ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, May 1, 2013

နေပူတာကို မိုးရွာအောင် ပြုလုပ်နိုင်တဲ့ ဆော့ဝဲရှိရင် ပေးကြပါ..ဗျာ...

တစ်ကမ္ဘာလုံးမှာ ရောက်နေတဲ့ မြန်မာပညာရှင်များနှင့်တစ်ကွ နိုင်ငံတစ်ကာ ပညာရှင်များခင်ဗျာ ခုခေတ်မှာ အတော်များများက မဖြစ်နိုင်ဘူးလို့ထင်ထားတဲ့ အရာတွေဟာတစ်ကယ်ဖြစ်လာတာတွေ ကို မြင်တွေ့လာနေရပါတယ်.။ ကမ္ဘာတစ်ခုလုံးတုန်လှုပ်ချောက်ခြားစေတဲ့ နျူကလီယားလက်နက် တို့ကိုလည်း တီထွင်နိုင်ပြီ လူရဲ့အသားနှင့် လူတစ်ယောက်ဖြစ်လာအောင် လုပ်တဲ့နည်းတွေလည်း လုပ်နိုင်ခဲ့ပြီ မိုးရွာနိုင်တယ် မရွာနိုင်ဘူးဆိုပြီး သိနိုင်တဲ့ ရာသီဥတု အခြေအနေတွေကိုလည်း
သိနိုင်လေပြီ ဟိုဘက်ကမ္ဘာခြမ်းမှ လူတစ်ယောက်ကို ဒီဘက်ခြမ်းက လူတစ်ယောက်နှင့် ဖုန်းပြောခြင်း ဗွီဒီယိုနှင့် တစ်ယောက်နှင့် တစ်ယောက်ကြည့်ကာ ပြောဆိုနိုင်ခြင်း စသည်တို့ကို ပြုလုပ် 

လာနိုင်တာဟာ ရှေးအခါကတော့ မဖြစ်နိုင်ဘူးလို့ ယူဆထားတဲ့အရာတွေပါ သို့သော် ဒီခေတ်မှာ ဖြစ်ပေါ်နေပါပြီ.. ဒါကြောင့် ကျုပ်အတွေးထဲမှာ ဒီလို နေအရမ်းပူတဲ့နေရာတွေမှာ မိုးရွာအောင် ပြုလုပ်နိုင်တဲ့ဆော့ဝဲတွေ ဘာတွေဆိုတာလည်း ရှိနိုင်ပါတယ်.ဖြစ်နိုင်ပါတယ်.။
နွေရာသီကာလမှာ ဒီမန္တလေးမြို့နှင့် အခြားသော မြို့များမှ လူကြီးများဟာ နေပူဒဏ်ကြောင့် သေဆုံး ရသူတွေ မနည်းပါဘူး..ဒါကြောင့် ဒီလိုဆော့ဝဲမျိုးများ ရှိရင်အတော်ကောင်းမှာဘဲနော် ရှိလေမလားလို့ တောင်ခံခြင်းဖြစ်ပါတယ်..။ နေပူဒဏ်ကြောင့် လယ်ယာသီနှံတွေ ပျက်စီးခဲ့တယ် အထွက်နှုန်းတွေ ကျဆင်းခဲ့တယ် အဲဒီအခါမှာ ဒီလိုမိုးရွာစေနိုင်တဲ့ ဆော့ဝဲသာရှိလျှင် ဒီလိုဖြစ်လာစရာ အကြောင်းမရှိပါဘူး...ဒါကြောင့် မြန်မာ့နည်းပညာရှင်တွေကို အားကိုမိတာပါ..။ မမြင်နိုင်တဲ့ အင်တာနက်လိုင်းတွေကိုတောင် စပိမြင့်ခြင်း စတာစတာတွေကို လုပ်နိုင်သေးတယ်ဆိုရင် မြင်နိုင်တဲ့   နေပူတာကို မိုးရွာအောင် မိုးတိမ်တွေနဲ့  ဖုံးသွားအောင်ကော မပြုလုပ်နိုင်ဘူးလား ပြုလုပ်နိုင်မယ် ဆိုရင်တော့ ပိုပြီးတော့ အကျိုးကျေးဇူးများပါတယ်နော်..ဒီလိုမျိုးဆော့ဝဲကို နိုင်ငံတော်လူကြီးတွေ အနေနဲ့ရော လွတ်တော်ကလူကြီးတွေပါ ကြိုးစားပြီး တီထွင်ခိုင်းပေးပါလားဗျာ..။
မီးမလာလေမလာနဲ့ဆိုတော့ နေရထိုင်ရတာမလွယ်ဘူးဗျာ...ဒီလိုနည်းပညာကို ရင်းနှီးမြုပ်နှံပြီးတော့ တီထွင်ပေးရင်တော့ အတော်ကောင်းမှာဘဲနော်...
အားလုံး နေပူနေတာကို မိုးရွာအောင် ပြုလုပ်နိုင်တဲ့ဆော့ဝဲ ပေါ်လာမယ့်နေ့ကို မျှော်လင့်ရင်းဖြင့်.......... ( မိုးကောင်းကင် အညာသား )

0 အားပေးစကားပြောကြားကြပါ:

Post a Comment