကဲ အလိုရှိရင် အောက်မှာ ဒေါင်းလိုက်ပါ။
۩۩۩۩  DOWNLOAD HERE  ۩۩۩۩

Sunday, December 16, 2012

PC for Aire Talk and Mobile for Aire Talk တဲ့ဗျာ

ကွန်ပျူတာအတွက် Aire Talk နှင့် ဖုန်းအတွက် Aire Talk နှစ်မျိုးရလာလို့ တင်ပေးလိုက်ပါတယ်။ Viber ထက်
ကောင်းတယ်ဆိုဘဲကွာ စမ်းသုံးနိုင်အောင် တင်ပေးတာပါ။ ဗွီဒီယိုချက်လေးတွေတောင် ချက်လို့ရတယ်နဲ့တူ
ပါတယ်။ ကိုယ်တိုင်တော့ မသုံးစမ်းရသေးဘူး ။ အင်တာနက်ဖိုးကလည်း သိပ်မတတ်နိုင်ဘူးလေ။ သူများ 120
ကို ကိုယ်က240 ဆိုတော့ သိပ်မလွယ်လှဘူးဗျာ။ အဲဒါကြောင့် ချွေတာရေးတွေလုပ်နေရတယ်။ ဒီလောက်ချွေ
တာရေးလုပ်တာတောင် အင်တာနက်ဖိုး တစ်လနှစ်သောင်းလောက်ကုန်သေးတာဘဲဗျာ။ ကဲဗျာ ဒါတွေထား
ကွန်ပျူတာနဲ့ ချက်တာကတော့ gtalk လည်း ဟိုတုန်းကတည်းက ရတာပါ။ ခုဟာက မိုဘိုင်းဖုန်းတွေနဲ့ ဖုန်း
ပြောချင်ကြတာလေ အဲဒီတော့ ဆော့ဝဲထုတ်လုပ်သူတွေကလည်း အလိုက်သိတယ်။ ဖုန်းပြောလို့လည်းရ
Video Call ပါ ပြောလို့ရအောင် ဆွဲဆောင်လာကြတယ်။ သူဟာကကောင်းတယ် ကိုယ့်ဟာကကောင်းတယ်
နဲ့ အပြိုင်အဆိုင်ပေါ့ဗျာ။ ကျုပ်တို့တော့ ဆော့ဝဲမရေးတတ်တော့ ကောင်းတယ်ဆိုတာ လိုက်ဆွဲတော့တာဘဲ။
အဆင်ပြေပါတယ် သူများက အသစ်ထုတ်လိုက် ကိုယ်ကလိုက်ဆွဲသုံးစမ်းလိုက်နဲ့ ဒါမှလည်း သူတို့က အားရှိ
မှာပါ။ ငါ့ပစ္စည်းကို လူသန်းဘယ်လောက်သုံးတယ်ဆိုတာ ကြွားလို့ကောင်းတာပေါ့။ နည်းပညာတွေနော် လိုက်ရင်းသာသေရမယ် ကုန်တယ်လို့ မရှိပါဘူးဗျာ။ ဒီနေ့ထုတ်တာအသစ် နောက်နေ့ဆို အဟောင်းဖြစ်နေ
ပြီ။ အဲဒီတော့ အသစ်နောက်ကို လိုက်ကြရတော့တာပေါ့ဗျာ။ အသစ်အသစ်တွေကို သုံးရင်း ပျော်မြူးနိုင်ကြ
ပါစေ။ အဟောင်းအဟောင်းလေးတွေကလည်း အကောင်းအကောင်းလေးတွေဆိုတာလည်း မမေ့နဲ့ဦး တော်
ကြာအိမ်က ဇနီးက အိမ်ပေါ်က နင်ချခံနေရဦးမယ်နော်။ အသစ်နောက်ကြီး သိပ်မလိုက်နဲ့။ ဟာဟား..။
အသိပေး သတိပေးတာပါဗျာ။ အသစ်ရောဂါတွေ ကူးသွားမှာစိုးလို့ပါ။


 



 

Very good Wallpaper လေးများစုစည်းမှု

အလန်းစာ Wallpaper လေးတွေ ရလာလို့ တင်ပေးတာပါ။ မသုံးဖူးသေးရင်တော့ အသစ်ပေါ့ဗျာ။ တစ်ကယ်
လန်းတယ်နော်။ ပုံမှာကြည့်လိုက်ပါ။ သဘောကျရင်တော့ သိတဲ့အတိုင်းဘဲ ဒေါင်းလော့ချပြီးသာ သုံးစွဲကြ
ပါလေ။ မိမိတို့အလိုရှိရင်လည်း ကူးယူပြီးတော့ မိမိတို့ဝက်ဆိုက်မှာ ဖော်ပြနိုင်ပါတယ်။ နာမည်ထည့်စရာမလို
ပါဘူး ရစေချင်လို့ သုံးစေချင်လို့ တင်ထားတာတွေပါ။ သဘောရှိတဲ့အတိုင်းပါဘဲဗျာ။
 ۩۩۩۩  DOWNLOAD GOOD WALLPAPER  ۩۩۩۩

Wallpaper လေးများစုစည်းမှု

မိုဘိုင်းဖုန်းအတွက် wallpaper ကစားဝဲလေးတွေကို စုစည်းပြီးတင်ပေးလိုက်ပါတယ်။ သဘောကျရင်တော့
အောက်မှာ ဒေါင်းလော့ချလိုက်ပါကွယ်။
۩۩۩۩ DOWNLOAD WALLPAPER ۩۩۩۩

Saturday, December 15, 2012

PC for Gtalk Autoreply and google Desktop Software

Gtalk Autoreply ဆိုတာလေးကတော့ ကိုယ့်ကိုချက်လာတဲ့ မိတ်ဆွေကို ပြန်ပြီးမချက်နိုင်ဘဲ အလုပ်များနေတဲ့
အခါမှာ ဒီကောင်လေးကို အသုံးပြုသင့်ပါတယ်။ ကိုယ်ရေးချင်တဲ့စာသားလေးရေးထားရုံပါဘဲ။  စမ်းသုံးလိုရင်
တော့ အောက်မှာ ဒေါင်းသွားလိုက်ပါ ကျုပ်လည်းဆိုက်လည်ထွက်ရင်း ရခဲ့တာလေးပြန်မျှဝေလိုက်တာပါ။ ဒီလိုဆော့ဝဲမသုံးဘဲ ပြုလုပ်နည်းကတော့ ကျုပ်ရဲ့ ဂျီမေးနှင့် ပါတ်သက်သမျှဆိုတဲ့အထဲမှာ ရှိပါတယ်။ အဲဒီမှာ
အပြည့်အစုံပါဘူး သူများဆီက ကူးထားတာတွေလေ။ အသုံးလိုရင်သုံးနိုင်အောင်ပေါ့ဗျာ။ နောက်တစ်မျိုးက
တော့  google Desktop တဲ့ဗျာ ကောင်းမကောင်းတော့ စမ်းသုံးမှ သိပါလိမ့်မယ်။ စမ်းသုံးလိုရင်တော့ ယူသွား
ကြပေါ့ဗျာ။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။



 


 ۩۩۩۩  DOWNLOAD HERE  ۩۩۩۩



ဖွင့်မရတဲ့ ဆိုက်လေးတွေ ဖွင့်လို့ရအောင် လုပ်နည်းစာအုပ်လေး

ကျော်ခြင်းခွခြင်းဆိုင်ရာ စာအုပ်လေးပါ။ ဖွင့်လို့မရတဲ့ဆိုက်လေးတွေကို ကျော်လွှားနိုင်အောင် ကြည့်ထား
သင့်ပါတယ်။ ဒါကြောင့် ကျုပ်ဆိုက်မှာလည်း မရှိသေးတာနဲ့တင်လိုက်တာပါ။ သဘောကျတယ်ဆိုရင်ဖြင့်
အောက်မှာ ဆွဲပြီး ဖတ်ကြပါ။ ကျော်ခြင်းခွခြင်းဆိုင်ရာတွေ တင်တာကအရေးမကြီးဘူး ကျော်တာဝါသနာပါ
သွားရင်တော့အခက်သား ပိုင်နက်ကျူးကျော်မှုနဲ့ ဟိုနေရာရောက်ကုန်မယ်နော်။ ခွတာက ပိုတောင်ဆိုးသေး
အခွမတော်ရင်တော့ ထောင်ထဲမှာ ၁၀နှစ်လောက် စိတ်ဓါတ်ပြုပြင်ရေးလုပ်ငန်းတွေ လုပ်နေရမယ်နော်။
စတာပါဗျာ။ ဒီစာအုပ်က တစ်ချို့သောဝက်ဆိုက်တွေဟာ မကြည့်စေချင်လို့ ပိတ်ခံထားရတာတွေရှိတယ်။ အဲဒီဆိုက်တွေကို ကြည့်ချင်ရင်တော့ ခုန်ပျံကျော်လွှားပြီးမှ ကြည့်လို့ရတယ်လေ။ ဒါကြောင့် ကြည့်သင့်တယ်
ထင်လို့ တင်လိုက်ပါပြီ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။




 
 ۩۩۩۩  DOWNLOAD PROCXY EBOOK  ۩۩۩۩

Gangna style ဂိမ်းလေးနှင့် Wall Paper ကြောင်လေးများ

2012 မှာ အတော့်ကို နာမည်ကြီးနေတဲ့ ဂဏန်းစတိုင် သီချင်း မြင်းကကတဲ့သီချင်းလေးဟာဆိုရင်ဖြင့် ဂိမ်းဆော့ဝဲတောင် ထွက်လာပါပြီး ဂဏန်းစတိုင် ဂိမ်းလေးကို ကလိစမ်းလိုရင်ဖြင့် အောက်မှာဒေါင်းလိုက်ပါ။
Wallpaper လေးတွေကလည်း အတော်လေးလန်းတယ်နော် ကြောင်ချစ်သူများအတွက် ကြောင်ဂိမ်းလေး
တွေပါ ထည့်ပေးလိုက်ပါတယ်။ လက်တွေ့ဆော့စမ်း ကလိစမ်းချင်ရင်တော့ ယူသွားကြပေါ့ဗျာ။ မရှိသေးတာ
လေးတွေမို့ တင်လိုက်တာပါ။ ဘာရယ်တော့မဟုတ်ပါဘူး။ နောက်တစ်မျိုးကတော့ ပုံမှာမပါတဲ့ဂိမ်းတစ်မျိုးပါ
သူကတော့ စစ်တိုက်တဲ့ဂိမ်းလေးပါ။ ကောင်းမကောင်းတော့ ဖုန်းဂိမ်းဝါသနာအိုးတွေ သိပါလိမ့်မယ်။ 16MB လောက်ရှိတာမို့ နှစ်ခုခွဲတင်လိုက်တယ်။ မရှိသေးဘူးဆိုရင်တော့ ဆွဲပြီးသုံးစမ်းကြပေါ့။
۩۩۩۩   DOWNLOAD GANNA STYLE ADN WALLPAPER  ۩۩۩۩

۩۩۩۩   DOWNLOAD GAME  ۩۩۩۩

Friday, December 14, 2012

Mobile for google Earth နှင့် ဖုန်းလေးကို ကွန်ပျူတာ တစ်လုံးလို သုံးနိုင်တဲ့ဆော့ဝဲနှင့် အခြားကစားဝဲများ Chat ၀ဲများပေါ့

မိုဘိုင်းဖုန်းပေါ်ကနေ မြေပုံကြည့်လို့ရတဲ့ ဆော့ဝဲနှင့် ဖုန်းတစ်လုံးကို ကွန်ပျူတာ သုံးစွဲသလိုမျိုးလေး သုံးလို့
ရတဲ့ ဆော့ဝဲလေးပါ ထည့်ပေးလိုက်ပါတယ်။ အခြားဆော့ဝဲလေးတွေ ထည့်ပြီးတင်ပေးလိုက်ပါတယ်။ ကြိုက်
နှစ်သက်သူတွေများအတွက်တော့ ရွှေတွေပေါ့ဗျာ။ ကျုပ်တော့ ဖုန်းနဲ့ပါတ်သက်လို့ သိပ်ကြီးစိတ်မ၀င်စားဘူး
ဖြစ်နေတယ်။ သတင်းကြည့်ဖို့လောက်သာ အားသန်တယ်။ ဒါကြောင့် မကလိတာပါ ဖုန်းကိုတစ်အားသဘော
ကျတဲ့ မိတ်ဆွေများ လိုချင်ရင် အသုံးပြုလို့ အဆင်ပြေအောင်သာ တင်ပေးလိုက်တာပါ။  ကျုပ်ကို အထင်ကြီး
တာလား ဘာလဲတော့မသိဘူးဗျာ။ ကိုယ်က ဘာမှမတတ်ဘူး အင်္ဂလိပ်လိုရေးထားတာတွေကို ကျုပ်တော့ Dictionary ဆောင်ပြီး လိုက်ကလိတာဘဲ။ သိပ်မသိပါဘူး သဘောတရားနဲ့ လိုက်လုပ်နေတာပါ ခင်ဗျားတို့လို
တက္ကသိုလ်တွေ ဘာတွေ မနေဘူးတော့ခက်တယ်ဗျာ။ အထင်ကြီးမနေပါနဲ့ဗျာ ကျုပ်ကဘာမှ မသိသေးတဲ့ ကလေးတစ်ယောက်ထက်သာရုံပါ။ အားလုံးသော မိတ်ဆွေများကို ကျေးဇူးတင်ပါတယ် မပျင်းမရိ လာလည်
ပေးတဲ့အတွက်ပေါ့။
۩۩۩۩   DOWNLOAD GOOGLE EARTH AND GOOD APK  ۩۩۩۩

မြန်မာ့နှစ် ၁၀၀ ပြက္ခဒိန်နှင့် အခြားအဖိုးတန်ဆော့ဝဲလေးများ

မြန်မာ့နှစ် ၁၀၀ ပြက္ခဒိန်လေးကတော့ သဘောကျမယ်လို့ထင်ပါတယ်။ ကျုပ်လည်း မနေ့ကမှ မိုဘိုင်းစတိုးကို
ဝင်ပြီး မွေနှေက်ပြီး ရှာလာတာလေးတွေ စုပြီးတင်ပေးလိုက်ပါတယ်။ ဒီနှစ်တစ်ရာပြက္ခဒိန်က သူ့ကိုသုံးမယ်
ဆိုရင် နှစ်ကိုသိချင်ရင် 2012 နှစ် စသဖြင့် အဒီနှစ်ဂဏန်းနေရာမှာ ခဏဖိထားရတယ်ဗျ။ ဒါမှ ကိုယ့်မွေးနေ့
ကို လိုက်ရှာလို့လွယ်တာ။ လ-လည်း ထိုနည်း၎င်းပါဘဲ။ နောက်တစ်မျိုးက Media Converter ကတော့ ကိုယ့်
ဖုန်းထဲမှာ flv/ Avi format တွေဖြစ်နေရင် format ပြောင်းတဲ့ဆော့ဝဲဆိုဘဲကွာ။ ကျုပ်တော့ မသုံးစမ်းမိဘူး။ ကွန်ပျူတာနဲ့ ပြုလုပ်တာဘဲ အားသန်တော့ ဒါနဲ့ဘဲလုပ်တယ်။ E pro ကတော့ အီလက်ထရောနှစ်နဲ့ ပါတ်
သက်တာလေးတွေ လေ့လာလို့ရပါတယ်။ ပုံလေးတွေနဲ့ ပြထားတာခင်ဗျ။ Android ပုံလေးနဲ့ကောင်ကAnd
CAD တဲ့ဗျာ ဒီဇိုင်းတွေ ဆွဲတယ်မှတ်တာဘဲ ကောင်းတယ်ပြောလို့ ဆွဲလာတာတွေပါ ကိုယ်ကတော့ ဖုန်းကို
သိပ် မကလိတော့ မသိဘူး။ ကောင်းပေ့ဆိုတာလေးတွေပါ။ ကဲဗျာ ဆွဲပြီးတာ သုံးစမ်းကြပေတော့။
ဒါမှ ဘာလုပ်လို့ရတယ်ဆိုတာ သေချာသိမှာပေါ့။ ဖုန်းကလိတဲ့ မိတ်ဆွေများ ကလိလို့ရအောင် တင်ပေးလိုက်
တာပါ။
۩۩۩۩  DOWNLOAD CLANDER AND GOOD.APK  ۩۩۩۩

.Net frame 4.5 full x86_x64 နောက်ဆုံးထွက်လေးပါ

 Microsoft .Net fame 45 နောက်ဆုံးထွက်လေးတင်ပေးလိုက်ပါတယ်။ ခုနောက်ထွက်တဲ့ Nero ဆော့ဝဲထည့်
သွင်း အသုံးပြုတဲ့အခါမှာ Microsoft .Net ဘယ် Version ထည့်ပါဘာညာပြောလာရင် ဒီကောင်လေးကို ထည့်
လိုက်တော့ အဆင်ပြေလိမ့်မယ်။ တစ်ခြားကတော့ ကျုပ်လည်းမသိဘူး ဘာတွေသုံးနိုင်တယ်ဆိုတာကိုပေါ့။
filehippo မှာလည်း ယူနိုင်တယ်နော်။ ကျုပ်တော့ တစ်ချို့ဆော့ဝဲတွေကို အဲဒီမှာဒေါင်းလော့ချတယ်။ များများစားစား ဒေါင်းလော့ချလိုရင်တော့ ကျုပ်တို့မြန်မာဆိုက်လေးတွေက ပိုကောင်းပါတယ်။ နိုင်ငံခြားဆိုက်တွေ
ဝင်ကလိရင် ဒေါ်လာဘယ်လောက် စသဖြင့် ၀ယ်ရတာတွေကို မြန်မာ့နည်းပညာဆိုက်အတော်များများမှာ
ဖရီးရနေတယ်။ ဒါကြောင့် ဆော့ဝဲတွေကို ဒေါင်းလော့ချလိုတယ်ဆိုရင်ဖြင့် မြန်မာ့နည်းပညာဆိုက်လေးတွေ
မှာ အရင်ရှာကြည့်ပါ။ အဆင်မပြေဘူးဆိုရင် google မှာ ကိုယ်လိုချင်တဲ့ ဆော့ဝဲနာမည်ကို ရိုက်ထည့်လိုက်ပါ
အဲဒီလိုရိုက်ထည့်လိုက်ရင် မိမိလိုချင်တဲ့ ဆော့ဝဲနှင့်ပါတ်သက်သည့် ဆိုက်အတော်များများကို ဖော်ပြပေးမှာ
ပါ။ ဖရီးရမယ့်ဟာလေးရှာပေါ့ဗျာ။ ကျုပ်တော့ ပရီမီယမ်ဒေါင်းလော့ချတာတွေ သိပ်နားမလည်သေးဘူး။ 
မြန်မာ့နည်းပညာဆိုက် အတော်များများ လိုက်ပတ်ရှာတာဘဲ ကောင်းတာလေးတွေ့ရင် ဒေါင်းတယ်။
ကဲ .Net frame 45 လေး အလိုရှိတယ်ဆိုရင်ဖြင့် အောက်မှာ ဒေါင်းလော့ချလိုက်ပါ။

۩۩۩۩  DOWNLOAD .NET FRAME 45  ۩۩۩۩ 

۩۩۩۩  DOWNLOAD .NET FRAME40  ۩۩۩۩