This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, September 16, 2014

All Updtae Reader သတင်း နည်းပညာ အချစ် အလန်းဆော့ဖ်ဝဲ

All Update Reader ဆိုတဲ့ဆော့ဖ်ဝဲကတော့ဖြင့် သတင်းရော နည်းပညာရော အချစ်ရော အလန်းရော
စာအုပ်ရော ဂျာနယ်တွေရော ဘောလုံးပွဲရော ရော ရော ရော ရောတစ်တစ်ကာအပေါင်း စုံလင်လို့ ကောင်း
ပါဘိလို့ဘဲ ပြောရတော့မှာပေါ့ဗျာ..။ ကိုယ့်ဆိုက်ပေါ်တင်ပြီဆိုတော့လည်း ကြော်ငြာပေးပြီဆိုတော့လည်း
အကောင်းချည်းဘဲ ပြောလွတ်ရတော့မှာပေါ့ဗျာ..။ ကြိုက်ရင်တော့ တစ်ကယ်ကောင်းပါတယ်..။ သတင်း
ဆော့ဖ်ဝဲက ဒီလိုများ လင့်တွေအများကြီးနဲ့ လုပ်တာက ငွေပေးပြီး လုပ်ရတာနဲ့တူတယ်ဗျာ..။ ဖရီးမရဘူး
ကိုယ်လည်း ဟိုအရင်က စမ်းကြည့်ဖူးတယ်..သို့သော်လည်း ငွေပေးချေမှုမှာကြတော့ ကိုယ့်ကမြန်မာပြည်
က ဖြစ်နေတယ်လေ..။ အဲတော့ Paypal လည်းမရှိ Visa Master Card ဒါတွေလည်း မရှိလေတော့ မလုပ်
နိုင်ဘူးပေါ့ဗျာ..။ အဲဒါကြောင့်လည်း..ကိုယ့်ဆိုက်က နာမည်မထွက်တာ နေမှာပါ...။ ဘာပဲဆိုဆို အဲ့လို နာ
မည် မထွက်တာကိုဘဲ ကျေးဇူးတင်ရမှာပါ..။ နာမည်ကြီးသွားရင် စာရေးတာကအစ ဆင်ခြင်ရတော့မှာ
လေ..။ ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ရေးခွင့် ရတော့မှာမဟုတ်ဘူး..။ အဲတော့ ကိုယ့်ဟာကို
အေးဆေးဘဲ ပို့စ်တင်နိုင်တဲ့နေ့ တင်မယ်..။ မတင်နိုင်ရင် နားမယ်...အေးဆေးဘဲ..နားမငြီးဘူးပေါ့ဗျာ..။ ကိုယ်တတ်နိုင်သလောက် ကိုယ်သိသလောက်ရေးတာဘဲကိုးဗျာ..။ ဘယ်သူကမှ မရေးရင် အပြစ်ပေးမယ်
လို့ ခိုင်းစေထားတာလည်းမဟုတ်ဘူးလေ..။ ဒီတော့...ကိုယ့်သဘောအတိုင်းပေါ့ဗျာ..



တစ်ချို့တွေကတော့ နာမည်လေးရတော့ ဟိုလူ့စိန်ခေါ် ဒီလူ့စိန်ခေါ်နဲ့ဗျာ..သတင်းတွေမှာ ကြည့်ရတာက
လည်း အတော့်ကို ရုပ်ဆိုးပါတယ်...အထူးသဖြင့်ကတော့ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ပေါ်မူတည်
ပါတယ်..အလုပ်နဲ့ သက်သေမပြနိုင်တော့ လေနဲ့ သက်သေပြတဲ့သူတွေပါ...လေလိုင်းပေါ် အွန်လိုင်းပေါ်
မှာကတော့ လေတစ်လုံး မိုးတစ်လုံးဘဲ တစ်ကယ်တန်း အပြင်လောကမှာတော့ သူ့ဟာ..မည်သူ့ကိုမှ..
ကယ်တင်ဖူးသူ မဟုတ်ပါဘူး အမျိုးသားရေးအတွက်လည်း သူမလုပ်..ဘာသာတရားအတွက်လည်း သူမလုပ်...လေသမားသက်သက်သာ ဖြစ်ပါတယ်.....ကိုယ်ဆိုသည့် သဘောကို သဘောပေါက်ကြလိမ့်
မည် မဟုတ်ပါ...သို့သော် သတင်းဖတ်သူများကတော့ ရိပ်စားမိမည် အမှန်....။ ဒါပါဘဲဗျာ.....
သတင်းနည်းပညာ ကျန်းမာရေး စသဖြင့် စုံစုံလင်လင် ဖတ်ချင်ရင်တော့ ယူသွားကြပေါ့...သတင်းဆော့ဖ်
ဝဲတွေကလည်း မိုလိုပေါလာပြီ..ကိုယ်နဲ့ သင့်ရာ ဆော့ဖ်ဝဲကိုသာ ရွေးချယ် အသုံးပြုကြပါလို့ဘဲ နောက်ဆုံး
အနေနဲ့ ပြောခဲ့ချင်ပါတယ်..စိတ်ဆင်းရဲစရာ ကြည့်မကောင်းတဲ့ သတင်းဆိုက်တွေ ပါနေတာကို မလိုလား
ရင် မိမိနဲ့ သင့်လျော်ရာ ဆော့ဖ်ဝဲကို အသုံးပြု ကြပါ...ဒါပါဘဲ....ကိုမိုး...

Wednesday, September 10, 2014

Phone Contacts တွေကို Export, Import လုပ်နည်း ဖုန်းနံပါတ်တွေကို Export လုပ်ပြီးသိမ်းထားမယ်, ဖုန်းပျောက်သော်လည်း အရေးကြီးနံပါတ်များမပျက်စီးအောင် ဒီလိုသိမ်းထားပါ

ဖုန်းခေတ် ထလာသည်နှင့်အမျှ ဖုန်းပျောက်ဆုံးမှုတွေ ခေတ်စားလာပါတယ်။ အဲ့မှာလုပ်ငန်းကြီးလုပ်ကိုင်နေ သူများအတွက် ဖုန်းပျောက်ရင် အတော်ဒုက္ခရောက်တဲ့ အချက်တစ်ခုကတော့ ဆက်သွယ်ရေးအတွက် မှတ်သား ထားတဲ့ Contacts တွေပါသွားလို့ မည်သူမည်ဝါ ဖုန်းမှန်းမသိအောင် ဖြစ်တတ်ပါတယ်။ တစ်ကယ့်ကို ဒုက္ခ လှလှတွေ့နိုင်တဲ့အနေအထားပါ။ ဖုန်းပျောက်ပြီဆိုမှတော့ သွားပြီပေါ့..ခုနည်းက ဖုန်းပျောက်သော်လည်း ဖုန်းနှင့် ဆင်းကဒ်သာ ဆုံးရှုံးမယ် မိမိမှတ်သားထားတဲ့ နံပါတ်တွေကို သိမ်းထားမယ်ဆိုရင် ကိုယ့်အဆက်အသွယ်တွေ အားလုံး အလွယ်တစ်ကူ ပြန်လုပ်လို့ရတဲ့နည်းပါ။ ဖုန်းမပျောက်သော်လည်း အသစ်တစ်လုံးဝယ်မယ်ဆို ဖုန်းထဲမှာ မှတ်သားထားတာတွေကို လိုက်ကူးချနေရမယ်ဆိုရင်လည်း အချိန်ကြာမြင့်လှပါတယ်။ ဒီနည်းကို သုံးသောအားဖြင့် လျှင်မြန်လွယ်ကူတာကို ကိုယ့်ညီများ ကိုယ့်နှမများ သိလာပါလိမ့်မယ်..။ ဒီလိုသိထားတော့ ပိုပြီးတော့ အကျိုးကျေးဇူးများတာပေါ့ဗျာ..။ ကျုပ်ပြောပြမယ့်နည်းလမ်းအတိုင်း လုပ်ပြီးရင် ကိုယ့် Contacts တွေကို အင်တာနက်ပေါ်မှာ သိမ်းထားမလား ကွန်ပျူတာထဲဘဲ ထည့်ထားမလား တစ်ခြားဖုန်းတစ်လုံးမှာလည်း သိမ်းထားဦးမလား ဒီလိုလုပ်ထားခြင်းဖြင့် မိမိဖုန်း Contacts တွေကို မှတ်သားထားမယ်ဆိုရင် ကံမကောင်းလို့ ဖုန်းပျောက်ခဲ့တောင်မှ ဒီနံပါတ်တွေကို အလွယ်တစ်ကူ ရယူနိုင်တဲ့အတွက် သိပ်ကြီး ဆုံးရှုံးမှု မများလှပါဘူး။ အချို့သတင်းစာတွေမှာ တွေ့ဖူးပါတယ်..။ ဖုန်းတော့ရချင်ရင်ယူပါ နံပါတ်လေးတော့ ပြန်ကူးပြီး ပို့ပေးပါ ကျေးဇူး ဆပ်ပါမည်ဆိုတဲ့ သတင်းမျိုး ဖတ်ဖူးကြတယ်မဟုတ်လား..။ ခုကတော့ အဲ့ဒီဒုက္ခက ကင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြသွားမှာပါ..။
ကဲ စလိုက်ကြစို့ဟေး..ပထမဆုံး ဖုန်း Call ကိုဖွင့်ပြီး Contacts အထိသွားလိုက်ပါ။ ပြီးရင် ပုံမှာ ပြသထားသလို..
လုပ်ပါ..။မြှားပြထားတဲ့ Menu နေရာလေးကိုနှိပ်ပါ..။ Import/Export >> Export to Storage >> အစဉ် အတိုင်း နှိပ်သွားပါ..။
 ကဲ ဒုတိယပုံမှာကတော့ Export ကို နှိပ်ပါ..။ နှိပ်လိုက်ရင် Phone ထဲမှာ မှတ်သားထားတာကို Export လုပ်မှာ လား SIM Card ထဲက Contacts ကိုလုပ်မှာလား မေးတဲ့အခါ ကိုယ်မှတ်ထားတာက SIM ထဲမှာဆိုရင် SIM Card ကိုရွေးပါ။ Phone ထဲမှာဆိုရင်တော့ Phone ကို ရွေးပေးပါ အမှန်ခြစ်လေး ခြစ်ပေးလိုက်ပြီး OK ပေါ့.။
အဲ့ဒါဆိုရင်တော့ Export ထုတ်လိုက်ပါပြီး သူ့ကိုတော့ Phone Storeage ထဲမှာ ရှာကြည့်ပါ အောက်ဆုံးမှာ..။
တွေ့ပါလိမ့်မယ်..။ ကဲ အဲဒါတွေ ခဏထား..ရှေ့ဆက်မယ်..

 ကဲ Export ထုတ်ပြီးပြီဆိုတော့ မူလလာခဲ့သည့် လမ်းကြောင်းအတိုင်း လာခဲ့ပေါ့..။ ဖုန်းအသစ်ဝယ်ရင်လည်း
ဒီနည်းအတိုင်းလေးဘဲ လုပ်ရမှာဘဲ..နော်.ဒီလောက်တော့ အားလုံးသိပြီးသားလို့ထင်ပါတယ်..။ ကဲ Import From Storage ကို နှိပ်ပြီးတော့ မိမိက ဖုန်းထဲကို ထည့်သွင်းမှာဖြစ်တဲ့အတွက် Phone ကို ရွေးပေးလိုက်ပါ..။

 ကဲ ဒီအဆင့်မှာတော့ဖြင့် ဖုန်း Storage ထဲမှာ ရောက်နေတဲ့ ဖိုင်လေးကို ရွေးပေးပါ။ ကျုပ်က မနေ့က စမ်းသပ်
ထားတာမို့ နှစ်ခုဖြစ်နေပါတယ်.။ ရက်လနှစ်ကြည့်လိုက်ပါ..ခုလုပ်လိုက်တဲ့ 00002.vcf ဖိုင်လေးကို ရွေးပေးလိုက်
ရုံဘဲပေါ့..။ မိမိက တစ်ခါမှ မလုပ်ရသေးရင်တော့..။ 00001.vcf ဖိုင်ကို ရွေးပေးရုံပါဘဲ...။ နောက်ပုံကတော့
ကျုပ် Export လုပ်ထားတဲ့ဖိုင် နှစ်ခု ဘယ်နေရာကို ရောက်နေတဲ့အကြောင်းပြပုံလေးပါ..။ Internal Storage ထဲ
ရောက်နေတယ်ဆိုတဲ့အကြောင်းပေါ့ဗျာ.. ကဲ ပြီးပါပြီ...
ကဲ ဒီနေရာမှာတော့ အချုပ်အားဖြင့် ပြောရသော် ခုန Internal Storage ထဲက ဖိုင်လေးကို ကွန်ပျူတာမှာဘဲ သိမ်း
ထား သိမ်းထား သို့မဟုတ် အခြားဖုန်းတစ်လုံးထဲမှာဘဲ ထားထား SD Card ထဲမှာဘဲ ထားထား မိမိသိမ်းထားချင်သလို ထားလို့ရပါပြီ ဖိုင်မပျောက်ပျက်ဖို့သာ အဓိကကျပါသည်။ အင်တာနက်ပေါ် တင်မယ်ဆိုလည်း တင်ထားပေါ့ဗျာ...။ ကဲ ဒါဆိုရင်တော့ ပြောပြခဲ့တဲ့ အဆိုးအကောင်းတွေကို သဘောသဘာဝ
တွေကို အဆုံးအရှုံး နဲနဲကျော်ဖြတ်နိုင်ကြလိမ့်မယ်ထင်ပါတယ်....။ ကြိုက်တယ်ဆိုရင်တော့ အားပေးစကားလေး
ကွန်မန့်ဘောက်မှာ ပြောထားခဲ့ကြပါဦး တိတ်တိတ်လေး ထွက်မသွားကြေးနော်.....။
Thak You....

Wednesday, September 3, 2014

VidMate.Apk အကောင်းဆုံး ဒေါင်းလော့ချ ဆော့ဖ်ဝဲ Tubemate ထက် ပိုကောင်းပါတယ်

VidMate ဆိုတဲ့ကောင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါလေးက မနေ့ကမှ MMUG က ရလာတာလေး ပါ..။ ဒေါင်းလော့ချရာမှာ အလွန်ကောင်းတဲ့ ဆော့ဖ်ဝဲလို့ဘဲ ညွန်းပါရစေတော့ဗျာ..။ Browserဆိုလည်း ဟုတ်တယ်။ Downloader ဆိုလည်း ဟုတ်ပါတယ်။ Tubemate ထက် ကောင်းပါတယ်။ ဟိုအရင်ကတော့ Tubemade ကကောင်းခဲ့ဘူးပါတယ်။ ခုနောက်ပိုင်း မကောင်းတော့ပါ ခု ဒီကောင်လေးကတော့ Youtube က ဗွီဒီယိုတွေ MP3တွေ ဇာတ်ကားတွေ ဒေါင်းလော့ချလို့ရပါတယ်။ ဒီကောင်လေးကို ၀င်လိုက်ရင် Videosite ဆိုတဲ့နေရာမှာ Video တွေ တင်တဲ့နေရာမှာ နာမည်ကြီးတဲ့ဆိုက်တွေကို ထည့်သွင်းထားတော့ ပိုလို့အဆင်ပြေပါတယ်။ နာမည်ကြီးဆိုက်တွေဖြစ်တဲ့ Youtube/ Facebook / PagalWord / Vimeo / Dailymotion / Desilady/ MP4Movie/ SkyMovies/ Teluguwap/ Moveievilla / 02Movies/ F2Moviez / Metacafe / FunnyorDie / Break / NDTV/ SoundCloud/ အစရှိတဲ့ဆိုက်တွေက ဗွီဒီယိုတွေ သီချင်းတွေ ကို ဒေါင်းလော့ချနိုင်ပါတယ်..။ ကဲ ဒီလောက်ဆိုရင်ကိုဘဲ အတော်ကောင်းနေပြီ မဟုတ်လား...ဒါတင် မကသေးပါဘူး..။

Tuesday, September 2, 2014

Baidu Browser.Apk အလန်းလွန် အလွန်လန်းတဲ့ Browser လေးပေါ့

Baidu Browser လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကောင်လေးကတော့ သုံးရတာ ပေါ့ပါးတဲ့ Browser လေးတစ်ခုပါ။ သုံးကြည့်ရင် သိပါလိမ့်မယ်.။ အမှန်အတိုင်းပြောရရင်တော့ လိုသလောက်လိုမယ် မလိုသလောက်မလိုပါဘူး။ ဖုန်းမှာ ပါတဲ့ Browser တွေကလည်း သူ့ဟာနဲ့သူ ကောင်းပြီးသားတွေဘဲလေ။
Chrome တွေလည်း ပါနေလေတော့ သိပ်ကြီးတော့ မလိုဘူးလို့ထင်တာဘဲ.ကိုယ့်ဆိုက်ပေါ်လည်း တင်သေးတယ် ရချင်အောင်လည်း မပြောတတ်ဘူး ဒီလိုတော့ ထင်ကြမှာဘဲ။ ဟုတ်ပါတယ် ကျုပ်အမှန် အတိုင်းပြောတာပါ..။ သို့သော် အကောင့်ဖောက်တာများတဲ့သူ သို့မဟုတ် အကောင့်များစွာ သုံးနေသူ ဆိုရင်တော့ လိုတာပေါ့ facebook အကောင့်တစ်ခုကို Browser တစ်ခုနှုန်းနဲ့ သုံးနေတဲ့သူတွေကလည်း
ရှိတယ် မဟုတ်လား ဒီတော့ လိုလိုမယ်မယ် တင်ထားတယ်လို့ဘဲ ပြောပါရစေတော့ဗျာ..။