ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Thursday, May 2, 2013

Microsoft Essential Security 10MB Virus သတ်ဖို့အတွက်ဆိုရင် ဒီကောင်လေး သဘောကျတယ်

۩۩۩۩ DOWNLOAD WINDOW.MICROSOFT.COM  ۩۩۩۩
 ကဲဗျာ Microsoft Essential Security ဆော့ဝဲလေးဟာ အတော်လေးကောင်းသတင်းတွေ ထွက်နေပါ
တယ်.။ ကိုယ်တိုင်သုံးစမ်းကြည့်တော့လည်း ကောင်းတယ်ကွယ့်.။ ဟိုအရင်ကတော့ Avira ကို သုံးခဲ့ပါတယ်
သို့သော်လည်း နာမည်လေးရလာတော့ ရောင်းတော့တာဘဲဗျာ.။ ခုနောက်ပိုင်းမှာ ဘာဆော့ဝဲများ အသုံးပြု
ရမလဲလို့ စဉ်းစားနေတာ ကိုယ့်ဘော်ဒါတွေကလည်း ဒီ Microsoft Security လေးတွေဘဲ သုံးနေကြတယ်
ဟိုတစ်လောကတော့ avast free antivirus ကိုသုံးပါတယ်။ နောက်ပိုင်းမှာလည်း Microsoft Security နဲ့
avast free antivirus နှစ်မျိုးသုံးဖို့ စိတ်ကူးထားပါတယ်.။ သူများစက်တွေလို Core i 3/ i 5 / i 7 တွေ မသုံးနိုင်တော့ အဲလိုလုပ်ရတော့မှာဘဲ.။ ကိုယ့်စက်က Core(TM) 2 Dou E7500 @2.93 GHz ဆိုတော့
ကိုးတူး ဂျူရယ်ဆိုတော့ ဒီခေတ်ထဲမှာတော့ နဲနဲနိမ့်သွားပြီပေါ့။ ဒီအမျိုးအစားတွေက ဈေးကွက်မှာ မရှိတော့
ဘူး.။ ဒါတွေထားပါ ကဲ ဗိုင်းရပ်စ်နဲ့ပါတ်သက်ရင် ဘာဆော့ဝဲ သုံးရမလဲ စဉ်းစားနေကြတဲ့ သူတွေအတွက်
စိတ်ကြိုက်ဖြစ်စေမယ့် ဆော့ဝဲလေးတစ်ခုပါနော် .......



ဒီဆော့ဝဲလေးဟာ Microsoft Essential Security ဆော့ဝဲကို မူရင်း Microsoft ကုမ္မဏီကိုယ်တိုင်က ထုတ်
တာဖြစ်တဲ့အတွက် အတော်လေးစိတ်ချရတဲ့ အခြေအနေမှာ ရှိပါတယ်.။ ကိုယ်သုံးနေတဲ့ Windowကလည်း
Microsoft ကဘဲ ထုတ်တာဆိုတော့ အချိုပေါ် သကာလောင်းသလိုပါဘဲ..။ ဒီဇိုင်းရော မြန်ဆန်မှုရောပါ..
အတော်လေးကောင်းပါတယ်.။ ဆော့ဝဲ အမြဲတမ်း Update ဖြစ်နေတာကို သုံးချင်ရင်တော့ သူ့မူရင်းဆိုက်
လေးမှာ ဒေါင်းလော့ချပါ. Window အတွက် 32 ရော 64 ရော နှစ်မျိုးလုံး ရှိပါတယ်.။ ကိုယ့် Window နဲ့
ကိုယ့်မယ့် ဆော့ဝဲကို ရွေးပြီးတော့ ဒေါင်းလော့ချလို့ရပါတယ်နော်..။ ကျုပ်ခုသုံးနေတဲ့ ဆော့ဝဲလေးတော့
တင်ပေးလိုက်တယ် ဒေါင်းလော့ချပြီး သုံးစမ်းလိုရင်တော့ အောက်မှာဒေါင်းလော့ချပါ.။ မူရင်းဆိုက်မှာ စိတ်ကြိုက် ဒေါင်းလော့ချမယ်ဆိုရင်လည်း မိတ်ဆွေ သဘောပါဘဲ တစ်ကယ်ကောင်းလို့ ပြောတာပါ.။
သဘောရှိသလို ဒေါင်းလော့ချပြီး သုံးစမ်းကြည့်ပါ.။

۩۩۩۩ DOWNLOD BOX.COM ۩۩۩۩

۩۩۩۩ DOWNLOAD WINDOW.MICROSOFT.COM  ۩۩۩۩


0 အားပေးစကားပြောကြားကြပါ:

Post a Comment