ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, May 22, 2013

ကောင်းမကောင်း ရောပြွန်းတဲ့ မိုဘိုင်းကလိဝဲလေးများ

ကဲဗျာ ကောင်းတာတွေ ပါသလို မကောင်းမကန်းလေးတွေလည်း ဖြစ်ချင်ဖြစ်နေမှာပါ..။ ရထားတာလေးကို တင်
ပေးတာပါ..။ မရှိမဖြစ်ရယ်လို့တော့မဟုတ်ပါဘူး.။ ကလိရတာ ၀ါသနာပါနေတဲ့သူများအတွက်ပေါ့.။ ကိုယ်လည်း
စာအုပ်တွေ တင်ပြီးတော့ ဘာတင်ပေးရမှန်းတောင် မသိတော့ပါဘူးဗျာ..။ သိပ်ကြီးအသုံးမလိုတာတွေကို အပင်
ပန်းခံပြီး မဆွဲပါနဲ့.။ ကိုယ့်အတွက် တစ်ကယ်လိုအပ်မှသာဆွဲကြပါ .။ သို့မဟုတ်လျှင် ကွန်ပျူတာထဲမှာ သိမ်းထား
ရတာဘဲ ရှိတာပါ..။ ဘာမှလည်း ကိုယ့်အတွက် သုံးမရဘူးလေ..။ ဟုတ်တယ်.ဗိုင်းရပ်သတ်တဲ့ဆော့ဝဲဘဲဖြစ်ဖြစ်
ကိုယ် သဘောအကျဆုံး နှစ်ခုလောက်ကို ရွေးထားပါ..။ အဲဒါလေးဘဲ သုံးပေါ့ အဆင်မပြေရင် တစ်ခုပြောင်းပေါ့.
အဲဒါမျိုးဘဲကောင်းတယ်.။ နောက်တစ်ခုက ကွန်ပျူတာကို ပြုပြင်တဲ့ဆော့ဝဲတွေပါ အမျိုးမျိုးထွက်နေတယ်.။အဲဒါ


ကိုလည်း ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် ဆော့ဝဲ နှစ်မျိုး သုံးမျိုးလောက်တော့ ဆောင်ထားပါ.။ အကြိုက်
ဆုံး တစ်ခုနှစ်ခုလောက်ဘဲ သုံးပေါ့..။ ဘာလုပ်မှာကြီးလည်းဗျာ.။ ကွန်ပျူတာကို မြန်အောင်လုပ်တာတွေကို ကျုပ်
အနေနဲ့ သိပ်မသုံးစေချင်ဘူးဗျ.။ ဘာလို့လည်းဆိုတော့ ကွန်ပျူတာ သက်တမ်းမကြာဘဲ ပျက်စီးသွားကုန်မယ်.။
ဥပမာရိုင်းရိုင်းပြောရရင် ပိန်နေတဲ့ ဖိုးသမားတစ်ယောက်ကို ဖိုးကြွေးပြီး ဆန်အိတ်နှစ်အိတ်လုံးဆင့်လောက် ထမ်း
ခိုင်းသလိုဘဲ ဖိုးရဲ့အရှိန်ကြောင့် ထမ်းနိုင်ပေမယ့် ခန္ဓာကိုယ်အတွက်တော့ အတော့်ကို အထိနာမှာပါ..။ အဲလိုမျိုး
ပါဘဲ..။ နောက်တစ်ခု ကျုပ်စမ်းသုံးကြည့်ဖူးပါတယ်.။ မြန်တယ်ဆိုလို့ လျောက်ထည့်တာ ပိုတောင်လေးနေသေး
တယ်..။ အဲဒါမျိုးတွေ မဖြစ်စေချင်လို့ ကြိုတင်ပြောထားတာပါ..ကိုယ့်လို ဒုက္ခရောက်မှာစိုးလို့ပါ..။ အလုံး နည်းပညာ ဗဟုသုတနှင့် ပြည့်စုံကြပါစေ...



0 အားပေးစကားပြောကြားကြပါ:

Post a Comment