ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, July 23, 2014

Baidu Antivirus 2014 မြန်မာဆိုက်များတွင် မတွေ့ရသေးသည့် Virus သတ်ခြင်းနှင့် လုံခြုံရေး Browser

ကဲဗျာ နာမည်ကတော့ အကြီးကြီးပေးထားတယ်။ တစ်ကယ်လည်း ဟုတ်ပါတယ် မြန်မာဆိုက် ကိုယ်ကျင်
လည်နေတဲ့ ဆိုက်တွေမှာတော့ဖြင့် ဒီ Baidu Antivirus 2014 နဲ့ ပတ်သက်ပြီးတော့ မတွေ့မိသေးပါဘူး။ ဒီတော့ ဒီကောင်လေးကို အထူးသဖြင့် အထူး Software အနေဖြင့် ထူးခြားစွာ တင်ပေးလိုက်ပါသည်။ သုံးစမ်း
ကြည့်တော့ သူ့မှာ Antivirus သာမဟုတ်ဘဲ Browser တစ်ခုပါ ပါလာတာတွေ့ရတယ်ဗျ။ ကျုပ်ကလည်း သူ့တို့
ထုတ်ကုန် သုံးလေးမျိုးလောက် ကောက်ဆွဲလာတယ် PC ကို မြန်နှုန်းမြင့်တာတွေရယ် PCAppStore တွေရယ်
bdMiniDownloaderSuite ဆိုတာတွေ ကောက်ဆွဲလာတယ်။ ခုပြောတဲ့ဥစ္စာတွေက Offline Software မဟုတ်
ပါဘူး install လုပ်ပြီးရင် အင်တာနက်နဲ့ တစ်ဖန်ပြန်ပြီးတော့ ဆွဲရသေးတယ်ဗျ။ ဒါကြောင့်မို့ အဲဒီကောင်တွေ
ကိုတော့ တင်မပေးသေးဘူး တင်မပေးဆို ခုကျုပ်တင်မယ့်ဆော့ဖ်ဝဲကိုလည်း တင်မပေးတော့ပါဘူး ဘာငေ့်
ဆို 132MB ရှိနေလို့ပါ ကိုယ့်အင်တာနက်လိုင်းနဲ့က ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒီတော့ ကိုယ့်ညီတွေ ညီမ
တွေအတွက် အလွယ်ကူဆုံး Download ကို တစ်ချက်နှိပ်လိုက်တာနဲ့ ဆွဲလို့ရနိုင်တဲ့ နည်းနဲ့ဘဲ လုပ်ပေးမယ်။
ဒီတော့ ကိုမိုးအတွက်လည်း ပင်ပန်းသက်သာမယ်ပေါ့။ ဒီဆော့ဖ်ဝဲ ဘယ်လောက်ဘယ်မျှ ကောင်းတယ်လို့
တော့ ကျုပ်မသိဘူး သို့သော် အများတစ်ကာထက် ထူးခြားနေတာကတော့ အမှန်ဘဲ။ သုံးခဲ့ဖူးသမျှတွေထဲ
မှာကတော့ လန်းလည်းလန်း ပေါ့လည်းပေါ့တဲ့ Software တစ်ခုလို့ဘဲ ပြောပါရစေတော့ဗျာ။ Browser သုံးမယ်
ဆိုရင်လည်း သူ့မူရင်း Browser မှာ အင်တာနက်က Virus တွေ ပါမလာအောင် စစ်ထုတ်ပေးမယ့် သတ်ပေး
မယ့် Safe စနစ်လေးပါလာတာတွေ့ရတယ်ဗျ။ ဒါကလည်း လိုအပ်လို့ပေါ့ ခေတ်စနစ်အရ ထည့်ပေးထားပုံ
ပေါ်ပါတယ်။ နောက်ဆုံးပေါ် နောက်ဆုံးထွက်ကိုမှ နှစ်သက်တဲ့ ကိုမိုးအတွက်ကတော့ ပြောမဆုံးပေါင်
 တောသုံးတောင်ဆိုသလိုပါဘဲဗျာ..။ ဆက်လက်ရှုစားပါဦး အကြိုက်တွေ့စေမှာပါ...




App Store ကတော့ မသုံးစမ်းရသေးဘူးဗျာ ဒီတော့မကြာခင်ကာလမှာ ကိုမိုးတင်ပေးသွားမှာပါ..။ ခုတော့
ဖြင့် အကောင်းတစ်ကာ့ အကောင်းဆုံး အလန်းဇယား ဘာမှ ၀ယ်စရာမလို ပေါချောင်ကောင်း ဆော့ဖ်ဝဲကို
ဘယ်သူ မသုံးဘဲ နေမလဲ..။ ဟုတ်ဘူးလား..ကဲ ဘလော့ကာကြီးများအနေဖြင့်ကတော့ဝင်ရောက် လေ့လာ
ကြည့်ပါ ကိုမိုးပြောတာ ဟုတ်လေသလား မဟုတ်လေလားပေါ့ဗျာ ခင်ဗျားတို့က အင်္ဂလိပ်လို တတ်ကျွမ်းနား
လည်တော့ ပိုပြီးတော့ သုံးစွဲသူတွေကို နားလည်အောင် နားရှင်းအောင် ပြောပြနိုင်ပါလိမ့်မယ်...။ ကိုမိုးက
တော့ သုံးကောင်းတယ်ထင်ရင် ကြွားတာဘဲ..။ Browser အနေနဲ့ကတော့ Zawgyi One အလုပ်မလုပ်ပါဘူး
အင်္ဂလိပ်လိုတော့ ရေးလို့ရတာပေါ့ဗျာ..။ ကဲ လေရှည်နေပြီ..ဒီနေ့က တစ်ပို့စ်လေး တင်မှာဖြစ်တဲ့အတွက်
စာများများ ရေးလိုက်တာပေါ့ဗျာ..။ နိုင်ငံရေးတွေကလည်း ဘာမှန်းမသိပါဘူး အဓိကကတော့ဖြင့် လုပ်ကွက်
ကြီးပါ..။ ဘာလည်းဆိုတော့ ဒီနေ့တက်လာတဲ့ သတင်းတွေအရ ဂတုံးမဆိုပြီး တက်လာတယ် သေချာတယ်
ဒါ ဒါ ဒါဘဲ...ဆိုတာပေါ့...။ တော်တော့ဗျာ အရိပ်ပြ အကောင်မြင်တော့ တော်ကြာ သူတို့ကို စွပ်စွဲတယ်ဆိုပြီး
ရိတိတိ လာလုပ်ရင် လွယ်ဘူးဗျ ဒါကတော့ နိုင်ငံရေးကို မြင်အောင် ပြောပြတာပါ ရောရောင်ပြီး သွားမလုပ်
စေချင်ဘူး အထူးသဖြင့်ကတော့ ဖောင်းပြင်သားတွေကို ပြောတာပါ.ကျုပ်တို့ဖောင်းပြင်သားက ရိုးသားတယ်
အေးအေးဆေးဆေး နေချင်တဲ့သူတွေ မဟုတ်လား..။ ဒါကြောင့်ပါ အောက်ပြည်အောက်ရွာက လူတွေက
တော့ ပညာတတ်အသိုင်းအ၀ိုင်း ငွေရှင်ကြေးရှင်တွေဆိုတော့ ပြောလည်းမပြောတတ်ပါဘူး ဆုံးမလည်း
မဆုံးမတတ်ပါဘူးဗျာ..။ ကိုယ့်အညာသူအညာသားတွေ ရောရောင်ပြီး ခံရမယ် မိဝေးဖဝေးမှာ ကြားမကောင်း
တဲ့ သတင်းတွေ ထွက်လာမှာစိုးလို့ ဒီနေရာကနေ တားတာပါ..။ ဒါဘဲ Virus နဲ့တော့ နဲနဲဆိုင်ပါတယ်နော်..။

ဘာကြောင့်ဆို..ဒါကလည်း နိုင်ငံရေး Virus ဘဲလေ နော် ။ ဟုတ်လား မပါပါအောင် မရရအောင် စကားကို
ကပ်ဆွဲတတ်ပါတယ်ဆိုနေ ကိုမိုးကလေ...ဟေ ဟေး..ဒါပါဘဲကွယ်....ဒေါင်းယူကာ စမ်းသုံးကြလေ...။
မကြာခင်ကာလမှာ ဘလော့တွေမှာ ပျံ့နှံ့ပြီးသကာလ မြန်မာပြည်မှ လူသုံးများတဲ့ Software တစ်ခုဖြစ်လာ
လိမ့်မည်။ မယုံမရှိလေနဲ့......



ပုံမှာ ပြသထားသလို Offline သာဆွဲလိုက်ပါ..




ကဲ ဒေါင်းဖို့လင့်ကတော့ အောက်ဆုံးမှာဘဲ ထည့်လိုက်တော့တယ်ဗျာ...




ကဲ အဆင်ပြေလား အဆင်ပြေရင် ကျုပ် Facebook Like လေးကိုလည်း အားပေးသွားဦး ကြော်ငြာလိုက်ကြဦး
နော်....။ အားကိုးပါတယ်...။ အားငယ်နေတာ Like 1700 ကျော်လေးမို့လေ...။

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ.....ကိုမိုး အုန်းသာစံပြကျေးရွာ...

0 အားပေးစကားပြောကြားကြပါ:

Post a Comment