ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, September 16, 2014

All Updtae Reader သတင်း နည်းပညာ အချစ် အလန်းဆော့ဖ်ဝဲ

All Update Reader ဆိုတဲ့ဆော့ဖ်ဝဲကတော့ဖြင့် သတင်းရော နည်းပညာရော အချစ်ရော အလန်းရော
စာအုပ်ရော ဂျာနယ်တွေရော ဘောလုံးပွဲရော ရော ရော ရော ရောတစ်တစ်ကာအပေါင်း စုံလင်လို့ ကောင်း
ပါဘိလို့ဘဲ ပြောရတော့မှာပေါ့ဗျာ..။ ကိုယ့်ဆိုက်ပေါ်တင်ပြီဆိုတော့လည်း ကြော်ငြာပေးပြီဆိုတော့လည်း
အကောင်းချည်းဘဲ ပြောလွတ်ရတော့မှာပေါ့ဗျာ..။ ကြိုက်ရင်တော့ တစ်ကယ်ကောင်းပါတယ်..။ သတင်း
ဆော့ဖ်ဝဲက ဒီလိုများ လင့်တွေအများကြီးနဲ့ လုပ်တာက ငွေပေးပြီး လုပ်ရတာနဲ့တူတယ်ဗျာ..။ ဖရီးမရဘူး
ကိုယ်လည်း ဟိုအရင်က စမ်းကြည့်ဖူးတယ်..သို့သော်လည်း ငွေပေးချေမှုမှာကြတော့ ကိုယ့်ကမြန်မာပြည်
က ဖြစ်နေတယ်လေ..။ အဲတော့ Paypal လည်းမရှိ Visa Master Card ဒါတွေလည်း မရှိလေတော့ မလုပ်
နိုင်ဘူးပေါ့ဗျာ..။ အဲဒါကြောင့်လည်း..ကိုယ့်ဆိုက်က နာမည်မထွက်တာ နေမှာပါ...။ ဘာပဲဆိုဆို အဲ့လို နာ
မည် မထွက်တာကိုဘဲ ကျေးဇူးတင်ရမှာပါ..။ နာမည်ကြီးသွားရင် စာရေးတာကအစ ဆင်ခြင်ရတော့မှာ
လေ..။ ကိုယ့်စိတ်တိုင်းကျ လွတ်လွတ်လပ်လပ် ရေးခွင့် ရတော့မှာမဟုတ်ဘူး..။ အဲတော့ ကိုယ့်ဟာကို
အေးဆေးဘဲ ပို့စ်တင်နိုင်တဲ့နေ့ တင်မယ်..။ မတင်နိုင်ရင် နားမယ်...အေးဆေးဘဲ..နားမငြီးဘူးပေါ့ဗျာ..။ ကိုယ်တတ်နိုင်သလောက် ကိုယ်သိသလောက်ရေးတာဘဲကိုးဗျာ..။ ဘယ်သူကမှ မရေးရင် အပြစ်ပေးမယ်
လို့ ခိုင်းစေထားတာလည်းမဟုတ်ဘူးလေ..။ ဒီတော့...ကိုယ့်သဘောအတိုင်းပေါ့ဗျာ..



တစ်ချို့တွေကတော့ နာမည်လေးရတော့ ဟိုလူ့စိန်ခေါ် ဒီလူ့စိန်ခေါ်နဲ့ဗျာ..သတင်းတွေမှာ ကြည့်ရတာက
လည်း အတော့်ကို ရုပ်ဆိုးပါတယ်...အထူးသဖြင့်ကတော့ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်ပေါ်မူတည်
ပါတယ်..အလုပ်နဲ့ သက်သေမပြနိုင်တော့ လေနဲ့ သက်သေပြတဲ့သူတွေပါ...လေလိုင်းပေါ် အွန်လိုင်းပေါ်
မှာကတော့ လေတစ်လုံး မိုးတစ်လုံးဘဲ တစ်ကယ်တန်း အပြင်လောကမှာတော့ သူ့ဟာ..မည်သူ့ကိုမှ..
ကယ်တင်ဖူးသူ မဟုတ်ပါဘူး အမျိုးသားရေးအတွက်လည်း သူမလုပ်..ဘာသာတရားအတွက်လည်း သူမလုပ်...လေသမားသက်သက်သာ ဖြစ်ပါတယ်.....ကိုယ်ဆိုသည့် သဘောကို သဘောပေါက်ကြလိမ့်
မည် မဟုတ်ပါ...သို့သော် သတင်းဖတ်သူများကတော့ ရိပ်စားမိမည် အမှန်....။ ဒါပါဘဲဗျာ.....
သတင်းနည်းပညာ ကျန်းမာရေး စသဖြင့် စုံစုံလင်လင် ဖတ်ချင်ရင်တော့ ယူသွားကြပေါ့...သတင်းဆော့ဖ်
ဝဲတွေကလည်း မိုလိုပေါလာပြီ..ကိုယ်နဲ့ သင့်ရာ ဆော့ဖ်ဝဲကိုသာ ရွေးချယ် အသုံးပြုကြပါလို့ဘဲ နောက်ဆုံး
အနေနဲ့ ပြောခဲ့ချင်ပါတယ်..စိတ်ဆင်းရဲစရာ ကြည့်မကောင်းတဲ့ သတင်းဆိုက်တွေ ပါနေတာကို မလိုလား
ရင် မိမိနဲ့ သင့်လျော်ရာ ဆော့ဖ်ဝဲကို အသုံးပြု ကြပါ...ဒါပါဘဲ....ကိုမိုး...

0 အားပေးစကားပြောကြားကြပါ:

Post a Comment