This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Sunday, June 30, 2013

Hard disk ထဲရှိ data များကိုဖွင့်ခွင့်မပေးဘဲပိတ်ထားမယ် (မောင်ပေါက်)

 တစ်ခါတစ်လေမှာကိုယ့်ရဲ့ computer ထဲမှာအရေးကြီးတဲ့ Data သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်
တွေထည့်ထားတဲ့အခါသူများကို computer ပေးသုံးတဲ့အခါဒါတွေကိုမှာမကြည့်စေချင်ဘူး။ပိတ်ထားချင်တယ်
ဆိုရင်အောက်ဖော်ပြပါနည်းအတိုင်းစမ်းသတ်နိုင်ပါတယ်။
1.Runbox ကိုအရင်ဖွင့်ပါ(window +R)။Runbox ထဲမှာ gpedit.msc  လို့ရိုက်ပါ။ Group Policy window ကျလာပါလိမ့်မယ်။
2. User configuration အောက်က AdministrativeTemplate ကို Expend(Right arrowkey)လုပ်ပါ။ပြီးရင် window component ကိုသွားပါ၊
3. window component ကိုလည်း Expend ထပ်လုပ်လိုက်ပါဦး။ ပြီးရင် window explorer ကို တစ်ချက် ဖိလိုက်ပါ.. ရောက်ပြီဆိုရင်တော့ tab ခုန်လိုက်ပါ (သို့မဟုတ်) ညာဘက်ခြမ်းက setting အောက်က Prevent access to drives from my computer ကို Ender ခေါက်လိုက်ပါ..

 
ကျလာတဲ့ဘောက်မှာ enable ကိုရွေးလိုက်ပါ.. ဒါဆိုရင် ဘယ် Drive ကို ပိတ်ထားချင်တာလဲ Pick One of the following Combinations ခေါင်းစဉ်အောက်မှာ Drop Down List ထဲကရွေးပြီး ok ပေးလိုက်ပါ။


ပြီးရင် My Computer ထဲမှာရှိတဲ့ ကိုယ် သတ်မှတ်ပေးခဲ့တဲ့ Drive C:, D: တို့ကိုဖွင့်ကြည့်လိုက်ပါ။ ဖွင့်လို့မရတာကိုတွေ့ရလိမ့်မယ်။ Runbox ထဲကလည်းခေါ်ကြည့်ပါဦး။ ရရင်တော့တစ်ခုခုမှားနေလို့ပေါ့ဗျာ။
လုံခြုံကြပါစေ..
မောင်ပေါက်ထံမှ မသိတာလေး မလာတယ်...

Saturday, June 29, 2013

paypal အကောင့်ဖွင့်ပြီး အွန်လိုင်းမှာ ပိုက်ပိုက်ရှာချင်သူတွေအတွက် (ဟန်ဇွန်)

အရင်ဆုံး https://www.paypal.com/ ထဲဝင် Sing Up ကိုကလစ် နိုင်ငံရွှေးရင်  Thailand ကိုရွှေး 
Personal ကိုရွှေးပြီးကလစ် အကောင့်တွေထည့်တာလွယ်ပါတယ် Password မှာ စာလုံးအကြီးတစ်လုံးပါပါစေ 
ဒီကောင်လေးဘဲ အမှန်အကန်တွေဖြည့်ရမှာ မှားလို့မရဘူး 
Address မှာကြိုက်တာထည့် Province မှာ Ranong ကိုရွှေး 
http://www.geopostcodes.com/ ထဲဝင်ပြီးတော့ အဆင်ပြေတဲ့မြို့ကိုရွှေး 
ကျွန်တော်ကတော့ Ban Na ဆိုတဲ့ မြို့နာမည်ကိုထည့်လိုက်ပါတယ် 
Post code ကတော့  ပုံမှာပါတဲ့အတိုင်း 85120 ထည့်လိုက်ပါတယ်
ဖုန်းနံပတ်ကတော့ 09 ဒါမှမဟုတ် 08 နဲ့စပြိး ဆယ်လုံးပြည့်အောင်ဖြည်ပြီးထည့်ပါ 
နံပတ်အမှန်ဆိုတော့ပိုကောင်းတာပေါ့ 
(0901637850) ကျွန်တော်ဖုန်းနံပတ်ပါ ထည့်ချင်လည်းထည့်နိုင်ပါတယ် 
ဖုန်းမခေါ်နဲ့နော် သူငယ်ချင်းတို့
ပုံမှာပြထားတဲ့ Line နံဘေးက အမှတ်ကိုဖြုတ်ပြီး Agree and Crate အကောင့်ကိုနိုပ်လိုက်ပါ 
အခုလိုပုံစံလေးတွေ့ရမှာဖြစ်ပါတယ် သူပေးထားတဲ့ စာလုံးတွေကို ထည်ပြီး Continue ကိုကလစ်ပါ
 ဘဏ်အကောင့်ဖြည့်ခိုင်းပါမယ် ဖြည့်စရာမလိုပါဘူး MY Accoute ကိုကလစ်လိုက်ပါ
ပြီးရင်ကိုယ်အကောင့်ဖွင့်ထားတဲ့ မေးထဲတစ်ချက်ကြည့်လိုက်ပါ 
paypal ဆိုဒ်က ကုတ်ပို့ထားတာတွေ့ရပါမယ်
ကော်ပီလုပ်ပီးထည့်လိုက်ပါ  အဆင်ပြေပါပီ
 Security questions  ဖြည့်တဲ့အခါမှာ သတိထားပါ 
သေသေချာချာမှတ်ထား အကြောင်းအမျိုးအမျိုးကြောင့် 
Pass မေ့တဲ့အခါ  Security questions  မသိရင် ၀င်မရပါဘူး
ပိုက်ဆံတစ်ကျပ်မှမရှိတဲ့ ကျွန်တော်အကောင့်ပါ 
ဒါကတော့ ပိုက်ဆံ ရှစ်ဒေါ်လာရှိတဲ့အကောင့်ပါ 
အမေရိကန်ယူနိုက်တက် စတိတ်နဲ့ဖွင့်မယ်ဆိုရင် 
www.zip-codes.com  မှာ မှန်ကန်တဲ့လိပ်စာကိုရယူနိုင်ပါတယ် ဖုန်းနံပတ်ကိုတော့ 
http://www.k7.net မှာ မိမိအကောင့်နဲ့ရယူနိုင်ပါတယ် 
ပြီးတော့ အင်တာနက်ပေါ်မှာ ပိုက်ဆံရှာတဲ့ဆိုဒ်တွေကို သိသူများရှိရင် ကွန်မန်ပေးခဲ့လို့ တောင်းဆိုပါတယ် 
http://madevid.com/ ကတော့ ဗီဒီယိုတွေတင်ပြီးတော့ ပိုက်ဆံရှာလို့ရပါတယ် 
သူမှာအကောင့်ဖွင့်ဖို့က paypal  အကောင့်လေးရှိဖို့လိုပါတယ် 
ကိုယ် သီချင်းတွေ ဟာသတွေ တင်ပြီးFace book မှာတင်ပြီး သူငယ်ချင်းတွေကို ကြည့်ခိုင်ရင် 
ကိုယ်က ပိုက်ဆံ အလိုလိုရနေမှာဖြစ်ပါတယ် အဆင်ပြေပါစေ 
နောက်တစ်ခါကျရင် paypal  အကောင့်အသုံးပြုပြီး အင်တာနက်မှာ လိုချင်တာ 
ဘယ်လိုဝယ်ရမယ်ဆို ရှင်းပြပါမယ်
မှ ကူးလာတယ်

iPhone ကို Lock ဖုန်းလား Unlock ဖုန်းလား စစ်နည်း



မိမိတို့ဝယ်လာတဲ့ iPhone/ ၀ယ်မယ့် iPhone ဟာ Lock ဖုန်းဖြစ်နေသလား ဆိုတာကိုသံသယရှိနေသူတွေ အတွက်စစ်ဆေးကြည့်နိုင်ဖို့နည်းလမ်းလေးပါ။ ဂျပန်ကနေပါလာတဲ့ဖုန်းတွေ ၊ အမေရိကန် ဖုန်းအများစုဟာ Lock ဖုန်းတွေပါပဲ။ ဒါကြောင့် အဲဒီကဖုန်းတွေဝယ်မယ်ဆိုရင် ဒီနည်းလေးနဲ့အရင်စစ်ဆေးကြည့်ပါ။ အောက်မှာဆက် လက်ဖတ်ရှုကြရအောင်။- ဖုန်းရဲ့ Setting > General > About ထဲကိုဝင်ပါ။- About ထဲကိုရောက်ပြီဆိုရင်   အောက် ဘက်ကိုအနည်းငယ် Scroll ဆွဲပါ။ IMEI ဆိုတာလေးတွေ့ပါလိမ့်မယ်။ အောက်ပုံမှာပြထားတဲ့ အတိုင်းပါ။

IMEI number ကိုသိရပြီဆိုရင် အဲဒါကိုမှတ်ထားပြီး အောက်မှာပေးထားတဲ့ link ထဲကိုဝင်ပါ။
=>iPhone Lock/Unlock စစ်ရန် <=
အောက်ပါအတိုင်းပေါ်လာပါမယ်။


Enter iPhone IMEI number ဆိုတဲ့နေရာမှာ ခုနတုန်းက ဖုန်းထဲမှာကြည့်ခဲ့တဲ့ IMEI number တွေကိုရိုက်ထည့်ပေးလိုက်ပါ ။ ပြီးရင် Enter ခေါက်ပါ။


ကိုယ့်ဖုန်းနဲ့ပတ်သက်တဲ့ Information အပြည့်အစုံပေါ်လာပါမယ်။ ပေါ်လာတဲ့အထဲကအောက်ဆုံးစာကြောင်းမှာ SIM Lock : ဆိုပြီး ဖုန်းက lock/unlock ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်။ အောက်ပုံအတိုင်းပါ။

ဒီလောက်ဆိုရင် ကိုယ်ဝယ်မယ့် iPhone ဟာ Lock ဖုန်းလား / Unlock ဖုန်းလား ဆိုတာကိုသိရှိနိင်ကြပါပြီ။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Thet Naing Soe (Myanmar Mobile App Store)

ArThawKa-Computer Dictionary လေးပါ

ကဲဗျာ ကောင်းမကောင်း စမ်းသုံးနိုင်အောင် တင်ထားတယ်ဆိုပါတော့ သို့မဟုတ် ပြည့်စုံအောင် တင်ထားတယ်
ဆိုပါတော့လေ.။ ကိုယ်တိုင်ကလည်း မလုပ်တတ်တော့ ကော်ပီလေးပွါးရတာပေါ့ဗျာ.။ ဒီလိုပါဘဲ ဘလော့ရေးနေ
တယ်ဆိုတော့လည်း ဘာမှတာမဟုတ်တယ် ငွေတော့ကုန်တယ်ဗျ.။ ၀င်ငွေလေး ရအောင်တော့ ကမ္ဘာ့ဘဏ်က
မြန်မာနိုင်ငံမှာ အခြေစိုက်လာရင် နောက်တစ်ခုကတော့ Google က ငွေထုတ်လို့ရတဲ့ ဥစ္စာလေး အဆင်ပြေလာ
ရင် ကောင်းမှာဘဲလို့ တောင့်တနေမိတယ်.။ နောက်ပြီး မြန်မာပြည်လည်း Master Card တို့ Visa Card တို့ Pay
Pal တို့ သုံးလို့ အဆင်ပြေရင်တော့ ကလစ်နှိပ်ရင်း ငွေရှာလို့ အဆင်ပြေတယ်.။ ခုတော့ အွန်လိုင်းက ငွေကုန်ဖို့ရာ
ဖန်တီးထားသလို ဖြစ်နေတယ်ဗျာ.။ ကဲကဲ စိတ်မကောင်း မဖြစ်ကြနဲ့ တစ်နေ့တော့ ရောက်လာလိမ့်မယ်.။ လော2
ဆယ်တော့ ဒါလေးသုံးပြီး ကျေနပ်ကြဦးနော်.. မျှော်လင့်ချက်တွေ များနေရင် မကောင်းဘူး အာဏာရှိတဲ့သူတွေ
က ရူးခဲ့လေသမျှ ခံရလေတယ်လို့လည်း သိပ်ကြီး မအောက်မေ့ကြနဲ့ အပြစ်တွေချည်းမြင်နေရင် အချစ်မ၀င်တော့
ဘဲ မုန်းစိတ်နဲ့ နှလုံးမှာ အဆိပ်မိသလို ဖြစ်နေလိမ့်မယ်.။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ..။ 29.6.2013

Friday, June 28, 2013

ဖုန်းအတွက် ခပ်ဆန်းဆန်းဆော့ဝဲလေးများ

ကဲ နာမည်လေးတော့ လှအောင်ပေးထားလိုက်တယ်။ ဖုန်းလာရင် တစ်ချက်လောက်ရမ်းလိုက်တာနဲ့ ကိုင်ပြီးသား
ဖြစ်သွားတဲ့ဆော့ဝဲလေးရယ် မြေပုံကြည့်တာဝါသနာပါတာ သို့မဟုတ်လေ့လာရှာဖွေစူးစမ်းကြတဲ့သူများအတွက်
လည်း အဆင်ပြေစေမယ့် ဆော့ဝဲလေးရယ်.။ နောက်ပြီး အိုင်စုဘူးဆိုပြီး တစ်နေ့က ရထားတဲ့ဆော့ဝဲလေးရယ်
အင်တာနက်ဖုန်းဆော့ဝဲလေးရယ်.။ စုပေါင်းပြီး တင်ပေးလိုက်တယ်ဗျာ.။ 17 MB ထဲပါ သိပ်ကြီးတော့ မကြီးပါဘူး
မကြီးပါဘူးတယ်ဆိုရတာ လိုင်းက မကောင်းချင်ပြန်ဘူး အဲဒီတော့ သုံးလေးခေါက်လောက် တင်လိုက်ရတယ်ဗျာ
ကဲ အားလုံးဘဲ အသစ်အသစ်တွေ့ပြီး အဟောင်းအဟောင်းတွေကိုလည်း မမေ့ကြပါနဲ့ဦးလို့ ပြောရင်းဖြင့်.။ ငမိုးရဲ့
ဒီနေ့အတွက် လက်ဆောင်လေးပေးလိုက်တယ်နော်.။ ကျုပ်ရဲ့မတောက်တစ်ခေါက်ဆိုက်လေးသို့ လာရောက်ကြ
တဲ့ မိတ်ဆွေများ ရှာတတ်ဖွေတတ်အောင်လို့ ကျုပ်အနေနဲ့ မြန်မာ Website တွေရော English Site လေးတွေပါ
ထည့်သွင်းပေးထားပါတယ်.။ မိမိတို့ဟာ နည်းပညာလိုက်စားနေတဲ့ လူငယ်ရွယ်များဖြစ်တာကြောင့် ရှာတတ်ဖွေ
တတ်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်.။ 

Google မှာလည်း ရှာဖွေနိုင်သလို  filecrop.com မှာလည်း ရှာဖွေနိုင်ပါတယ်.။ ရှာဖွေရေး အင်ဂျင်တွေကလည်း
အများကြီးပါဘဲ မြန်မာ့နည်းပညာဆိုက်တွေလည်း အတော်လေးပေါများလှပါတယ် ရှာရဖွေရတာ အလွယ်ကူဆုံး
ဖြစ်မယ်လို့လည်း မျှော်လင့်ပါတယ်.။ အခြားသော နာမည်ကြီးဆိုက်များလောက် ကျုပ်ဆိုက်က မပြည့်စုံပေမယ့်
ဆိုက်လင့်တွေ သိပ်မမှတ်မိတဲ့ ကျုပ်အတွက် မိတ်ဆွေများအတွက် တစ်ဆိုက်ဝင်လိုက်တာနဲ့ အခြားသော နည်း
ပညာဆိုက်တွေကိုလည်း သွားရောက်လေ့လာနိုင်ဘို့အတွက် လင့်တွေ ဆိုက်လိပ်စာတွေ ထည့်သွင်းပေးထား
တာပါ.။ နည်းပညာဆိုက်တွေချည်း လေ့လာချင်တယ်ဆိုရင်တော့ ကျုပ်ကိုယ်တိုင် ပြုစုထားတဲ့ hlamin.blogspot.com ကို သွားရောက် လေ့လာမှတ်သားနိုင်ပါတယ်ဆိုတဲ့ အကြောင်းပါ ဒီနေရာလေးကနေ
အသိပေးပြောကြားလိုပါတယ်.။ ခေတ်လူငယ်တွေဖြစ်သည့်အလျှောက် ဒီလောက်တော့ ရှာတတ်ကြတော့မည်
ဟု ကျုပ်စိတ်ထဲမှာ ထင်မိမြင်မိတယ်ဆိုတဲ့အကြောင်း အသိပေးရင်းဖြင့်..
နည်းပညာ ဗဟုသုတများ တိုးပွါးနိုင်ကြပါစေနော်..။

နည်းပညာဆိုက်များ လေ့လာရန် 

မြန်မာ့ဆက်သွယ်ရေး လုပ်ကိုင်ခွင့်ရ နော်ဝေနှင့် ကာတာကုမ္ပဏီ လာမည့်နှစ်ဆန်းတွင် ဝန်ဆောင်မှုစမည်

အာရှတိုက်တွင် နောက်ဆုံး ကျန်ရှိနေသည့် အကြီးဆုံး ဆက်သွယ်ရေး ဈေးကွက်ကြီးအဖြစ် နိုင်ငံတကာ အိုင်တီ ကုမ္ပဏီများက သတ်မှတ်ထားသည့် မြန်မာ့ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ကိုင်ခွင့် လက်ကျန်နှစ်နေရာကို ရရှိသွားသော နော်ဝေနိုင်ငံမှ Telenol နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့မှာ လာမည့် နှစ်ဆန်းပိုင်းမှ စတင် ကာ ပြည်တွင်းဈေးကွက်တွင် ဖုန်းဝန်ဆောင်မှုများ စပေးနိုင်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီများက ထုတ်ပြန် ကြေ ညာသည်။မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တင်ဒါဝင်ရောက် ယှဉ်ပြိုင်မှုတွင် နော်ဝေနိုင်ငံမှ Telenol နှင့် ကာတာနိုင်ငံမှ Ooredoo ကုမ္ပဏီတို့ ရရှိသွားကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မတီက ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာအပြီး နာရီပိုင်းအကြာတွင် ယင်းကုမ္ပဏီများက အထက်ပါအတိုင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ 


မည်သည့် ကုမ္ပဏီများနှင့်မျှ ပူးပေါင်းထားခြင်း မရှိသေးသော ယင်းကုမ္ပဏီများ၏ ထုတ်ပြန်ချက်အရ ၂၀၁၄ ခုနှစ် မေလ နောက်ပိုင်းတွင် ဖုန်းလိုင်ကတ်များ စတင်ရောင်းချပြီး ဆက်သွယ်ရေး ဝန်ဆောင်မှုများ စပေးနိုင် မည် ဖြစ်သည်။ ထို့အပြင် အကြောင်း အမျိုးမျိုးကြောင့် ရွေးချယ်ခံရသူများ မလုပ်ပါက အစားထိုးအနေနှင့်   ပြင်သစ် တယ်လီကွန်း Orange နှင့် Marubeni ကော်ပိုရေးရှင်း ပူးတွဲကုမ္ပဏီကို အရန်အဖြစ် ရွေးချယ် လိုက်ကြောင်းလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများ ယခုလာမည့် လွှတ်တော်တွင် အတည်ပြုပြီးမှသာ အဆိုပါ ဆက်သွယ်ရေး လိုင်စင်ရ ကုမ္ပဏီများကို လိုင်စင်များ တရားဝင် ချပေးမည် ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ဒီနိုင်ငံမှာက ဖုန်းဆိုတာ ဇိမ်ခံပစ္စည်းတစ်မျိုးလို ဖြစ်ခဲ့တာ။ အခုခေတ်ပြောင်းချိန် ရောက်ပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် အခုအနေအထားက သာတဲ့သူ စားစတမ်း ဖြစ်သွားပြီ။ ဘယ်သူဘယ်လောက် လုပ်နိုင် မလဲဆိုတာက စကားပြောသွားလိမ့်မယ်” ဟု Programmer တစ်ဦးဖြစ်သူ ဦးရဲဝင်းအောင်က မှတ်ချက်ပေးသည်။

ယခုကဲ့သို့ ကြေညာခဲ့ခြင်းသည် အစိုးရအပေါ် ပြည်တွင်းပြည်ပမှ ယုံကြည်မှု ပိုမို ရရှိစေနိုင်ကြောင်း၊ လုပ်ကိုင်ခွင့် ရရှိနေသော ကုမ္ပဏီများသည်လည်း သင့်တော်သည်ဟု ထင်မြင်မိကြောင်း ပြည်တွင်း နည်းပညာ ကုမ္ပဏီ တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာတစ်ဦးက မှတ်ချက်ပေးသည်။ နော်ဝေ အစိုးရက ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သော TELENOL ကုမ္ပဏီက မြန်မာနိုင်ငံတွင် လူတိုင်း မိုဘိုင်းလ်ဖုန်း၊ လွယ်ကူအဆင်ပြေ သက်သာစွာ ကိုင်ဆောင် သုံးစွဲခွင့် ရရှိစေရမည်ဟု ဆက်သွယ်ရေးလိုင်စင် မရရှိမီက ကတိပေးထားသည်။

အဆိုပါ ကုမ္ပဏီသည် ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ နော်ဝေ၊ ဆွီဒင်၊ မွန်တီနီဂရိုး၊ ဒိန်းမတ်၊ ဟန်ဂေရီ၊ ဆားဘီးယားအစရှိသော နိုင်ငံများတွင် ဝန်ဆောင်မှု ပေးနေပြီး ယင်းဝန်ဆောင်မှုကို သုံးစွဲသူ အရေအတွက် ၂၁၄ သန်းရှိပြီး ကမ္ဘာပေါ်တွင် ကိုးခုမြောက် အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ ဖြစ်သည်။
အဆိုပါ ကုမ္ပဏီအနေနှင့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍကို ကမ္ဘာ့အဆင့်မီ ဖြစ်စေရန် HSPA နှင့် LTE နည်းပညာ များကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ငါးနှစ်အတွင်း မိုဘိုင်းလ် ကွန်ရက်ကို တစ်နိုင်ငံလုံး ဖြန့်ကြက်နိုင်ရန် စီစဉ်ထားကြောင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၀၁၄ ခုနှစ် မတ်လ ကျော်လွန်ပါက စတင်ဖြန့်ဖြူး ရောင်း ချနိုင်မည် ဖြစ်ကြောင်း TELENOL က တင်ဒါအောင်မြင်ပြီး နာရီပိုင်းအတွင်း ထုတ်ပြန် ကြေညာခဲ့သည်။
ထို့အပြင် ကုမ္ပဏီ၏ အမည်ကိုလည်း မြန်မာနိုင်ငံ၊ မြန်မာပြည်သူများနှင့်တစ်သားတည်း ဖြစ်စေရန် မြန်မာနိုင်ငံနှင့် လိုက်ဖက်သော အမည်တစ်ခုလည်း ပေးသွားမည်ဟု ယင်းကုမ္ပဏီထံမှ သိရသည်။

အခြားလုပ်ကိုင်ခွင့်ရ ကုမ္ပဏီတစ်ခု ဖြစ်သည့် ကာတာ၊ အိုမန်၊ အင်ဒိုနီးရှား၊ အီရတ်၊ ကူဝိတ်၊ အယ်လ်ဂျီးရီးယား၊ တူနီးရှား အစရှိသော နိုင်ငံများတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေသော Ooredoo ကုမ္ပဏီသည် အသုံးပြုသူ ၉၁ သန်းကို ဆက်သွယ်ရေး ဝန်ဆောင်မှုများ ပေးနေပြီး မြန်မာနိုင်ငံတွင် မည်သည့် ဝန်ဆောင်မှုများ ပေးအပ်သွားမည်ကိုမူ မသိရှိရသေးပေ။ ယင်းကုမ္ပဏီမှာ အခြားယှဉ်ပြိုင်ဘက် ကုမ္ပဏီများကဲ့ သို့ မြန်မာနိုင်ငံသို့ လာရောက်ပြီး ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်း ပြောကြားထားခြင်း မရှိသော်လည်း ဇွန်လ ၂၇ ရက်နေ့ ဆက်သွယ်ရေး လိုင်စင်ရရှိကြောင်း ထုတ်ပြန်အပြီး နာရီပိုင်း အကြာတွင် Ooredoo ၏ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသွားမည့်အပြင် ၎င်းနှင့်ဆက်စပ်နေသော အရောင်းမြှင့် တင်ရေး၊ ကုန်ပစ္စည်း ဖြန့်ချိရေး၊ ဝန်ဆောင်မှုလုပ်ငန်း စသော နယ်ပယ်များတွင်လည်း အလုပ်အကိုင် အခွင့်အ လမ်း မြောက်မြားစွာကို ဖန်တီးပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။

“Ooredoo အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးကွန်ရက် ပိုမိုကောင်းမွန်စေဖို့အတွက် အာဆီယံ ဒေသတွင်းမှာ ရရှိခဲ့တဲ့ အတွေ့အကြုံတွေကို ယူဆောင်လာမှာပါ။ Ooredoo ဟာ ဆက်သွယ်ရေး ကွန်ရက်တွေကို အသုံးပြုရ လွယ်ကူအောင်၊ အသုံးပြုသူတွေ အဆင်ပြေအောင်၊ လူသားတွေရဲ့ လူမှုဘဝတွေတိုးတက်မြင့်မားအောင်ဆောင် ရွက်ပေးမှာဖြစ်လို့ မြန်မာနိုင်ငံဟာ Ooredoo ရဲ့အဓိကဈေးကွက် ဖြစ်လာမယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်” ဟု Ooredoo ၏ဥက္ကဋ္ဌ Mr.Sheikh Abdullah Bin Mohammed Bin Saud Al-Thani က ပြောကြားသည်။

ယခုလိုင်စင် ရရှိသော ပြည်ပကုမ္ပဏီနှစ်ခုနှင့် ပြည်တွင်းမှ Myanmar Telecom၊ ရတနာပုံ ဆက်သွယ်ရေးကုမ္ပဏီတို့ အနေနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတ်မှတ်ထားသော ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်းလိုင်း သုံးဆယ့်ကိုးသန်း ငါးသိန်းကို ချထားပေးရမည် ဖြစ်ရာ၊ ၂၀၁၃-၁၄ တွင် လိုင်း ၁၀ သန်း၊ ၂၀၁၄-၁၅တွင် လိုင်း ၁၄ သန်း၊ ၂၀၁၅-၁၆ တွင် ၁၅ ဒသမ ၅ သန်းတို့ကို ပြည့်မီအောင် တပ်ဆင်ပေးရမည် ဖြစ်သည်။
Credit to The Voice Weekly

Thursday, June 27, 2013

Website များ ဘလော့များ Virus စစ်ရန်အတွက်

ကဲ မိမိတို့ ဘလော့လေး ဆိုက်လေးကို Virus ရန်က ကင်းဝေးအောင် Virus စစ်ကြပါစို့လားကွယ်..။ စစ်လိုက ဒီအောက်ကလင့်လေးအတိုင်းသွားလိုက်ပါ.။ မိမိလိပ်စာ URL လေးထည့်ပြီး စစ်ကြည့်ပေါ့ အဆင်ပြေလား မပြေ
လားဆိုတာကိုပေါ့..။ http://sucuri.net/ ဒီလင့်လေးမှာ စစ်ပါ..။

နင့်ချစ်သူထက် ငါပိုချစ်တယ် - Khant Lin Vs Doe Pat ( 3 creators)

Song Title- နင့်ချစ်သူထက် ငါပိုချစ်တယ် 
Artist - Khant Lin Vs Doe Pat ( 3 creators)
Lyric - Khant Lin & Doe Pat  
Beatz - K Satt MC Studio - String-1
အားလုံးဘဲ ချစ်တဲ့သူတဲ့ ပေါင်းရပါစေ
မုန်းတဲ့သူများနဲ့ ဝေးကြပါစေ..
မျှက်နှာမြင် ချစ်ခင်နိုင်ကြပါစေ..
မပျင်းတဲ့အခါတိုင်း လာလည်နိုင်ကြပါစေ
ပျော်ရွှင်စွာဖြင့် ဘ၀ခရီးကြမ်းကို လျှောက်လှမ်းနိုင်ကြပါစေ.
မိုးကောင်းကင် 28.6.2013 အမှတ်တရ....

ဘိုဘို ၊ ညီပုလေး မိုးတိမ်များရဲ့အကြောင်း

၀၁ ကံကြမ္မာကောင်းကင်
၀၂ အကောင်းဆုံးရွေးချယ်ခြင်း
၀၃ လှည့်ဖြားသူ
၀၄ unchained melody
၀၅ လမ်းခွဲမိုးရေများ
၀၆ ချစ်ခြင်းမေတ္တာ
၀၇ မိုးတိမ်များအကြောင်း
၀၈ မမချာတိတ်
၀၉ နမ်းရှိုက်ခွင့်
၁၀ နောက်ဆုံးအဖြေ
၁၁ အလွမ်းများနဲ့ မိုး
၁၂ စကားလုံးမရှိတဲ့ကောင်းကင်
Click Here

http://axeltkw.blogspot.com/ မှ

သုခမိန်လှိုင်ရဲ့ လူငယ်လေးတစ်ယောက်အကြောင်း (2013)

ကဲဗျာ နည်းပညာတွေချည်း လေ့လာနေရတာ ပျင်းရောပေါ့ မြူးကြွသံစဉ် ငြိမ့်ညောင်းသာယာတဲ့ သံစဉ်လေးတွေ
နားထောင်နိုင်အောင်ပေါ့ဗျာ.ကူးလာတယ်ဆိုပါတော့.။ ဒါကတော့ ကျုပ်အကြိုက်ဆုံးဆိုက်လေးတစ်ခုက ဆွဲ
လာတာ.။ ဘာကြောင့်လည်းဆိုတော့ကာ သူ့ဆိုက်က စီးတီးအလိုက် တင်ပေးလို့လေ ကိုယ်လည်း သူ့ဆိုက်မှာ
ဆွဲထားတဲ့ သီချင်းတွေ မနဲတော့ပါဘူး.။ ခု သီချင်းက မကြားဖူးသေးတဲ့ အဆိုတော်လေ အဲဒါကြောင့် ကောင်း
တယ် မကောင်းဘူးဆိုတာ နားသောတဆင်ရင်း ခံစားကြည့်ရမယ်.။ ကဲဗျာ ဂီတရဲ့ ကြည်မြတဲ့ သံစဉ်ကို နားဆင်
လိုရင်ဖြင့် မနှေးယခု ပြေးလို့သာ ရှုကြပေတော့.။ ကဲ ရွာသားရေ.ဂီတဆိုတာ ဘာလဲဆိုတာ သိရအောင် ဆိုင်းမ
ဆင့် ဗုံမဆင့် ဖွင့် ဖွင့်..ဖွင့်..။ http://axeltkw.blogspot.com/ မှ

ရာသီခွင်အချစ်ဗေဒင် v1.0 for Windows XP/7/8


မိမိတို့ရဲ့ရာသီခွင်အလိုက် အချစ်ရေးကံအကြောင်းလေးတွေကိုသိရှိနိင်မယ့် ကွန်ပျူတာဆော့ဝဲလေးပါ။ Install လုပ်စရာမလိုတဲ့ AutoPlay application လေးဖြစ်တာကြောင့် သုံးရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ကောင်းပါတယ်။ ဒီ Tool လေးကိုရေးသားထားသူကတော့ Ko Sit Naing Htun လို့သိရပါတယ်။ မိမိတို့ရဲ့ရာသီခွင်အလိုက် အချစ်ရေးကံအကြောင်းလေးတွေကိုသိရှိချင်သူတွေအတွက် ရာသီခွင်အချစ်ဗေဒင် v1.0 for Windows XP/7/8 ကိုအောက်က link မှာရယူနိုင်ပါတယ်။http://www.myanmarupdatechannel.com ရလာတယ်..။

ဆော့ဝဲလ် တွေကိုမြန်မာလိုပြင်သုံးမယ်ဆိုဘဲ

ကဲဗျာ စမ်းသပ်အသုံးပြုနိုင်အောင် ဒါလေးမှတ်စုထဲ ပစ်ထည့်လိုက်တယ် ။ကောင်းမယ်ထင်တာဘဲနော်. ကျုပ်ကိုယ် တိုင်တောင် မစမ်းရသေးဘူး တွေ့တာနဲ့ ယူလာတယ် အကြိုက်ချင်းတူရင်စမ်းနိုင်အောင်ပေါ့ဗျာ.။ မူရင်းကတော့ အောင်ကျော်ခိုင် ကပါ..။ 


အမှန် တကယ် ကတော့ အပေါ် ကဟာ က အင်္ဂလိပ် လို့ပဲသုံးလို့ရပါ ဗမာကိုရွေးသုံးလို့ရတဲ့နည်းခုရေးပြပါမယ် လွယ်လွယ်လေးပါ အရင်ဆုံး install လုပ်ထားတဲ့ folder ဆီသွားပါ program files ထဲမှာရှိတာများပါတယ် ပြီးရင် အဲထဲ့က language folder ထဲ့သွားလိုက်ပါ
နာမည် တချို့ကျတော့ lang လို့ပေးထားတယ် အောက်မှာကြည့်ပါ ဖိုင်တွေ တွေ့ပါလိမ့်မယ်


English ကို ကော်ပီပွားလိုက်ပါ ပြီးတော့ note pad နဲ့ဖွင့် အောက်ကလို့ပြင်လိုက်ပါ စိတ်တိုင်းကျဘာသာပြန်ပြီးတော့ save လိုက် ပါ ကျတော် တော့ myanmar လို့ save လိုက်တယ်

ကဲ့ ပြီးရင် setting ထဲ့ဝင်ပြင်ပြီးတော့ သုံးလို့ရပါပြီ ပြီးရင် winrar နဲ့ portable ဖြစ်အောင် လုပ်ပြီးတော့ သူများတွေကိုပေးရင်းဖိန် ပေါ့ဗျာ ကျတော်လုပ်တာလေ ဒီဟာ ဖတ်မိရင်တော့ဆဲခံရမှာမြင်ယောင်သေး။



Wednesday, June 26, 2013

Android ဖုန်းများအတွက် နောက်ဆုံးပေါ် Driver အချို့စုစည်းမှု Android USB Drivers for Windows / Mac / Linux OS




မိတ်ဆွေများအတွက် Android နဲ့ PC ချိတ်ဆက်ဖို့ နောက်ဆုံးထွက် Official Driver တွေကို တင်ပေးလိုက်ပါ တယ်..  Windows , Mac , Linux OS တွေအတွက်ဖြစ်ပါတယ်.. Latest Official Driver ဖြစ်တာကြောင့် အရင်က မသိတဲ့ Driver တွေကိုလည်း ဒီမှာ အဆင်ပြေစေမှာပါ.. ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပြီး လက်တည့် စမ်းနေသူများ၊ လေ့လာနေသူများ၊ Service သမားများ အဆင်ပြေစေမှာဖြစ်ပါတယ်..
Google Nexus   SAMSUNG  HTC  HUAWEI   LG  ASUS  NEXUS 7  PC Companion
http://www.mmithelper.com  မှ ကူးယူဖော်ပြထားတယ်..။ တစ်ဖြေးဖြေးနဲ့ ပြည့်စုံလာအောင်ပေါ့ဗျာ.။
 

ခံစားချက်နှစ်ခုကို တစ်ပြိုင်နက်ဖောက်ထုတ်ကြည့်ခြင်း (ယနေ့ပြင်ဦးလွင်သွား)

သြော် တယ် ခက်ပါလားကွယ် ကိုယ်က ကောင်းအောင် အဆင်ပြေအောင် လုပ်ပေးပေမယ့် အခန့်မသင့်လို့ အဆင်မပြေတဲ့အခါ သူတို့ခဗျာ ကိုယ့်ကို နားလည်မှု မပေးနိုင်ကြဘူးနော် သူတို့စိတ်ထဲမှာ ကိုယ့်ကို လူဆိုး တစ်ယောက်လို ထင်နေတယ် မြင်နေတယ် ကျုပ်ခုတစ်လော ကံဆိုးနေတယ် ကိုယ်က အကောင်းပြောပေမယ့် အကောင်းဆုံး ဖြစ်အောင် လမ်းညွန်ပြပေမယ့် ကိုယ်အပေါ် အကောင်းမမြင် မကောင်းမြင်နေတယ် မင့်မှာလည်း   လောဘ ဒေါသ မောဟရဲ့ သားကောင်ဖြစ်နေပြီဆိုတာ သတိလေးတော့ ထားပါဦးကွာ ပညာရှိ သတိဖြစ်ခဲ ဆိုသလို ဆိုရင်တော့ ကောင်းပါတယ် သို့သော် ကိုယ်ကိုင်စွဲတဲ့ မူဝါဒဟာ ပြင်သင့်ရင် ပြင်ရမယ် လောကနှင့် ဆန့်ကျင်နေလျှင် ကိုယ့်အနေနဲ့ မှန်တယ်ဆိုပြီး ဖင်ပိတ်မငြင်းသင့်ဘူး ပြောရရင် မင်းဟာ ငါ့ထက် လူဖြစ်စောပါ တယ် သို့သော် အသိပညာနဲတာလား မိုက်ရူးရဲ ဆန်တာလား အဲလိုဖြစ်နေရင်တော့ မင်းဟာ ငါ့ထက် အသက် တစ်ထောင်ကြီးနေပါစေ မင့်ဟာ ငါ့ရဲ့ညီပါဘဲ အသက်ကြီးပြီး ပညာနဲရင်တော့ မင်းဟာ ဘယ်တော့မှ လူကြီးမဟုတ်ဘူး ကလေးပါဘဲ သို့မဟုတ် မင်းဟာ လူအိုပါဘဲ အဲဒီတော့ လူကြီးလား ကလေးလား 

လူအိုလားဆိုတာ ကိုယ့်ဖာသာကို ဝေဘန်ပါ အဓိကအချုပ်အနေနဲ့ ပြောရရင် ကိုယ့်လုပ်တဲ့အလုပ် ကိုယ်ချမှတ်တဲ့ မူ ကိုယ်ပြောခဲ့တာ တွေကို စဉ်းစားပြီး ဆုံးဖြတ်ပါ ဒေါသဖြစ်နေတဲ့ စိတ်နဲ့ ဆုံးဖြတ်သုံးသပ်နေရင် အဒီဆင်းရဲ တွင်းထဲက ဘယ်တော့မှ မလွတ်တော့ဘူး အဒီ သံသရာထဲမှာဘဲ ဝဲလှည့်သလို တရစ်ဝဲဝဲ ဖြစ်နေမယ် မိမိကြောင့် မိမိပတ်ဝန်းကျင်ပါ စိတ်ဆင်းရဲရမယ် ဒီလို ကိုယ်တည်းဟူသောအကြောင်းကြောင့် မိမိသူတစ်ပါး နှစ်ဦးသား စိတ်ဆင်းရဲစရာတွေ လုပ်နေမယ့်အစား ပြေလည်အောင်ညှိနှိုင်း အဖြေရှာသင့်တယ် အဖြေရှာပါသော်လည်း ညှိနှိုင်းပေးတဲ့ သူတွေကို ထပ်ဆင့် အပြစ်မြင်နေရင်တော့ မပြီးဆုံးတဲ့ ဇာတ်လမ်းလေး ဖြစ်သွားမယ် မပြီးဆုံးသေးတဲ့ ဘဝသံသရာ လောကကြီးထဲမှာ ဆိုဆုံးမ လွယ်ကူသော သူတို့နှင့်သာ ပေါင်းသင်းနေထိုင်လို ပါတယ် ကိုယ့်ထက်တော်သူ တတ်သူ လိမ္မာယဉ်ကျေးတဲ့ လူ့အသိုင်းဝိုင်း သူတော်ကောင်း အသိုင်း အဝန်းနဲ့တစ်ကွ စိတ်ချမ်းသာစွာဖြင့် နေထိုင်ရပြီး ဘဝရဲ့ချုပ်ရာ ဇာတိ ဇရာ မရဏတို့ မဖြစ်တော့တဲ့ နိဗ္ဗာန်ကို ရလိုပါတယ်လို့ပြောရင်း အတိုမချုပ်ဘဲ အရှည်ချုပ်မိတဲ့အတွက် နာလည်ပေးနိုင်ကြပါ..ခံစားချက်နှစ်ခုကို တစ်ပြိုင်နက်ဖောက်ထုတ်ကြည့်ခြင်း ဖြစ်ပါတယ်..။ အမှန်ပါဘဲဗျာ ကျုပ်ဘ၀မှာ ဒီလိုအခက်အခဲလေးတွေလည်း
ရှိပါတယ် လူတိုင်းမှာလည်း တစ်နေ့မဟုတ်တစ်နေ့ ရှိနိုင်ပါတယ်.။ သို့သော်လည်း ကျုပ်ကသူများနဲ့ မတူတဲ့အချက် အားသာချက်လေးတွေရှိပါတယ်.။ 

ဘာလဲဆိုလို့ရှိရင် စိတ်ဆင်းရဲစရာတွေ တွေ့နေရတယ်ဆိုရင်တောင် စိတ်ချမ်းသာစရာလေးတွေကို တွေးတတ်တဲ့
အကျင့်လေး ဖြစ်နေလို့ပါ .။ ဟုတ်တယ်ဗျာ များသောအားဖြင့် လူတွေဟာ အာရုံပြောင်းနည်းကို မတတ်ရင် ရင်ထဲမှာ မီးလောင်သလို ပူပြင်းတဲ့ ဒဏ်ကို ခံစားကြရတာကို မြင်ဖူးပါတယ်.။ လူတိုင်းနီးပါးပါဘဲ..စိတ်ဆင်းရဲစရာ
အကြောင်းတစ်ခု ဖြစ်လာရင် တစ်ခြားတွေးစရာတွေကို မတွေးတော့ဘဲ အဲဒီစိတ်ဆင်းရဲစရာလေးကိုဘဲ ထပ်တလဲလဲ တွေးပြီးတော့ ပူပန်နေကြတာများပါတယ်.။ ကျုပ်ကအဲဒီနေရာလေးမှာ ပေါ့ပေါ့တန်တန်နေတယ်ဘဲ
ထားပါတော့ သိပ်ပြီး လေးနက်မှုမထားမိဘူး အဲဒါကြောင့်လည်း စိတ်ချမ်းသာတယ်ထင်တာဘဲ..။ သူများတွေလို
စိတ်ဆင်းရဲလှတယ်ဆိုပြီးလည်း သိပ်တော့ မငြီးငြူမိဘူး အပြစ်လည်း သိပ်တော့မပြောဖြစ်ဖူး..မဟုတ်ဘူး မှားနေ
တာ မြင်ရင်တော့ ရှင်းရှင်းဘွင်းဘွင်း ပညာသားမပါဘဲ ဒဲ့ပြောတတ်တဲ့ အကျင့်လေးပါနေတယ်ဗျာ..။

ဒဲ့လို့ ပြောတာနဲ့ ချဲတောင် စိတ်ကူးပေါ်လာပြန်ပြီး ကိုယ့်အစ်ကိုတစ်ယောက်ပြောတဲ့ ဂဏန်းလေးဘဲ ထိုးထားပါ
တယ်..။ မောင်လမင်းကလည်း ၀ါသနာတူသူဖြစ်ပါလိမ့်မယ်.။ ကိုယ်လည်း သုံးလုံးတော့ နဲနဲဝါသနာပါတယ်.။
စိတ်ကူးရင်လို့တော့ အကောင်းသားဘဲ မပေါက်တတ်ပါဘူးဗျာ.ပေါက်တော့ပေါက်ဖူးပါတယ်.200 ဘိုးနဲ့တော့
ဘာမှ မလုပ်လောက်ပါဘူး..။ ဒီတစ်ပါတ်မှာတော့ ကိုယ့်အစ်ကိုကြီး ဂဏန်းတစ်ပေါက်တော့ ထိုးထားပါတယ်.။
ရှေ့ကတော့ 3 နောက်နှစ်လုံးပေါင်း7 ဆယ်ဂဏန်းပေါ့ဗျာ..။ 370 ထိုးထားတာဘဲ ပေါက်ရင်တော့ စားရမှာပေါ့.။
မပေါက်ရင်တော့ ဒုံရင်းပါဘဲ..။

ကဲ အားလုံးဘဲ နားလည်ပေးကြပါဦးဗျာ ခုတစ်လော ရွာကဧည့်သည်တွေ ရောက်နေလို့ ဘုရားဖူးခရီးရှည်တွေ
သွားနေရတယ်..။ အဲဒါကြောင့် ဒါလေးကိုလည်း ပြစ်ချထားရတယ်..။ မန်ဘာတွေကို ရေးဖို့ ဖိတ်ခေါ်နည်းလေး
က အဆင့်မြင့် အင်တာနက် အသုံးပြုနည်းမှာ ကြည့်လုပ်တာ ပုံတွေက မတူတော့ဘူးဗျာ။ အဲဒီတော့ နဲနဲ လှုပ်ရှား
ရခက်နေတယ်.။ အဲဒါလေး အဆင်ပြေရင်တော့ သူများကိုလည်း နဲနဲ အကူအညီတောင်းရဦးမှာဘဲ.....

အားလုံး ကိုယ်ရော စိတ်ရော ရွှင်လန်းချမ်းမြေ့ကြပါစေ......

Saturday, June 22, 2013

စာအုပ်ပေါင်းများစွာ ဒေါင်းလိုသူများအတွက်

ကဲဒီနေ့တော့ (နည်းပညာ ရပ်ဝန်းစုံ) ရဲ့ ရှာဖွေအားထုတ်ထားမှုလေးကို တင်ပေးလိုက်ပါတယ်ဗျာ.။ ဒီလင့်လေး
မသေခင် ဒေါင်းလို့ရတုန်းလေး ဒေါင်းလော့ချထားလို့ရအောင် လင့်လေးတွေယူလာတယ်ဗျာ.။ ကျုပ်ကလည်း စာအုပ်တွေ သိပ်မဖတ်ပေမယ့် စာပေချစ်သူများအတွက်ပေါ့ဗျာ.။ ကိုယ့်အတွက်လည်း မှတ်စုသဘောလေးဖြစ်
အောင်ပေါ့.။ စုထားတယ် တစ်ချို့ကတော့ ဥထားတယ်ပြောတာဘဲ ကိုယ်တော့ စုထားတယ်ဘဲထားပါ.။ နည်းပ
ညာ စာအုပ်လေးတွေပါ.။ သူ့တို့တွေလည်း တတ်နိုင်သလောက် စုနေကြတာဘဲ..။ Mediafire မှာ တင်ထားတာ
ဆိုတော့ လင့်က သိပ်မသေချာဘူး.။ သို့သော် ကျုပ်မနှစ်ကတည်းက တင်ထားတဲ့ မဟုတ်တရုတ်လေးတွေတော့
မပျက်ရှာဘူးဗျ.။ ဘာကြောင့်လည်းဆိုတော့ သူ့အကောင့်ထဲကို ထပ်ပြီးတော့ မတင်တော့ဘူး တင်တာကလည်း
စာအုပ်လေးတွေဘဲကြောင့်မို့လား မသိဘူး မပျက်ရှာဘူး.။ သြော် အဲလိုပါဆို Mediafire ကလည်း...။ ဒါပါဘဲ.။
 ၁၃၀ ကျော်ဆိုတော့ Rar နဲ့ ချုံ့ထားတာ သုံးဖိုင်တင်ပေးလိုက်တယ်။ အလွယ်တကူဒေါင်းလို့ရအောင်လို့ ....။

ဖိုင် (၁) ဒေါင်းရန် >>> Download <<< 
ဖိုင်(၂) ဒေါင်းရန် >>> Download <<<
ဖိုင်(၃) ဒေါင်းရန် >>> Download <<<

Friday, June 21, 2013

လွယ်လွယ်ကူကူ ကျော်ကြရအောင် (နေမင်းမောင်)


အခုတော့ Proxy သုံးဖို့ လိုအုံးမလား မလိုဘူးလားတော့ မသိတော့ပါဘူး .. ဒါပေမယ့် ကျွန်တော်တို့ စီမှာတော့ အခုသုံးဖို့ လိုအပ်နေသလို တစ်ခြား မသိသေးတဲ့ သူတွေ ရှိရင်လည်း အဆင်ပြေအောင် Proxy Sever ရဲ့ Ip Address ကို အသုံးပြုပြီး မိမိတို့ ကိုကြည့်ရှုဖို့ ခွင့်မပြုပဲ ပိတ်ထားတဲ့ ဆိုဒ်မျိုးတွေကို Proxy ကျော်ပြီး ကြည့်တဲ့ နည်းလမ်းလေးကို ရေးပေးသွားပါမယ် .. Proxy ကျော်ကြတာတော့ အမျိုးမျိုးပါပဲ .. တစ်ချို့ကလည်း ဆော့ဝဲလ်သုံးပြီး ကျော်ကြတယ် .. တစ်ချို့ကျတော့လည်း Proxy Sites တွေကနေ တစ်ဆင့် ကျော်ကြတယ် .. အခု Proxy Sever ရဲ့ IP Address ကိုထည့်ပြီး ကျော်တဲ့ နည်းလမ်းလေးကိုတော့ အသုံးပြုရတာလည်း အဆင်ပြေသလို လွယ်လည်း လွယ်ကူပါတယ် .. 

နည်းလမ်းလေးကို ရေးပေးသလို အသုံးပြုဖို့ အတွက် Proxy IP Address ကိုလည်း ကျွန်တော့် ဆိုဒ်ရဲ့ အပေါ်ဘားမှာ ဖော်ပြပေးထားမှာ ဖြစ်ပါတယ် .. ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်တာက ကျွန်တော် Proxy IP Address တွေ အများကြီး တင်မပေးတော့ပါဘူး .. ကျွန်တော်ကိုယ်တိုင် စမ်းကြည့်ပြီး တကယ်သုံးလို့ အသုံးဝင်မဲ့ ကောင်လေးကိုပဲ တင်ပေးပါမယ် .. အခုကျွန်တော် တင်ပေးထားတဲ့ ကောင်လေးဆို ကော်နက်ရှင် ကောင်းသလို အခုအချိန်ထိလည်း အသုံးပြုလို့ ရနေပါသေးတယ် .. အခုတင်ပေးထားတဲ့ ကောင်လေး အဆင်မပြေတော့ဘူး ဆိုရင်တော့ အသစ်ထပ်ရှာပြီး တင်ပေးသွားမှာ ဖြစ်ပါတယ် .. ကျွန်တော် အသုံးမပြုတက်သေး သူတွေအတွက် အဆင်ပြေအောင် Firefox နဲ့ Chrome နှစ်မျိုးမှာ ဘယ်လို အသုံးပြုရမယ် ဆိုတာကို ပုံလေးတွေနဲ့ ရှင်းပြပေးပါမယ် .. 
အရင်ဆုံး Firefox မှာ မိမိတို့ အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address ကို ဘယ်လို ထည့်ပြီး အသုံးပြုရမယ် ဆိုတာကို ရေးပေးပါမယ် .. အရင်ဆုံး မိမိတို့ရဲ့ Firefox ကို ဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့ အတိုင်း Firefox Option ကိုသွားလိုက်ပါ ..
အောက်က ပုံအတိုင်း Firefox Option  Box  လေး ပေါ်လာပြီ ဆိုရင်တော့ မြားပြထားတဲ့ အတိုင်း အဆင့်ဆင့် Setting ကိုသွားလိုက်ပါ .. 
ပြီးရင် ကျွန်တော်တို့က မိမိတို့စိတ်ကြိုက် Proxy Sever ရဲ့ IP Address ကို ထည့်ပြီး အသုံးပြုချင်တာ ဖြစ်တဲ့ အတွက် Manual proxy configuration ကိုရွေးလိုက်ပါ .. ပြီးရင် အောက်ကပုံအတိုင်း မိမိတို့ အသုံးပြုမဲ့ HTTP Proxy နဲ့ Port ကိုထည့်ပေးလိုက်ပါ ..
အပေါ်က ပုံအတိုင်း ဖြည့်ပြီး သွားပြီ ဆိုရင်တော့ OK ပေးဖို့ မမေ့ပါနဲ့ ဒါမှသာ မိမိတို့ အသုံးပြုမဲ့ Proxy က အလုပ်လုပ်မှာ ဖြစ်ပါတယ် .. ဒါကတော့ Firefox မှာ Proxy Server ရဲ့ IP Address ကိုထည့်ပြီး အသုံးပြုတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ် .. 
ကျွန်တော် ဆက်ပြီးတော့ Google Chrome မှာ အသုံးပြုချင်သူတွေ အတွက် ဘယ်လို အသုံးပြုရမယ် ဆိုတာကို ဆက်ပြီး ရေးပေးသွားပါမယ် .. အရင်ဆုံး မိမိတို့ရဲ့ Google Chrome ကိုဖွင့်လိုက်ပါ .. ပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း Option ကိုသွားလိုက်ပါ .. 
အောက်က ပုံမှာ ပြထားတဲ့ အဆင့်ကို ရောက်ပြီ ဆိုရင်တော့ မိမိတို့ အသုံးပြုချင်တဲ့ Proxy Sever ရဲ့ IP Address ကို ထည့်ပြီး အသုံးပြုနိုင်ဖို့ အတွက် Setting ကို သွားလိုက်ပါ .. အောက်မှာ ပုံလေးတွေနဲ့လည်း ပြပေးထားပါတယ် ..

အောက်ကပုံအတိုင်း မိမိတို့ သုံးချင်တဲ့ HTTP Proxy နဲ့ Port ကိုထည့်ပြီး အမှန်ခြစ်လေး ပေးလိုက်ပါ .. ပြီးရင် အားလုံးကို OK ပေးလိုက်ပါ ...
ဒါဆိုရင်တော့  မိမိတို့ ကိုပိတ်ထားတဲ့ ဆိုဒ်တွေကို ဘာ Proxy Software ၊ Proxy Link တွေမှ သုံးစရာမလိုပဲ အလွယ်တကူနဲ့ ကျော်ပြီး ကြည့်လို့ ရသွားမှာ ဖြစ်ပါတယ် .. 
အားလုံးပဲ အဆင်ပြေကြပါစေ .. ကျေးဇူးတင်ပါတယ်ခင်ဗျာ .. နေမင်းမောင်မှ ကူးယူဖော်ပြထားတယ်

CCProxy 7.3 Full Version

ကဲဒီဆော့ဝဲလေးကတော့ လူတိုင်းရင်းနှီးပြီးသားပါ.။ ကျော်တာခွတာ ၀ါသနာပါတဲ့ သူတွေအတွက်ပေါ့ဗျာ.။ Procxy ကျော်ပြီး ကြည့်ရတာပေါ့ဗျာ ကိုယ်တော့ ဘယ်ဆိုက်ကို ကျော်လို့ ၀င်ရမှန်းတောင် မသိပါဘူးဗျာ.။ စမ်းသပ်ရင်လည်း အစမ်းခံပါ့မလားတောင် မသိပါဘူး ကိုယ်ကြည့်ချင်တာက ထိပ်တန်းလျှို့ဝှက်ချက်တွေလေ.။
ဘယ်သူမှလည်း လွယ်လွယ် ကြည့်ခွင့်ပေးမှာမဟုတ်ပါဘူး အဲဒီတော့ မကျော်တော့ဘူးပေါ့ ကျော်ချင်သပါ့ဆိုရင်
တော့ စမ်းကျော်ကြည့်ပေါ့ ။ ကျော်နိုင်ခွနိုင်ဖို့အတွက် ကိုယ့်မှာ ကိုယ်ခံပညာတော့ ရှိမှဖြစ်မှာနော် မရှိရင်တော့ ကိုယ့်အကောင့်လေးပါ ပါသွားမယ်ဗျာ.။ ကဲကဲ ဘာမှတော့မဟုတ်ဘူး ကိုယ့်ဆိုက်ထဲမှာ မရှိသေးလို့ တင်လိုက်
တာ.။ အသုံးပြုနည်းကတော့ Help ဆိုတာလေးနှိပ်ကြည့် ပုံလေးတွေနဲ့ ပြထားတယ်.။ Patch ဖိုင် Keygen ဖိုင်
လေးပါတယ်ဟေး..။

PD-Proxy VPN v2.2.0 လေးပါကွယ်

ကဲဗျာ ကောင်းမကောင်းကတော့မသိဘူး.။ သူကလည်း ဒီဆော့ဝဲလေးတစ်ခုနဲ့ Websit တောင်ထောင်ထား
တယ်ဆိုတော့ ပေါ့သေးသေးဆော့ဝဲ မဟုတ်ဘူးဆိုတာလောက်တော့ သိပါတယ်.။ ခုနောက်ပိုင်းကတော့ ကျော်ခွ
စရာမလိုလောက်အောင် အတော်များများ ကြည့်လို့ရနေတယ်ဆိုတော့ သိပ်တော့မလိုအပ်ဘူးထင်တာဘဲဗျာ.။ သို့သော်လည်း လျှို့ဝှက်တဲ့ဆိုက်တွေကို မြန်မာပြည်ကသာမက အခြားသောနိုင်ငံများကပါ မကြည့်စေချင် မမြင်
စေချင်တဲ့ဆိုက်တွေရှိပါလိမ့်မယ်.။ အဲဒီလိုဆိုက်ပေါ့ဗျာ အဲဒါတွေကို ကြည့်ချင်ရင် ကျော်ကြခွကြရတယ်ဆိုဘဲ..။ ကိုယ်ကတော့ အခွကလည်း သိပ်ဝါသနာမပါတော့ ထောင်လည်းမကျဖူးဘူးပေါ့ ခွတာလည်း သေချာခွကြကွယ်
အခွမတော်ရင် ထောင်ကျပါလိမ့်မယ်.။ ကျော်ခြင်းကလည်း ဒီလိုပါဘဲ အကျော်မတော်ရင်တော့ နာမည်ပျက်မယ်
ကျော်တယ်ဆိုတာက မြန်မာစကားလုံးဆိုတော့ သိပ်ကျယ်ဝန်းတယ်လေ.။ နာမည်ကျော်တာလား ဘာလားပေါ့
ဗျာ.အဲဒါတွေပေါ့.။ ကဲဗျာ စမ်းသုံးလိုရင်တော့ ယူသွားကြပေါ့.မူရင်းဆိုက်လင့်လေးပါ ထည့်ပေးလိုက်ပါတယ်။   အောက်မှာ သူ့မူရင်းရေးသားချက်လေးပါတယ်


Instructions:

1. Sign up for an account ( )
2. Download and unzip PD-Proxy HERE
3. Open PD-Proxy.exe When a prompt message asking you to install a driver press Yes.
4. Press connect and wait till it says that you are connected.
5. Enjoy browsing the internet safely and securely...

Notes:
1. Make sure that you have activated your registered account.
2. Make sure the program has administrative privileges when using Vista/7
3. Make sure you have an active internet connection.
4. Check the debug mode and upload your logs at the forum [forum link]
အဆင်ပြေပါစေ

မြောက်ကိုရီးယား နိုင်ငံ၏ စစ်စွမ်းအား

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ နှလုံး ရောဂါဖြင့် သေဆုံးပြီး   နောက်ပိုင်း ၎င်း၏ အရိုက်အရာကို ဆက်ခံမည့် တတိယမြောက်သား ကင်ဂျုံအွန် (အသက် ၂၇ နှစ်)သည်
နျူကလီးယား လက်နက်ငယ်များ၊ ဓာတုဗေဒ လက်နက်များနှင့် အမြောက်များဖြင့် ပြည့်နှက်နေ သည့် ကြီး မားသော တပ်မတော်နှင့် အတူ စီးပွားရေး ချွတ်ခြုံကျ၍ အထီးကျန်နေသော နိုင်ငံကို အမွေ ဆက်ခံ ရရှိသွား မည် ဖြစ်ပါသည်။ မြောက်ကိုရီးယား စစ်တပ်သည် နျူလက်နက်၊ ဓာတုနှင့် ဇီဝလက်နက်များကို ပိုင်ဆိုင်ထား သည်ဟု လေ့လာသူ ပညာရှင် အများစုက ယူဆထားပြီး တိုင်းပြည် ဆင်းရဲမွဲတေ နေသည့်ကြားမှ ၎င်းနိုင်ငံ ၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ရှိမည်ဟု ယူဆ ရပါသည်။

 

နျူကလီးယား လက်နက်များ

မြောက်ကိုရီးယား နိုင်ငံသည် Atomic ခေါ် နျူလက်နက်များ ၆ ခုမှ ၇ ခုအထိ ထုတ်လုပ်ရန် လုံလောက်သော ပလူတိုနီယံများ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း နိုင်ငံတကာက ယူဆ ထားပါ သည်။ သို့သော် လက်ရှိ အခြေအနေ တွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ၎င်းတို့၏ ဒုံးကျည်များ၌ တပ်ဆင်ရန် အတွက် နျူထိပ်ဖူးများ အမှန်တ ကယ် ထုတ်လုပ်နိုင်စွမ်း ရှိ/မရှိမှာ သေချာ ရေ ရာခြင်း မရှိသေးဘဲ လေ့လာ ဆန်းစစ် သူများကမူ အဆိုပါ အခြေအနေသို့ ရောက်လုနီးပါး ဖြစ်သည်ဟု ယုံကြည် ထားပါသည်။

ဒုံးကျည်များ

မြောက်ကိုရီးယား နိုင်ငံသည် အမျိုးအစား ပေါင်းစုံ ပါဝင်သော ဒုံးကျည် အရေအတွက်ပေါင်း အနည်းဆုံး ၁ဝဝဝ ကျော် ပိုင်ဆိုင် ထားရှိပြီး ထိုအထဲတွင် အကွာအဝေး ကီလိုမီတာ ၃ဝဝဝ ကျော် (၁၈၆ဝ မိုင်) ပစ်ခတ် နိုင်သည့် ဒုံးကျည်များလည်း ပါဝင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြား ထား ပါသည်။ ထို့ပြင် Taepodong တိုက်ချင်းပစ် ဒုံးကျည် ၃ စင်းကို လည်း စမ်းသပ် ပစ်ခတ်ပြီး ဖြစ်ကြောင်း သိရ ပါသည်။

ဓာတုနှင့် ဇီဝလက်နက်များ

အမေရိကန်နှင့် မဟာမိတ် အဖွဲ့များမှ စစ်ရေး အစီအစဉ် ရေးဆွဲသူများက တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားသို့ သမားရိုးကျ စစ်ပွဲ ပုံစံအရ စီးနင်း တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ယုံကြည် ထားသော်လည်း အကယ်၍ တိုက်ခိုက် ခဲ့ပါက ပြုံယမ်းဘက်မှ ဓာတုနှင့် ဇီဝလက်နက်များ မည်သို့မည်ပုံ အသုံးပြုလာမည် ဆိုသည့် အချက်ကို စိုးရိမ် ပူပန်လျက် ရှိပါသည်။

မြောက်ကိုရီးယား နိုင်ငံသည် ဓာတု လက်နက်ပေါင်း တန်ချိန် ၂၅ဝဝ မှ ၅ဝဝဝ အထိ ပမာဏ အများအပြား သိုလှောင် ထားရှိကြောင်း ဆိုးလ်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အခြားေ သာ လေ့လာသူများက ခန့်မှန်း ပြောကြားထားပြီး ထိုအရေ အတွက်သည် တောင်ကိုရီးယား နိုင်ငံအား ကြောက်မက်ဖွယ်   ကောင်းအောင် သေကြေ ပျက်စီးမှုများ ဖြစ်ပေါ်စေရန် လုံလောက်ပါ သည်။ ဓာတု ပစ္စည်းများကို တာဝေးပစ် အမြောက်များ၊ ဒုံးပစ် လောင်ချာများနှင့် ပဲ့ထိန်း ဒုံးများတွင် ထည့်သွင်း တပ်ဆင်၍ လေယာဉ်နှင့် ရေတပ် သင်္ဘောများပေါ်မှ ဖြန့်ဖြူး ပစ်ခတ်နိုင်ကြောင်း သိရပါသည်။

မြောက်ကိုရီးယား နိုင်ငံသည် ဇီဝလက်နက် စီမံကိန်းကိုလည်း ပိုင်ဆိုင် ထားရှိပြီး လက်ရှိအချိန် တွင်မူ အစိုးရ အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်ထက် ကျော်လွန်ခြင်း ရှိ/ မရှိကို အသေ အချာ မပြောနိုင်သေးကြောင်း လေ့လာသူများက ဆိုထားပါသည်။ ပြုံယမ်း အနေဖြင့် ထောင့်သန်းပိုး (Anthrax)၊ အစာ အဆိပ်သင့်ပိုး (Botulism)အစရှိသည့် ဇီလက်နက် များနှင့် အရေပြား လောင်ကျွမ်းစေ နိုင်သည့် အဆိပ်ဓာတ်ငွေ့(Mustard Gas)၊ Sarin နှင့် Phosgene ကဲ့သို့သော ဓာတုပိုးမွှား လက်နက်များ ကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ယူဆ ရပါသည်။

လူစွမ်းအား

အသက် ၁၇ နှစ်မှစ၍ စစ်မှုမထမ်း မနေရ စနစ်ဖြင့် စစ်မှု ထမ်းရပြီး လက်ရှိ တပ်မတော် အင်အား မှာ ၁.၂ သန်းခန့် ရှိပါသည်။ သို့သော် အရေးကြုံ လာပါက စစ်ပွဲ ဝင်နိုင်သည့် တစ်နိုင်ငံလုံး အရန် စစ်အင် အားမှာ ၇.၇ သန်းခန့် ရှိပါသည်။

ကြည်းတပ်စွမ်းအား

မြောက်ကိုရီးယား ကြည်းတပ်သည် လက်နက်ကြီးများအား ဆိုးလ်ဘက်သို့ ချိန်ရွယ်၍ တပ်အခင်း အကျင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက် ထားရှိကြောင်း သိရပါသည်။ လက်နက်များ တွင် အဓိက တိုက်ပွဲဝင် တင့်ကား ၃၅ဝဝ၊ အပေါ့စား တင့်ကား ၅၆ဝ၊ လူတင် သံချပ်ကာယာဉ် ၂၅ဝဝ၊ စက် အမြောက် တပ်ဆင်ထားသော နောက်တွဲယာဉ် ၃၅ဝဝ၊ ရွေ့လျား ပစ်ခတ်နိုင်သော အမြောက်လက်နက် (Self-Propelled Artillery) ၄၄ဝဝ၊ ဒုံးပစ်လောင်ချာ ၂၅ဝဝ၊ စိန်ပြောင်း ၇၅ဝဝ၊ အရေအတွက် မသိရသော တင့်ဖျက် ပဲ့ထိန်းလက်နက်၊ နောက်ပွင့်လောင်ချာ ၁၇ဝဝ၊ လေေ ကြာင်းရန် ကာကွယ်ရေး စက်သေနတ်ကြီး ၁၁ဝဝဝ ရှိကြောင်း အမေရိကန် အစိုးရနှင့် လေ့လာ သူများက ခန့်မှန်းပြောကြား ထားပါသည်။

ရေတပ်စွမ်းအား

မြောက်ကိုရီးယား ရေတပ်တွင် ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီးရှိပြီး ခန့်မှန်း အရေအတွက် ၉၂ စီးခန့် ရှိပါသည်။ ထို့ပြင် ဖရီးဂိတ် စစ်သင်္ဘော ၃ စီး၊ Corvette စစ်သင်္ဘော ၆ စီး၊ ဒုံးပျံတင် စစ်ရေ ယာဉ် ၄၃ စီး၊ အကြီးစား ကင်းလှည့်ရေယာဉ် ၁၅၈ စီး၊ တော်ပီဒိုတင် အမြန်ရေယာဉ် ၁ဝ၃ စီး၊ ကင်းလှည့်တပ်ဖွဲ့ ရေယာဉ် ၃၃၄ စီးကျော်၊ ကုန်းရေနှစ်သွယ်သွား သင်္ဘော ၁ဝ စီး၊ ကမ်းခြေစောင့် အမြောက်တပ်ခွဲ ၂ ခွဲ၊ ရှပ်ပြေးယာဉ် ၁၃ဝ စီး၊ မိုင်းရှာရေယာဉ် ၂၃ စီး၊ အသေးစား စစ်သင်္ဘော ၈ စီးနှင့် အကဲကြည့် ရေယာဉ် ၄ စီး ပိုင်ဆိုင်ထား ကြောင်း သိရပါသည်။

လေတပ်စွမ်းအား

မြောက်ကိုရီးယား လေတပ်သည် နယ်စပ်စည်းကို ဖြတ်ကျော်၍ တောင်ကိုရီးယားသို့ အမြန် ထိုးစစ် ဆင်နိုင်ရန် အစီအစဉ် ရေးဆွဲထားပြီး ဗုံးကြဲ လေယာဉ်စီးရေ ၈ဝ၊ မြေပြင် တိုက်ခိုက်ရေး လေယာဉ်နှင့် ဝေဟင် တိုက်ခိုက်ရေး လေယာဉ် ၅၄၁ စီး၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ် ၃၁၆ စီး၊ သယ်ယူပို့ဆောင် ရေး ရဟတ်ယာဉ် ၅၈၈ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၄ စီး၊ မောင်းသူမဲ့ လေယာဉ် အနည်းဆုံး ၁ စီးနှင့် ပြည့်စုံ လုံလောက်သော ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင် ဆိုင်ကြောင်း သိရှိ ရပါသည်။

မြောက်ကိုရီးယား နိုင်ငံသည် အဖျက်စွမ်းအား ကြီးမားသော လက်နက်များနှင့် အတူ ကြီးမားသော တပ်မတော်အား ပိုင်ဆိုင်ထားပြီး ယနေ့ ခေါင်းဆောင်သစ် လက်ထက်တွင် မည်သို့ေ သာ အပြောင်းလဲများ ရှိလာ နိုင်မည်ကို ကမ္ဘာ့နိုင်ငံ အများအပြားက စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိပါသည်။

မြ၀တီမှ
ကျုပ်တော့  Myanmar Online News မှ ထပ်ဆင့်ပေါ့ကွယ်..

Thursday, June 20, 2013

မြန်မာနိုင်ငံမှာ ကြည့်လို့မရတဲ့ Web Site တွေ Access Denied ဖြစ်နေတဲ့ Site တွေကို ဒီ Browser လေးသုံးပြိး ပေါ့ပါးစွာကျော်ကြည့်တာပေါ့ဗျာ

ကဲဗျာ အိုင်တီဘဏ်မှာတွေ့တာလေးကို ပြန်လည်ဝေမျှလိုက်ပါတယ် ။ ဟိုတစ်နေ့က ညီလေးတစ်ယောက်က 
ကျော်ရခွရတာ ၀ါသနာပါတယ်နဲ့ တူပါတယ် သူတောင်းတုန်းက မပေးနိုင်ဘူး ကျုပ်လည်း ကိုညီနေမင်းဆီက 443 တွေနဲ့ စမ်းတော့ စမ်းဘူးတယ် သို့ပေမယ့် ကိုယ်စမ်းခဲ့တဲ့ဆိုက်က တစ်ကယ်မလွယ်လို့ နေမှာပါနော်ကိုယ်
ညံ့တာကို ညံ့တယ်လို့ မပြောချင်ဘူးလေ.။ ကဲ အဲဒါထားပါ. ဒီ Tor Browser လေးဟာ အတော်လေးကောင်း
တယ်ဆိုလို့ ခဏလောက်စမ်းကြည့်တာတော့ firefox လိုဘဲဗျ.အတော်ကောင်းပါတယ် Chrome လို font တွေ
ဘာတွေ ပြောင်းစရာလဲ မလိုဘူး။ သူ့ရဲ့ထုတ်ကုန်ဖြစ်တဲ့ မိုဘိုင်းအင်တာနက်မြန်နှုန်းဆော့ဝဲကတော့ အတော်
လေးကောင်းပါတယ်.။ Orbot.apk ဆိုတဲ့ဆော့ဝဲလေးလေ အဲဒါသုံးဖူးကြမှာပါ.။ ဒီကောင်လေးကလည်း အတော်လေးကို ကောင်းပါတယ်.။ ကဲဗျာ အိုင်တီဘဏ်စုဆောင်းထားတဲ့ လင့်လေးတွေကိုဘဲ ပြန်လည် ဝေမျှ
လိုက်ပါတယ်.။ မူရင်းဆိုက်လေးမှာဘဲ ဒေါင်းလော့ချရမှာပါ..။ file ဖြည်တာကလည်း အတော်များများ သိပြီးသား
ပါ.။ ကဲစမ်းသုံးလိုရင် ကျော်ချင်ခွချင်တဲ့ သူများ ဒေါင်းကြပေတော့.ဒီ Tor Browser လေးက ဘာမှ လုပ်စရာမလို ဘဲ သူ့ဆော့ဝဲအတိုင်းဘဲ ကျော်ခွပေးနိုင်ပါတယ်တဲ့ ။ အိုင်တီဘဏ်သို့ သွားရောက်ကြည့်လိုရင်..

English Myanmar Dictionary Version v.1.0 ငြိမ်းချမ်း

ကဲဗျာ English-Myanmar Dictionary လေးရလာလို့ တင်ပေးထားလိုက်တယ်.။ 3MB တောင်မရှိပါဘူး အသေး
လေးပါဘဲ ဆောင်ထားသင့်တဲ့ဆော့ဝဲ တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး စကားလုံးပေါင်း 29618 လုံး ထည့်
သွင်းထားတယ်ပေါ့ အစဆိုတော့ ဒီလိုပါဘဲ မပြည့်စုံသေးဘူးလို့ ပြောလို့ရပါတယ်.။ သို့သော်လည်း တစကယ် အသုံးတည့်ပါလိမ့်မယ်.။ ကျုပ်တင်ပေးထားတဲ့ wxPyDict ဒီကောင်လေးလောက်တော့ မပြည့်စုံဘူးပေါ့ ဖိုင်ဆိုက်
ကလည်း သေးတာကိုးဗျာ.။ ကဲဘာပဲပြောပြော စမ်းသုံးလိုရင် လိုရမယ်ရ ဆောင်ထားလိုရင်တော့ အောက်မှာယူ
သွားလိုက်ပါနော်..။ အားလုံးဘဲ လာလည်ကြတဲ့အတွက် ၀မ်းသာသလို ကျေးဇူးလည်း တင်ပါတယ်နော်..။
wxPyDict Dictionary လေး ဒေါင်းလိုရင် ဒီကိုသွား DOWNLOAD WXPYDICT

ထူးခြားတဲ့ Windwos 7 file လေး 9.28MB

ကဲမိတ်ဆွေတို့ရေ ဒီလို Windows 7 မျိုးကို ကျုပ်ကိုညီနေမင်းဆီမှာတွေ့ဖူးပါတယ်.။ ကြာသော်လည်းကြာပါ ပြီ.။ ဘာကြောင့်ထူးခြားသလဲ ဆိုတာတော့ 3.50 GB လောက်ရှိတဲ့ ဖိုင်ကို ဒီလိုဖိုင်ဆိုက် သေးသေးလေးဖြစ်အောင်   ပြုလုပ်ထားတာကိုမှ ထူးခြားတဲ့အချက်ပါဘဲ.။ ဒီမြန်မာပြည်က နည်းပညာသမားများ အားလုံးလည်း ဒီ သုံးဂစ်  လောက်ရှိတဲ့ ဖိုင်ကို 9MB ကျော်ကျော်လေးဖြစ်အောင် ခြုံ့ဖို့ဆိုတာ အင်မတန်မှ ခဲရင်းပါတယ် ။ ကျုပ် ကိုယ်တိုင်လည်း မလုပ်တတ်ပါဘူး.။ ဒါကြောင့် ထူးခြားတယ်လို့ ပြောတာပါ.။  ကဲအဒီထူးခြားတဲ့ Windos 7 file လေးကို စတစ်လေးထဲမှာဘဲဖြစ်ဖြစ် ကွန်ပျူတာထဲမှာဘဲဖြစ်ဖြစ် သိမ်းထားချင်တယ်ဆိုရင်ဖြင့် ဒေါင်းလော့ ချသွားလိုက်ပါ.။ 10 မရှိတစ်ရှိ file ကို Extract Here ဖိုင်ဖြည်လိုက်ရင်တော့ 3.50GB သုံးဂစ်ခွဲလောက်ထွက် လာမှာပါ.။ အဲဒီဖိုင်ဖြည်ထားတာကို Windows တင်စမ်းလိုရင်လည်း စမ်းပေါ့.။ ကောင်းတာကတော့ သိမ်းထားဖို့ အကောင်းဆုံးပါဘဲ ကိုယ့်မှာ အခက်အခဲဖြစ်လာရင် ဖိုင်လေးဖြည်ပြီး ဆော့ဝဲတွေ Install လုပ်သလို ထည့်သုံးရုံ ဘဲလေ.။ ကဲ သဘောကျကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်.။

Wednesday, June 19, 2013

ပို့စ်အဖြစ်မရောက်ခဲ့တဲ့ လက်စွဲတော်လေးများ

ကျုပ်လည်း ဒီထဲကဆော့ဝဲ အတော်များများကို သုံးဖူးပါတယ် လက်ရှိလည်း အသုံးပြုနေပါတယ်.။ ဒီကောင်
လေးကို ၅ လပိုင်းကတည်းက တင်ထားပေမယ့် ပို့စ်တစ်ခုအဖြစ် မရောက်ခဲ့လေတော့ မေ့ကျန်ခဲ့လေတော့
ဘယ်သူမှ ဒေါင်းလော့ချတာ မတွေ့တော့ ဒီအဟောင်းထဲက အကောင်းလေးတွေကို ပြန်လည် တင်ပေးလိုက်
ပါတယ်ဗျာ.။ တစ်ကယ်ပါ လူသုံးများနေတဲ့ ဆော့ဝဲလေးတွေပါ.။ မိမိမှာ မရှိသေးဘူးဆိုရင်တော့ တစ်ကယ်
ကို သုံးစမ်းကြည့်သင့်တဲ့ဆော့ဝဲတွေပါ.။ ကိုယ်တိုင်လည်း ကြိုက်မိတဲ့ဆော့ဝဲလေးတွေမို့ပါ အကြိုက်ချင်းတူ
တယ်ဆိုရင်တော့ သိတဲ့အတိုင်းဘဲ ဒေါင်းပြီး သုံးပေတော့ဗျို့   ။

အကောင်းဆုံး အလန်းဆုံးတွေထဲက စပါယ်ရှယ်ဆော့ဝဲလေးများ

ကဲ မိုဘိုင်းဖုန်း ကိုင်ဆောင်နေကြတဲ့ ခေတ်မှီခေတ်ရှေ့ပြေးနေကြတဲ့ မိတ်ဆွေအပေါင်းတို့အတွက် ကောင်းပါ
တယ်ဆိုတဲ့ ဖုန်းဆော့ဝဲလေးတွေ တင်ပေးလိုက်ပါတယ်.။ ဘာကောင်းသလဲတော့မမေးနဲ့ သုံးကြည့်မှ သိမယ်
ကိုယ်အတွက် အသုံးဝင်တဲ့အပေါ်မှာလည်း မူတည်မယ်.။ ကိုယ့်အတွက် အသုံးဝင်မှု အားနည်းရင် နည်းသလို
မကောင်းဘူးပေါ့ ကိုယ့်အတွက် အသုံးဝင်ရင် သူများမကောင်းလည်း ကိုယ်ကောင်းတာဘဲ။ ဒါကြောင့်လည်း
မိုဘိုင်းဖုန်းဆော့ဝဲတွေရော မိုဘိုင်းဖုန်းထုတ်လုပ်သူတွေရော အပြိုင်အဆိုင်ဖြစ်နေတာပေါ့.။ ကဲဘာပဲပြော
သူတို့ အားပြိုင်နေသလို ကျုပ်တို့လည်း သူတို့ထုတ်တဲ့ ဆော့ဝဲတွေကို အပြိုင်ကလိကြတာပေါ့..။ ပုံမှာမပါတဲ့
ဆော့ဝဲ နှစ်မျိုးပါ ထည့်သွင်းပေးထားတယ်..။ သဘောကျရင်ဒေါင်းပြီး သုံးကြည့်ပေါ့..။

HUAWEI U8660 ROOT AND FRAMWARE 155MB

ကဲဗျာ ဒါလေး တင်ထားတာရှိလို့ ပြန်လည်ဝေမျှလိုက်ပါတယ်.။ ကျုပ်ရှေ့တစ်လလောက်က ဖုန်းကလိလွန်လို့
ဖြစ်သွားတာလေး framware တင်လိုက်ရတယ်.။ framware ဆိုတာက ကွန်ပျူတာ Windows လိုဘဲ သူလည်း
Android စက်လည်ပါတ်မှု စနစ်လေးပေါ့ဗျာ.။ အဲဒါလေးတင်လိုက်မှ မူရင်းဖုန်းအတိုင်းလေး သုံးလို့ကောင်း
သွားတယ်.။ HUAWEI U8660 သမားများအတွက်ပေါ့ဗျာ.ဒီအထဲမှာ Root လုပ်နည်းရော framwareလုပ်နည်း
ရော ထည့်ပေးထားပါတယ်.။ အသုံးလိုရင်တော့ ယူသွားကြပေါ့.။ 155MB ဆိုတော့ တစ်နေရာလေးဘဲ တင်
လိုက်တယ်ဗျာ.။ ဖိုင်ကြီးတာဆိုတော့ သိပ်မတင်နိုင်ဘူးလေ.။ တစ်ဆိုက်ထဲမှာဘဲ တင်ထားတယ်နော်.။ လိုအပ်ရင်တော့ သိတဲ့အတိုင်းဘဲ..။ မိမိကိုင်ဆောင်ထားတဲ့ ဖုန်းနဲ့ အမျိုးအစားတူရင်တော့ ဆောင်ထားသင့်
တယ်ဗျာ.။ ကဲဘာပဲပြော အမှတ်တရလေးတော့ ဖြစ်သွားပြန်ပါပကောလားကွယ်.။ 19.6.2013

Deep Freeze Server Enterprise v7.61.270.4320 Final

Deep Freeze ကို အသုံးပြုလိုတဲ့သူများအတွက် တွေ့တာနဲ့ ကောက်တင်လိုက်တယ် မရှိသေးလို့ပေါ့ဗျာ..။ ဒီဆော့ဝဲကတော့ အင်တာနက်ဆိုင်တွေမှာ အသုံးများပါတယ် ။ ဘာကြောင့်လည်းဆိုတော့ သိတဲ့အတိုင်းဘဲ
လူစုံတက်စုံ ကလိကြလေတော့ Virus သတ်ရတဲ့ ဒုက္ခမှ ကင်းအောင် ဖိုင်တွေ ရှုတ်ပွနေအောင် လုပ်ထားတာ
တွေ ဖြေရှင်းရတဲ့ ဒုက္ခမှ ကင်းအောင် တင်ကြရတယ်။ အင်တာနက်လိုင်းမမိ မြို့ပြနှင့်ဝေးတဲ့ နယ်မှာ နေတဲ့ သူတွေလည်း ဒီဆော့ဝဲလေးကို သုံးကြပါတယ်.။ ဒီဆော့ဝဲနှင့် ထိန်းချုပ်ထားပြီဆိုရင် ကွန်ပျူတာအတွင်းသို့
ဘာဆော့ဝဲမှ အတည်ထည့်ထားလို့ မရတော့ပါဘူး ဒီချင်းအသစ်တွေလည်း ထည့်လို့မရတော့ပါဘူး.။ မရဘူး
ဆိုတာတော့ မဟုတ်ပါ.။ ရတော့ရတယ် Restart ကျတာနဲ့ ထည့်သမျှ အကုန်ပျောက်တာပါ.။ ဒီတော့ စတစ်
တစ်ချောင်းတော့ ဆောင်ထားရပါလိမ့်မယ်။ သင်ဟာ အင်တာနက်ဆိုင်သွားသုံးရင် စတစ်ဆောင်ရမယ်ပေါ့
ကိုယ်လိုချင်တာလေးတွေ ဒေါင်းလော့ချပြီး စတစ်ထဲထည့်ထားရမယ်ပေါ့ မထည့်မိဘဲ Restart ကျသွားရင်
တော့ လူမလိမ္မာ နှစ်ခါပင်ပန်းဖြစ်ပြီပေါ့။ ကဲ အတော်များများ သိပြီးသားပါ.။ အကြောင်းမသိဘဲ ထည့်မသုံး
ပါနဲ့ ဖြုတ်ရတာ ခက်တယ်.။ ကိုယ့်အတွက် အရေးကြီးမှ သုံးပါ..။

Deep Freeze instantly protects and preserves baseline computer configurations. No matter what changes a user makes to a workstation, simply restart to eradicate all changes and reset the computer to its original state - right down to the last byte. Expensive computer assets are kept running at 100% capacity and technical support time is reduced or eliminated completely. The result is consistent trouble-free computing on a truly protected and parallel network, completely free of harmful viruses and unwanted programs.

Expensive computer assets are kept running at 100% capacity and technical support time is reduced or eliminated completely. The result is consistent trouble-free computing on a truly protected and parallel network, completely free of harmful viruses and unwanted programs. While Deep Freeze provides bulletproof protection, its non-restrictive approach also improves user productivity and satisfaction.

Placing no restrictions on a user's ability to access all system resources, users avoid the frustration of downtime due to software conflicts, operating system corruption, virus attacks, and many other problems. Users are always assured of computers that are consistently operable and available. Building on the power of Deep Freeze Standard, Deep Freeze Enterprise offers centralized deployment and enhanced flexibility options for customizable management of large computing environments. Deep Freeze Enterprise is the best solution for keeping a large number of PCs in top notch state.

Security and Control:
· Encrypt all components with a unique Customization Code
· Preset multiple passwords to be used on a workstation or via the Command Line Control with varying activation and expiration dates
· Generate encrypted One Time or One Day Passwords
· Disable keyboard and mouse during maintenance periods or on demand
· Boot Control window provides ability for immediate reboot

Configuring Options:
· Create customized installation files using the Configuration Administrator
· Pre-select Frozen Drives and selectively Freeze or Thaw fixed drives
· Schedule automatic Restart/Shutdown times
· Restart computer on Logoff
· Schedule idle shutdowns or restarts after a preset length of time that the workstation has been inactive
· Schedule Thawed Maintenance periods to perform Windows updates through the Internet or a SUS/WSUS server or run a custom batch file to update your antivirus definitions
· Schedule Send Message tasks

Flexibility Options:
· Create a ThawSpace on a workstation that can be used to store programs, save files, or make permanent changes
· Specify the size and file system of the ThawSpace (up to 100GB using NTFS)
· Use Stealth Mode to hide the Deep Freeze system tray icon
· Override ongoing maintenance periods

Interoperability Options:
· Use Deep Freeze Command Line Control Utility (DFC) to manage Deep Freeze deployment remotely via command line interface
· Integrate Deep Freeze protection into any Desktop Management Solution capable of executing command line control
· Manage Deep Freeze protection through the LANDesk native console with Deep Freeze plug-in for LANDesk
· Enhanced Novell compatibility during Maintenance

Action Files:
· Create XML-based Deep Freeze Action Files to interact with other programs via the Deep Freeze Console
· Administrators will be able to create, edit, download and share Action Files with other users through Faronics Labs



Download Instructions By A.K
1. Click "Download Button".
2. Wait "5sec".
3. Click "Skip Ad".
Adf.ly
4. Download and Enjoy!.




Download