This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Thursday, October 31, 2013

FreePP Internet Phone

FreePP ဆိုရင်တော့ အတော်များများ သိကြပါလိမ့်မယ်။ ကျုပ်လည်း ဖုန်း framware ရိုက်ပြီးကတည်းက ထည့်မသုံးဖြစ်တာ ကြာပါပြီ ခုတော့ ထည့်သုံးနေတယ်။ သူကလည်း Viber လိုပါဘဲ သုံးကောင်းပါတယ်။
ကိုယ့်ဘော်ဒါတွေထဲမှာလည်း အတော်များများ အသုံးကြတဲ့ ဆော့ဖ်ဝဲတစ်ခုပေါ့ဗျာ။ အသံမက်ဆေ့တွေပို့
ထားလို့ရတယ် အင်တာနက်ဖုန်းပြောနိုင်တယ်။ မိမိရောက်ရှိနေတဲ့ နေရာကို ဓါတ်ပုံရိုက်ပြီးတော့ ပေးပို့နိုင်
တယ်။ အတော်ကောင်းတဲ့ ဆော့ဖ်ဝဲတစ်ခုပါ။ အသုံးပြုနည်းကတော့ ဆော့ဖ်ဝဲကို Install ပြီးတော့ မိမိဖုန်း
နံပါတ်လေး ထည့်ပြီးတော့ လျှောက်ရပါတယ် ဖုန်းအတွက် ဂဏန်းကုဒ်လေးလုံးချပေးမယ် မှတ်ထားပေါ့။
အဲဒီဂဏန်းလေးလုံး ထည့်ပြီးရင်တော့ မိမိလိုဘဲ freeePP အသုံးပြုနေကြတဲ့ဘော်ဒါတွေ အားလုံးကို ဖော်ပြ
ပေးမှာပါ။ ဒါဆိုရင်တော့ Viber လိုဘဲ အင်တာနက်ဖုန်းပြောဆိုနိုင်ပါပြီ။ ချက်လို့လည်းကောင်း အသံမက်ဆေ့
ပို့ရတာလည်း မြန်ပါတယ် လိုင်းကောင်းရင်ပေါ့ဗျာ။ အသံကြည်လင်တယ်ပေါ့။ Viber ကတော့ အသုံးများပါ
တယ်။ သို့သော်လည်း FreePP ကတော့ လူအသုံးနဲသေးတယ် ဒီကောင်က အားသာချက်လေးတွေ ရှိတယ်
ဗျ။ မယုံရင် သုံးစမ်းကြည့်ပါ သိပါလိမ့်မယ် သူများပြောတာထက် ကိုယ်တိုင်သုံးကြည့်မှ တစ်ချို့အရာတွေ
သိတာ ပိုကောင်းပါတယ်။ မြန်ဆန်တိကျတယ်ပေါ့ဗျာ..ကဲ ကြော်ငြာခတော့မရပါဘူး ဒီလောက်ပါဘဲ။ အအဆင်ပြေပါစေ...
Google Play Store Link to Copy  လင့်ကို ကော်ပီကူးပါ     
http://apps.evozi.com/apk-downloader/  Link to Paste  ဒီဆိုက်မှာ လင့်ကိုထည့်ဒေါင်းပါ။

ဖလမ်းတွင် အဖိုးတန် ကျောက်မျက်တွင်းတစ်ခု ချင်းတောင်၌တွေ့ရှိ

 
ဖလမ်း အောက်တိုဘာ ၃ဝချင်းပြည်နယ် ဖလမ်းမြို့တွင် အဖိုးတန်ကျောက်မျက် ''Chrysoprase" တွင်းတစ်ခုကို En-Jin ကုမ္ပဏီ ကရှာဖွေတွေ့ရှိခဲ့သည်ဟု သိရသည်။ ယခု ရှာဖွေတွေ့ရှိကြသည့် Chrysoprase ကျောက်မျက်သည် Semi Prious Stone ဟု ခေါ်သော သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်ကြောင်း၊ သက်ဆိုင်ရာမှလည်း အတည်ပြုပြီးဖြစ်ကြောင်း En-Jin ကုမ္ပဏီမှ ဒါရိုက်တာ လာလ်းရမ်းပမ်းနာက ပြောသည်။ ''ကျွန်တော် တို့ ရှာဖွေတွေ့ရှိထားတဲ့ကိစ္စကို အထက်အာဏာပိုင်တွေထံကိုလည်း အကြောင်းကြားထားပြီးပါပြီ။ တူးဖော်ခွင့်ကိုလည်း မကြာခင်မှာ ရရှိနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်'' ဟုလာလ်းရမ်းပမ်းနာ က ပြောသည်။ ဓာတ်ပုံများတွင် တွေ့ရှိချက်အရ ယင်းကျောက်မျက်များသည် ပတ္တမြားကဲ့သို့အစိမ်းရောင် သန်းကာ ကြည်လင်နေပြီး အခြားသောအရောင်များဖြင့် ခြယ်သကာ အလှပစ္စည်းနှင့် အိမ်တွင်းအလှ ဆင်မြန်းရာတွင် အဓိကအသုံး ပြုလျက်ရှိကြသည်။ ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ တောင်ကြောတစ်ခုတွင် Chrysoprase ကျောက်မျက်အမြောက်အမြား ထွက်ရှိနိုင်ပြီး တစ်ပိဿာလျှင် ငွေကျပ် ၂ဝဝဝဝ ကျော် ခန့်ဖြင့် ပေါက်ဈေးရှိသည်ဟု သိရသည်။Credit To:သတင်းနှင့်စာနယ်ဇင်း Zin Yaw မှ

Wednesday, October 30, 2013

Netguide Vol (3) , Issue (8),

ကဲ ဒီနေ့တော့ Netguide ဂျာနယ်လေးတင်ပေးလိုက်တယ်ဗျာ။ နည်းပညာကလည်း တစ်နေ့တစ်ပို့တောင်
မတင်နိုင်တော့ဘူးဗျာ။ သိထားတာလေးတွေလည်း ကုန်သလောက်ရှိနေပါပြီ။ ကော်ပီတွေလုပ်ပြန်တော့
လည်း သိပ်မကောင်းဘူးလေ။ နည်းပညာတွေကလည်း မိုးသဲကြီးမဲကြီးရွာနေသလိုပါဘဲ။ မိုးရွာတာနဲ့ ပတ်
သက်ပြီးတော့ တိုက်ဆိုင်တာလေး ထည့်ရေးလိုက်တယ်။ ကျုပ်တို့နယ်ဘက်မှာ ဘုရားပွဲတို့ ရှင်ပြုပွဲတို့ဆို
ပွဲမလုပ်ခင် ရှင်ဥပဂုတ်ထိန်းတဲ့ အဘိုးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ပွဲတစ်ပွဲမှာ သူ့ခမျာ ဥပုသ်သီလ
ဆောက်တည်ပြီးတော့ မိုးထိန်းရှာတာပေါ့ကွယ်။ တိုက်ဆိုင်စွာဘဲ မိုးကလည်း သဲကြီးမဲ ရွာချလေတော့တယ်
လေ။ အဲတော့ ရွာဦးကျောင်းဆရာတော်က မိုးထိန်းတဲ့ အဘိုးအိုကို မြင်တော့ လွတ်ချလိုက်တော့ ဒကာကြီး
လွတ်လိုက်တော့ မရတော့ဘူး လွတ်လိုက်တော့လို့ အမိန့်ရှိသတဲ့။ မိုးထိန်းတဲ့ အဘိုးလည်း မိုးထဲလေထဲမှာ
မိုးထိန်းလို့ မရနိုင်တဲ့အဆုံး လွတ်ချပြီး ကျောင်းပေါ်တက်ပြေးလာတယ်တဲ့။ ကဲ ဒီဥပမာလေးလိုဘဲ ကျုပ်လည်း နည်းပညာမိုးတွေ တစ်အားရွာနေတော့ နည်းပညာက သိပ်မတတ်လေတော့ လွတ်ချလိုက်ရ
တော့မလို ဖြစ်နေတယ်။ လေ့နိုင်မှ လာတာဗျာ။ ကျုပ်လည်း သူများငွေရှာဆိုက်ဆို ငွေလေးရှာကြည့် တောင်
ရောင်ရောင် မြောက်ရောင်ရောင်နဲ့ ရောင်တစ်ကာအပေါင်း ရောင်ထောင်သောင်း ဖြစ်နေတယ်။ အွန်လိုင်း
မှာ ငွေရှာနည်းတဲ့ဗျာ။ သိပ်ပျင်းစရာကောင်းပါတယ် ဇွဲမရှိဘူးဘဲ ထားပါတော့။ ကဲ ဒါပါဘဲ နည်းပညာဆိုက်
တွေ များစွာ ပေါ်ထွက်လာနေပါတယ်။ အဲတော့ ရှာတတ်ဖွေတတ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်
ချင်ပါတယ်။ သိထားတာလေးတွေလည်း သူများကို အသိပေးပေါ့ဗျာ။ ကဲခုတော့ ဘာတွေထူးခြားမလဲဆိုတာ
Netguide ဂျာနယ်လေး ကြည့်လိုက်ပါဦး။ ဒီကောင်က 44 MB တောင်ရှိတယ်ဗျာ။ ဆိုက်ကြီးတယ်နော်.။
ကဲ အားလုံး အဆင်ပြေပါစေ.....

Tuesday, October 29, 2013

Myanmar News V4

ကဲဗျာ ဒီနေ့တော့ ကျုပ်လည်း မနေ့က Google Play Store ကို ၀င်ကြည့်လိုက်တယ်။ ဦးလေးတစ်ယောက်က
သတင်းဆော့ဖ်ဝဲက ငွေနှစ်ထောင်တောင်းနေလို့ သတင်းလည်းမတက်ဖူးလို့ ပြောတာနဲ့ ကောင်းမယ့်ဟာ
လေး Free ဆော့ဖ်ဝဲလေး လိုက်ရှာကြည့်တယ် ကိုယ်ကြည့်နေတဲ့ သတင်းတွေထဲကလည်း သိပ်မကြိုက်တာ
နဲ့ မပေးတာပါ။ ဒါနဲ့ ရှာလိုက်တော့ အတော်လေးလန်းတဲ့ သတင်းစုံဆော့ဖ်ဝဲလေးတစ်ခု တွေ့လိုက်တယ်
 ဒေါင်းပြီး ထည့်သုံးစမ်းကြည့်တော့ အတော်လေး သဘောကျတယ် သတင်းကလည်း စုံနေတာဘဲဗျာ။ မယုံ
ဘူးလာ အောက်မှာ ပုံလေးတွေ ထည့်ပေးလိုက်တယ်နော်။ ကြည့်ကြည့် ကြိုက်သွားမယ်။ တစ်ခုတည်းနဲ့ သတင်းတွေရော နည်းပညာရော အလှအပ မော်ဒယ်တွေရော ။ ဒေါ်လာဈေး ရွှေဈေး အိမ်ခြံမြေသတင်း
ဘောလုံးသမားတွေအတွက်ကလည်း ဘောလုံးသတင်းတွေတောင်ပါသေးတယ်ဗျာ။ နည်းပညာကတော့
ဆော့ဖ်ဝဲမြို့တော်နဲ့ MyanmarMobileapp နည်းပညာစာမျက်နှာလေးတွေလည်းပါတယ်။ ကားသမားအတွက်
လည်း ကားသတင်းတွေပါပါတယ်။ Media မှာ facebook က အလွတ်တမ်းကော်ပီ မီဒီယာတွေလည်း ပါပါ
တယ်။ တော်ကီထည့်တာတော့မဟုတ်ပါဘူး ကိုယ်လည်း ကော်ပီတွေလုပ်နေတာဘဲ ကော်ပီဖြစ်ဖြစ်ပေါ့ဗျာ
အဓိကကတော့ သတင်းတိကျမှုရှိဖို့နဲ့ Update ဖြစ်မှုအပေါ် မူတည်ပါတယ်။ သူတို့လည်း ကော်ပီပေမယ့်
လခစားနဲ့ လုပ်နေတာတွေမှ မဟုတ်တာ။ ကဲ သတင်းစုံဆော့ဖ်ဝဲပါဘဲ။ ဥုံလိုတော့ နည်းပညာဦးစားပေး
မဟုတ်ဘူးပေါ့ သူကတော့ သတင်းဆိုက် ဦးစားပေးပေါ့ဗျာ။ ကဲ ဒီလောက်ကြော်ငြာပေးနေမှတော့ဖြင့်..
ကောင်းပြီလို့ ယူဆလိုက်ကြတော့.....။
Google Play Store Link to Copy  လင့်ကို ကော်ပီကူးပါ     
http://apps.evozi.com/apk-downloader/  Link to Paste  ဒီဆိုက်မှာ လင့်ကိုထည့်ဒေါင်းပါ။ 






Monday, October 28, 2013

HTML5, CSS3 ဖြင့် website ရေးနည်း အပိုင်း (၇)building website with html5 css3 part 7 (လူခါး)

ကဲဗျာ ကိုလူခါး ခေါ် ကိုမျိုးဝင်းရဲ့ Web Desing ဆွဲပုံနည်းပညာ သင်ခန်းစာလေးတွေ ရှယ်ထားပါတယ်။
သူတော့ စိတ်ဆိုးနေမလားမသိဘူး။ ပိုကျယ်ပြန့်အောင်လို့ ဖြန့်လိုက်တာပါ။ ဒီသင်ခန်းစာတွေက ကျုပ်
တင်ထားတာလည်း မဟုတ်ပါဘူး ကိုမျိုးဝင်း Youtube မှာ တင်ထားတာလေးတွေပါ အဲဒါကို ဘလော့ကို
ရှယ်လိုက်တာပေါ့ ။ လူအများမြင်တော့ လူတွေအများကြီး ဗဟုသုတရတာပေါ့ဗျာ။ ကျုပ်ကတော့
အကုန်လုံး ဒေါင်းထားပြီးပါပြီ။ အကုန်လုံးကို ဒီမှာ လင့်လေး ထည့်ပေးလိုက်ပါဦးမယ် သင်ခန်းစာ ခုနှစ်ခုရဲ့
လင့်လေးတွေပေါ့ဗျာ။
သင်ခန်းစာ ( ၁ ) http://youtu.be/rTauCxTkTd8
သင်ခန်းစာ ( ၂ ) http://youtu.be/yNVoJyJ2qnU
သင်ခန်းစာ ( ၃ )  http://youtu.be/kscCr58IQN0
သင်ခန်းစာ ( ၄ ) http://youtu.be/oXQsUsoEf5g
သင်ခန်းစာ ( ၅ ) http://youtu.be/whPJ9YOgdBo
သင်ခန်းစာ ( ၆ ) http://youtu.be/3kWJ3d37n9A
သင်ခန်းစာ ( ၇ ) http://youtu.be/N_Lq3LND8SQ

HTML5, CSS3 ဖြင့် website ရေးနည်း အပိုင်း (၆ )building website with html5 css3 part 6 (လူခါး)

Singapore Web Design website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ အသံသွင်းတုန်းက mic ပြဿနာ နည်းနည်းရှိသွားလို့ အသံက တိုးနေပါတယ်။ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။
Video download လုပ်ဖို့ အခက်အခဲရှိတဲ့သူတွေအတွက်လည်း download လုပ်နည်း ကို ပြောပြပြီးပါပြီ။ အခု ဒီ video တွေအထိ လိုက်လုပ်နိုင်တဲ့လူကတော့ ဒီသင်ခန်းစာတွေ ပြီးတာနဲ့ website တစ်ခု လုပ်တတ်သွားမှာ ဖြစ်သလို၊ website တစ်ခုလည်း လုပ်ပြီးနေမှာပါ။ တစ်ခြား အဆင်မပြေတာလေးတွေ ရှိရင်တော့ မေးနိုင်ပါတယ်။ နောက်တစ်ခေါက် သင်ခန်းစာမှာတော့ နောက်ထပ် စာမျက်နှာတွေကို အလွယ်တကူ ဘယ်လိုလုပ်မလဲဆိုတာ သင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီသင်ခန်းစာပြီးရင်တော့ ကျွန်တော် ရေးထားတဲ့ ဖိုင်တွေကို တင်ပေးပါမယ်။
Video တွေကတော့ အောက်မှာပါ -

Website ရေးနည်း အပိုင်း (၅) html5 and css3 building website with html5 css3 part 5 (လူခါး)

မိုးအေးအေးနဲ့ WebDesingner ကိုမျိုးဝင်းရဲ့ သင်ခန်းစာလေးတွေပါ မဒေါင်းရသေးတဲ့သူတွေ ဒေါင်းနိုင်အောင်
ရှယ်လိုက်တယ်ဗျာ။ ကျုပ်တော့ သင်ခန်းစာ (၇) ခုလုံး ဒေါင်းပြီး သွားပါပြီ။ ကြည့်ပြီးတော့ လှုပ်ရှားလို့
အဆင်ပြေပါလိမ့်မယ်...http://www.myanmarwebdesigner.com/blog/page/2
အပေါ်ကလင့်ကတော့ ကိုမျိုးဝင်းရဲ့ လင့်လေးပါ ။

Website ရေးနည်း အပိုင်း (၄ ) html5 and css3 building website with html5 css3 part4 (လူခါး)

မင်္ဂလာပါ၊
Singapore Web Design website ကို ဥပမာ ထားပြီးတော့ website ရေးနည်းကို သင်ပြပေးထားတဲ့ video tutorial ဖြစ်ပါတယ်။ HTML5 နဲ့ CSS3 ကို အသုံးပြုပြီး ရေးပြထားပါတယ်။ CSS sprite ရေးနည်းကိုလည်း ဒီတစ်ပတ် သင်ခန်းစာမှာ သင်ပေးထားပါတယ်။ video နှစ်ဖိုင်မှာ တစ်ဖိုင်က အရမ်းတိုးနေပါတယ်။ အသံသွင်းနေတုန်း mic က ဘာဖြစ်သွားလဲ မသိဘူး၊ ဒါပေမယ့် vlc medai player နဲ့ အသံကို ၂၀၀% လောက်ထား နားထောင်ရင် ကြားရပါတယ်။

Website ရေးနည်း အပိုင်း (၄ + ၅) – html5 and css3

HTML5, CSS3 နဲ့ Website ရေးနည်း အပိုင်း (၃) building website with html5 css3 part 3 (လူခါး)

Singapore Web Design website ကို နမူနာထားပြီး website ရေးနည်းကို သင်ပေးထားသော သင်ခန်းစာဖြစ်ပါတယ်။ ဒီနေ့ တင်ပေးမှာကတော့ website ရေးနည်း အပိုင်းသုံး ဖြစ်ပါတယ်။ စာအဖြစ်နဲ့တော့ ထွေထွေထူးထူး ပြောစရာမရှိပါဘူး၊ အားလုံး video ထဲမှာ ပြောပြပေးထားပါတယ်။ ဒီတစ်ခေါက် video ကတော့ နည်းနည်းလေး ရှည်ပါတယ်။ တစ်ကယ်လို့ youtube က video တွေ download လုပ်လို့ မရဘူးဆိုရင် http://www.downvids.net/ ကိုသွားပြီးတော့ video ရဲ့ လိပ်စာကို paste လုပ်ပြီး download လုပ်နိုင်ပါတယ်။ http://www.myanmarwebdesigner.com/blog/page/2 ဒီလင့်လေးက သင်ခန်းစာလေးတွေပါ။

Website ရေးနည်း video သင်ခန်းစာ အပိုင်း ၂ building website with html5 css3 part 2 (လူခါး)

http://www.myanmarwebdesigner.com/blog/page/3
ဒီလင့်က သင်ခန်းစာလေးတွေ အကျိုးများမယ်ထင်လို့ ရှယ်ထားတယ်။

HTML5 နဲ့ CSS3 ကို အသုံးပြုပြီးတော့ Website ရေးနည်း (အပိုင်း ၁) (လူခါး)

မင်္ဂလာပါ၊
အရင်တစ်ခေါက်တုန်းကတော့ html4 နဲ့ css2 ကို အသုံးပြုပြီး website ရေးနည်း ကို video recording နဲ့ တင်ပေးဖူးပါတယ်။ ဒီတစ်ခေါက်မှာတော့ နောက်ဆုံးပေါ်ဖြစ်တဲ့ HTML5 နဲ့ CSS3 ကိုသုံးပြီးတော့ website ရေးတာကို video recording လုပ်ထားပေးပါတယ်။ Singapore Web Designer website ရဲ့ design ကို ကြည့်ပြီးတော့ HTML5 နဲ့ CSS3 coding ကို ပြန်ရေးပြတာ ဖြစ်ပါတယ်။ video ကို download လုပ်ရတာအဆင်ပြေအောင်၊ video လည်း ဝါးတားတားမဖြစ်အောင် အကောင်းဆုံး size ကို ချိန်ပြီးတော့ တင်ထားပေးပါတယ်။ ကြည့်ရတာ အဆင်မပြေဘူး သေချာမရှင်းဘူးဆိုရင်တော့ video ကို full screen ပြောင်းပြီး ကြည့်ပါ။ full screen ကို အောက်ကပုံမှာ ဝိုင်းပြထားတာလေးကို နှိပ်လိုက်ရင် အကျယ်မြင်ရပါပြီ။

Sunday, October 27, 2013

SEA Games Chinlone

ဆီးဂိမ်းခြင်းလုံးတဲ့ဗျာ 44 MB ရှိတယ်နော်။ ကောင်းမကောင်းကတော့ သိဘူးဗျာ ဂိမ်းထဲမှာဆိုတော့ ဆော့
လို့ကောင်းချင်လည်းကောင်းမယ် ကြိုက်ရင်ပေါ့။ အပြင်မှာ ခြင်းခတ်တာကတော့ ကောင်းမှကောင်း ကောက်
ရတာလေ။ ခြင်းခတ်ရတာကနဲနဲ အကောက်ကများများပါဘဲ။ ကဲ ဘယ်လိုများခတ်ရမလဲ မမေးနဲ့ ငါလည်း
မသိသေးခတ် ဒေါင်းချင်တဲ့သူကို လင့်ညွန်ဖို့ ယူလာတာ။ ဂိမ်းဝါသနာအိုးတွေအတွက်ပေါ့။ ရချင်ရင်ယူသွား
ဒေါင်းနည်းက မခက်ဖူး။ Google ကလင့်ကိုကူးပြီးတော့ အခြားဆိုက်လေးမှာ လင့်ကိုကူးထည့်ပြီးတော့ ဒေါင်း
ရုံပါဘဲ သိပ်အခက်ကြီးမဟုတ်ပါဘူး ဒေါင်းဖူးအောင် ဒေါင်းကြည့်ထား။ ဒါမှ ဗဟုသုတရမယ်။ သို့မဟုတ်ရင်
နောက်ကောက်ကျလိမ့်မယ်...။ ကဲ အဆင်ပြေပါစေ ကျုပ်မတင်တော့ဘူးနော်။
http://apps.evozi.com/apk-downloader/ အပေါ်ကလင့်ကို ဒီဆိုက်မှာ ကူးထည့်ပြီး ဒေါင်းပါ။

Saturday, October 26, 2013

We Love Sea Game (2013) official album (A+B) (axeltkw)

01 Introduction (မြန်မာ)   02 Introduction (အင်္ဂလိပ်)      03 ချစ်ရသောမြေ - နီနီခင်ဇော်
04 ဖိတ်ခေါ်ပြီ - Rဇာနည်၊Lဆိုင်းဇီ             05 အိမ်ရှင် - လေးဖြူ၊အငဲ၊မျိုးကြီး၊MYC  
06 Born To Win - Jock & Zara  07 ဟေး..လာ - စိုင်းစိုင်းခမ်းလှိုင်၊သီရိဆွေ၊၀ိုင်းဆုခိုင်သိန်း
08 အခုအချိန်က - နယ်လ်နော်၊အောင်ကိုမြင့်၊အောင်ဖြိုး၊ဝေလ၊လင်းလင်း(Inferno)
09 ရွှေရောင်လက်ခုပ်သံ - ဇော်ပိုင်၊ရေဗက္ကာဝင်း  10 မကြောက်နဲ့ကျူံး ၂၀၁၃ - ဂျေမီ၊ArT
11 Win The Day - နီနီခင်ဇော်  12 လက်ခုပ်တီးမယ်ဟေ့ - ရဲလေး 13 We Love Sea Game - နေနေ
14 ပန်းတိုင်သို့ - ဇော်ဝင်းထွဋ်    15 Colourful Garden - Lလွန်းဝါ၊လေးလေးဝါး
album နှစ်ခုပါ အောက်မှာက တစ်ခုနော်..မေ့နေမှာစိုးလို့..

 

Audio (B)

01 ရောင်စုံဥယျာဉ် - ထူးအယ်လင်း၊ဆုန်ရ်သင်းပါ (Theme Song)
02 Myanmar ရွှေသူရဲကောင်းများ - မိုးမိုး
03 Fight For It - SIR
04 သမိုင်းတစ်ခေတ်မှသမိုင်းသစ်ဆီသို့ - ညီညီမောင်၊ဟေမာန်မြင့်ဇော်
05 The History - Me & Ma Girls
06 အားမလျှော့နဲ့မြန်မာတို့ - PBD Hood၊၀ိုင်းလေး
07 မြန်မာဟေ့ - ဇမ်နူး
08 အောင်သပြေပန်းနဲ့လန်း - သန့်ဇင်ဦးလှိုင်၊ပြုံးမြတ်သွယ်
09 ဖိတ်ခေါ်ပြီ (Remix) - Rဇာနည်၊Lဆိုင်းဇီ
10 One Common Language - ချမ်းချမ်း

11 စိမ်းလန်းသန့်စင်ဒို့ချစ်ခင် - မြန်မာပြည်သိန်းတန်
12 အိမ်ရှင်မြန်မာ - Group
13 အရှေ့တောင်အာရှမြန်မာ့အောင်မြေ - Group
14 အာရှမြန်မာ - Students From National University Of Art & Culture
15 မြန်မာနိုင်ပြီ - နေခြည်


 

အရှေ့တောင်အာရှသူရဲကောင်းများ (2013) (axeltkw)

Royal Golden Owls အရှေ့တောင်အာရှသူရဲကောင်းများ
01 မဟာ     02 We Can Do It        03 အိုးဝေအိုး        04 မင်္ဂလာပါ    05 ဆီးဂိမ်းအရှေ့တောင်အာရှ
06 အရှေ့တောင်အာရှသူရဲကောင်းများ          07 I Won't Say Goodbye   08 လှမ်းလာခဲ့ပါပြည်မြန်မာ
09 အမြန်လှမ်းခဲ့ပါ       10 မြန်မာ့ဆီးဂိမ်းပွဲတော်ကြီး       11 မြန်မာတို့လာပြီ 12ဘယ်ညာဘယ်ညာဆီးဂိမ်းပွဲတော်မှာ 13 ရွှေမြန်မာ   14 ဒို့မြန်မာပြည်    15 အာရှမြန်မာ

Friday, October 25, 2013

How to Delete Google Account ဂျီမေးအကောင့် ဖျက်နည်း

အင်္ဂလိပ်လို ရှာရင်လည်း ရအောင်လို့ နာမည်နှစ်မျိုး ရေးလိုက်တယ်။ ဂျီမေးအကောင့်တွေ ဘယ်လိုဖျက်ရ
မလဲပေါ့ဗျာ။ ဖျက်တာက လွယ်ပါတယ်။ ပထမဆုံး https://accounts.google.com/login အကောင့်ကို ၀င်ပါ။
ဝင်ပြီးရင်တော့ အပေါ်က ညာဖက်ခြမ်းမှာ ပေါ်နေတဲ့ မိမိအကောင့်ပုံလေးကို နှိပ်လိုက်ပါ။ Account ကိုနှိပ်ပါ။
နှိပ်လိုက်ရင် Gmail Account Management ကိုရောက်သွားမယ် ရောက်သွားရင်တော့ Close account and delete all services and information associated with it..ဆိုတဲ့ စာသားလေးကို အောက်မှာ တွေ့ရလိမ့်မယ် အဲဒါ
ကိုနှိပ်ပါ။ ပေါ်လာတဲ့ Web History Gmail Google Talk ကို အမှန်းခြစ်ပါ။ ကွက်လပ်မှာ မိမိသုံးတဲ့ Password ကို ထည့်ပါ။ အောက်က နှစ်ခုကိုလည်း အမှန်ခြစ်ပါ။ Password  မှန်ပြီ သေချာပြီဆို ဖျက်လိုက်လို့ ရပါပြီ။ ကဲ
ဒါကတော့ ကိုယ်အသုံးမလိုတဲ့ Gmail အကောင့်တွေကို ဖျက်လိုက်တာပါ။ သူများလည်း ဒုက္ခမရောက်တော့
ဘူးပေါ့။ သို့သော် သူများအကောင့်ကို ဟက်ပြီးတော့ ဖျက်တာမျိုးတော့ မလုပ်ကြနဲ့ပေါ့ဗျာ။ ကိုယ်အသုံးမလို
တာမျိုး မသုံးချင်တော့ဘူးလို့ ယတိပြတ်ဆုံးဖြတ်ထားရင်တော့ ဒီနည်းက အသုံးဝင်မှာပါ။ ဒီအကောင့်က ခုန
facebook အကောင့်လျှောက်တာ လော့ကျသွားလို့ ဖျက်လိုက်တာပါ။ ကဲ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြ
ထားပါတယ်..ဆက်လက်ရှုစားလိုက်ပါဦး စာဖတ်တာထက်စာရင် ပုံကြည့်တော့ ပိုမြင်တာပေါ့ဗျာ...




ပထမဆုံး ဂျီမေးအကောင့်ကို ၀င်ပါ https://accounts.google.com/login ဒီလင့်မှာ ၀င်လိုက်ပါ။


မိမိ Gmai Account Login ၀င်ပြီးရင်တော့ ဒီပုံမှာ ပြထားသလို လုပ်ပါ။ မိမိ အကောင့်ပုံကို နှိပ်ပြီး Account ကို
ထပ်နှိပ်ပါ။
 Account ကိုနှိပ်လိုက်ရင် ဒီပုံပေါ်လာမယ်။ အောက်မှာ မြှားပြထားတဲ့ နေရာကို နှိပ်ပါ...။ Close account and delete all services and information associated with it.. ဒီစာ သားလေး ရေးထားတဲ့ အကြောင်းကိုနော်..
 ဒီပုံမှာတော့ဖြင့် ကျုပ်အမှန်းခြစ်ထားတာတွေပါပါတယ် အားလုံးအမှန်ခြစ်ပါ။ နောက်ပြီး မိမိ Gmail Password ဖြည့်ပြီး DELETE GOOGLE ACCOUNT ကိုနှိပါ..မြှားပြထားပါတယ်။

ကဲ ပျက်သွားပြီဆိုတဲ့ အကြောင်းလေး သူက ပြောတယ်နော်..Account Deleted တဲ့ ဖျက်လိုက်ပြီပေါ့ဗျာ...။


ကဲနည်းပညာ လမ်းကြောင်းမှာ မသိသေးတာကို လေ့လာရှာဖွေနိုင်ကြပါစေ...သိထားသမျှကို သူများကို
လည်း တတ်နိုင်သမျှ ဝေမျှလိုက်ကြပါ...လို့ တိုက်တွန်းရင်းဖြင့်.....

ကျုပ်ရဲ့ https://www.facebook.com/Mr.MoeKaungKin ဒီ Facebook Page လေးကိုလည်း Like လေးနှိပ်ပြီး
အားပေးကြပါဦး ကျုပ်ဆိုက် ညာဖက်ခြမ်းမှာလည်း ထည့်သွင်းထားပါတယ်။ အားပေးလိုက်ကြပါဦး....
သူလည်း Like နဲလို့ အားငယ်နေရှာတယ်လေ...ဘာကြောင့်လည်းဆိုတော့ ကျုပ်ရဲ့ facebook Page လေးက
တစ်နှစ်တောင် ပြည့်တော့မယ် ခုမှ Like လေးက တစ်ထောင်ကျော်လေး နေတုန်းမို့ပါ..။ မိန်းကလေးပုံတင်
တဲ့ ကောင်မလေးတွေတောင် တစ်သိန်းကျော်နေတော့ ကိုယ်တောင် လိုင်းပြောင်းရမလို ဖြစ်နေတယ်..။
နည်းပညာသမားတွေကတော့ Like လုပ်တာ အင်မတန်နဲတယ်နော်။ အေးပေါ့ သူအလှည့်တော့ ရောက်
လာဦးမှာပါ...လို့ ဖြေသိမ့်ရင်း.....

ဂျပန်လူငယ်တွေ လိင်ဆက်ဆံမှုမရှိကြတော့တာ ဘာကြောင့်လဲ ( ဧရာဝတီ )

အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ်စိတ်မ၀င်စားကြေ တာ့ ဘူး တဲ့။ ဒါကတော့ ဂါးဒီးယန်း အွန်လိုင်းမှာ ရေးထားတဲ့ ဆောင်းပါး ကောက်နုတ် ချက်ပါ။
အပြည့်အစုံကို http://www.theguardian.com/world/2013/oct/20/young-people-japan-stopped-having-sex  မှာ ဖတ်နိုင်ပါတယ်။ ဂျပန်လူငယ်တွေ လိင်ဆက်ဆံခြင်း မရှိတော့တာ ဘာကြောင့်များလဲ Why have young people in Japan stopped having sex? လို့ ဆောင်းပါးကို ခေါင်းစည်းပေး ထားပါတယ်။ ဆောင်းပါးရဲ့ အဆိုအရ ... အသည်းကွဲလို့မဟုတ်ပေမယ့် အချစ်ကို နောက်ဆုံး ဦးစားပေး အဆင့်မှာတောင် မထားတော့တဲ့သဘော ဖြစ်လာကြသူတွေ ရှိနေပါပြီ။Ai Aoyama ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ချစ်မှုရေးရာ ပြဿနာတွေကို ကုထုံးရှာပေးသူက သူ့ဆီ ရောက်လာတဲ့ ကိုကိုမောင်မောင်တွေရော မမမီး မီးတွေပါ အချစ်ရဲ့ အရေးပါပုံကို မသိကြတော့ဘူး၊ ထိတွေ့ရင်းနှီးမှုဆိုတာဟာလည်း ခဲရာခဲဆစ်ဖြစ်လာကြ တယ် တဲ့။

ဆောင်းပါးမှာ ဒီပညာရှင်ရဲ့ ပြောစကား အတော်များများကို ကိုးကားထားတာပါ။
ဒါ့အပြင် စစ်တမ်းတချို့ကိုလည်း ကိုးကားပါတယ်။

ဂငယ်တွေ ဒီလိုဖြစ်နေပြီလား။ အာဒမ်နဲ့ ဧဝတို့ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့ကြတဲ့ အရေးကြီးတဲ့အစဉ်အလာကို သူတို့ တကယ်ပဲ ရပ်တန့်လိုက်ပြီလား။ ဆောင်းပါးမှာ ရေးထားသ လို (ရာခိုင်နှုန်း နည်းပေမယ့်) လူငယ်တချို့က သဘာဝကို ကလန်ကဆန် လုပ်နေပြီလား။

မီဒီယာမှာ ဖတ်ရ တွေ့ရသမျှကိုလည်း အရမ်းကာရော ယုံလို့ မဖြစ်ဘူး။ ဒီဆောင်းပါးက စစ်တမ်း တချို့ကို ကိုးကားထားတယ် ဆိုပေမယ့် စစ်တမ်းတွေကလည်း ပေါက်ကရအဖြေတွေ ထွက်တတ်တာကိုလည်း သတိချပ်ရပါမယ်။ ဂျပန်မှာလည်း ရွှေတွေ အများကြီးရှိတာပဲ။ ကြုံကြိုက်တဲ့အခါ ဒီအကြောင်း  လှမ်းမေးကြည့်သင့်ပါတယ်။

ဂျပန်ကလာတဲ့သတင်းတွေထဲမှာ တချို့က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဂျပန်ပြည်က ကိုရီးယားများ http://blog.irrawaddy.org/2013/08/blog-post_29.html ဖြစ်ပါတယ် -  ဆောင်းပါးအကြောင်း ဆက်ရရင် - ဂျပန်မှာ အိမ်ထောင်သားမွေးကိစ္စကို ရှောင်ရှားလိုတာဟာ စားဝတ်နေရေးအတွက် စရိတ် ကြီး၊ ကလေးပြုစုပျိုးထောင်ရတာလည်း စရိတ်ကြီးတာနဲ့ တခြားအချက် အများအပြားရှိကြောင်း ဆောင်းပါးမှာ ရေးထားပါတယ်။

ဂျပန် ဆိုရိုးစကားတခုကလည်း "အိမ်ထောင်ပြုခြင်းဟာ အမျိုးသမီးတယောက်ရဲ့ ဂူသင်္ချိုင်းဖြစ်တယ်" လို့ ဆိုထားပါတယ်။ အမျိုးသမီးဝန်ထမ်းတယောက် အိမ်ထောင်ပြုလိုက်ရင် ရာထူးမတိုးတော့ဘူး၊ မကြာခင် ဗိုက်ကြီးတော့မယ်လို့ အလုပ်ရှင်တွေက ယူဆတယ်၊ ကလေးရပြီ
ဆိုရင် ကလေးနဲ့အလုပ်ကြား စီမံခန့်ခွဲရေးလုပ်ဆောင်ရတာ မလွယ်တော့ဘူး။ ဒါနဲ့ပဲ အိမ်ထောင်ရှင်မဘ၀ ပြန်ရောက်၊ မီးဖိုဆောင်ကို ပြန်စိုးမိုးတဲ့ဘဝ
ပြန်ရောက်တယ်၊ ကိုယ်ပိုင် ၀င်ငွေလည်း  မရှိတော့ဘူး။
ဂျပန်အမျိုးသမီးတွေထဲက ၇၀ ရာခိုင်နှုန်းဟာ ပထမကလေး ရပြီးတိုင်း အလုပ်ထွက်ကြတယ် တဲ့။

ဒါဆိုရင် အလုပ်ခေါ်စာတွေဟာ သူတို့ဆီမှာလည်း မြန်မာပြည်နဲ့ တူမယ် ထင်ပါတယ်၊ ၀န်ထမ်းအလိုရှိသည်၊ အမျိုးသမီး ဖြစ်ရမည်၊ အိမ်ထောင်မရှိသူ ဖြစ်ရမည် စသဖြင့်။

အစိုးရထုတ်ပြန်ချက်စာရင်းတွေအရ ဆိုရင် ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက် ကလေးမွေးနှုန်း ကျဆင်းနေတယ် တဲ့။ အိမ်ထောင်ပြုနှုန်း နည်းလာ၊ ပြုပြန်ရင်လည်း သားဆက် လုံးဝ ဖြတ်တောက်ထား တဲ့သဘောပေါ့။ အစိုးရ လူဦးရေ ဌာနရဲ့ အဆိုအရ ကနေ့ခေတ် အသက် ၂၀ ကျော်ဂျပန်အမျိုးသမီးတွေထဲ က လေးပုံတပုံဟာ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး လို့ သဘောထားပေးကြ တယ်၊ အိမ်ထောင်ပြုမယ် ဆိုရင်တောင် ကလေးမယူဘူးကွ ဆိုတဲ့ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းနီးနီး ရှိပါသတဲ့။

အဲ ... ဒီဆောင်းပါးရဲ့ ဆိုလိုရင်းက အိမ်ထောင်သားမွေးခြင်း မဟုတ်ပါဘူး၊ လိင်စိတ် ကင်းမဲ့လာခြင်းပါ။

အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င်စားကြတော့ဘူး ဆိုတော့ ၄၀ အထက် ဂျပန်တွေကရော ဘယ်လိုလဲ။
ဒီအကြောင်းတော့ ထည့်ရေးမထားပါဘူး။ ဒီဆောင်းပါးက ၄၀ အောက် များအကြောင်းကိုပဲ သီးသန့် စုံစမ်းထောက်လှမ်း ရေးသားခဲ့ဟန်တူပါရဲ့။

 လိင်စိတ် သားစိတ် အိမ်ထောင်ပြုလိုစိတ် မရှိတဲ့၊ ရည်းစားတောင် မထားချင်တဲ့ အရေအတွက်ဟာ ခေတ်လူငယ်တွေကြားထဲ အတွေ့ရများလာပါပြီ တဲ့။
Emi Kuwahata ဆိုတဲ့ ၂၃ နှစ်အရွယ် ကလေးမက သူ့ထက် ၁၃ နှစ် အသက်ကြီးတဲ့သူတယောက်နဲ့ အဆက်အဆံ ရှိပါတယ်၊ သို့သော်လည်း တပတ်တကြိမ် ကလပ်သွားဖို့ပါ ဆိုပဲ။
ပုံမှန် ရည်းစားတယောက်လောက်ထားဖို့ အချိန်မပေးနိုင်ဘူး လို့ ဖက်ရှင်ဒီဇိုင်နာဖြစ်လိုတဲ့ အဲဒီ သူငယ်မက ဆိုတယ်။
သူ့သူငယ်ချင်း  Eri Asada ဆိုတဲ့ ၂၂ နှစ်အရွက် ကလေးမကလည်း စုံတွဲခုတ်တဲ့ကိစ္စ စွန့်လွှတ်ခဲ့တာ သုံးနှစ်သုံးမိုး ရှိပါပြီ တဲ့။
ဘဲအဟောင်းတွေရော လိင်မှုရေးရာတွေကိုပါ တမ်းတမနေပါဘူး၊ ခုဆိုရင် လက်ကလေးကိုဆုတ်ကိုင်ချင်တယ် ဆိုတာမျိုးတောင် မကြိုက်ချင်တော့ဘူး ဆိုပဲ။

အာသဝေါကင်းသလိုလို ဖြစ်လာကြတာဟာ စမတ်ဖုန်းလိုပစ္စည်းမျိုးတွေကို ရူးသွပ်မှုကြောင့်များလား။
ဒါလည်း တစိတ်တပိုင်း သက်ဆိုင်သလို ဆောင်းပါးနောက်ဆုံးပိုင်းမှာ ရေးထားတာ တွေ့ရမှာပါ။
အင်တာနက်သုံးပြီး လူမှုကွန်ရက်ထဲက မိတ်ဆွေများနဲ့ ထွေရာလေးပါးပြောတာကို ပိုမို အချိန်ပေးလာ၊ နှစ်သက်လာနေကြပါတယ်။
စမတ်ဖုန်းရဲ့ ထိတွေ့မျက်နှာပြင်ကိုလည်း ပွတ်သပ်၊ ကိုယ့်ချစ်သူကိုလည်း ပွတ်သပ်သင့်တယ် မဟုတ်ဘူးလား။

 တကယ်ပဲ ၄၀ အောက်တွေထဲက တချို့ဟာ ဧကစာရီကျင့်ကြပြီလား ဆိုတာကို
ဂျပန်ရောက် ရွှေတွေကို လှမ်းမေးကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။



Thursday, October 24, 2013

IDM Latest 7.1 Full Version

ကဲ အသစ်လေးတွေ့လာလို့ သို့မဟုတ်ရလာလို့ ပြန်လည် တင်ပေးလိုက်ပါတယ်။ ကျုပ်တင်ပေးလိုက်တဲ့
ဆော့ဖ်ဝဲက မြန်မာနာမည်လေးပါတယ်။ Install လုပ်လို့ ရမှာမဟုတ်ဘူး မြန်မာနာမည်လေးကို ဖျက်လိုက်မှ
Install လုပ်လို့ရမယ်နော်။ ဒီကောင်လေးကတော့ Pacth ဖိုင်မလိုဘူး ဆော့ဖ်ဝဲတစ်ခုတည်းနဲ့တင် ပြည့်စုံတယ်
ဒါကြောင့် တင်လိုက်တာ။ နောက်ဆုံးထွက်လည်း ဖြစ်ပြန်ဆိုတော့ ကောင်းလေမလားလို့ပေါ့ဗျာ။ ကဲ လိုချင်
ရင် ယူသွား။ ဒီနေ့ နဲနဲ စိတ်အိုက်နေတယ်ဗျာ။ တစ်ကယ့် လူတွေနဲ့ တွေ့နေတယ်..။ စာဖတ်ပါ ကိုယ့်ကိုကို
အအောင် နအောင် မလုပ်ပါနဲ့လို့ဘဲ ပြောလိုက်ချင်တယ်။ လေ့လာပါ လေ့မှ လာမှာပါ။ သူများအားကိုး ကိုယ့်
အားငြိုးပါလိမ့်မယ်။ မြန်မာလူမျိုး မြန်မာစာ ဖတ်တတ်ရင် အတော်ဟန်ကျပါတယ်။ စာမဖတ်တတ်ရင်တော့
ဖြင့် သို့မဟုတ် ဖတ်ပျင်းရင်တော့ဖြင့် သူ့လမ်းနှင့် သူပေါ့ဗျာ...။ ကဲ ဒါပါဘဲ...

Computer Search ကို ရှာဖွေမွှေနှောက်ကြည့်ရအောင်

ကဲ ကျုပ်လည်း ဘာမှ ရေးစရာ အကြံမပေါ်တာမို့ ။ ဒါလေးရေးလိုက်တယ်။ ကဲ ကိုယ်ရှာချင်တာလေးတွေကို
ရှာဖွေနိုင်အောင် Windows မှာ ပါပြီးသားပါ။ ခုနောက်ထွက်တဲ့ 7 / 8/ 8.1 တွေမှာတော့ ရှာရတာ လွယ်တယ်။
ဟိုတုန်းက XP ကတော့ ခွေးလေးနဲ့ ရှာတာပေါ့။ ခုတော့ လွယ်ပါတယ်။ သူများကွန်ပျူတာမှာ လူအများစု စိတ်ဝင်စားတာက MP4 FLV AVI စတဲ့ ဗွီဒီယိုလေးတွေပေါ့ဗျာ။ အဲဒါလေးကို ရှာပြမယ် ကျန်တာတွေလည်း
မိမိစိတ်ကူးတည့်ရာ ရှာပေါ့ ရှိရင်တော့ ပေါ်လာမှာဘဲ။ လူတိုင်းကတော့ မမြင်စေချင်တာလေးတွေကို Hide လုပ်ထားကြတယ်လေ။ အဲဒါလေးကိုရောပါ ရှာကြည့်မယ်။ ပထမဆုံး This PC ပေါ့ ဒါက Windows 8.1 မှာ
My Computer လေးကို ဖွင့်လိုက်ပါ။ Windows 8.1 နဲ့ ရှင်းပြမယ် This PC>> View >> Options >> View>>
Show hidden files. folders. and drives >> အဲဒါလေးကို အမှန်ခြစ်ပါ။ အဲဒါပြီးရင်တော့ ရှာရုံဘဲ။ ကျုပ်ဓါတ်ပုံ
လေးနဲ့ ရှာပြထားပါတယ်။ သူများ ဖွက်ထားတာလေးတွေပါ ပေါ်လာမယ် အများဆုံးက MP4 FLV AVI 3GP
format တွေကို အဲတော့ အဲဒီနာမည်တွေကို တစ်ခုချင်း လိုက်ရိုက်ကြည့်ရင် ဖွက်ထားတာတွေ ပေါ်လာပါလိမ့်
မယ်။ ဖွက်ထားရင်ပေါ့ ရှိရင်ပေါ့ဗျာ။ အထူးသဖြင့်တော့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုသူတွေအတွက်
အဆင်ပြေမှာပါ။ နောက်ပြီ ကိုယ်မသိတဲ့ Software တွေကိုလည်း ရှာဖွေနိုင်ပါတယ်။




This PC ဆိုတာကို ဖွင့်ပါ။ သို့မဟုတ် Windows Logo + E ကိုနှိပ်ပါ။ ( ကွန်ပျူတာ တစ်ခုလုံးမှာ ရှာချင် ရင်တော့This PC ကှိုဆလက်မှတ်ထားပေါ့။ သို့မဟုတ် C:\\ အခန်းထဲမှာ ရှာမလား D:\\ E:\\ စသဖြင့်ပေါ့ဗျာ။ C ခန်းထဲရှာချင်ရင် C ကို မှတ်ပြီး ရှာရုံဘဲ။ ကဲ ကွန်ပျူတာ တစ်ခုလုံးမှာ ရှိသမျှ mp4 တွေကို ရှာကြမယ်။ )

This PC ဆိုတာကို ဖွင့်ပါ။ သို့မဟုတ် Windows Logo + E ကိုနှိပ်ပါ။ ညာဘက်ခြမ်းမှာ Search ဘောက်လေး
ရှိတယ် ဂူးဂဲလ်လိုဘဲ အဲဒီမှာ mp4 လို့ ရိုက်ထည့်တာနဲ့ mp4 နဲ့ဆိုင်နဲ့ folder တွေ ဖိုင်တွေ အကုန်လုံးချပြ
တော့မှာဘဲ။ ကဲအဲဒီမှာ မိမိလိုချင်တာလေးကို ရှာလို့ ရပြီပေါ့ဗျာ။ မဟုတ်တာတွေ ထည့်ထားရင်တော့ အဲဒီမှာ စတွေ့တော့မှာဘဲ။ flv  avi  ကိုလည်း ဒီအတိုင်းလေးဘဲ ရှာရုံဘဲ။ ဘာမှတော့ မထူးဆန်းပါဘူး
မသိရင်တော့ ခက်တာပေါ့ဗျာ။ ဒီနေရာမှာ အများကြီး ရှာလို့ရတယ်။ ကိုယ်က ဖိုင်တစ်ခုကို သူများမသိ
အောင် လျှို့ဝှက်နာမည်နဲ့ ဖွက်ထားရင် အဲဒီနာမည် ရိုက်လိုက်တာနဲ့ သူက ပေါ်လာမှာဘဲ။ မိမိစိတ်ကူး
တည့်သလို ရှာဖွေပါတော့ဗျာ....။ ဒါက ရှာဖွေတတ်ဖို့ လိုတာပါဘဲ....


ဒါကတော့ Folder Option မှာ ပြင်ဆင်တဲ့ နည်းပါ အားလုံး သိပြီးသားတွေပါ...။

 မြှားပြထားတဲ့ နေရာမှာ ကိုယ်ရှာချင်တဲ့ ဖိုင်အမျိုးအစားကို ရိုက်ထည့်ရုံပါဘဲ မခက်ပါဘူး...။
 ကဲ ရိုက်ထည့်ပြီး ရှာလိုက်တော့ ကျလာတဲ့ ပုံလေးတွေပါ ကွန်ပျူတာအတွင်းမှာ mp4 နှင့် ဆိုင်းသမျှ ရှာဖွေ
ဖော်ထုတ်လိုက်တာဘဲ။ အဲတော့ ဖွက်ထားတာတွေပါ ပေါ်လာလိမ့်မယ်နော်....သတိထား...


Tuesday, October 22, 2013

ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိ

ဆိုက်ဘေးရီးယားတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝေဒနာရှင် အသစ်များအနက် (၅၀)ရာခိုင်နှုန်းသည် ယခုဗိုင်းရပ်စ် မျိုးကွဲအသစ်ကို လက်ခံရရှိထားသည်ဟု ပညာရှင်များက ယူဆထား ပိုမိုပြင်းထန်သည့် HIV ဗိုင်းရပ်စ် မျိုးကွဲတစ်ခု တွေ့ရှိလက်ရှိ သိရှိ ထားပြီးဖြစ်သည့် HIV ဗိုင်းရပ်စ်များထက် ပိုမိုပြင်းထန်သော မျိုးကွဲ တစ်မျိုးကို မိမိတို့ ဖော်ထုတ် တွေ့ရှိထားပြီဟု ယုံကြည်ရကြောင်း ရုရှားနိုင်ငံမှ သုတေသီများ က ပြောကြားခဲ့သည်။ HIV မျိုးကွဲတစ်ခုအဖြစ် ယူဆရသော 02_AG/A ဗိုင်းရပ်စ်သည် ယခုအခါ ရုရှားနိုင်ငံ တဝှမ်းတွင် လျင်မြန်စွာ ပျံ့နှံ့လာနေပြီဟု ယုံကြည်ရသည်။ အထူးသဖြင့် ဆိုက်ဘေးရီးယားတွင် HIV ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဝေဒနာရှင် အသစ်များအနက် (၅၀)ရာခိုင်နှုန်း သည် ယခုဗိုင်းရပ်စ် မျိုးကွဲအသစ်ကို လက်ခံရရှိထားသည်ဟု ပညာရှင်များက ယူဆထားကြသည်။ 02_AG/Aသည် ဗိုင်းရပ်စ် အမျိုးမျိုး၏ မျိုးကွဲများအနက် ရုရှားတွင် တွေ့ရှိဖူးသမျှ အပြင်းထန်ဆုံး၊ ဒုက္ခအပေးနိုင်ဆုံး ပုံစံမျိုး ဖြစ်နေေ ကြာင်းလည်း သိရှိရသည်။

ယခု HIV ဗိုင်းရပ်စ် မျိုးကွဲအသစ်ကို ချေချင်းညာ၊ ကာဂျစ်စတန်နှင့် ကာဇက်စတန်တို့တွင် ကူးစက်နေကြောင်း လည်း တွေ့ရှိထားသည်။ ယခုမျိုးကွဲ ဗိုင်းရပ်စ်ကို (၂၀၀၆)ခုနှစ်က နိုဗိုဆီဘာ့စ်ခ်မြို့တွင် ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။ ဆိုက်ဘေးရီးယားရှိ ရုရှား အစိုးရ ဗိုင်းရပ်စ်ဗေဒနှင့် ဇီဝသုတေသနဌာန (VECTOR)မှ ပညာရှင်များက 02_AG/Aကို အမျိုးအစား ခွဲထုတ်နိုင်ခဲ့ပြီးနောက် အသေးစိတ် သုတေသ နပြု လေ့လာလျှက်ရှိသည်။ နိုဗိုဆီဘာ့စ်ခ်တွင် (၂၀၀၇)ခုနှစ်မှ (၂၀၁၂)ခုနှစ်အတွင်း HIVပိုး ရှိနေသူ အရေအတွက်သည် (၂၀၀၀)မှ (၁၅၀၀၀)သို့ ခုန်တက်လာခဲ့ပြီး ယင်းတို့အနက် ထက်ဝက်မျှသည် 02_AG/A ဗိုင်းရပ်စ်ကြောင့်ဟု သိရသည်။

HIVသည် သာမန်အားဖြင့် HIV-1နှင့် HIV-2ဟူ၍ နှစ်မျိုးသာ ကွဲပြားလေ့ ရှိပြီး HIV-1က သက်ရောက်မှု ပိုမိုပြင်းထန်သည်။ ထို့ကြောင့်လည်း AIDS ရောဂါ ဖြစ်ပွားစေပြီး လူကို သေကြေသည်အထိ အန္တရာယ်ပေးသော အဓိက ဗိုင်းရပ်စ်အဖြစ် ယူဆထားကြသည်။

02_AG/Aက သေစေလောက်သည့် သက်ရောက်မှု အပိုင်းတွင် ပိုမိုပြင်းထန်ပြီး ကူးစက်မှုတွင်လည်း ပို၍လွယ်ကူကြောင်း သိရှိရသည်။ ယင်း၏ ကူးစက်ပုံသည် အခြား HIV ဗိုင်းရပ်စ်များကဲ့သို့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ် ဝေမျှသုံးစွဲခြင်း အစရှိသည့် အခြေအနေများ အတိုင်းပင် ဖြစ်သည်။ သုတေသီများက ရုရှားတွင် ကျောင်းတွင်း လိင်ပညာပေး လုပ်ငန်းများ အားနည်းခြင်းသည် HIV ကူးစက်မှု ကျယ်ပြန့်လာခြင်း၏ အခြေခံ အကြောင်းတရား တစ်ခုဟု အပြစ်တင်ထားသည်။

Planet Myanmar Network
Myanmar Online News ကနေ ကူးယူဖော်ပြထား

Website (or) Blog တွေ ဒေါ်လာငွေနဲ့ ဘယ်လောက်တန်လဲ တွက်ကြည့်မယ်...

blog တွေ Website တွေကို အမေရိကန်ဒေါ်လာနဲ့ ဘယ်လောက်တန်နေပြီလဲဆိုတာ တွက်ချက်နိုင်မယ့်
ဆိုက်လေးတစ်ခုကို တွေ့လာလို့ အမှတ်တရဖြစ်အောင် တင်လိုက်တယ်။ ကိုယ့်ဘလော့လေး ထည့်စမ်း
ကြည့်တာတော့ 250 တန်ဆိုဘဲ။ နာမည်တော်တော်လေး ရနေတဲ့ဆိုက်လေးတွေကိုလည်း စမ်းကြည့်တယ်။
ဒေါ်လာ 2000 တန် 1000 တန်စသဖြင့် တွေ့ရပါတယ်။ ကျုပ်ဆိုက်ထဲမှာ ဆိုက်လင့်တွေအများကြီးဘဲ ကူး
ထည့်ပြီးတော့ ဘယ်လောက်တန်လဲ စမ်းကြည့်ကြပေါ့ဗျာ။ ရောင်းစားလို့တော့ မတန်ဘူးထင်တာဘဲ။ 250
ဆိုတော့ နဲနဲလေးလေ။ ကဲပါ အပျင်းပြေပေါ့။ ဒီလင့်လေးကတော့ မောင်ပေါက်ဆီမှာ တွေ့တဲ့လင့်လေးပါ။
အပျင်းပြေ စမ်းကြည့်လို့ ရတာပေါ့။ ဗဟုသုတလည်း ဖြစ်တာပေါ့ဗျာ။ အောက်က လင့်မှာ စစ်ပါ။

Monday, October 21, 2013

4.1.2 MMSD Google App Installer (ApK)

Android version 4.1.2 အတွက် Google App သွင်းလို့ရတဲ့ Apk လေးကို MMSD ကနေ Free မျှဝေလိုက်ပါ တယ်။ ဒီ APK မှာပါတဲ့ Function နှစ်ခုကတော့ Delete Now နဲ့ Install Now ပါ။ Delete Now ကတော့ Android version 4.0 ကျော်ရင်အသုံးပြုလို့ရမည်ဖြစ်ပြီး ဒီ Function ကိုအသုံးပြုကာ ဖုန်းအတွင်းထည့်သွင်း ထားသော Google App များကို ပြန်လည်ဖျက်လို့ရပါတယ်။ မည့်သည့် Google App Installer များဖြင့်သွင်း ထားပြီး Error တက်နေရင် ဒီ Function နဲ့ Error ရှင်းနိုင်ပါတယ်။ Install Now ဆိုတဲ့ Function ကတော့ Androi d version 4.1 မှာသာ အသုံးပြုနိုင်ပြီး Gmail,Gtalk, နဲ့ Google Playstore များကိုသွင်းနိုင်ပါတယ်။ 10Mb သာ သာ ရှိတဲ့ Apk လေးဖြစ်တဲ့အတွက်အသုံးပြုရလွယ်ကူပါတယ်။ ဒီ App ကိုအသုံးပြုရန်အတွက် Android version 4.0 နဲ့အထက်ရှိရပါမယ်။ ဒီ App ကိုတိုက်ရိုက်ဒေါင်းရန်အတွက် Google Play Store ကနေဒေါင်း ယူနိုင်ပါတယ်။ Playstore က ဒေါင်းယူခြင်းဖြင့်ကူညီပါအုံး Playstore မှာဒေါင်းယူပြီး Rate 5 Stars လေးပေးပါ အုံးခင်ဗျာ။ facebook ဖြိုးချမ်း ဆီက ရှယ်လာတယ်။ ကွန်ပျူတာနဲ့ ဒေါင်းလိုရင်
DOWNLOAD GOOGLE PLAY STORE LINK     ဒီလင့်ကို ကူးပြီးတော့
http://apps.evozi.com/apk-downloader/ ဒီလင့်မှာ ထည့်ဒေါင်းပါ။

Windows 8.1 Enterprise ISO file ဖွင့်နည်းနှင့် သို့မဟုတ် file ဖြည်နည်း Windows တင်နည်း အနည်းငယ်

ကဲဗျာ နည်းပညာသမားဆိုတော့လည်း အမေးရှိရင် အဖြေလေးရှိအောင် လုပ်ထားရသေးတာပေါ့။ ညီတစ်
ယောက်က Windows 8.1 Enterprise ဒေါင်းပြီးပြီ ဖိုင်မဖြည်တတ်လို့တဲ့။ ကျုပ်နည်းကို သိတဲ့သူတော့ နည်းနေ
ဦးမယ်ထင်တယ်နော်။ ဒီနည်းက တစ်ခါတည်း Windwos တင်လို့ရတယ် VirtualDrive လေးပေါ်လာအောင်
လုပ်တဲ့နည်းလေးပါ။ ကဲ စလိုက်ရအောင်ဗျာ။ ပထမဆုံး မိမိဒေါင်းထားတဲ့  Windows 8.1 Enterprise ISO file
>> Right Click >> Open With >> Windows Exoplorer နှင့် ဖွင့်လိုက်ပါ။ ဖွင့်လိုက်ရင် DVD Drive ရဲ့နောက်
မှာ DVD Drive ဆိုပြီး Windows 8 Start Icon ပုံလေးမြင်ရမယ်။ ဒါကိုဘဲ ကျုပ်က VirtualDrive လို့ပြောတာပါ။
ဒီအထိရှင်းတယ်နော်။ ရှင်းရင် အဒီ VirtualDriveWindows လေးကို ဖွင့်လိုက်ပါ။ အတွင်းမှာ Setup ဆိုတာကို
နှစ်ချက်ကလစ်ပြီးတော့ တင်ရုံပါဘဲ ကျန်တာတော့ 7 တင်တာနဲ့ မထူးဘူး။ ဒီတင်နည်းက Windows C\ ခန်း
ကို format ချစရာမလိုဘူးနော်။ ကဲ အားလုံးဘဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ပုံလေးနဲ့ ပြသပေးထားပါ
တယ် မရှင်းသူများ ကြည့်နိုင်ပါတယ်နော်။ Windows older Delete ဖျက်နည်းကို သွားရန်။ ခုလောလောဆယ်
တော့ အဆင်ပြေသေးတယ် နောက်ပိုင်း ရှာရခက်မှာမို့ ဖျက်နည်း လင့်ထည့်ထားတယ်နော်။



 ဒီပုံလေးကတော့ ISO ဖိုင်လေးကို ဖွင့်လိုက်တာပါ။ အဲ့လို ဖွင့်လိုက်ရင် အောက်ကပုံလို
VirtualDrive လေးပေါ်လာမယ်ပေါ့ဗျာ။


 ကဲ ဒီပုံမှာတော့ မြှားပြထားတယ်နော် VirtualDrive ပုံလေးပေါ့ အဲဒါကို နှစ်ချက်ကလစ်ဖွင့်လိုက်ပါ။
 Setup ဆိုတာလေးကို နှစ်ချက်ကလစ်ပြီးတော့ Windows 7 / 8 တင်သလိုဘဲ တင်သွားရုံပါဘဲ။ Format ချတဲ့
အဆင့်တွေ မပါတော့ဘူးနော်။ ရိုးရိုးလေးပါဘဲ Software တွေ Install လုပ်သလိုမျိုးလေးပါဘဲ။ ရှင်းတယ်
မဟုတ်လား ဒီ Windows 8.1 ကို ခွေနဲ့ ဘမ်းထားလိုကလည်း ဘမ်းထားကြပေါ့ဗျာ။ burn ဖို့ကတော့ Nero တင်ထားရမယ်နော်။ ဒီဖိုင်လေးအတိုင်း ကိုယ့်မှာ နေရာလွတ်ရှိရင် ကွန်ပျူတာထဲမှာ သိမ်းထားတာလည်း
ကောင်းပါတယ် ဖိုင်ဖြည်နည်းလည်း သိပြီဆိုတော့ ပိုကောင်းသွားတာပေါ့ ဟုတ်ဘူးလား....။

 ကဲ အဆင်ပြေကြပါစေကွယ် ။ ဒီပို့စ် ဖြစ်ပေါ်လာဖို့ မေးခွန်းလေး မေးပေးတဲ့ Ko Zaw ကိုလည်း အထူးပင်
ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ထားလိုက်တယ်...။

Mobile Guide ဂျာနယ်လေး

ကဲ Mobile Guide လေးနဲ့ နည်းပညာတွေ ဘာတွေ ထူးဆန်းလာသလဲဆိုတာ သိရအောင် ဒေါင်းပြီး ကြည့်ကြ
ရအောင်လားကွယ်..။ ကျုပ်လည်း သတင်းမကြည့်တာတောင် နဲနဲ ကြာပြီဆိုတော့ ပြန်ကြည့်မှ အဆင်ပြေ
မယ်။ နည်းပညာလိုက်စားသူတွေအနေနဲ့ကတော့ ဒါလေးကတော့ ကြည့်သင့်ပါတယ်။ ကိုယ်တစ်ဦးတည်း
လေ့လာတာထက်စာရင် သူတို့လေ့လာထားတာလေးတွေလည်း အကျိုးရှိတတ်ပါတယ်။ ကိုယ့်အတွက် အသုံးဝင်တဲ့ ပညာလေးတွေ ရနိုင်ပါတယ်။ ကဲ ကြည့်ချင်ရင်တော့ ဒေါင်းကြပေါ့..။ ဂျာနယ်တွေ စုံစုံလင်လင်
ဒေါင်းချင်သပဆိုရင်တော့ http://www.myanmarjournaldownload.com/ ဒီလင့်ကို သွားလိုက်ပါ။
ခု Mobile Guide ဂျာနယ်လေးကိုတော့ အောက်မှာ ဒေါင်းပေါ့..။

Sunday, October 20, 2013

Google Play Store က Apk တွေကို ကွန်ပျူတာနှင့်ဒေါင်းဖို့ အကောင်းဆုံးလင့်လေး

Google Play Store က Apk တွေကို ကွန်ပျူတာနဲ့ ဒေါင်းလော့ချလို့ရတဲ့ ဆိုက်လင့်လေးကို IT Helper ဆိုက်
မှာတွေ့လို့ တစ်ကယ်ဒေါင်းစမ်းကြည့်တော့လည်း အဆင်ပြေတာကြောင့် ကြော်ငြာလေးဝင်လိုက်ပြီနော်။ တစ်ကယ်အဆင်ပြေပါတယ်။ နောက်ပိုင်းကျရင် ဒီထက်ကောင်းလာမယ်လို့ ကျုပ်ပြောခဲ့ဖူးပါတယ်။ ဒီထက်
ကောင်းဦးမှာပါ လိုချင်တဲ့ Apk ဖိုင်နာမည်သိဖို့က အဓိကပါ။ သို့မဟုတ် ရှာတတ်ဖို့အဓိကပါ။ ရှာတတ်ရင် ကိုယ်လိုချင်တဲ့ Apk ကို အင်တာနက်လည်းရှိမယ် လိုင်းလည်းကောင်းမယ်ဆို အချိန်မရွေး ဒေါင်းလော့ချပြီး
အသုံးပြုနိုင်နေပါပြီ။ ကဲ အသုံးပြုပုံလေးကတော့ https://play.google.com/store ကို ၀င်လိုက်ပါ ရချင်တာတွေ့ ရင် အပေါ်က https:// စတဲ့လင့်လေးကို ကူးပြီးတော့ http://apps.evozi.com/apk-downloader/ ဒီဆိုက်ကို
ဝင်ပါ။ Package name or Google Play URL ဆိုတဲ့နေရာမှာ ကူးထည့်လိုက်ပါ။ Dowload link လေးပေါ်လာ
မယ်။ Click Here to Download ဆိုတာလေး နှိပ်လိုက်ရင် ရပါပြီ။ အဆင်ပြေပါစေ..။ ပုံနှစ်ပုံနှင့် ရှင်းပြထား
တယ် မရှင်းသူများ ဆက်ကြည့်နိုင်တယ်...။
ဒီဒေါင်းလော့ချတဲ့ ဆိုက်လေးကတော့ မလေးရှားက ဆိုက်လေးဖြစ်ပါတယ်။ မလေးရှားက ပညာရှင်တွေ
ပြုလုပ်ထားတယ်ပေါ့။ အဲတော့ ဒို့တော့ ဘယ်သူဘဲလုပ်လုပ် အဆင်ပြေတာကို လိုချင်တာဆိုတော့
အဆင်ပြေရင် ပြီးတာဘဲ။ ကောင်းတာမှ ကြိုက်တာကိုး..။ ကဲ ဒို့တော့ တင်စရာလည်း ရှားတော့မယ်ပေါ့။
မိုဘိုင်း ဆော့ဖ်ဝဲတွေလည်း မိုလိုပေါက်နေတယ်။ ဒေါင်းစရာတွေကလည်း အလျှံပါယ်ဘဲ မြန်မာဆိုက်တွေ
တင် နဲတာမဟုတ်ဘူးနော်။ ကဲဘာပဲဆိုဆို ကွန်ပျူတာနဲ့ ဒေါင်းတာဆိုတော့ ပိုပြီးတော့ လျှင်မြန်တာပေါ့ဗျာ။
ရှာရတာလည်း လွယ်သွားပြီ ဒေါင်းဖို့လည်း လွယ်သွားတော့ အိုကေ စိုပြေပြီပေါ့ဗျာ။ ကဲ ကျုပ်လည်း မိုဘိုင်း
ဆိုက်လင့်လေးတွေ ညွန်ပြရတော့မှာဆိုတော့ ပိုပြီးတော့ သက်သာမှာပေါ့နော်...။ ကဲ အဆင်ပြေပါစေ...


Saturday, October 19, 2013

သာသနာနှစ်ငါးထောင် ရှည်ကြာစွာ ရပ်တည်နိုင်ဖို့ ကံစမ်းမဲ သို့မဟုတ် ငွေဖြည့်ကဒ်လေး လှူဒါန်းခြင်း

ကဲဗျာ ကိုယ့်အနေနဲ့ တတ်နိုင်သမျှလေး အချိန်ကြီး အခါကြီးမှာ ကုသိုလ်လေး နဲနဲရအောင်ဆိုပြီးတော့
ငွေဖြည့်ကဒ်လေး 5000 တန်တစ်ကဒ်တင်ပေးလိုက်ပါတယ်။ ကဒ်လေးက အရမ်းလှတယ်နော်။ ကျုပ်ကိုယ်
တိုင်တောင် ဒါမျိုးကဒ် မသုံးဖူးသေးဘူး ဦးဦးဖျားဖျားလေးပေါ့။ ငွေဖြည့်ကဒ်ကတော့ Readmore လေးနဲ့ လုပ်
လိုက်တာကိုတော့ ခွင့်လွတ်ပါကွယ်။ ရချင်တဲ့သူများကတော့ ဖြည့်ကြပေါ့ ပေါက်တဲ့သူကတော့ ကွန်မန့်လေး
တော့ ရေးပေးခဲ့ဦးနော်။ ရမရ သိရအောင်ပေါ့ဗျာ.။ ကဲ အဆင်ပြေလား အဆင်ပြေရင် လက်ခုပ်သံလေးနဲ့
စလိုက်ရအောင်..။ ကဲ ကံထူးသူထက် ဦးရာလူစနစ်ဘဲဟေ့။ ဦးတဲ့သူ စားပေါ့နော်..။ ဓါတ်ပုံက ဖိုင်ဆိုက်နဲနဲ
ကြီးသွားတယ်ဗျာ။ ကင်မရာနဲ့ ရိုက်လိုက်တာဆိုတော့လေ..။ အဲဒါတော့ သီခံနော်....






Windows 8.1/ 8 / 7 မှာ Windows Olders ကို ဖျက်နည်း How to Windows older delete

ကဲ ဒီနည်းလေးက အတော်ကောင်းပါတယ်။ Windows ကျသွားရင်ဘဲဖြစ်ဖြစ် ဒီနည်းသုံးရင် မိမိရဲ့ အရင် Windows မှာ ရှိတဲ့ ဖိုင်တွေကိုလည်း ယူလို့ရပါတယ်။ bot တက်ပြီးတော့ ပုံမှန်အတိုင်းတင်ပါ။ မိမိက C ခန်းထဲ တင်မှာဆိုရင် ဒီတိုင်း Slet မှတ်ပြီးတင်ရုံပါဘဲ Format မချပါနဲ့နော်။ ကျုပ်ခုနက တင်တာကတော့ Bot
တက်စရာမလိုဘူး အင်တာနက်က တိုက်ရိုက်ဒေါင်းပြီး ဖိုင်လေး ဖွင့်လိုက်တာနဲ့ VirtualDrive လေးပေါ်လာ
တယ် နှစ်ချက်ကလစ်ပြီး တင်လိုက်တာဘဲ။ သူ့ဟာနဲ့သူပြီးသွားတယ် ။ အဲတော့ ကိုယ့်အရင် Windows ကို
ဒေါင်းထားတဲ့ အရေးကြီးတဲ့ ဖိုင်တွေကိုတော့ C ခန်းထဲမှာ Windows Oldes ဆိုပြီးရှိတယ်ဖွင့်လိုက်ပါ။ User>>
ထဲမှာ မိမိ Windows တင်တုန်းက နာမည်ပေးခဲ့တဲ့ အပေါ်က floder လေးကိုဖွင့်ပါ။ အဲဒီထဲမှာ ကိုယ်ကတော့
ဒေါင်းထားတာတွေဆိုတော့ Download ထဲဝင်လိုက်တယ် ရချင်တာတွေကို Desktop ပေါ် ဆွဲတင်လိုက်တယ်
နောက်ပြီးတော့ Windows အဟောင်းက Desktop ပေါ်မှာ ထားထားတဲ့ဖိုင်တွေကိုလည်း အသစ် Desktop ကို
ဆွဲယူလိုက်တယ်။ ကဲကိုယ်ရချင်တာတွေ ကုန်ပြီဆိုရင်တော့ Windows 8 အဟောင်းကို ဖျက်ပါတော့မယ်။



 ပထမဆုံး My Computer ကို ဖွင့်ပါ။ C\ အခန်းကို Right Click>> Properties>> General>>Disk Cleanup>
Clean up System files>> အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို Slect မှတ်ပါ။ ပြီးရင်တော့ OK ပေါ့ အဲဒီမှာ Windows
Older ဆိုတာလေးရော တွေ့မယ် အကုန်သာဖျက်ပြစ်လိုက်ပါ။ WindowsOlder ဆိုတာ မတွေ့သေးရင်

ခုန
လာခဲ့တဲ့ လမ်းကြောအတိုင်း C\ အခန်းကို Right Click>> Properties>> General>>Disk Cleanup>Clean up System files>>More Options ကိုနှိပ်ပါ Cleanup နှစ်ခုတွေ့မယ်နော် အောက်က Cleanup ကိုနှိပ်ပါ ပြီးရင်တော့
OK ပါဘဲ။ ပုံလေးတွေနဲ့လည်း ပြသပေးထားပါတယ်။ အဆင်ပြေကြပါစေ...မိမိတို့ရဲ့ အရေးကြီးတဲ့ ဖိုင်တွေ
မပျက်စီး မဆုံးရှုံးကြပါစေနဲ့....နော်....






ကဲ ဒီလောက်ဆိုရင်တော့ သိလောက်ရောပေါ့နော်...သီတင်းကျွတ်အရာ သမယမှာ ပျော်ရွှင်ကြည့်နူး
နိုင်တဲ့ ဘ၀ပိုင်ရှင်တွေ ဖြစ်ကြပါစေကွယ်.....

Friday, October 18, 2013

Smadav 2013 Rev.9.4.1

Virus သတ်ရာမှာ အတော်လေး အသုံးများလာတဲ့ကောင်လေးပေါ့ဗျာ။ အတော်များများကတော့ သိနေကြပြီ
ကြော်ငြာအားကောင်းတာကိုးဗျ။ ကျုပ်လည်း နှစ်ခါလောက်ရှိပြီလေ တင်ပေးတာ ကြော်ငြာပေးတာပေါ့။ ကဲ
ခုတော့ အသစ်လေးပါ ဟိုတစ်နေ့ကတည်းက ရတာပါ။ ခုမှ တင်ပေးဖြစ်တာလေ။ ကဲဗျာ သူကတော့ floder
Hide တဲ့ ကောင်လေးတွေရော အခြားသော Virus တွေကိုပါ သတ်ပေးပါတယ်။ အသုံးပြုလိုရင်တော့ သုံးကြ
ပေါ့ဗျာ။ ကျုပ်တော့ ထည့်သွင်း အသုံးပြုထားတယ်။ ဒီနေ့ သီတင်းကျွတ်ပြီနော် ညနေပိုင်းတော့ ဘုရားဖူး သွားဦးမယ်။ လိုက်ကြဦးမလား..ညပိုင်းကျရင်တော့ 5000 ထောင်တန်ဖုန်းကဒ်လေးတစ်ကဒ်လောက် လှူရ မလားလို့ပါ။ ကိုယ့် ဒီဘလော့လေးမှာ တင်ပေးမှာပါ။ လာလည်တဲ့သူထဲက မြန်မာပြည်က လူတွေ အသုံးပြု
လို့ ရမယ့် GSM ငွေဖြည့်ကဒ်လေး တစ်ခုလောက်ပေါ့ဗျာ။ အမှတ်တရလေးလည်း ဖြစ်အောင်ပေါ့။ ကံကောင်းတဲ့သူ ရမှာဘဲ သို့မဟုတ် အရင်လာတဲ့သူ ရမှာဘဲနော်..။ ဒီတိုင်း ဓါတ်ပုံရိုက်ပြီး ဓါတ်ပုံလေး တင်ပေးမယ်နော်..။ ကဲ အဆင်ပြေကြပါစေ...
DOWNLOAD SOLIDFILES  OR  DOWNLOAD DROPBOX   OR  DOWNLOAD DE-HOST

Windows 8.1 Enterprise x86 x64

Microsoft မှ Windows 8.1 update မနေ့က ထွက်တာလေးပါ..။ ကျုပ်တော့ 64bit ဒေါင်းပြီးပြီ 3.536GB ရှိပါတယ်။ ကောင်းမကောင်းကတော့ စမ်းသုံးကြည့်နေပါပြီနော်။ ကဲကိုယ့်လိုဘဲ အသစ်ဆို ဒေါင်းချင်ကြတဲ့ မိတ်ဆွေများလည်း ဒေါင်းလော့ချနိုင်ပါပြီ။ 32bit ကတော့ 2.63 GB ရှိတယ်နော် ကြိုက်တာဒေါင်းပေါ့.။
သိပ်တော့ မထူးပါဘူး Start Button ပါတယ်ဆိုပေမယ့် ဟိုမျက်နှာပြင်ကြီးကိုဘဲ ရောက်တာပါ။ 7 လိုများလား
လို့ ဒို့ကထင်နေတာ မဟုတ်ပါဘူး။ ကဲ ရက်ပေါင်း 90 သုံးဆိုတော့ သုံးလတော့ သုံးရမယ်ပေါ့။ နောက်ပိုင်းမှာ
သူ့အတွက် Loader တွေ ထွက်လာရင် အဆင်ပြေပြီပေါ့ဗျာ။

Download Pacific Rim အကြည် 2013 [999MB]


Pacific Rim အကြည် 2013 720p BluRayx264 ပါ။ မကြည့်ရသေးတဲ့ သူများ ဒေါင်းနိုင်ရန် ကူးလာတယ်.။
 Pacific Rim (2013) Genre: Action | Adventure | Fantasy  IMDB Title No: tt1663662
Run Time: 131 min  Ratings: 7.6/10 from 106,454 users Director: Guillermo del Toro
Writers: Travis Beacham, Guillermo del Toro (screenplay) Stars: Idris Elba, Charlie Hunnam, Rinko Kikuchi
Release Date: 12 July 2013 (USA)  Movie Intro:
As a war between humankind and monstrous sea creatures wages on, a former pilot and a trainee are paired up to drive a seemingly obsolete special weapon in a desperate effort to save the world from the apocalypse.
Trailer:
Watch Trailer : http://www.torking.tk/0/tag/Pacific+Rim+2013+Trailer.html
Download Portion:
Download Pacific Rim English Subtitle>> http://adf.ly/Wm43C
Download Pacific Rim အကြည် 2013 720p BluRayx264 [999MB] >>
http://server1.download.com/p-r-2013-bluray.mkv 
Credit Link :  http://www.share4mm.com/2013/10/download-pacific-rim-2013-720p.html

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်းဆိုရာတွင် မိမိရဲ့ blogspot.com က လိပ်စာ နဲ့ မိမိ ၀ယ်ယူထားတဲ့ Domain Name ကို ချိတ်ဆက်ပြီး yourdomainname.blogspot.com အစား yourdomainname.com ဆိုတဲ့ လိပ်စာကို ပြောင်းလဲအသုံးပြုခြင်းပါပဲ။
ဒီနေရာမှာ အပိုင်း ၄ ခုလောက် ခွဲပြီးအဆင့်လိုက်လုပ်ဆောင်ပြသွားပါမယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
၎။ Ownership အား Verify လုပ်ခြင်း
တို့ဖြစ်ကြပါတယ်။
၁။ Blogger တွင် Custom Domain ထည့်သွင်းခြင်း။
မိမိမှာ blogspot ရှိတယ်ဆိုရင် ပထမဦးစွာ http://www.blogger.com/ ထဲကို ၀င်လိုက်တာနဲ့ မိမိရဲ့ blogspot site က ပေါ်နေပါလိမ့်မယ်… ပုံမှာပြထားတဲ့ အတိုင်း Setting > Basic ဆိုတဲ့အထဲကိုသွားပါ။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း


Publishing ရဲ့ အောက်နားမှာ Add Custom Domain ဆိုတာကို ရွေးချယ်လိုက်ပါ။
ပြီးရင် Advanced settings ဆိုတဲ့အထဲကို ရောက်သွားပါလိမ့်မယ်။
ပုံမှာဖော်ပြထားတဲ့အတိုင်း မိမိဝယ်ယူထားတဲ့ Domain name ကိုရိုက်ထည့်ပြီး Save ကိုနိုပ်လိုက်ပါ။
“We have not been able to verify your authority to this domain. Error 12. Please follow the settings instructions.” ဆိုတဲ့ error ထွက်လာပါလိမ့်မယ်။

မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
၂။ Domain ပိုဆိုင်မူ စိစစ်ရန် Token ရယူခြင်း (Ownership verification token)
စောစောတုန်းက အဆင့် ၁ မှာ ပြခဲ့သလို Custom Domain ရယူပြီးတဲ့အချိန်မှာ Save Button နိုပ်ရင် Error Code နဲ့အတူ CNAME ၂ ခုထွက်လာသလို အဲ့လိုမှမဟုတ်ရင် Settings Instructions ဆိုတဲ့နေရာမှာ နိုပ်ရင်လည်း အောက်ပါပုံမှာ ပြထားသလို CNAME ၂ ခုကို ရယူနိုင်ပါတယ်။
Point လုပ်ရန် CNAME နှစ်ခုထွက်လာပါလိမ့်မယ်။
1. www ဆိုတဲ့ “name/label/host” ဆိုတဲ့ တစ်ခုနဲ့ “Address/Destination/Target” က ghs.google.com ဆိုပြီးဖြစ်ပါတယ်။
2. နောက်တစ်ခုကတော့ verification code ဖြစ်ပါတယ်။ သူကတော့ တစ်ဦးနဲ့တစ်ဦးတူမှာမဟုတ်ပါဘူး
ဥပမာ – “name/label/host”  ဆိုတဲ့နေရာမှာ SFEFA52A22 ဆိုပြီးဖြစ်နိုင်ပြီး “Address/Destination/Target” က gv-HRAABJZSDDD33D2DD2DLNUYTDU2.MA.domainverify.googlehosted.com. ဆိုပြီးဖြစ်ပါတယ်။
အထက်ဖော်ပြပါ CNAME နှစ်ခုစလုံးကို မှတ်သားထားဖို့လိုပါတယ်။
နောက်တစ်ခုက အကယ်၍ User တွေက မိမိရဲ့ domain ကို www မရိုက်ထည့်ပဲ ၀င်ခဲ့မယ်ဆိုရင် error တွေကျလာတတ်ပါတယ်.. အဲ့အတွက် “A Records” ၄ ခုလည်း မှတ်သားထားရန်လိုပါတယ်။
216.239.32.21
216.239.34.21
216.239.36.21
216.239.38.21
တွေဖြစ်ပါတယ်။

၃။ DNS (Domain Name System) ပြောင်းလဲခြင်း။
မိမိရဲ့ ဒိုမိန်း Control Panel ထဲကို ၀င်ပါ။
CNAME နဲ့ A Record ကို ပုံမှာပြထားသည့်အတိုင်း ထည့်သွင်းရန်သာဖြစ်ပါတယ်။
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း

























 မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : DNS Management
မိမိ Domain အား Blogspot ဖြင့် 
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
ချိတ်ဆက်အသုံးပြုခြင်း : A Record ထည့်သွင်းထားပုံ
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ပထမ CNAME ထည့်သွင်းပုံ
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း
မိမိ Domain အား Blogspot ဖြင့် ချိတ်ဆက်အသုံးပြုခြင်း : ဒုတိယ CNAME ထည့်သွင်းပုံ

၎။ Ownership အား Verify လုပ်ခြင်း
နောက်ဆုံးအဆင့်ကတော့ မိမိရဲ့ DNS မှာ စောစောတုန်းက A Record and CName တွေထည့်သွင်းပြီးလို့ နာရီဝက်ခန့်အကြာ DNS Active ဖြစ်ပါက Blogspot ထဲကိုဝင်၍
Add custom domain မှနေ၍ မိမိရဲ့ domain အမည်ကို (e.g www.yourdomainname.com) ဟူ၍ ရိုက်ထည့်ပြီး Save လုပ်လိုက်ရင် ရပါပြီ။

http://www.myanmarmobilesoftwaredeveloper.com/?p=8475
ဒီလင့်က ယူခဲ့တယ် ၀ယ်လို့လည်း ရပါတယ်..။ ကျုပ်လည်း ၀ယ်တော့ ၀ယ်ချင်တယ် အဆင့်မမှီသေးဘူးလို့
ထင်လို့...။ သို့မဟုတ် ငွေ မရှိသေးလို့ သို့မဟုတ် အတိအကျ မသိသေးလို့ တစ်နှစ်စာ တစ်သောင်း တစ်သောင်း နှစ်ထောင်ဆို သုံးနှစ်စာလောက်တော့ ၀ယ်ချင်ပါတယ်..။