This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Thursday, July 31, 2014

စပါယ်ရှယ် နောက်ဆုံးထွက်လေးတွေ စုတင်ပေးလိုက်တယ် အားလုံး 10 မျိုးပေါ့ အလန်းဆုံး အကောင်းဆုံးကိုမှ ကြိုက်သူများအတွက်ပေါ့

၁။ Computer Dictionary အားသိတဲ့အတိုင်းဘဲ Software Hardware ကွန်ပျူတာ တစ်လုံးမှာ ပါဝင်တဲ့
စက်ပစ္စည်းတွေကို နာမည်နှင့်တစ်ကွ ရှင်းပြထားတယ်တဲ့ apk ပေါ့ဗျာ။ ဒီကောင်ရှိရင် ကွန်ပျူတာမှာ ကိုယ်
မသိတဲ့အရာတွေကို လိုက်ကြည့်လို့ရတာပေါ့။ သိပ်ကောင်းတဲ့ Software တစ်ခုပါ သုံးကြည့်ရင် ဘယ်လို
ဘယ်လောက်ကောင်းတယ်ဆိုတာ သိပါလိမ့်မယ်.။



၂။ Connection Stabilizer Booster ဒီကောင်လေးကတော့ အင်တာနက် မြန်နှုန်း WiFi internet အမြန်
နှုန်းကို မြင့်တင်ပေးတဲ့ ဆော့ဖ်ဝဲပါ.။

၃။ Internet Booster ဒီကောင်လေးလည်း အင်တာနက်မြန်နှုန်းမြင့်ပေးတဲ့ ဆော့ဖ်ဝဲလေးပါဘဲ.။ WiFi ရဲ့
ဆွဲအားကို မြင့်တင်ပေးတယ်လို့ ပြောမယ်ဆိုလည်း မှန်ကန်ပါလိမ့်မယ်...။ သုံးကြည့်ပါ...

၎။ Internet Speed Meter Lite ဒီကောင်လေးကတော့ဖြင့် အင်တာနက် မြန်နှုန်း Speed ဘယ်လောက်ရှိ
တယ်ဆိုတာ တိုင်းတာပေးပါတယ်။ facebook ပေါ်မှာ တွေ့ကြမှာပါ သူများတွေ အင်တာနက်စပိ ဘယ်
လောက်ရှိတယ် ဘာညာပြောတာတွေလေ။ အေးဗျာ ဒီကောင်က ကိုယ်အင်တာနက်သုံးစွဲခဲ့တဲ့ Speed ရယ်
ဘယ်နှစ် MB သုံးခဲ့တယ် ဒီတစ်ပတ်အတွင်းမှာ ဘယ်လောက်သုံးတယ်ဆိုတာက အစမှတ်တမ်းတင်ပေးပါ
လိမ့်မယ်။ တစ်ရက်တာမှာ ဒီနေ့ Free WiFi က ဘယ်လောက်သုံးလိုက်တယ်။ ကိုယ့် Mobile Data က ဘယ်မျှ အသုံးပြုတယ်ဆိုတာ သိရတဲ့ဆော့ဖ်ဝဲလေးပေါ့ဗျာ Screen ပေါ်မှာ အင်တာနက်စပိမြန်နှုန်းကို ပြ
သပေးနေမှာပါ.။ ဆော့ဖ်ဝဲကိုတော့ ဖွင့်ပေးရတာပေါ့ဗျာ ဒါမှပြမှာပေါ့...။

၅။ Messenger ကတော့ သိတဲ့အတိုင်းဘဲ Facebook Messenger ပေါ့။ ခုနောက်ပိုင်းမှာ Facebook Apk
မှာ Message ပို့မရအောင်လုပ်ပြီးတော့ Messager ကနေဘဲ Message ပို့လို့ရအောင် လုပ်တော့မယ့်
အစီအစဉ်တွေ လုပ်နေပါပြီ။ ဖုန်းနဲ့ချက်သူများအတွက် နောက်ဆုံးထွက် Update လေးကို တင်ပေးထားပါ
တယ်။ တစ်ကယ် မြန်နှုန်းကလည်း အတော့်ကိုမြင့်ပါတယ်။ Message ပို့တာကတော့ လိုင်းသိပ်မကောင်း
တာတောင် အတော့်ကိုမြန်တယ်ဗျာ..။

၆။ MM Tally Counter ဒီကောင်လေးကတာ့ တရားသမားများအတွက် ပုတီးစိပ်ဖို့အတွက်ပါ။ ပုတီးလိုတော့
စိပ်လို့ရမှာမဟုတ်ဘူး သူက Digital ဂဏန်းလေးတွေပေါ့ ၉ လုံး ၂၇ လုံး ၁၀၈ လုံး စသဖြင့် မိမိပုတီးပတ်
ရေ စိတ်ချင်သလောက် ရွေးရွယ်ပြီး နှိပ်လို့ရပါတယ်။ စိပ်လို့ရပါတယ်..။

၇။ Myanmar HipHop Channel ဒါကတော့ဖြင့် MP 3 သီချင်းတွေ ရှာဖွေ ဒေါင်းလော့ချနိုင်တဲ့ Myanmar HipHop Channel ကထုတ်တဲ့ apk နေမှာပေါ့ဗျာ သုံးမစမ်းရသေးဘူး..။

၈။ Myanmar Mobile App Reader ဒါကတော့ မောင်သက်နိုင်စိုးတို့ Myanmar Mobile App ၀က်ဆိုက်
က တင်သမျှပို့စ်တွေကို အင်တာနက်နဲ့ လှမ်းကြည့်ပြီး ကြိုက်တာလေးတွေ ဒေါင်းနိုင်တဲ့ ဆော့ဖ်ဝဲပေါ့ဗျာ။

၉။ VSE Installer ဒီကောင်လေးကတော့ Viber Staiker လေးတွေပါ ဟက်ထားတဲ့ဥစ္စာလို့ ဆိုတာဘဲ
သုံးစမ်းကြည့်တာတော့ သိပ်မမိုက်ဘူးဗျာ။ ကိုယ့်အကြိုက်ကိုပြောတာပါ..။ ထုတ်တဲ့သူကတော့ အကောင်း
ဆုံးဖြစ်အောင် ထုတ်ထားတာပါဘဲ..။

၁၀။ WiFi Master ဒီကောင်လေးကတော့ တရုတ်ပြည်မှာဆိုရင်တော့ဖြင့် WiFi တွေတောင် ဟက်ပြီး
သုံးလို့ရတယ်လို့ ဆိုပါတယ်။ ညနေက ဖေ့ဘုတ်မှာကြည့်လိုက်တော့လည်း 123456678 အဲ့လိုအလွယ်
Password ခတ်ထားတာမျိုးကိုတော့ဖြင့် ခဏအတွင်းဖောက်နိုင်တယ်လို့ ဆိုထားပါတယ်။ ကိုမိုးရဲ့စမ်း
သပ်ချက်အရကတော့ဖြင့် ဖောက်လို့မရပါဘူး။ Google မှာတင်တဲ့ဥစ္စာတွေက များသောအားဖြင့် တရုတ်
ဆော့ဖ်ဝဲတွေက အရည်အသွေးကို လျှော့ချထားတယ်လို့ ပြောတာတွေ့ဖူးတယ်။ International နဲ့ တရုတ်
ပြည့်မှာ သုံးတဲ့ apk မတူဘူးလို့ ကြားသိရပါတယ်။ တရုတ်မှာ သုံးတဲ့ဆော့ဖ်ဝဲက ပိုစွမ်းတယ်ပေါ့ဗျာ...အဲလို
ဆိုလိုတာပါ..။ တရုတ်ဆော့ဖ်ဝဲလားတောင် မသိတော့ဘူးဗျာ တရုတ်ဆော့ဖ်ဝဲရော ဂူးဂဲရော နှစ်မျိုးဒေါင်း
ထားတာ ပုံစံတူတွေဆိုတော့ မမှတ်မိဘူး ။ တရုတ်မှာ သုံးတဲ့ကောင်ကတော့ဖြင့် Country ကုဒ်နဲ့ ဖုန်း
နံပါတ် တောင်းပါတယ်။ ဂူးဂဲလ်မှာ တင်တဲ့ကောင်ကတော့ဖြင့် ကုဒ်မတောင်းပါဘူး အဲလိုလေးတော့ကွာ
ပါတယ်။ ကုဒ်တောင်းတဲ့ တရုတ်ဆော့ဖ်ဝဲကတော့ ကိုယ်သုံးကြည့်တာ သုံးမရဘူးဗျာ။ ဖုန်းနံပါတ်ကုဒ်မချ
ပေးလို့လေ..။

ကဲ ဒါပါဘဲဗျာ အားလုံးသော လာလည်သူမှန်သမျှ ရောက်တုန်းရောက်ခိုက် အားပါးတရ ဒေါင်းလော့ချနိုင်
ကြပါစေကုန်သတည်း........။ ဒေါင်းလော့ချပြီးသကာလ အားရပါးရ သုံးဆောင်နိုင်ကြပါစေကုန်သတည်း။

အားလုံးသော မိတ်ဆွေများ ကိုမိုးကို အစဉ်လာရောက်ကြည့်ရှု အားပေးကြတဲ့ ဘော်ဒါအပေါင်းကိုလည်း
အထူးဘဲ ကျေးဇူးတင်ပါကြောင်း ရေးသားရင်းဖြင့် နိဂုံးကမ်ပါတ် အဆုံးသတ်လိုက်လေသတည်း...။

ဟဲ ဟဲ ရေးတတ်တယ်နော် နောက်တောက်တောက်နဲ့......ဒါပါဘဲကွယ်.....အဆင်ပြေကြပါစေ....။
1.8.2014 အမှတ်တရ...။ ကိုမိုး...။


ဒေါင်းမရပါက Play Store မှာ နာမည်နဲ့ လိုက်ရှာပြီး ဒေါင်းကြပေါ့ဗျာ...တင်ရတာခက်လို့ပါ...။
လင့်ကတော့ တစ်လင့်ဘဲ တင်နိုင်ပါတယ်...။

အဆင်ပြေရင်  https://www.facebook.com/ohnthar ဒီလင့်လေး Like လုပ်ပြီး အားပေးကြဦး

ယခုနှစ်အတွင်း သတ္တုကိုယ်ထည် ဖုန်းကိုသာ မိတ်ဆက်ပေးမည်ဟု Samsung ကတိပြု


ကုမ္ပဏီအနေဖြင့် လအနည်းငယ်အတွင်း screen အရွယ်အစား ကြီးမားသည့် သတ္တုဖြင့် ပြုလုပ်ထားသော ဖုန်းအမျိုးအစားသစ်ကိုသာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း Samsung Mobile မှ စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ ကင်မ်ဟွန်ဂျွန်းက ရင်းနှီးမြှုပ်နှံသူများနှင့် လေ့လာဆန်းစစ်သူများထံ ပြောကြားခဲ့သည်။ အဆိုပါ အရွယ်ကြီးမား သည့် screen ပါဝင်သော ထုတ်ကုန်သည် Samsung ၏ နာမည်ကျော် Galaxy Note နောက်ဆုံးပေါ် အမျိုးအစား ဖြစ်ဖွယ်ရှိကြောင်း သိရသည်။ ထို့အပြင် လွန်ခဲ့သည့် လအနည်းငယ်က ထွက်ပေါ်ခဲ့သည့် သတ္တုဖြင့် ပြုလုပ်ထားသော ၄.၈ လက်မ Galaxy Alpha ထုတ်ကုန်ကိုလည်း သြဂုတ်လတွင် မိတ်ဆက်ပေး ဖွယ်ရှိသည်။


Samsung သည် Galaxy S5 စမတ်ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့သော်လည်း ကုမ္ပဏီ၏ အမြတ်ငွေမှာ ပြီးခဲ့သည့်နှစ်ထက် ၁၈ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ သို့သော်လည်း S5 သည် S4 ထက် ၁၀ ရာခိုင်နှုန်း ပိုမိုရောင်းချခဲ့ရကြောင်း၊ စုစုပေါင်း စမတ်ဖုန်း ရောင်းချမှုနှုန်းသာ ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း Samsung ကုမ္ပဏီက ဆိုခဲ့သည်။

ထို့အပြင် Samsung သည် စွမ်းဆောင်ရည် အနိမ့်နှင့် အလယ်အလတ်ရှိသည့် ထုတ်ကုန်များကို ယခုနှစ်ကုန်ပိုင်းတွင် အဆင့်မြှင့်တင်ကာ မိတ်ဆက်ပေးမည်ဟု ကင်မ်ဟွန်ဂျွန်းက ရင်းနှီးမြှုပ်နှံသူများကို ပြောကြားခဲ့သည်။

Ref: TheVerge
Internet Journal

အစ္စရေးကို လက်နက်ခဲယမ်း ဖြည့်တင်းရောင်းချရန် အမေရိကန် သဘောတူ


လက်နက်ခဲယမ်း ပြန်လည် ဖြည့်တင်းနိုင်ရေး အကူအညီပေးရန် အစ္စရေး၏ တောင်းဆိုမှုကို အမေရိကန်က သဘောတူညီခဲ့ကြောင်း သတင်းရရှိသည်။ ဂါဇာရှိ ကုလသမဂ္ဂ ကျောင်းတစ်ကျောင်းကို အစ္စရေး လက်နက်ကြီး တပ်ဖွဲ့က ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း (၁၆)ဦးထက်မနည်း သေဆုံးကြောင်း စွပ်စွဲမှုများကို အမေရိကန် အစိုးရက ရှုတ်ချထားသည့်တိုင် ဇူလိုင်(၃၀)ရက်တွင် ပင်တဂွန် စစ်ဌာနချုပ်က အစ္စရေးကို စစ်လက်နက် များ ရောင်းချပေးမည့် အစီအစဉ်ကို လက်ခံကူညီပေးရန် သဘောတူညီပြီးဖြစ်ကြောင်း ကြေညာခဲ့သည်။
အိမ်ဖြူတော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ကျောင်းဝင်းထဲ လက်နက်ကြီး ပစ်ခတ်မှုကို ဆန့် ကျင်ကြောင်း ကြေညာ ထားချိန်တွင် ကာကွယ်ရေးဌာနက အစ္စရေးကို စစ်လက်နက် ထောက်ပံ့မည့် အစီအစဉ်ကို သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ အစ္စရေးသည် လတ်တလောတွင် ပါလက်စတိုင်း အခြေစိုက် ဟားမားစ် စစ်သွေးကြွတို့နှင့် စစ်ဖြစ်နေပြီး ယင်းအတွက် အမေရိကန်ထံမှ လက်နက်ဝယ်ယူခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။
ပင်တဂွန်က ဇူလိုင်(၂၀)ရက်တွင် အစ္စရေးသည် ၎င်းတို့၏ လက်နက်တိုက်ကို ပြန်လည် ကူညီ ဖြည့်ဆည်း ရန် တောင်းဆိုခဲ့ကြောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာနက နောက်ထပ် (၃)ရက်အကြာတွင် ကာကွယ်ရေး ဝန်ကြီးဌာနက သဘောတူညီခဲ့ကြောင်း ဆိုသည်။ “အမေရိကန် ပြည်ထောင်စုဟာ အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအတွက် အခိုင်အမာ ထောက်ခံ ရပ်တည်နေမှာပါ။ အစ္စရေးရဲ့ ကိုယ်ပိုင် ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင် ထိန်းသိမ်းထားနိုင်အောင် ကူညီရေးဟာ အမေရိကန်ရဲ့ အမျိုးသားရေး အကျိုးစီးပွားတစ်ရပ် အသွင် ဆောင်ပါတယ်။ ကာကွယ်ရေး ပစ္စည်းတွေ ရောင်းချခြင်းဟာ ဒီလုပ်ဆောင်မှုမှာ အပါအဝင် ဖြစ်ပါတယ်”ဟု ပင်တဂွန် ပြောရေးဆိုခွင့်ရ အရာရှိ နောက်တန်းသေနာပတိ ဂျွန်ကာဘီက ပြောကြားခဲ့သည်။


အမေရိကန်သည် အစ္စရေးတွင် လျှို့ဝှက်လက်နက်တိုက် တစ်ခုကို ထားရှိပြီး အရေးကြုံပါက အစ္စရေးက ထိုလက်နက်တိုက်မှ ခဲယမ်းမီးကျောက်များကို ဝယ်ယူနိုင်အောင် စီစဉ်ပေးထားသည်။ အစ္စရေးသည် လက်နက်ခဲယမ်း ဒေါ်လာ တစ်ဘီလီယံဖိုးမျှကို အမေရိကန်ထံမှ ကနဦး ဝယ်ယူဖွယ် ရှိနေကြောင်း သိရသည်။
ဂါဇာတွင် ဇူလိုင်(၈)ရက်က စတင်သော အစ္စရေး ထိုးစစ်ကြောင့် အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း (၁၃၀၀)ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ တစ်ဖက်တွင် ဟားမားစ်တို့က အစ္စရေး ပိုင်နက်ဘက်သို့ ဒုံးကျည်များ ပစ်ခတ်နေဆဲဖြစ်ပြီး နှစ်ဖက်စလုံးက တိုက်ခိုက်မှု အရှိန်အဟုန်ကို မြှင့်တင်နေဆဲဖြစ်သည်။
‪#‎Channelnewsasia‬
Kachin Daily News

အိမ်အိုအိမ်ဟောင်းကြီးတလုံးက ရွှေတွင်းကြီးတခုအဖြစ် ကံအလွန်ကောင်းသွားသူ အမျိုးသား (ဧရာဝတီ)

ဒီဖြစ်ရပ်က အင်တာနက်မှာ ဖော်ပြခဲ့တာ ကြာပြီဖြစ်ပေမယ့် တကယ့်ကို ထူးဆန်းတဲ့ ရှာဖွေတွေ့ရှိမှုလို့ ပြော ရ မလားပါဘဲ။ လူတယောက်က သူနဲ့ သူ့ဇနီး တို့အတွက် အပန်းဖြေအနားယူဖို့ ပေါ်တူဂီနိုင်ငံက လယ်တော အိမ်တလုံးကို ဝယ်ခဲ့တယ်။ အိမ်ကြီးမှာလည်း သော့ခတ်ထားရုံသာမက သံဂဟေတွေနဲ့ပိတ်ထားတဲ့ ဂိုဒေါင်ကြီး တခုက တွဲလျှက်ပါတယ်။ ကံကောင်းချင်တော့ အဲဒီ လယ်တောအိမ်ကြီးကို တကယ့်ကို မထင်မှတ် တဲ့ ဈေးချိုချိုနဲ့ ဝယ်ခဲ့တာလို့ ဆိုတယ်။ ဒါနဲ့ အိမ်ကြီးကို ဝယ်ပြီးလို့  ၁၅ နှစ်ကျော်ကြား သော့ခတ်ပြီး သံ ဂဟေ ဆက်ပိတ်ထားတဲ့ ဂိုဒေါင်ကို ဖွင့်လိုက် တဲ့အခါ…. အိမ်ကြီးရှင်ဖြစ်လာသူက မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့ရပြီး အရမ်းကို ပျော် သွားတယ်။ 


ဂိုဒေါင်ကြီးထဲမှာ တွေ့လိုက်ရတာက တကယ့် နာမည်ကြီး Aston Martins၊ Mercedes နဲ့ မော်ဒယ်မျိုးစုံ Lotus ရှေးဟောင်း တန်ဘိုးကြီး ကားတွေ ဖြစ်ပါတယ်။ 

ရှေးဟောင်း ရှားပါး တန်ဘိုးကြီး ကား အစီရေပေါင်း ၁၈၀ ကျော်ကို ဂိုဒေါင်ထဲမှာ တွေ့ရပြီး ကားတွေက လည်း ဖုန်အလိမ်းလိမ်း တက်နေတယ်။ ကား တော်တော်များများကတော့ လမ်းပေါ် မောင်းလို့ ရတယ်။ 

ဒီရှေးဟောင်း တန်ဘိုးကြီး ကားတွေကို လေလံပစ်လိုက်မယ်ဆိုရင် ဗြိတိန်စတာလင်ပေါင် သန်းပေါင်းများ စွာ ရမှာ သေချာ တယ် လို့ ဆိုတယ်။ 

မူရင်း အိမ်ပိုင်ရှင်ဟာ ရှေးဟောင်း ကား ကောင်းတွေကို စုဆောင်းသူ တဦးဖြစ်ပါလိမ့်မယ်။ အမွေ ဆက်ခံ သူ မရှိလို အခုလို ဂိုဒေါင်ကြီးထဲ ဘာရှိမှန်းမသိဘဲ အဲဒီ အိမ်ကြီးကို လက်ဝယ်ရှိသူက ရောင်းလိုက်တာဖြစ်ပါ လိမ့်မယ်။ 

ဝယ်သူသွားသူ ပိုင်ရှင်သစ်ကတော့ ဒီကားတွေနဲ့တင် စတာလင်ပေါင် သန်းပေါင်းများစွာ ချမ်းသာသွားပါပြီ။ ဂိုဒေါင်ကြီးထဲကို ဧရာဝတီ ပရိသတ်လည်း တချက်လောက် ဝင်ကြည့်လို့ရပါတယ်။ အောက်က ဗွီဒီယိုကို ကြည့်လိုက်ပါ။

 
အိမ့်သံစဉ် ~

Tuesday, July 29, 2014

မူဗီတွေမှာ မြန်မာလိုစာတမ်းထည့်ပြီးကြည့်ကြရအောင်...(itgar)

မူဗီချစ်သူတွေ ဆရာ.တွေ..မူဗီတွေကိုကြည့်ရင်..မြန်မာလိုစာတမ်းလေးထိုးပြီးတော့ကြည့်
ကြည့်ချင်ကြမှာပေါ့.. ကျွန်တော်လည်းအပါဝင်ပေါ့....အချိန်ပေးပေးပြီးတော့..ဘာသာပြန်ပေးထားတဲ့.. ကို  "သူရ " ကိုဒီနေရာကနေပဲ ..creadit ပေးပါတယ်...
original link.... https://www.facebook.com/groups/myanmarsub/



Myanmar Subtitle တွေကို Gom Player နဲ့ ကြည့်ရင်အဆင်ပြေပါတယ် .. "winnwa" Font ရှိထားဖို့တော့လိုပါတယ် .. Gom Player ရဲ့ Perferences ထဲက Subtitle မှာ Subtitle Font ကို "winnwa" Font ပြောင်းပေးလိုက်ပါ .. .. ပုံမမြင်ရရင် Full Screen ကြည့်ပေးပါ .. (အ၀ါရောင်နောက်ခံပုံ)
Myanmar Subtitle တွေကို VLC Player နဲ့ ကြည့်ရင်လည်းအဆင်ပြေပါတယ် .. "winnwa" Font ရှိထားဖို့တော့လိုပါတယ် .. VLC ရဲ့ Tool > Perferences ထဲက Subtitles & OSD မှာ Subtitle Font ကို "winnwa" Font ပြောင်းပေးလိုက်ပါ ..အားလုံးအဆင်ပြေပါစေဗျာ .. ပုံမမြင်ရရင် Full Screen ကြည့်ပေးပါ ..


ကားဟောင်းတွေလိုချင်တဲ့သူတွေအနေနဲ့https://www.dropbox.com/sh/gukxozwgan6y0cy/62hOWZ-Ek3 မှာ ၀င်ရောက်ရှာဖွေယူနိုင်ကြပါတယ်။
စာဖိုင်သစ် တက်တိုင်းသိချင်ရင်တော့https://www.facebook.com/groups/myanmarsub/permalink/352116628248124/ ပိုစ်ကို
like လုပ်ထားကြပါ။
win font မရှိတဲ့သူတွေကတော့https://www.dropbox.com/sh/gukxozwgan6y0cy/3rlDuofUF3/WIN_FONTS မှာ ယူနိုင်ပါတယ်။
GOM player နဲ့ VLC player အသုံးပြုနည်း တင်ပေးတာ က Jemmy Off ပါ။

ကျွန်တော်ကတော့ pot player သုံးပါတယ်.. သဘောတရားချင်းကတော့အတူတူပါပဲ..
ကျေးဇူးတင်ပါတယ်..
ကိုသူရ တင်ပြီးသား subtitle list သွားချင်ရင်ဒီမှာ..သွားကြည့်ပါ...


ကိုမိုးကူးခဲ့တာကတော့ဖြင့်...

Website မှာ Zawgyi-One and Unicode ပြောင်းသုံးဖို့အတွက် နှစ်နည်း

ကျုပ်အရင်က Template မှာ သုံးထားတယ် ဟိုတစ်နေ့က ပြင်တဲ့အထဲပါသွားလို့ တစ်ခြားသော Browser အသစ်
တွေနဲ့ ကြည့်ရင် မြန်မာစာမမှန်ဘူးလေ။ အဲဒါကြောင့်ထည့်ထားတာ။ ခုပြန်ရှာလို့ တင်ထားတယ်ပေါ့ဗျာ..။

1. မိမိ Blogger ကို Sign in ဝင်ပါ..
2. Layout ကို နှိပ်ပါ..
3. Add a Gadget ကိုနှိပ်ရင် ဘောက်တစ်ခု ထပ်ပေါ်လာပါမယ်.. အဲဒီထဲက Html/Java Script ဆိုတဲ့ ခေါင်းစဉ်လေးကို နှိပ်လိုက်ပါ.. ပေါ်လာတဲ့ ဘောက်ထဲမှာ အောက်က ကုဒ်ကို ကူးထည့်ပေး ပြီး Save ကိုနှိပ် လိုက်ပါ.. ဒါဆိုရင် ဆိုက်ရဲ့ ဘယ်ဘက်အပေါ်ဘားမှာ ပေါ်နေမှာပါ...ဒီပညာကို ရေးသားသူကတော့ဖြင့် အဲမှာ နာမည် ပါတယ် မဟုတ်လား..ကြည့်ကြည့်ပေါ့ဗျာ...
<script type="text/javascript" src="http://kogeelay.googlecode.com/files/unicodeorzawgyi_KG.js"></script>

အပေါ်က ကုဒ်ကတော့ တစ်ဦးရေးသားထားတာပေါ့ဗျာ အပေါ်တစ်ခုကိုဘဲ သုံးမလား အောက်ကတစ်ခုကိုဘဲ
သုံးမလား ကြိုက်တာသုံးနိုင်ပါတယ်...။ ဒီကောင်လေးကလည်း နာမည်ပါပြီးသားဘဲ ဘယ်သူလုပ်တယ်ဆိုတာ
ကြည့်လိုက်ရင် မြင်ပါတယ်...သိပါတယ်နော်...

<script type="text/javascript" src="http://yourjavascript.com/9431511391/minsoeyarsar.com.js"></script> <br />

ကြိုက်တာ ယူသုံးပါ Zawgyi-One နဲ့ Unicode နှစ်မျိုး ပြောင်းကြည့်လို့ရတာပေါ့...လောလောဆယ် ကိုယ့်ဆိုက်က
အဲဒီနှစ်ခုလုံး အလုပ်မလုပ်သေးဘူး ဘာလိုအပ်လို့လည်း မသိဘူးဗျာ...။

Myanmar Zodiac မြန်မာ့ဗေဒင်ပညာများ

 ဤ Application သည် ဗေဒင်ဝါသနာပါသူ မြန်မာများအတွက်ဖန်တီးထားသော မြန်မာ Applicationဖြစ်ပါသည်။ ထွက်ရှိဖူးသမျှ ဗေဒင် Appများတွင်အစုံလင်ဆုံးတစ်ခုဖြစ်ပါသည်။ ပါဝင်သော အချက်အလက်များသည် အင်တာ နက်ရှိ ထင်ရှားသော ဗေဒင်ဆရာများထံမှစုဆောင်းရရှိပါသည်။ ဤ application ကိုဖတ်ရှူအသုံးပြုကြည့်ခြင်းဖြင့်. လူတစ်ဦးတစ်ယောက်၏ အကျင့်စရိုက်လေးများကိုလည်းခန့်မှန်းနိုင်ပြီး. . ပေါင်းသင်းဆက်ဆံရေးတွင် အဆင်ပြေအောင် စွမ်းဆောင်နိုင်ပါလိမ့်မည်။   ဤ Application တွင် -အပတ်စဉ် ဗေဒင်ဟောစာတမ်း တစ်သက် တာဟောစာတမ်း -သွေးအုပ်စုများအကြောင်း -ဂဏန်းဗေဒင်အကြောင်း -ရာသီဖွားများ၏ စိတ်နေသဘော ထားများ -ရာသီဖွားများ၏ အချစ်ရေး -နက္ခတ်အကြောင်း -Facebook post များ စသည်တို့ပါဝင်ပါသည်။ ဤ Application ၏ ၉၀ ရာခိုင်နှုန်းကို အင်တာနက်မလိုပဲအသုံးပြုနိုင်ပါသည်။ အပတ်စဉ်ဟောစာတမ်းများနှင့် Facebook post များသာ အင်တာနက်လိုအပ်ပါသည်။ ယခု version တွင် App ၏ အရွယ်အစားကို 4.9MB အထိပြန်လည်လျှော့ချထားပါသည်။ အပတ်စဉ်ဟောတမ်းဖတ်ရာတွင် အင်တာနက်မကောင်းသော အချိန်တွင် ပါဖတ်ရှုနိုင်ရန် ပိုမိုမြန်ဆန်အောင်ပြင်ဆင်ထားပါသည်။  ဆက်လက်အားပေးကြပါပြီး... မိတ်ဆွေသူငယ် ချင်းများကိုလည်းဖြန့်ဝေပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ.. 



This is a Myanmar application designed for Myanmar people who love Baydin(Astrology) Beside, it is featured with variety of Baydin articles to be better among the existing Myanmar Astrology App. Datas are collected from famous Myanmar Astrologers. By using this application, you can guess the basic nature of someone you interested and help you to be more comfortable in realtionship.  In this application, Weekly horoscope Blood group Numerology Basice nature of Zodiacs Love affairs Natkhat Facebook post. You can read 90% of articles in this application without accessing to internet. You will need to access internet only in reading weekly horoscopes and facebook posts. In this version, we reduced the size of app from 5.7 to 4.9 MB. And fixed to reduce the loading time in reading weekly horoscopes. So, you are able to read even in slow internet condition.  Please rate this app and share your friends if you enjoy in using. Thanks alot. :) #Baydin#badin#Myanmar#Mahabote#Natkhat#Burma#Burmese#News#Astrology#  *Uninstall previous one and reinstall latest version to avoid errors. *error ရှိပါက အရင်သွင်းထားသော App အဟောင်းကို ဖယ်ရှား၍ version အသစ်ကို သွင်းပါ။


Myanmar Zodiac - screenshot

Myanmar Zodiac - screenshot
Myanmar Zodiac - screenshot

Myanmar Zodiac - screenshot

Myanmar Zodiac - screenshot

Myanmar Zodiac - screenshot


Shutdown ချတာ မြန်အောင်လုပ်နည်း (Myanmar Digital Life)

သင့် Windows ကို Shutdown ပြုလုပ်ချိန်ဟာ အလွန်ကြာမြင့်နေတယ်ဆိုရင် အောက်ကနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။ နည်းလမ်းများဟာ အလွန်ရိုးရှင်းပြီး ပြုလုပ်ဖို့ စက္ကန့်ပိုင်းသာ ကြာမြင့်ပါတယ်။

Keyboard Shortcuts
-------------------------
ဝင်းဒိုးရဲ့ နာမည်အကြီးဆုံး Shortcut ဖြစ်တဲ့ Ctrl+Alt+Del ဟာ ၀င်းဒိုးကို Shutdown ပြုလုပ်ဖို့ သုံးနိုင်ပါတယ်။ Windows 7 မှာရော Windows 8 မှာပါ Shortcut ကို နှိပ်ပြီးရင် ညာဘက်အောက်ထောင့်က Power Button ကို နှိပ်ပြီး Shutdown လျှင်မြန်စွာ ချနိုင်ပါတယ်။

Windows 7 နဲ့ 8 မှာပါ သုံးနိုင်တဲ့ နောက်ထပ် Shortcut တစ်ခုက Desktop ကို Select လုပ်ပြီး Alt+F4 ကို နှိပ်ပါ။ ဒါဆိုရင် Shutdown Dialog ပေါ်လာမှာပါ။ Desktop ကို Select လုပ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် အခြား Program တစ်ခုကို ပိတ်ပစ်မှာပါ။

Power Options ကို ပြုပြင်ပါ။
--------------------------------
သင့်ရဲ့ Laptop ကို Shutdown ပြုလုပ်ဖို့ Power Button ကိုနှိပ် ဒါမှမဟုတ် Laptop မျက်နှာပြင်ကို ကီးဘုတ်နဲ့ ကပ်နိုင်ပါတယ်။ ဒီလို ပြုလုပ်ဖို့ Power Options ထဲမှာ ရွေးချယ်နိုင်ပါတယ်။ Battery ဒါမှမဟုတ် Plugged In နဲ့ အသုံးပြုနေချိန်မှာ ပြုလုပ်ရမယ့် အလုပ်တွေကို သီးခြား သတ်မှတ်နိုင်ပါတယ်။ Control Panel > Hardware and Sound> Power Options ရဲ့ ဘယ်ဘက် Sidebar မှ “Choose what the power buttons do” ကို နှိပ်ပြီး သတ်မှတ်နိုင်ပါတယ်။

Services များကို လျှင်မြန်စွာ ပိတ်ပါ။
----------------------------------------
ဝင်းဒိုးကို Shutdown ပြုလုပ်ရင် ၀င်းဒိုးက Services များကို အရင် ပိတ်ရပါတယ်။ အဲဒီ ပိတ်ချိန်ကို လျှော့ချခြင်းဖြင့်လည်း Shutdown ပြုလုပ်ချိန်ကို မြန်ဆန်စေနိုင်ပါတယ်။ ဒီလို ပြုလုပ်ဖို့ Windows + R ကို နှိပ်ပြီး regedit လို့ရိုက်ပြီး အန်းတားနှိပ်ပါ။ Registry Editor ပေါ်လာရင် HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control ကို သွားပြီး WaitToKillServiceTimeout အပေါ်မှာ Double Click နှိပ်ပါ။ Value ကို 12000 မှ 2000 သို့ ပြောင်းပြီး Ok နှိပ်ပါ။ သင် Shutdown ပြုလုပ်လိုက်တာနဲ့ ၁၂ စက္ကန့်အစား ၂ စက္ကန့် အတွင်းမှာ Services များကို ပိတ်ပေးမှာပါ။

Quick Shutdown Shortcut ပြုလုပ်ပါ။
-------------------------------------------
Keyboard Shortcut မသုံးချင်ရင် Quick Shutdown Shortcut ပြုလုပ်ပါ။ Shortcut ကို Desktop ဒါမှမဟုတ် Quick Launch Bar ဒါမှမဟုတ် Windows 8 မှာ ဆိုရင် Start Screen မှာ ထားရှိနိုင်ပါတယ်။ Quick Shutdown Shortcut ပြုလုပ်ဖို့ Desktop ပေါ်မှာ Right Click နှိပ်ပြီး New>Shortcut ကို နှိပ်ပါ။ Location of the item မှာ shutdown.exe/s/t 0 ကို ရိုက်ထည့်ပါ။ ပြီးရင် Next နှိပ်ပြီး နောက်အဆင့်မှာ နာမည်ပေးပြီး Finish ကို နှိပ်ပါ။

Desktop ပေါ်မှာ ပြုလုပ်ပြီးတဲ့ Shortcut ရဲ့ အိုင်ကွန်ကို ပြောင်းဖို့ Shortcut ပေါ်မှာ Right Click နှိပ်ပြီး Properties ထဲမှာ ပြောင်းလဲနိုင်ပါတယ်။ Shortcut ကို Drag ဆွဲပြီး သင့်အတွက် အသုံးဝင်ဆုံးနေရာမှာ ထားနိုင်ပါတယ်။

Command Line Shutdown
--------------------------------
Command Line Shutdown ကို အပေါ်မှာ အနည်းငယ် ရှင်းပြပြီးပါပြီ။ ဒါပေမယ့် Syntax များပေါ်မူတည်ပြီး Shutdown ပြုလုပ်နိုင်တဲ့ Options များစွာ ရှိပါသေးတယ်။ Shutdown.exe/s/t 0 မှာ ဆိုရင် s က shutdown ပြုလုပ်ဖို့ ခိုင်းတဲ့ Syntax ပါ။ /t 0 က Shutdown မလုပ်ခင် စောင့်ဆိုင်းရတဲ့ အချိန်ပါ။ 0 ပေးထားတဲ့ အတွက် အချိန်မစောင့်ဆိုင်းဘဲ Shutdown လုပ်မှာပါ။ 0 နေရာမှာ နှစ်သက်ရာ အချိန်အတိုင်းအတာ တစ်ခုကို သတ်မှတ်နိုင်ပါတယ်။ /s နေရာမှာ /r လို့ ပြောင်းရင် Shutdown မလုပ်ဘဲ Restart လုပ်မှာပါ။ /f ထည့်လိုက်ရင် Program အားလုံးကို Force Close လုပ်မှာပါ။

Microsoft TechNet ၀က်ဆိုက်မှာ Syntax အားလုံးကို အသေးစိတ်ရှင်းလင်းထားပါတယ်။ အဲဒီ ၀က်ဆိုက်ကို အောက်က လင့် ကနေ သွားရောက်နိုင်ပါတယ်။

http://goo.gl/W60KVQ

Command Line ကို သုံးဖို့ Win+R ကို နှိပ်ရမှာဖြစ်ပါတယ်။ Run Dialog ပေါ်လာရင် နှစ်သက်ရာ Command ကို ရိုက်ထည့်ပြီး အန်းတားနှိပ်ပါ။

Windows 8.1 Update 1 ကို အဆင့်မြှင့်ပါ။
------------------------------------------------
Windows 8.1 မှာ Shutdown ပြုလုပ်ဖို့ ပိုမိုလျှင်မြန်လာပါတယ်။ Win+X ကို နှိပ်ရင် Power User Menu ပေါ်လာမှာ ဖြစ်ပြီး Shutdown ပြုလုပ်ဖို့ Option ကိုတွေ့ရမှာပါ။ Windows 8.1 Update 1 မှာ Start Screen မှ Profile Photo ရဲ့ဘေးမှာ Shutdown ခလုတ်ကိုတွေ့နိုင်မှာပါ။

Windows ကို Shutdown ပြုလုပ်ရင် အချိန်အတော်ကြာ စောင့်ဆိုင်းနေရသူတွေအတွက် ဒီနည်းတွေက အသုံးဝင်စေမှာပါ။

Myanmar Digital Life Journa

အားအားရှိ ဒီအစိုးရ မကောင်းကြောင်းကြီး ရေးမနေကြနဲ့ကွယ်.....

အကျိုးအကြောင်းလေး ယှဉ်ပြီးတော့ ရေးကြပါ......ငါသာ အစိုးရဆိုလျှင် ခဏလေးနဲ့ စိတ်ညစ်လို့ သေသွားနိုင် တယ်....တစ်တိုင်းပြည်လုံး အုပ်ချုပ်နေရတာ.....ပေါက်ပေါက်လှော်နေသလိုဘဲ........ဟိုကအော် လိုက် ဒီကအော် လိုက်နဲ့....မဆီမဆိုင်တွေလည်း အစိုးရ ကောက်ဆွဲထည့်နဲ့ အမှားတွေချည်းမကြည့်ကြပါနဲ့....မျက်မှန်စိမ်းတပ်ခံ ထားရတဲ့ နွားလို တွေ့သမျှ အစိမ်းတွေချည်း မြင်မနေကြပါနဲ့.... ကိုယ့်အသိတရားလေးနဲ့ ယှဉ်ပြီးတော့..... ဆုံးဖြတ်ကြပေါ့ သြော် လူတွေ လူတွေ...ကိုယ့်မျက်ချေးကိုတော့ ကိုယ်မမြင် အမှားမှန်သမျှ...အစိုးရကိုချည်း ပုံချမယ် ဆိုတာဘဲ.........အစိုးရက သိပ်ကြီး ကောင်းနေလို့မဟုတ်ပါဘူး သူတစ်ဖက်သားရဲ့ စိတ်ဓါတ်ကို...
နားလည်ပေးနိုင်ဖို့ ပြောတာပါ....အစိုးရအနေနဲ့လည်း စဉ်းစားသင့်ပါတယ်..အဲဒီလို နားလည်ပေးနိုင်တဲ့စိတ်ဓါတ် မျိုးကို ပေါ့........


ဥပမာအားဖြင့် ဒီကိစ္စတစ်ခုကြောင့် တိုင်းပြည်အတွက် ဘာတွေ ကောင်းကျိုးဖြစ်လာနိုင်သလဲ ဆိုးကျိုးတွေကော ဘာဖြစ်လာနိုင်သလဲပေါ့...အားလုံး ၀ိုင်းညှိပြီးတော့ ထိမ်းထိမ်းသိမ်းသိမ်းနဲ့ ညီညွတ်စွာ လုပ်ကိုင်ကြမယ်ဆိုရင်...
ကျုပ်တို့ နေထိုင်ရာ ပြည်မြန်မာဟာ သာတောင့်သာယာ..ရှိလှတဲ့ မြန်မာပြည်ဖြစ်လာမှာပါ... အခုတော့ဖြင့် လွတ်တော် အမတ်အချင်းချင်း သွေးကွဲ...စကားတွေ အပြန်အလှန်ဆိုနေကြလေတော့ ....တိုင်းပြည် ပြုပြင်ပြောင်း လည်းရေးမှာ... အဓိကကျတဲ့ လူကြီးတွေ လွတ်တော်အမှတ်တွေ မညီညွတ်ဘူးဆိုရင်....ဘယ်သူတွေ ခံရမလဲ ဒို့မြန်ပြည်သူတွေဘဲ ခံရမှာဘဲ.....ခုလောလောဆယ်တော့ အစိုးရရဲ့ မှားကွက် ကျားကွက် အမှားတွေကြောင့်. .လို့ပြောမလား သတင်းတွေကြည့်ရတာ အနောက်အုပ်စုကတော့ဖြင့် မကြည်လှဘူးတဲ့ဗျာ......သူတို့ ကြည်တာမကြည်တာ အပထားပါ ဒို့မြန်မာပြည်သူ ပြည်သားချင်း စာနာသနားတဲ့ စိတ်လေးမွေးပြီးတော့..
အမှားများစွာကို မကျူးလွန်မိအောင် ထိန်းသိမ်းကြရမယ် မဟုတ်လား...

အစိုးရအနေဖြင့်လည်း ဆုံးဖြတ်ချက်တွေ မလွန်အောင် ဥပဒေပညာရှင်တွေအနေနဲ့လည်း ငါ အာဏာရှိတုန်း တွယ်လိုက်မယ်..အာဏာပါဝါပြမယ်ဆိုတာချည်း မလုပ်ကြပါနဲ့ဗျာ.........မိသားစုတွေ တွေးကွဲရင်......ဒီတိုင်းပြည် ဘယ်တော့မှ...ရှေ့တန်းမရောက်ဘူး....တစ်ပူပူ တစ်ညံညံဖြစ်နေတဲ့ အိမ်လို.....ဘာစီးပွါးရေး တိုးတက်မလဲ....
ဒါကလေးကအစသိပါတယ်.......

အထူးသဖြင့် အနှစ်ချုပ်ပြောလိုတာကတော့ အချို့အရာတွေ ပြင်ဆင်လို့ ရသေးရင်..ပြန်လည်ပြင်ဆင်လိုက်ပါ လျှော့ သင့်တာကို လျှော့ပါ........မာလွန်းလျှင် ပြတ်တတ်တယ်..ဟို စကားပုံလို ဖြစ်နေမှာစိုးရတယ်ဗျာ.........ဘာတဲ့.....
ကံခေလျှင် ခြံမချေနှင့် နှီးပြတ်ကာ ဒီးဖတ်တတ်တယ်ဆိုသလိုဘဲ........ကိုယ့်လူတို့ ဒီး အဖတ်ခံရနေရမှာစိုး လို့ဟေး..........နိုင်းနိုင်းချိန်ချိန် သုခမိန်လိုပေါ့ဗျာ....အဲလိုလုပ်ကြ....
ငါနေရာရတုန်း ဆိုတဲ့ စိတ်ဓါတ်လေးတွေ လျှော့ကြ........
သေရင် ဘာမှ ပါမသွားဘူး....ပညာရှိ ဦးပေါ်ဦးလိုပေါ့......
သေရင် ဘာမှ သယ်မသွားနိုင်ဘူး...ဗလာချည်းနည်း လက်ချည်းတည်းပြန်သွားကြရမှာ နေရတဲ့ အခိုက်အတန့်လေးမှာ....ကိုယ့်အမျိုးတွေ ကိုယ့်အချင်းချင်းတွေ မနှစ်နာရအောင် ကာကွယ်ကြပါ.........
ကြီးတဲ့အမှုကို ငယ်အောင် ငယ်တဲ့အမှု ပပြောက်အောင် လုပ်နိုင်ကြပါစေ...
လုပ်နိုင်အောင်လည်း စိတ်ဓါတ်လေးတွေ မွေးမြူ ပြီးသကာလ ကြိုးစားအားထုတ်နိုင်ကြပါစေလို့.........

အမေတစ်ခု သားတစ်ခု ဘ၀လိုဘဲ...အားအားရှိ ဒီသားကိုဘဲ အပြစ်တင်..နေတဲ့ အမေလို ဖြစ်နေရင်တော့ဖြင့်..
 ချစ်ခြင်းတရားဆိုတာ ဘာမှန်းမသိ.....ဖြစ်ကုန်လိမ့်မည်ထင်၏.....ဒါပါဘဲ အမှားပါရင် ခွင့်လွတ် ကိုယ့်အမြင်နဲ့
ကိုယ် ရေးတာ....ဆရာ့ဆရာတွေလို မကျွမ်းကျင်ဘူး....အားလုံးတစ်ဦးအပေါ် တစ်ဦး ချစ်ခင်နိုင်ကြပါစေကြောင်း
ဆုတောင်းရင်းဖြင့် ဘလော့ကာ ကိုမိုး....
29.7.2014 အမှတ်တရ...........

မိန်းကလေးတွေ သူ့ချစ်သူကို လမ်းခွဲဖို့ ဆုံးဖြတ်ချက်ချတာ ဒီလိုအချက်တွေကြောင့်ပါ

အချစ်အကြောင်းလေး အစမ်းတင်ကြည့်တာ ကြိုက်မလားလို့ပေါကွယ်..။ ကူးထားတာပါ..TZ ကလေကော်ပီကို
ကျွမ်းကျင်အောင် လေ့ကျင့်ခန်းဆင်းနေတယ်ဆိုပါတော့ဗျာ..။ ကဲ အောက်မှာ ရှုစားကြည့်ပါဦးကွယ်..မိုက်တယ်။
အသည်းကွဲနေတဲ့ ကောင်လေးတွေ ၁၀ယောက်မှာ ၈ယောက်ဟာ ခုဖော်ပြပေမယ့် အချက်တွေကြောင့် ချစ်သူကောင်မလေးရဲ့ စွန့်ခွာခြင်း ခံခဲ့ကြရတာပါ။ ဒါဟာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် အမှန်တရားတစ်ခုပါ။ မိန်းကလေးတွေဟာ သူ့ချစ်သူကို လမ်းခွဲဖို့ဆုံးဖြတ်တဲ့အခါ ဒီလိုအချက်တွေကို စဉ်းစားပြီးမှ ဆုံးဖြတ်ချက် ချတတ်တာပါ။

၁။သင်ဟာ သူနဲ့သူ့သူငယ်ချင်းတွေကို တစ်ဖြည်းဖြည်း ဝေးကွာသွားအောင် ဖိအားတွေပေးနေခဲ့တာဆိုရင်

သင့်ချစ်သူကောင်မလေး သင်နဲ့လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဟာ သင်က သူ့အသိတွေ၊ သူငယ်ချင်းတွေနဲ့ သူမကို ဝေးကွာအောင် တွန်းအားပေးခဲ့တာကြောင့်လို့ ပြောရင် သင်ယုံကြည်ပါ့မလား။ ဒါတကယ်ပါပဲ။ မိန်းကလေးတွေဟာ သူတို့ဘေးမှာ သူချစ်တဲ့ သူငယ်ချင်းတွေ၊ အပေါင်းအသင်းတွေ ရှိနေတာမျိုးကို နှစ်ခြိုက်ကြပါတယ်။ သူပေါင်းနေတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းဖို့၊ သူ့အသိတွေနဲ့ မသွားလာဖို့၊ အဆက်အသွယ် မလုပ်ဖို့ သင်က ဖိအားပေးမယ်ဆိုရင် သင့်ကို သူတို့စွန့်လွှတ်သွားပါလိမ့်မယ်။

၂။သင်ဟာ အမေချစ်တဲ့ သားတစ်ယောက်ဖြစ်နေမယ်ဆိုရင်

အမေတွေဟာ သားတွေကို သဲသဲလှုပ်ချစ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင့်ရဲ့လှုပ်ရှားမှုတိုင်းမှာ သင့်အမေက ပါဝင်ပတ်သက်နေမယ်ဆိုရင်တော့ သူတို့စိတ်အနှောင့်အယှက် ဖြစ်ရပြီပေါ့။ သင့်ဘ၀ကို သင်ထိန်းကျောင်းရတော့မယ့်အရွယ်မှာ သင့်အမေပြောစကားအတိုင်း တသွေမတိမ်း သင်ပြုမူလှုပ်ရှားနေရပြီဆိုရင်တော့ သူမက တတိယနေရာကနေပြီး သင်နဲ့အတူ လက်တွဲသွားဖို့ စဉ်းစားတော့မှာ မဟုတ်ဘူးနော်။

၃။ သူမကို ဂရုမစိုက်တော့ဘူးဆိုရင်

ရည်းစားဖြစ်ခါစအချိန်တွေတုန်းကတော့ သင်ဟာ သူမရဲ့အကြိုက်တွေ၊ အလုပ်အကြောင်းတွေ၊ သူငယ်ချင်းတွေအကြောင်း၊ မိသားစုအကြောင်း အားလုံးကို လိုက်မေးမြန်းတတ်သူတစ်ယောက် ဖြစ်ကောင်းဖြစ်ခဲ့ပါလိမ့်မယ်။ နောက်ပိုင်းမှာ သင်က ဒီလိုလုပ်စရာ မလိုတော့ဘူးဆိုပြီး သူမကို ဘာဆိုဘာမှ မမေးတော့တာမျိုးတွေ ဖြစ်လာတဲ့အခါ သူမစိတ်ထဲမှာ ငါလည်း သူမမေးတဲ့အတွက် ဘာမှမပြောတော့ဘူးလို့ အရာရောက်သွားပါလိမ့်မယ်။ ပြသနာကတော့ အဲ့ဒါပါပဲ။ အစပိုင်းက စိတ်ဝင်းစားမှုကြီးမားသလို နေပြခဲ့ပြီး နောက်ပိုင်း ဒီလိုအရာတွေ ဆက်လက်မလုပ်ဆောင်တော့တဲ့အခါ သူမကို စိတ်မ၀င်စားတော့သလိုလို ပုံစံမျိုး ဖြစ်သွားတဲ့ သဘောပါ။ ဒါ့ကြောင့် သူမကလည်း ငါ့ကိုဂရုမှမစိုက်တော့တာ။ ငါလည်း ငါ့ဘာသာငါ နေနိုင်အောင် လုပ်ရမှာပေါ့ ဆိုတဲ့ စိတ်ဝင်သွားမှာ စိုးရပါတယ်။

၎။သင်ဟာ ရစ်နိုင်လွန်းသူ၊ ဘာမှမဟုတ်တဲ့အရာကို ပြသနာလုပ်တတ်သူဆို၇င်

အတွဲတိုင်းဟာ ရန်တော့ ဖြစ်ဖူးကြတာချည်းပါပဲ။ ဒါပေမယ့် နှစ်ယောက်သား ပြဿနာတက်တဲ့ကိစ္စတွေဟာ ဘာမဟုတ်တဲ့ အကြောင်းအရာတွေချည်းပဲ ဖြစ်နေမယ်။ ပြဿနာတိုင်းကလည်း သင်ကချည်း ဖန်တီးနေမယ်၊ ရစ်နေတာမျိုးဆိုရင် ဘယ်သူကမှ ကြာရှည်သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ရေရှည်ကို တွေးတတ်တဲ့သူဆို ပိုပြီးတော့တောင် သင့်ကို စိတ်ကုန်သွားဖွယ်ရာ ရှိပါသေးတယ်။

၅။သင့်မှာ ဘ၀အတွက် ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေ ဘာတစ်ခုမှ မရှိဘူးဆိုရင်

ဘ၀ကို ဖြတ်သလိုပဲ ဖြတ်သန်းမယ်လို့ သင် စိတ်ကူးထားတာကို သူမကို ပြောပြလိုက်မယ်ဆိုရင် သူမက ကောင်းတယ်၊ အရမ်းမိုက်တယ်လို့တော့ ဘယ်ပြောမှာလဲ။ စိတ်ကုန်သွားမှာပဲလေ။ ဘယ်မိန်းကလေးမဆို ကိုယ့်ချစ်သူ ကောင်လေးက ဘယ်လိုတော်တယ်၊ မိုက်တယ်၊ ဘာတွေလုပ်တယ်ဆိုတာမျိုး ဂုဏ်ယူချင်ကြတာချည်းပါပဲ။ ကိုယ်ကအဲ့ဒီလို ဂုဏ်ယူစရာ မကောင်းရင်တောင် ကြိုးစားရပ်တည်နေသူတစ်ဦး ဖြစ်ရင်တော်သေး။ အဲ့ဒီလို မဟုတ်ဘဲ ဘာမှလည်း မလုပ်ချင်တော့ဘူး။ အားလုံးကို စိတ်ကုန်သွားပြီဆိုတဲ့ လူစားမျိုးဆိုရင်တော့ သူလည်း သင့်ကို စိတ်ကုန်သွားမှာ အသေအချာပဲနော်။



ဓါတ်ပုံကတော့ဖြင့် ကိုယ့်ဟာကို အင်တာနက်က ယူထားတဲ့ အချစ်နဲ့ ပတ်သက်တဲ့ အရေးကြီးဆုံး အချက်သုံးချက်
ပါတဲ့ စာသားလေးနဲ့​ထည့်လိုက်တယ် အတွင်းစာသားနဲ့တော့ နဲနဲဆန့်ကျင်နေမယ်ထင်ပါတယ်..။

Ref:mensxp.com
Trend Myanmar

Windows 8 Manager v2.1.1

ကဲ သိပြီးသားတွေပါ လူသုံးလည်း များပါတယ်.။ Windows 8 Manager v2.1.1 လေးပေါ့။ ကိုယ်လည်း ၀င်းဒိုး
အသစ်တင်ထားတာဆိုတော့ ကောင်းနိုးရာရာ Software လေးတွေ တင်နေတာလေ အဲဒီထဲကမှ Windows 8 Manager လေးကိုလည်း တင်ရော Update မဖြစ်တော့ဘူးဆိုတော့ ပြန်ဆွဲရတာပေါ့ဗျာ မူရင်းဆိုက်မှာက Keygen ဖိုင်မပါလေတော့ အဟောင်းလေးနဲ့ စမ်းသပ်ကာ လုပ်ကြည့်တော့ အဆင်ပြေလာတယ်လေ။ အဲဒီတော့ ပို့စ်တစ်ခု ဖြစ်လာတာပေါ့ဗျာ..။ ခုလောလောဆယ် Viber PC ထည့်တာ တိုင်ပတ်နေတယ်ဗျာ။ မြန်မာဖောင့်မှန်ဖို့ အတွက် ထည့်လိုက်တာ ကုလားစာတွေနဲ့ ဖြစ်နေတယ်။ ကိုယ်က Firefox ဘဲ အသုံးများတာလေ။ အဲတော့ Fire fox မှာ ဒုက္ခဖြစ်တော့တာဘဲ။ ဖြုတ်တတ်လုပ်လို့လည်းမရဆိုတော့ သြော်ဒုက္ခဒုက္ခပါလားကွယ်။ လုပ်လိုက်ရင် အလွဲ ရေးလိုက်ရင်လည်း အလွဲတွေချည်းဖြစ်နေပါပေါ့လား.။ ကဲ ဒီကောင် Windows 8 Manag er ကတော့ အမှန်အကန်ပါဘဲ မယုံရင်လည်း သူ့ဆိုက်မှာ ၀င်ကြည့်နိုင်ပါတယ်နော်..။ လိပ်စာကတော့ဖြင့်
http://www.yamicsoft.com/ ပါ ဒီနေရာမှာကြည့်ကြည့်ပါ..။ Windows 8 အတွက်သာမဟုတ် 7 အတွက်လည်း
ရှိပါတယ် အစုံပါဘဲ.။ ကဲ ဒီလောက်ဆိုရင်တော့ သိလောက်ပြီ..။ သိပ်တော့ မကြိုက်ဘူးနော်..ကိုယ့်အကြိုက်ကို
ပြောတာ..။ ကီးအဆင်မပြေလျှင်လည်း Google မှာ ရှာသုံးကြပါလေ....။



မပျင်းလျှင် Like မလုပ်ရသေးရင် ညာဘက်ခြမ်းက Facebook Page လေးကို Like လုပ်သွားပါဦး...
သတင်းလေးတွေ ကြိုက်တာလေးတွေ တင်ပေးနေပါတယ်..။

Monday, July 28, 2014

Spark Security Browser မြန်နှုန်းမြင့် ( Safe Browser ) V No:33.7.9998.1951

ကဲ Safe Browser လေးတင်ပေးထားပါတယ်။ ကျုပ်ကိုယ်တိုင်လည်း တင်ပေးထားတယ်ဗျာ။ 41MB ရှိပါတယ်။
ကြိုက်ရင် ယူသုံးပါ.မကြိုက်ရင် မဆွဲနှင့် Spark Browser ထက်သူကတော့ လုံခြုံရေး တိုးဖြင့်ထားတယ်ပေါ့ဗျာ။ ဒါ
ကြောင့် ဒီ Browser လေးကိုလည်း အထင်သေးလို့ မရပါဘူး။ Youtube က ဗွီဒီယိုတွေကိုလည်း မူရင်း Browser
မှာပါတဲ့ Midea Download နဲ့ ကောက်ဆွဲလို့ရပါတယ်။ Spark Browser လို Youtube က Video တွေကို  Player
တစ်ခုလို ဆွဲထုတ်ပြီးကြည့်လို့မရတာကတော့ သူ့အားနဲချက်တစ်ခုဘဲ။ အားသာချက်က Safe စနစ်လေးပါတာပေါ့
ဟိုတစ်နေ့က တင်တဲ့ Baidu Antivirus 2014 မှာ ကျုပ်ထည့်ပြောသွားတယ် ။ အဲဒီမှာ အမှားတစ်ခုပြောမိတယ်။
ဘာလဲဆိုတော့ ဒီ Browser အကြောင်းပါဘဲ တစ်ကယ်တော့ ဒီ Baidu Antivirus 2014 ထဲမှာ Safe Browser မပါ
ပါဘူး ကိုမိုးအင်တာနက်ကနေတိုက်ရိုက်ဆွဲယူထည့်သွင်းအသုံးပြုတာကို မေ့သွာားတဲ့အတွက် ပြောမိတာပါ..။
ကဲ အဲဒါလေးကိုတော့ခွင့်လွတ်ကြပါ။ ကျုပ်မှာလည်း အမှားကမကင်းတာမို့ လုပ်သမျှလွဲ အလွဲပေါင်းများစွာနဲ့ ကြုံ
နေရသူမို့ပါ။ ဒီတော့ဗျာ ဒီကောင်လေးကလည်း ဟိုတစ်နေ့ကတင်တဲ့ Baidu Antivirus 2014 ထုတ်တဲ့ဆိုက်က
ထုတ်ကုန်တစ်ခုပါဘဲ..။ သုံးလို့ကတော့ အဆင်ပြေပါတယ်..။ ကိုယ်ကတော့ ကြိုက်ပါတယ်။ အေးဗျာ ဒီ Browser
ရဲ့ အားသာချက်တစ်ခုကျန်ခဲ့တယ် ပုံမှာပြသထားသလိုဘဲဗျ မြန်နှုန်းမြင့်တာကတော့ အတော်လေးမြင့်ပါတယ်..။
ပုံမှာ ကြည့်လိုက်ရင်လည်း သိမှာပါ ဘယ်လောက်မြန်နှုန်းမြင့်တယ်ဆိုတာကိုပေါ့ သို့သော် အားနဲချက်က Zawgyi One က မြန်မာစာနဲ Search Box မှာ ရှာဖွေလို့ အဆင်မပြေတာတစ်ခုပါ..Facebook သုံးမယ်ဆိုလည်း အဆင်ပြေ
တယ်ဗျ။ ကျုပ်သုံးစမ်းကြည့်တာတော့ အတော်ကောင်းတယ်။ မြန်လည်းမြန်တယ် မှန်လည်းမှန်တယ်။ အဆင်
ပြေလာပြီကွယ် ဒါဆိုရင်တော့ Firefox ကိုတောင် လက်လွတ်ရမလိုဖြစ်နေတယ်..။ သို့သော်လည်း..တစ်ခုရှိတာ
က ယုံကြည်မှုပေါ့...။ ကဲဗျာ facebook ကတော့ ဖြတ်ဖြတ်ဖြတ်နဲ့ ငါးရန့်လေးလူးသလို ငါးပြေမလေး ထခုန်သလို
ဘဲ မြန်သလားမမေးနဲ့​ လိုင်းကောင်းရင်ပြောတာနော် လိုင်းမကောင်းရင်တော့ မတတ်နိုင်ဘူး။ သို့သော် သူတို့
ကြော်ငြာသလိုပါဘဲ Firefox နဲ့ Chrome တို့ထက် သာသည်ကတော့ အမှန်ဘဲဗျို့....။


http://sparksecurity.baidu.com/

ကဲ ဒါကတော့ဖြင့် facebook နမူနာ သုံးစမ်းကြည့်ထားပုံလေးပေါ့

 
အဆင်ပြေရင် Facbook Like လေးနှိပ်ခဲ့ပါဦး အားပေးပါဦး..
https://www.prod.facebook.com/ohnthar


မိုဘိုင်း Developer များအတွက် အချက်အလက်များ ထောက်ပံ့ရန် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ ဖိတ်ခေါ် (7Daydaily)


လွှတ်တော်နှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စောင့်ကြည့်လေ့လာနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က၎င်း၏၀က်ဘ်ဆိုက်တွင်ရှိသောအချက်အလက်များကို ပြည်တွင်းရှိဝက်ဘ်ဆိုက်
များနှင့် မိုဘိုင်းအက်ပ်များရေးသားသော Developer များရယူလိုပါက မျှဝေပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ‘‘နယ်ပယ်အသီးသီးမှာပါ နည်းပညာကို အသုံးပြုပြီးတော့ ကြိုးစားနိုင်တယ်ဆိုတဲ့ အခွင့်အလမ်းတွေကို အာရုံစိုက်ချင်ပါ တယ်။ လွှတ်တော်မှာ ဆွေးနွေးတာတွေနဲ့ တခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နည်း ပညာဖွံ့ဖြိုးတိုးတက်မှုကိုရော နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကိုပါ အများကြီးအထောက်အကူပြုနိုင် မှာဖြစ်ပါတယ်’’ဟု ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။


ပွင့်လင်းမြန်မာ့ရှေ့ဆောင် အဖွဲ့အနေဖြင့် လက်ရှိတွင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူမှုရေးနှင့် စီးပွားရေးကွာ ဟမှုများကို လျော့နည်းစေပြီး နိုင်ငံတကာအ ဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံဖွံ့ဖြိုးရေးဆောင်ရွက်နိုင်ရန် သုတေသနှင့် လေ့လာမှုများ ပြုလုပ်နေ သော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းတို့၏ ၀က်ဘ်ဆိုက်တွင်ပြုစု ထားသော အချက်အလက်များကို နည်းပညာဖြင့် အကျိုးရှိစွာ အသုံးချနိုင်ရန် မျှဝေခြင်းဖြစ်ကြောင်း သိရသည်။
‘‘ဥပမာပြည်နယ်နဲ့ တိုင်းတွေက လူဦးရေစာရင်းကို ၀က်ဘ် ဆိုက်နဲ့ မိုဘိုင်းအက်ပ်တွေမှာ ထည့်ရေးချင်တယ် ဆိုရင် သူတို့ရေးမယ့်မိုဘိုင်း App ထဲကပဲဖြစ်ဖြစ်၊ ၀က်ဘ်ဆိုက်ကပဲဖြစ်ဖြစ် လင့်လေးနဲ့ Key တောင်းလိုက်တဲ့ အခါမှာ အချက်အလက်တွေကို သူတို့ပရိုဂရမ်မှာ သုံးလို့ရမှာဖြစ်ပါတယ်’’ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့ နည်းပညာအဖွဲ့တာဝန်ခံမပွင့်ဖြူကျော်က ပြောသည်။ Developer များအနေဖြင့် အချက်အလက် များရယူလိုပါက www.developer.omimyanmar .orgတွင် မှတ်ပုံတင်၍ ၎င်းတို့၏ မိုဘိုင်းအက်ပ် (သို့) ၀က်ဘ်ဆိုက်နှင့် သက် ဆိုင်သော အချက်အ လက်များကိုဖြည့်ကာ တောင်းယူနိုင်ကြောင်း သတင်းရရှိသည်။

ဓါတ်ပုံကတော့ အင်တာနက်က လိုက်ရှာထားတာ...သူ့ဆိုက်ကိုတော့ မကြော်ငြာတော့ပါဘူးဗျာ...။
လိုင်းကမကောင်းတစ်ကောင်းဆိုတော့ သွားရတာနဲနဲအခက်အခဲဖြစ်နေလို့လေ...။ ဓါတ်ပုံမပါရင် ကြည့်ရတာ
တစ်မျိုးဖြစ်နေလို့ ကောင်းမယ့်ဓါတ်ပုံလေး ဆွဲထည့်ထားလိုက်တယ်..။

သက်ဆင်ရဲ့ ပါရီမြို့က မွေးနေ့ပါတီပွဲ မြင်ကွင်းစုံ (ဧရာဝတီ)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇူလိုင်လ ၂၆ ရက်နေ့က ကျင်းပတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း ပြည်ပရောက် မစ္စတာ သက်ဆင်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့ပွဲ မြင်ကွင်းတွေဖြစ်ပါတယ်။ အဲဒီမွေးနေ့ပွဲမှာ ညီမဖြစ်သူ မစ္စယင်လတ် လည်း တက်ရောက်ခဲ့တာ ဖြစ်ပြီး မောင်နှမတွေ၊ မိသားစုတွေ နဲ့ ဆွေမျိုး မိတ်ဆွေတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်   မွေးနေ့ပွဲက မြင်ကွင်းတွေကို ထိုင်း အွန်လိုင်း လောကမှာ အတော်များများ ပျံ့နှံ့လာနေပါတယ်။ သက်ဆင် တို့ မောင်နှမတွေနဲ့ မိသားစုတွေ သီချင်းဆိုနေကြတာလည်း ဓာတ်ပုံတွေထဲမှာတွေ့ရပါတယ်။သက်ဆင်ရဲ့ မွေးနေ့ ကိတ်ကြီးကိုလည်း တွေ့ရပါမယ်။ ဖက်ရှင်မယ်တဦးအလား ယင်လတ်ရဲ့ ဝတ်စားဆင် ယင်မှုနဲ့ သီချင်းဆိုနေတာ လည်း တွေ့ရပါလိမ့်မယ်။ 


 
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMfJiTc80XGPrpnqFavMf5fyDVra979cSJJkpYoIDkg5ZtSCkwD4VNi-4C9xivpPIqDzBiTSKiMffR0OSpqEzVoLtDwHY4ETHATNoxwvYguvVCrOiChZzCuzLtptoKiSJCid66PzBGPfQg/s1600/14064391931406439369l.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb5YaoAj9pDQry4O-AJO6ZzlUKFIKyqyhBRufqG-YBEpLbH9vL0x3mFYQ_tIRI8XkDRFUsa3NHzFp-JEOq7OxCqsDxT8qvX0cXOrfLx9J9dW9mvpWKq6xjPJ_bttadl1hLtsPDBDzBQ5CB/s1600/14064391931406439379l.jpg
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKHDHDKnRq8zRPpp9IXS5HWBTX72GGdHBNTkireB29QIsN-z89tFg-Wa5pwZokRhAr-x9AI1UfxL67WgVxgLXB03u0-ag9hnKYc5CzFQbbjT1IOlIljk1c1jIXGHTQFXyTf9aOii-TIf5g/s1600/14064391931406439387l.jpg

 အားလုံးဘဲ မိမိတို့ မွေးနေ့တိုင်းမှာ ပျော်ရွှင်နိုင်ပါစေ.....ကိုမိုး...
irrawaddy.org မှ ကူးယူဖော်ပြသည်



ဦးနေ၀င်းမြေးများနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံသော စီစီအိုအီးစီဆိုတာဘာလဲ (7daydaily)

မြန်မာ စစ်အာဏာရှင်ဟောင်း ဦးနေ၀င်း၏ အကျဉ်းထောင်မှ လွတ်မြောက်လာသော မြေးများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်ပြင်ဆင် နေကြောင်း မကြာသေးမီက သတင်းမီဒီယာများအား အသိပေး ဖြေကြားခဲ့ပါသည်။ သူတို့က မြန်မာနိုင်ငံတွင် အုပ်ချုပ်သူစစ် အစိုးရနှင့် ပတ်သက်နေသည်ဟု ဆိုသော ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇပိုင်ဆိုင်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)၏ ရှယ်ယာများကို အများဆုံး ၀ယ်ယူ လုပ်ကိုင်သွားမည်ဟုဆိုသည်။ ၎င်းတို့ကိုတရုတ်နိုင်ငံမှ CCOEC(China  National Corporation For Overseas Economic Coop-eration) ဟုခေါ်သည့် ကုမ္ပဏီ တစ်ခုက ငွေအရင်းအနှီးထုတ်ပေးရန် ကမ်းလှမ်းခဲ့ သည်ဟု ဦးအေးနေ၀င်းနှင့်  ဧရာဝတီသတင်းဌာန တို့၏ မေးမြန်းခန်းတွင် ဖော်ပြထားသည်။



ဦးအေးနေ၀င်းတို့အား စီးပွားရေးလုပ်ကိုင်ရန် အရင်းအနှီးထုတ် ပေးဖို့ ကမ်းလှမ်းခဲ့သော တရုတ် ကုမ္ပဏီတစ်ခုဟုဆိုသည့် စီစီအို အီးစီ(CCOEC) ဆိုသည်မှာ မည်ကဲ့သို့ကုမ္ပဏီမျိုးပါလဲ။ ၎င်းတို့ကဘာကြောင့် ဦးအေးနေ၀င်းတို့အား ငွေထုတ်ပေးရန် ကမ်းလှမ်းရတာလဲဆိုသည့် မေးခွန်းများထွက်ပေါ် လာပါသည်။

အမှန်တော့စီစီအိုအီးစီကို တရုတ်ကုမ္ပဏီတစ်ခုဆိုသည် ထက် တရုတ်အစိုးရပိုင်ကုမ္ပဏီ တစ်ခုဟုပြောသည်က ပိုမှန်ကန် ပါမည်။ စီစီအိုအီးစီဖြစ်လာမည့် ထိုကုမ္ပဏီကို ၁၉၆၅ ခုနှစ်တွင် တရုတ်နိုင်ငံတော်ကောင်စီ၏ ထောက် ခံမှုအရ တရုတ်နိုင်ငံ၏ ဆောက်လုပ်ရေးပစ္စည်းများ တင်ပို့ရန် ရည်ရွယ်ချက်ဖြင့် (China National Corporation For Building Materials Expor- tation) အဖြစ်စတင်တည်ထောင် ခဲ့သည်။ လက်ရှိကမ္ဘာတစ်ဝန်း နိုင်ငံ ၁၀၀ ခန့်တွင် စီးပွားရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက် နေသည့် ကုမ္ပဏီဖြစ်သည်။ တ ရုတ်အစိုးရ သွင်းကုန်ထုတ် ကုန် ဘဏ်က ထောက်ပံ့ထားသည့် အတွက် ငွေအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည်။ ၁၉၉၃ခုနှစ် တွင် နိုင်ငံရပ်ခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် တရုတ်အမျိုးသား ကော်ပိုရေးရှင်း (စီစီအိုအီးစီ)အဖြစ် အမည်ပြောင်းလဲခဲ့သည်။


စီစီအိုအီးစီ၏ မူလလမ်း ကြောင်းမှာ တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့ရောင်း ချရန် ဖြစ်သော်လည်းနောက်ပိုင်းတွင် စွမ်းအင်ကြီးစွာ လိုအပ်နေသော တရုတ်အစိုးရ၏ ရည်မှန်းချက်ကို ဖြည့် တင်းရန် စွမ်းအင်သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် တခြားစီးပွားရေးလုပ်ငန်း များကိုပါ စီစီအိုအီးစီက တိုးချဲ့ဆောင်ရွက်လာ သည်။

ထိုသို့ဆောင်ရွက်လာရာတွင် စီစီအိုအီးစီ ၏ ဈေးကွက်နေ ရာရွေးချယ်မှုမှာ အထူးစိတ်ဝင် စားစရာကောင်းသည်။ များသော အားဖြင့် နိုင်ငံတကာအနောက် တိုင်းကုမ္ပဏီများ၊ အမေရိကန် ကုမ္ပဏီများ၊ ဂျပန်ကုမ္ပဏီများ သည် စီးပွားရေးလုပ်ငန်းဆောင် ရွက်ရာတွင် လူ့အခွင့်အရေးပြဿ နာများ၊ အကြမ်းဖက်မှုများ၊ သဘာဝပတ်ဝန်းကျင်ပျက် စီးမှု များစသော နေရာများမှ လွတ် ကင်းသော နိုင်ငံများကို ရွေးချယ် ကြသည်။ စီစီအိုအီးစီကမူ အများနှင့် ပြောင်းပြန်ဖြစ်၏။

အကြမ်းဖက်မှု၊ လူ့အခွင့်အ ရေးချိုးဖောက်မှုများကြောင့် ကမ္ဘာ့အလယ်မှာ ကြဉ်ထားသည့် နိုင်ငံ များတွင်သာ စီစီအိုအီးစီက ပြိုင် ဘက်မရှိအခွင့်အရေးရယူပြီး စီး ပွားရေးလုပ်ကိုင်လေ့ရှိသည်။ ဥပမာဆိုရလျှင် အကြမ်းဖက် မှုများဖြင့် ကျော်ကြားနေ သည့် ယီမင်နိုင်ငံတွင် စီစီအိုအီးစီ က ၂၀၁၂ ခုနှစ်၌ သဘာဝဓာတ် ငွေ့စက်ရုံသုံးရုံ တည်ထောင်ရန်သဘောတူခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ကာတာတက္ကသိုလ် မှ နိုင်ငံတကာလေ့လာရေး ပညာ ရှင် မိုဟာမက်ဆာဖတ်ရာမတ်က ယီမင်နိုင်ငံ၏ အကြမ်းဖက်မှု သတင်းဆိုးများကြောင့် အနောက်နိုင်ငံ များက ယီမင်နှင့် ဆက်ဆံရန် လက်တွန့်နေချိန်တွင် တရုတ် နိုင်ငံက ထိုဒေသတွင် ၎င်း၏အနေ အထား အားကောင်းလာရန် အခွင့်အရေးယူကြိုးပမ်းနေသည်။ စီစီ အိုအီးစီက တရုတ်အစိုးရ၏ ထို ရည်မှန်းချက် ကို ဖြည့်ဆည်းပေး သည်ဟုဆိုသည်။

ယီမင်နိုင်ငံမှ သူပုန်များ သည် အယ်လ်ကိုင်ဒါအကြမ်း ဖက်သမားများနှင့် ဆက်သွယ်မှု ရှိနေသည်ဟူသော သတင်း ကြောင့် အနောက်နိုင်ငံများက ရှောင်ရှားနေချိန် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကတော့ အားကောင်းလာ သည်။ စီစီအိုးအီးစီကလည်း ထိုဆက်ဆံရေးကို တစ်စိတ်တစ်ပိုင်းပံ့ပိုးကူညီအားဖြည့်ပေး ၏။ယီမင်တွင် ရေနံ အနည်း ငယ် သာထွက်သော်လည်း လောင်စာ စွမ်းအင်အမြဲလိုအပ်နေသည့် တရုတ်နိုင်ငံအတွက် နည်းနည်းရလည်း နည်းနည်းအလျောက် အကျိုးရှိသည်။

ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အနောက်နိုင်ငံများ၏ ဝေဖန်ပြစ်တင်မှုကို ခံနေရသည့် ယခင် ဆိုဗီယက် ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် အရှေ့ဥရောပနိုင်ငံ ဘီလာရုစ် နိုင်ငံတွင်လည်း စီစီအိုအီးစီ၏ လုပ်ငန်းများရှိပါသည်။ အထူးသ ဖြင့် စွမ်းအင်စက်ရုံများကို စီစီအို အီးစီက တရုတ်သွင်းကုန်ထုတ် ကုန်ဘဏ်၏ ပံ့ပိုးမှုဖြင့် အကောင် အထည်ဖော်နေသည်။

ထိုစက်ရုံများသည် နိုင်ငံ၏ သဘာ၀၀န်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေသည်ဟု ဘီလာရု(စ်) နိုင်ငံသတင်း မီဒီယာများက ဝေဖန်ပြစ်တင်ထားပါသည်။ စီစီအိုအီးစီ အပါအ၀င် တရုတ်ကုမ္ပဏီများက အကျင့်ပျက်ခြ စားနေသော ဘီ လာရုစ် အစိုးရအာဏာပိုင်များ နှင့် ပေါင်းပြီး အခွင့်အရေးယူ သည်ဟုလည်း ရေးသားကြပါ သည်။

ထိုကဲ့သို့သောစီစီအိုအီးစီက မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီး သြဇာတိက္ကမကြီးသူစီးပွားရေးသမားများနှင့် စစ်အာဏာရှင်ဦးနေ၀င်း၏ မိသားစုများအတွက် ငွေအရင်းအနှီးထုတ်ရန် ကမ်း လှမ်းလာသည်ဟုဆိုသည်။
လတ်တလောတွင် အဆိုပါသတင်းက လူအများစုကို အံ့အားသင့်သွားခဲ့စေသည်။ ဦးတေဇ၊ ဦးနေ၀င်းမိသားစု၊ တရုတ်အစိုးရ၏ စီစီအိုအီးစီ ဘာတွေဖြစ် လာမလဲဆက်လက်စောင့်ကြည့်ရန်အထူးစိတ်ဝင်စရာကောင်းသည် ကတော့ အသေအချာပင်ဖြစ်ပါ သည်။

http://www.7daydaily.com/story/16988#.U9XyrLEp3IU

Sunday, July 27, 2014

အင်တာနက်အကြောင်း သိကောင်းစရာများ (The Voice Daily)

အင်တာနက် (Internet) နှင့် ပတ်သက်လျှင် W W W (World Wide Web) ကိုလည်း ညွှန်းဆိုလေ့ ရှိကြသည်။ သို့သော် Internet နှင့် WWW တို့သည် မတူကြပေ။ အင်တာနက် ဆိုသည်မှာ ကွန်ရက် (Network) များ ချိတ်ဆက် ထားမှုကို ခေါ်ဆိုပြီး၊ ကမ္ဘာ တစ်ဝန်း လုံးရှိ ကွန်ပျူတာများကို ကြိုးများဖြင့် ချိတ်ဆက်၍ လည်းကောင်း၊ ကြိုးမဲ့ စနစ်ဖြင့် ချိတ်ဆက်၍ လည်းကောင်း သုံးစွဲခြင်း နည်းပညာကို ခေါ်ဆိုခြင်း ဖြစ်သည်။ World Wide Web ဆိုသည်မှာ အင်တာနက်နှင့် အင်တာနက် သုံးနိုင်ရန် စီစဉ်ဖန်တီးထားသော Web browser များကို အသုံးချပြီး၊ အကြောင်းအရာများ၊ စာမျက်နှာများ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ကြည့်ရှုနိုင်ရန် ဖန်တီထားသော နည်းပညာတစ်ခု ဖြစ်သည်။

World Wide Web ကို ၁၉၈၉ ခုနှစ်တွင်၊ အင်္ဂလိပ် ရူပဗေဒပညာရှင် ဆာတင်မ်ဘာနာလီ ဆိုသူက တီထွင်ခဲ့သည်။ ကွန်ပျူတာဖြင့် တစ်ကမ္ဘာလုံး ချိတ်ဆက်ကာ ဆယ်သွယ်အသုံးပြုနိုင်ရန် သူက စတင် စိတ်ကူးတီထွင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကွန်ရက် ချိတ်ဆက်ခြင်းဆိုင်ရာ ပညာရပ်များကို ဆက်လက် တီထွင်ကာ ပရောဂျက်ပေါင်း များစွာ လုပ်ကိုင်ခဲ့သည်။

Website များတွင် (address ဟုခေါ်သည့် ဥပမာ- http://www.sciencekids.co.nz ဟု ခေါ်သော ရည်ညွှန်း လိပ်စာများကို အင်တာနက် ဝေါဟာရတွင် URL (Uniform Resource Locater) ဟု သတ်မှတ်ခေါ်ဝေါ် သုံးစွဲကြသည်။

အင်တာနက်တွင် Domain name ဆိုသည့် ပိုင်ဆိုင်မှုဆိုင်ရာ သတ်မှတ်ချက်အမည်များကို ပေးပြီး သုံးစွဲလေ့ ရှိကြသည်။ ဥပမာ (.com, .info, .net, .org, .edu, .mail, .gov) စသည်တို့ ဖြစ်သည်။ အခြားနိုင်ငံအလိုက် သတ်မှတ်ပေးထားသော domain ဆိုင်ရာ အမည်များလည်း ရှိသေးသည်။ ဥပမာ (.uk, .mm, .nz) စသည်တို့ ဖြစ်သည်။

အင်တာနက်တွင် စာပို့စနစ် (email)၊ ဖိုင်များကို မျှဝေသုံးစွဲခြင်း (file sharing)၊ အွန်လိုင်းတွင် အပြန် အလှန် စကားပြောခြင်း (online chatting)၊ ဖုန်းနှင့် ဗီဒီယိုစနစ်ပုံစံ ရုပ်မြင်သံကြား စကားပြောခြင်း (phone and video call)၊ အွန်လိုင်းဂိမ်းကစားခြင်း (online gaming) စသည့် လုပ်ဆောင်မှုများကို application ဟုခေါ်သည့် ဆော့ဖ်ဝဲများကို အသုံးပြုကာ လုပ်ဆောင်နိုင်ကြသည်။

ယခုအခါ အင်တာနက်နှင့် Web ကို အွန်လိုင်းတွင် ဈေးဝယ်ခြင်း (online shopping)၊ လူမှုကွန်ရက် ဆက်သွယ်ခြင်း (social networking)၊ ဂိမ်းကစားခြင်း၊ သတင်းများ ထုတ်လွှင့်ခြင်း၊ ခရီးသွားဆိုင်ရာ အချက်အလက်များ ဖော်ပြခြင်း၊ စီးပွားရေး လုပ်ငန်းများအတွက် အသုံးပြုခြင်း၊ ကြော်ငြာလုပ်ငန်းများ အတွက် အသုံးပြုခြင်း စသည့် လုပ်ငန်းများကို တွင်ကျယ်စွာ အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် စတင် တီထွင်ခဲ့စဉ်က ရည်ရွယ်ချက်များထက် ပိုပြီး အကျိုးရှိစွာ သုံးစွဲနိုင်ကြပြီ ဖြစ်သည်။

ဆိုရှယ်ကွန်ရက် ဆက်သွယ်မှုတွင် Facebook, Google+, Twitter တို့သည် ကမ္ဘာပေါ်တွင် လူသုံး အများဆုံး ဖြစ်လာခဲ့ရသည်။ တစ်ကမ္ဘာလုံးတွင် ဆိုရှယ်ကွန်ရက်ခေါ် လူမှုရေးကွန်ရက်များကို အသုံးပြုပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်သွယ်မှုများ ခေတ်စားလာသည်နှင့်အမျှ ယင်းလူမှုကွန်ရက်နှင့် ဆက်စပ်ပြီး၊ ဝန်ဆောင်မှုများ၊ ဆော့ဖ်ဝဲများလည်း တိုးတက် ထွန်းကားလာခဲ့ရသည်။

အင်တာနက်ခေတ် ရောက်လာသည်နှင့်အမျှ လုံခြုံရေးဆိုင်ရာ ကိစ္စများ၊ ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်များသည်လည်း အရေးပါလာခဲ့ရသည်။ မိမိတို့ လုပ်ဆောင် ဖန်တီးထားသည့် ဒေတာများကို ကာကွယ်ရန်အတွက် password များကို သုံးစွဲလာရခြင်း၊ ဆော့ဖ်ဝဲများသုံးကာ ကြိုတင်ကာကွယ် ရခြင်း များသည် အရေးကြီးလာသည်။ ဗိုင်းရပ်စ် (Virus) နှင့် စပန်း (Spam) တို့သည် ကွန်ပျူတာနှင့် မိမိတို့ လုပ်ငန်းများကို ခြိမ်းခြောက် ဒုက္ခပေးလာပြီး အင်တာနက် သုံးသူများတွင် ရှောင်လွှဲမရသည့် ဒုက္ခများ ဖြစ်လာသည်။

အင်တာနက် သုံးသူတိုင်းသည် Web ပေါ်တွင် သတင်းအချက်အလက်များနှင့် မိမိတို့ သိလိုသည့် အကြောင်းအရာများ ရှာဖွေရန်အတွက် Google သို့မဟုတ် Being စသည့် (Search Engine) ဟု ခေါ်သော ကြားခံ browser တစ်ခုခုကို အသုံးပြုရမည်သာ ဖြစ်သည်။ Google သည် ယခုအခါ နာမည်ကျော် လူသုံးအများဆုံး Search Engine တစ်ခုဖြစ်ပြီး နေ့စဉ် သန်းရာပေါင်း များစွာသော အချက်အလက်များကို ရှာဖွေရန်အတွက် ဝင်ရောက်ရသည့် အင်တာနက် တံခါးပေါက်ကြီး တစ်ခုသဖွယ် ဖြစ်နေခဲ့ရသည်။

ယခုအခါ တစ်ကမ္ဘာလုံး၏ လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်သည် အင်တာနက်ကို အသုံးပြုနေကြပြီ ဖြစ်သည်။ ၁၉၉၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အင်တာနက် အသုံးပြုသူများ ဆယ်ဆခန့် တိုးမြင့်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အင်တာနက် အသုံးပြုသူ တစ်ဘီလီယံ စတင်ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် နှစ်ဘီလီယံ ရှိသွားသည်။ ၂၀၁၄ ခုနှစ်ကုန်ခန့်တွင် သုံးဘီလီယံအထိ တိုးမြင့်သွားလိမ့်မည်ဟု ခန့်မှန်းထားသည်။

Source : Internet Live State

Ref : The Voice Daily

အကောင်းဆုံးသော နည်းပညာနှင့် နည်းပညာ Website များကို အလျှင်မြန်ဆုံး ကြည့်ရှုနိုင်မည့် နည်းပညာ ( For MKK)


ဒေါင်းလော့ချစရာများ DOWNLOAD NOW FREE SOFWARE OR EBOOK OR APK or MUSIC


Google Dirve IT Ebook                                      Mediafire Download Link ebook


Converter Softwares DOWNLOAD                        Dictionary DOWNLOAD


နည်းပညာဆိုက်များကို အလျှင်မြန်ဆုံးနည်းနဲ့ ကြည့်ကြရအောင်

  
 PC SOFTWARE AND MOBILE APK FREE FULL VERSION DOWNLOAD WEBSITES






FILE HOUSE.COM DOWNLOAD                           FILE HIPPO.COM DOWNLOAD
 
DOWNLOAD FULL VERSION SOFTWARE                      AFTER DAWN.COM
                 
MP3 MP4 သီချင်းများနှင့်    ဗွီဒီယိုများနှင့် JOURNAL များ မြန်မာစာအုပ်များ ဒေါင်းရန်
MYANMAR MP3/ MP4/ MUSIC/ VCD/ MP4/ EBOOK/ JOUNNAL DOWNLOAD NOW

Myanmar Hip Hop Channel                   Myanmar Mp3 Album     
itburma MUSIC                               axlerose MUSIC
  ဘုရားတရားသံဃာနှင့် ဆေးပညာ



ဒီလင့်ကတော့ဖြင့် ဆိုက်တစ်ခုလုံးကို ကြည့်တာ... ohnthar Website ပေါ့ဗျာ

https://www.facebook.com/ohnthar

Saturday, July 26, 2014

လွှတ်တော်အမတ် တစ်ဦးချင်းဆိုင်ရာ အချက်အလက်များကို ထည့်သွင်း တည်ဆောက်ထားသော Mobile App ( MyanmarMPs V2 apk )ထွက်ရှိ

တရားဝင်လွှတ်တော် အမတ်တစ်ဦးချင်းဆိုင်ရာ အချက်အလက်များကို ထည့်သွင်းတည်ဆောက်ထားသော Mobile App ထွက်ရှိလာကြောင်း သိရသည်။ အဆိုပါ Mobile App သည် Version 2 ဖြစ်ပြီး Version 1ကို မေ လ ၃၀ ရက်တွင် Google Play တွင် တင်ခဲ့ကြောင်း၊ ပြင်ဆင်မှုအနေဖြင့် Version 2 ကို ဇူလိုင် ၂၄ ရက်၌ တင်ခဲ့ကြောင်း ဇူလိုင်လ ၂၅ ရက်တွင် မြန်မာအင်ဖိုတက်အတွင်း ပြုလုပ်ခဲ့သည့် လွှတ်တော်လေ့လာ စောင့် ကြည့်ရေးဆိုင်ရာ (website+MobileApp+API) မိတ်ဆက်ပွဲမှ သိရသည်။ အဆိုပါ Mob ile App ကို Google Play, 1Mobile တို့တွင် MyanmarMPs V2 အမည်ဖြင့် တွေ့ရှိနိုင်မည် ဖြစ်သည်။ MyanmarMPs V2 ၌မဲ ဆန္ဒနယ် တစ်ခုချင်းစီ၏ လွှတ်တော်အမတ်များကို အလွယ်တကူရှာ ဖွေနိုင်မည်သလို၊ ကိုယ်ရေးအချက် အလက်များ၊ တိုက်ရိုက်ဆက်သွယ်နိုင်မည့် နည်းလမ်းများဖြစ်သော ဖုန်းနံပါတ်၊ အီးမေးလ်၊ Facebook နှင့် Twitter တို့ကို တွေ့ရှိနိုင်မည် ဖြစ်သည်။ Mobile App ကိုဇော်ဂျီနှင့် ယူနီကုတ်နှစ်မျိုး အသုံးပြုနိုင်ရန် ပြုလုပ် ထားပြီး မိမိမိုဘိုင်းဖုန်းနှင့် အသုံးပြုနိုင်သည့် ဖောင့်အမျိုးအစားကို ရွေးချယ်ရမည်ဖြစ်သည်။ 


လွှတ်တော်အမတ် ရှာဖွေရာတွင် ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် လွှတ်တော်အမတ်များကို ရှာဖွေနိုင်မည်ဖြစ်ပြီး မိမိရှာဖွေထားသော လွှတ်တော်အမတ်များကို Bookmarks ဖြင့် မှတ်သားထားနိုင်မည် ဖြစ်သည်။ ထို့အပြင် လွှတ်တော်နှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကိုလည်း Knowledge ကဏ္ဍတွင် ထည့်သွင်းဖော်ပြ ပေးထားမည်ဖြစ်သည်။ အဆိုပါ Mobile App ကို Open Myanmar Initiative မှ ရေးသားထုတ်လုပ်ထားပြီး လွန်ခဲ့သောတစ်နှစ်ခန့်က www.omimyanmar.org အမည်ဖြင့် လွှတ်တော်အမတ်များ၏ ကိုယ်ရေး အချက်အလက်များ၊ အဆိုပြု ဆွေးနွေးချက်များ၊ ပါဝင်ဆွေးနွေးသူများ၊ ​ဝန်ကြီးဌာနများ၏ ပြန်လည်ရှင်းလင်းချက်များ၊ ဥပဒေမူကြမ်းများ၊ ကော်မတီများ၊ ကော်မရှင်များပါဝင်သည့် ဝက်ဘ်ဆိုက် တင်ခဲ့ကြောင်းသိရသည်။ ဝက်ဘ်ဆိုက်ပါ အချက်အလက်များ ကို ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်၊ လွှတ်တော်အမတ်များကိုယ်တိုင်၊ ပြင်ပမီဒီယာများ၏ ဖော်ပြချက်များ၊ အခြားသော အချက် အလက်များနှင့် တိုက်ဆိုင်၍ ဖော်ပြထားကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ဆိုက်ကိုပြုလုပ်ခဲ့ပြီး ယခု Mobile App ကို ဆက်လက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

http://www.myanmarinternetjournal.com/content/13979

Friday, July 25, 2014

PC App Store Version:4.5.1.6024 ကွန်ပျူတာအတွက် မရှိမဖြစ် အသုံးပြုသင့်သည့် PC App Store OR PC Market

PC App Store V:4.5 လေးတင်ပေးလိုက်တယ်။ ဘာတွေကောင်းသလဲဆိုတော့ ကျုပ်တို့တစ်တွေ Google Play Store ဆို လူတိုင်းသိပါတယ်။ ထိုနည်းတူစွာဘဲ ကွန်ပျူတာအတွက်လည်း Market ခေါ် PC App Store 
ပေါ့ဗျာ.။ ဒီတော့ PC မှာ လူသုံးအများဆုံး Player တွေ ဂိမ်းတွေ Virus သတ်မည့် ဆော့ဖ်ဝဲတွေ Reader တွေ
Converter တွေ Browser တွေ စသဖြင့် စသဖြင့်ပေါ့ဗျာ အစုံကို တင်ထားပေးတာတွေ့ရပါတယ်။ Websit တွေ
ကို ပတ်မွှေရတာထက်စာရင်တော့ ပိုမြန်ဆန်မယ်ထင်တာဘဲ။ ဒီကောင် PC Store မှာလည်း Search အင်ဂျင်
လည်း ပါနေတာဆိုတော့ မိမိမမြင်ရတဲ့ဆော့ဖ်ဝဲဆို ရိုက်ထည့်ပြီး ရှာလို့ရနေတာဘဲလေ ဒီတော့ ဒီကောင်ကို
မသုံးရင် ဘယ်ဟာသုံးဦးမလဲ..။ ဖုန်းတစ်လုံးမှာ Play Store 1Mobile market တို့လိုအပ်သလို ဒီကွန်ပျူတာမှာ
လည်း ဒါဟာလိုအပ်တယ်လို့ ကိုမိုးကတော့မြင်တယ်ဗျ။ ကိုယ့်လူတို့တော့ မသိဘူးပေါ့လေ။ ဘယ်လောက်
ဝန်ဆောင်မှုကောင်းကောင်း အကြိုက်ချင်းတူမှ ကောင်းတာမဟုတ်လား။ အမှန်ပြောရရင်တော့ ကိုယ်လည်း
တစ်ကယ်ကြိုက်ပါတယ် အဟုတ်တစ်ကယ်ပါ။ ကဲကဲ ကြွားနေရတာနဲ့ အချိန်ကြာသွားတယ်။ ကိုယ့်ထုတ်ကုန်
တော့မဟုတ်ဘူး သို့သော်လည်း စိတ်ဝင်စားအောင် ပြောရသေးတာကိုးဗျာ။ တစ်ကယ်လည်း လိုအပ်လို့ ရေး
တာပါ။ အချိန်ကုန် ငွေကုန်ပြီး ပင်ပန်းသာဘဲ အဖတ်တင်တယ်ဆိုရင်လည်း မဟုတ်သေးဘူးလေ။ ဒါမျိုး PC Store ကတော့ နဲနဲရှားသေးတယ်လို့ ပြောမလား Softeware အနေနဲ့ ပြောတာပါ။ ဟိုအရင်က ကျုပ်တင်ပေးခဲ့
ဘူးတာ တစ်မျိုးတော့ ရှိတယ် သူက ဒါမျိုးတော့မဟုတ်ဘူး ရှာဖွေရေး အင်ဂျင်သဘောမျိုးပါ။ ကဲဒီလောက်ပါဘဲ

Thursday, July 24, 2014

သုံးစွဲသူများ မသိရှိသေးသည့် Google ၏ လုပ်ဆောင်ချက်များ (Internet Journal)


ပြီးခဲ့သည့်နှစ်က Google တွင် ရှာဖွေမှုပေါင်း ၂,၁၆၁,၅၃၀,၀၀၀,၀၀၀ ပြုလုပ်ခဲ့သော်လည်း သုံးစွဲသူများမှ အံ့အားသင့်ဖွယ်ကောင်းသည့် Google ၏ လုပ်ဆောင်ချက် အများစုကို သိရှိကြခြင်း မရှိသေးပေ။ ထို့ကြောင့် သုံးစွဲသူများအတွက် အကျိုးရှိစေမည့် Google ၏ လျှို့ဝှက်လုပ်ဆောင်ချက်များကို ဖော်ပြလိုက်ပါသည်။

(၁) သုံးစွဲသူ၏ ညစာအတွက် Google က ကူညီ ဆုံးဖြတ်ပေးနိုင်သည်။





(၂) Google ကို timer တစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။



(၃) နေထွက်ချိန်နှင့် နေဝင်ချိန် အတိအကျကို Google က ဖော်ပြပေးနိုင်သည်။



(၄) “Zerg Rush” ဟုခေါ်သော hidden ဂိမ်းကို Google တွင် ကစားနိုင်သည်။



(၅) မြို့အမည်၏ နောက်တွင် “forecast” ကို ရိုက်ထည့်ခြင်းဖြင့် သက်ဆိုင်ရာ မြို့၏ ရာသီဥတု အခြေအနေကို သိရှိနိုင်သည်။



(၆) “site:” keyword ကို အသုံးပြုပြီး သက်ဆိုင်ရာ ဝက်ဘ်ဆိုက်၏ ရှာဖွေမှု ရလဒ်များကို သိရှိနိုင်သည်။ ဥပမာ အနေဖြင့် Google တွင် “site:myanmarinternetjournal.com MPT” ဟု ရိုက်ထည့်ပါက အင်တာနက်ဂျာနယ် ဝက်ဘ်ဆိုက်ပေါ်ရှိ MPT နှင့် သက်ဆိုင်သည့် သတင်းများကို ရှာဖွေနိုင်သည်။



(၇) နေ့လယ်စာ/ညစာ အတွက် ကုန်ကျစရိတ် တွက်ချက်ရာတွင် တစ်ဦးချင်းစီအလိုက်ကျသင့်မည့် ဘောက်ဆူးကိုလည်း တွက်ချက်နိုင်သည်။ ထို့အပြင် ရာခိုင်နှုန်းနှင့် စားသုံးသူ အရေအတွက်ကိုလည်း ချိန်ညှိနိုင်သည်။



(၈) လေကြောင်း ခရီးစဉ် အခြေအနေကို Google တွင် စစ်ဆေးနိုင်သည်။



(၉) Google တွင် “do a barrel roll” သို့မဟုတ် “tilt” ကို ရိုက်ထည့်ပြီး နောက်ပြောင်မှုများ ပြုလုပ်နိုင်သည်။





(၁၀) သုံးစွဲသူ နှစ်သက်သည့် show ကို ကြည့်ရှုနိုင်မည့် အချိန်အား Google က ဖော်ပြပေးနိုင်သည်။



(၁၁) ရုပ်ရှင် ဇာတ်ကားသစ် ဖြန့်ချိမည့် နေ့ကို Google တွင် သိရှိနိုင်သည်။





(၁၂) ကုမ္ပဏီများ၏ အချက်အလက်များကို Google က ဖော်ပြပေးနိုင်သည်။



(၁၃) နှစ်သက်ရာ တီးဝိုင်းအဖွဲ့များ၏ သီချင်းများကို Google တွင် ရှာဖွေနိုင်သည်။



(၁၄) Google images တွင် “Atari Breakout” ဟု ရိုက်ထည့်ကာ ၁၉၇၆ ခုနှစ်က Atari ကုမ္ပဏီက ဖန်တီးခဲ့သည့် Breakout ဂိမ်းကို ကစားနိုင်သည်။



(၁၅) Google တွင် အတိုင်းအတာ အကွာအဝေးကို ပြောင်းလဲတွက်ချက်နိုင်သည်။



(၁၆) သုံးစွဲသူ မသိရှိသည့် ဘာသာစကားများကိုလည်း Google က ဘာသာပြန်ပေးသည်။



(၁၇) သုံးစွဲသူ နှစ်သက်သည့် စာရေးဆရာ ရေးသားထားသော စာအုပ်များကို Google က ဖော်ပြပေးနိုင်သည်။



(၁၈) Facebook ပေါ်တွင် တွေ့မြင်ရသည့် ဓာတ်ပုံတစ်ပုံ၏ မူလရင်းမြစ်ကို သိရှိလိုသည့်အခါ Google တွင် ရှာဖွေနိုင်သည်။ ထို့အပြင် Google ၏ Reverse Image Search ကို အသုံးပြုပြီး ဓာတ်ပုံကို search tool သို့ drag-and-drop ပြုလုပ်ပြီး ဓာတ်ပုံ၏ မူလရင်းမြစ် တည်နေရာကို ရှာဖွေနိုင်သည်။



(၁၉) Google တွင် ရှာဖွေမှုများအတွက် keyboard ဖြင့် ရိုက်ထည့်ခြင်း ပြုလုပ်သည့်အခါ ငြီးငွေ့လာပါက microphone icon ကိုနှိပ်ပြီး နှုတ်ဖြင့် ပြောဆိုကာ ရှာဖွေမှု ပြုလုပ်နိုင်သည်။



http://www.myanmarinternetjournal.com/content/13959
မှာ ကူးယူဖော်ပြသည်