ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, October 30, 2013

Netguide Vol (3) , Issue (8),

ကဲ ဒီနေ့တော့ Netguide ဂျာနယ်လေးတင်ပေးလိုက်တယ်ဗျာ။ နည်းပညာကလည်း တစ်နေ့တစ်ပို့တောင်
မတင်နိုင်တော့ဘူးဗျာ။ သိထားတာလေးတွေလည်း ကုန်သလောက်ရှိနေပါပြီ။ ကော်ပီတွေလုပ်ပြန်တော့
လည်း သိပ်မကောင်းဘူးလေ။ နည်းပညာတွေကလည်း မိုးသဲကြီးမဲကြီးရွာနေသလိုပါဘဲ။ မိုးရွာတာနဲ့ ပတ်
သက်ပြီးတော့ တိုက်ဆိုင်တာလေး ထည့်ရေးလိုက်တယ်။ ကျုပ်တို့နယ်ဘက်မှာ ဘုရားပွဲတို့ ရှင်ပြုပွဲတို့ဆို
ပွဲမလုပ်ခင် ရှင်ဥပဂုတ်ထိန်းတဲ့ အဘိုးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ ပွဲတစ်ပွဲမှာ သူ့ခမျာ ဥပုသ်သီလ
ဆောက်တည်ပြီးတော့ မိုးထိန်းရှာတာပေါ့ကွယ်။ တိုက်ဆိုင်စွာဘဲ မိုးကလည်း သဲကြီးမဲ ရွာချလေတော့တယ်
လေ။ အဲတော့ ရွာဦးကျောင်းဆရာတော်က မိုးထိန်းတဲ့ အဘိုးအိုကို မြင်တော့ လွတ်ချလိုက်တော့ ဒကာကြီး
လွတ်လိုက်တော့ မရတော့ဘူး လွတ်လိုက်တော့လို့ အမိန့်ရှိသတဲ့။ မိုးထိန်းတဲ့ အဘိုးလည်း မိုးထဲလေထဲမှာ
မိုးထိန်းလို့ မရနိုင်တဲ့အဆုံး လွတ်ချပြီး ကျောင်းပေါ်တက်ပြေးလာတယ်တဲ့။ ကဲ ဒီဥပမာလေးလိုဘဲ ကျုပ်လည်း နည်းပညာမိုးတွေ တစ်အားရွာနေတော့ နည်းပညာက သိပ်မတတ်လေတော့ လွတ်ချလိုက်ရ
တော့မလို ဖြစ်နေတယ်။ လေ့နိုင်မှ လာတာဗျာ။ ကျုပ်လည်း သူများငွေရှာဆိုက်ဆို ငွေလေးရှာကြည့် တောင်
ရောင်ရောင် မြောက်ရောင်ရောင်နဲ့ ရောင်တစ်ကာအပေါင်း ရောင်ထောင်သောင်း ဖြစ်နေတယ်။ အွန်လိုင်း
မှာ ငွေရှာနည်းတဲ့ဗျာ။ သိပ်ပျင်းစရာကောင်းပါတယ် ဇွဲမရှိဘူးဘဲ ထားပါတော့။ ကဲ ဒါပါဘဲ နည်းပညာဆိုက်
တွေ များစွာ ပေါ်ထွက်လာနေပါတယ်။ အဲတော့ ရှာတတ်ဖွေတတ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်
ချင်ပါတယ်။ သိထားတာလေးတွေလည်း သူများကို အသိပေးပေါ့ဗျာ။ ကဲခုတော့ ဘာတွေထူးခြားမလဲဆိုတာ
Netguide ဂျာနယ်လေး ကြည့်လိုက်ပါဦး။ ဒီကောင်က 44 MB တောင်ရှိတယ်ဗျာ။ ဆိုက်ကြီးတယ်နော်.။
ကဲ အားလုံး အဆင်ပြေပါစေ.....

0 အားပေးစကားပြောကြားကြပါ:

Post a Comment