ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Friday, May 24, 2013

google က ဘာသာပြန်ပေးမယ့် Translate အခမဲ့ပေးတာတွေကလည်း မနည်းပါလားဗျာ...

ဟုတ်ကဲ့ဗျာ ခုမှ မြင်မိတာလေးတစ်ခုကို ပြောပြချင်လို့ပါ သူများတွေတော့ သိပြီးသားဖြစ်နေမှာပါ..။ကျုပ်တော့ ခု
မှတွေ့လို့ အသစ်ထင်နေမိတာလေးပါ..။ Translate ဆိုတာလေးက နိုင်ငံပေါင်း 70 က ဘာသာစကားတွေကို
ပြန်ပေးနိုင်ပါတယ်ဗျာ။ ခုလောလောဆယ်မှာ မြန်မာစာတော့ မပါသေးပါဘူး..။ အင်္ဂလိပ်လိုရေးပြီးတော့ အသံ
ဘာသာပြန်ခိုင်းတာ အဆင်ပြေတယ်ဗျာ.။ကိုမှ တရုတ်စာမတတ်တာ အဲတော့ တရုတ်စာတို့ ဂျပန်စာတို့လိုက်ပြန်
ခိုင်းတာဘဲ ဘယ်ဘာသာမှ နားမလည်ဘူး..။ ဒါလေးပြောချင်လို့ ရေးလိုက်တာပါ.။ နောက်ပြီး ခုနောက်ပိုင်းမှာ စာအုပ်တွေလည်း ရှာရဖွေရလွယ်ကူအောင် လုပ်ပေးထားတာတွေတွေ့ရတယ်ဗျာ..။ ပုံလေးနဲ့ ပြထားပါတယ် လှမ်းရှိုးကြည့်ပါ..။ Wallet Shoping Finance စသဖြင့် များစွာ ပြုလုပ်ပေးထားတာတွေ့ရတယ်ဗျာ..။ Wallet ဆို
တာ နောက်ပိုင်းအတော် ခေတ်စားလာမယ်ထင်တယ်ဗျာ..ငွေပေးချေမှု ပြုလုပ်နိုင်တယ်ဆို ဖတ်လိုက်ရတယ်..။
အဲဒါဆိုတော့ ဂျီမေးတစ်ခုရှိရုံနဲ့အတော့်ကို အဆင်ပြေလာပြီပေါ့ဗျာ.. လူရာဝင်တယ်နော် နိုင်ငံခြားကတွေ လိပ်စာ
တောင်းရင်ဘဲဖြစ်ဖြစ် အများကြီးပေါ့ဗျာ..။ ကိုယ်လည်း လေ့လာရဦးမှာ လျှင်မြန်စွာ လေ့လာနိုင်အောင်လို့ တင်
လိုက်တာ..။ ခုကောင်လေးဟာ မြန်မာသာ ပါလာရင် ဘာ Dictionary မှ မလိုတော့ဘူးလေ..။ ဟုတ်တယ်နော်
ရှယ်ပါဘဲဗျာ..။ကျေးဇူးပါ..ဂူးဂယ်ရေ....


ဘာသာပြန်လိုရင်တော့ ဒီ Translate ကိုနှိပ်ပြီး မြားပြထားတဲ့နေရာမှာ ကိုယ်ရေးမယ့် ဘာသာ ဘာသာပြန်မယ့်
ဘာသာစကား အဲဒါလေးတွေ ရွေးပေးပါ.. ဇယားကွက်ထဲမှာတော့ ကိုယ်ဘာသာပြန်စေချင်တဲ့ စကားလုံးတွေကို
ရေးပေါ့ဗျာ...ဆောင်းပုံလေးနဲ့ကတော့ ကိုယ်ရေးလိုက်တဲ့ စကားလုံးကို အသံထွက်ပေးတာပါ...။ တရုတ်ဘက်က
ဆောင်းကို နှိပ်ရင် တရုတ်စကားလုံးထွက်မယ်...နှိပ်ကြည့်..
 ဒီပုံကတော့ ကျုပ်စာအုပ် ရှာစမ်းကြည့်တာ Books ကိုနှိပ်ပြီး ရချင်တာလေးတွေ ရှာကြည့်ပေါ့...
 ကဲဒီပုံလေးက ဒီစာလေးရေးနေတုန်း စမ်းနှိပ်ကြည့်တာလေ..။ Wallet အကြောင်းကို Mobile Guide ဂျာနယ်မှာ
ပြည့်ပြည့်စုံစုံလေး ဖော်ပြထားတယ် 20 ရက်နေ့က ထွက်တဲ့ ဂျာနယ်မှာ အဲဒါဒေါင်းပြီးကြည့်ပါ..။

ကဲဗျာ အားလုံးဘဲ ကလိနိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့် အတော့်ကို ပြည့်စုံလာတော့မယ်နော်..ကျုပ်လုပ်နေ
တာတွေက ပါမွှားပါ သူများက ကမ္ဘာနဲ့ ရင်ဘောင်တန်းနေတာဆိုတော့ ကျုပ်ကတော့ ကမြင်းနီလောက်ဖြစ်သွား
တာပေါ့..။ ဘာပဲပြောပြော google ကိုတော့ အထူးကျေးဇူးတင်ပါတယ်ဗျာ..သူတို့ရဲ့ စေတနာက တစ်ကယ့်စေတနာဗျာ အခမဲ့ပေးထားတာတွေကို နည်းနည်းနောနော မဟုတ်ဘူးလေ..အများကြီးဘဲ လူတွေ
အကျိုးရှိတဲ့ လုပ်ငန်းတွေချည်းပါဘဲဗျာ....အဲဒီအတွက် အထူးဘဲ ကျေးဇူးတင်ပါတယ်လို့........





0 အားပေးစကားပြောကြားကြပါ:

Post a Comment