ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Thursday, June 13, 2013

တရုတ်ကို အမေရိကန်အေးဂျင့်တွေဟက် (Hack) လုပ်နေ

အမေရိကန်ထောက်လှမ်း ရေးတပ်ဖွဲ့ဝင်များ (US Intelligence Agents)သည် လွန်ခဲ့သော နှစ်အတန်ကြာက တည်းကပင် ကမ္ဘာ့နိုင်ငံများ၏ အရေးကြီးသော သတင်းအချက် မြောက်မြားစွာကို ကွန်ပျူတာနက်ဝက်ဒ် (Network) များမှတဆင့် တရားမ၀င် ရယူခြင်း၊ နှောက်ယှက်ခြင်း၊ ဖျက် ဆီးခြင်း(Hack)လုပ်ငန်းများကို လုပ်ခဲ့ကြသည်။ လုပ်နေကြသည် ဟု အမေရိကန်ပြည်ထောင်စု နိုင်ငံတော်လုံခြုံရေးကောင်စီ (National Security Agency) က ဇွန်လ ၁၂ ရက်က ဆောက်သ် ချိုင်းနားမောနင်းပို့စ်သတင်းဌာန သို့ပြောသည်။ စနိုးဒင်က တရုတ် နိုင်ငံသည် ထောင်သောင်းမက သော ကွန်ပျူတာများကို အသုံးပြုပြီးအမေရိကန်ပြည်   ထောင် စု ၏ဆိုင်ရာသတင်းအချက်အလက် အမြောက်အမြားကို ဟက်က် လုပ်နေသည် ဟုဆိုသော်ငြား လည်း အမေရိကန်သည် တရုတ်နိုင်ငံ၏ စစ်ရေးသတင်းများကိုသာမက ဟောင်ကောင်ရှိ တရုတ်နိုင်ငံ၏ တက္ကသိုလ်များ၊ တရုတ်ပြည်မ ကြီး၏ သတင်းအချက်အလက် များစွာကို တရားမ၀င်၊ ရယူနှောင်ယှက်လျက် ရှိသည်ဟု ထုတ်ဖော် ပြောကြားလျက်ရှိသည်။

ဟောင်ကောင်ကလည်း စနိုးဒင်၏ပြောကြားမှုများကို အတည်ပြုနိုင်သည့် ခိုင်လုံသည့် သက်သေအထောက် အထားတစ် ပုံတစ်ပင်ရရှိထားသည်ဟုဆိုသည်။ မကြာမီက တရုတ်သမ္မတ ကြီးရှီကျင့်ဖျင်နှင့်အမေရိကန် သမ္မတကြီး အိုဘားမားတို့ အကြား ကယ်လီဖိုးနီးယားထိပ်သီးဆွေး နွေးပွဲ၌ သမ္မတအိုဘားမားက သမ္မတရှီ အား ““တရုတ်နိုင်ငံသည် ဆိုက်ဘာစစ်ပွဲ များ ဆင်နွှဲပြီး အမေရိကန်ပြည်ထောင်စု၏ တန် ဖိုးကြီးသတင်း အချက်အလက်များ ကို ဗြောင်ခိုးယူDirect theft of the United States Property”” ဟု ပြောကြားသွားသည်။ တရုတ်တို့ ကမူ အမေရိကန်တို့၏ စွပ်စွဲမှုကို ငြင်းဆိုထားသည်။

ထိုသို့ တရုတ်နှင့်အမေရိ ကန်တို့အကြား ဆိုက်ဘာစစ်ပွဲ (Cyber attack) များပြင်းထန်နေ ချိန်တွင် အမေရိ ကန် လုံခြုံရေး ကောင်စီတွင် တာဝန်ထမ်းဆောင် နေသူ စနိုးဒင်က အထက်ပါ အတိုင်း ဖွင့်ချလိုက်မှုမှာ အမေရိ ကန်တို့အတွက် အထိနာစရာ ဖြစ်သွားသဖြင့် စနိုးဒင်ကိုလည်း အထုတ်ဖြေသူရိုက်ချက်ပြင်းသူ (Whistle blower)တစ်ဦးအဖြစ် သမုတ်ခံနေရပြီး၊ အမေရိကန်လုံ ခြုံရေးကောင်စီ (NSA) က တယ် လီဖုန်း လိုင်းများ၊ ကွန်ပျူတာများ၊ ကွန်ပျူတာနက် ၀က်ဒ်များကို ပြန် လည်စစ်ဆေးကြားနာမှုများပြု လုပ်လျက်ရှိသည်။

HotNews

0 အားပေးစကားပြောကြားကြပါ:

Post a Comment