ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Sunday, November 10, 2013

Recorder များ အသံဖမ်းဆော့ဖ်ဝဲများ စုစည်းမှု

ကဲဗျာ ကျုပ်လည်း ဟိုတစ်နေ့က ချစ်အစ်ကိုကြီးက အသံဖမ်းတဲ့ဆော့ဖ်ဝဲလိုချင်ပါတယ်ဆိုလို့ ဂူးဂဲလ်မှာ
လိုက်ရှာရတာပေါ့။ ကျုပ်စမ်းသုံးကြည့်တာ ကြိုက်တာလည်းပါတယ်။ မကြိုက်တာလည်းပါတာပေါ့ဗျာ။ ၈မျိုးထည့်ပေးလိုက်တယ်။ ကောင်းတာ ကြိုက်တာလေး သုံးကြပေါ့။ ကိုယ့်မှာ တစ်ကယ်လိုအပ်လို့ အသုံးလို
တဲ့အချိန်မှာ အင်တာနက်က လိုင်းမကောင်းရင် ဒေါင်းနေရတာနဲ့ ရှာရဖွေရနဲ့ မလွယ်ပါဘူး။ ရတုန်းရခိုက်
မှာ ဒေါင်းထားလိုက်တာကောင်းပါတယ်။ ဖိုင်ဆိုက်ကလည်း သိပ်မကြီးပါဘူး။ 11MB ဘဲ ရှိပါတယ်။ ဒေါင်းပြီး
လို့ရှိရင် တစ်ခုပြီး တစ်ခု သုံးစမ်းကြည့်ပါ ကိုယ်အကြိုက်ဆုံးလေး နှစ်ခုသုံးခုလောက် ချန်ထားပေါ့ဗျာ။ တစ်
ကယ်လိုအပ်လာရင် သုံးနိုင်အောင်ပေါ့။ ဖုန်းနဲ့ အသံဖမ်းရတာဆိုတော့ အသံဖမ်းစက် သီးသန့်ဝယ်တဲ့ဟာ
လောက်တော့ မကောင်းဘူးပေါ့ဗျာ။ အသံဖမ်းစက်ကလည်း တရုတ်က လာတာသည်ပင် 20000 သောင်း
25000 ခွဲလောက်ရှိတယ်ဗျ။ အဒီကောင်တွေလောက်တော့ အသံဆွဲအား ဘယ်ကောင်းမှာလည်း သို့သော်
လည်း သီးသန့်ကြီး ၀ယ်သုံးမယ်ဆိုလည်း မဖြစ်နိုင်တဲ့သူတွေအတွက်ပေါ့ဗျာ။ ဖုန်းလေးနဲ့ ကိုယ်အသံဖမ်းချင်
တာကို ဖမ်းပြီးတော့ ယူထားလို့ရတာပေါ့။ များသောအားဖြင့်ကတော့ အသံဖမ်းတဲ့ ဖိုင်တွေက ဖိုင်ဆိုက်ငယ်
ပါတယ်။ မိမိဖမ်းယူထားတဲ့ အသံကိုလည်း ဝေမျှလို့ရသလို မိမိဥာဏ်ရှိသလို အသုံးချနိုင်ပါတယ်။ ဥပမာပေါ့
မိမိချစ်သူကို ပြောချင်တဲ့ စကားတွေအသံဖမ်းထားပြီးတော့ Viber တို့ free PP တို့နှင့်လည်း ပို့လို့ ရနိုင်ပါ
တယ်။ စမ်းတော့ မကြည့်မိဘူးနော် သူ့မူရင်းပါတဲ့ အသံဖမ်းတဲ့ကောင်နဲ့ အသံဖမ်းပို့ရင်တော့ ပိုအဆင်ပြေ
တာပေါ့ဗျာ။ ကဲ ဒီလောက်ဆိုရင် အသံမက်ဆေ့ချန်တဲ့ကိစ္စလည်း နဲနဲရိပ်မိလောက်ရောပေါ့ ။

0 အားပေးစကားပြောကြားကြပါ:

Post a Comment