This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, May 27, 2013

May 29 ရက်ထွက်မည့် Mobile Guide ဂျာနယ်ဒေါင်းရန်

မူရင်းဆိုက်မှကူးယူထား ဒေါင်းရန်လင့် DOWNLOAD

Ubuntu 13.04 Beginner Guide and Virtual-DJ-Pro.7 အသုံးပြုနည်းလေးများ

ကဲဗျာ စာအုပ်လေး နှစ်အုပ်တော့ ပစ်တင်လိုက်တယ် လေ့လာလို့ ရတာပေါ့ဗျာ..။ DJ ကလိချင်တဲ့ ဘော်ဒါများ 
အတွက် အဆင်ပြေမယ့် စာအုပ်လေးပါ..။ဘာပဲဆိုဆို ဒီတိုင်းကလိတာထက်စာရင် စာအုပ်လေးဖတ်ပြီး ကလိ
တာက ပိုပြီးတော့ ထိရောက်တာပေါ့ဗျာ..။ ကိုယ်မသိသေးတဲ့အချက်အလက်တွေကို စာအုပ်ဖတ်ခြင်းဖြင့် များစွာ
အထောက်အကူဖြစ်စေမှာပါ.. နောက်တစ်ခုကတော့ Linux နဲ့ ပါတ်သက်တဲ့အကြောင်းပါ.. သူရေးသားထားမှု
လေးကတော့...ဒီ အခန်းမှာတော့Linux ဆိုတာနဲ့ ပတ်သတ်ပြီး ဘာမှမသိသေးတဲ့ သူတွေအတွက်Linux   ဖြစ်ပေါ်လာပုံ . Linux ရဲ့ သမိုင်းကြောင်း. Linux အပါအ၀င်Open Source ကို ဦးဆောင်သူတွေ အကြောင်း အပါအ၀င်Linux မှာ ပါဝင်တဲ့ အသုံးအနှုန်းတွေ Technology Terms တွေကို ဖော်ပြသွားမှာဖြစ်ပါတယ် ။  ဒါကတော့ ဒုတိယ အပိုင်းမှာ ရေးသားထားပုံလေးပေါ့ ဒီအခန်းမှာတော့Linux ရဲ့ နာမည်ကျော်Distribution တစ်ခုဖြစ်တဲ့Ubuntu အကြောင်းUbuntu ရဲ့သမိုင်း တွေအပြင်Ubuntu ရဲ့Edition အမျိုးမျိုးနဲ့ Ubuntu ရဲ့ အားသာချက်တွေကို ဖော်ပြသွားမှာဖြစ်ပါတယ် ။Linux ဆိုတာWindow လိုပဲOperating Systemတစ်ခုဖြစ်ပါ တယ် ။ ဒါပေမယ့် သူကတော့Free & Open Source Operating System ပါ ။ ကဲဗျာ ဒါပါဘဲ သူများရေးသား
ထားတာပါ ကိုယ်ကတော့ မရေးတတ်ပါဘူး ဖတ်တောင် မဖတ်ရသေးဘူး..။ တွေ့တာနဲ့ ကောက်တင်လိုက်တာ.။
အားလုံး လေ့လာနိုင်ပါစေ...။

Saturday, May 25, 2013

နိုင်ငံတော် သမ္မတဦးသိန်းစိန် ဗွီအိုအေ နှင့် တွေ့ဆုံဆွေးနွေးမှု အမှတ်တရ

ဦးသိန်းစိန် အမေရိကရောက်ခိုက် VOA နှင့် တွေ့ဆုံမှု မှတ်တမ်းလေးတွေပေါ့ဗျာ...အမှတ်တရလေးပေါ့...

ယူရတာ အခြေအနေမကောင်းဘူးဝေး လင့်လေးဘဲ ထည့်လိုက်တော့မယ်...သွားရန်ဒီနေရာကို နှိပ်ပါ

စုသဘော.. စုသဘောနှင့် စုမှားလျှင် ဘွရှင်မှကူးယူ ဖော်ပြထားတယ်..နိုင်ငံရေးပေါ့ဗျာ...


ဗုံးနံပါတ်(၁၂)"စု" ဟူသော အမည်နာမသည် မြန်မာ့သမိုင်းတလျှောက် လျှမ်းလျှမ်းတောက်ခဲ့သော အမည်နာမတစ်ရပ်ဖြစ်သည်။ သမိုင်းတွင်းမှ ထူးချွန်ထက်မြက်သည့် အမျိုးသမီးတချို့တွင် အဆိုပါအမည် နာမပါရှိသည်။ ကုန်းဘောင်ခေတ်၏ နောက်ဆုံးဘုရင် သီပေါရာဇာ၏ ချစ်မငြီးသည့်မိဖုရားခေါင်ကြီး၊ သူ့ခေတ်သူ့အခါက ဓားအထက်ဆုံးအမျိုးသမီးဖြစ်သည့် ဧကရီထိပ်ခေါင်တင် နန်းမတော် စုဖုရားလတ်၊ မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ မိခင် ဒေါ်စု၊ ကိုလိုနီခေတ်အတွင်း ထင်ရှားသည့် ရေနံမြေဒေါ်ခင်စု၊ ၀န်ကြီးချုပ်ဦးနု၏ ညီမရင်း၊ ၀န်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ မစုခေါ် စာရေးဆရာမကြီး ဒေါ်ခင်နှင်းယု စသဖြင့် စုနာမတို့ လျှမ်းလျှမ်းတောက်ခဲ့ကြသည်။ ယခု "စု"သည်လည်း မြန်မာတွင်မက ကမ္ဘာ့အလယ်တွင် နှစ်ပေါင်း   နှစ်ဆယ်ကျော် လျှမ်းလျှမ်းတောက်ခဲ့ပြီး၊ တောက်နေဆဲဖြစ်သည်။


ပညတ်သွားရာ ဓာတ်သက်ပါသည်လား မဆိုနိုင်။ စုအမည်ပါသော မိန်းခလေးတို့သည် များသောအားဖြင့် ထက်မြက်သော သဘာဝရှိသည်ကို ကိုယ်တွေ့ကြုံဖူးသည်။ မိစုဟူသည့် အမည်ပိုင်ရှင် မိန်းခလေးများသည် ဆတ်ဆတ်ထိမခံ၊ နှုတ်လှန်ပြန်ထိုးတတ်ကြသည်ကို တွေ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာ၌ လူတကာသိသည့် စု သည် အမည်နာမကြောင့် ထက်မြက်သည်တော့ မဟုတ်ချေ။ ဗီဇနှင့်ပါရမီသည် လူတိုင်း ဆုတောင်း၍ရနိုင်သော အရာမဟုတ်သည့်အတွက် အဆိုပါ စု အား ဝေဖန်သမှုပြုရသူအဖို့ သားရဲပေါသည့်တော၌ သားသမင်အစာရှာစားသကဲ့သို့ အသက်အောင့်၍ ခြေလှမ်းချရပေလိမ့်မည်။ အသွားမတော်လျှင် တစ်လှမ်း၊ အပြောမတော်လျှင် ဂွမ်းရပေလိမ့်မည်။ သို့သော် မဂွမ်းချင်သော်လည်း မလှမ်းလျှင်မဖြစ်တော့သည့် အခြေအနေအရ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းတို့အား တစ်လုံးတပါဒမျှ မသိရှိနားမလည်သည့်၊ အခြေခံဥပဒေနှင့် မည်သည့်နိုင်ငံရေးစာပေမျိုးမဆို ဖတ်ရှုနိုင်စွမ်းမရှိသည့်၊ မဖတ်သည့်၊ ဖတ်သော်လည်း စိတ်မ၀င်စားသည့်၊ စိတ်ဝင်စားသော်လည်း ဝေဖန်သုံးသပ်နိုင်စွမ်းမရှိသည့် မိမိအပါအ၀င် လူဦးရေသန်းခြောက်ဆယ်နီးပါးအား ကိုယ်စားပြု၍ ဝေဖန်ရေးလေကန်ရေး လုပ်လိုက်ရပါတော့သည်။

တစ်ခေတ်တခါက စု၏ ဘုန်းတန်ခိုးအာဏုဘော် အရှိန်အ၀ါတို့သည် လူတော်တော်များများအား ထမင်းစားလမ်း ဖြောင့်ဖြူးစေခဲ့သည်။ လူတချို့အား စားပေါက်ပိတ်စေခဲ့သည်။ စုဓာတ်ပုံ တစ်ပုံဖြင့် ပြည်ပ၌ ဂွင်အကုန်ရသူများလည်း ရှိဖူးသည်။ တရားမ၀င်ဘ၀မှ တရားဝင်ဖြစ်စေခဲ့သည်။ လူရာမ၀င်ဘ၀မှ လူရာ ၀င်စေခဲ့သည်။ စုသည် ၎င်းတို့အတွက် စားစရာကိုဖန်တီးပေးခဲ့သကဲ့သို့ အားကိုလည်း ဖြစ်စေခဲ့သည်။ စုသည် မျှော်လင့်ချက်ဖြစ်ခဲ့သည်။ ထို့ကြောင့် မာတာပိတု အစား မာတာဒေါ်စုဂုဏော အနန္တော ဖြစ်ပေါ်လာခဲ့ သည်မှာ ထူးဆန်းအံ့သြဖွယ်ရာ မဟုတ်ချေ။

စုလွတ်မြောက်ရေးသည် တခေတ်တခါက မြန်မာ့နိုင်ငံရေးလောက၌ မရိုးနိုင်သော ကြွေးကြော်သံတစ်ခုဖြစ်ခဲ့ သည်။ စုလွတ်ပြီးနောက်ပိုင်း ယခင့်ယခင်ကမျှော်လင့်ချက်တို့ ပိုမိုအရောင်လက်လာသည်။ စုသားသမီးတို့ ပိုမိုအရောင်ထွက်လာကြသည်။ စုကား ၎င်းတို့၏ မျှော်လင့်ချက်ပင်။

နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည့် နိုင်ငံရေးဇာတ်ခုံပေါ်သို့ ပုဝါနှစ်စအသာချ၍ စုတက်လှမ်းလာခဲ့သည်။ စင်ပေါ်တက်မည့် သူမအား တချိန်က သူမအားမှီခိုစားသောက်ခဲ့ကြသည့် လူများတွင်းမှ တချို့က ဝေဖန်ပုတ်ခတ်ကြသည်။ သူမ၀သီအတိုင်း မည်သူ မည်သို့ပင် ငြူစူစေကာမူ မကြားချင်ယောင်ဆောင်၍ စင်ပေါ်တက်ခဲ့သည်။ တချိန်က သူမအားပိတ်လှောင်ခဲ့သူများအား အပြင်မှထပ်မံပိတ်လှောင်ထားသည့် သော့ခလောက်များအား တစ်ခုချင်း သူမလိုက်ဖွင့်ပေးသည်။ ထိုအတွက် ကျေးဇူးတင်စကားအချို့ ကြားရသော်လည်း သူမနည်းတူ အထဲတွင် ပိတ်လှောင်ခံခဲ့ရသူ (၀ါ)  လွတ်လွတ်လပ်လပ် အကျယ်ချုပ်ကျခံခဲ့ရသူတချို့က နာကျည်းလျှက်ပင် ရှိနေသည်ကို တွေ့ရသည်။ ခရာမှုတ်၍ ကစားပွဲကား စချေပြီ။ မျှတခြင်းကား ပွဲအတွင်း ကန့်သတ်ထားသည့်အရာဖြစ်သည်။ ဘွာခတ်၍မရတော့ချေ။ ရလျှင်လည်း စုသည် ဘွာခတ်မည့် အတန်းအစားမျိုးမဟုတ်။ ဆန္ဒန်ဆင်မအသွင်ဖြင့် ကျုံးတွင်းသို့ ၀င်ရောက်လာခဲ့သည်။



စုပရိသတ်၏ လက်ခုပ်သံသည် ဘ၀ဂ်ညံခဲ့သည်။ ထိုအသံသည်ကား ပြိုင်ဖက်အုပ်စုအတွက် ထိတ်လန့်စရာပင်။ ထို့ကြောင့် "စု" ရုန်း၍ ကျုံးပြိုမည်ကို စိုးရိမ်ထိတ်လန့်နေသူများ၏ ကြိုးကွင်းများစွာ ကျလာလေတော့သည်။ စု ကား ရုန်းဆဲကန်ဆဲပင်။ ကြိုးကွင်းပစ်သူများသည် စု၏ အစဉ်အလာကို မယှဉ်နိုင်သည့်အတွက် စုသမိုင်းတွင်းမှ ချိုင့်ခွက်များအား တူးဆွကြလေသည်။ တူးဆွသူများနှင့် စုသားသမီးများကြား ရန်ပွဲများမှာ ခြိမ့်ခြိမ့်သဲ စည်ကားလျှက်ပင်။

စုဂုဏ်တော်အား နေ့စဉ်ရွတ်ဖတ်သရဇ္ဈာယ်သူအပေါင်းတို့အတွက်မူကား စု သည် အတုမရှိချေ။ ထို့ကြောင့် စုကို မထိရ။ ထိလျှင် မီးပွင့်တတ်သည်။ သို့သော် ရာဇပလ္လင်ဖင်ကပ်မွေး၍ စကြာရတနာဆိုက်ရောက်ခြင်း ခံရသူမဟုတ်သည့် စုအတွက် အခြွေအရံတည်းဟူသော အစုအဖွဲ့မျှလောက်နှင့် မင်းအင်္ဂါပြည့်စုံရန် မလွယ်ကူချေ။ ဤတွင် စု၌ကွက်လပ်များစွာရှိနေသည်မှာ ထင်ရှားလာပြီး အဆိုပါကွက်လပ်များအား ခလုပ်တိုက်ခြင်းဖြင့် ပြိုင်ဖက်များမှ စုအား နဲ့ရန် ကြံစည်ကြလေသည်။

စု၏ အရှိန်အ၀ါသည် ကြီး၏။ မည်သူမဆို စုနှင့်ယှဉ်လျှင် မှိန်သွားရသည်။ ထို့ကြောင့် စုသားသမီးများ ထမိန်ခေါင်းတွင်းမှ လက်ခမောင်းခတ်နိုင်ကြလေသည်။ သို့သော် ထမိန်ခေါင်းပေါင်းခြင်းဖြင့် အရှိန်အ၀ါထွက်သူများရှိသကဲ့သို့ ထမိန်ခေါင်းတွင်းရောက်မှ အရောင်အ၀ါမဲ့သွားသူများလည်း ရှိသည်။ လမင်းသာချိန် ကြယ်အရောင်မထွက်နိုင်သည်မှာ သဘာဝပင်။ သို့သော် ကြယ်၏ တန်ခိုးသတ္တိသည် အတိုင်းအတာတစ်ခုထိ တန်ဖိုးရှိကြောင်း စုမေ့နေသည်လား သို့တည်းမဟုတ် စုသားသမီးများ မေ့နေသည်လား မဆိုနိုင်။ ထိန်ဝါသော အလင်းရောင်အောက်၌ သာယာမှုအပေါင်း ခညောင်းနေကြသည်ဟု ဝေဖန်လျှင် စုသားသမီးများ ပွက်လောညံကြပေလိမ့်မည်။ လပြည့်ကျော်၍ လဆုတ်သောကာလ၌ ကြယ်တို့ လုံ့လထုတ်ရန် အဆင်သင့်မဖြစ်လျှင် ငုပ်စတုံးမည်မှာ မလွဲဧကန်ပင်။

တချိန်တခါက ပြည်ပရေဒီယိုအသံလွှင့်ဌာနတို့မှ နေ့စဉ်ရက်ဆက် ရွတ်ဖတ်သရဇ္ဈာယ်၍ စုနာမည်အား ရင်းနှီးသော်လည်းဓာတ်ပုံငယ်တစ်ပုံမျှမမြင်ဖူးရသည့် ခေတ်ကာလအား ဖြတ်သန်းခဲ့သူ ခေါင်းရွက်ဗျတ်ထိုး ဈေးသည်တစ်ယောက်သည် ခေတ်အပြောင်းတွင် သောင်းပြောင်းထကာ  မျက်နှာစာအလှပုံအဖြစ် ရေပန်းစားနေသည့် စုဓာတ်ပုံအား ကြည့်ရင်း စိတ်တွင်း၌ စုသမ္မတအဖြစ်ပါဝင်မည့် အစိုးရအဖွဲ့အား စိတ်ကူးယဉ်ကြည့်ပေလိမ့်မည်။ သို့သော် သမ္မတရွှေစလွယ်အား လွယ်သိုင်းထားသည့် စုမှလွဲ၍ တခြားပုဂ္ဂိုလ်များအား စိတ်ကူးဖြင့်မှန်းဆနိုင်စွမ်းသူ့တွင်မရှိချေ။ ခေတ်ပျက်ကာလတလျှောက် မှောက်ချည်လှန် ချည် ဖြတ်သန်းလာပြီးနောက် လောကဓံရှစ်ပါး၏ နှိပ်စက်ခြင်းအား လက်မြှောက်ထားလိုက်သူ ပင်စင်စားတစ်ယောက်သည် ရပ်ကွက်တွင်း လက်ဖက်ရည်ဆိုင်တွင် သတင်းစာဖတ်ရင်း စုသမ္မတအဖြစ်ပါဝင်သော အစိုးရအဖွဲ့အား စိတ်ကူးဖြင့် မှန်းဆပုံဖော်ကြည့်ပေလိမ့်မည်။ သို့သော် စုမှလွဲ၍ တခြားပုဂ္ဂိုလ်အစုအဖွဲ့အား အာရုံပြု၍ ထွက်မလာချေ။ မှန်းနိုင်သမျှ မှန်းဆသော်လည်း စမ်းတ၀ါးဝါးပင် ဖြစ်နေပေလိမ့်မည်။

လက်ပြန်ကြိုးတုတ်၍ ကခိုင်းလျှင် ယိုဒယားအစား ချိုမိုင်မိုင်ပင် ကရန်မဖြစ်နိုင်ချေ။ ထို့ကြောင့် စုခမျာ တက်လာခဲ့သည့်စင်ပေါ်၌ ယိုင်မလဲရန် အားတင်းလျှက် စည်းချက်မှန်အောင် နင်းနေရသည်။ ဤတွင် မကတတ်ပဲ စင်ပေါ်တက်လာသည်ဟု ဝေဖန်မှုများ တ၀ါးဝါး ထွက်ပေါ်လာတော့သည်။ စုသားသမီး အပေါင်းကား လက်ခုပ်တီးရန်သာ ၎င်းတို့အတွက် တာဝန်ရှိသကဲ့သို့ ထင်မှတ်နေဆဲပင်။ လမ်းကူထွင်ပေး မည့်လူမရှိသည့် ဘ၀တွင် စုတစ်ယောက် လက်နောက်ပြန်ကြိုးတုတ်ခံလျှက်နှင့် တစ်ယောက် တည်း ဖောက်ရရှာသည်။ စုသားသမီးများကား အမေရှိလျှင် သုံးစရာရှိသည်ဟု ထင်မှတ်နေကြဆဲပင်။ အမေဘိုင်ပြတ်လျှင် ၎င်းတို့ငတ်မည်ကို ယောင်၍ပင်မစဉ်းစားကြချေ။

အနှောင်အဖွဲ့မှ လွတ်သောအခါ အကျဉ်းအကြပ်သည် စုအား လက်ဆန့်ကြိုဆိုလျှက်ရှိသည်။ ဆုပ်လည်းစူး၊ စားလည်းရူးသည့် သစ်သီးတို့သည် စုနံဘေး၌ အဆုပ်လိုက်ဝေဆာလျှက်ရှိသည်။ မစားလျှင် သူရဲဘောကြောင်သည်၊ တာဝန်ယူလိုစိတ်မရှိ၊ ခေါင်းရှောင်သည် အစရှိသော ဂုဏ်ပုဒ်တို့ စုရင်ဘတ်၌ တစ်ခုပြီးတစ်ခု ချိတ်ဆွဲခြင်းခံရမည်ဖြစ်သည်။ ဤကား တချိန်တခါက အလွန်တရာမျှော်လင့်ခဲ့ကြခြင်း ၏ ဘေးထွက်ဆိုးကျိုးပင်။ မခံချင်၍ စားမိလျှင်လည်း စုသက်ဆိုးမရှည်နိုင်။ စုမကျူးလွန်ခဲ့သည့် အလုံးစုံသော အပြစ်တို့သည် စုခေါင်း၌ပုံကျလာပေလိမ့်မည်။ စုသားသမီးများကား နှပ်တရွှဲရွှဲဖြင့် ဂီးဂဲလုပ်နေဆဲပင်။ ဤသည်ပင် ၎င်းတို့အတွက် တာဝန်ကြေပြီဟု ထင်မှတ်နေကြသည်။

တစ်နေရာ၌ ငြိမ်ငြိမ်ရပ်ရန်မဖြစ်နိုင်သည့်အခါ စုခမျာ အနည်းစုဟုထင်ရသော ဘက်သို့ ထွက်ရပ်ကြည့်သည်။ အများစုဟူသောအစုအဖွဲ့မှ ရစရာမရှိသည့် ပြစ်တင်ဝေဖန်သံများ ထွက်ပေါ်လာသည်။ ထိုအခါ အများစုဟုထင်ရသော အစုအဖွဲ့သို့ တဖန်ထွက်ရပ်ကြည့်ပြန်သည်။ တစ်ဖက်မှဝေဖန်ပြစ်တင်ရှုံ့ချသံတို့ကား ဘ၀ဂ်ညံသွားပြန်သည်။ စုသားသမီးများကား စုနောက်ပါး၌ ရွှေစွန်ညိုကစား၍ မယ်ထွေးလုပ်လျှက်ပင် ရှိနေကြသည်။ နှစ်ဖက်စလုံး ရပ်ကြည့်ပြီးအဆင်မပြေသည့်အခါ စုခမျာ သူမအနှောင်အဖွဲ့အတွင်း ရောက်ရှိနေ ချိန်တွင် ဖွတ်ကျောပြာစုဖြစ်သွားသည့် အိမ်အတွက် ရိက္ခာရှာထွက်ရပြန်လေသည်။ ထိုအချိန်တွင်လည်း နိုင်ငံ တကာမှ အိမ်ရှင်တချို့က ဆုပ်လည်းစူး၊စားလည်းရူးသည့် သစ်သီးများနှင့်ပင် ဧည့်ခံကြပြန်လေသည်။ ထိုအခါ စုမှာ ငါးရှဥ့်ကွက်နင်း၍ ထွက်ရလေတော့သည်။ ငြင်းလျှင် အိမ်အပြန်တွင် ဘာမှမပါပဲ လက်ဗလာဖြင့် ပြန်ရပေ လိမ့်မည်။ စားမိလျှင်လည်း ၀မ်းသွားမိကိန်းပင်။



မတရားဥပဒေ၏ စိုးမိုးမှုအောက် မျိုးဆက်၂ဆက်ကျော်မျှ ရင်စီးခံစားခဲ့သူအပေါင်းတို့အတွက် စုကိုင်ထားသည့် တရားဥပဒေစိုးမိုးခြင်းတည်းဟူသော စက်သေနတ်သည် ၎င်းတို့နှစ်ပေါင်းများစွာ ရင်းရင်းနှီးနှီးမြင်တွေ့နေခဲ့ရ သည့် နီးရာဓားတည်းဟူသော ထင်းခုတ်ဓားမထက် ပိုမိုအစွမ်းထက်သည်ကို ယုံကြည်လက်ခံရန် ခက်ခဲလှချေသည်။ စုတစ်ယောက်တည်း စက်သေနတ်အား ကျည်ထိုးနေချိန်တွင် ပြိုင်ဖက်အုပ်စုမှ ထင်းခုတ်ဓားမ ရမ်းပြခြင်းကြောင့် လူအများကြောက်ရွံ့တုန်လှုပ်နေလျှက် ရှိနေကြသည်။ အသွားမပါသော စက်သေနတ်သည် ထင်းခုတ်ဓားမကဲ့သို့ တစ်စုံတရာကို ပြတ်အောင်မခုတ်နိုင်ဟူသော အယူအဆတို့ တွင်ကျယ်ပျံ့နှံ့လာသည်။ စုသားသမီးများကား ဂီးဂဲလုပ်ဆဲပင်။ အမေအတွက် ကျည်ကူထိုးပေး မည့်၊ မောင်းကူတင်ပေးမည့် သားသမီးကား ရှားပါးလှချေသည်။

တချိန်တခါက ပြိုင်ဖက်အုပ်စုတွင်းမှ ပြောင်းဖူးခင်းပိုင်ရှင်၏ အမြဲတစေပြောဆိုနေကျ စကားတစ်ခုဖြစ်သည့် " မျောက်မပလ္လင်ပေါ်ရောက်လျှင် နင်တို့အမျိုးထဲကဟာမတွေ အကုန်မျောက်နှင့်ညားလိမ့်မည်" တည်းဟူသော ဟောကိန်းအား ငပြိန်းတို့ ယုံသထက်ယုံလာကြသည်။ တွက်ကိန်းများစွာချ၍ အမျိုး၊ဘာသာ၊ သာသနာအကြောင်း နှိုးဆော်ကြေငြာမောင်းခတ်ကြလေသည်။ တရားဥပဒေစိုးမိုးမှုသည် တရားမ၀င်ခြင်းအား အသိအမှတ်မပြုဟူသော အချက်ကို သတိမထားမိပဲ လူ့အခွင့်အရေးတံဆိပ်ကပ်၍ မျောက်များအား အင်ပို့လုပ်မည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။ တရားဥပဒေအောက်၌ သိကြားမင်းပင်လျှင် မျောက်အား အိမ်တွင်းသွင်းခွင့်မရှိသည်ကို မေ့လျှော့နေကြသည်။ လူအများ သဘောညီစွာ စီရင်ထားသည့် တရားဥပဒေအား မျောက်လာပြင်၍ မပျက်နိုင်ချေ။ တရားဝင်သူမှန်လျှင် မျောက်ပင်ဖြစ်လင့်ကစား တိုက်ပုံကားကားဖြင့် ၀င့်ကြွားစွာနေနိုင်သည်။ ထိုအချက်အား သိသာထင်ရှားစေရန် စုအသံတစ်ခုတည်း အော်၍ အသံသာပြာမည်။ အရာရောက်လိမ့်မည်မဟုတ်ချေ။ စုသားသမီးများကား နှပ်ရွှဲရွှဲနှင့် ဂီးဂဲလုပ်နေဆဲပင်။ အားကိုးမရချေ။

ရည်မှန်းထားသည့် ပလ္လင်သို့ တက်ရာလမ်းသည် စုအတွက် ကြမ်းတမ်းလှချေသည်။ လမ်းတလျှောက် ထောင်   ချောက်များက နင်းကြမ်းပြည့်လျှက်ပင်။ စုသားသမီးများကား စုအားရှေ့တန်းတင်လျှက်ပင် ရှိနေကြသည်။   လှေကားထောင်ပေးမည့်လူ၊ လမ်းရှင်းပေးမည့်လူကား နထ္ထိ။ ဘိသိက်ခံမည့် ဘုရင်သည် မင်းအင်္ဂါစုံလင်ရန် အထူးလိုအပ်လှပေသည်။ သို့သော် စုသားသမီးများကား အမေ့ရင်ခွင်တွင် နွဲ့၍ကောင်းဆဲ၊ချွဲ၍ကောင်းဆဲပင် ရှိနေကြသည်။ အရွယ်မရောက်ကြသေးပေ။ လိုအပ်သည်ထက်ပိုသောအခါ အမြင်ကပ်ခြင်းက မဖိတ်ခေါ်ပဲရောက်လာတတ်သည်။ မြန်မာပြည်၌ မန်ယူသည် ပရိသတ်အများဆုံးအသင်းဖြစ်သည်။ မန်ယူပရိတ်သတ်များ အိုဗာတင်းအသောက်များသောအခါ မန်ယူကိုနှစ်သက်သော်လည်း ပရိသတ်၏ အကဲဆတ်ပုံ၊အဖြစ်သည်းပုံတို့အား ကြည့်မရဖြစ်လာသူအပေါင်းတို့သည် အစဉ်အလာမရှိသည့် မန်စီးတီးအား အားပေး၍ မန်ယူအားဆန့်ကျင်ကြကုန်၏။ မန်ယူဖန်နှင့် ခွတ်ဒေါင်းမာန်ပေါင်းစပ်ထားသည့် စုသားသမီးအပေါင်းကား ပတ်ဝန်းကျင်အား သတိမထားပဲ နှပ်တရွှဲရွှဲနှင့် ဂီးဂဲလုပ်ဆဲပင်။ စုခမျာ မောလှချေပြီ။ အားကိုးစရာကား နထ္ထိ။

ပလ္လင်ပေါ်ရောက်သည့်တစ်နေ့၌ ဖင်မြဲမြဲထိုင်နိုင်ရန် စုသားသမီးများ၌ မည်သည့်အကြံအစည်မျှ ရှိဟန်မတူချေ။ ပါဝါ(စွမ်းအား)ရှိသော်လည်း အာဏာသည် စုအတွက် ရာနှုန်းပြည့်ပိုင်ဆိုင်မည့် အလားအလာမမြင်။ ခွဲတမ်းကျမျှသာ ရမည့်အခြေအနေရှိနေသည်။ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့များကြား စုသြဇာထိ ထိရောက်ရောက် မသက်ရောက်နိုင်သေးချေ။ ထိုအချက်သည် စုပလ္လင်ပေါ်ထိုင်သည့်တစ်နေ့ ခလောက်ဆန်၍ အကောင်းဆုံးအနေအထားတွင် ရှိနေသည်။ ခလောက်ဆန်၍ အကောက်ကြံသော် ပလ္လင်ပေါ်မှစုသည် တချိန်က နန်းမတော်စုဖုရား၏ ရာဇ၀င်တွင်သော စကားအား ပြောင်းပြန်လှန်၍ "စုမတိုက်ချင်ဘူး ဘိုးဘိုး" ဟု ပြောရန်မဖြစ်နိုင်ချေ။ ထိုအခါ စုမုန်းတီးရေးရိုက်သွင်းထားသည့် ယူနီဖောင်းဝတ်တို့က စုသြဇာအား အပြည့်အ၀နာခံမည်မှာ သံသယဖြစ်ဖွယ်ကောင်းလှသည်။ စုသားသမီးများက ခွေးရုပ်ပိုက်ကာ နှပ်တရွှဲရွှဲဖြင့် ဂီးဂဲလုပ်ရင်း စစ်ခွေးအမွှေးနုတ်တမ်း ကစားလျှက်ပင် ရှိနေကြသည်။

ပြိုင်ဖက်အုပ်စုအတွင်း မူဝါဒအရ စုမုန်းတီးရေး ရိုက်သွင်းထားသကဲ့သို့ စုသားသမီးမှာလည်း အမိမဲ့သားရေနည်းငါးဘ၀တွင် ရန်သူမျိုးငါးပါးအတွင်းမှ သုံးပါး၏နှိပ်စက်ကလူပြုမှုကြောင့် စစ်သားမုန်း တီးရေးရောဂါ စွဲကပ်လျှက်ရှိသည်။ နှစ်ဖက်စလုံး၏ နာတာရှည်ရောဂါလက္ခဏာများကား တွေ့လျှင်ကိုက်လေ့ ရှိသည်ကို တွေ့ရသည်။ ဤရောဂါတို့အား ပျောက်ကင်းအောင် ကုစားနိုင်သူမှာ စုတစ်ယောက်သာရှိသည်။ သို့သော် စုခမျာမအား၊ စုသားသမီးများကား နှပ်တရွှဲရွှဲနှင့် ဂီးဂဲလုပ်နေဆဲပင်။ စိတ်ပျက်စရာကောင်းလှသည်။

အချုပ်အားဖြင့် ကုပ်ရသော် မာတာပိတုဂုဏော အနန္တောဟု ဘုရားဟောကျမ်းဂန်တွင် ပါရှိသော်လည်း မိမိအတွက်အနန္တောသည် တပါးသူအတွက် အနန္တောဖြစ်ချင်မှဖြစ်မည်။ အတင်းဖြစ်ခိုင်းလျှင် တစ်ဖက်ကချဉ်ကာ အမြင်ကပ်ခံရတတ်သည်။ ကျိုးကြောင်းဆင်ခြင်မှုမပါပဲ စိတ်ထင်ရာလျှောက်လုပ်သည့် အကျိုးဆက်သည် မိမိအပါအ၀င် မိမိအားပေးထောက်ခံ ကိုယ်စားပြုသည့် အစုအဖွဲ့အား ဂွမ်းစေတတ်သည်။ ခေါင်းဆောင် မည်မျှပင်ကောင်းစေကာမူ နောက်လိုက်မကောင်းလျှင် မြောင်းထဲရောက်တတ်သည်။ ပစ္စယံ၊ငှက်ပျောဖူး၊ ထီး၊ငှက်မြတ်နားမပါပဲစိန်ဖူးတော်တင်လှူပူဇော်ရန်မဖြစ်နိုင်ချေ။ ခေါင်းဆောင်သည် နောက်လိုက်အားတွဲခေါ်သကဲ့သို့ နောက်လိုက်သည်လည်း ခေါင်းဆောင်အား ပံ့ပိုးပေးရန်လိုအပ်သည်။

အရာရာ စုသဘော.. စုသဘောဟု ပုံအပ်ထားပါက စုမောလျှင် စုသားသမီးများ လျှာထွက်ကြပေလိမ့်မည်။ စုမှားလျှင် အားလုံးပျားတုပ်ခံရလိမ့်မည်။ စုသည်ကား ဘုရားမဟုတ်။

 ဘွရှင်

 စောက်ပေါတစ်ကောင်၏ ထင်သလိုသောင်းကျန်း ရမ်းကားဗုံးခွဲမှုအစုစုတို့ကား ဤ၌ နိဌိတံလေ၏။ မကြာမှီအလောင်းကောက်၍ လက်စဖျောက်မည်ဖြစ်ပါသဖြင့် မနွှဲလိုက်ရ ခေတ်မမှီမဖြစ်စေရန်အလို့ငှာ ဂီးဂဲအပေါင်းအား ဖိတ်မန္တကပြုလိုက်ရပါတော့သည်။

ခိခိ
 မူရင်းလင့်ကတော့  ဒီကိုသွားလိုက်ပါ...
ဘာရယ်တော့ မဟုတ်ဘူး အမှတ်တရလေးကျန်အောင်လို့ ကူးထားတာ ဖတ်ကြည့်တော့ နဲနဲ ဖတ်ကောင်းတယ်
သူ့အမြင်ကိုယ့်အမြင်ပေါ့ဗျာ..။ ဘာပဲပြောပြော မင်းချည်းတော့လည်း ဘာမှမပြီး ငါချည်းတော့လည်း ဘာမှမပြီး
မင်းသူငါစုံညီးမှ အာလုံးပြီး...ဆိုလားဘဲကွာ ဆောင်ပုဒ်တောင်မေ့နေပြီ..။ စကာပုံတွေလည်း ရှိသာဘဲ..။
တစ်ကောင်ကောင်းရုံနဲ့ ချောင်းမကူးဘူးဆိုတာလေ..။ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဖြစ်တဲ့အရာမှ
မဟုတ်တာ..။ ဒါက နိုင်ငံရေးဘဲလေ..။ နိုင်ငံအတွင်းမှာ တစ်ယောက်တည်းနေတာမှ မဟုတ်တာ...။ အများကြီး
နေတာဆိုတော့ လူအများကြီးက ညီညွတ်မှပေါ့ လူအများကြီး လုပ်မှပေါ့ ကျုပ်တော့ ဒီလိုဘဲ သဘောပေါက်
တယ်..  မညီညွတ်လို့ ခုတိုင်းပြည်မှာ ဖြစ်နေတာတွေ အားလုံးအသိပါ....ဘယ်အရာမဆို မညီညွတ်ရင်တော့
မကောင်းဘူး ဥပမာအားဖြင့် မိသားစုတွင်းမှာတောင် မညီညွတ်ရင် စီးပွါးရေး ဘယ်လုပ်လို့ ကောင်းတော့မလဲ
စိတ်လည်း ချမ်းသမှု မရှိတော့ဘူး...လေ... ဒါပါဘဲဗျာ.....ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် ဝေဖန်ဆန်းစစ်ကြပါ...

ကျမ်းတော်မြတ်ကုရ်အာန် မြန်မာဘာသာပြန် စူရဟ် အလ်-ရဟ်မာန် မြန်မာစာတန်းထိုး

ကဲဗျာ သူများဘာသာရေးတွေ ဘယ်သို့ဘယ်ပုံရှိသလဲ ဝေဖန်ဆန်းစစ်နိုင်အောင် တွေ့တာနဲ့ တင်လိုက်တယ်..။
တစ်ခြို့က ဘာသာရေးကို အရေးမကြီးဘူးလို့ ယူဆကြတယ်..။ အဲဒါ မဟာအမှားကြီးဘဲဗျာ.။ လူတိုင်းဘာသာ
တရားရှိတယ်..။ 90 % ပေါ့..။ ဒါကတော့ အစ္စလာမ်ဘာသာတွေ ဘာကြောင့် သူတို့ဘာသာကို ကိုးကွယ်ယုံ
ကြည်နေကြသလဲ ဒီလိုဆန်းစစ်နိုင်ဘို့အတွက်ပါ..။ ကိုယ့်ဘာသာနဲ့ သူ့ဘာသာ ဘာတွေကွာလည်း ဒါတွေလည်း
သိထားသင့်တဲ့အရာတွေပါ..။ ဘာသာရေးမှာ အယူမှားရင်တော့ မကောင်းဘူးဗျာ.။ ဘာသာတိုင်းမှာ ဒါနတို့ သီလတွေ ရှိပါတယ်..။ မရှိမှာကတော့ ဘာဝနာပေါ့..။ တစ်ခြားဘာသာတွေမှာ ဘာဝနာရှိရင်တောင်မှ. ကျမ်းဂန်
နဲ့ ဆန်းစစ်ဖို့ရာ ရှိလောက်မယ် မထင်ဘူး..။ ဒို့ကတော့ ခုချိန်ထိ သူများဘာသာကို မလေ့လာဖူးသေးဘူးဗျာ...။
အဲဒါကြောင့် လေ့လာလိုရင် ဒါအပြစ်ရှိတယ် အပြစ်ကင်းတယ်ဆိုတာ ကျုပ်တို့တွေ ဘုရားပေးတဲ့ ဥာဏ်လေးနဲ့
စဉ်းစားဆင်ခြင်လို့ ရတာပေါ့ဗျာ...





အပြည့်အစုံလေ့လာလိုရင်တော့ မူရင်းဆိုက်လေးကို သွားလိုက်တာတော့ အကောင်းဆုံးပါ ဗွီဒီယိုလေးတွေက
လည်း ယူရ ကတ်သတ်နေလို့ အပြည့်အစုံ မယူခဲ့တော့ဘူးဗျာ.. သုံးပုဒ်ရှိတာပါ ခုယူခဲ့တာလေးတောင် အတူတူ
ဖြစ်နေမလားမသိဘူး ကူးရတာ အဆင်မပြေလို့လေ...။ ကဲမူရင်းဆိုက်လေးကတော့
http://korohingya.wordpress.com/ ကပါ..။ ဒါကတော့ သူတို့ ယုံကြည်ချက်နှင့် သူတို့ပေါ့ဗျာ..။ ကိုယ့်ယုံ
ကြည်ထားတဲ့ မြတ်ဗုဒ္ဓရဲ့ အယူအဆတွေနဲ့တော့ လွဲနေမယ်ဆိုတာတော့ ပြောစရာမလိုပါဘူး...။ ဘာပဲပြောပြော
လေ့လာထား ကြည့်ထားတော့ ပြောလို့ ဆိုလို့ ကောင်းတာပေါ့ဗျာ..။

Friday, May 24, 2013

321 K-Lite Codec Pack 9.90 (Full) PLAYER 18.MB

Player ထဲမှာ ဒီကောင်လေးကလည်း သူအစွမ်းနဲ့သူ အတော်လေးကောင်းပါတယ်..။ ဒီကောင်လေးကို သဘော
ကျတာ တစ်ခုက ဒီPlayer တစ်ခုတည်းနဲ့ ဗွီဒီယိုတွေ အများကြီးဖွင့်လို့ ရတာဟာ သူ့ရဲ့အားသာချက်ပါဘဲဗျာ..။
အခြားသော Player ဆော့ဖ်ဝဲတွေဟာ သူ့လို ဗွီဒီယိုများစွာကို တစ်ပြိုင်တည်း ဖွင့်လို့မရပါဘူး ကျုပ်တွေ့ဘူးတာ
တော့ ဒီကောင်လေးတစ်ခုတည်းပါ..။ ဒါကြောင့်ဒါလေးကလည်း လူတိုင်းသိပြီးသားလို့ ဆိုရပါလိမ့်မယ်..။ သို့ပေ
မယ့်လည်း ကျုပ်ဆိုက်မှာ မရှိသေးလေတော့ တင်ရပြန်တာပေါ့ဗျာ..။ သူ့ရဲ့လုပ်ဆောင်ချက်တွေကတော့ ဆော့ဝဲ
ရလို့ Install ပြုလုပ်တဲ့အခါ သိပါလိမ့်မယ်နော်..ကျုပ်တော့ မပြောတတ်လို့ မပြောတော့ဘူး...။ ဒီ 321 ဆော့ဝဲမှာ
အမျိုးမျိုးရှိတယ်ဗျ.။ (1) K-Lite Codec Pack (2) K-Lite Mega Codec Pack  (3) Media Player Classic ဆို
ပြီး သုံးမျိုးပေါ့ဗျာ..။ သုံးမျိုးလုံးကောင်းပါတယ်...။ ကြိုက်တာသုံးပေါ့ဗျာ...ကျုပ်တော့ တစ်ခုတည်းတင်လိုက်တာ
အခြားအမျိုးအစားတွေကတော့ filehouse မှာ ဒေါင်းလိုက်ပါ လင့်လေးညွန်ပြလိုက်မယ်လေ..။

google က ဘာသာပြန်ပေးမယ့် Translate အခမဲ့ပေးတာတွေကလည်း မနည်းပါလားဗျာ...

ဟုတ်ကဲ့ဗျာ ခုမှ မြင်မိတာလေးတစ်ခုကို ပြောပြချင်လို့ပါ သူများတွေတော့ သိပြီးသားဖြစ်နေမှာပါ..။ကျုပ်တော့ ခု
မှတွေ့လို့ အသစ်ထင်နေမိတာလေးပါ..။ Translate ဆိုတာလေးက နိုင်ငံပေါင်း 70 က ဘာသာစကားတွေကို
ပြန်ပေးနိုင်ပါတယ်ဗျာ။ ခုလောလောဆယ်မှာ မြန်မာစာတော့ မပါသေးပါဘူး..။ အင်္ဂလိပ်လိုရေးပြီးတော့ အသံ
ဘာသာပြန်ခိုင်းတာ အဆင်ပြေတယ်ဗျာ.။ကိုမှ တရုတ်စာမတတ်တာ အဲတော့ တရုတ်စာတို့ ဂျပန်စာတို့လိုက်ပြန်
ခိုင်းတာဘဲ ဘယ်ဘာသာမှ နားမလည်ဘူး..။ ဒါလေးပြောချင်လို့ ရေးလိုက်တာပါ.။ နောက်ပြီး ခုနောက်ပိုင်းမှာ စာအုပ်တွေလည်း ရှာရဖွေရလွယ်ကူအောင် လုပ်ပေးထားတာတွေတွေ့ရတယ်ဗျာ..။ ပုံလေးနဲ့ ပြထားပါတယ် လှမ်းရှိုးကြည့်ပါ..။ Wallet Shoping Finance စသဖြင့် များစွာ ပြုလုပ်ပေးထားတာတွေ့ရတယ်ဗျာ..။ Wallet ဆို
တာ နောက်ပိုင်းအတော် ခေတ်စားလာမယ်ထင်တယ်ဗျာ..ငွေပေးချေမှု ပြုလုပ်နိုင်တယ်ဆို ဖတ်လိုက်ရတယ်..။
အဲဒါဆိုတော့ ဂျီမေးတစ်ခုရှိရုံနဲ့အတော့်ကို အဆင်ပြေလာပြီပေါ့ဗျာ.. လူရာဝင်တယ်နော် နိုင်ငံခြားကတွေ လိပ်စာ
တောင်းရင်ဘဲဖြစ်ဖြစ် အများကြီးပေါ့ဗျာ..။ ကိုယ်လည်း လေ့လာရဦးမှာ လျှင်မြန်စွာ လေ့လာနိုင်အောင်လို့ တင်
လိုက်တာ..။ ခုကောင်လေးဟာ မြန်မာသာ ပါလာရင် ဘာ Dictionary မှ မလိုတော့ဘူးလေ..။ ဟုတ်တယ်နော်
ရှယ်ပါဘဲဗျာ..။ကျေးဇူးပါ..ဂူးဂယ်ရေ....


ဘာသာပြန်လိုရင်တော့ ဒီ Translate ကိုနှိပ်ပြီး မြားပြထားတဲ့နေရာမှာ ကိုယ်ရေးမယ့် ဘာသာ ဘာသာပြန်မယ့်
ဘာသာစကား အဲဒါလေးတွေ ရွေးပေးပါ.. ဇယားကွက်ထဲမှာတော့ ကိုယ်ဘာသာပြန်စေချင်တဲ့ စကားလုံးတွေကို
ရေးပေါ့ဗျာ...ဆောင်းပုံလေးနဲ့ကတော့ ကိုယ်ရေးလိုက်တဲ့ စကားလုံးကို အသံထွက်ပေးတာပါ...။ တရုတ်ဘက်က
ဆောင်းကို နှိပ်ရင် တရုတ်စကားလုံးထွက်မယ်...နှိပ်ကြည့်..
 ဒီပုံကတော့ ကျုပ်စာအုပ် ရှာစမ်းကြည့်တာ Books ကိုနှိပ်ပြီး ရချင်တာလေးတွေ ရှာကြည့်ပေါ့...
 ကဲဒီပုံလေးက ဒီစာလေးရေးနေတုန်း စမ်းနှိပ်ကြည့်တာလေ..။ Wallet အကြောင်းကို Mobile Guide ဂျာနယ်မှာ
ပြည့်ပြည့်စုံစုံလေး ဖော်ပြထားတယ် 20 ရက်နေ့က ထွက်တဲ့ ဂျာနယ်မှာ အဲဒါဒေါင်းပြီးကြည့်ပါ..။

ကဲဗျာ အားလုံးဘဲ ကလိနိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့် အတော့်ကို ပြည့်စုံလာတော့မယ်နော်..ကျုပ်လုပ်နေ
တာတွေက ပါမွှားပါ သူများက ကမ္ဘာနဲ့ ရင်ဘောင်တန်းနေတာဆိုတော့ ကျုပ်ကတော့ ကမြင်းနီလောက်ဖြစ်သွား
တာပေါ့..။ ဘာပဲပြောပြော google ကိုတော့ အထူးကျေးဇူးတင်ပါတယ်ဗျာ..သူတို့ရဲ့ စေတနာက တစ်ကယ့်စေတနာဗျာ အခမဲ့ပေးထားတာတွေကို နည်းနည်းနောနော မဟုတ်ဘူးလေ..အများကြီးဘဲ လူတွေ
အကျိုးရှိတဲ့ လုပ်ငန်းတွေချည်းပါဘဲဗျာ....အဲဒီအတွက် အထူးဘဲ ကျေးဇူးတင်ပါတယ်လို့........





Adinnwa မှ မြန်မာငွေများကို ရေလိုရအောင်ယူနည်း EBook - မြန်မာလို

ကိုယ်ပိုင် Website ရှိသူများအနေဖြင့် www.adinnwa.com ကိုသိကြမယ်ထင်ပါတယ်..အခု ဒီ Adinnwa.com
မှ မြန်မာငွေများကိုရေလို ယူနည်းစာအုပ်တင်ပေးလိုက်ပါတယ်...ဒီနေရာမယ် တစ်ခုသတိပေးချင်တာက.
စာအုပ်ထဲမယ် တစ်နေ့ကို 2000 ကျပ်လောက် ရအောင်ယူပါဆိုပြီး ပါပါတယ်..အဲဒီနေရာမှာ 1000 ကျပ်ဘဲ
ရအောင် ယူပါ လို့ပြင်ပေးပါ...ခဏလေးနဲ့ ငွေရတဲ့နည်းဖြစ်ပြီး လုပ်ရင်လုပ်သလောက် သောင်းဂဏန်းအထိ
ရပါလိမ့်မယ်..ဒါပေမယ့် တစ်နေ့ကို 1000 ကျပ် ထက်ပိုအောင် မလုပ်ပါနဲ့...ကျနော်ကိုယ်တိုင်တစ်နေ့ကို
တစ်ထောင် ကျော်မက တစ်နေ့အတွင်း 20000 ကျပ်အထိရအောင်လုပ်လိုက်မိလို့ Accounts Block ခံထိပြီး ရထားတဲ့ ငွေများလည်း ဆုံးရှုံးသွားခဲ့ဖူးပါတယ်..ဒါကြောင့် လောဘကိုသတ်ပြီး တစ်နေ့ကို 1000 ကျပ်ဘဲ ၇အောင်ယူပါ..ဒီနည်းလမ်းက ကိုယ်ပိုင် Website ရှိသူများနှင့် Website ပိုင်းဆိုင်ရာများကိုလုပ်ကိုင်
နေသူများအတွက် ငွေရှာနည်းဖြစ်ပါတယ်..တွေးရင်တွေးတတ်သလို ပိုက်ဆံအန္တရာယ်ကင်းကင်း နဲ့ပိုက်ဆံ
ရှာနိုင်ပါလိမ့်မယ်ခင်မျာ... Download ရယူနိုင်ကြပါပြီ။ http://www.mmithelper.com မှ ကူးလာတယ်..။

Thursday, May 23, 2013

Wondershare MobileGo for Android 3.2.0.215

Android ဖုန်းတွေကို ကွန်ပျူပေါ်ကနေ ထိန်းချုပ်နိုင်အောင် ကူညီပေးမယ့် ဆော့ဝဲလေးပဲ ဖြစ်ပါတယ် ...ဒီဆော့ဝဲလေးကို Install လုပ်ထားလိုက်ရင် Android ဖုန်းကို ကွန်ပျူတာမှာ ချိတ်ဆက်လိုက်တာနဲ့ ..အဲဒီဖုန်းရဲ့ Function တွေကို ကွန်ပျူတာနေ ထိန်းချုပ် မောင်းနှင်နိုင်အောင် ကူညီပေးပါတယ် ...
Android အမျိုးအစားပေါင်း 970 ကျော်ကို အလိုလို သိပါတယ် ..Wifi mode နဲ့ ဆက်သွယ်ရင်တော့ Android အမျိုးအစား အကန့်အသတ်မရှိကို သိနိုင်တယ်လို့ သူ့ရဲ့ မူရင်း Website မှာ ပြောထားပါတယ် ..Android ဖုန်းထဲက အချက်အလက်တွေကို ကွန်ပျူတာပေါ်မှာ Back up လုပ်ထားပြီး လိုအပ်တဲ့အချိန်မှ ပြန်ပြီး Restore လုပ်နိုင်ပါတယ်ဗွီဒီယိုဖိုင်တွေ သီချင်းဖိုင်တွေ စတဲ့ ဖိုင်တွေကို ကွန်ပျူတာနဲ့ Android ဖုန်းကြား အပြန်အလှန် လွှဲပြောင်းဖလှယ်နိုင်ပါတယ်Text Message တွေကို ကွန်ပျူတာပေါ်မှာပဲ လက်ခံပြန်ကြားနိုင်ပါတယ် ...


Video ဖိုင် Audio ဖိုင်တွေကို File format အသီးသီးအဖြစ် အလွယ်တကူ Convert လုပ်ပေးနိုင်ပါတယ်
iTunes Playlist တွေကိုတောင် Android ဖုန်းနဲ့ ကွန်ပျူတာကြား အလွယ်တကူ Sync လုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်
Outlook mail တွေ Windows mail တွေနဲ့လည်း ချိတ်ဆက်ပြီး အ၀င်အထွက် လက်ခံစီမံနိုင်ပါတယ် ...

ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာDOWNLOAD ဒေါင်းယူလိုက်ပါ

Setup ဖိုင်ကို Install လုပ်ပြီးတာနဲ့ Patch ဆိုတဲ့ ဖိုဒါထဲက ဖိုင်ကို C >> Program files >> Wondershare >> mobile go for android ဆိုတဲ့ဖိုဒါထဲကို ကော်ပီကူးထည့်ပေးလိုက်ပါပြီးရင် အဲဒီ ကူးထည့်လိုက်တဲ့ ဖိုင်ကို Right Click ကနေ Run as administrator နဲ့ Run လိုက်ပြီး ပွင့်လာတဲ့ထဲက Patch ဆိုတာကို နှိပ်ပေးလိုက်ပါ
ဒါဆိုရင် Full version အဖြစ် အသုံးပြုလို့ ရသွားပါပြီ .. ကဲ .. အဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုးမှ ကူးယူဖော်ပြထား


Wondershare MobileGo for Android 3.2.0.215


This Android phone manager gives you a simple, smart interface to plug in and go. It instantly recognizes and remembers more than 970 Android devices as soon as you plug in. (Unlimited devices supported in Wi-Fi mode.) It’s a big screen, bird’s eye view of your phone, your life – so you get more done!

Back it all up or Restore with a Click
Tired of randomly losing stuff from your phone? Maybe you just want to make extra room for more media? With MobileGo, you can back up everything including contacts, SMS, apps, catalogs, etc. Vice versa, you can restore all or selected backed-up files to your Android phone with a click.

Music, Photos and Video on the Go
Forget to move your downloaded shows, music, whatever the night before and now you’re stuck in line somewhere staring at a blank screen? Wanna enjoy media anywhere? MobileGo for Android helps you push music, photo, and video easily to and from your Android devices.

Transfer Contacts between Symbian, iOS and Android
Got a shiny new mobile device and want to load it with all your old contacts, texts and call history? Maybe it’s one of those older Symbian devices, or a newer iOS or Android device? Or maybe you just want to add your friend’s contacts from their device to yours? Now it’s easier than ever to get it done: simple one click, you can transfer contact list, SMS and call logs between different devices without missing a beat.

Organize Your Apps
Got too many apps that don’t do enough and want to get rid of them in a flash? Maybe you like downloading apps with your PC and want an easier way to transfer them to your phone? MobileGo lets you keep your game status on apps and quickly install/uninstall apps on your device from your PC Moreover, you can export apps to your PC as well.

Seamlessly Send & Reply Texts
Now you can reply and send text messages on your PC without instead of doing it on a tiny four-inch screen. Just get this Android manager to free your hands and text like a champ!

Convert Video and Audio
MobileGo for Android Pro not only helps you push music, photo, and video easily to your phone. Now, the enhanced converter allows you to convert video and music files like AVI, MOV, MKV, FLV, WMV, WMA, AIFF, MKA, etc. to Android-optimized formats and fit your devices. Furthermore, you can even extract audio from a video file.

Sync iTunes Playlist to Android
With the Pro version, you can effortlessly import your iTunes music playlist to Android devices and export music to iTunes library. Just get it now and break down the wall between iTunes and Android!

Import/Export Contacts from/to Outlook/Windows Mail
Want to transfer your phone contacts to Outlook and Windows Mail or vice versa? With MobileGo for Android Pro, you can easily import and export contacts to/from Outlook 2003, Outlook 2007, Outlook 2010 and Windows Mail/Windows Address Book..

Click HERE to download for free.
Kindly Bookmark this Post using your favorite Bookmarking service:

ဘလော့မှာ Mp3 Player ထဲ့ နည်းတဲ့ဗျာ ရှာနေတာနဲ့ အတော်ဘဲ ကူးလာတာ




ဘလော့ထဲမှာMp3နားထောင်လို့ ရတာ  ကောင်းတယ်လို့ ဆိုလို့ ရတယ်ာလို့ လည်း ဆိုတော့ စာဖတ်တဲ့  ပရိတ်သတ်တွေက တစ်ချို့  ကြတော့ စာဖတ်ရင်း သီချင်း နားထောင်တတ်တယ် အချို့ ကြတော့ စာဖတ် ရင် သီချင်းနားထောင်တာ မကြိုက်ဘုး အားရုံလွဲသလိုဖြစ်တတ်တယ် အဲ့ တာကြောင့်သီချင်းထဲ့ မယ်ဆို အော်တို
မလာခိုင်းတာ ပိုကောင်းပါတယ် လေရှည်နေတာ လုပ်ငန်းစပါစို့ (1) Mp3 Player ဆိုဒ်ကိုသွားရမယ် ဒီမှာ   နှိပ်ပြီးသွားလိုက်ပါ (2)  facebook နဲ့ ဝင်လို့ ရပါတယ် .... 

 
                   ပုံမှာပြထားသလိုnew playlist နှိပ်လိုက်ပါ
ပေါ်က ပုံအတိုင်းထွက်လာပါလိမ့်မယ်  ပြီးရင် Youtube မှာလင့်သွားယူရပါမယ် ကြိုက်တဲ့ သီချင်းကိုဖွင့်လိုက်ပါ ပြီးလျှင်ပုံမှ
ပြထားတဲ့ တိုင်း လင့်ကို copy လုပ်ပါ
 ပြီးရင်တော့ ကော်ပီ လုပ်ထားတဲ့  လင့်ကို အောက်ပုံမှာ ပြထားတဲ့ 
တိုင်း Paste ချလိုက်ပါ
အောက်ပုံများပြထားတဲ့ တိုင်း  ထွက်လာပါလိမ့်မယ် တစ်ခုပြော
ချင်တာက မြန်မာစာ မထွက်ပါဘူး  + ပုံလေးကိုနှိပ်လိုက်ပါ အဲ့ လို
ပဲဆက်ပြီးတော့ သီချင်းတွေကို ရှာပြီး  ထဲ့ လိုက်ပါ
အာက်က ပုံထဲကလို မင်းတစ်ယောက်တည်း-ဟဲလေး အဲ့ မျိုး
တွေ ပါလိမ့်မယ် ဒါတော့ ကျတော် ထဲ့ ထားတာလေးပါ
            ကိုယ်ပြင်ချင်တာရှိရင်   Edit tracks ကိုနှိပ်လိုက်ပါ   
  အောက်ကပုံမှာကြည့်လိုက်ပါ နာမည်ပြောင်းမလား အပုံပြောင်းမလား
အစုံလုပ်လို့ ရပါတယ် စိတ်ကြိုက်ပြင်ပြီးရင်တော့ Done ပေါ့ဗျာ
ပြီးရင် Next ကိုနှပ်လိုက်ပါ
ကြိုက်တဲ့  ဒီဇိုင်း ရွေးလို့ ရတယ်  အရောင် ကာလာ ဆိုဒ် စာလုံးအရောင် အစုံလုပ်လို့ ရတယ်
ပြီးရင်တော့ ပုံမှာပြထားတဲ့ တိုင်း Finish ပေါ့
ပြီး ရင်ဒီနေရာရောက်သွားမယ် Embed ကိုနှိပ်လိုက်ပါ
အောက်က ပုံတိုင်းထပ်ထွက်လာပါလိမ့်မယ်  Use Free ကိုနှိပ်လိုက်
အောက်ကပုံထဲကတိုင်း ထွက်လာမယ် ကုဒ်တွေကို ကော်ပီလုပ်
►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက် လေးထဲမှာဘဲ ထဲ့ပေးလိုက်ပါ  ပြီးရင် Save အဆင်ပြေပါစေ။
နောက်ထပ်ဘာတွေလုပ်လို့ ရလည်း ဆိုဆက်လေ့လာလို့ လည်း
ရပါတယ် ဓာတ်ပုံစလိုက် ရှိုး အခြားဟာများလည်း အောက်ပုံမှာ
ပါသည့်တိုင်း လေ့လာကြည့်ကြပါဦး
အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..
<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>
အောင်အောင်(မကစ) ပိုင်ဆိုင်သော နေရာလေးများကိုလာလည်ကြပါ။ www.aungsanmks.blogspot.com 
www.ledimyethar.com 
www.ninilayy.com 
ကဲဗျာ ကူးလာတာကတော့ ကိုလတ်ကျွဲဆင်းကပါ ရေးသားသူကတော့ ဘလော့ခရီးသည်ပေါ့..
တပ်စမ်းမလို့ ရှာနေတာ..ဒါလေးတွေ့လို့ အမှတ်တရလည်းဖြစ်အောင်ပေါ့ဗျာ ကူးထားတော့
နောက် သုံးချင်ရင် ရှာရတာလွယ်တာပေါ့...

ဒုံးဒုံးဒိုင်းဒိုင်း – DJ Jay[Dhamma Phunk ] 100MB

01. Intro @ MAMC.mp3                                                      1.3Mb
02 nae’ nae’ loet Lite @ MAMC.mp3                                    6.3Mb
03.So dope@ MAMC.mp3                                                   6.1Mb
04 Kwin Ma Loot Naing Bu @ MAMC.mp3                            5.2Mb
05 Phone Set @ MAMC.mp3                                               6.0Mb
06. Hak Pa Lote Hak Pone [Feat- KHS ] @ MAMC.mp3         6.0Mb
07 Bount [ Feat- Ye Naung PBD Hood ] @ MAMC.mp3         5.5Mb


08 Set Yont Dubstep@ MAMC.mp3                                     6.2Mb
09 Fresh [ Feat- G Tone ] @ MAMC.mp3                             5.5Mb
10 Tha Mite ae Sa [ Feat- အနဂ္ဂ ] @ MAMC.mp3                 4.6Mb
11 Sel KaHtay [Feat- Kyat Pha ] @ MAMC.mp3                   4.5Mb
12 Jar Lit@ MAMC.mp3                                                      7.1Mb
13 Sone Ma @ MAMC.mp3                                                 4.4Mb
14 Power @ MAMC.mp3                                                    5.8Mb
15 80′s Love [ Feat-ASH ] @ MAMC.mp3                           7.1Mb
16 Smoke Machine@ MAMC.mp3                                      7.4Mb
17 Message@ MAMC.mp3                                                6.6Mb
18. Sit Mhan Thaw Chan Thar Chin @ MAMC.mp3             6.1Mb



Credit -MTV Myanmar
http://www.myanmarallmusicchannel.org/?p=6598 ဒီလင့်ကနေ ကူးလာတယ်ဝေး...ဒီဂျေဆို ကိုယ်လည်းကြိုက်တယ်လေ..နားတော့ မလည်ဘူး သို့သော် မြူးတယ်လေ..





Wednesday, May 22, 2013

အွန်လိုင်းမှာသင်/ဖြေပြီး ဒီပလိုမာတွေရယူနိုင်တဲ့နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။ သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။


အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ကြား တယ်။  မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။ ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကိုကိုယ်ကြိုက်ရာ ရွေးလို့ရ ပါတယ်။ Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညာသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။
--

➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

For more - http://is.gd/y7Fukg

Aung Kham (TSJ team)

http://blog.techspace.com.mm/2013/03/blog-post_8.html

တွင်ဖော်ပြချက်အား တဆင့်မျှဝေပါသည်။

format factory 3.0.1 Converter လေးပေါ့ဗျာ

ကဲ ဒါလည်း သိပ်တော့မထူးဆန်းပါဘူး အသစ်လေးမို့ ပြန်တင်လိုက်တာပါ.။ အဟောင်းနဲ့ ဘာထူးလဲဆိုတော့
ဘာမှတော့ မထူးပါဘူး 3.0.0 တုန်းကတော့ 50MB ရှိတယ် ခုဟာက 48MB ဆိုတော့ 2MB လျော့သွားတာလေး
တော့ ထူးတာဘဲ သိတယ်..။ မိုဘိုင်းဖုန်းတွေ ဖွင့်လို့ရအောင် MP3 MP4 3GP စသဖြင့် format ဖိုင်ဖောမက်
ပြောင်းတဲ့ ဆော့ဝဲပေါ့ဗျာ..။ အတော်များများ သိပြီးသားပါ ဒီကောင်းလေးက ကီးထည့်စရာမလိုဘူးဗျာ ဒါကြောင့်
ကျုပ်တော့ ဒီကောင်လေး သဘောကျတာနဲ့ လောလောဆယ်မှာ ဒီကောင်လေးဘဲ သုံးနေတယ်ပေါ့ဗျာ..။ အခြား
ဆော့ဝဲတွေက ကီးထည့်ရတယ် ဒီကောင်ကမလိုတော့ ပိုသဘောကျတာပေါ့..။ အဲဒါကြောင့် အသစ်လေးကို
စမ်းပြောင်းလိုရင်ဆိုတဲ့ သဘောနဲ့တင်ထားတာပါ.။ ဟိုအရင်ကတင်ထားတာလေးလည်း ရှိပါတယ် လင့်တော့
သေလားရှင်လား မသိဘူးဗျာ..။ ခုဟာကတော့ ဒီနေ့မှ တင်တာဆိုတော့ မသေသေးဘူး..ရချင်တယ်ဆိုရင်တော့
ယူသွားပေါ့ ဒါက အသုံးလိုတယ်လေ..။

ကောင်းမကောင်း ရောပြွန်းတဲ့ မိုဘိုင်းကလိဝဲလေးများ

ကဲဗျာ ကောင်းတာတွေ ပါသလို မကောင်းမကန်းလေးတွေလည်း ဖြစ်ချင်ဖြစ်နေမှာပါ..။ ရထားတာလေးကို တင်
ပေးတာပါ..။ မရှိမဖြစ်ရယ်လို့တော့မဟုတ်ပါဘူး.။ ကလိရတာ ၀ါသနာပါနေတဲ့သူများအတွက်ပေါ့.။ ကိုယ်လည်း
စာအုပ်တွေ တင်ပြီးတော့ ဘာတင်ပေးရမှန်းတောင် မသိတော့ပါဘူးဗျာ..။ သိပ်ကြီးအသုံးမလိုတာတွေကို အပင်
ပန်းခံပြီး မဆွဲပါနဲ့.။ ကိုယ့်အတွက် တစ်ကယ်လိုအပ်မှသာဆွဲကြပါ .။ သို့မဟုတ်လျှင် ကွန်ပျူတာထဲမှာ သိမ်းထား
ရတာဘဲ ရှိတာပါ..။ ဘာမှလည်း ကိုယ့်အတွက် သုံးမရဘူးလေ..။ ဟုတ်တယ်.ဗိုင်းရပ်သတ်တဲ့ဆော့ဝဲဘဲဖြစ်ဖြစ်
ကိုယ် သဘောအကျဆုံး နှစ်ခုလောက်ကို ရွေးထားပါ..။ အဲဒါလေးဘဲ သုံးပေါ့ အဆင်မပြေရင် တစ်ခုပြောင်းပေါ့.
အဲဒါမျိုးဘဲကောင်းတယ်.။ နောက်တစ်ခုက ကွန်ပျူတာကို ပြုပြင်တဲ့ဆော့ဝဲတွေပါ အမျိုးမျိုးထွက်နေတယ်.။အဲဒါ


ကိုလည်း ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် ဆော့ဝဲ နှစ်မျိုး သုံးမျိုးလောက်တော့ ဆောင်ထားပါ.။ အကြိုက်
ဆုံး တစ်ခုနှစ်ခုလောက်ဘဲ သုံးပေါ့..။ ဘာလုပ်မှာကြီးလည်းဗျာ.။ ကွန်ပျူတာကို မြန်အောင်လုပ်တာတွေကို ကျုပ်
အနေနဲ့ သိပ်မသုံးစေချင်ဘူးဗျ.။ ဘာလို့လည်းဆိုတော့ ကွန်ပျူတာ သက်တမ်းမကြာဘဲ ပျက်စီးသွားကုန်မယ်.။
ဥပမာရိုင်းရိုင်းပြောရရင် ပိန်နေတဲ့ ဖိုးသမားတစ်ယောက်ကို ဖိုးကြွေးပြီး ဆန်အိတ်နှစ်အိတ်လုံးဆင့်လောက် ထမ်း
ခိုင်းသလိုဘဲ ဖိုးရဲ့အရှိန်ကြောင့် ထမ်းနိုင်ပေမယ့် ခန္ဓာကိုယ်အတွက်တော့ အတော့်ကို အထိနာမှာပါ..။ အဲလိုမျိုး
ပါဘဲ..။ နောက်တစ်ခု ကျုပ်စမ်းသုံးကြည့်ဖူးပါတယ်.။ မြန်တယ်ဆိုလို့ လျောက်ထည့်တာ ပိုတောင်လေးနေသေး
တယ်..။ အဲဒါမျိုးတွေ မဖြစ်စေချင်လို့ ကြိုတင်ပြောထားတာပါ..ကိုယ့်လို ဒုက္ခရောက်မှာစိုးလို့ပါ..။ အလုံး နည်းပညာ ဗဟုသုတနှင့် ပြည့်စုံကြပါစေ...



Tuesday, May 21, 2013

မြန်မာ့မြေပုံ PDF လေးများ လိုအပ်လျှင် အသုံးပြုနိုင်အောင်

ကဲဗျာ ကျုပ်လည်းတောင်နှိပ်မြောက်နှိပ် ရှာဖွေထားတာလေး ပြန်လည် ဝေမျှလိုက်ပါတယ်။ မြန်မာ့မြေပုံ တစ်
ကယ်ကောင်းပါတယ် ကြည့်ရတာလည်းရှင်းပါတယ်။ ကိုယ်လိုအပ်ရင် ဘယ်မှာရှာလို့ ရှာရမှန်းမသိဖြစ်နေ
မယ်. လိုအပ်ရင်သုံးရအောင် ယူသွားကြပါ။ ကိုယ့်ကွန်ပျူတာမှာထည့်ထားတာတောင် အတော်ရှာလိုက်ရ
တယ်။ ကဲဗျာ မြေပုံစာအုပ် လေးအုပ်တင်ပေးလိုက်ပြီနော်။ သဘောကျမယ်လို့တော့ထင်ပါတယ်။ google မှာ ရှာရင်လည်း အင်တာနက်လိုင်းကကောင်းဦးမှ ရှာလို့ရမှာပါ ကိုယ့်ဆီမှာ PDF စာအုပ်လေးရှိတော့ ကိုယ့်ရှာ
ကြည့်ချင်တဲ့နေရာ ရှာကြည့်လို့ရတာပေါ့ဗျာ။ သိမ်းထားမမှားပါဘူး ဒါတွေတစ်ကယ်လိုအပ်ပါတယ်။ ကျုပ်တောင် ခုအင်တာနက်မှာ ဒီစာအုပ်တင်ထားတဲ့ဆိုက်လိပ်စာမသိတော့ဘူး။ တစ်ကယ်လိုအပ်ရင် အရေးကြီးရင် ရှာလို့မလွယ်ဘူးခင်ဗျာ။ ကောင်းလို့ပေးတာလို့ဘဲမှတ်ပါ။ ကဲပြောနေတာကြာတယ် ဆွဲကြကွယ်။ ဟိုအရင်က
တင်ထားတာလေး ပြင်လိုက်တော့ ရှေ့ကိုရောက်လာတယ် ဖြစ်ရလေ မိဝိုင်းစိန်ရေ...



Monday, May 20, 2013

Dark Style Drop Down Menu Bar For Blogger

ဒီတစ်ခါတော့ Blog များအတွက် Menu Bar အလန်းလေးတင်ပေးလိုက်ပါတယ်။ အရင်ဆုံး ကိုယ့်ရဲ့ Blog ထဲ့ကို Log in ၀င်ပါ၊ပုံမှာပြထားတဲ့အတိုင်း Template ကိုနိုပ်ပါ.။ ကိုဝင်းထွဋ်တင်မှ ကူးလာ..


အောက်မှာပြထားတဲ့အတိုင်း Edit HTML ကိုနိုပ်ပါ၊

Ctrl + F အကူအညီနဲ ]]></b:skin> ကိုရှာပါ၊ တွေ့ပြီဆိုတာနဲ့ ]]></b:skin> ရဲ့

အပေါ်မှာ Cursor ချပြီး အောက်ပါ code ကိုကူးထဲ့ပြီး Save ပါ


/* Flying Css3 menu www.bloggertrix.com*/

.container {

margin: 30px auto;
width: 957px;}

#nav,#nav ul {
list-style: none outside none;
margin: 0;
padding: 0;}
#nav {
background: url('https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV1GA3R2X1okeCc54VQMyLpDVX5berAsNOj0fijgFwldPRSl5GqojpVVyGN_07S-TcgdH-OynOvjUPbtsfQ2zOEakjRWc-RMfKXJUq2m_zphfhqPoyQ3NpcXs6Y50-DYLUXMSTmbGtT2g/s1600/menu_bg.png') no-repeat scroll 0 0 transparent;
clear: both;
font-size: 12px;
height: 58px;
padding: 0 0 0 9px;
position: relative;
width: 957px;}
#nav ul {
background-color: #222;
border:1px solid #222;
border-radius: 0 5px 5px 5px;
border-width: 0 1px 1px;
box-shadow: 0 5px 5px rgba(0, 0, 0, 0.5);
left: -9999px;
overflow: hidden;
position: absolute;
top: -9999px;
z-index: 2;
-moz-transform-origin: 0 0;
-ms-transform-origin: 0 0;
-o-transform-origin: 0 0;
-webkit-transform-origin: 0 0;
transform-origin: 0 0;
-moz-transition: -moz-transform 0.1s linear;
-ms-transition: -ms-transform 0.1s linear;
-o-transition: -o-transform 0.1s linear;
-webkit-transition: -webkit-transform 0.1s linear;
transition: transform 0.1s linear;
}
#nav li {
background: url('https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCuX3j8-eWmDWhxDyXwUVXo47X4EAuiCv1GIRhCH9YKzZdMS_I7ZDHBQ3Ikelqkjwv9oQS30oofF2ajurQW-ROOJat4Y3dVk8W35o2oLAqHTYCAgPcv3v8ZqUPb507vD3zQpzub4dn4YQ/s1600/menu_line.png') no-repeat scroll right 5px transparent;
float: left;
position: relative;}
#nav li a {
color: #FFFFFF;
display: block;
float: left;
font-weight: normal;
height: 30px;
padding: 23px 20px 0;
position: relative;
text-decoration: none;
text-shadow: 1px 1px 1px #000000;
}
#nav li:hover > a {
color: #00B4FF;
}
#nav li:hover, #nav a:focus, #nav a:hover, #nav a:active {
background: none repeat scroll 0 0 #121212;
outline: 0 none;
}
#nav li:hover ul.subs {
left: 0;
top: 53px;
width: 180px;
-moz-transform: scaleY(1);
-ms-transform: scaleY(1);
-o-transform: scaleY(1);
-webkit-transform: scaleY(1);
transform: scaleY(1);}
#nav ul li {
background: none;
width: 100%;}
#nav ul li a {
float: none;}
#nav ul li:hover > a {
background-color: #121212;
color: #00B4FF;}
#lavalamp {
background: url('https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjQYFdPsBG0I6ma5x59-RxB6yIJT6qJZcIo5yZW7yOit8yo2orUmVadKCmXPaNquTH9EKKkvEx2sNPboXa5M0ioyLJAncBP6g4DI_hT8cjfYNrpqegJAFXsRPJDCYv2XbbSpZtclD2VI4/s1600/lavalamp.png') no-repeat scroll 0 0 transparent;
height: 16px;
left: 13px;
position: absolute;
top: 0px;
width: 64px;
-moz-transition: all 300ms ease;
-ms-transition: all 300ms ease;
-o-transition: all 300ms ease;
-webkit-transition: all 300ms ease;
transition: all 300ms ease;
}
#lavalamp:hover {
-moz-transition-duration: 3000s;
-ms-transition-duration: 3000s;
-o-transition-duration: 3000s;
-webkit-transition-duration: 3000s;
transition-duration: 3000s;
}
#nav li:nth-child(1):hover ~ #lavalamp {
left: 13px;
}
#nav li:nth-child(2):hover ~ #lavalamp {
left: 90px;
}
#nav li:nth-child(3):hover ~ #lavalamp {
left: 170px;
}
#nav li:nth-child(4):hover ~ #lavalamp {
left: 250px;
}
#nav li:nth-child(5):hover ~ #lavalamp {
left: 330px;
}
#nav li:nth-child(6):hover ~ #lavalamp {
left: 410px;
}
#nav li:nth-child(7):hover ~ #lavalamp {
left: 490px;
}
#nav li:nth-child(8):hover ~ #lavalamp {
left: 565px;
}

Save ပြီးပါက  Layout ကိုရွေးပါ

Add Gadget and select 'HTML/Javascript ကိုရွေးချယ်ပြီးအောက်ပါ Code ကိုကူးထဲ့ပါ

<div class="container">

<ul id="nav">
<li><a href="http://winhtuttin.blogspot.com">Home</a></li>
<li><a class="hsubs" href="#">Menu 1</a>
<ul class="subs">
<li><a href="#">Submenu 1</a></li>
<li><a href="#">Submenu 2</a></li>
<li><a href="#">Submenu 3</a></li>
<li><a href="#">Submenu 4</a></li>
<li><a href="#">Submenu 5</a></li>
</ul>
</li>
<li><a class="hsubs" href="#">Menu 2</a>
<ul class="subs">
<li><a href="#">Submenu 2-1</a></li>
<li><a href="#">Submenu 2-2</a></li>
<li><a href="#">Submenu 2-3</a></li>
<li><a href="#">Submenu 2-4</a></li>
<li><a href="#">Submenu 2-5</a></li>
<li><a href="#">Submenu 2-6</a></li>
<li><a href="#">Submenu 2-7</a></li>
<li><a href="#">Submenu 2-8</a></li>
</ul>
</li>
<li><a class="hsubs" href="#">Menu 3</a>
<ul class="subs">
<li><a href="#">Submenu 3-1</a></li>
<li><a href="#">Submenu 3-2</a></li>
<li><a href="#">Submenu 3-3</a></li>
<li><a href="#">Submenu 3-4</a></li>
<li><a href="#">Submenu 3-5</a></li>
</ul>
</li>
<li><a href="#">Menu 4</a></li>
<li><a href="#">Menu 5</a></li>
<li><a href="#">Menu 6</a></li>
<li><a href="http://www.bloggertrix.com/">Back</a></li>
<div id="lavalamp"></div>
</ul>

</div>
http://winhtuttin.blogspot.com ဆိုတဲ့နေရာမှာကိုယ့် Blog link ကိုထဲ့ပေးပါ
ဒါဆိုရင်နှစ်သက်ရာ Title တွေကိုပြောင်းလဲနိုင်ပြီး '#' နေရာမှာ Link ကိုထဲ့ပေးလိုက်ပါ။

စလုပ်ကာစမိတ်ဆွေများအတွက်အကြံပေးချင်တာကတော့ကိုယ့် Blog နဲ့ Tamplate တူ
တဲ့ အရံ Blog တစ်ခုမှာသေချာနားလည်အောင်စမ်းသပ်ပြီးမှ ကိုယ့် Blog မှာအသုံးချပါ

http://winhtuttin.blogspot.com မှ ယူလာခြင်း...

Blog များအတွက် CSS Cloud Label Style

ဒီတစ်ခါတော့ Blog လေ့လာနေတာမိတ်ဆွေများအတွက် Cloud Label Style လုပ်နည်း လေးတင်ပေး လိုက်ပါတယ်။ ကိုဝင်းထွဋ်တင်ထံမှ ကူးလာတာလေးပေါ့..။


ကိုယ့်ရဲ့ Blog ထဲ့ကို Log in ၀င်ပြီးအထက်ပါပြထားတဲ့ပုံအတိုင်း Template ကိုနိုပ်ပါ။
Edit HTML ကိုနိုပ်ပြီး Ctrl + F အကူအညီနဲ့ ]]></b:skin> ကိုရှာပါ၊တွေ့ပြီဆိုရင်

]]></b:skin> ရဲ့အပေါ်မှာ Cursor ချပြီး အောက်ပါ Code များကူးထဲ့ပါ

/*-----Custom Labels Cloud widget by www.bloggertrix.com----*/
.label-size{
margin:0 2px 6px 0;
padding: 3px;
text-transform: uppercase;
border: solid 1px #C6C6C6;
border-radius: 3px;
float:left;
text-decoration:none;font-size:10px;color:#666;}

.label-size:hover {
border:1px solid #6BB5FF;
text-decoration: none;-moz-transition: all 0.5s ease-out;
-o-transition: all 0.5s ease-out;
-webkit-transition: all 0.5s ease-out;
-ms-transition: all 0.5s ease-out;
transition: all 0.5s ease-out;
-moz-transform: rotate(7deg);
-o-transform: rotate(7deg);
-webkit-transform: rotate(7deg);
-ms-transform: rotate(7deg);
transform: rotate(7deg);
filter: progid:DXImageTransform.Microsoft.Matrix(
M11=0.9961946980917455, M12=-0.08715574274765817, M21=0.08715574274765817, M22=0.9961946980917455, sizingMethod='auto expand');
zoom: 1;
}
.label-size a {
text-transform: uppercase;
float:left;
text-decoration: none;
}.label-size a:hover {
text-decoration: none;
}

ပြီးရင် Save Template ကိုနိုပ်ပါ၊ Label မှာ အောက်ပါရွေးထားတဲ့အတိုင်းရွေး
ပေးပါ၊ အဲဒီ setting မဟုတ်ရင်အထက်ပါပြထားတဲ့ပုံစံပေါ်မှာမဟုတ်ပါဘူးဗျာ


အားလုံးအဆင်ပြေပါစေဗျာ.......
စလုပ်ကာစမိတ်ဆွေများအတွက်အကြံပေးချင်တာကတော့ကိုယ့် Blog နဲ့ Tamplate တူ
တဲ့ အရံ Blog တစ်ခုမှာသေချာနားလည်အောင်စမ်းသပ်ပြီးမှ ကိုယ့် Blog မှာအသုံးချပါ 

ဒီနေရာက ကူးလာတယ်
http://winhtuttin.blogspot.com/2013/01/blog-css-cloud-label-style.html

ပိဋက သုံးပုံစာအုပ်များနှင့် လယ်တီ ဒီပနီကျမ်းများ စုစည်းတင်ဆက်မှု....

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းရော ဘာသားခြားတွေပါ လေ့လာနိုင်ဘို့အတွက် ပိဋက သုံးပုံနှင့် ပထမလယ်တီ ဆရာတော်ကြီး ရေးသား စီရင်တော်မူခဲ့သော ဒီပနီကျမ်းပေါင်းများစွာကို တင်ပေးထားပါတယ်..။ တရားလိုလား
ကြတဲ့ သူတော်စဉ် သူတော်ကောင်းများအတွက်ပေါ့ဗျာ..။ မရှိသေးဘူးဆိုရင်တော့ ဒေါင်းလော့ချထားကြပါ..။
ပိဋက သုံးပုံကိုတော့ ဇစ်ဖိုင်ပြုလုပ်ပြီးတော့ တင်ပေးထားပါတယ်.။ ရှာရဖွေရတာ မလွယ်ကူမှာ စိုးလို့ပါ..။ လယ်
တီ ဒီပနီကျမ်းများစွာကိုတော့.။ ဖိုင်ဖြေပြီးတော့ တင်ပေးထားပါတယ်..။ တစ်ကယ်လို့ ဇစ်ဖိုင်နဲ့ တစ်ခါတည်း
ဒေါင်းလော့ချချင်တယ်ဆိုရင်လည်း ပြန်လည်ပြီးတော့ တင်ပေးပါ့မယ်..။ ဒီစာအုပ်တွေဟာ ဖတ်ရင်ဖတ်သလို
လူယဉ်ကျေး လူလိမ္မာလေးတွေ ဖြစ်လာမှာကတော့ မလွဲပါဘူး..။ ဒါတွေဟာ ဗုဒ္ဓရဲ့ တရားတော်တွေကို ခုလူ
နောင်လူတို့ သိမှတ်လွယ်ကူအောင် မြန်မာလို ရေးသားထားတဲ့ မြန်မာပြန်စာအုပ်များပါ..။ အပြင်မှာဝယ်မယ်ဆို
တော်ရုံငွေလောက်နဲ့ မလွယ်ကူပါဘူးဗျာ..။ စာအုပ်ထုတ်ဝေပေးကြတဲ့ ဆရာတော်သံဃာတော်မြတ်အပေါင်းကို
လည်း ကျေးဇူးအထူးတင်ပါတယ်..။ အထူးသဖြင့်တော့ လယ်တီဆရာတော် ဘဒ္ဒန္တ အရှင်ကေလာသ (အဂ္ဂမဟာပဏ္ဍိတ) (ဖောင်းပြင်ဆရာတော်) နှင့် တပည့်များကို အထူးဘဲကျေးဇူးတင်ရှိပါတယ်..။ ပိဋကသုံးပုံကို စီရင်ခဲ့ကြသော ဆရာတော်များကိုလည်း အထူးဘဲ ကျေးဇူးတင်ရှိပါတယ်ဘုရား.။ ဒီပနီကျမ်းများကို ပြုစုရေးသား
တော်မူသော ပထမလယ်တီဆရာတော်ကြီးအားလည်း ဦးညွတ်ရင်းဖြင့်..မိုးကောင်းကင် ဓါတ်ပုံများနှင့် ဝေဆာ
သွားအောင် အောက်မှာ ဖော်ပြပေးထားပါတယ်.. လှမ်းရှိုးကြည့်ပါဦး...


















Sunday, May 19, 2013

VZO Chat လို့ခေါ်တဲ့ အင်တာနက်ဗွီဒီယိုကော ဖုန်းလေး....

Android သမားတွေအတွက် သတင်းကောင်းလေးပါ ။ VZO Chat ကို Android ဖုန်းအတွက် ထွက်ရှိလို့လာပါပြီ ။ ဖုန်းကနေ PC သို့ ။ PC ကနေ ဖုန်းသို့ လှန်းပြီး Video Call ချက်နိုင်ပါပြီ ။ တကယ်တော့ VZO Chat ဆော့ဝဲ ဆိုတာ မြန်မာ Developer တွေ ရေးထားတဲ့ Program တစ်ခုပါ ။ ယခုအခါမှာ Android ဖုန်းအတွက်လဲ မြန်မာ Developer များ ထွက်ရှိပေးလို့ လာပါပြီ ။ VZO Chat ဆော့ဝဲကိုလဲ Conferendo Video Chat ဆိုပြီးနာမည်   ပြောင်းလိုက်ပါပြီ ။ သင့် PC မှာရှိတဲ့ VZO ဆော့ဝဲကို အပ်ဒိတ်လုပ်လိုက်ပါ ။ www.vzochat.com ကိုလဲ www.t3.conferen.do/en/ သို့ အမည်ပြောင်းလိုက်ပါပြီ ။ သင့်လက်ရှိ VZO အကောင့်ကို ထည့်ပြီး အသုံးပြုနိုင်ပါပြီ """" မူရင်းဆိုက်ရဲ့ အပေါ်နားမှာ နိုင်ငံအလံတွေပြထားပါတယ် နှိပ်လိုက်ပြီး ကြိုက်တဲ့နိုင်ငံ အလံကိုရွေးလိုက်ပါ ဆိုက်ကို Language ပြောင်းပြီးဖတ်ရှု လေ့လာနိုင်ပါတယ် ။ မြန်မာအလံကိုနှိက်လိုက်ရင် မြန်မာဘာသာနဲ့လေ့လာနိုင်ပါတယ် တိုက်ရိုက်သွားချင်ရင်တော့ ဒီမှာနှိပ်ပါ http://t3.conferen.do/my/ VZO ဆော့ဝဲကို လိုချင်သူများ အောက်မှာဒေါင်းယူပါ ။








PC အတွက် VZO ဆော့ဝဲကိုတော့ ဒီမှာနှိပ်၍ သွားရောက်ဒေါင်းယူပါ ။
Android အတွက် VZO ဆော့ဝဲကို ဒီမှာနှိပ်၍ Play Store သို့ သွားရောက်ဒေါင်းယူပါ ။
Play Store ဝင်မရသော သူများကတော့ ဒီမှာနှိပ်၍ ဒေါင်းယူပါ ။

website နှင့် VZOchat application တို့ကို မွမ်းမံပြင်ဆင်ကာ နောက်ဆုံးပေါ် version အနေဖြင့် ဂုဏ်ယူ ၀မ်းမြောက်စွာ တင်ဆက်ပေးလိုက်ပါပြီ။ ယခုအချိန်မှစပြီး ၀န်ဆောင်မှုကို မြန်မာဘာသာဖြင့် မြင်တွေ့နိုင်ပါ ပြီ။
အမှားအယွင်း တစ်စုံတစ်ရာ တွေ့ရှိပါလျှင် ကျွန်ုပ်တို့အားလွတ်လပ်စွာဆက်သွယ်ပြောဆို ပြင်ဆင် ပေးနိုင်ပါ တယ်ခင်ဗျား။ ကျေးဇူးတင်ပါ တယ် ခင်ဗျား။
ဒါလေးကို http://freemobilesharing.blogspot.com ဒီလင့်က ကူးလာတယ်..။
ဖုန်းဆော့ဝဲများ ဒေါင်းရန် ဒါလေးကတော့ ကိုယ်တိုင်တင်ထားတာလေးပေါ့..။




{ လေးစားစွာဖြင့်၊ VZOchat အသင်း }
www.vzochat.com
www.conferendo.com
www.facebook.com/conferendo