ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, June 4, 2013

စက်ရုပ်နေရာတွင် အစားထိုးမည့် ပိုးဟပ် ကွန်မန်ဒိုတပ်ဖွဲ့

စက်ရုပ်နေရာမှာ အစားထိုးတော့မယ့် ပိုးဟပ်တွေကို အမေရိကန်နိုင်ငံ တောင်ကာရိုလိုင်းနားပြည်နယ်က တက္ကသိုလ်တစ်ခုမှာ ဖန်တီး အောင်မြင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ကတည်းကပါ။ ဒါကို နိုင်ငံတ ကာက ပိုးဟပ်ဂျိမ်းဆဘွန်းလို့ဆိုပါတယ်။ ပိုးဟပ်ရဲ့ ဦးမင်နဲ့ ဝမ်းဗိုက်က Sensor ကို မိုက်ခရိုက်ကွန်ထရိုလာနဲ့ ချိတ်ဆက်ပြီး လိုသလို ထိန်းချုပ်ခိုင်းစေမယ့် နည်းပညာ သစ် ဖြစ်ပါတယ်။ ကျောပေါ်မှာ Chip ပြားတင် တာတောင် ၀.၇ ဂရမ်သာလေးမှာ ဖြစ်ပြီး ပိုးဟပ်အတွက် အပန်းကြီးမှာ မဟုတ်ပါဘူး။ ပြီးတော့ ကွန်ထရိုးနဲ့ လိုသလို ထိန်းချုပ်ပြီး ခိုင်း စေလို့ ရပါတယ်။ ကင်မရာပါ တပ်ဆင်ပေးထားပါတယ်။ အသုံးပြုမယ့် နေရာက   တော့ သဘာဝဘေးအန္တရာယ်ကြောင့် ပြိုကျတဲ့ မိုင်းတွင်း၊ အိမ်ရာ အဆောက်အအုံများထဲမှာကယ် ဆယ်ရေး တပ်သား အနေနဲ့ တာဝန်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။ သက်ရှင်ကျန်ရှိနေသေးတဲ့ လူတွေကို ရှာဖွေထောက်လှမ်း သတင်းပို့ပေးမှာ ဖြစ်ပါတယ်။

ဒီအတွက် ပိုးဟပ်ရဲ့ ကိုယ်ပိုင် အသိဥာဏ်ကိုလည်း မပျောက်ပျက်သွားစေပါဘူး။ ဥပမာ- အခြားတိုက်ခိုက် လာတဲ့ အင်းဆက်ပိုးမွားတွေရဲ့ အန္တရာယ်ကိုလည်း သူ့ဘာဝအတိုင်း ရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ်။
စက်ရုပ်ငယ်တစ်ခုတည်ဆောက်မဲ့ တန်ဖိုးနဲ့စာရင် ပိုးဟပ်မှာ Chip နဲ့ မိုက်ခရိုကွန်ထရိုလာ တပ်ဆင်ဖို့က အဆပေါင်း ရာဂဏန်းမက သက်သာပါတယ်။ ဒါကြောင့် အမေရိကန်တို့ တကယ်ပဲ ပိုးဟပ်ကွန်မန်ဒို တပ်ဖွဲ့ကို တည်ဆောက်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အသုံးပြုတော့မှာ ဖြစ်တယ်လို့သိရပါတယ်။ လူတော်တော်များများ ပိုးဟပ်တွေ့ ရင် ဖိနပ်နဲ့ တပ်နင်းဖို့ ကြိုးစားနေချိန်မှာ အမေရိကန်တို့ ကတော့ ပိုးဟပ် တပ်ဖွဲ့ တည်ထောင်နေတယ်ဆိုတော့ US ရဲ့  Research ဟာ သတ္တဝါ၊ အင်းဆက် မပြုန်းတီးရေး စီမံကိန်းတစ်ခုပါပဲလား လို့ နိုင်ငံတကာမှ မုဒိတာပွားရတော့မှာ ဖြစ်ပါတယ်။
----
Ref:DM
ColayOnline:Automobile
Myanmar Online News from

0 အားပေးစကားပြောကြားကြပါ:

Post a Comment