ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Friday, July 18, 2014

မလေးရှားလေယာဉ် ရုရှားလုပ် BUK ဒုံးကျည်ဖြင့် ပစ်ချခံခဲ့ရ ဆိုပါလား

မလေးရှားခရီးသည်တင်လေယာဉ်ကို ရုရှားလုပ် BUK အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ခတ် ခဲ့တာဖြစ်တယ်လို့ အနောက်နိုင်ငံများမှာ အခြေစိုက်တဲ့ စစ်ဖက်ကျွမ်းကျင်ပညာရှင်တွေကတော့ ဆိုနေပါပြီ အခုပစ် ချခံရတဲ့ ဘိုးရင်း ၇၇၇ အမျိုးအစား ခရီးသည်တင်လေယာဉ်ဟာ ခရီးသည် ၂၈၃ ဦးနဲ့ လေယာဉ် အမှုထမ်း ၁၅ ဦးကို တင်ဆောင်ပြီး၊ အမြင့်ပေ ၃၀၀၀၀ ကျော်ကနေ ပျံသန်းနေတာဖြစ်ပါတယ်။ လန်ဒန်မှာအခြေစိုက်တဲ Royal United Services Instituteက ရုရှား စစ်ဖက်ရေးရာကျွမ်းကျင်သူ အိုင်ဂေါ ဆာယာဂင်ကတော့ အခုပစ်ချမှုဟာ ယူကရိန်းအရှေ့ပိုင်းမှာ လှုပ်ရှားနေတဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေ မဟုတ်ရင် ရုရှားတွေက ပစ်ချတာ ပဲ၊ ဒါကြောင့် သူတို့မှာတာဝန်ရှိတယ်လို့ တထစ်ချယုံကြည် တယ်ဆိုပြီး The Guardian သတင်းစာကြီးကို ပြော ဆိုပါတယ်။

လွန်ခဲ့တဲ့ အပတ်ကတည်းက ရုရှားလိုလားသူ ယူကရိန်းခွဲထွက်ရေးသမားတွေ သို့မဟုတ် ရုရှားစစ်တပ်တွေ ကိုယ်တိုင် ယူကရိန်း အရှေ့ပိုင်းမှာ ပျံသန်းနေတဲ့ ယူကရိန်း အင်တိုနော့ အမျိုးအစား ကုန်တင် လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေကို ပစ်ခတ်နေ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း ဆူခွိုင်း အမျိုးအစား SU 25 ယူကရိန်း တိုက်လေယာဉ်ကိုလည်း ရုရှားလုပ် ဒုံးကျည်နဲပစ်ခတ်ခံရလို့ ပျက်ကျသွားခဲ့ပါသေးတယ်။

Gizzly လို့ နေတိုးက အမည်ပေးထားတဲ့ BUK အမျိုးအစား ရုရှားလုပ် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကို ဆိုဗီယက်ခေတ်က စတင်တီထွင်ခဲ့တာဖြစ်ပြီး၊ BUK M1၊ BUK M2၊ BUK M 3များ ထပ်ဆင့် အဆင့်မြှင်ဆန်း သစ်ထားတာဖြစ်ပါတယ်။



သတင်းလို့ Tun Wai ကဆိုထားပါတယ်...
ကိုယ့်အတွက် အမှတ်တရလေးတစ်ခုပါ...ကိုယ်က လက်လက် အသစ်အဆန်းတွေဆို ကြိုက်တယ်လေ...
ဘာကြောင့်ဆို...ဂိမ်းထဲမှာလည်း လက်နက်ကောင်းရဖို့အတွက် ငွေများများ ရှာရတာကိုးဗျ...
နောက်တစ်ခုကတော့ဖြင့် EA Command & Conquer Generals Zero Hour11 ကလည်း ဆော့နေတာဆို
တော့ပေါ့...ဒီဂိမ်းကလည်း လေးနှစ်ကျော်ပြီဗျာ ဆော့လာတာ မရိုးနိုင်သေးဘူး...။ သူ့ထက်ကောင်းတဲ့ဂိမ်း
မတွေ့တတ်သေးဘူးလေ...။ အသစ်ထွက်တဲ့ကောင်ကတော့ တိုက်မကောင်းဘူး...လက်နက်မပြည့်စုံဘူး...။
တိုက်လို့ မကောင်းတာလည်း ပါတာပေါ့..။ တိုက်ကွင်း မြေပုံ အားလုံးကို ကိုယ်တိုက်ဖူးတယ်...။ ကိုင်တွယ်
တဲ့ အသင်းတွေကလည်း ကိုးသင်းလုံး ကိုင်ဖူးတယ် ကုလားကိုင်လိုက် တရုတ်ကိုင်လိုက် အမေရိကန်ကိုင်လိုက်
နဲ့ စုံနေတာဘဲ...ကဲဒါပါဘဲ...ဗျာ စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းရေးလိုက်တာပါ...။

0 အားပေးစကားပြောကြားကြပါ:

Post a Comment