ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Sunday, May 12, 2013

ကွန်ပျူတာ အရမ်းနှေးနေလား မိုးပျံမတတ် မြန်အောင်လုပ်နည်းလေး ပေးမယ်ဗျာ

ဟုတ်ပါတယ် ကွန်ပျူတာကိုအမြန်ဆုံးဖြစ်အောင် လုပ်နည်းလေးကို ကျုပ်ပြောပြချင်ပေမယ့် မပြောပြခဲ့မိဘူး
ကွန်ပျူတာ မြန်အောင် လုပ်ဖို့ရာအတွက် အချက်(12)ချက် ရှိပါတယ်..။ သင့်ကွန်ပျူတာဟာ အရမ်းနှေးနေ တယ် ဆိုရင်တော့ ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါ..။ အလွန်အင်မတန်မြန်တဲ့ကွန်ပျူတာလေး ဖြစ်လာ မှာပါ အဲဒီလိုမြန်ဖို့ဆိုရင် သင့်ကွန်ပျူတာကို အရင်ဆုံး မားသားဘုတ်ကို ပထမကြည့်ကြည့်ပါ.။



 (1) မားသားဘုတ်ဟာ 775 လို့ခေါ်တဲ့ G31 မားသားဘုတ်ဆိုရင် Core i 7 ကို Sport လုပ်တဲ့ GIGABYTE အမျိုးအစားကို ၀ယ်ပါ.။




(2) နံပါတ်နှစ်အနေနဲ့ကတော့ CPU ကိုကြည့်ပါ သင့်CPUဟာ P4 လား ဂျူရယ်ကိုး
လားပေါ့ အဲဒါတွေဆိုရင်တော့ အသစ်ထပ်ဝယ်ရပါလိမ့်မယ် Core i 7 အမျိုးအစားထဲမှ ဈေးအကြီးဆုံးကို
ဝယ်ယူပြီးတပ်ဆင်လိုက်ပါ.။ ဖြစ်နိုင်ရင် i 7 နှစ်လုံး တပ်လို့ရတဲ့ မားသားဘုတ်ရှိရင် အဲဒီဘုတ်ကို ၀ယ်ပါ.။
ဝယ်ပြီးတော့ i 7 နှစ်လုံး တပ်လိုက်ပါ..။

(3)  Ram ကိုကြည့်ပါ သင့် Ram ဟာ DDR 2 2GB ဆိုရင် အသစ်ထပ်ဝယ်လိုက်ပါ.. DDR 4 4GB ကို နှစ်
ချောင်းဝယ်ပြီး တပ်ဆင်လိုက်ပါ.။ လေးချောင်းတပ်လို့ ရတာရှိရင် လေးချောင်းဝယ်တပ်ပါ..။

(4) သင့်ကွန်ပျူတာဟာ မူရင်းပါလာတဲ့ Video ကဒ်ကို မသုံးပါနဲ့ Graphics ကဒ်ကို နောက်ဆုံးထွက် အမြင့်
ဆုံး ကဒ်ကို ၀ယ်စိုက်ပါ.။ မရလှ အဆုံး 2 GB လောက်တော့ စိုက်ပါ.။

(5) ဟဒ်ဒစ် လို့ခေါ်တဲ့ HDD ကိုကြည့်ပါ 250 လောက်ဖြစ်နေရင် 1TB လောက်ကို အနိမ့်ဆုံးထားပြီးတော့
ထည့်ပါ..။

(6) Power Supply ကြည့်ပါ 550 ၀ပ်လောက်လေးဆိုရင် ထပ်ပြီးတော့ ၀ယ်ပါ အနိမ့်ဆုံး 1000 ၀ပ်ကိုဝယ်
ပါ..။ 1500 ၀ပ် ရှိရင် 1500 ၀ပ်ကို တပ်ပါ..။

(7) မော်နီတာကို တစ်ချက်ကြည့်ပါ သင့်မော်နီတာဟာ 18 / 19 လက်မလောက်ဆိုရင် ထပ်ဝယ်ရပါလိမ့်
မယ် ဒီကောင်လောက်လေးနဲ့ သုံးမကောင်းပါဘူး..။ အနိမ့်ဆုံး 22 လက်မလောက်တော့ ၀ယ်ပါ ။ 25လက်မ အမျိုးအစားရှိရင် 25 လက်မကို ၀ယ်ပြီးတပ်လိုက်ပါ..။ နောက်ဆုံးထွက်နေတဲ့ အထဲက LED
အမျိုးအစားကို ၀ယ်ယူပါနော်...။

(8) UPS ကို ပြန်ကြည့်ပါ သင့် UPS 550 ၀ပ်အားလောက်ဘဲဆိုရင်တော့ ထပ်မြင့်ရပါမယ်..။ အနိမ့်ဆုံး
ဝပ် 1000 လောက်အိုးနှစ်လုံးနဲ့ UPS ကို ၀ယ်တပ်ပါ..။

(9) ကေဇင်လို့ ခေါ်တဲ့ ပုံးအခွန်ကို တစ်ချက်ကြည့်ပါ..။ နိမ့်နေရင် အသစ်ထပ်ဝယ်ပါ..။ အတွင်းမှာ စက်ကို
အေးစေတဲ့ ဖန်လို့ခေါ်တဲ့ ပန်ကာလေးတွေ ပါတဲ့ကောင်ပေါ့ MainBoard လို့ခေါ်တဲ့ မားသားဘုတ်နဲ့လည်း
အဆင်ပြေမယ့် တောင့်တင်းခိုင်မာတဲ့ ပုန်းအခွန်ကို ၀ယ်ပြီးတပ်ဆင်လိုက်ပါ..။

(10)  ကတော့ ကွန်ပျူတာ တစ်လုံးမှာ အဓိကလိုအပ်နေတာ ဘာရှိသေးလဲ ဘောက်တစ်လုံးတော့ ၀ယ်ရ
ပါဦးမယ် မ၀ယ်ရင် ဘာမှ အသံကြားရမှာ မဟုတ်ဘူး ။ အဲဒီတော့ မိုက်ခရိုလက် အမျိုးအစားထဲမှ 50000
တန်ရဲ့ အထက်အမျိုးအစားကို ၀ယ်ယူတပ်ဆင်လိုက်ပါ.။ သီးချင်းကြိုက်သူတွေ အတွက် အဆင်ပြေပါလိမ့်
မယ်...။

(11) ကီးဘုတ်ကို ကြည့်ပါ PS 2 ကီးဘုတ်အမျိုးအစားထဲမှ ကောင်းတာကို ရွေးဝယ်ပါ.။ အင်တာနက်ဆိုင်
က ကီးဘုတ်မျိုး လုံးဝလုံးဝ မ၀ယ်ပါနှင့် မိမိအကြိုက်ဆုံးဆိုတဲ့ ကီးဘုတ်အကောင်းစားလေးတော့ ၀ယ်တပ်
လိုက်ပါ..။ USB ထိုးလို့ ရတဲ့ ကီးဘုတ်အမျိုးအစားကို ၀ယ်တပ်လိုက်ပါ.။

(12) မောက်စ်လို့ ခေါ်တဲ့ ကောင်လေးကိုလည်း ကွန်ပျူတာစက်ကြီးကတော့ ကောင်းနေပါပြီ နှစ်ထောင်
သုံးထောင်လောက်တန်ကို မ၀ယ်ပါနှင့် အနိမ့်ဆုံး 1 သောင်းကျော်တန်ကို ၀ယ်ပါ..။ USB ထိုးလို့ ရတဲ့
မောက်အမျိုးအစားကို ၀ယ်ပါနော်..။.

မှတ်ချက် ။ ။ ကွန်ပျူတာ တွဲကြိုးများကတော့ ကွန်ပျူတာ ၀ယ်တိုင်း အပိုပေးသည်..

ကဲ ဒါဆိုရင် သင့်ကွန်ပျူတာဟာ အမြန်ဆုံး ဖြစ်လာမှာကတော့ မလွဲဧကန် အမှန်ပါဘဲဗျာ..။ ကျုပ်အနေနဲ့
ပြောချင်တာက နဂိုရှိမှ နဂိုင်းထွက်ဆိုသလိုပေါ့ဗျာ ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေက မကောင်းရင် ဘယ်လောက်ပင် မြန်အောင် လုပ်ခိုင်း လုပ်ခိုင်း မမြန်ပါဘူးဆိုတာပါဘဲ..။  ကိုယ့်ကွန်ပျူတာ  မြန်ချင်တယ်ဆိုရင်တော့ ကျုပ်ပြောတဲ့အတိုင်းသာ လုပ်ကြည့်ပါ..။ သင့်ကွန်ပျူတာဟာ အမြန်ဆုံး ဖြစ်လာမှာကတော့ ကျုပ်တောင် ပြောစရာ မလိုလောက်ပါဘူးနော်..အားလုံးဘဲ ကွန်ပျူတာ အမြန်ဆုံးနဲ့ ကော်နက်ရှင် အကောင်းဆုံး အင်တာနက်ကို သုံးနိုင်ကြပါစေလို့...
ဆုတောင်းရင်း...

မိုးကောင်းကင် ဖောင်းပြင် 13.5.2013 အမှတ်တရ...

0 အားပေးစကားပြောကြားကြပါ:

Post a Comment