ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Saturday, May 4, 2013

Samsung Glaxy MINI 2 GT-S6500D ကို Root လုပ်နည်း

GT-S6500 အတွက်ပါ ။ GT-S6500D အတွက်မဟုတ်ပါ ။ ဂရုစိုက်စေချင်ပါသည် ။ ကျွန်တော် ကိုယ်တိုင်မှားခဲ့ပြီး တိုင်ပတ်ခဲ့ပြီးမို့ပါ ။ အခုတင်တဲ့နည်းက GT-S 6500 အတွက်ပါ ။ ထုံးစံအတိုင်း လိုအပ်ချက်လေးတွေအရင်စုပါမယ် ။ပထမဆုံးနဲ့ အရေးအကြီးဆုံးလိုအပ်ချက်က သင့်မှာ Samsung Galaxy Mini2 ရှိရပါမည် ။ နောက်ထပ်လိုအပ်ချက်က ကွန်ပြူတာတလုံး ။ ထို့နောက် ဖုန်းနှင့်ဆက်သွယ် ရန် USB Cable ။ ထို့နောက် သင်၏ဖုန်းအား ကွန်ပြူတာမှသိစေရန် ကွန်ပြူတာတွင် Driver software ရှိနေရပါမည် ။ ကဲ . . . ဒါတွေရှိရဲ့လား ။ မရှိရင်တော့ ကိုယ့်ဟာကိုယ်သာ ရှာပြီးစုလိုက်ပါ ။း)) ကျွန်တော်က ဒုတိယပိုင်းကနေ စပြောပါမယ် ။ ဒေါင်းလုပ်ကနေပဲ စကြတာပေါ့ ။ အောက်မှာပေးထားတဲ့ ဖိုင်ကိုအရင်ဒေါင်းပါ...

ပထမဆုံး ဖုန်းကနေ USB Debuging ကို ဖွင့်ပေးရပါမယ် ။Setting >> Application >> Development  သွားလိုက်ပါ ။ USB Debuging တွေ့ပါမယ် ။ အမှန်ခြစ်ခဲ့လိုက်ပါ ။ ပြီးရင် ဖုန်းကို Shut Down ချပါမယ် ။ ပြီးတဲ့အခါ ဖုန်းရဲ့ Volume Down + Home + Power ခလုပ်သုံးခုကို စုံနှိပ်ပြီး Download Mode ထဲသို့ဝင်ပါမယ် ။ ပြီးရင် စောစောက ဒေါင်းထားတဲ့ Odin3 ကို Zip ဖြည်ပြီး Run လိုက်ပါ ။ Odin3 ဖွင့်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပြူတာနဲ့ကို USB Cable သုံး၍ ဆက်သွယ်လိုက်ပါ ။
ဆက်လိုက်တာနဲ့  ( Computer က Phone Driver သာမှန်မယ်ဆိုရင် ) Odin3 မှာ ဖုန်းဆက်သွယ် လိုက်ကြောင်း ပြပါလိမ့်မယ် ။ ဘယ်ဘက်အပေါ်ထောင့်နားကအကွက်လေးမှာအ၀ါရောင်လေးဖြစ်နေပါမယ် ။ အဲ့လိုဖြစ်နေပြီဆိုရင် PDA ကို နှိပ်၍ စောစောက ဒေါင်းထားတဲ့ CWM 5.0.2.8.tar.md5 ဖိုင်ကိုရွေးလိုက် ပါ ။ ပြီးရင် Start ကိုနှိပ်၍ ခဏစောင့်နေပါ ။ ဖုန်းက Auto Reboot ကျသွားပါမယ် ဖုန်းပြန်တက်လာရင်   နောက်တစ်ခါ Shut Down ချပါ ။ပြီးရင် ဖုန်းရဲ့ Vol Up + Vol Down + Home + Power ခလုပ်လေးခုလုံးကို ငါးစက္ကန့်ခန့်စုံနှိပ်ထားပါ ။ ဖုန်းပြန်တက်လာရင် Clock Work Mod Recovery ထဲရောက်ပါမယ် ။ Recovery Mode ထဲရောက်ပြီဆိုရင် စောစောက ဒေါင်းထားတဲ့ Root Me ဖိုင်ထဲမှ
Runme.bat ဖိုင်ကို နှိပ်လိုက်ပါ ။ အမဲရောင် Box တစ်ခုပေါ်လာပါမယ် ။ သူ့ဟာသူ စာတမ်းတွေ အများကြီး အော်တိုတက်နေပါမယ် ။ စာတန်းတွေတက်နေတာကုန်ရင် ALL Done !! ဆိုပြီးပေါ်ပါလိမ့်မယ် ။ အကယ်၍ All Done !! မပေါ်ခဲ့ရင် Runme.bat ကို နောက်တစ်ခါပြန်နှိပ်ပါ ။ Alldone ပေါ်လာပြီဆို ရင်တော့ ဖုန်းကို Reboot ချပါမယ် ။ Recovery Mode ထဲမှာ Reboot System Now ဆိုတာလေးတွေ့ပါမယ် ။ အဲ့ဒါကို ဖုန်းရဲ့ Home Key နဲ့ရွေးပြီး ဖုန်းကို Reboot ချလိုက်ပါ ။ ဖုန်းပြန်တက်လာရင် အ၀ါရောင် တြိဂံ Sign လေးပေါ်နေတတ်ပါတယ် ။ နောက်ပြီး ဖုန်းမော်ဒယ်က 7500
ဖြစ်နေတတ်ပါတယ် ။ ပြဿနာမရှိပါဘူး ။ ဖုန်းပွင့်လာပြီဆိုရင်တော့ Super User ဆိုတဲ့ပင်လယ်ဓါးပြ စက်ရုပ်အစိမ်း Icon လေးကို သင့်ဖုန်းမှာ မြင်နိုင်ပါပြီ ။ Root လုပ်ခြင်း ပြီးဆုံးသွားပါပြီ ။း) အဆင်ပြေကြပါစေ ။
အဆင်မပြေရင် ahluueain@gmail.com မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။း)

Credit To=> http://ahluueain.blogspot.com 
အဆင်ပြေမပြေတော့ မသိဘူးနော်..
ရှာပေးပါဦးဆိုလို့ လိုက်ရှာတာ တွေ့လို့ ကူးလာတယ်....

0 အားပေးစကားပြောကြားကြပါ:

Post a Comment