This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Saturday, November 30, 2013

Any Video Converter Ultimate v5.5.1 Keygen ( VIP )


ကဲ လာပြန်ပါပြီ နောက်တစ်ခု ဒါကတော့ ပြောရရင်တော့ ကိုယ်သိပ်မကြိုက်ဘူးဗျ။ Free ရတဲ့ Format Factory လောက် မနှစ်သက်တာတော့ အမှန်ပါ။ သို့သော်လည်း တစ်နေ့မှ တစ်ပို့စ်ဆိုတော့ နှစ်ပို့စ်လောက်
လေးဖြစ်နေတော့ မျက်စိထဲ ရွေးစရာလေးဖြစ်သွားတာပေါ့ဗျာ။ ဟုတ်ဘူးလား ကိုယ်တိုင်မထုတ်နိုင်ပေမယ့်
ဒို့က အကောင်းကတော့ အကြိုက်သားဘဲ။ ကောင့်ပေ့ ညွန့်ပေ့ဆိုတာကို Free နဲ့ ရမှကျေနပ်တဲ့ သူတွေ
ဆိုတော့ သိတဲ့အတိုင်းပါဘဲ။ ကဲ Free ဆိုပေမယ့် လိုင်းမကောင်းရင်တော့ဖြင့် ဘိုင်တော့ကုန်မှာပေါ့ဗျာ။ ကဲ
ဘာပဲဆိုဆို ကိုမိုးကောင်းကင်ကတော့ တင်လိုက်ပါပြီ။ File Size 30MB ထဲဆိုတော့ သိပ်မကြီးဘူးပေါ့ဗျာ။
ဒေါင်းထားချင်လည်း ဒေါင်းထားပေါ့။ လိုရမယ်ရပေါ့ ဟုတ်ဘူးလား။ ကိုယ်ကတော့ ရတတ်သမျှ ဒေါင်းတာ
ဘဲ ဒေါင်းလော့ချရတာကို ၀ါသနာပါနေလေရော့သလားတောင် အောင့်မေ့မိပါတယ်ဗျာ။ ကောင်းပါတယ်
ဒေါင်းဖို့ဆိုရင်ဖြင့် ဒေါင်းဖို့ ၀န်မလေးတဲ့ သူပေါ့....။ ကဲ မိုးယုရေ....ကိုယ် အိပ်တော့မယ်နော်...အိပ်ခါနီး ...နဲနဲ နာပူးလိုက်ရသေးတာ သူကဖြင့်....ကိုယ့်ကို ရှိတယ်လို့တောင် မထင်......ဒေါင်းလော့လင့်တွေက
အောက်ကလင့်ကပါဘဲ သူများတွေ မယူခင် ကိုယ်အရင်ယူထားရသေးတာ နောက်လမ်းပေါက်သွားရင်
ကိုယ်က လမ်းကြောင်းပြောင်းရမှာပေါ့ဗျာ....။ အဆင်ပြေပါစေနော်...မနက်ဖြန် ချဲပေါက်ရပါလို၏ဗျာ...။

Nero Burning ROM 2014 v15.0.03600 Crack (VIP)

ကဲ Nero Burning ROM 2014 လေးတွေ့လာလို့ ရှယ်လာတယ် ဖိုင်ဆိုက်ကတော့ 82 MB ထဲပါ။ ကိုယ်
လည်း တင်ရမှာ ပျင်းတာရယ် ကိုယ်တင်ထားတဲ့ဖိုင်တွေပါ ရောသမမွေပြီး ဖျက်ခံရမှာ ကြောက်တာမို့ သူများလင့်လေးနဲ့ လုပ်စားလိုက်တယ်လို့ ဆိုပါတော့ဗျာ။ ကဲ နီရိုနဲ့ ပတ်သက်လို့ကတော့ ကိုယ်က အင်္ဂလိပ်
သိပ်မပြောတတ်တော့ နဲရိုးဆိုပြီး အသံထွက်ပြောဖူးပါတယ်။ သင်တန်းက ဆရာက ကြောင်သွားတယ်ဗျ။
သူက နီရို (Nero) ဘဲ သိတာလေ ကိုယ်က နဲရိုးဆိုတော့ အတော်လေးစဉ်းစာပြီးမှာ သြော် ဟုတ်ပြီဟုတ်ပြီ
နဲ့ ဖြစ်သွားတာ။ မြန်မာလို အသံထွက်ကြတော့ဗျာ အတော်များများက အသံထွက်မတူတာတွေ များနေ တယ်။ ကိုယ်လည်း မှားမှာပါဘဲ ။ ကဲ ဒီကောင်လေးက ဘာသုံးတယ်ဆိုတာ ကွန်ပျူတာကို လေးငါးလသုံးဖူး သူတိုင်း သိမှာပါ။ ကဲ သိရင် ဒေါင်းထား သူများထက် အရင်သုံးဖူးတော့ အရင် ကောင်းမကောင်း သိ တာပေါ့။ နဲနဲတော့ လူရှိန်တာပေါ့ဗျာ။ သူများက Nero 8 ဆို ကိုယ်က Nero 2014 ဆိုတော့ ဟိတ် ဟန်ကောင်းတာပေါ့ ဟုတ်ဘူးလား..။ ကိုကြီးကတော့ ဒေါင်းပြီးပြီ ငါ့ညီတွေ ဒေါင်းဖို့ ကြော်ငြာပေးလိုက်တာ။ ကဲ သူ့ဆိုက်ကတော့ ကိုမိုးအကြိုက်တွေ များနေတယ်ဝေး...။ ငါ့ညီတို့လည်း ကြိုက်မှာပါ သွားဒေါင်း ချင်ဒေါင်းကြနော်...။ တစ်ကယ် ကောင်းတယ်ဗျ....။ မယုံရင် ပုံပြင်လို့သာ မှတ်....။
ကိုမိုးရဲ့ လင့်ကတော့ ဒီမှာပါ...DOWNLOAD DEV-HOST

Friday, November 29, 2013

Internet Download Manager 6.18 Build 8 Final + Full Patch

ကဲ နောက်ထွက်ကိုမှ နောက်ထွက် ကြိုက်သူများအတွက် တင်လိုက်ပြန်တယ်ဗျာ။ ဘာပဲဆိုဆို အသစ်ဆို အသစ်မှ ဖြစ်နေကြလေတော့ ကိုယ်လည်း ရတတ်သမျှလေး ကောက်တင်လိုက်တယ်ပေါ့ဗျာ။ အချောင်
ဘော ရှုးတယ်လို့ဘဲ ထားပါတော့။ သူများလိုက်ရှာထားတာလေး သူတို့ကလည်း ရစေချင် သုံးစေချင်တာ
ကိုးဗျ။ အဲတော့ သုံးစေချင်တာကို ကိုယ်တိုင်းလည်းသုံး ကိုယ်သုံးနေတာလေးကိုလည်း သူများကို သုံးစေ
တဲ့အတွက် တင်လိုက်တယ်ဘဲ ထားပါတော့ကွယ်..။ အသုံးပြုနည်းကတော့ မသိစရာ အကြောင်းမရှိလေပြီ။
ဒါကြောင့် ကြိုက်ရင်ဒေါင်း မကြိုက်ရင် တစ်ခြားဟာ ရှာဒေါင်းပေါ့။

Shweyoe Dictionary Version 3.0

ကဲ မောင်ရွှေရိုးလေး လာပါပြီဗျာ။ ပုသိမ်ထီးလေးနဲ့ ကတဲ့ကောင်တော့ မဟုတ်ဘူးဗျ။ ဒီကောင်းလေးကဖြင့်
Dictionary လေးပါ။ Eng<=> Myan / Rus<=> Myan / Kor<=> Myan / Thai<=> Myan Jap <=> Myan/  ဒီလောက်ဆို သိရောပေါ့ အင်္ဂလိပ်ကနေ မြန်မာဘာသာ ရုရှားစာကို မြန်မာလိုပြောင်း စသဖြင့် ၅ နိုင်ငံက ဘာသာစကားကို မြန်မာလို ပြောင်းပေးနိုင်တဲ့ Dictionary လေးပေါ့ဗျာ။ အတော့်ကို ကြိုးစား အားထုတ်ထားပုံပါဘဲ။ လိုအပ်နေတဲ့ စကားလုံးတွေကိုလည်း မိမိကိုတိုင် စိတ်တိုင်းကျ ထည့်သွင်း
အသုံးပြုနိုင်အောင်လည်း လုပ်ပေးထားတယ်လေ။ ပုံကို ကြည့်လိုက်တာနဲ့တင် ဒီကောင်းလေးကတော့ အတော်အသုံးဝင်မှာဘဲဆိုတာ သိမှာပါ။ ဒီဆော့ဖ်ဝဲကို ဖန်တီးသူကတော့ ဇော်မင်းစိုးလို့ သိရပါတယ်။ သူ့ရဲ့ အင်တာနက် လိပ်စာမထည့်သွင်းထားတဲ့အတွက် ဘယ်ကဆိုတာတော့ မသိပါဘူးဗျာ။ ကျုပ်အောက်မှာပုံ
လေးတွေ ထည့်သွင်းပေးထားပါတယ်။ ဆက်ကြည့်ချင်တဲ့ ဆန္ဒရှိရင်ပေါ့ဗျာ။ များသောအားဖြင့်ကတော့ ကျုပ်ဆိုက်ကို Readmore ကြည့်တဲ့သူကတော့ နဲလောက်ပါတယ်။ ဘာကြောင့်လည်းဆို ကျုပ်က သတိ ထား ကြည့်နေလို့ပါ။ သို့သော်လည်း ဖုန်းဆော့ဖ်ဝဲလေးနဲ့ ကြည့်ကြတဲ့ သူတွေကတော့ အကုန်လုံးကို မြင်
နိုင်ပါတယ်။ ကြည့်တဲ့သူ အရေအတွက်ကလည်း လက်ချိုးရေလို့ ရလောက်ပါတယ်။ ဘာကြောင့်ဆို ကျုပ်
ဆိုက်က နာမည်မှ မကြီးတာ နောက်ပြီး နဲနဲလေးတယ်လေ။ အဲဒါကြောင့်ပါ။ ဘာပဲဆိုဆို လာလည်ကြတဲ့
သူတွေကိုတော့ ကျေးဇူးတင်ပါတယ်နော်။










 ကဲ အားလုံးဘဲ အဆင်ပြေပါစေ...ကျုပ်လည်း ဒီတစ်ပတ် ချဲပေါက်ရပါလို၏ဗျာ..။
ချဲလည်း မပေါက်တာကို အတော်ကြာနေပါပြီး သုံးနှစ်လောက်တောင် ရှိတော့မယ်....သြော် ဘ၀ ဘ၀...
ခင်ဗျားတို့တော့ သိပ်မထိုးကြနဲ့နော်...ဂဏန်းကောင်းရရင်တော့ လက်တို့လိုက်ကြဦးဗျို့......
ဘယ်သူမှလည်း ရောက်လာမှာ မဟုတ်ဘူး...အောက်မှာရေးထည့်လိုက်တာကိုးဗျာ...ဖတ်မိတယ်ဆိုရင်
တော့ ကွန်မန့်လေး ပေးနိုင်ပါတယ်...
https://www.facebook.com/ohnthar ဒီဖေ့ဘုတ် Page လေး Liked မလုပ်ရသေးရင်လည်း အားပေး
သည့် အနေဖြင့် ညာဘက်ခြမ်းက facebook Like ဘောက်လေးမှာ Like လေး ကလစ်သွားပါဦး...




 

Baidu Root 3.4.01

BaiduRoot 3.4.01 လေးတင်ပေးလိုက်တယ်ဗျာ ။ ပို့စ်လေးတွေလည်း သိပ်မတင်နိုင်တော့ အားနာမိတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ဖြင့် ဖုန်းလေးလည်း အသက်ဝင်လာပါပြီ။ မနေ့က ဖုန်းက အ၀င်ကောသာ ရပြီး အထွက်ကော မရဘူးလေ။ ဘာကြောင့်လည်းဆိုတော့ ဖုန်းဘေက သုံးကျပ်တာ ရှိတဲ့အတွက်ကြောင့်ပေါ့။
ကဲဗျာ BaiduRoot  အကြောင်းလေး နဲနဲဆက်ရအောင် ဒီကောင်လေးကတော့ ကွန်ပျူတာအတွက်ပါဘဲ။ သူကတော့ တရုတ်ဆော့ဖ်ဝဲ တရုတ် Root ဆိုတော့ အင်္ဂလိပ်လို မဖြစ်နိုင်ဘူး သို့သော်လည်း အသုံးပြုလို့
အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အတော်များများသော နောက်ပေါ် ဖုန်းတွေကို Root ဖောက်ပေးနိုင်
တယ်လို့ ဆိုတာတဲ့အတွက်ကြောင့် တင်ပေးလိုက်တာပါ။ ကျုပ်အနေနဲ့ ရှေ့မှာတွေလည်း Root နဲ့ ပတ်သက်ပြီး တင်ပေးခဲ့တာတွေ ရှိပါတယ်။ တစ်ခုမရ တစ်ခုပြောင်းဖောက်ကြပေါ့ဗျာ။ ခုကဖုန်းခေတ်လို့
ဆိုရမလိုဖြစ်နေတော့ ဒါလေးတွေကလည်း လိုအပ်တာဘဲလေ။ သူများကို Root လုပ်ခိုင်းပြီး မြန်မာစာထည့်
ခိုင်းမယ်ဆို အနဲဆုံးတော့ 5000 လောက်တော့ ကုန်မှာပါဘဲ။ ခုနောက်ပိုင်းတော့ မြို့ပေါ်ကဆိုင်တွေက
တော့ Root ဖောက်ပြီး မြန်မာစာထည့်ပြီး ရောင်းလာကြတာများပါတယ်။ သို့သော်လည်း ကိုယ်တိုင်စမ်းလို
ရင်ဖြင့် ဒါလေးတွေဆောင်ထားပြီး စမ်းသပ်ပြုလုပ်နိုင်တာပေါ့ဗျာ...။ ကိုမိုး...

Wednesday, November 27, 2013

Google Play Newsstand တဲ့ဗျာ

Google Play Newsstand app က Google's Current နဲ့ Play Magazines တို့ကိုပေါင်းစပ်ပြီး ထွက်ရှိ လို့လာခဲ့ပါပြီ။ သတင်းအရင်းအမြစ်ပေါင်းမြောက်မြားစွာနဲ့ မဂ္ဂဇင်းပေါင်း မြောက်မြားစွာကို App တစ်ခု တည်းမှာ ဖတ်ရှုနိုင်မှာက အခြားသော Reader App များထက် သာလွန်တဲ့အချက်ဖြစ်ပါတယ်။ Breaking News များကို သိရှိနိုင်မှာဖြစ်သလို အသေးစိတ်ဆောင်းပါး များစွာကိုလည်း အသံ၊ ဗီဒီယိုဖိုင် များနဲ့တကွ နားဆင်ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ အများစုကို Free ရရှိနိုင်ပြီး အခကြေးငွေပေး၍ ဖတ်ရှုနိုင်သော HD မဂ္ဂဇင်းများစွာကိုလည်း Subscribe လုပ်ကာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါကတော့ TSJ ကရေးထားတာလေး
ပေါ့ဗျာ..။ ကဲ ကြိုက်လို့ ဒေါင်းချင်ရင်တော့ဖြင့် ဒေါင်းကြပေါ့ဗျာ...။ ကြည့်ကောင်းမှာပါ နောက်ဆုံးရ သတင်း
တွေကို အချိန်နဲ့ တစ်ပြေးညီ သိရတာပေါ့...။
Description
With Google Play Newsstand, discover more of the news and magazines you care about all in one app on your Android tablet or phone. Enjoy breaking news and in-depth articles featuring audio, video and more. From sports, business, cooking, entertainment, fashion and more - now get both free and paid news plus subscribe to vibrant full HD magazines, all in one place. With hundreds of premier publishers - it’s all there, easy to follow, read, and share. 



*Enjoy Read Now to find more of the articles you care about and discover new ones you will love.
*Explore categories like Arts & Photography, Business & Finance, Food & Drink and more and subscribe to topics tagged to the articles that interest you most.
*Go Offline with any news edition, topic or magazine without missing a page.  Bookmark news stories you don't have time to read for later.
*All in one - Google Play Newsstand is the new home for all your Google Currents subscriptions and Google Play Magazines. Now with one app and one tap, it’s never been easier to stay informed on the news of the day.

ဒီဆိုက်လေးကို Liked ပေးပါဦးနော်...https://www.facebook.com/ohnthar ပါ အားလုံးအဆင်ပြေပါစေ

Tuesday, November 26, 2013

နောက်ဆုံးရ အကောင်းဆုံး apk လေးများ Last update apk

ကဲနောက်ဆုံးရ apk လေးတွေ တင်ပေးလိုက်ပြန်ပြီဗျာ။ ဒီတစ်ခါတော့ နဲနဲပြောမယ်။ တစ်ခြားမထင်ပါနဲ့ apk အကြောင်းလေးတွေပေါ့ဗျာ။
(1) 4.0 MMSD Gapp Installer ကတော့ Android Version 4.0.4 အတွက်သာ အသုံးတည့်ပါမယ်။ သူ့မှာ အသုံးပြုနည်းပါတယ်နော်...Google Play Store နဲ့ Gmail Gtalk မပါတဲ့သူများအတွက်ပေါ့..။
(2) 9NaWim_1.1 ကိုးန၀င်းကတော့ ပုတီးစိပ်နည်းပါ။ မိုးမလင်း ကိုးန၀င်းတော့ မဟုတ်လောက်ပါဘူး..။
(3) com.mmas.samsungzawgyienabler ဒီကောင်လေးကတော့ ဆမ်းဆောင်းမှာ မြန်မာစာပေါ်ဖို့ပါ..။
(4) foutzerogappinstaller ကဲ ဒီကောင်လေးကတော့ မြန်မာစာ မမှန်တာတွေ မှန်ဖို့အတွက်ပေါ့ဗျာ..။
(5) GameHacker ဆိုတာကတော့ ဂိမ်းတွေ ဟက်ပြီးဆော့တဲ့ကောင်လေးဆိုဘဲ။ ငွေတွေဟက်လို့ရတယ်
      တဲ့ဗျာ။ ငွေရအောင်နဲနဲဆော့ပြီး ဟက်ရတယ်ဆိုဘဲ..ကဲ ဟက်စမ်းကြည့်ကြပေါ့..။
(6) GplayEX ဆိုတာကတော့ တင်ပေးဖူးပြီးသားပါ။ Google Play Store ၀င်မရသူများအတွက်ပေါ့..။
(7)  LayDic ဥပဒေ အဘိဓါန်တဲ့ဗျာ သုံးကြည့်တာ အထှာမနပ်တော့ သိပ်မသုံးတတ်ဘူးဗျ။




(8) MPT Net Setting v1.0 တဲ့ဗျာ။ GSM / WCDMA ဖုန်းများအတွက် အင်တာနက် Setting ကို သူ့ဟာသူ ချိန်းပေးမယ့် ကောင်လေးပါ။ မချိန်းတတ်သေးတဲ့ သူတွေအတွက် ကောင်းပါတယ်..နော်..။

(9) ROM.Toolbox.Pro.5.2.5 ကတော့ မသုံးဖူးဘူးဗျာ။ ဘယ်လို သုံးသလဲ မသိဘူး..သူများဆိုက်မှာ ဖတ်တုန်းကတော့ ကောင်းတာဘဲ ဆိုပြီး ဆွဲထားတာ မေ့သွားပြီ..။ ဟုတ်နေတာဘဲနော်...။

(10)  Symbols keyboard & text art Pro 2.7.0 ဒါလေးကတော့ ကီးဘုတ်လေးပါ။ သို့သော်သူက အရုပ်
လေးတွေနဲ့ ချက်တတ်တဲ့ သူတွေအတွက် အဆင်ပြေမယ့် ကောင်လေးပေါ့ဗျာ..။ ကဲ ဒီလောက်ပါဘဲ..။

ဗဟုသုတ​ရမယ့် စကားလုံးတွေတော့ ကိုယ်လည်း မပြောတတ်တော့ဘူး သြော်ဒါနဲ့ ဒီနေ့တော့ စတိပ်ဂျော့
ရဲ့ အတ္ထုပ္ပတ္တိဇာတ်ကားလေး ကြည့်ဖြစ်တယ်ဗျာ မြန်မာစာတန်းထိုး မဟုတ်တော့ နဲနဲတော့ အဆင်မပြေဘူး
များများအဆင်မပြေတာပါ။ ဘာပြောလို့ ပြောမှန်း မသိဘူးလေ..။ တစ်ကယ်ဆို ဗဟုသုတတွေ အတုံးလိုက်
အတစ်လိုက် ရရမှာ ခုတော့ မြန်မာလို စာတန်းထိုးမပါတော့ ရုပ်ကြည်လင်တာလေးကိုဘဲ ဖီးယူပြီး ကြည့်ရ
တော့တာပေါ့ဗျာ...။ ကဲ ဒါပါဘဲ တစ်ခြားဆိုက်တွေ လည်ရဦးမယ် မဟုတ်လား..စကား မများတော့ပါဘူး
ဒါလေးပါဘဲ အားလုံး အဆင်ပြေကြပါစေ....ကျုပ်လည်း ကျန်းမာလို့ ချမ်းသာက ထီ သိန်း 1500 ဆုကြီး
ပေါက်ပါရစေလားဗျာ......

Sunday, November 24, 2013

THE FAMILY (2013) 412MB


ဒီမိသားစု ဇာတ်ကားလေး ကြည့်ဖူးကြလား ထွက်တာမကြားသေးဘူးလေ။ ဒီဇာတ်ကားကတော့ဗျာ မိသားစု လေးယောက်စလုံးက စရိုက်ကတော့ ခပ်ကြမ်းကြမ်းပါဘဲ။ သီးခံစိတ် အားနဲတယ်လို့ ပြောရမယ်။ သို့သော်လည်း မြန်မာလူမျိုးတွေမှာ တစ်ခါတစ်လေတော့ ဒါမျိုးစိတ်လေးတွေ ဖြစ်သင့်ပါတယ်။ အတိုချုပ် 
ပြောရမယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့လည်း ကြည့်သင့်တဲ့ ဇာတ်ကားပေါ့။ ယောက်ျားလေးတွေ လည်း တစ်ကယ် ကြည့်သင့်ပါတယ်။ ဇာတ်ကားက အတော့်ကို ဆွဲဆောင်မှုရှိတယ်ဗျ။ သမီးလေးကလည်း အချောလေး ချောတယ်ဆိုပြီး သွားမစမိနဲ့ သူမကြိုက်လို့ကတော့ သွား သုံးဆယ့်နှစ်ချောင်း စလယ်တောင်း
နဲ့ ကောက်ဖို့ရာပြင်ဘဲ။ မြန်မာမိန်းကလေးတွေကို ကျုပ်အနေနဲ့ ဒါမျိုးလေးတွေ ဖြစ်စေချင်တယ် ဘာလို့
လည်းဆိုတော့ ယောကျာ်းတွေရဲ့ အနိုင်ကျင့်မှုကို မခံရအောင်ပေါ့ဗျာ။ ဒါကြောင့် ကြည့်သင့်တယ်လို့ ပြော
တာပေါ့။ မြန်မာမိန်းကလေး အတော်များများက ကြောက်တတ်တဲ့ ရောဂါရှိတယ်လေ။ ဒါကြောင့်ပါ။ Boy တွေ အတွက်ကတော့ ဘာကောင်းသလဲဆိုတော့ ကြည့်လို့ကောင်းတာပေါ့ဗျာ ဗဟုသုတကတော့ ယူတတ်ရင် ရမယ်ပေါ့။ ကဲဒါလေးပါဘဲ တစ်ကယ်ကြည့်ကောင်းပါတယ်။ အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။

ကဲ အားလုံးဘဲ အဆင်ပြေကြပါစေ....ကိုယ်လည်း သိပ်အလုပ်မလုပ်ချင်တာရယ် စိတ်မပါတာရယ်ကြောင့်
ပို့စ်တွေ မတင်ဖြစ်တာပါ။ လူလည်း နဲနဲ နေမကောင်းဘူး ခါးနာနေတာ...အထိုင်များတော့ ဖြစ်တာပေါ့ဗျာ
ဒါကြောင့် ငါ့ညီများလည်း အနေအထိုင် တတ်နိုင်သလောက် ဆင်ချင်ကြပါ။ 
အသက်ကိုဥာဏ်စောင့်
ဥစ္စာကို ကံစောင့်တယ်တဲ့ဗျာ...။

ကျုပ်တို့တစ်တွေဟာ ငယ်သေးတယ်ကွာဆိုပြီး သိပ်ကြီး အလုပ်မလုပ်သင့်ဘူး သူ့အတိုင်းအတာ တစ်ခုလောက်ဘဲ လုပ်သင့်တယ်။ အဲဒီလိုဘဲ မြင်ပါတယ်...
ကဲ အားလုံး ဘဲ မိမိတို့ရဲ့ လျှောက်လှမ်းရမယ့် ဘ၀ခရီးကြမ်းမှာ ဘ၀အမောတွေ တတ်နိုင်သမျှ ဖြေသာနိုင်
ကြပါစေ.....


Directed by: Luc Besson
Year: 2013 | Duration: 111 min
Genre: Action, Comedy, Crime
Starring: Robert De Niro, Michelle Pfeiffer, Dianna Agron
Countries: USA, France
Language: English
The Manzoni family, a notorious mafia clan, is relocated to Normandy, France under the witness protection program, where fitting in soon becomes challenging as their old habits die hard. 

Friday, November 22, 2013

Microsoft PC TuneUp Tools 2014 v8.1.003

Madcrosoft PC TuneUp Tools 2014 v8.1.003 လေးတွေ့လို့ တင်ပေးလိုက်တယ်။ သုံးကြည့်တာတော့ အဆင်ပြေပါတယ်။ Microsoft က ထုတ်ကုန်တစ်ခုပါဘဲ။ 2014 တဲ့ဗျာ ရောက်တောင်မရောက်သေးဘူး ကြိုတင် ထွက်ရှိနေကြလေပြီ။ လိုက်လေဝေးလေပါဆိုနေ..။ ကဲကျုပ်လည်း ခုတစ်လော Security နဲ့ပတ်သက်တာတွေ ဗိုင်းရပ်သတ်တာတွေနဲ့ ပနာရနေတယ်ဗျာ။ ကဲ ဒီကောင်လေးကတော့ သန့်ရှင်းရေးတွေ ကွန်ပျူတာရဲ့ လုပ်နိုင် တဲ့ Performance တွေကောင်းအောင် Privacy တွေ အဆင်ပြေအောင် စသဖြင့် လုပ်ဆောင်နိုင်တယ်ပေါ့ဗျာ။ File Size ကလည်း သေးငယ်တာမို့ သုံးလို့ အဆင်ပြေတယ်။ ဒေါင်းလို့လည်း အဆင်ပြေတယ်လေ။ ကဲ အကောင်းကြိုက်သူများ အကောင်းဆုံး ဆော့ဖ်ဝဲလေးတစ်ခုပေါ့ဗျာ။ မပြောဘဲနဲ့ ကောင်းမှန်းသိတယ်မဟုတ်လား
ကောင်းမှာပေါ့။ ကျုပ်တို့ သုံးစွဲနေတဲ့ Windows ကလည်း ဒီ Microsoft ကုမ္မဏီကဘဲ ထုတ်တာကိုးဗျ။ အေးဗျာ
ဒေါင်းရတာ အဆင်ပြေပါစေလို့....

ESET Smart Security 7 v7.0.302.26( 32 & 64 bit) full (VIP)

Smart Security လေးတွေ့လို့ ပို့စ်အဖြစ်တင်ပေးလိုက်ပါတယ်။ Virus သတ်တဲ့ဆော့ဖ်ဝဲပါဘဲဗျာ.။ file Size
144MB ဆိုတော့ တင်ရမှာ နဲနဲလန့်စရာကောင်းတာမို့ သူများလင့်လေးနဲ့ လုပ်စားလိုက်တယ်ပေါ့ဗျာ။ ရချင်
သပဆိုရင်ဖြင့် ဒေါင်းကြပေါ့။ ကျုပ်တော့ဖြင့် သုံးကို မသုံးဖူးပါဘူး။ Virus သတ်တာလည်း Microsoft က
ထုတ်လုပ်တဲ့ Microsoft Security Essentials လေးတော့ သုံးနေပါတယ်။ သူကတော့ ဘာကီးမှလည်းမလို
ပေါ့လည်းပေါ့တယ်လေ။ ခုကျုပ် Windows 8.1 ကြီး သုံးနေတာဆိုတော့ သူ့အလိုလို Auto ပါပြီးသားပေါ့။
အဲဒီတော့ သူနဲ့ တွဲဖက်သုံးတာကတော့ အင်ဒိုနီးရှားက ထုတ်တဲ့ Samrt ဆိုတဲ့ကောင်းလေးပါဘဲ ဒီနှစ်မျိုးဘဲ
လောလောဆယ် သုံးတယ်။ သူများတွေလို မဟုတ်ဘူးလေ တစ်ကိုယ်ရေ သုံးဆိုတော့ သိပ်မလိုပါဘူး။ ကဲ
ဗျာ။ ဒီကောင်လေးကလည်း ဆိုက်အတော်များများမှာ တင်ထားကြပါတယ်။ နာမည်လည်းကြီးတယ်။ မသုံး
ဖူးသေးလို့ စမ်းသုံးလိုရင်တော့ ယူကြပေါ့ ဒေါင်းကြပေါ့။ ကျုပ်လည်း ဒေါင်းရတာဝါသနာပါတာမို့ ဒေါင်းလို့
တော့ ပြီးပါပြီ။ ကီးရယ်လို့တော့ သီးသန့်မပါဘူးဗျာ။  ဘယ်လို Activator လုပ်ရမယ်ဆိုတာတော့ပါပါတယ်။
လုပ်ဆောင်နိုင်တာတွေတော့များတယ်။ နယ်ကလူတွေအတွက်တော့ အဆင်မပြေလောက်ဘူးနော်...။ ကဲ
ဒါပါဘဲ...အဆင်ပြေပါစေ...။

Wednesday, November 20, 2013

USB Disk Security 6.8.0.501

USB Disk Security 6.8.0.501 လေးပါ ပြန်ရှာလိုက်တာ မြန်မာဆိုက်လေးတစ်ခုမှာ တွေ့တယ်ဗျ။ ကဲ သူကတော့ USB Disk Security 6.9.0.501 လို့ ပြောထားတယ် ကျုပ်တင်စမ်းကြည့်တော့ Key မထည့်ခင်
မှာ 6.1 လို့ပြောတယ်။ Key လည့်ထည့်ပြီးရော v6.8.0.501 လို့ မြင်ရတယ်ဗျာ။ ဘာကွာသလဲဆိုတာတော့
အရင်ဆုံး ပုံလေးကြည့်လိုက်ပေါ့ဗျာ။ ကဲ သုံးစမ်းလိုရင် ဒေါင်းကြပါ ။ ဒီကောင်လေးကို install လိုက်ပါ။ install ပြီးရင် ဆော့ဖ်ဝဲလေးကို ပိတ်ပါ (ညာဘက်ခြမ်းအောက်ခြေမှာ ပေါ်နေပါလိမ့်မယ်။ Right Click>>
Exit နဲ့ တစ်ခါတည်း ပိတ်ထားပါဦး အတွင်းမှာ Crack ဆိုတဲ့ floder ထဲက USBGuard ကိုကော်ပီကူးပြီး
တော့ C:\Program Files (x86)\USB Disk Security မှာ ထည့်ပေးပါ ( သို့မဟုတ် Desktop ပေါ်က USB Disk Security အိုင်ကွန်ပေါ်မှာ Right Click>>Properties>> Open File location မှာ ကော်ပီကူး ထည့်ပြီး နှစ်ချက် ကလစ်ပေးပါ...။ နောက်ပြီးတော့ Text ဖိုင်လေးထဲက ကီးကို ထည့်ပေးပါ..ကဲ ဒါဆို သုံးလို့ ရပါပြီ။ ဒါနဲ့ ပတ်သက်ပြီး နဲနဲပြောချင်တယ်ဗျ ကျုပ်သင်္ကေတထားတာလေး တစ်ခုရှိတယ် ဒီဆော့ဖ်ဝဲ
ကို ဘယ်တုန်းက ဒေါင်းထားသလဲပေါ့ သူ့မှာ ရက်လနှစ်တွေပါတယ်။ ကျုပ်အဲဒါလေးကြည့်လိုက်တာ သူက
2011 ကတည်းကဗျာ။ အဲဒါလေးမရှင်းရင်တော့ ကျုပ်ပုံလေးတစ်ပုံနဲ့ ရှင်းပြထားတယ် ဘာမှတော့ မဟုတ်
ဘူး မသိသေးရင်တော့ ဒါလေးကလည်း ပညာတစ်မျိုးပါဘဲလေ..။ အောက်မှာ ကြည့်ပေးပါ..။



ကဲဗျာ ဒီပုံကြည့်လိုက်ရင်တော့ဖြင့် သဘောပေါက်ရောပေါ့နော်..ဒါကြောင့် ဘာမှ မဟုတ်ဘူးလို့ ပြေတာပေါ့
မသိရင်တော့ အခက်ကြီးပေါ့ဗျာ...သိတော့ အလွယ်လေး ဟုတ်ဘူးလား.. ကဲ လာလည်ကြတဲ့သူများကို
အားကိုးလိုက်ချင်တယ်။ ကျုပ်ကိုလည်း နဲနဲတော့ ကြော်ငြာပေးဦးနော် လက်တို့ပေးကြပါဦးလို့...မသိသေး
တဲ့သူတွေကို မရောက်ဖူးသေးတဲ့သူတွေကို လက်တို့ပေးပါဦးနော်....ohnthar.blogspot.com/
ကို ၀င်ကြည့်ပါ ကောင်းတယ် ဘာညာပေါ့ဗျာ အဲလိုလေး ကြော်ငြာပေးပါဦးနော်...



အားလုံးဘဲ အဆင်ပြေကြပါစေ.....


USB Disk Security 6.4.0.1 / USB Disk Security 6.3 Final

USB Disk Security 6.4.0.1 လေး တင်ပေးလိုက်ပါတယ်။ KeyGan ဖိုင်လေးလည်းပါတယ်နော်။ 6.3 ပါ ထည့်ပေးလိုက်ပါတယ်။ အတော်များများကတော့ အသုံးပြုကြပါတယ်။ ကျုပ်တော့ သိပ်မသုံးဖြစ်ပါဘူး။ ဒီနေ့
တော့ တင်စမ်းကြည့်လိုက်တယ်။ မဆိုးပါဘူး ကောင်းပါတယ်။ ဟိုအရင်က USB Disk Securityတစ်မျိုး တင်စမ်းကြည့်ဖူးတယ်ဗျ။ သူကတော့ စတစ်ခေါ် မင်မော်ရီကဒ်ထဲကို တိုက်ရိုက်မောင်းထည့်ပေးရတာမျိုး
ပါ Update မဖြစ်တော့လို့နဲ့ တူပါတယ် သုံးမရတော့ဘူးလေ။ သူ့ခေတ်နဲ့သူကတော့ ကောင်းခဲ့တာကိုးဗျ။
2010 / 2011 / 2012 က ဥစ္စာတွေဆိုတော့ သုံးမရတော့ဘူးပေါ့။ ကဲ ခုဟာကတော့ Update ရယ်လို့
တော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် သုံးကောင်းတုန်းပါဘဲ။ အဆင်ပြေသေးတယ်ပေါ့။ ကဲ နောက်ထပ် နှစ်ခု
ရလာပြန်ပြီဗျာ။ တင်ပြီးသားမို့ တင်လိုက်ပြီ။

Tuesday, November 19, 2013

Facebook ကို ပရိုတစ်ယောက်လို ကျွမ်းကျွမ်းကျင်ကျင်း သုံးတတ်လိုလျှင် ဒီစာအုပ်ဖတ်ပါ

ကဲ ကျုပ်လည်း Facebook ကို ပရိုတစ်ယောက်လို မသုံးတတ်သေးပါဘူး ထိန်းချုပ်မှုပိုင်းမှာတော့ လိုနေပါ
သေးတယ်ဗျာ။ ရထားတာတော့ တစ်ပတ်လောက်ရှိတော့မယ် သူများတွေ မေ့လောက်မှ ကောက်တင်
လိုက်တယ်လို့ဘဲ ဆိုပါတော့လေ။ ဒီစာအုပ်လေးကတော့ အင်တာနက်ပေါ်က နည်းပညာရေးသားသူတွေရဲ့
Facebook နဲ့ ပတ်သက်သမျှ မှတ်စုသဘောလို ပြုလုပ်ထားတဲ့ စာအုပ်လေးပါ။ သိပ်ကောင်းပါတယ်။ ကိုစိုင်းသူက ပြန်လည်စုစည်းတင်ဆက်ထားတာပေါ့ဗျာ။ facebook အကောင့်လော့ကျတာကို ပြန်ဆယ်တဲ့
နည်းလမ်းတွေ အကောင့်ဟက်ခံရတာကို ပြန်လည်ရယူနိုင်တဲ့ နည်းလမ်းတွေ Facebook Setting ဆိုင်ရာ
မှာ နားမလည်တာတွေကို နားလည်သဘောပေါက်အောင် ပုံနှင့်တစ်ကွ ရှင်းပြထားတာလေးတွေကို စုစည်း
ထားတာဆိုတော့ အတော်လေးကောင်းပါတယ်။ ကျုပ်တောင် ဒီစာအုပ်ဖတ်မှ ကိုယ်သုံးနေတဲ့ facebook
တောင် အားနဲချက်တွေ များနေပါလား လုံးခြုံရေးတွေ အရမ်းနဲနေပါလားလို့ တွေးမိတယ်။ ဒါကြောင့် တိုက်
ကြည့်ပြီးတော့ ပြင်သင့်တာလေးတွေလည်း လိုက်ပျင်လိုက်တယ်။ အစုံလင်ဆုံးရယ်တော့ မဟုတ်ပါဘူး ဒီစာ
အုပ်ကတော့ လုံခြုံရေးပိုင်းကို ဦးစားပေးပေါ့။ စုံသလားဆိုတော့လည်း အတော်လေးစုံတယ် facebook သုံး
သူတိုင်း မည်သူမဆို ဒီစာအုပ်လေးတော့ဖြင့် ဖတ်သင့်တယ်လို့ ယူဆတဲ့အတွက် တင်ပေးလိုက်တယ်။ ဒီလို
ပညာမျိုးတွေကတော့ စာအုပ်ထုတ်ရောင်းစားတဲ့ဥစ္စာမျိုးတွေလို မဟုတ်ဘူးဗျ။ ပိုကောင်းတာပေါ့ စာအုပ်
ထုတ်ရောင်းတာမျိုးက သိပ်မစုံလင့်ဘူး။ ဖတ်ကြည့်ရင် သိပါလိမ့်မယ်..။ 2MB ကျော်ကျော်လေးပါ..။

အကောင်းဆုံး အလန်းဆုံး စပါယ်ရှယ်အဖြစ်ဆုံး အများဆုံး Update အဖြစ်ဆုံး apk များ

ဆုံးတွေနဲ့ စဖွင့်လိုက်ပါပြီ။ ဒေါင်းချင်သူများ များများရတာကိုမှ နှစ်သက်သူများ အခြားသောဆိုက်တွေမှာ
ဒေါင်းလို့ရသမျှ ဒေါင်းထားတာလေးတွေကို ကိုယ်စိတ်နဲ့ အကြိုက်ဆုံးဖြစ်တာလေးတွေကို စုစည်းပြီး တင်ပေးလိုက်ပါတယ်ဗျာ။ မယုံရင်လည်း လှည့်ပတ်ရှာကြည့်ပါ ။ မြန်မာပြည်က နာမည်ကြီး နည်းပညာ Site တွေမှာ လိုက်ပတ်မွှေနောက်ထားတာလေးတွေကို အချိန်မနှောင်းခင် တင်ပေးလိုက်တာပါ။ နာမည်
တွေ ကြည့်လိုက်တာနဲ့ လေ့လာနေသူဆိုရင် ဒါဘာသုံးတာဆိုတာသိပါလိမ့်မယ်။ သို့မဟုတ် ပုံကြည့်ရင်
လည်း သိမှာပါ။ ဖုန်းသရဲလုပ်ဖို့လည်းပါပါတယ်။ လုပ်နည်းတော့ ကိုယ်တိုင်မလုပ်ဖူးတော့ မသိဘူး။ ကိုယ့်ဖုန်းနံပါတ်မပေါ်အောင် နောက်လို့ ရတယ်ဆိုဘဲကွာ စမ်းကြည့်ကြပေါ့။ ကျုပ်တော့ ဆော့ဝဲတွေလည်း
ပုံနေတော့ စမ်းကို သိပ်မစမ်းနိုင်ဘူးဗျာ။ ငွေရှာဆိုက်လေးတွေမှာလည်း သူ့အချိန်လေးနဲ့သူ ကလစ်ပေးရ
သေးတယ်လေ။ သူဌေးဖြစ်ဖို့ဆိုတာ အဝေးကြီးပါ ဒေါ်လာလေး တစ်ဒေါ်လာရဖို့ တစ်ပတ်လောက်လုပ်ရ
တယ်။ 1000 မှ တစ်ကျပ် 10000 မှတစ်ကျပ် အလို သတ်မှတ်ထားတာလား မသိဘူးဗျာ။ စမ်းသပ်ဆဲကာ
လဆိုတော့လည်း ဒီလိုပါဘဲ..။ အဓိကကတော့ ဘယ်လိုလုပ်လို့ရတယ်ဆိုတာလေး သဘောပေါက်အောင်
လုပ်နေတာပါ။ ငွေထုတ်ဖို့ဆိုတာကတော့ အဝေးကြီးပါ ...ကဲ ဒါလေးဒေါင်းသွားကြပါ လိုင်းကောင်းရင်တော့
မကြာပါဘူး။ 48 MB ထဲပါ နဲသလားနဲတယ် များသလားများတယ်ပေါ့။ တင်ရတာက ဒေါင်းတာထက် ခက်
တယ်ဆိုတာ တင်ဖူးသူတိုင်း သိမှာပါ...။ အဆင်ပြေပါစေ...။ facebook လော့ကျနေတာကို ပြန်ရအောင်
လုပ်နည်းကတော့ အောင်ကျော်မှာ ကြည့်ပါ ဆော့ဖ်ဝဲကတော့ ပါပြီးသားပါ။ Text + နှင့် Yuilop ကို အသုံး
ပြုရမှာပါ။  ခုလောလောဆယ်တော့ သူများပို့စ် မကူးချင်တာမို့ပါ..
DOWNLOAD SOLIDFILES.COM        OR        DOWNLOAD DROPBOX.COM

Monday, November 18, 2013

အလွယ်ကူဆုံး Bookmark ပြုလုပ်နည်း

ကဲ ဒါကတော့ ဘာရယ်မဟုတ်ဘူးဗျာ ရေးစရာမရှိလို့ ကောက်ရေးလိုက်တယ်။ ခုနောက်ပိုင်း Website တွေ
ကို Bookmark လုပ်ရတာ အရမ်းလွယ်ပါတယ်။ မိမိမသိတဲ့ဆိုက်ဘဲဖြစ်ဖြစ် သိတဲ့ဆိုက်ဘဲဖြစ်ဖြစ် Star ခေါ်
ပုံလေးကို နှိပ်လိုက်ရင် Bookmark လုပ်တာပါဘဲ။ ဒါ ဘာအကျိုးရှိသလဲလို့မေးရင်တော့ နောက်တစ်ခါ ဒီ website ကိုသွားလိုရင် သူ့ဆိုက်လိပ်စာကို တစ်လုံးနှစ်လုံး ရိုက်လိုက်တာနဲ့ လိပ်စာအကုန်လုံးဖော်ပြပေးပါ
တယ်။ အဒီကျေးဇူးရှိတာပါဘဲ။ ပထမဆုံး တစ်ခေါက်ကိုတော့ ပြည့်ပြည့်စုံစုံလေးရိုက်လိုက်ပါ။ Websit ကြီး
ပေါ်လာရင်တော့ Star ပုံလေးကို တစ်ချက်နှိပ်ပြီး Done ဆိုတာလေး အတည်ပြုပေးပါ။ ဒါနဲ့ ပတ်သက်ပြီး
တော့ Mobile ဖုန်းဆော့ဖ်ဝဲတွေ ခေတ်တစ်အားထနေတယ်။ အဲဒီမှာလည်းဘဲ ကိုယ်အကြိုက်ဆုံး ပို့စ်တွေ
ကို Star ပုံလေးကို တစ်ချက်နှိပ်ပေးထားရင် တစ်နည်းအမှတ်အသားပေးထားရင် ဒါ Bookmark လုပ်တာ
ဘဲဗျာ။ဒီပို့စ်ဟာ သတင်းအသစ်တွေ တက်လာပေမယ့် မပျက်တော့ဘူး Software ကို မဖြုတ်ထုတ်သမျှကာ
လပတ်လုံး ဒီသတင်းအချက်အလက်က မပျက်စီးတော့ဘူးပေါ့။ ကဲဒါဆို အကျိုးကတော့ အများကြီးဘဲ နည်း
ပညာလေ့လာနေတဲ့သူတွေ အနေနဲ့ မိမိမသိသေးတာလေးတွေကို Star အမှတ်အသားပြထားပေါ့ဗျာ။ စာအုပ်ကြည့်ကြတဲ့သူတွေမှာလည်း ဘောပင်လေးနဲ့ ကြယ်အမှတ်အသားပြတာကို သင်္ကေတထားတယ်နဲ့
တူပါတယ်။ ကဲအားလုံးဘဲ မိမိတို့ ပြုလုပ်လို့တဲ့ Website များစွာကို အလွယ်ကူဆုံး အရိုးရှင်းဆုံး Bookmark
ပြုလုပ်ပြီးသကာလ အသုံးပြုနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်လေ သတည်း...။

Format Factory 3.2.1 Converter Software

ကဲ နောက်ကျတယ်ဘဲထားပါတော့ဗျာ။ သူများတွေ တင်ပြီးမှ တင်လိုက်တာဆိုတော့လေ။ ဒီဗားရှင်းမှာက
တော့ ပုံစံလေးနဲနဲ ပြောင်းလည်းသွားတယ်ပေါ့ဗျာ။ မြန်မာစာတွေတော့ မြင်နိုင်ပါတယ်။ သို့သော်လည်း MP4 file အဖြစ်တော့ ပြောင်းလို့မရပါဘူးနော်။ စာမြင်ရတာလေး တစ်ခုရယ် နောက်ပြီး ဒီဇိုင်းလေးဆန်း
လာတာကလွဲရင် ကျန်တာတော့ အဟောင်းလိုပါဘဲ။ သို့ပါသော်လည်း အသစ်ကိုမှ ခုံမင်နှစ်သက်သူတို့ အတွက် အသစ်လေး တင်ပေးလိုက်ပါတယ်။ အသစ်ဆိုပေမယ့် တစ်ပတ်လောက်တော့ ရှိတော့မယ်နော်။ ကဲ ဘာပဲဆိုဆို ဒေါင်းချင်ရင်တော့ဖြင့် သဘောရှိတဲ့အတိုင်းပါဘဲဗျာ။ ကျုပ်ကတော့ လင့်တစ်ခုဘဲ တင်ပေး
လိုက်တယ်။ အခြားဆိုက်တစ်ခုတော့ ညွန်ပေးလိုက်ပါ့မယ်နော်။ 58.8MB ရှိပါတယ်။ သူနဲ့ ဖိုင်ဆိုက်ရော
ဗားရှင်းပါတူတဲ့ နိုင်ငံခြားဆိုက်လေးတစ်ခုပေါ့ဗျာ ကျုပ်ကတော့ များသောအားဖြင့် ဒီဆိုက်လေးမှာ ရှာဖြစ်
ပါတယ်။ အတော်လေးလည်း စုံတယ်လေ..။ http://filehippo.com/ ပါ သူ့ဆိုက်ကို ကျုပ်ဆိုက်အောက်ခြေ မှာလည်း ထည့်သွင်းပေးထားပါတယ်။ ကဲ အဆင်ပြေပါစေ...။

Friday, November 15, 2013

V For Vendetta 2006 Move

ဒီပုံမြင်ရင်တော့ သိမှာပါ ကိုယ်လည်း တစ်ခါမှ မကြည့်ဖူးသေးလို့ တင်လိုက်တယ်။ တစ်ခါတော့ ကြည့်ဖူး
တယ်ဗျ။ ဂျော်ကာပုံနဲ့ဘဲ အမေရိကားမှာ သူတို့ရဲ့ အထူးအမြတ်နေ့တဲ့ကွယ် ညတစ်ညပေါ့။ အဲဒီညမှာ ဂျော် ကာတို့အဖွဲ့က နီဂတိုးတစ်ကောင်ကို လိုက်သတ်တဲ့ကားပေါ့။ တစ်ညလုံး မြို့ကလည်း တိတ်ဆိတ်လို့ပေါ့။ လိုက်သတ်ပေမယ့် တစ်တိုင်းပြည်လုံးက ဒီနေ့ကို အထူးအမြတ်နေ့ဆိုပြီး ထားတာလေ။ သတ်ချင်သတ်လို့ ရတယ်ဆိုတော့။ ဟာ ဒီဇာတ်ကားကြီးကလည်း ဘာလဲကွာလို့တောင် ဖြစ်မိတယ်။ ဒို့မြန်မာပြည်သာ အဲဒီလို
နေ့သတ်မှတ်လိုက်ရင်ဖြင့် မမြင်ရက်စရာ တစ်အိမ်နဲ့ တစ်အိမ်မတည့်တာ ညီအစ်ကို မောင်နှမ မတည့်တာ
နဲ့ တစ်ညတည်း လိုက်သတ်တာနဲ့ လူမျိုးပါ ပြုန်းသွားမယ် ဒီလိုတောင် တွေးမိသေးတယ်။ ကဲ ဒီဇာတ်ကား
ကို ကွန်ပျူတာနည်းပညာဥယာဉ် အလည်သွားရင်းနဲ့ တွေ့ခဲ့တာပါ။ လင့်လေးဘဲ ယူပြေးလာတယ်။ လမင်း ငယ် တဲ့ဗျာ။ သူရှာထားတဲ့ ဗွီဒီယိုလေးပါ။ ကဲ ကြည့်ချင်ရင် ဒေါင်းကြပေတော့ဗျို့ ညပိုင်းလိုင်းကောင်းတယ်
ခဏဘဲ ဒေါင်းရမှာပါ။ 422 MB ထဲပါ။

MMSD Smart Zawgyi v1.3.1 and fepfz and mpt service

MMSD Smart Zawgyi v1.3.1 and fepfz  and mptservice သုံးမျိုး တင်ပေးလိုက်ပါတယ်။ ဟိုတစ်နေ့ ကတည်းက မတင်ပေးမိတာပါ။ ဒေါင်းထားပြီးသာ ရှိပါတယ်။ ဒါကတော့ အားလုံးသိတဲ့အတိုင်း မြန်မာပြည်
ရောက်လာတော့ မြန်မာတွေ ကိုင်တဲ့ Andriod ဖုန်းမှန်သမျှ မြန်မာစာ ဖတ်ဖို့ဆိုရင်ဖြင့် ဒီကောင်တွေနဲ့ လှုပ်ရှားရတာပါ။ လှုပ်ရှားမှ မုန့်စားရမယ်နော်။ ဒီ Smart Zawgyi ထည့်သွင်းအသုံးပြုမယ်ဆိုရင် Root လုပ် ထားဖို့လိုပါတယ်။ Root လုပ်ထားရင်တော့ ဒီကောင်လေးထည့်သွင်း အသုံးပြုနိုင်ပါပြီ။  အသုံးပြုနည်းပါ တစ်ပါတည်း ရေးသားထားတဲ့ ဆော့ဖ်ဝဲမို့ ဘာမျှ ရေးစရာမကျန်တော့ပြီ။ မြန်မာစာ အတော်လေးတော့ မှန်ပါတယ်။ မမှန်ဘူးဆိုရင်တော့ နောက် fepfz(MMSD) ကို ထည့်သွင်းအသုံးပြုပါ ကျုပ်ရဲ့ စက်ကတော့ ERROR OCCURRED PATCH-FAIL-ERROR တဲ့ဗျာ။ မကိုက်ဘူးပေါ့။ Error တက်တယ်ပေါ့။ နောက်တစ် ခုကတော့ mpt service ပါ အတော်များများ သိပြီးလောက်ပါပြီ။ ဒါကနောက်ထွက်လေးပေါ့။ ကဲ ဒီလောက်
ပါဘဲနော်။ အဆင်ပြေပါစေ..။ နည်းပညာတွေ သိပ်မတင်နိုင်တာ ခွင့်လွတ်ပါကွယ်..။ ကိုယ်လည်း ရချင်တာ
လေးတွေ လိုက်ကလိနေလို့ပါ..။  

Wednesday, November 13, 2013

Speedup Blogger ဘလော့ကို ပိုမြန်ဆန်လာအောင် Html ကုဒ်နဲ့ ဖိုက်မယ်.( ဘလော့ခရီးသည်)

အားလော့လုံးမင်္ဂလာပါဗျာ.. ဘလော့ခရီးသည် မိတ်ဆွေအပေါင်း ရွှင်ပျော် ချမ်းသာကြပါစေလို့ မေတ္တာ ပို့သလိုက်ရပါတယ်... သည်တစ်ခါ တင်ပေးမဲ့ နည်းပညာလေးကတော့ အတော်လေး အသုံးဝင်ပါတယ်.. ကျွန်တော်တို့ ဘလော့တွေမှာ loading time အချိန်ကြာမြင့်မှ ဘလော့ပွင့်ကျလာတာ မျိုး ရှိကြပါတယ်.. အဲတာကတော့ အဓိက မိမိတို့ဘလော့မှာ Widget တွေ အရမ်းများနေရင် သော်၎င်း  video တွေ ဖလက်တွေ အရမ်းများနေသော်၎င်း ဖြစ်တတ်ပါတယ်.. ဒါကြောင့် မိမိတို့ဘလော့မှာ Widget တွေကို လိုသည်ထက်ပိုမတင်သင့်ကြောင်း ပြောပါရစေ..သည်နည်းလေးဟာ မိမိတို့ဘလော့ကို အသင့်တင့် ပိုမိုမြန်ဆန်စေတဲ့ နည်းပညာလေးဆိုမမှားပါဘူး ကုဒ်လေးတွေကို ထည့်ပေးလိုက်ရုံပါဘဲ... ကဲ စမယ်နော်..
►1-  Blogger Singin ၀င်လိုက်ပါ။
►2-  Dashboard  ကိုသွားလိုက်ပါ။
►3-  Template    ကိုကလစ်ပါ..။
►4-  Edit  Html   ကိုဝင်ပါ.. Process ကိုကလစ်ပြီးဆက်ဝင်လိုက်ပါ။
►5-  Expand  Widget  Template  ကိုအမှန်ခြစ်ပေးဖို့မမေ့ပါနဲ့နော်...။
►6-  Ctrl+F  (သို့မဟုတ်) F3  အကူညီဖြင့် ပေးထားတဲ့ ကုဒ်ကို ရှာလိုက်ပါ။

 </head>  ဆိုတာကိုရှာလိုက်ပါ တွေ့တာနဲ့ သူ့အောက်မှာကပ်လျက် ပေးထားတဲ့ကုဒ်တွေကို
        ထည့်ပေးလိုက်ပါ...
ထည့်ရမဲ့ကုဒ်တွေကတော့............


<script charset='utf-8' src='http://ajax.googleapis.com/ajax/libs/jquery/1.3.2/jquery.min.js' type='text/javascript'/>

<script src='http://beautifulbloggerwidgets.googlecode.com/files/lazyload-min.js' type='text/javascript'/>

<script charset='utf-8' type='text/javascript'>

$(function() {

$(&quot;img&quot;).lazyload({placeholder : &quot;http://beautifulbloggerwidgets.googlecode.com/files/grey.gif&quot;,threshold : 200});

});

</script>
ကုဒ်ကလည်းမများတာမို့ လွယ်ကူစွာလည်းထည့်နိုင်ပါတယ်.. စမ်းကြည့်လိုက်ပါနော် အရင်ကထက်တော့
ပိုမိုမြန်ဆန်လာတာတော့ ကျွန်တော် လက်တွေ့ သုံးထားပါတယ်...
 ပြီးတာနဲ့  Save Template လိုက်ပါနော်........
 
 ဘလော့ခရီးသည် http://aungsanmks.com/

HiSuite v1.8.10.2006 Huawei သမားများ ဆောင်ထားရမည့် အသုံးပြုရမည့် ဆော့ဖ်ဝဲကောင်းလေးပါ

HiSuite Huawei Android Smart Device Mananger v1.8.10.2006 ကတော့ နောက်ဆုံးထွက်ရှိထား တဲ့ Version တစ်ခုဖြစ်ပါတယ်။ Huawei သမားများကတော့ ဆောင်ထားရမည့် အသုံးပြုရမည့် ဆော့ဖ်ဝဲ 
ကောင်းတစ်ခုပါ။ Huawei ကုမ္မဏီက ထုတ်ထားတဲ့ Huawei Device Mananger ပေါ့ဗျာ။ ဒီကောင်လေးနဲ့ ဖုန်း Screenshot ရိုက်နိုင်တယ်။ ဖုန်းကို Backup လုပ်နိုင်တယ် ကွန်ပျူတာထဲက apk တွေကို တိုက်ရိုက် install ပြုလုပ်နိုင်တယ်။ ဖုန်းကို Update ပြုလုပ်နိုင်တယ်။ စသဖြင့် များစွာ အသုံးဝင်လှပါတယ်။ အထူးအား
ဖြင့်ကတော့ ကျုပ်အနေနဲ့ Screenshot ရိုက်ရတာကို ပိုနှစ်သက်တယ်။ ဒါ ဘလော့ကာသမားတွေအတွက် လည်း အဆင်ပြေပါတယ်။ Screenshot ရိုက်လို့​ ရတာတွေကတော့ များစွာရှိပါတယ်။ သို့သော်လည်း Huawei သမားများ ကျုပ်လည်း Huawei ကိုင်တာပါဘဲ ဒါကြောင့် ဒါလေးတော့ဖြင့် ရှိသင့်တယ်လို့ ထင်တဲ့ အတွက် လက်ဆောင် အနေနဲ့ တင်ပေးလိုက်တယ်။ အမှတ်တရအနေနဲ့ တင်ပေးလိုက်တာပါ။ မူရင်းဆိုက် မှာလည်း ဒေါင်းလို့ရပါတယ်။ ကျုပ်တောင်မျက်စိလည်လို့ဗျာ ဒေါင်းစရာလင့်မတွေ့ဘဲ ဖြစ်နေလို့ လိုက်ရှာ လိုက်ရသေးတယ်။ ဒေါင်းနည်းမသိပါက အောက်တွင် ကြည့်ပါ...Solidfiles မှာတော့ တင်ပေးလိုက်တယ်။ 40 MB ထဲပါ။ ကဲ အသုံးပြုနိုင်ကြပါစေ.....



ကဲ အပေါ်က Huawei ဆိုက်ကိုရောက်သွားရင် Download ဆိုတာလေးကိုနှိပ်ပါ..။
 ဒုတိယ စာမျက်နှာ ဒီပုံလေးလို ပေါ်လာမယ်။ များပြထားတယ်နော် အောက်နားမှာ ဒေါင်းရမှာပါ...။
သိပ်ကောင်းတဲ့ ဆော့ဖ်ဝဲပါ...။


Orbit Downloader version 4.1.1.18

မိမိဒေါင်းချင်တာကို ဒေါင်းနိုင်ဖို့ မြန်ဆန်တိကျတဲ့ Orbit လေးကို တင်ပေးလိုက်ပါတယ်။ တစ်ချို့ဆိုက်တွေ
က IDM နဲ့ ဒေါင်းမရရင် ဒီကောင်လေးနဲ့ စမ်းသပ်ဒေါင်းကြည့်လိုက်ပါ။ ဒီကောင်ကလည်း အဆင်ပြေပါ
တယ်။ Download Speed ငြိမ်တယ်။ IDM လိုတက်လိုက်ကျလိုက် မဖြစ်ဘူး အတက်အကျတော့ ရှိတာပေါ့
သို့သော် IDM လိုမဟုတ်ဘူးလေ။ သုံးကောင်းပါတယ်။ ခုနောက်ဆုံး ထွက်ထားတာကတော့ version 4.1.1.18 ပါ မသုံးဖူးသေးရင် စမ်းသုံးကြည့်ပေါ့ဗျာ။ မိုက်ပါတယ် ..တစ်ကယ်..

Primeval: Season 1 2 3 4 လေးပုဒ်ပါ သိပ်ကောင်းပါတယ်

ဇာတ်ကားလေးကတော့ အတော်လေးကောင်းပါတယ် ကျုပ်ကတော့ မနေ့ညကတည်းက ဒေါင်းပြီးပါပြီ။ ရုပ်သံ ကြည်လင်တယ် ဒေါင်းရတာလည်းလွယ်တယ်။ ခုနကြော်ငြာပေးတဲ့ဆိုက်ကဘဲ ဒေါင်းရမှာပါ။ ကျုပ် ကိုယ်တိုင်မတင်နိုင်ငြားသော်လည်း ဒီဆိုက်လေးတွေမှာ ဒီလိုဒေါင်းလို့ရတယ် ဒေါင်းကောင်းတယ်ဆိုတော့ လူစိတ်ဝင်စားတာပေါ့ဗျာ။ မြန်မာဆိုက်တွေလည်းရှိကြပါတယ် သို့သော်လည်း ဒေါင်းရတာက နဲနဲဒေါင်းရ တာခက်နေတာမို့ မတင်ပေးဘူး မကြော်ပေးဖြစ်ပါဘူး။ ဒီဆိုက်တွေကတော့ တစ်ကယ်လည်း ဒေါင်းလို့ အဆင်ပြေတာမို့ စိတ်ကြိုက်လည်းဖြစ်တာမို့ ကြော်ငြာပေးတာပါ။ ဒီဇာတ်ကားကတော့အကောင် အထူး အဆန်းတွေပါနေတော့ မမြင်ဖူးတာတွေ မြင်ရတယ်။ လေးပုဒ်ပါ နံပါတ်လေး 1 ကတော့ 227MB
နံပါတ်လေး 2 ကတော့ 215MB နံပါတ်လေး 3 ကတော့ 198MB နံပါတ်လေး 4 ကတော့ 226MB ကဲ လိုင်း
ကောင်းသူများ ဒေါင်းပြီး ကြည့်နိုင်ပါပြီ ဆိုင်မှာ ၀ယ်ရတာကလည်း ရုပ်မကြည်ဘူး မြန်မာစာလေးတော့ ပါတယ်။ သို့သော်လည်း ရုပ်ကမုံဝါးဝါးနဲ့ဆိုတော့ ဖီးမလာဘူးပေါ့ဗျာ။ ရုပ်သံကြည်လင်တာကြပြန်တော့ တစ်ခွေကို 600 ဆိုတော့ အင်တာနက်သုံးရင်း ဒေါင်းကြည့်တာက ပိုအဆင်ပြေမယ်ထင်လို့ပါ...။
ဒေါင်းနည်းမသိရင် အောက်မှာ ကြည့်လိုက်ပါနော်..



မိမိကြည့်လိုတဲ့ ဗွီဒီယိုကို ကလစ်ပါ အပေါ်ဆုံးက ဗွီဒီယိုလေးကို ဒေါင်းရမှာပါ ဒီပုံကိုကြည့်ပါ 

အဆင်ပြေပါစေ... 

Free Vidoe Download Websit (2) ဆိုက် နှစ်ခု ကြော်ငြာပေးလိုက်ပါတယ်

ကဲ ဗွီဒီယိုတွေ ဒေါင်းလော့ချပြီး ကြည့်ရှုကြတဲ့သူတွေအတွက် Online Free Video Download ဆိုက်လေး
နှစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ အတော်လေးကောင်းပါတယ်။ ပထမဆိုက်တစ်ခုကတော့ watch32. com ပါ ဒီဆိုက်လေးကတော့ IDM ရှိမှသာ ဒေါင်းလို့ အဆင်ပြေမှာပါ။ မိမိဒေါင်းလိုတဲ့ ဇာတ်ကားကို တစ် ချက်ကလစ်ပြီး ခဏစောင့်ပါ အပေါ်ဆုံးက ဗွီဒီယိုလေးကို ဒေါင်းရမှာပါ IDM ပုံလေးနဲ့ ပြနေပါတယ် အဲဒါ လေးကို နှိပ်လိုက်ရင် ဒေါင်းနိုင်ပါပြီ။ ဇာတ်ကားတွေကတော့ ထောင်ချီသောင်းချီရှိပါတယ် မိမိကြည့်လို ရာကို ဒေါင်းလော့ချပြီး ကြည့်ရုံပါဘဲ။
နောက်ဆိုက်တစ်ခုကတော့ http://www.divxcrawler.to/latestmovies.htm ဒီဆိုက်လေးပါ။ သူကတော့ ပိုလွယ်တယ် မိမိကြည့်လို ဒေါင်းလိုတဲ့ ဗွီဒီယိုဟာ ဘယ်အမျိုးအစား ဘယ်နှစ် MB ရှိတယ်ကအစ ဖော်ပြပေး ထားပါတယ် ဒေါင်းချင်ရင် ညာဘက်ခြမ်းက Dowload ဆိုတာလေးကို နှိပ်ရုံပါဘဲ ကဲ အဆင်ပြေပါစေနော်.။
မရှင်းသေးသူများကတော့ အောက်မှာ လှမ်းရှိုးကြည့်ကြပါဦးနော်..။



ကဲ http://watch32.com/ မှာ ဒေါင်းတာကတော့ အပေါ်မှာ ပြောခဲ့ပြီ မိမိဒေါင်းလိုတာကို ပုံကြည့်ရင်
သိနိုင်လေပြီ..
ကဲ အဆင်ပြေတယ်နော်.... နောက်တစ်ခုကို ကြည့်ပါဦး..
မြှားပြထားပါတယ်နော်...အဲဒါလေးနှိပ်ရုံပါဘဲ။ IDM တော့ လူတိုင်း အသုံးပြုကြပါတယ် မရှိသေးရင်လည်း
ထည့်ထားကြပေါ့ဗျာ။ သူနဲ့ ဒေါင်းရတာက ပိုအဆင်ပြေတယ်လေ...ကဲ အဆင်ပြေကြပါစေ...


Tuesday, November 12, 2013

Tech Space နည်းပညာဂျာနယ် Vol-2 Issue-33

နည်းပညာဂျာနယ်လေးတွေ့လို့ တင်ပေးလိုက်တယ်ဗျာ။ ပုံလေးလန်းနေလို့လေ အတွင်းမှားကတော့ facebook မှာ မြင်ပြီးသား သတင်းတွေလည်းပါမယ်။ အခြားသော ဂိမ်းကြော်ငြာ ကွန်ပျူတာဈေးနှုန်းကြော်
ငြာတွေ ကြည့်ရမှာပါဘဲ နယ်မှာနေတဲ့သူတွေတော့ အဆင်ပြေတာပေါ့ဗျာ။ သူတို့ဂျာနယ်တိုက်ကလည်း
နယ်မှာနေသူများအတွက် ရည်ညွန်းပြီး တင်ပေးတာနဲ့ တူပါတယ်။ မြို့ပေါ်လူတွေကတော့ ၀ယ်ဖတ်ဖြစ်ကြ
မယ်ထင်တယ်။ ကဲဗျာ တစ်ခါတစ်လေတော့လည်း အားပေးလိုက်ပါဦး။ ကိုယ်မသိသေးတဲ့ ပညာတွေပါလာ
တော့လည်း အမြတ်ပေါ့။ ဟုတ်ဘူးလား ဒါမှ ကိုယ့်အတွက်ကျန်မှာလေ။ ဘာပဲပြောပြော နည်းပညာလေ့ လာနေတယ်ဆိုရင်တော့ ကြည့်သင့်ပါတယ်။

တယ်လီနောဝန်ဆောင်မှု အသုံးပြုသူများအတွက် Wikipedia ဝန်ဆောင်မှုကိုပါ အသုံးပြုနိုင်ရန်ဆောင်ရွက်

မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုများအားလုပ်ကိုင်ခွင့်ရရှိ ရန် အော်ပရေတာအောင်မြင် ထားသော Telenor Group အနေဖြင့် Wikipedia ဝန်ဆောင်မှုအသုံးပြုနိုင်ရန် ဆောင်ရွက်လိုက်ကြောင်း သတင်းထုတ်ပြန်သည်။ အာရှနှင့် ဥရောပရှိ တယ်လီနော ဝန်ဆောင်မှုအသုံးပြုသူများအတွက် Wikipedia Zero ဝန်ဆောင်မှုပေးရန် သဘောတူညီမှုထားရှိသည့်အတိုင်း မြန်မာနိုင်ငံအားလည်း ထိုဝန်ဆောင် မှုပေး မည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ကြောင်း၊ မြန်မာနိုင်ငံမှ တယ်လီနော၏ ဝန်ဆောင်မှုအသုံးပြုသူ များ အနေဖြင့် မိုဘိုင်းဖုန်းမှ အင်တာနက်အသုံးပြုခ ပေးဆောင်ရန်မလိုဘဲ Wikipedia မှ ဗဟုသုတများကို ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။ “အင်တာနက်အသုံးပြုခမကုန်ဘဲ Wikipedia အသုံးပြုနိုင်တာဟာ မိုဘိုင်းဖုန်းသုံးတဲ့သူတွေကို တချို့ဆို ပထမဦးဆုံးအနေနဲ့ အင်တာနက်ကို အသုံးပြုဖို့ မိတ်ဆက်ပေးတဲ့ နေရာမှာလည်း အထောက်အကူရပါတယ်” ဟု Telenor Group ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ် သူ Mr. John Fredrik Baksaas မှ ပြောကြားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။



မိုဘိုင်းဖုန်းများအတွက် သီးသန့် Wikipedia ကို ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် မွန်တီနီဂရိုနိုင်ငံတို့တွင် စတင်လွှင့်တင်ခဲ့ကြောင်း၊ ၎င်းအပြင် ၂၀၁၄ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ ဘင်္ဂလားဒေ့နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဆားဗီးယားနိုင်ငံတို့တွင် Wikipedia Zero ကို စတင်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ တယ်လီနောနှင့် Wikimedia Foundation ကြားမှ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် စတင်ခဲ့ပြီး တယ်လီနောအသုံးပြုသူများအား အင်တာနက်ခမယူဘဲ Wikipedia သုံးစွဲနိုင်ရန် အတူတကွရည်ရွယ်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 Telenor Group အနေဖြင့်မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်ရရှိ မည့် အော်ပရေတာတစ်ခု အဖြစ် ရွေးချယ်ခံထားရကာ လက်ရှိတွင် မြန်မာနိုင်ငံအစိုးရ တာဝန်ရှိသူများနှင့် လိုင်စင်သဘောတူညီမှုအ တွက် နောက်ဆုံးအဆင့် သဘောတူညီမှုဆိုင်ရာ အချက်အလက်များကို ဆွေးနွေးလျက်ရှိကြောင်း၊ လိုင်စင်သဘောတူညီမှု လက်မှတ်ရေးထိုးပပြီး နောက်ရှစ်လအကြာတွင် မြန်မာနိုင်ငံ၌ဝန်ဆောင်မှုများ စတင်ပေးနိုင်ရန်ရည်ရွယ်ထားကြောင်း သိရသည်။ Wikipedia Zero ဖြင့် ကမ္ဘာ့ဗဟုသတများကို မြန်မာနိုင် ငံ တွင် ရရှိအသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ကို နိုဝင်ဘာလ ၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထွန်းထွန်း
http://www.myanmarinternetjournal.com/content/9283

Monday, November 11, 2013

VRoot 1.7.2 and Android Driver and Firmware Search

ကဲ V Root 1.7.2 လေးရယ် Android Driver ရယ် Firmware Search လေးရယ် သုံးမျိုး တင်ပေးလိုက်
တယ်။ Root လုပ်ဖို့အတွက်ဆို ပထမဆုံးလိုအပ်တာက Android Driver ပေါ့ဗျာ။ သူမရှိရင် အလုပ်မဖြစ်ဖူး
လေ ဒါကြောင့် တွဲဖက်ပြီးတင်ပေးတာပါ။ များသောအားဖြင့်ကတော့ ဖုန်းတွေမှာလည်း သူ့အတွက် သီသန့်
လေး ဖုန်းထဲမှာ ပါတတ်ပါတယ်။ USB ကြိုးနဲ့ ကွန်ပျူတာမှာချိတ်ဆက်လိုက်ရင် တွေ့ရတတ်ပါတယ် အဲဒီ
ကောင်လေးကို install လုပ်လိုက်ရင်လည်း အဆင်ပြေတယ်။ ကျုပ်လည်း နေ့လယ်ကတော့ G510 အမျိုး
အစား တစ်လုံး Root ဖောက်ပြီး မြန်မာဖောင့်ထည့်ပေးလိုက်သေးတယ် စမ်းသုံးလိုက်တာပါ။ သူများတွေက
အတော်များများဖုန်းတွေ Root လုပ်နိုင်တယ်ပြောလို့ ဟုတ်သလားဆိုတာ လက်တည့်စမ်းလိုက်တာ အိုကေ
သွားတယ်။ Root လုပ်နည်းတွေကတော့ ရေးထားတာတွေ မနည်းပါဘူး ရှာတတ်ရင် ရပါတယ်နော်။ ကဲ ကိုယ်လုပ်လိုက်တာကတော့ V Root ကို install လိုက်တယ်ဗျာ။ ဖုန်းနဲ့ ကွန်ပျူတာ USB ကြိုးနဲ့ ချိတ်ဆက်
လိုက်တယ်။ ဖုန်း Setting>>Developer options>> USB debugging ကို အမှန်ခြစ်ပေးလိုက်တယ်။
အဲဒါပြီးတော့ V Root ကို ဖွင့်ပြီးတော့ ခနစောင့်ကြည့် သူဟာသူ Android ကို စစ်ဆေးနေတယ် ပီးတော့ Root လုပ်ဖို့ အသင့်အနေအထားလေးကို ရောက်သွားတယ်။ Root Root Root နဲ့ နှိပ်သွားလိုက်တယ်။ ကားမောင်းသလို ၀ူး ၀ူး ခုတော့ ရု ရု ပေါ့ဗျာ နောက်ဆုံးမှာ ဖုန်း Restart ကျသွားတယ် ပြန်တက်လာတော့
Super User လေးပေါ်လာတယ်။ ကဲ ဒီနောက်မှာတော့ မြန်မာစာ မြင်ရဖို့အတွက် Zawgyi Installer Root
လေးကို ဖုန်းထဲမှာ install လုပ်တယ်ဗျာ။



Zawgyi Installer  ဖွင့်လိုက်တယ်ဗျာ။ Check for Root Access ကိုနှိပ် Install Roboto font ဆိုတာကို
ဆက်နှိပ်တယ်။ ခဏလောက်စောင့်ပါ Reboot Now ဆိုတာလေးပေါ်လာတယ် နှိပ်ပါ။ Restart ကျသွားလို့
ပြန်တက်လာရင်တော့ ကြည့်ချင်တဲ့ သတင်းတွေ မြန်မာလို ကြည့်လို့ရပါပြီ။

ကဲ စာရေးလို့မရသေးဘူး Frozen Zawgyi သို့မဟုတ် Bagan Keyboard လေးကို ဖုန်းထဲကို install လုပ်ပါ
ဖုန်း Setting >> Language & input >> Frozen Zawgyi ဆိုတာလေးကို အမှန်ခြစ်ပါ။ ကျန်တာတွေကို
တော့ အမှန်ခြစ်ဖြုတ်ပါ။ Bagan Keyboard ထည့်ရင်လည်း Bagan Keyboard ကိုအမှန်ခြစ်ပြီး ကျန်တာ
ဖြုတ်ထားလိုက်ပါ။

Frozen Zawgyi သို့မဟုတ် Bagan Keyboard ရဲ့ အပေါ်မှာ Default ဆိုတာလေးနှိပ်ပါ။  Frozen Zawgyi
ထည့်ရင် သူ့ကို အမှတ်အသား အစက်ပြောက်လေးပေးပါ။  agan Keyboard ထည့်ထားရင် agan Keyboard ကို အစက်ပြောက်လေး ကို အမှတ်အသား ပြုလုပ်ပါ။

ဟာ ဘာမှတာ မဟုတ်တယ် ရေးလိုက်ရတာဗျာ။ ကဲ အဆင်ပြေပါပြီနော်။ ကိုယ့်ချစ်အစ်ကိုကြီးကလည်း
သူ့ရွာကညီက ဖုန်းမြန်မာစာ  မပေါ်လို့တဲ့ဗျာ လုပ်ခိုင်းတော့လည်း ကြံဖန်လုပ်ပေးလိုက်ရသေးတာ။ သူတို့
Root လုပ်ထားတာက Google Playstore က ဒေါင်းလို့ရတဲ့ ကောင်လေးနဲ့ Root လုပ်ထားတာ Zawgyi Installer Root နဲ့ ကျတော့ အဆင်မပြေဘူးဗျာ။ Root Access မရှိဘူးလို့ပြောနေတာနဲ့ Setting ထဲမှာ
သွားပြီး ဖြုတ်ထုတ်လိုက်ရသေးတာ။ အဲဒါတွေပြီးမှ အပေါ်ကအတိုင်းဘဲ လုပ်ပေးခဲ့တာပါ။ ဒါလေးက ကိုယ်
တွေ့ ဖြစ်ရပ်မှန်လေးပေါ့ဗျာ။ Root လေးလုပ်ဖောင့်လေး ထည့်ပြီးတော့ လက်ဖက်ရည်နဲ့ ပေါက်ဆီ တစ်လုံး
တော့ စားလိုက်ရသေးတာဗျ။ ကဲ ငါ့ညီတွေ အစ်ကိုတွေကတော့ ကိုယ့်ထက်သာတဲ့ သူတွေချည်းပါဘဲ...။
ငမိုးကတော့ မတောက်တစ်ခေါက်ပါ သိတာလေး ကြုံတွေ့ခဲ့ရတာလေးတွေကို ဖောက်သည်ချတယ်လို့ဘဲ
ထားပါတော့လေ...။

ကဲ အဆုံးသတ်ချင်ပေမယ့် ကျန်နေသေးတယ်ဗျာ။ Firmware Search ဆိုတာလေးပေါ့ ကျုပ်ဟိုအရင်က
တင်ပေးခဲ့ဖူးပါတယ်။ ရေးလည်း ရေးခဲ့ဖူးပါတယ်။ သူကတော့ ကျုပ်တို့ Huawei Firamware တွေကို အမြန်
ဆုံး အလွယ်ကူဆုံး ဒေါင်းလော့ချစရာ လင့်တွေကို ရှာပေးမှာပါ။ Huawei မှ တစ်ပါး ကျန်တဲ့ ဖုန်းတွေကို
တော့ ရှာပေးမှာ မဟုတ်ပါဘူး။ ကဲ ဒီကောင့်ကလည်း အတော်လေး အသုံးဝင်ပါတယ်။ ပြောတာပြောရ
တယ်ဗျ။ ခုထိ facebook အကောင့်မလျှောက်တတ် မသုံးတတ်သေးတဲ့သူတွေ မြန်မာပြည်မှာ တစ်ပုံကြီး
ရှိသေးတယ်ဆိုတာပါဘဲ။ ကိုယ်ကတော့ အင်တာနက် သုံးတတ်နေပြီ ရှာတတ်ပြီဆိုပေမယ့် မရှာတတ်မသုံး
တတ်သေးတဲ့သူတွေ သန်းချီလို့ ရှိနေသေးတယ်ဆိုတာကိုလည်း သတိပြုပေါ့..။ ကိုယ်သိထားတာလေးက
လွယ်နေပေမယ့် ခုမှ စသုံးတဲ့ သူတွေကျတော့ တစ်ကယ့်အခက်အခဲကြီး တစ်ခုလို ဖြစ်နေတာကိုလည်း
သတိလေးထား ပြောကြားကြပါလို့.....။

ကဲ ဒါပါဘဲဗျာ။ စာဖတ်ရတာ ပျင်းရောပေါ့......အောက်မှာ ဒေါင်းလိုက်ပါနော်...။



Sunday, November 10, 2013

Recorder များ အသံဖမ်းဆော့ဖ်ဝဲများ စုစည်းမှု

ကဲဗျာ ကျုပ်လည်း ဟိုတစ်နေ့က ချစ်အစ်ကိုကြီးက အသံဖမ်းတဲ့ဆော့ဖ်ဝဲလိုချင်ပါတယ်ဆိုလို့ ဂူးဂဲလ်မှာ
လိုက်ရှာရတာပေါ့။ ကျုပ်စမ်းသုံးကြည့်တာ ကြိုက်တာလည်းပါတယ်။ မကြိုက်တာလည်းပါတာပေါ့ဗျာ။ ၈မျိုးထည့်ပေးလိုက်တယ်။ ကောင်းတာ ကြိုက်တာလေး သုံးကြပေါ့။ ကိုယ့်မှာ တစ်ကယ်လိုအပ်လို့ အသုံးလို
တဲ့အချိန်မှာ အင်တာနက်က လိုင်းမကောင်းရင် ဒေါင်းနေရတာနဲ့ ရှာရဖွေရနဲ့ မလွယ်ပါဘူး။ ရတုန်းရခိုက်
မှာ ဒေါင်းထားလိုက်တာကောင်းပါတယ်။ ဖိုင်ဆိုက်ကလည်း သိပ်မကြီးပါဘူး။ 11MB ဘဲ ရှိပါတယ်။ ဒေါင်းပြီး
လို့ရှိရင် တစ်ခုပြီး တစ်ခု သုံးစမ်းကြည့်ပါ ကိုယ်အကြိုက်ဆုံးလေး နှစ်ခုသုံးခုလောက် ချန်ထားပေါ့ဗျာ။ တစ်
ကယ်လိုအပ်လာရင် သုံးနိုင်အောင်ပေါ့။ ဖုန်းနဲ့ အသံဖမ်းရတာဆိုတော့ အသံဖမ်းစက် သီးသန့်ဝယ်တဲ့ဟာ
လောက်တော့ မကောင်းဘူးပေါ့ဗျာ။ အသံဖမ်းစက်ကလည်း တရုတ်က လာတာသည်ပင် 20000 သောင်း
25000 ခွဲလောက်ရှိတယ်ဗျ။ အဒီကောင်တွေလောက်တော့ အသံဆွဲအား ဘယ်ကောင်းမှာလည်း သို့သော်
လည်း သီးသန့်ကြီး ၀ယ်သုံးမယ်ဆိုလည်း မဖြစ်နိုင်တဲ့သူတွေအတွက်ပေါ့ဗျာ။ ဖုန်းလေးနဲ့ ကိုယ်အသံဖမ်းချင်
တာကို ဖမ်းပြီးတော့ ယူထားလို့ရတာပေါ့။ များသောအားဖြင့်ကတော့ အသံဖမ်းတဲ့ ဖိုင်တွေက ဖိုင်ဆိုက်ငယ်
ပါတယ်။ မိမိဖမ်းယူထားတဲ့ အသံကိုလည်း ဝေမျှလို့ရသလို မိမိဥာဏ်ရှိသလို အသုံးချနိုင်ပါတယ်။ ဥပမာပေါ့
မိမိချစ်သူကို ပြောချင်တဲ့ စကားတွေအသံဖမ်းထားပြီးတော့ Viber တို့ free PP တို့နှင့်လည်း ပို့လို့ ရနိုင်ပါ
တယ်။ စမ်းတော့ မကြည့်မိဘူးနော် သူ့မူရင်းပါတဲ့ အသံဖမ်းတဲ့ကောင်နဲ့ အသံဖမ်းပို့ရင်တော့ ပိုအဆင်ပြေ
တာပေါ့ဗျာ။ ကဲ ဒီလောက်ဆိုရင် အသံမက်ဆေ့ချန်တဲ့ကိစ္စလည်း နဲနဲရိပ်မိလောက်ရောပေါ့ ။

Saturday, November 9, 2013

Ashampoo Movie Studio Pro v1.0.3.8 ( vipdls )

Ashampoo Movie Studio Pro v1.0.3.8 လေး တွေ့တာနဲ့ ရှယ်လာခဲ့တယ်။  နိုင်ငံခြားဆိုက်လေးတစ်ခု
ကပါ။ 218 MB ရှိပါတယ်။ ဒီကောင်ကတော့ Video တည်းဖြတ်တဲ့သူတွေ အသုံးပြုကြပါတယ်။ ကျုပ်တော့
မတင်တော့ဘူးနော်။ များနေလို့ဗျာ ကဲ လိုချင်ရင်တော့ ဒေါင်းကြပေါ့ဗျာ။ သူလည်း မနေ့ကမှ တင်ထားတာ
လေးပါ။ အင်္ဂလိပ်လို ဖတ်တတ်ရင်တော့ အောက်လင့်မှာ ကြည့်လိုက်ပါ။ ကျုပ်တော့ မဖတ်တတ်ဘူး။
Made for professionals, Ashampoo Movie Studio Pro delivers the highest quality in picture and sound.

-Captivate your audience with crystal clear high definition video
-Create immersive movie experiences with enveloping Dolby Digital 5.1 surround sound
-Edit your movies to perfection with professional scene transitions and templates

As sharp as reality - See more at: http://www.vipdls.com/2013/11/ashampoo-movie-studio-pro-v1038-incl.html#sthash.CJgj8ZOq.dpuf
Made for professionals, Ashampoo Movie Studio Pro delivers the highest quality in picture and sound.

-Captivate your audience with crystal clear high definition video
-Create immersive movie experiences with enveloping Dolby Digital 5.1 surround sound
-Edit your movies to perfection with professional scene transitions and templates

As sharp as reality - See more at: http://www.vipdls.com/2013/11/ashampoo-movie-studio-pro-v1038-incl.html#sthash.CJgj8ZOq.dpuf
Made for professionals, Ashampoo Movie Studio Pro delivers the highest quality in picture and sound.

-Captivate your audience with crystal clear high definition video
-Create immersive movie experiences with enveloping Dolby Digital 5.1 surround sound
-Edit your movies to perfection with professional scene transitions and templates

As sharp as reality
Highly efficient video compression technology ensures picture quality won't suffer over compact file size. Ashampoo Movie Studio Pro imports high definition MPEG-2 and MPEG-4 as well as H264 and exports to MP4, M4V and MKV for sharp and crisp images.

Enveloping audio

Don't just see it, feel it! Ashampoo Movie Studio Pro uses Dolby Digital audio technology for rich and vibrant surround sound that puts viewers right into your scenes.

Edit to perfection

From cutting and trimming to scene transitions, Ashampoo Movie Studio Pro makes perfect editing perfectly simple. Adjust brightness, contrast and saturation, add background music and normalize volumes. Blend scenes seamlessly together and add subtlety through effects such as Sepia.
Ashampoo Movie Studio Pro - Professional HD video editing with Dolby Digital audio technology for your videos.

Features:

Support for HD (1080p and 720p)
Dolby Digital 5.1 Creator, Dolby Digital Stereo Creator, Dolby Digital Decoder
Efficient task-oriented user interface
Video editing: Cut, trim and convert, adjust brightness, contrast, gamma, saturation and sharpness, rotate and mirror, adjust/normalize volumes
Opening/closing credits and text overlays with animation support
Transition effects: Black out, Circular, Fade, Move down, Move left, Move right, Move up, White out
Special effects: Greyscale, Sepia, Inverse, Old movie
Background music: Adjustable length and position
Integrated video conversion tool
Input formats: *.263, *.264, *.ASF, *.ASX, *.AVI, H261, *.H263, *.H264, *.M1V, *.M2T, *.M2V, *.MP2V, *.MPA, *.MPE, *.MPEG, *.MPEGTS, *.MPG, *.MPV2, *.VC1, .WEBM, *.WMV, *.WMX, *.WTV, *.WXV
Output formats: AVI, MPEG-2, MPEG-4, M4V, MKV, WMV

Operating System:
Windows® XP, Windows Vista®, Windows® 7, Windows® 8

Software:
Windows Media Player 10 (or higher)
.NET Framework 4.0

Homepage: http://www.ashampoo.com

Solidfiles
Putlocker
filecloud
Tusfiles
- See more at: http://www.vipdls.com/2013/11/ashampoo-movie-studio-pro-v1038-incl.html#sthash.CJgj8ZOq.dpuf
Made for professionals, Ashampoo Movie Studio Pro delivers the highest quality in picture and sound.

-Captivate your audience with crystal clear high definition video
-Create immersive movie experiences with enveloping Dolby Digital 5.1 surround sound
-Edit your movies to perfection with professional scene transitions and templates

As sharp as reality
Highly efficient video compression technology ensures picture quality won't suffer over compact file size. Ashampoo Movie Studio Pro imports high definition MPEG-2 and MPEG-4 as well as H264 and exports to MP4, M4V and MKV for sharp and crisp images.

Enveloping audio

Don't just see it, feel it! Ashampoo Movie Studio Pro uses Dolby Digital audio technology for rich and vibrant surround sound that puts viewers right into your scenes.

Edit to perfection

From cutting and trimming to scene transitions, Ashampoo Movie Studio Pro makes perfect editing perfectly simple. Adjust brightness, contrast and saturation, add background music and normalize volumes. Blend scenes seamlessly together and add subtlety through effects such as Sepia.
Ashampoo Movie Studio Pro - Professional HD video editing with Dolby Digital audio technology for your videos.

Features:

Support for HD (1080p and 720p)
Dolby Digital 5.1 Creator, Dolby Digital Stereo Creator, Dolby Digital Decoder
Efficient task-oriented user interface
Video editing: Cut, trim and convert, adjust brightness, contrast, gamma, saturation and sharpness, rotate and mirror, adjust/normalize volumes
Opening/closing credits and text overlays with animation support
Transition effects: Black out, Circular, Fade, Move down, Move left, Move right, Move up, White out
Special effects: Greyscale, Sepia, Inverse, Old movie
Background music: Adjustable length and position
Integrated video conversion tool
Input formats: *.263, *.264, *.ASF, *.ASX, *.AVI, H261, *.H263, *.H264, *.M1V, *.M2T, *.M2V, *.MP2V, *.MPA, *.MPE, *.MPEG, *.MPEGTS, *.MPG, *.MPV2, *.VC1, .WEBM, *.WMV, *.WMX, *.WTV, *.WXV
Output formats: AVI, MPEG-2, MPEG-4, M4V, MKV, WMV

Operating System:
Windows® XP, Windows Vista®, Windows® 7, Windows® 8

Software:
Windows Media Player 10 (or higher)
.NET Framework 4.0

Homepage: http://www.ashampoo.com

Solidfiles
Putlocker
filecloud
Tusfiles
- See more at: http://www.vipdls.com/2013/11/ashampoo-movie-studio-pro-v1038-incl.html#sthash.CJgj8ZOq.dpuf
Made for professionals, Ashampoo Movie Studio Pro delivers the highest quality in picture and sound.

-Captivate your audience with crystal clear high definition video
-Create immersive movie experiences with enveloping Dolby Digital 5.1 surround sound
-Edit your movies to perfection with professional scene transitions and templates

As sharp as reality
Highly efficient video compression technology ensures picture quality won't suffer over compact file size. Ashampoo Movie Studio Pro imports high definition MPEG-2 and MPEG-4 as well as H264 and exports to MP4, M4V and MKV for sharp and crisp images.

Enveloping audio

Don't just see it, feel it! Ashampoo Movie Studio Pro uses Dolby Digital audio technology for rich and vibrant surround sound that puts viewers right into your scenes.

Edit to perfection

From cutting and trimming to scene transitions, Ashampoo Movie Studio Pro makes perfect editing perfectly simple. Adjust brightness, contrast and saturation, add background music and normalize volumes. Blend scenes seamlessly together and add subtlety through effects such as Sepia.
Ashampoo Movie Studio Pro - Professional HD video editing with Dolby Digital audio technology for your videos.

Features:

Support for HD (1080p and 720p)
Dolby Digital 5.1 Creator, Dolby Digital Stereo Creator, Dolby Digital Decoder
Efficient task-oriented user interface
Video editing: Cut, trim and convert, adjust brightness, contrast, gamma, saturation and sharpness, rotate and mirror, adjust/normalize volumes
Opening/closing credits and text overlays with animation support
Transition effects: Black out, Circular, Fade, Move down, Move left, Move right, Move up, White out
Special effects: Greyscale, Sepia, Inverse, Old movie
Background music: Adjustable length and position
Integrated video conversion tool
Input formats: *.263, *.264, *.ASF, *.ASX, *.AVI, H261, *.H263, *.H264, *.M1V, *.M2T, *.M2V, *.MP2V, *.MPA, *.MPE, *.MPEG, *.MPEGTS, *.MPG, *.MPV2, *.VC1, .WEBM, *.WMV, *.WMX, *.WTV, *.WXV
Output formats: AVI, MPEG-2, MPEG-4, M4V, MKV, WMV

Operating System:
Windows® XP, Windows Vista®, Windows® 7, Windows® 8

Software:
Windows Media Player 10 (or higher)
.NET Framework 4.0

Homepage: http://www.ashampoo.com

Solidfiles
Putlocker
filecloud
Tusfiles
- See more at: http://www.vipdls.com/2013/11/ashampoo-movie-studio-pro-v1038-incl.html#sthash.CJgj8ZOq.dpuf
Made for professionals, Ashampoo Movie Studio Pro delivers the highest quality in picture and sound.

-Captivate your audience with crystal clear high definition video
-Create immersive movie experiences with enveloping Dolby Digital 5.1 surround sound
-Edit your movies to perfection with professional scene transitions and templates

As sharp as reality
Highly efficient video compression technology ensures picture quality won't suffer over compact file size. Ashampoo Movie Studio Pro imports high definition MPEG-2 and MPEG-4 as well as H264 and exports to MP4, M4V and MKV for sharp and crisp images.

Enveloping audio

Don't just see it, feel it! Ashampoo Movie Studio Pro uses Dolby Digital audio technology for rich and vibrant surround sound that puts viewers right into your scenes.

Edit to perfection

From cutting and trimming to scene transitions, Ashampoo Movie Studio Pro makes perfect editing perfectly simple. Adjust brightness, contrast and saturation, add background music and normalize volumes. Blend scenes seamlessly together and add subtlety through effects such as Sepia.
Ashampoo Movie Studio Pro - Professional HD video editing with Dolby Digital audio technology for your videos.

Features:

Support for HD (1080p and 720p)
Dolby Digital 5.1 Creator, Dolby Digital Stereo Creator, Dolby Digital Decoder
Efficient task-oriented user interface
Video editing: Cut, trim and convert, adjust brightness, contrast, gamma, saturation and sharpness, rotate and mirror, adjust/normalize volumes
Opening/closing credits and text overlays with animation support
Transition effects: Black out, Circular, Fade, Move down, Move left, Move right, Move up, White out
Special effects: Greyscale, Sepia, Inverse, Old movie
Background music: Adjustable length and position
Integrated video conversion tool
Input formats: *.263, *.264, *.ASF, *.ASX, *.AVI, H261, *.H263, *.H264, *.M1V, *.M2T, *.M2V, *.MP2V, *.MPA, *.MPE, *.MPEG, *.MPEGTS, *.MPG, *.MPV2, *.VC1, .WEBM, *.WMV, *.WMX, *.WTV, *.WXV
Output formats: AVI, MPEG-2, MPEG-4, M4V, MKV, WMV

Operating System:
Windows® XP, Windows Vista®, Windows® 7, Windows® 8

Software:
Windows Media Player 10 (or higher)
.NET Framework 4.0

Homepage: http://www.ashampoo.com - See more at: http://www.vipdls.com/2013/11/ashampoo-movie-studio-pro-v1038-incl.html#sthash.CJgj8ZOq.dpuf