ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Friday, October 25, 2013

How to Delete Google Account ဂျီမေးအကောင့် ဖျက်နည်း

အင်္ဂလိပ်လို ရှာရင်လည်း ရအောင်လို့ နာမည်နှစ်မျိုး ရေးလိုက်တယ်။ ဂျီမေးအကောင့်တွေ ဘယ်လိုဖျက်ရ
မလဲပေါ့ဗျာ။ ဖျက်တာက လွယ်ပါတယ်။ ပထမဆုံး https://accounts.google.com/login အကောင့်ကို ၀င်ပါ။
ဝင်ပြီးရင်တော့ အပေါ်က ညာဖက်ခြမ်းမှာ ပေါ်နေတဲ့ မိမိအကောင့်ပုံလေးကို နှိပ်လိုက်ပါ။ Account ကိုနှိပ်ပါ။
နှိပ်လိုက်ရင် Gmail Account Management ကိုရောက်သွားမယ် ရောက်သွားရင်တော့ Close account and delete all services and information associated with it..ဆိုတဲ့ စာသားလေးကို အောက်မှာ တွေ့ရလိမ့်မယ် အဲဒါ
ကိုနှိပ်ပါ။ ပေါ်လာတဲ့ Web History Gmail Google Talk ကို အမှန်းခြစ်ပါ။ ကွက်လပ်မှာ မိမိသုံးတဲ့ Password ကို ထည့်ပါ။ အောက်က နှစ်ခုကိုလည်း အမှန်ခြစ်ပါ။ Password  မှန်ပြီ သေချာပြီဆို ဖျက်လိုက်လို့ ရပါပြီ။ ကဲ
ဒါကတော့ ကိုယ်အသုံးမလိုတဲ့ Gmail အကောင့်တွေကို ဖျက်လိုက်တာပါ။ သူများလည်း ဒုက္ခမရောက်တော့
ဘူးပေါ့။ သို့သော် သူများအကောင့်ကို ဟက်ပြီးတော့ ဖျက်တာမျိုးတော့ မလုပ်ကြနဲ့ပေါ့ဗျာ။ ကိုယ်အသုံးမလို
တာမျိုး မသုံးချင်တော့ဘူးလို့ ယတိပြတ်ဆုံးဖြတ်ထားရင်တော့ ဒီနည်းက အသုံးဝင်မှာပါ။ ဒီအကောင့်က ခုန
facebook အကောင့်လျှောက်တာ လော့ကျသွားလို့ ဖျက်လိုက်တာပါ။ ကဲ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြ
ထားပါတယ်..ဆက်လက်ရှုစားလိုက်ပါဦး စာဖတ်တာထက်စာရင် ပုံကြည့်တော့ ပိုမြင်တာပေါ့ဗျာ...




ပထမဆုံး ဂျီမေးအကောင့်ကို ၀င်ပါ https://accounts.google.com/login ဒီလင့်မှာ ၀င်လိုက်ပါ။


မိမိ Gmai Account Login ၀င်ပြီးရင်တော့ ဒီပုံမှာ ပြထားသလို လုပ်ပါ။ မိမိ အကောင့်ပုံကို နှိပ်ပြီး Account ကို
ထပ်နှိပ်ပါ။
 Account ကိုနှိပ်လိုက်ရင် ဒီပုံပေါ်လာမယ်။ အောက်မှာ မြှားပြထားတဲ့ နေရာကို နှိပ်ပါ...။ Close account and delete all services and information associated with it.. ဒီစာ သားလေး ရေးထားတဲ့ အကြောင်းကိုနော်..
 ဒီပုံမှာတော့ဖြင့် ကျုပ်အမှန်းခြစ်ထားတာတွေပါပါတယ် အားလုံးအမှန်ခြစ်ပါ။ နောက်ပြီး မိမိ Gmail Password ဖြည့်ပြီး DELETE GOOGLE ACCOUNT ကိုနှိပါ..မြှားပြထားပါတယ်။

ကဲ ပျက်သွားပြီဆိုတဲ့ အကြောင်းလေး သူက ပြောတယ်နော်..Account Deleted တဲ့ ဖျက်လိုက်ပြီပေါ့ဗျာ...။


ကဲနည်းပညာ လမ်းကြောင်းမှာ မသိသေးတာကို လေ့လာရှာဖွေနိုင်ကြပါစေ...သိထားသမျှကို သူများကို
လည်း တတ်နိုင်သမျှ ဝေမျှလိုက်ကြပါ...လို့ တိုက်တွန်းရင်းဖြင့်.....

ကျုပ်ရဲ့ https://www.facebook.com/Mr.MoeKaungKin ဒီ Facebook Page လေးကိုလည်း Like လေးနှိပ်ပြီး
အားပေးကြပါဦး ကျုပ်ဆိုက် ညာဖက်ခြမ်းမှာလည်း ထည့်သွင်းထားပါတယ်။ အားပေးလိုက်ကြပါဦး....
သူလည်း Like နဲလို့ အားငယ်နေရှာတယ်လေ...ဘာကြောင့်လည်းဆိုတော့ ကျုပ်ရဲ့ facebook Page လေးက
တစ်နှစ်တောင် ပြည့်တော့မယ် ခုမှ Like လေးက တစ်ထောင်ကျော်လေး နေတုန်းမို့ပါ..။ မိန်းကလေးပုံတင်
တဲ့ ကောင်မလေးတွေတောင် တစ်သိန်းကျော်နေတော့ ကိုယ်တောင် လိုင်းပြောင်းရမလို ဖြစ်နေတယ်..။
နည်းပညာသမားတွေကတော့ Like လုပ်တာ အင်မတန်နဲတယ်နော်။ အေးပေါ့ သူအလှည့်တော့ ရောက်
လာဦးမှာပါ...လို့ ဖြေသိမ့်ရင်း.....

0 အားပေးစကားပြောကြားကြပါ:

Post a Comment