This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, January 28, 2013

WhosOnmyWiFi v2.1.2 ကိုယ့်ဝိုင်ဖိုင် ဘယ်သူခိုးသုံးနေလဲ

ဒါလေးတော့ လိုရမယ်ရပေါ့ဗျာ ဘယ်သူမှတော့ မသုံးလောက်ပါဘူး။ ဒါပေမယ့် အထူးအဆန်းဆို လူတိုင်း
ကလိချင်ကြတာ ဓမ္မတာဘဲလေ။ ဟုတ်တာမဟုတ်တာ အပထား စမ်းသုံးလိုရင်တော့ အောက်မှာဒေါင်းသွား
ကောင်းရင်းထား မကောင်းရင်သွားပေါ့။ ဟုတ်ဘူးလား ဆော့ဝဲတာမရေးတတ်တယ် လူကအကောင်းတော့
ကြိုက်သား။ ဟား ဟား ဟုတ်တယ်နော် ဒို့ကတော့ ဒီလိုဘဲ။ ကဲပြောနေတာကြာတယ် မရှိသေးရင် စမ်းသုံး
နိုင်အောင် ယူသွားကြပေတော့ဗျာ။
۩۩۩۩  DOWNLOAD BOX.COM ۩۩۩۩

uTorrent SpeedUp PRO 2.7.0.0

Internet Speed မြင့်တဲ့ဆော့ဝဲလေးနဲ့တူပါတယ်။ ဘားတန်းမှာ facebook Skype Radio တွေရော ပေါ်
လာတယ်ဗျာ အတော်လေးတော့ စုံတယ် ရထားတာလေးတော့ တစ်ပတ်လောက်ရှိပြီ။ မသုံးစမ်းရသေးတာ
ဒီနေ့တော့ စမ်းတင်ကြည့်တာ မဆိုးဘူးလို့ဘဲ ပြောရမှာပေါ့။ Network Interface မှာ မိမိသုံးနေတဲ့ Internet အမျိုးအစားကို ရွေးးပေးပါ အဒါပြီးရင်တော့ ACCELERATE! လေးကို နှိပ်ပေးလိုက်ပါ အသုံးပြုတဲ့
အချိန်တွေပါ မှတ်သားပေးထားတယ် ကောင့်မယ့်ပုံဘဲနော် ak-softwares.blogspot.com ကရလာတာ
လေးပါ ကဲမသုံးဖူးသေးတဲ့ဆော့ဝဲလေး စမ်းသပ်သုံးကြည့်လိုရင်တော့ ယူသွားကြပေါ့ဗျာ။ ကိုယ်လည်း ချစ်လူမိုက် လုပ်နေတာ ဟိုတစ်နေ့ကတော့ ဆော့ဝဲတွေထည့်စမ်းရင်းနဲ့ Shutdow တောင်ချမရဖြစ်သွား
တယ်။ ဆော့ဝဲတွေ လိုက်ဖြုတ်ကြည့်တော့လည်း အဆင်မပြေတာနဲ့ Restore ပြန်လုပ်လိုက်မှ အဆင်ပြေ
သွားတယ် တော်သေးတာပေါ့ Restore Point တွေ မဖျက်ထားမိလို့ ဖျက်ထားရင်တော့ တင်ပြန်ဦးတော့
Window ပေါ့။ ကျုပ်တော့စိတ်ရှုတ်မခံဘူး စက်လေးလာရင် အဆင်မပြေရင်တော့ Window အသစ်တင်
လိုက်တာဘဲဗျာ။ ဆော့ဝဲတွေလည်း ဒီလိုဘဲ ကတ်ဖဲ့ဖဲ့လုပ်နေရင် ဖြုတ်တတ်လုပ်တာဘဲ။ ငါ့ဘော်ဒါတွေ
တောင် သိလို့နေပြီ။ ငါနည်းကိုပြောပါတယ်။ ကဲလိုအပ်ရင် သုံးစမ်းလိုရင်တော့ ဒေါင်းသွားကြပေတော့။
۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩
other Link
www.boostyourdownload.com/

Sunday, January 27, 2013

အင်ကြင်းကျောက် အကြောင်း သိကောင်းစရာများ

ကိုထူးဆဏ်းရေးသား တင်ပြထားတဲ့ အင်ကြင်းကျောက်နဲ့ ပါတ်သက်တာလေးကို တင်ပေးလိုက်ပါတယ်။ ဗဟုသုတဖြစ်ပေါ့ဗျာ။ တရုတ်ကြီးကတော့ အကုန်ဝယ်တယ်နော် လူဝယ်တယ် ကျောက်ဝယ်တယ် မွေတွေ
လည်း ၀ယ်တယ် အစစအရာအရာ မြန်မာပြည် ဗမာပြည်ကထွက်တာမှန်သမျှ အကုန်ဝယ်တယ်ဗျာ။ အခုပြောမှာကတော့ သရုပ်ကြီးဘဲခေါ်ခေါ် တယုတ်ကြီးဘဲပြောပြော တရုတ်ကြီးဘဲပြောပြော အဲဒီကောင်
တွေကတော့ ကျောက်စရာကောင်းလောက်အောင်ကို ၀ယ်နေတယ်။ လူဝယ်လိုအားကလည်း မနဲမနော်ပါ
ဘဲ သန်းခြောက်ဆယ်ကျော်လောက် လိုအပ်နေတာတဲ့ဗျာ ကျုပ်တို့မြန်မာပြည် ဗမာပြည်တစ်ပြည်လုံး လူ
အားလုံးပေါင်းမှ သန်းခြောက်ဆယ်ကျော်လေးဘဲရှိတာ သူတို့ရဲ့ မိန်းကလေးလိုအပ်ချက်ကတော့ အဲဒီ
လောက်ရှိတယ်ဆိုတော့ ကျောက်စရာဘဲဗျာ။ လူမှောင်ခိုဈေးကွက်ဟာ ဒီကနေဖြစ်နေတာနေမှာနော်။



တရုတ်ကြီးတွေရဲ့ ကလေးမွေးရာမှာ ကန့်သတ်ချက်ကြောင့် မိန်းမလိုအပ်ချက်တွေ ဖြစ်လာတာ မိတ်ဆွေများ
လည်း အသိဘဲ။ ဒါတွေထား အင်ကြင်းကျောက်တွေလည်း အခုကြေးကြီးပေးဝယ်တယ် သူတို့က သိန်းတစ်
ရာနှင့် ၀ယ်တယ်ဆို ဆယ်ဆမကမြတ်တယ်ဆိုတော့ကာ ဒီနေရာမှာ ပြောချင်တာက မြန်မာလူမျိုးတွေဟာ
ကုန်ကြမ်းတွေတော့ ရှိတယ် အဲဒီကုန်ကြမ်းတွေကို ကုန်ချောအဖြစ်ထုတ်လုပ်ပြီးတော့ ရောင်းချမယ်ဆိုလို့
ရှိရင် ပိုပြီးတော့ တိုင်းသူပြည်သားတွေ ခံစားရတာ ပိုကောင်းလာမယ်။ ဒါကြောင့်ဒါတွေကို ငွေကြေးတတ်နိုင်
တဲ့ သူတွေကနေပြီးတော့ ကိုယ့်တိုင်းရင်းသား အချင်းချင်း စာနာနားလည်စွာနဲ့ အလုပ်တွေ တွဲလုပ်ကြမယ်
ဆိုရင် မကောင်းဘူးလား။ ကုန်ကြမ်းတွေချည်း ရောင်းနေရင် မမြတ်ဘူး။ ဥပမာဗျာ ကျွန်းတစ်တန်ကို 7 သိန်းထားဦး အဲဒီကျွန်းတစ်တန်ဟာ ကုန်ချောဖြစ်သွားရင် 15 သိန်းလည်းဖြစ်နိုင်သလို 25 သိန်းလည်းဖြစ်နိုင်
တယ် ဒီတော့ကာ ကုန်ကြမ်းအဖြစ်ဘဲ မရောင်းဘဲ ပြည်တွင်းမှာ ကုန်ချောအဖြစ် ထုတ်လုပ်ပြီးတော့ကာ
ရောင်းချမယ်ဆိုရင် ဒီထက်အမြတ်လည်းများမယ် ပိုလည်းအကျိုးရှိမယ်ထင်ပါတယ်။ ဒါကြောင့်ငွေကြေး
တတ်နိုင်တဲ့သူတွေက ငွေကို အလကားဘဏ်မှာ အပ်ပြီးတော့ ထားနေမယ့်အစား အကျိုးများမယ့် အရာတွေ
ကို စဉ်းစားချင့်ချိန်ပြီးတော့ကာ လုပ်မယ်ဆိုရင် ပိုအဆင်ပြေလာမယ်ထင်တယ်။ ရောင်းချင်တဲ့သူကလည်း
ပြည်တွင်းမှာဘဲရောင်းပေါ့ ဒါမှသာ တိုင်းပြည်မျက်နှာပန်းလည်းလှမယ် အကျိုးလည်းများမယ်။ အခုတော့ သူများပြည်သွားပြီးရောင်းရတော့ ဟိုကနှိမ်ရင်လည်း ခံရဦးမယ်။ အောက်ကြို့ပြီးတော့ ရောင်းမယ့်အစား
အဆင့်အတန်းမြင့်မြင့်နဲ့တာ ပြုလုပ်ရောင်းချမယ်ဆိုရင် မျက်နှာမငယ်ရတော့ဘူးပေါ့ဗျာ။ ရချင်ရင်လာခဲ့။ ဒါမျိုးပေါ့ ဟုတ်ဘူးလား။ ကျုပ်တို့တွေလည်း ကားမထုတ်တတ်တော့ ထုတ်တတ်တဲ့ ဂျပန်တို့ ကိုးရီးယားတို့
သွားပြီး ၀ယ်ရသလိုမျိုးပေါ့။ သူတို့တွေလည်း ၀ယ်ချင်ရင် ရချင်ရင်တော့ လာရမှာဘဲလေ။ ကဲဗျာ ဒီလောက်
ပါဘဲ ကိုယ်ကတာပြောနေတာ ကိုယ့်ထက်သိတဲ့သူတွေချည်းပါဘဲ။ သိတော့သိတယ် မလုပ်နိုင်တာနဲ့ တစ်ခြို့ကလည်း မလုပ်တတ်တာ အဲဒါတွေကြောင့် ရတာလေးအမြတ်ဘဲဆိုပြီးရောင်းနေရတာ ဒီတိုင်းပြည်
က အဖိုးတန်ကျွန်းတွေလည်း ပြောင်သလောက်ရှိနေပြီ။ နောက်ကျောက်စိမ်းဆိုလည်း ထိုနည်း၎င်း ။ နောက်ပြီးတော့ အများကြီးဘဲနော် အကုန် အကုန်ကို မသွားကြတာ ဒီက ပညာကမတတ် အမျှော်အမြင်
နဲ တစ်ယောက်နဲ့တစ်ယောက် ရန်လိုနေကြရတာနဲ့ တိုင်းပြည်လည်း မွဲနေတဲ့သူတွေ များတာဘဲ အဖတ်တင်
တာပါဘဲ။ ကိုယ့်လူမျိုးအချင်းချင်းမှ မညီညွတ်တာ တစ်ယောက်ကြီးပွါးတာ တစ်ယောက်မနာလိုတဲ့ဟာက
အကျင့်လိုဖြစ်နေပြီ။ အဲဒါတွေက မကောင်းဘူးဗျာ။ တစ်ကယ်မဖြစ်သင့်တဲ့ အရာတွေပါ။ အာဏာရှိတဲ့သူက
လည်း ငါအာဏာရှိတုန်းဆော်မယ်ဆိုတာကြီးပါဘဲ ကိုမင်းကိုနိုင်ဟောပြောသလိုပါဘဲ နားထောင်ဘူးတဲ့
သူတွေတော့သိမယ်။ အဲဒီလိုဘဲဗျာ အကျင့်စာရိတ္တတွေကလည်း အတော်ပျက်စီးနေကြတယ်။ ဒါတွေဟာ
တစ်ယောက်ချင်း တစ်ဦးချင်းကနေ တစ်မိသားစုချင်း တစ်ရွာချင်း အဲဒီလို ကောင်းလာမှ အားလုံးကောင်းပါ့
မယ့် ဒါကြောင့် တစ်ယောက်ချင်းလည်းကောင်းအောင် တစ်မိသားစုချင်းလည်း ကောင်းအောင် တစ်ရွာလုံး
ကောင်းအောင် တစ်မြို့လုံးကောင်းအောင် တတ်နိုင်သလောက် လုပ်ကြစေချင်ပါတယ်ဗျာ။
ကဲဗျာ လေလည်း အတော်လေးရှည်သွားပြီ။ ကျုပ်လည်း သူများရေးသားတာတွေချည်း ဖတ်နေရတာများ
တော့ ကိုယ်ကိုတိုင်ရေးသားထားတာလေးတွေကိုလည်း များများဖတ်နိုင်ဘို့အတွက် စေတနာကောင်းနဲ့
ရေးသားတာပါ။ နေ့စဉ်နှင့်အမျှ သူများတွေရေးသားတဲ့ သတင်းတွေ ကြော်ငြာတွေ စသဖြင့် များစွာဖတ်
နေရတယ်။ ကိုယ်ရေးထားတာလေးတွေကိုတော့ ကိုယ့်ဆိုက်ကိုရောက်တဲ့သူတွေတော့ ဖတ်ဖြစ်ကြမယ်
ထင်ပါတယ်။ မဖတ်ချင်လို့ ကျော်သွားရင်လည်း ဘာမှမဖြစ်ပါဘူး ဖတ်သင့်ဖတ်ထိုက်တာလေးတွေတော့
ဖတ်ကြပေါ့ မှတ်ကြပေါ့ဗျာ။ ကိုယ်မသိသေးတာ သူများသိတယ် သူများမသိသေးတာကိုသိတယ်။ အဲဒီလို
ဘဲ ကိုယ်မသိသေးတာလေးတွေကို ဖတ်ကြပေါ့ဟုတ်ဘူးလား။ ကျုပ်က စာအရေးအသား အတော်ညံ့တယ်
ဗျာ။ မြန်မာစာ ဗမာစာတောင် မှန်အောင်မရေးတတ်ဘူး နောက်ပြီး စာရေးရင် စာလုံးတွေ အကျအနများ
တယ်။ ဒါကြောင့် ပြင်လို့တော့ ဖတ်ကြစေချင်ပါတယ်။ ကျုပ်ရဲ့မိတ်ဆွေ ကိုထူးဆဏ်းရဲ့ အင်ကြင်းကျောက်နဲ့
ပါတ်သက်တာလေးတွေကိုလည်း ဗဟုသုတဖြစ် ဖတ်ဖို့အတွက် အောက်မှာ ဒေါင်းလော့ချလိုက်ပါ။

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩










Saturday, January 26, 2013

WiseRegistry Cleaner Portable v 7.55 ဒေါက်တာလေး

ကဲဒါကတော့ ဒေါက်တာလေးပေါ့ဗျာ။ သွားဆရာဝန်လည်းမဟုတ်သလို မျက်စိဆရာဝန်လည်း မဟုတ်ပါဘူး
သူကတော့ ကွန်ပျူတာ ဒေါက်တာပေါ့ဗျာ။ ကွန်ပျူတာမှာ ကျန်းမာရေးမကောင်းရင် ဆေးလေးကုပေးရတာ
ပေါ့ဗျာ။ ကျုပ်တို့တစ်တွေ နေ့စဉ်နှင့်အမျှ ကွန်ပျူတာကို ပုံမှန်သုံးနေတယ်ဆိုပေမယ့် နောက်ကွယ်ကကောင်
လေးတွေက သိပ်မှတ်မိတာ မင်းဘယ်ကီးနှိပ်တာ အဲဒါမနှိပ်သင့်ဘူး ဘာညာပေါ့ဗျာ။ စသဖြင့် အမှားတွေ
ကို မှတ်သားထားတယ် အဲဒီအမှားတွေကို ဒီကောင်လေးက ပြန်လည်ပြီးတော့ ပြုပြင်ပေးတဲ့ဆော့ဝဲပေါ့။ ဟုတ်လားတော့မသိဘူး ကျုပ်တော့ တော်ကီထည့်နေပြီ။ ဒေါက်တာလေးဘာလေးနဲ့ ဟားဟား ဟ်ုတယ်
မဟုတ်လား ဘယ်သူမှလည်း မရှိဘဲနဲ့ တောင်ပြောမြောက်ပြောနဲ့ တစ်ခါတစ်လေ ကိုယ့်ဟာနဲ့ကို စဉ်းစား
တယ် သူများတွေကော ငါရေးသားတဲ့ စာတွေ ဖတ်ကောဖတ်ရဲ့လားပေါ့ မဖတ်ဘူးဆိုရင်တော့ ငါတော့ အရူးနဲ့ တူနေပြီ။ ဘယ်သူ့ကိုပြောတာလို2 နဲ့ တောင်ရေးမြောက်ရေး အရူးကြီး အပေါကြီးပါကွာလို့ အပြောမခံရသေးတာ ကံကောင်းပါဘဲ။ တစ်ကယ်ဗျာ ကျုပ်စိတ်ထဲမှာ ငါတော့အရူးတစ်ယောက်လိုဖစ်နေ ပါပကောလားလို့ ခံစားရတယ်ဗျာ။ ဖတ်တယ်ဆိုတာလေး သိအောင် မှတ်ချက်လေး ရေးချင်တဲ့စိတ်ရှိရင် 
တစ်လုံးတစ်လေ ရေးပေးပါဦးနော်။ တော်ကြာ ယဉ်ယဉ်လေးနဲ့ ရူးနေသလို ဖြစ်နေမှာ စိုးလို့ပါ။

۩۩۩۩   DOWNLOAD BOX.COM   ۩۩۩۩

۩۩۩۩   DOWNLOAD MDF   ۩۩۩۩

IObitUninstallerPortable V 2.4.6

IObitUninstallerPortable V 2.4.6  ဒီဆော့ဝဲလေးကတော့ ကွန်ပျူတာ ပရိုဂရမ်တွေကို တိကျစွာဖြုတ်ပေးတဲ့
ဆော့ဝဲလေးပေါ့ဗျာ။ တစ်ခြို့ဆော့ဝဲတွေ အထူးသဖြင့် Virus သတ်တဲ့ဆော့ဝဲတွေ ဖြုတ်ရာမှာ ကတ်ဖဲ့ဖဲ့နိုင်
တဲ့ကောင်တွေကို အပြီးတိုင်မောင်းထုတ်နိုင်ပါတယ် ဟေ့ကောင် မင်းဟိုကပ်ဒီကပ်လုပ်မနေနဲ့ မင်းကိုကို
အလုပ်ဖြုတ်တာ အကုန်ထွက်သွားဆိုပြီးတော့ Registry အထဲမှာရောက်နေတဲ့ ကောင်တွေရော အကုန်ထွက်
ကြဆိုပြီး မောင်ထုတ်တဲ့ ဆော့ဝဲပေါ့ဗျာ။ ဒီဆော့ဝဲနှင့် ပါတ်သက်သမျှ အကုန်ထွက်ဆိုပြီး မောင်းထုတ်တဲ့
ကောင်လို့ ကျုပ်အနေနဲ့ သဘောပေါက်တယ်။ ကျုပ်မိတ်ဆွေတွေတော့ မသိဘူး ကျုပ်တော့ အဲဒီလို သဘော
တရားနဲ့ မှတ်ထားလိုက်တာဘဲဗျာ။ ကဲလိုအပ်တယ်နော် ဒါလေးတွေက ပေါ့မကြီးဘဲလေးဆိုတော့လေ။
1 MB ကျော်ကျော်လေးပါ။ ကျုပ်လည်း မကြာသေးခင်ကမှ ကျုပ်ရဲ့ဘော်ဒါများထံမှ ယူလာတာလေးတွေပါ။
သိပ်ကောင်းပါတယ်။ သူတို့က ရှာလည်းရှာတတ်တယ်။ ကီးတွေတောင် ရအောင်ယူနိုင်တဲ့သူတွေ ကျုပ်
တော့ သူတို့လိုမတတ်တော့ လိုက်ပတ်ရှာပြီး ကြိုက်တာလေးတွေ ကောင်းမယ်ထင်တာလေးတွေကို ကိုယ့်
ဆိုက်ပေါ် စုထားလိုက်တာဘဲ မှတ်စုပါ ဆိုနေ ဒီလောက်တော့ ရှိမှာပေါ့ ဟုတ်ဘူးလား...

۩۩۩۩   DOWNLOAD BOX.COM   ۩۩۩۩

WebShot 1.8.8.1+ Portable ၀က်ဆိုက်တွေ ဒေါင်းတဲ့ဆော့ဝဲ

ဝက်ဆိုက်တွေကို ဒေါင်းလော့ချပြီးကြည့်တဲ့ ဆော့ဝဲလေးပါ သိပ်တော့မလိုအပ်ပါဘူးဗျာ။ ခေတ်ကတစ်အား
ကို တိုးတက်နေတာဆိုတော့ ဒီဆော့ဝဲကတော့ သိပ်မလိုအပ်ဘူးလို့ ပြောမယ်ဆိုလည်း ရပါတယ်။ ကျုပ်
လည်း ဘာတင်ပေးရမလဲလို့ လိုက်ရှာရင်းတွေ့တာလေးကို တင်ပေးလိုက်ပါတယ်။ ကျုပ်ဟိုတစ်နေ့က တင်ခဲ့တဲ့ ဖေ့ဘုတ်နှင့် ပါတ်သက်ပြီး List တစ်ခုတည်ဆောက်နည်း သိထားရင် ဘာဆော့ဝဲမှတောင် မလို
ဘူးလို့ ပြောလို့ရပါတယ်။ သတင်းကြည့်ဖို့ကိုပြောတာနော်။ ဒါပေမယ့် Like လုပ်ပျင်းတဲ့ သူတွေအတွက်တော့
ဒီနည်းက အဆင်မပြေဘူး ကျုပ်နည်းကတော့ ကြိုက်ကြိုက်မကြိုက်ကြိုက် Like ဘဲ ဘာဖြစ်လို့လဲဆိုတော့
ကိုယ့်အတွက် သတင်းအချက်အလက်တွေရတယ်လေ။ ဒါကြောင့် ဒီနည်းသုံးတယ်။ အဲဒီတော့ ကျုပ်မှာ Like
တွေ မတွေ့နဲ့ တွေ့ရင်တော့ Like တာဘဲဗျာ။ ဒီနေရာမှာ တစ်ခုပြောချင်တာက ဒို့နိုင်ငံအနေအထားနဲ့တော့
ဒီ Like လုပ်တာ အခက်အခဲမရှိပေမယ့်  India မှာတော့ ဟိုသုံးလေးလလောက်က Like လုပ်တဲ့သူ အဖမ်းခံ
ရတယ်ဗျာ။ အခြေအနေလေးကြည့်လုပ်ပေါ့ဗျာ။ ကိုယ်က နည်းပညာကိုလေ့လာနေတာဆိုရင် နည်းပညာ
ဆိုက်တွေကို Like လုပ်ထား သတင်းဆိုက်တွေ Like လုပ်ထား အဲဒါပြီးရင် ကျုပ်ရဲ့နည်းကို သုံးလိုက်။


ဘာသတင်းကြည့်တဲ့ဆော့ဝဲမှ မလိုတော့ဘူး ဖုန်းနဲ့ ကြည့်မယ်ဆိုလဲ အဆင်ပြေတယ်။ ကွန်ပျူတာနဲ့ ကြည့်ရင်လည်း အဆင်ပြေတယ်။ ဖုန်းနဲ့ကြည့်ချင်ရင်တော့ အင်တာနက်လေးဖွင့်ပြီး နဲနဲလောက်ဆွဲတင်ထား
လိုက်ပေါ့ သတင်းတွေကိုပြောပါတယ်။ အဲဒါပြီးရင်တော့ အင်တာနက်ပိတ်လိုက်ပါ။ ကြည့်လို့ ရပြီလေ။ ကိုယ်
လည်း ညစ်ပတ်ရတော့တာဗျာ အင်တာနက်ဖိုး သိပ်မတတ်နိုင်တော့ ဒီလိုဘဲ အမြဲမဖွင့် ဖွင့်လိုက် ပိတ်လိုက်
နဲ့ ညစ်ပြီး သုံးနေရတာ။ သူများတွေတော့ မသိဘူး ဆက်တိုက်ကြီး ဖွင့်ထားရင် ဘယ်လွယ်မှာလည်းဗျာ။ ဒီတော့ ဒီနည်း သုံးရတာပေါ့ ။ သူတို့ လျော့မပေးတော့လည်း ဒီနည်းကတော့ ကိုယ့်အတွက် ဟန်ကျတယ်။
ဟန်ကျတယ်တာပြောတယ် တစ်လ နှစ်သောင်းဆိုတော့ သိပ်တော့မလွယ်လှဘူးဗျာ။ သူများက 10 နာရီ သုံးရင် 1200 ကုန် ကိုယ်က 2400 ဆိုတော့ကာ မလွယ်ရေးချ မလွယ်ဘူး သူများနိုင်ငံဟာ ဒီ ကီလိုဘိုက်လောက်ကို အလကား အခမဲ့ ပေးသုံးတယ်ပြောတာကြားဖူးတယ်။ ကျုပ်တို့ကတော့ သုံးလို့ရတယ် ဆိုရုံလေးကို မနည်း ငွေကြေးများများပေးပြီး သုံးနေရတာလေ...သြော်ဘ၀ဘ၀ အင်တာနက်တောင် ၀အောင် မသုံးနိုင်တဲ့ဘ၀ ပြည့်ပြည့်၀၀ မသုံးနိုင်တဲ့ဘ၀ စိတ်ချမ်းချမ်းသာသာ မသုံးနိုင်တဲ့ဘ၀ လိုင်းကောင်းကောင်နဲ့ မသုံးနိုင်တဲ့ဘ၀ ဒီလောက်နဲ့တော် ရှေ့ဆက်သိပ်မပြောနဲ့ အလကား
နေရင်း ထောင်ထမင်းစားနေရဦးမယ်။ အဲဒါတော့ ကြောက်တယ်ဗျာ။ ကဲလေကြောရှည်သွားတယ်။ လိုချင်သပဆိုရင်တော့ အောက်မှာ ဒေါင်းလော့ချသွားလိုက်ပါ။

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

Friday, January 25, 2013

မိုဘိုင်းဖုန်းနှင့် ပါတ်သက်တာလေးတွေကို ဒီမှာဒေါင်းပါ

မိုဘိုင်းဆော့ဝဲလေးတွေ ကျုပ်ဟိုအရင်က တင်ပေးထားတာလေးတွေက ဖျက်ခံလိုက်ရတော့ ပျက်သွားပြီ။ ဒါကြောင့် မိုဘိုင်းဖုန်းဆော့ဝဲလေးတွေကို တစ်နေရာထဲမှာ ဒေါင်းလော့ချချင်ရင်ဖြင့် ဒီလင့်လေးကို မှတ်ထား
လိုက်ပါ။ ကျုပ်အနေနဲ့ box.com မှာအကောင့်လျောက်တာ 5GB ရပါတယ် ဒါကြောင့် ဒီမှာ အများဆုံး 3 GB
အထိတင်မယ်ပေါ့ဗျာ။ ဒါတောင်နဲနဲများနေပြီ။ ဖျက်ခံရလို့ ပြန်တင်မယ်ဆိုရင် လွယ်ဘူးဗျာ ။ တင်ရတာက
အတော်ခက်တယ်။ ကဲဘာပဲပြောပြော လိုအပ်မယ်ထင်တာလေးတွေကို တင်ပေးထားပါတယ် လိုအပ်ရင်
တော့ ဒေါင်းလော့ချကြပေါ့။
۩۩۩۩   DOWNLOAD BOX.COM   ۩۩۩۩

۩۩۩۩  DOWNLOAD DROPBOX.COM  ۩۩۩۩

အင်တာနက်ပေါ် ဘယ်လို Upload တင်မလဲ

အင်တာနက်ပေါ်ကို ဘယ်လို Upload လုပ်ပြီး မိမိတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းများကို ဖိုင်တွေ ဝေမျှသုံးစွဲရမလဲ
မိုဘိုင်းဖုန်းဆော့ဝဲတွေကို ကိုယ်တိုင် အင်တာနက်ပေါ်တင်ပြီး သူများကို ဘယ်လိုပေးရမလဲ စတာတွေကို မသိသေးတဲ့ ညီငယ်ညီမငယ်များအတွက် ဒါလေးတင်ပေးလိုက်ပါတယ်ဗျာ။ တစ်ကယ်တော့ မခက်ပါဘူး ခက်တာက အင်တာနက်ပေါ်တင်တာ Upload Speed ကောင်းမှ တင်နိုင်တာလေ ဖိုင်ရှယ်ရာပေးဖို့အတွက်
ဖိုင်တွေ အတင်ခံတဲ့ဆိုက်တွေကတော့ အများကြီးဘဲ ဒါကတော့ လူတိုင်းနီးပါ သိပြီးသားတွေပါ။ ခုဟာက
တော့ Mediafire အကောင့်တစ်ခုလျောက်ပြီး တင်နည်းလေးပါ။ နေမင်းမောင်ရေးထားတာပါ။ ကျုပ်အနေနဲ့
ကတော့ မရေးပေးချင်လို့ မဟုတ်ပါဘူး ။ မခက်ပါဘူး တစ်ခုသိရင် အားလုံးသိသလိုပါဘဲဗျာ။ သူရေးထားတဲ့
စာအုပ်လေးကို နားလည်သဘောပေါက်အောင် ဖတ်မယ်ဆိုရင် ကျန်တာတွေကိုလည်း ဒီနည်းအတိုင်းလိုဘဲ
နည်းတူပါဘဲဗျာ။ box.com ကတော့ 5GB ရပါတယ်။ Mediafire.com ကတော့ 50 GB ရပါတယ် ဒါပေမယ့် သူကတော့ တစ်လဘဲ အာမခံတယ်။ ziddu.com ကလည်း 50 GB ရပါတယ် အကောင့်လျောက်ပြီး တင်ရမှာ
ပေါ့ဗျာ။ နောက်ပြီး solidfiles.com မှာလည်း တင်နိုင်တယ် zippyshare.com မှာလည်း တင်နိုင်တယ် ကျန်တဲ့
ဆိုက်တွေလည်း အများကြီးပါဘဲ အကောင့်လေးလျောက်ပြီး Upload တင် Link လေးကို ကော်ပီကူးပြီး
လင့်ဆိုတာ လိပ်စာဘဲဗျ အဲဒီလိပ်စာလေးကိုပေးတာပါ ကျုပ်တင်ထားတာတွေလည်း ဒီလိုပါဘဲ လင့်လေးကို
ဒီမှာဒေါင်းလော့ချဆိုပြီး တင်ပေးလိုက်တာ ချိတ်ပေးလိုက်တာဘဲ မသိသေးရင်ဖတ်လိုက်။ ခက်ပါဘူး ။လွယ်
ပါတယ်နော်

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။


 


۩۩۩۩   DOWNLOAD BOX.COM  ۩۩۩۩
۩۩۩۩  DOWNLOAD DROPBOX.COM  ۩۩۩۩

Thursday, January 24, 2013

facebook.com/bookmarks/interests နှင့် facebook ဟာ ၀က်သားနှင့် တူခြင်းအကြောင်း

အမှန်ပြောရရင် ဖေ့ဘုတ်ကြီးက ၀က်သားနဲ့ တူလာသလိုဘဲ စိတ်ထဲမှာ ခံစားရတယ် ၀က်သားကိုကြော်စား
မလား ချက်စားမလား ကင်စားမလား ဒီလိုဘဲ နည်းအမျိုးမျိုးနဲ့ လုပ်စားကြသလို facebook ကလည်း ဒီလို
ပါဘဲ  facebook မှာ Page တည်ဆောက်မလား။ Group တည်ဆောက်မလား။ နောက်ပြီး facebook Pages တွေရဲ့ သတင်းတွေကို တစ်နေရာတည်းမှာ ထိုင်ကြည့်လို့ ရအောင် တည်ဆောက်မလား။ ကဲနောက်
နည်းတွေလည်း ရှိပါတယ်။ အများကြီးပါနော်။ ခုပြောမှာကတော့ facebook fan Pages တွေကို ဘယ်Page
ကိုမှ မသွားဘဲ ကိုယ့်ဖေ့ဘုတ်နေရာလေးကနေ ထိုင်ကြည့်နည်းလေးပါ။ သူများတော့ မသိဘူး ကျုပ်တော့ ဒီနည်းကို စဉ်းစားနေတာ ဘယ်လိုလုပ်ရမလဲပေါ့ တွေ့ပါပြီ တွေ့ထားသည်မှာ ကြာပြီဖြစ်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပို့စ်အဖြစ်မရောက်ခဲ့ပါဘူး။ ဟိုအရင်က တွေ့ဖူးတာကတော့ Link List ဆိုတာ
တွေ့ဖူးပါတယ် ခုတော့ အဲဒီကောင်မတွေ့တော့ဘူး ဒါပေမယ့် Internet List ကိုပြောပြပါ့မယ်။ ကဲစလိုက်
ရအောင်။ ပထမဆုံး facbook အကောင့်ဝင်ပြီးရင်https://www.facebook.com/bookmarks/interests ဒီနေရာကိုသွားလိုက်ပါ။ ဒါပြီးရင်တော့ Create Last ဆိုတဲ့နေရာလေးကိုရောက်ပါ့မယ်။ ပုံလေးနဲ့ ရှင်းပြတာ
ပိုလွယ်မယ်ထင်လို့ ပုံနဲ့ ပြပေးလိုက်တယ်နော်။ မြား အကွင်းပြထားတဲ့ နေရာလေးတွေကို နှိပ်သွား ရုံပါဘဲ။





 မိမိ Like လုပ်ထားတဲ့ Pages တွေထဲက အကြိုက်ဆုံး Pages 40 / 50 လောက်ရွေးလိုက်ပြီး Next ကိုနှိပ်။
မိမိနာမည် ရေးပေးပါ။ သို့မဟုတ် ချစ်စရာကောင်းတဲ့ နာမည်လေး တစ်ခုလောက်ရေးလိုက်ပြီးတော့ Done ကို နှိပ်ကာ အတည်ပြုပေးလိုက်ပါ။






ကဲဗျာ အားလုံး အဆင်ပြေကြမယ်လို့ထင်ပါတယ် ။ ကျုပ်လို တောသားအညာသား အင်္ဂလိပ်မတတ်သည့်
သူတောင် ဒီလိုလေး လုပ်နိုင်သေးတာဘဲ မိတ်ဆွေတို့လည်း ဒီမြားပြထားတဲ့ အတိုင်း လုပ်မယ်ဆိုရင် လုပ်နိုင်ပါပြီ။ မခက်ပါဘူးနော်။
ကျုပ်နှစ်နည်း စာအုပ်နဲ့ လုပ်ပြထားပါတယ် လိုချင်ရင် ဒေါင်းလော့ချပြီး ကြည့်လုပ်ရှားလိုက်ပါတော့နော်။
တစ်ကယ် ကြိုက်သူအတွက်တော့ တန်ဘိုးကြီးပါတယ်။

ကျုပ်တင်ထားတာလေးတွေ လင့်တွေ သေနေပြီ ထင်လို့ စာအုပ်တွေကိုဘဲ တင်ထားတဲ့ လင့်လေးကို ထည့်ထား
လိုက်တယ်ဗျာ..။ ဒီလင့်တွေကတော့ ဒီအကောင့် ပျက်မှဘဲ ပျက်မှာပါ ဒါကြောင့် ဒါက နဲနဲ စိတ်ချရတယ်ပေါ့ ဗျာ..။ ကဲစာအုပ်တွေ သဘောကျရင်တော့ ဒီအောက်က လင့်နှစ်ခုမှာ ဒေါင်းပါဗျာ..။



 

۩۩۩۩  DOWNLOAD BOX.COM   ۩۩۩۩

Tuesday, January 22, 2013

SuperRam 6.11 တဲ့ဗျာ

Ram အသုံးပြုတာကို ထိန်းသိမ်းပေးမယ့် ဆော့ဝဲဆိုဘဲကွာ တစ်ခါတစ်လေတော့လည်း စက်ကြီးက အတော်
လေးသွားတတ်တာတွေ ကြုံဖူးမှာပါ အဲဒါမျိုးတွေ မဖြစ်အောင် ထိန်းပေးတယ်ဆိုဘဲကွာ။ ဟုတ်မဟုတ်က
တော့ သုံးစမ်းဖူးမှ သိမှာပေါ့ ကျုပ်လည်း တင်ပြီး စမ်းသုံးနေပါပြီ။ တစ်ပတ်လောက်ဆိုရင်တော့ ကောင်းမ
ကောင်းသိရမှာပေါ့။ ခုလောလောဆယ်တော့ သိသေးဘူး။ စမ်းသုံးလိုရင်တော့ အောက်မှာ ဒေါင်းသွားလိုက်
ပါ။ ကျုပ်တင်တာကတော့ Box မှာပါ တစ်ခုကတော့ အပေါင်းသားလင့်ပေါ့...။

۩۩۩۩  DOWNLOAD MEDIAFIRE   ۩۩۩۩

۩۩۩۩   DOWNLOAD BOX.COOM  ۩۩۩۩

Memory ကတ်ကို password နဲ့ပိတ်ထားမယ်

ကဲဒီနည်းပညာလေးကတော့ အပေါင်သားဆီက နည်းပညာလေးပါ။ Memory ကတ်ကို password နဲ့ပိတ်ထား
လိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါ။ ကဲ ဘယ်ပုံဘယ်နည်း သုံးရတယ်ဆိုတာလေးတော့ ကြည့်သွား မှဖြစ်မယ် တော်ကြာ စတစ် တစ်ချောင်း အလကားပစ်လိုက်ရဦးမယ်။ ကဲသူ့ရေးသားမှုလေးဖတ်ကြည့်လိုက် ပါဦး.....။



ဒီဆောစ့်ဝဲလ်လေးကိုပြောရရင်  Memory ကတ်ထဲမှာ အရေးကြီး Data တွေဖြစ်ဖြစ်

အများမသိစေချင်တဲ့ Data တွေဖြစ်ဖြစ် ထည့်ထားတဲ့သူတွေအတွက် အသုံးဝင်မယ့် ဆောစ့်ဝဲလ်လေးပါ

 ဘာဖြစ်လို့လည်းဆိုတော့ ဒီဆောစ့်ဝဲလ်လေး အသုံးပြုထားရင်

မန်မိုရီကတ် ပျောက်သွားတာတောင် ကတ်ထဲက ဒေတာတွေ အခြားသူတွေ ယူလို့မရနိုင်ပါဘူး

မတော်တဆ မန်မိုရီကတ် ပျောက်သွားလို့ တစ်ခြားတစ်ယောက်က ကောက်ရခဲ့ရင်

ကောက်ရခဲ့သူက ဘယ်ကွန်ပျူတာမှာဘဲထည်ပြီးတော့ ဖွင့်ဖွင့် ဘာဖိုင်မှမြင်ရမှာမဟုတ်ပါဘူး

အပေါ်က ဓာတ်ပုံအတိုင်း သုံးဖိုင်လေးဘဲဖြစ်ရမှာပါ

 ပြီးတော့ မန်မိုရီက 576KB လောက်ဘဲရှိတဲ့ ဖိုင်ဆိုဒ်အနေနဲ့တွေ့ရမှာပါ

တကယ်လို့ format လုပ်လိုက်တယ်ဆိုရင်လည်း 576KB လောက်ရှိတဲ့ ပမာဏကိုတွေမြင်ရမှာဆိုတော့

မန်မိုရီကတ်ကို ကောက်ရတဲ့သူ အနေနဲ့ အသုံးပြုလို့လည်းမရပါဘူး

ဒါကြောင့် သုံးသင့်တယ်လို့အကြံပေးချင်ပါတယ်

သူက free ဖြစ်တဲ့အတွက် 4G အထိဘဲ Password ထည့်လို့အဆင်ပြေပါတယ်

http://kashu-sd.co.jp/en/ မှာ Download လုပ်နိုင်ပါတယ်


လုပ်ဆောင်ချက်တွကို Pdf ဖိုင်နဲ့ တစ်ခါတည်းပါပြီးသားပါ

လုပ်ဆောင်ချက်အနေနဲ့ပြောရင် အရင်ဆုံး ဆောစ်ဝဲလ်ကို Install လုပ်ပါ

ပြီးရင် ကိုယ် password ထည့်မယ် မန်မိုရီကတ်ထဲက ဒေတာတွေကို

(အကုန်လုံး)ကွန်ပျူတာရဲ့တစ်နေရာထားလိုက်ပါ


ပြီးရင် ဆောစ့်ဝဲလ်ကို ဖွင့်ပြီး Update ကိုကလစ်လိုက်ပါ ပုံမှာပြထားတဲ့အတိုင်း

format လုပ်ခိုင်းပါမယ် လုပ်လိုက်ပါ (မလုပ်ခင် ကွန်ပျူတာရဲ့တစ်နေရာမှာ ဒေတာတွေသိမ်းထားပါ)


လုပ်ပြီးသွားရင် Password ထည့်ရပါမယ် ပြီးတော့ ok ကိုကလစ်လိုက်ပါ

အဲဒါဆို မန်မိုရီကတ်က Password ထည်ပြီးသားလေးဖြစ်ပါသွာပြီ

4G ရဲ့ မန်မိုရီက  576KB ဖြစ်သွားပါမှာ မန်မိုရီကတ်ထဲဝင်ကြည့်လိုက်ရင်



အပေါ်ဆုံးက ပုံအတိုင်း ဖိုင်သုံးဖိုင် ဒါမှမဟုတ် နှစ်ဖိုင်ကိုမြင်ရမှာပါ

(ဘယ်ကွန်ပျူတာမှာဘဲ မန်မိုရီကတ်ကို ထည့်ထည့်)

USd Enter ဆိုတဲ့ဖိုင်ကို ကလစ်လိုက်ရင်

အပေါ်ဆုံးက ဓာတ်ပုံအတိုင်း Password တောင်းတဲ့ Box လေးကိုတွေ့ရမှာဖြစ်ပါတယ်

ကိုယ်အရင်ဖြည့်ခဲ့တဲ့ Password လေးကိုရိုက်ထည့်လို၇င် 576KB ကနေ 4G အဖြစ်ပြန်လည် တွေ့ရမှာပါ

အဲဒါဆို ကိုယ်ရဲ့ ဒေတာတွေကို ကွန်ပျူတာကနေ ပြန်ပြီးတော့ မန်မိုရီကတ်ထဲကို ထည့်နိုင်ပါပြီ

ဘယ်ကွန်ပျူတာဘဲ ဖွင့်ဖွင့် အပေါ်ဆုံးက ပုံအတိုင်းပေါ်လာမှာပါ

အဲဒါဆို Password ဖြည့်ပြီး အသုံးပြုနိုင်ပါတယ် အဆင်ပြေပါစေ

နောက်တစ်ခုကတော့ သုံးရတာ အလုပ်ရှုပ်တယ် စိတ်ရှုပ်တယ် မသုံးချင်တာ့ဘူဆိုရင်

ဆောစ့်ဝဲလ်လေးကို Install လုပ်ထားတဲ့ ကွန်ပျူတာထဲမှာ မန်မိုရီကတ်ကို ထည့်လိုက်ပါ

Password လေးနဲ့ဖွင့်ပြီးတော့ ဒေတာတွေကို ကွန်ပျူတာရဲ့တစ်နေရာမှာထားလိုက်ပါ

ပြီးသွားရင် မန်မိုရီကတ်ကိုဖြုတ်ပြီး ကွန်ပျူတာပြန်ထည့်ပါ ပြီးရင်

Insatll လုပ်ထားတဲ့ ဆောစ့်ဝဲလ်ကိုဖွင့်ပါ Operation>>>Ininstall

Auto Align Layer နှင့် Quick mask Selection နှင့် Extract Selection (Wheat)

ကဲဖြတ်ဆက်နည်းပညာလေးတွေပါဘဲ တစ်မျိုးနဲ့ တစ်မျိုးမတူပါဘူးဗျာ။ လွယ်မရောင်နဲ့ခက် တိမ်မရောင်နဲ့
နက်ပါတယ်။ မသိသေးရင်တော့ အခက်သားဘဲဗျာ။ အဲဒီတော့ မပျင်းရင်လုပ်စမ်းကြည့်နိုင်အောင် တင်ပေး
လိုက်ပါပြီ။ သဘောကျရင်တော့ ဒေါင်းသွားပေါ့။ နောက်မှဒေါင်းမယ်ဆိုရင်တော့ သဘောပေါ့ ရှိတုန်းလေး
ဒေါင်းထားမယ်ဆိုလည်း သဘောဘဲ။ ၀ါသနာပါတဲ့သူအတွက်တော့ ရွှေပါဘဲ ၀ါသနာမပါရင်တော့ ပျင်းစရာ
ပေါ့။ ဟုတ်ဘူးလား ဘယ်အရာမဆို ၀ါသနာပါမှတာ လုပ်ရမယ်ဆို မလုပ်ဖြစ်တာများသွားမှာပေါ့။ စာသင်ရ
တာပျင်းတယ် ပျင်းပေမယ့် လုပ်ရတာဘဲလေ။ မလုပ်ဘဲနေရင် ကိုယ်ဘဲ အောက်ကျနောက်ကျဖြစ်မှာပေါ့။
ဟုတ်ဘူးလား။ ဒါကြောင့် ပျင်းသော်လည်း တစ်ခါတစ်လေတော့ စမ်းသပ်ကြည့်သင့်ပါတယ်။ ဒါမှ လုပ်ဖူး
တယ်ဆိုရင် တစ်ကယ်တမ်းလုပ်စရာရှိလာလို့ လုပ်တော့မယ်ဆိုရင် ခေါင်းထဲကို သူ့အလိုလို ရောက်လာမယ်
သြော်ဒီနေရာလေးမှာ ဘယ်လိုလုပ်ခဲ့ဘူးတယ်ဆိုတာ လုပ်ဖူးကိုင်ဖူးမှ သိမှာဘဲ မဟုတ်လား။ ဒါကြောင့် စမ်းသပ်ဖူးအောင်တော့ လေ့ကျင့်ထားသင့်ပါတယ်။

۩۩۩۩   DOWNLOAD BOX.COM  ۩۩۩۩   6 MB လေးပါ
۩۩۩۩  DOWNLOAD BOX.COM   ۩۩۩۩   42 MB ဇစ်ဖိုင်လုပ်လိုက်တော့ 33 MB

Blanding & Alignment Two Photo ဖြတ်ဆက်နည်းပညာ

Blanding & Alignment Two Photo ဒီနည်းပညာလေးကတော့ နဲနဲခက်တယ်နော် ဖြတ်ဆက်တဲ့ နည်းပညာ
လေးပါ ကျုပ်အတွက်တော့ လိုအပ်မယ်ထင်တာလေးတွေကို စုထားတယ်လေ။ ကျုပ်လိုဘဲ စုချင်တာဘဲ
ဖြစ်ဖြစ် လေ့လာလိုရင်ဘဲဖြစ်ဖြစ် ယူသွားလိုက်ပါ။ ဒါလေးတွေကတော့ ဆိုင်မှာ ၀ယ်ရင်တော့ ရတာပေါ့ဗျာ။
သို့သော်လည်း အခြေအနေရ မ၀ယ်ဖြစ်တာဘဲဖြစ်ဖြစ် မကူးဖြစ်တာဘဲဖြစ်ဖြစ် အသုံးလိုရင် ဟိုမှာရှာမရ
ဒီမှာ ရှာမရ ဒေါင်းမရတဲ့ ဒုက္ခတွေနဲ့ တိုင်ပတ်နေမှာ စိုးလို့ တင်လိုက်ပါတယ်။ ဘာရယ်တော့မဟုတ်ဘူး။ ရချင်ရင် ယူသွားကြပေါ့။
۩۩۩۩   DOWNLOAD BOX.COM  ۩۩۩۩

Monday, January 21, 2013

Color Balance အသုံးပြုနည်း

Color  Balance အသုံးပြုနည်းကတော့ ဓါတ်ပုံလေးတွေကို အရောင်တူရာ ညှိပေးတာပါဘဲဗျာ။ နဲနဲလေး
တော့ ပညာသားပါတယ်ဗျာ ဒါလေးကမဆိုးဘူး ကျုပ်တောင် မလေ့လာမိသေးလို့ ဒီကောင်လေးတော့
မသိသေးဘူးလို့ဘဲ ပြောရမယ်။ ကဲလေ့မှ လာမှာဆိုတော့ ဒေါင်းပြီးလေ့လိုက်ပါ လာပါလိမ့်မယ် ခိုင်းမယ့်
သူတွေ..ဟား ဟား ဟုတ်တယ် ကိုယ်ကပညာတတ်ထားရင် ငွေကိုင်ပြီး ခိုင်းမယ့်သူတွေက စောင့်နေတာ
နော်။ နာမည်တာကြီးလို့ကတော့ လက်တောင်အားမှာမဟုတ်ဘူး အလုပ်လုပ်ရမှာလေ။ ကျုပ်တော့ အတော်
ပျင်းပါတယ်ဗျာ လုပ်မစားချင်ပါဘူး နဲနဲပါးပါး တီးမိခေါက်မိရုံလောက်တော့ လေ့လာပါတယ်။ လိုအပ်လို့ သုံး
မယ်ဆိုရင် မသိဘဲနေပါလိမ့်မယ် ဒေါင်းထားချင်ဒေါင်းထားလိုက်ပါ။ များသေားအားဖြင့်တော့ ဒါမျိုးလေးတွေ
ကတော့ ကွန်ပျူတာရှိသူတိုင်း ရှိတတ်ပါတယ်။ မရှိသေးတဲ့ သူတွေအတွက်ပေါ့ဗျာ။

۩۩۩۩  DOWNLOAD BOX.COM   ۩۩۩۩

Colour Repairing ကာလာချိန်နည်းလေး

Colour Repairing လေးရဲ့ အဓိက ကီးကတော့ Ctrl + M နှင့် Ctrl + U ကို အသုံးပြုပြီးတော့ ကာလာလေးတွေ
ချိန်တဲ့ နည်းလေးပါ။ ဒီကီးလေးကို အလွတ်ကျက်ထားရင်တော့ ပိုကောင်းတာပေါ့ဗျာ။ များလည်းမများပါဘူး
ရသင့်ရထိုက်တဲ့ ကီးလေးတွေတော့ စိတ်ထဲစွဲနေအောင်တာ မှတ်ထားလိုက်။ ကဲအပြည့်အစုံကြည့်ပြီး လေ့
ကျင့်ခန်းဆင်းလိုရင်တော့ အောက်မှာ ဒေါင်းလိုက်ပါကွယ်။

۩۩۩۩   DOWNLOAD BOX.COM   ۩۩۩۩

Filter > Distort > Lens Correction အသုံးပြုနည်း

ကဲဗျာ Filter > Distort > Lens   Correction အသုံးပြုနည်းကတော့ အိမ်တွေစောင်းနေတာလေးကို ပြုပြင်တဲ့
နည်းလေးပါ။ စောင်းနေတဲ့တိုက်တွေကို Filter > Distort > Lens   Correction ဒီကောင်လေးမှာ လိုသလို ဆွဲ
ပြီးတော့ ပြင်တာလေးပါ။ စောင်းနေတာလေးတွေကို တည့်မတ်သွားအောင် ပြင်ပြီးရင်တော့ OK ပေါ့ 
နောက်ပြီး ဓါတ်ပုံလေးကို Crop Pen Tool နဲ့ ချိန်ကိုက်ဖြတ်နည်းလေးပါဘဲ။ ဒါကတော့ အကျဉ်းပေါ့ အကျယ်
ကိုတော့ ဒေါင်းပြီးတော့ကြည့်ကာ လုပ်ရှားမှ ရမယ်နော်။ လုပ်ရှားမှ မုန့်စားရမယ်ဆိုတဲ့ သဘောပါဘဲ။ မလေ့ရင်တော့ ဘာမှ လာမည်မဟုတ် ဒါကြောင့် လေ့နိုင်မှ လာမှာပါ။ လေ့လိုရင်တော့ ဒေါင်းပြီးကြည့်။   

۩۩۩۩   DOWNLOAD BOX.COM  ۩۩۩۩

Pen Tool ဖြင့် ပုံတွေကို ဖြတ်ထုတ်နည်း

ဓါတ်ပုံပြုပြင်သူတိုင်းဟာ Pen Tool ကိုများသေားအားဖြင့် အသုံးပြုကြရပါတယ်။ သူ့ကိုကျွမ်းကျင်စွာ ကိုင်
တွယ်နိုင်ရင်တော့ အတော်ကောင်းပါတယ်။ ဓါတ်ပုံပြင်တဲ့ပညာမှာ ဒီကောင်ကတော့ အဓိကပါဘဲ။သူ့ကို
ပရော်ဖက်ရှင်နယ် Tool လို့လည်း ပြောကြတယ်တဲ့ကွာ။ ဓါတ်ပြင်တာကတော့ ဒီကောင့်ကို ပိုင်နိုင်အောင်
အတော်လေးကို ကျင့်ယူရမယ်။ ဒီကောင်ကျွမ်းပြီဆိုရင်တော့ ကျန်တာကတော့ သိပ်မခက်ဘူးလို့ ပြောတာ
ဘဲဗျာ။ ဒါကြောင့်ဒီ Pen Tool လေးနဲ့ တွေ့သမျှ ဓါတ်ပုံတွေကို ဖြတ်တောက်ပြီးတော့ လေ့ကျင့်ခန်းဆင်းရုံဘဲ။
ကျုပ်ကတော့ အဓိကလေးတွေဘဲမှတ်ထားတယ်။ Ctrl + T Ctrl +Shift + ECtrl +Alt +D  / Ctrl + J /
Ctrl + B / Ctrl + N / Ctrl + M / Ctrl + L / Ctrl + O / Ctrl + S / Ctrl + Shift + S
ကဲဗျာ ဒီကီးလောက်လေး ရတယ်ဆိုရင်တောင် မဆိုးပါဘူးနော်။ ဒါကတော့ ကျုပ်အလွတ်ရတာလေးပေါ့ ကျန်တာကတော့ Photo Shop ဘားတန်းမှာ လိုက်ရှာလိုက်တော့ ဘာကီးနှိပ်ရင် ဘာထွက်တယ်ဆိုတာ အဲဒီမှာ ပါပြီးသားတွေပါနော်...။
۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

WRAP Effect ပုလင်းပေါ်ကို ဓါတ်ပုံစသည် ကပ်နည်း

ပုလင်းမှာ ဓါတ်ပုံလေးတွေကို ကပ်နည်းတဲ့ဗျာ မသိရင်တော့ ခက်တာပေါ့ သိတော့လွယ်တာပေါ့ဗျာ။ အဲဒီ
တော့ မသိသေးလို့ ခက်နေရင်တော့ ကြည့်သင့်တာကြည့်မှ သိမယ်မဟုတ်လား။ မသိသေးဘူးဆိုရင်တော့
ဘယ်ပုံဘယ်နည်းကပ်ရတယ် ပြုလုပ်ရတယ်ဆိုတာလေးကို တင်ပေးလိုက်ပါပြီ လေ့လာလိုရင်တော့ ဒေါင်း
ပြီးကြည့်ပါ။ အဓိကကတော့ Ctrl + T ပါဘဲ နောက်ပြီးတော့ Ctrl လေးကို ဖိပြီး လိုသလို ဆွဲတာလေးပါ။ ဒါကတော့ ပို့စ်တစ်ခု ဗွီဒီယို တစ်ခုရဲ့ အကျဉ်းလေးပေါ့။ ဒါလေးကလည်း ထည့်ထားလိုက်ရသေးတာဗျာ။ ပျက်
သွားရင် ဟာ ဗွီဒီယိုမရှိတော့ဘူးဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲနေမှာ စိုးလို့ပါ။ Alt လေးကိုဖိပြီး
အနားစွန်းလေးတွေကို မောက်လေးနဲ့ ဆွဲပြီးတော့ ပြင်တဲ့နည်းပါ။ အကျဉ်းလေးပါဘဲနော် လုပ်ကြည့်မှ သိမှာ
မိုပါ အကျယ်ပြောရယ် စာဖတ်ရတာ ပျင်းစရာကောင်းတယ်လေ..ဟုတ်ဘူးလား...ကိုယ့်မှာ လေ့လာစရာ
တွေက အများကြီးလေ။ ဒါကြောင့် ကျဉ်းနိုင်သမျှကျဉ်းအောင်လို့ပါ။

۩۩۩۩  DOWNLOAD BOX.COM   ۩۩۩۩

Sunday, January 20, 2013

Lighting Effect Photo အမဲရောင်သမ်းတာကို ပြင်နည်း

Lighting Effect Photo အမဲရောင်သမ်းတာကို ပြင်နည်းလေးပါဘဲ နောက်တစ်နည်းပေါ့ဗျာ ဖိုင်ဆိုက်လည်း
သေးပါတယ်။ ဆောင်ထားပေါ့ဗျာ။ သုံးနည်းတော့မပြောတော့ဘူး လိုအပ်တယ်လို့ ထင်ရင်တော့ ဒေါင်းထား
တာ ကောင်းပါတယ်။ ပျက်သွားရင် တင်ဖို့ဆိုတာ မလွယ်ပါဘူးဗျာ။ အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။
ဒီနေ့တော့ ပျက်နေတာလေးတွေလည်း တစ်ခုနှစ်ခုလောက် ထပ်ဖြည့်လိုက်ဦးမယ် ပို့စ်ကတော့ ဒီလောက်ပါ
ဘဲနော်။
۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

Smart Guide Line ချိန်ကိုက်မျဉ်းများဖြင့် မိတ္တူပွါးနည်း

Smart Guide Line ချိန်ကိုက်မျဉ်းများဖြင့် မိတ္တူပွါးနည်းတဲ့ဗျာ အတော်လေးကောင်းပါတယ်။ စာအုပ်ရယ် ဗွီဒီ
ယိုရယ် လက်တွေ့ သင်္ခန်းစာလုပ်ဖို့ ဓါတ်ပုံလေးတွေရော အားလုံးပါပါတယ်ဗျာ ပါဆယ်ပါ။ တစ်ကယ် လက်
တွေ့ လုပ်စမ်းလိုတယ်ဆိုရင်တော့ ဆွဲပြီးလေ့ကျင့်ကြပေတော့ဗျာ။ ဒါလေးတွေကတော့ သင်တန်းမှာ ငွေ
ကုန်ခံပြီး မတက်ရဘဲ ခဏတာကြည့်ရုံနဲ့ တတ်မြောက်နိုင်တဲ့ နည်းပညာတစ်ခြို့ပေါ့ဗျာ။ အားလုံးတော့
ဘယ်ကျွမ်းကျင်ပါ့မလဲ တစ်ကယ်ဓါတ်ပုံပညာနဲ့ လုပ်စားမယ်ဆိုရင်တော့ သင်တန်းတက်သင့်ပါတယ်။ အပျော်တန်း ဓါတ်ပုံပြင်တာဆိုရင်တော့ မတက်ဘဲလည်း သူများတွေဆီမှာ ရှိတဲ့ဗွီဒီယိုလေးတွေ လိုက်ကူး
ပြီးတော့ ကိုယ်ဟာနဲ့ကို လေ့လာလို့ ရနိုင်တဲ့ နည်းပညာတွေပါ။ သင်တန်းကတော့ အနည်းဆုံး ၆ သောင်း
လောက်တော့ ကုန်မယ်ပေါ့။ တစ်ခြို့အရာတွေက သင်တန်းမှာ မပါတာလေးတွေရှိပါတယ်။ သင်တန်းဆို
တာကလည်း တစ်ခြို့ကျတော့ အခြေခံလောက်ပါဘဲ တစ်ကယ်ကျွမ်းကျင်ဖို့ကျတော့ လက်တွေ့ဓါတ်ပုံပြင်
စားနေတဲ့ သူတွေမှ သိတာတွေပါ။ သူတို့တွေလောက်တော့ ဘယ်သိနိုင်မလဲ ဓါတ်ပုံပြင်တဲ့သူကလည်း ဓါတ်ပုံပြင်တာဘဲ ကျွမ်းတယ် များသောအားဖြင့်ပေါ့ ကျန်တာသူသိပ်နားမလည်ဘူးဗျ။ ဘာဖြစ်လို့လည်းဆို
တော့ သူက ဓါတ်ပုံပြင်တာလောက်တာ လေ့လာထားတာကိုး ကျန်တာတွေတော့ သိပ်မသိဘူး။ အဲဒီတော့
ဘက်စုံတော်အောင်ကတော့ မလွယ်လှပါဘူး ဒါပေမယ့် တီးမိခေါက်မိအောင်တော့ လုပ်ထားရမယ်မဟုတ်
လား။ ကဲဒါကြောင့် မသိသေးတဲ့ အကွက်တွေဆိုလည်း သိသွားအောင်ပေါ့ဗျာ။ လေ့လာလိုတယ်ဆိုရင်
အောက်မှာ ဒေါင်းလိုက်ပါ။

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

ဓါတ်ပုံမဲနေတာလေးတွေကို အရောင်တင်နည်း ဗွီဒီယိုလေး

ခုတစ်လော ပို့စ်တစ်ခုမှ မတင်နိုင်ဘဲ ဟိုလုပ်ဒီလုပ်နဲ့ အလုပ်များသွားတယ်ဗျာ။ ကဲခုတော့ ဒီဘက်ကို လှည့်
လာပြန်ပါပြီ။ ခုဓါတ်ပုံပြင်တဲ့ ဗွီဒီယိုဖိုင်လေးတွေ ရလာလို့ ဖိုင်ဆိုက်ကလည်း မကြီးတာလေးတွေမို့ နဲနဲပါးပါး
လေ့လာလို့​ရအောင် တင်ပေးမလို့ စိတ်ကူးရှိပါတယ်။ ခုတင်ပေးတာလေးတွေကတော့ Photoshop ကိုမလေ့
လာရသေးတဲ့ သူများအတွက်ပါ။ ကျုပ်ကိုယ်တိုင်ကလည်း Photoshop ကို သင်တန်းမတက်ဖူးပါဘူးဗျာ။ ကျုပ်
ဘော်ဒါ သူငယ်ချင်းကတော့ တက်ဖူးတယ် သူတို့ထံမှာ ဖြတ်နည်းဆက်နည်းလောက်တော့ လေ့လာဖူးတာ
ပေါ့။ ကျန်တာတော့ မလေ့လာဖူးပါဘူး။ များသောအားဖြင့်တော့ ကွန်ပျူတာရှိသူတိုင်း ဒါမျိုးလေးတွေတော့
ရှိကြတာမှန်သော်လည်း ခုမှ ကွန်ပျူတာစကိုင်သူများအတွက်တော့ လိုအပ်မယ်ထင်လို့ လေ့လာနိုင်ပေါ့ဗျာ။
ကဲဗျာ ဓါတ်ပုံမဲနေတာ မှောင်နေတာလေးတွေကို ဘယ်လိုလုပ်ရတယ်ဆိုတာ ဗွီဒီယိုလေးကြည့်ပြီး လုပ်ရှား
လိုက်တော့ဗျာ သဘောကျရင်တော့ ဒေါင်းပြီး လေ့ကျင့်ခန်းဆင်းရုံဘဲ။

۩۩۩۩  DOWNLOAD BOX.COM  ۩۩۩۩

Monday, January 14, 2013

သစ်မွှေး အကြောင်း စပ်မိစပ်ရာ ဆူး မန္တလေးဂဇက်မှ

တနေ့က သစ်မွှေးအကြောင်းကို ကုမ္ပဏီ တခုက ကြော်ညာ စာရွက်ကလေး ရလို့ဖတ်မိရင်း သိချင်စိတ်ကော အားကျပြီး မြေကွက်ဝယ်ပြီး ချက်ချင်း နေ့မဆိုင်း ပြေးပြီး စိုက်ချင်စိတ်ပေါက်မိတယ်။ ဟုတ်မဟုတ် ဖြစ်မဖြစ် ကတော့ နောက်လာမဲ့ ၅နှစ်ဆိုရင် သိမှာပေါ့။ ဖတ်မိတာလေး ဗဟုသုတ အဖြစ် မျှဝေလိုက်ပါတယ်။ ပိုသိတဲ့လူကလည်း သိတဲ့ အကြောင်း နည်းနည်း ၀င်ပြီး ဆွေးနွေးစေလိုပါတယ်။ီနေရာကနေကူးလာတယ် သွားလိုရင်တော့..
 သစ်မွှေး
သစ်မွှေးကို မြေအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သော်လည်း လယ်မြေတွင် စိုက်ပျိုး၍မရပါ။ သစ်မွှေးစိုက်ပျိုးလျှင် ၁။ ရေရရှိရမည်။ ၂။အရိပ်ရရှိရမည်။ ၃။ရေမ၀ပ်စေရပါ။ ထိုအချက် ၃ချက်နှင့် ညီလျှင် စိုက်ပျိုးနိုင်ပါသည်။ စတင်စိုက်ပျိုးချိန်မှ ၂နှစ်သား အထိ အရိပ်ကောင်းစွာ ရရှိရန်လိုအပ်ပါသည်။ ၂နှစ်ကျော်ပါက အရိပ်ပေးရန် မလိုတော့ပါ။  ရာဘာ သီဟိုဠ် သရက်ပင်များကြား၌ ပင်ကြား စိုက်ပျိုးနိုင်ပါသည်။ သစ်မွှေး စိုက်ပျိုးပါက ၁.၅ ၁ပေခွဲ ပတ်လည် နှင့် ၁ပေခွဲ အနက် ကျင်းတူးပြီး စိုက်ကျင်း အတွင်း N:P:K  ၁၅း၁၅း၁၅ (သို့) ၁၆း၁၆း၁၆ ၁ဗူး၊ နွားချေး ၁ပြည်၊ ကြက်ချေး ဗူးတ၀က်၊ မြေဆွေး ၂ပြည် ထည့်၍ စိုက်ပျိုးနိုင်သည်။ အပင် တစ်ပင်နှင့် တစ်ပင် ၄ပေ ၆ပေ ၈ပေ ၁၀ ပေ ခြား စိုက်ပျိုးနိုင်သည်။ ၄-၅ပေခြား စိုက်ပျိုးခြင်းဖြင့် အရိပ် ရေ ၁၂လ ပတ်လုံးပေးနိုင်ပါသည်။ စိုက်ပျိုးပြီး ၄ – ၅ နှစ်ကြာပါက လုံးပတ် ၁၈လက်မ  ရှိလျှင် မှိုစတင်သွင်း၍ အဆီ အခဲ ရယူထုတ်လုပ်နိုင်ပါပြီ။ မှိုသွင်းခြင်း လုပ်ငန်းအား ဆောင်ရွက်သည့် ကုမ္ပဏီ အဖွဲ့အစည်းများ ပြည်တွင်း ပြည်ပ တွင် များစွာ ရှိနေသည့် အတွက် စိတ်ကြိုက် ရွေးချယ် ထုတ်လုပ်နိုင်ပါသည်။
 
သစ်မွှေးကို ပြင်သစ် အမေရိကန် ကနေဒါ ဟော်လန် အင်္ဂလန် ဂျာမနီ ဒူဘိုင်း ဂျပန် ကိုရီးယား လက်ဘနွန် ဂျော်ဒန် တရုတ် ထိုင်ဝမ် စင်္ကာပူ အိန္ဒိယ ပါကစ္စတန် သီရိလင်္ကာ ဆော်ဒီအာရေဗျ နိုင်ငံတို့တွင် ဆေးဝါး သောက်ဆေး ကုန်ကြမ်း အမွှေးနံသာ ကုန်ကြမ်း အဖြစ် အသုံးပြုနေကြသဖြင့် တစ်နေ့ ထက် တစ်နေ့ သစ်မွှေးဈေးကွက် ကျယ်ပြန့်၍ အလွန်တိုးပွားလာပါသည်။ အိုမင်းရင့်ရော်မှုကို တားဆီးသော ဆေးတွင် အဓိက အခန်းကဏက ပါဝင်ပြီး ဈေးကွက်တွင် ၀ယ်လိုအား အလွန်များလှပါသည်။ သစ်မွှေး အခဲ ၁ကီလို ၆၅ကျပ်သား ၀န်းကျင်လျှင် အမေရိကန် ဒေါ်လာ ၂၅၀၀၀ ရရှိနိင်ပါသည်။ သစ်မွှေးတပင်လျှင် ၄-၅ နှစ်အတွင်း မြန်မာ ကျပ်ငွေ အနိမ့်ဆုံး သိန်း ၁၀၀ ရရှိနိုင်ပါသည်။



သစ်မွှေးအမျိုးမျိုး ရှိသည့် အနက် မြန်မာ့ သစ်မွှေးသည် အရည်အသွေး အကောင်းဆုံး ဈေးအကောင်းဆုံး ဖြစ်သည်။ ယိုးဒယားမျိုးများသည် စနစ်တကျ စိုက်ပျိုးထုတ်လုပ်သောကြောင့် သစ်မွှေး ထွက်ရှိမှုများသဖြင့် အသားတင်တွက်နှုန်းကောင်းနေခြင်း ဖြစ်သည်။ မြန်မာ့သစ်မွှေးကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ပါက မြန်မာ့သစ်မွှေးဈေးကွက်တခု ဖြစ်လာနိုင်ပြီး ကမ္ဘာပေါ်တွင် လူကြိုက် အများဆုံး ဖြစ်လာနိုင်ပါသည်။ သစ်မွှေး အဆီ အခဲ ကို ဆော်ဒီအာရေဗျ မှ အများဆုံး ၀ယ်ယူနိုင်ပါသည်.  လှော်ပန် အမွှေးအနံ့ ထွန်းညှိရာ တန်ဖိုးကြီးသော ရေမွှေး အမွှေးတိုင် သစ်မွှေးမှ လက်ဖက်ခြောက် များ ထုတ်လုပ်နိုင်သည့် အပြင် ကုလားအုပ်တွင်ဖြစ်သော ရောဂါများ အသဲရောင် အသားဝါ အဆီဖုံး စီပိုး ဘီပိုး အေအိုင်ဒီအက်စ် တို့ကိုလည်း ခုခံစွမ်းအားမြှင့်စေနိုင်သည့် ဂုဏ်သတ္တိရှိပါသည်။ သစ်မွှေးပင်သည်ပင်စည်ထဲသို ရောဂါ ရ၍ ရောဂါကို ပြန်လည် တွန်းလှန်ရန် (ဥပမာ- မုတ်ကောင်သည် အမှိုက်ဝင်၍ အမှိုက်ကို တွန်းလှန်ချေဖျက် ရာ ပုလဲ ဖြစ်သကဲ့သို့) သစ်မွှေး အဆီ အခဲ ဖြစ်တည်လာခြင်းဖြစ်ပါသည်။ သစ်မွှေး အဆီအခဲ ကို ထုတ်လုပ်၍ ရောဂါကို တွန်းလှန်နိုင်ပါသည်။ သစ်မွှေးပင်သည် ယခင် သစ်မွှေးဖြစ်ရန် အလွန်ကံကောင်းမှ ဖြစ်နိုင်ပါသည်။ ယခု သစ်မွှေးဖြစ်တည်ခြင်း၏ အကြောင်းအရာကို သိပြီး သစ်မွှေးဖြစ်ရန် မှိုဆေး သံ ဂျယ်လီ အင်ဇိုင်း များ ပေါ်ပေါက်နေပြိ ဖြစ်သဖြင့် သစ်မွှေးပင်မှ သစ်မွှေးဖြစ်ရန် ၁၀၀% သေချာသလောက်ဖြစ်နေ ပါပြီ။
၁ပေ ပင်  ၈၀၀ ကျပ်
၂ပေ ပင် ၁၆၀၀ ကျပ်
သစ်မွှေးမျိုးစေ့ (၁၅၀၀ပါ တဗူး)  (ကချင်) ၄၀၀၀၀
သစ်မွှေးမျိုးစေ့ ၅၅၀ပါ တဗူး) (ယိုးဒယား) ၃၀၀၀၀


သစ်မွှေးပျိုးပင်ထက် မျိုးစေ့ဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်
အတွဲ(၁၀) အမှတ်(၄၇)
သစ်မွှေးပျိုးပင်ထက် မျိုးစေ့ဝယ်လိုအားများပြီး ဈေးနှုန်းမြင့်တက်
မြန်မာနိုင်ငံတွင် စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသည့် သစ်မွှေးပင်များ၏ မျိုးစေ့များသည် ရန်ကုန်မြို့တွင် အရောင်း အဝယ် နည်းပါးသော်လည်း နယ်ဈေးကွက်တွင် ဈေးနှုန်းမြင့် တက်လျက်ရှိကြောင်းသိရသည်။ လက်ရှိသည် သစ်မွှေးစိုက်ပျိုးသည့် ရာသီကုန်ဆုံးချိန် ဖြစ်သဖြင့် ရန်ကုန်ဈေးကွက်တွင် မျိုးစေ့နှင့် ပျိုးပင်ပေါက် ရောင်းချရမှု နည်းပါးလျက်ရှိပြီး နယ်မြို့များတွင် သစ်မွှေးမျိုးစေ့ ရောင်းချရမှုမြင့်တက်လျက် ရှိကြောင်း သိရသည်။ ”ရန်ကုန်အနီးတစ်ဝိုက်မှာ ရောင်းချရမှု နည်းသွားတယ်၊နယ်မြို့တွေမှာတော့   ဈးနှုန်းတွေ မြင့်တက်နေတယ်၊ သစ်မွှေး က တစ်ပိုင်တစ်နိုင်ကနေ စီးပွားဖြစ် စိုက်ပျိုးနိုင်တဲ့အတွက် စိတ်ဝင်စားမှုများတယ်”ဟု သစ်မွှေးမျိုးစေ့ရောင်းချသူ တစ်ဦး က ပြောကြားသည်။ ရန်ကုန်ဈေးကွက်သည် စိုက်ပျိုးသည့် ကာလ ပြီးဆုံးချိန်ဖြစ်သဖြင့် ရောင်းချရမှု နည်းပါးသည့်အပြင် ဈေးနှုန်းများပါ လိုက်ပါကျဆင်း လျက်ရှိကြောင်း၊ နယ်မြို့များ တွင်လည်း ပျိုးပင်ထက် မျိုးစေ့ရောင်းချရမှု မြင့်မားနေပြီး မျိုးစေ့ တစ်ဘူး (နို့ဆီဘူး)လျှင် ငွေကျပ် တစ်သိန်းဝန်းကျင် ရှိကြောင်း၊ ပျိုးပင်များအနေဖြင့် တစ်ပင်လျှင် ကျပ် ၅ဝဝဝ မှ ကျပ်၂ဝဝဝဝ အထိရှိပြီး ရောင်းချရမှုနည်းပါးလျက်ရှိ ကြောင်း သိရသည်။ သစ်မွှေးစိုက်ပျိုးခြင်း ၅ နှစ် အတွင်းကျပ် သိန်း ၂ဝ ခန့် အမြတ်ရရှိနိုင်သည့်အပြင် မျိုးကောင်းပါက ရေရှည်စိုက် ပျိုးသွားနိုင်ခြင်းကြောင့် နယ်မြို့များတွင် စိတ်ဝင်စားမှု များပြား လျက်ရှိကြောင်း သိရသည်။ ”သစ်မွှေးစိုက်မယ်ဆိုရင် သက် ဆိုင်ရာရဲ့ခွင့်ပြုချက်နဲ့ ဆေးထိုးခွင့်ကိုပါ တင်ပြရတယ်၊ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြရင် ပြည်ပပို့ကုန် တစ်မျိုးအထိ ဖြစ် လာမှာပါ ”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
 
သစ်မွှေးပင်သည် မြန်မာနိုင်ငံအပါအဝင် တရုတ်နိုင်ငံ တောင်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ စသည့် အာရှတောင်ပိုင်းနိုင်ငံများတွင် စိုက်ပျိုးဖြစ်ထွန်းပြီး သစ်မွှေးဆီသည် တစ်ကမ္ဘာလုံးမှ ဝယ်လိုအားမြင့်မားကြောင်း၊ အာရပ်နိုင်ငံများတွင် သစ်မွှေးဆီများကို ရိုးရာပူဇော်ပွဲများတွင် သာမက အိမ်ဧည့်ခန်းတွင်အသုံးပြုကြသည့်အပြင် သစ်မွှေး ပင်၏ အခေါက်အသားများကိုပါ ဝယ်ယူကြသည့်အတွက် တစ်ပင်လုံး အကျိုးအမြတ်ရရှိကြောင်း သိရသည်။ သစ်မွှေးပင်များအား မျိုးအောင်ရန် ဆေးထည့်သွင်း ခြင်းကို ပြည်တွင်းပြည်ပ ကုမ္ပဏီများမှ ဝန်ဆောင်မှုပေးလျက် ရှိပြီး သစ်တောရေးရာဝန်ကြီးဌာန၏ ခွင့်ပြုချက်ပါရှိရကြောင်း သိရသည်။ ကိုဖြိုး


နိုင်ငံခြားဝင်ငွေ ရရှိနိုင်ရန် သစ်မွှေးကို အလေးထားစိုက်ပျိုး စိုးစန္ဒာဦးနှင့် နေလင်းအောင် အတွဲအမှတ် (၂၅ ၊ အမှတ် ၄၉၄)

အလုပ်သမတစ်ဦးက သစ်မွှေးပျိုးပင်ပေါက်ဥယျာဉ်တစ်ခု၌ အောင်မြင်ဖြစ်ထွန်းမည့်ပျိုးပင်တစ်ပင်ကို ပြနေစဉ်။သစ်မွှေးစိုက်
ပျိုးခြင်းသည် နိုင်ငံခြား ၀င်ငွေရရှိရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်သောကြောင့်လုပ်ငန်းရှင်ကြီးများနှင့်   တောင်သူများကသစ်မွှေး စိုက်ပျိုးခြင်းကို ပိုမိုစိတ်ဝင်စားလာကြ သည်။“သစ်မွှေးက လောလောဆယ် ပြည် တွင်းထုတ်လုပ်အား နည်းနေပါသေး တယ်။အရှေ့အလယ်ပိုင်းဒေသ စော်ဘွား နိုင်ငံတွေကတော့ သစ်မွှေး ကို အဆီထုတ်ပြီးဆေးဝါးနဲ့ အမွှေးအကြိုင် ပြုလုပ်တဲ့နေရာမှာ သုံးကြတယ်” ဟု သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပို ရေးရှင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ ၂၀၀၃ ခုနှစ်မှစ၍အဆိုပါ ကော်ပိုရေးရှင်း က အပင် ၆၀ စမ်းသပ်စိုက်ပျိုး ခဲ့ရာယခုအခါတွင်အပင်ပေါင်း ၂,၀၀၀စိုက်ပျိုးထားကြောင်း၊ သစ်မွှေးမှာ သာမန်အပင်တွင် မမွှေးဘဲမှိုစွဲကပ်ရောဂါဝင်ပြီး အပင်အနာရမှသာလျှင် အမွှေးနံ့ဝင်ကာသစ်မွှေးဖြစ် လာပြီးအပင် လုံးပတ် ၁၀ လက်မ ခန့်အရွယ် တွင် မှိုဆေးသွင်းနိုင်ကြောင်းသိရသည်။ ထိုင်းနိုင်ငံတွင် အပင်သက်ငါးနှစ်၊ ခြောက်နှစ်ခန့်အရွယ်တွင် ဆေးထိုး၍ သစ်မွှေးပြုလုပ်ရာ ယခုအခါ အောင်မြင်နေပြီး   ပြည်ပဈေးကွက် သို့ တင်ပို့နိုင်ပြီ ဖြစ်သည်။
“သစ်မွှေးကအမြဲစိမ်းသစ်တော အမျိုးစားထဲမှာပါတော့ မြန်မာနိုင်ငံ အောက်ပိုင်းမှာ စိုက်လို့ဖြစ်ပေမယ့် စိုက်ပျိုးစရိတ်ကြီးတယ်။ မူရင်း ဒေသဖြစ်တဲ့ကချင်ပြည်နယ်တို့လို နေရာမျိုးမှာစိုက်ရင်မျိုးက ဈေးကြီးတော့   တော ခုတ်၊ မြေယာပြုပြင်တဲ့အချိန်က စပြီး အပင်ပေါက် တဲ့အထိဆိုရင် တစ်ဧက ကို သိန်း ၂၀ ကနေ ၃၀ ကြားလောက် စရိတ်ရှိတော့ တောင်သူက ရင်းနှီးဖို့ တော်တော်စဉ်းစားမယ်။ ပျိုးတစ် ပင်ကို ကျပ် ၁,၅၀၀၊ ၂,၀၀၀ လောက် ရှိတော့ တောင်သူက မြန်မြန်ကြီးပြီး မြန်မြန် ငွေပေါ်မယ့် အပင်မျိုးကိုပဲ စိုက်ချင်ကြ တယ်”ဟု ၎င်းက ပြောကြားသည်။
သစ်မွှေးတစ်ကီလိုဂရမ်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၁၀,၀၀၀ ကျော် တန်ထိရှိသည်။ ပြီးခဲ့သော သုံးလေးနှစ် ခန့်မှစ၍ ပြန်လည် ခေတ်စားလာခြင်း ဖြစ်သည်။ မျိုးတုံးအန္တရာယ် ကျရောက်နေသည့် သစ်ပင်မျိုးနွယ်အဖြစ် သတ်မှတ်၍ ရောင်းဝယ်ဖောက်ကားမှုကို ထိန်းချုပ် ထားသော သစ်မွှေး မျိုးစိတ်ပေါင်း ၁၅ မျိုးခန့်ရှိရာ မြန်မာပြည်တွင် မျိုးစိတ် နှစ်မျိုးရှိကြောင်း သိရသည်။
 
“စိုက်နိုင်ရင်တော့ နိုင်ငံခြားဝင်ငွေ ရရှိဖို့အတွက် အတော်ကောင်းပါတယ်။ တောင်သူတွေလည်း တစ်ပိုင်တစ်နိုင် အနေနဲ့ တစ်အိမ်ကို လေး၊ ငါးဆယ်ပင် လောက် စိုက်ပြီး အောင်သွားတော့ လည်း အကျိုး ရှိတာပေါ့။ လောလော ဆယ်တော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ စိုက်နေတယ်”ဟု ၎င်းက ပြောသည်။
“သစ်မွှေးကို ၂၀၀၉ ခုနှစ် အစော ပိုင်းလောက်ကစပြီး စိုက်ထားတာ။ အခုဆို အပင်က တစ်နှစ်သားလောက် ရှိပြီ။ အခု ခြောက်ဧက စိုက်ပျိုးထားပါ တယ်။ သစ်မွှေးပင်တွေဟာ မြန်မာနိုင်ငံ အနှံမှာ ပေါက်နိုင်ပြီး အပူပိုင်းဒေသတွေ မှာစိုက်ပျိုးရင် မေလကနေ ဇွန်လ အထိ နှစ်လအတွင်းအပြီးစိုက်ပျိုးရတယ်”ဟု   မြစ်ကြီးနားမြို့နယ်တွင် သစ်မွှေးစိုက်ပျိုး သူ တစ်ဦးက ပြောသည်။
 
မိုးဦး၊ မိုးလယ်နှင့် မိုးနှောင်းကာလ သုံးကြိမ်တွင်သာ မြေဩဇာ ထည့်သွင်း ရကြောင်း၊ အပင်သက်တမ်း သုံးနှစ်ပြည့် သောအခါ အပင် ဖျားမှအရင်းအထိ ပင်စည်အတွင်းသို့ လွန်ဖြင့် အပေါက်ငယ်များဖောက်ပြီး   ဆေးထည့်ရကြောင်း ၎င်းက ပြောသည်။ သစ်မွှေးပင်သည်သဘာဝအားဖြင့်အမွှေးနံ့မရှိကြောင်း ၊ဆေးထည့်ပြီးလေးလအကြာ၌ ပေါင်းဆီထုတ်နိုင်သော်လည်း အပင်သက်တမ်း ငါးနှစ်ခြောက်နှစ်သားများတွင် အပင်ကို ခုတ် လှဲပြီး ပေါင်းခံကြောင်း မြစ်ကြီးနား မြို့နယ်တွင် သစ်မွှေးစီးပွားဖြစ် စိုက်ပျိုး သူက ရှင်းပြသည်။ “သစ်မွှေးကို ၂၀၀၈ ခုနှစ်က စတင် စိုက်ပျိုးထားပြီး တစ်ဧကကို အပင် ၆၅၀ နှုန်းနဲ့ ဧကပေါင်း ၆၀ စိုက်ပျိုးထား ပါတယ်။ အစေ့ကို ပျိုး ပြီးတစ်နှစ်သား အရွယ်ရောက်မှတစ်ပေခွဲပတ်လည် အနက်ကျင်းတူးပြီး ပြောင်းရွှေ့ စိုက်ပျိုး တာပါ။ တစ်ပင်ကို ရှစ်ပေခြား စိုက်ပျိုး ပါ တယ်။ အခုဆို အပင်သက်တမ်းက သုံးနှစ်နီးပါးရှိပြီ”ဟု ၎င်းက ပြောသည်။
“အပင်ပေါင်းခံတဲ့အခါမှာတစ်ပင်ကို ပေါင်းအိုးနဲ့သုံးကြိမ်လောက် ပေါင်းခံရပြီးတော့ တစ်အိုးကို ပင်နီစလင် ပုလင်း နှစ်ပုလင်းလောက် ရတယ်။ တစ်ပုလင်း ကို ငွေသုံးသိန်းဝန်းကျင် ဈေးရပြီးတော့ အပင်တစ်ပင်ကို ပင်နီစလင် ပုလင်း ကိုးပုလင်းလောက် ထွက်တယ်။ တန်ဖိုး အနေနဲ့ကတော့ တစ်ပင်ကို ငွေကျပ် ၂၇ သိန်း ၀န်းကျင်ရတယ်”ဟု ၎င်းက ရှင်းပြသည်။

သစ်မွှေးစိုက်ပျိုးရာတွင် တစ်ဧက လျှင် ကျပ် ၆၅ သိန်းခန့် ကုန်ကျပြီး တစ်ပင်လျှင် ၁၅ သိန်းခန့် အမြတ်ရရှိ ကြောင်း၊ ထိုင်းနိုင်ငံထုတ် မှိုဆေးကို အသုံးပြုပါက အထွက်နှုန်းပိုပြီး ကုန်ကျ စရိတ်မှာလည်း မူလထက် လေးဆခန့်ပို မိုကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
သစ် မွှေးကို တိုင်းရင်းဆေးဝါး ထုတ်လုပ်သည့် လုပ်ငန်းများ၊ ရေမွှေး ထုတ်လုပ်ငန်းများတွင် မပါမဖြစ် အသုံး ပြုကြကြောင်း သိရသည်။
http://www.myanmar.mmtimes.com/2010/upper/494/upper03.html



မြန်မာ့သစ်မွှေးရတနာ
စာရေးသူသည် သစ်မွှေးနှင့် မစိမ်းပါ။ ၁၉၆၉-၇ဝ က စာရေးသူတို့၏ ဇာတိ အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့တွင် တစ်ဘက်နိုင်ငံသို့ မှောင်ခို သစ်မွှေးရောင်းဝယ်မှု အလွန်ကြီး ထွားခဲ့ပါသည်။ သစ်မွှေးနှင့် ကြီးပွား သွားကြသူများလည်း ရှိသလို သစ်မွှေးဖြင့် ဘဝပျက်သွားကြသူများလည်း တွေ့မြင်ခဲ့ရပါသည်။
မြန်မာ့သစ်မွှေးသည် ယနေ့ ကာလတွင်လည်း ရတနာတစ်မျိုး ဖြစ်နေပါသည်။ မြန်မာ့သစ်မွှေးသည် ကမ္ဘာ့ ဈေးကွက်သို့ ခြေဆန့်နေပါသည်။ သစ်မွှေးပင်ကို သုံးမျိုးသုံးစား ခွဲခြားနိုင်ပါသည်။ သစ်ပင်တစ်ပင်တည်းမှ ပင်ခွဲလိုက်လျှင် သစ်ကြောလိုက် အကန့်၊ အကန့်လုပ်ပြီး ထွင်းယူရသည့် အသားပိုင်းက တစ်မျိုး၊ အဆီခဲကတစ်မျိုးနှင့် ကျန်တစ်ပင်လုံးက တစ်မျိုးဟူ၍ ကွဲပြားသွားပါသည်။
မြန်မာ့ သစ်မွှေးရတနာဟု ဆိုရသည်မှာ ကာလပေါက်ဈေးက သက်သေခံနေပါသည်။ ထွင်းယူသော သစ်ကြောပိုင်းက တစ်ပိဿာလျှင် တစ်သိန်းမှ ဆယ်သိန်း။ အဆီခဲမှာ တစ်ပိဿာလျှင် ဆယ်သိန်းမှ ၁၅ သိန်း။ သစ်ပင်တစ်ပင်လုံးကို တစ်ပိဿာလျှင် တစ်သောင်းမှ တစ်သိန်းအထိ ဖြစ်နေပါသည်။ ကမ္ဘာ့ပေါက်ဈေးမှာ အကောင်းဆုံး သစ်မွှေးအမျိုးအစားသည် အမေရိကန် ဒေါ်လာ ၂ဝဝဝဝ ခန့်အထိရှိပါသည်။ အဆီဆိုလျှင် တစ်ကီလိုကို ဒေါ်လာ ၄ဝဝဝဝ အထိရှိသည်ဟု ဆိုပါသည်။
သစ်မွှေးဟူသည်
သစ်မွှေးကို ယခင်က အကျော်ဟုလည်း ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့သော်လည်း စီးပွားရေး လောကတွင် သစ်မွှေးဟူ၍သာ ကျော်ကြားထင် ရှားခဲ့ပါသည်။ သစ်မွှေးသည် ဒက်ဖနီ ရေမွှေးပန်းမျိုးရင်းဝင် Thymelae-aleae မျိုးရင်းတစ်ခုဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝဝ ကျော်ကတည်းကပင် အိန္ဒိယနိုင်ငံရှိ ရှေးဟောင်း အာရိယန် လူမျိုးများက စတင်အသုံး ပြုခဲ့ကြောင်း ခိုင်လုံသော အာယုဗေဒ ဆေးကျမ်း အထောက်အထားများ ရှိသည်။ သစ်မွှေးကို အာရိယန်လူမျိုးများက အာဂါ သို့မဟုတ် မဟာဂါဟု ခေါ်ပြီး ဟိန္ဒူဘာသာအရ Agal ဟုခေါ်၍ သက္ကဋဘာသာအရ Agarn ဟုခေါ်ကာ ပါဠိဘာသာအရ Timiza ဟုခေါ်ပါသည်။ ရုက္ခဗေဒ အမည်အားဖြင့် Agnilaria Agalocha Roxb, Aquilariva Malaceensis, အင်္ဂလိပ် အမည်အားဖြင့် ဗါမေတသသိယ Agarwood, Egel-wood or Aloewood ဟုခေါ်၍ ရှေးဟောင်း ဟီးဘရူးတို့၏ သမ္မာကျမ်းစာတွင် Aohra ဟု ခေါ်ခဲ့ကြပါသည်။ တီးတိန် ချင်းတိုင်းရင်းသားများက Houon Noyai ကရင်တိုင်းရင်းသားများက Halow, ကချင်တိုင်းရင်းသားများက Hpum Sou Pum ဟူ၍လည်း ကောင်း၊ မူးရာ Mura ဟူ၍ လည်းကောင်း၊ လီဆူးတို့က Chit Poung ဟုလည်းကောင်း အမျိုးမျိုး ခေါ်ဝေါ်ကြကြောင်း လေ့လာ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံ၌ ဒေသအမျိုး မျိုးကိုလိုက်၍ အမည်အမျိုးမျိုး ခေါ်ဝေါ်ခဲ့ကြပါသည်။ သို့ရာတွင် အထက်၌ ဖော်ပြခဲ့သည့်အတိုင်း သစ်မွှေးဟူ၍ ကျော်ကြားထင်ရှားပါသည်။

သစ်မွှေးပင်သည် အမြင့်ပေ ၄ဝ ခန့်ရှိပြီး လုံးပတ် ၁ဝ ပေခန့်ရှိတတ် ပါသည်။ ပညာရှင်များ လေ့လာတွေ့ ရှိချက်အရ သစ်မွှေးပင်အမျိုးအစား ၁၁ မျိုးခန့်ရှိသော်လည်း Aquilaria, Crossnar နှင့် Aquilaria Malauenis အမျိုးအစားနှစ်မျိုးမှာ အကောင်းဆုံး ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းတို့ကို တနင်္သာရီတိုင်းနှင့် ကချင် ပြည်နယ်တို့တွင် တွေ့ရှိရပါသည်။
ပေါက်ရောက်ရာ ဒေသများ
သစ်မွှေးပင်ပေါက်ရောက်ရာ ဒေသများမှာ အရှေ့တောင်အာရှနှင့် အာရှ ပစိဖိတ်ဒေသများဖြစ်ကြသည်။ အိန္ဒိယ၊ နီပေါ၊ ဘူတန်၊ မြန်မာ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ပါပူးဝါး နယူးဂီနီနှင့် သြစတြေးလျကျွန်းစု အချို့တွင် သဘာဝအတိုင်း ပေါက် ရောက်ကြသည်။ မြန်မာနိုင်ငံတွင် Aquilaria Agalocha Roxb နှင့် Aquilaria Malaccer Lam တို့ကို မှတ်တမ်းတင်ထားပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပေါက်ရောက်ရာ ဒေသများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းတို့ ဖြစ်ကြပါသည်။

ဈေးကွက်ဝင်လာပုံနှင့် သမိုင်းကြောင်း
သစ်မွှေးကို အာရပ်လူမျိုးများက ပိုမိုကြိုက်နှစ်သက်ကြပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင်အသုံးပြုခဲ့ပြီး အာရိယန် လူမျိုးများက စတင်အသုံးပြုကာ အာဂါဟု ခေါ်ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီစဉ်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိက ကုန်ကြမ်းအဖြစ် အသုံးပြုကြောင်း မှတ်သားရဖူးပါသည်။ အာရပ်လူမျိုးတို့သည် သစ်မွှေးကို ဘာသာရေးပွဲတော်မှအစ မိသားစုပိုင်းအထိ မီးထွန်းညှိပြီး မွှေးကြိုင်သည့်ရနံ့ကို ရှူရှိုက်ရင်း အပန်းဖြေကြပြီး ရေမွှေးစသည့် ပစ္စည်းများကို အနံ့ကြာရှည် ခံနိုင်အောင် အသုံးပြုသည်ဟု ဆိုပါသည်။ သစ်မွှေးကို ခရစ်ယာန် သမ္မာကျမ်းစာတွင် ခရစ်တော် မွေးဖွားစဉ်က အရှေ့ဘက်နိုင်ငံမှ ပညာရှင်သုံးဦး ရောက်ရှိလာပြီး ခရစ်တော်အား ပူဇော်ရာတွင် လက်ဆောင်ပစ္စည်းသုံးမျိုးပါ ရှိသည်။ လက်ဆောင်တစ်မျိုးမှာ မူးရာ – Mura ဟုခေါ်သည့် သစ်မွှေး ဖြစ်ပါသည်။ သို့ဖြစ်၍ သစ်မွှေးကို အထွတ်အမြတ် အဖြစ်ပူဇော်ရာတွင် ခရစ်တော် လက်ထက်ကပင် အသုံးပြုခဲ့ကြောင်း သိရှိရပါသည်။ ထို့ကြောင့် ခရစ်ယာန် ဘာသာဝင် အများစုဖြစ်သော ကချင်တိုင်းရင်းသားများက သမ္မာကျမ်းစာအတိုင်းမူးရာဟုလည်း ခေါ်ဝေါ်ခဲ့ကြပါသည်။

သစ်မွှေးသည် ၁၉၆၉ ခုနှစ် နောက်ပိုင်းတွင် ဈေးကောင်းရရှိလာသည်။ ယင်းအချိန်က ပထမတန်း စား တစ်ပိဿာလျှင် ကျပ်တစ် သောင်းဈေး၊ ဒုတိယတန်းစား တစ် ပိဿာလျှင် ၂၅ဝ ကျပ်နှုန်းမှ နောက် ပိုင်းတွင် ပထမတန်းစား တစ်ပိဿာ ကျပ်ငါးသောင်း၊ ဒုတိယတန်းစား တစ်ပိဿာကျပ် နှစ်သောင်းငါးထောင်၊ ရောနှောအတန်းအစား ကျပ်ငါးထောင်အထိ မှောင်ခိုစီးပွားရေး လောကတွင် မြင့်တက်လာခဲ့သည်။ အထက်တွင် တင်ပြခဲ့သည့် အတိုင်း အိန္ဒိယ-မြန်မာ နယ်စပ်တမူးမြို့တွင် ယင်း အချိန်ကာလက သစ်မွှေးနှင့် ကြီးပွားချမ်းသာသွားကြသူများရှိ သလို သစ်မွှေးနှင့် ဘဝပျက်သွား ကြသူများလည်းရှိခဲ့ပါသည်။
သစ်မွှေးဈေးကွက် ချဲ့လာပုံမှာ ဤသို့ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်၊ မဏိပူရပြည်နယ် သစ်မွှေးကုန်သည်၊ သစ်မွှေးစုဆောင်းခွင့်ရသူ အင်ဖာလံမြို့မှ မစ္စတာ အိုဘိုဒင်က အခွန်ပေးဆောင်၍ ပေါက်ဈေးနှင့် ဝယ်ယူစုဆောင်းခဲ့သည်။ လမ်းပန်း ဆက်သွယ်မှု အခက်အခဲများကြောင့် တမူးမြို့မှတစ်ဆင့် မိုးရေးမြို့တွင် မြန်မာပြည်မှ အပြီးပြန်သူတို့ထံ အရောင်းအဝယ်လုပ်သည်။ ဝယ်ယူ သိုလှောင်ခြင်း၊ ပြန်လည် ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။ အာသံ ပြည်နယ်က ကုန်သည်ကြီးများက ယင်းကာလတွင် မြန်မာနိုင်ငံအစိုးရ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ညွှန် ကြားရေးမှူးချုပ်ထံ သစ်မွှေးဝယ်ယူ လိုကြောင်း ဆက်သွယ်ခဲ့သည်ဟု သိရပါသည်။ ဆက်သွယ်သူများထဲမှ အာသံပြည်နယ်၊ ဒူဟာဘီမြို့နေ မစ္စတာ ဒီလစ်ပဒပတာဆိုသူ ပါဝင်သည်။ သူက မြန်မာပြည်က သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး မြန်မာတောင်သူများကို သစ်မွှေးပညာသင်ပေးပါမည်ဟု ဆို ပြီး သစ်တောဦးစီးဌာနသို့ တင်ပြ တောင်းဆိုခဲ့သည်ဟု သိရပါသည်။
ကသည်းလူမျိုးတို့သည် သစ်မွှေး စုဆောင်းရေး အတတ်ပညာ၊ ထုတ်ယူနည်းအတတ်ပညာ ကျွမ်းကျင်ပါသည်။ မြန်မာ-အိန္ဒိယ နယ်စပ်နေ တိုင်းရင်းသားများကိုကသည်း လူမျိုးတို့က သစ်မွှေးထုတ်ယူရေး အတတ်ပညာသင်ကြားပေးပြီး ရှာဖွေ စုဆောင်းကြသည်။ သစ်မွှေးများကို မြန်မာပြည် အရပ်ရပ်မှတစ်ဆင့် အင်ဖာ၊ အာသံ၊ ကာလကတ္တားအထိ သစ်မွှေးအဆီ ထုတ်လုပ်ငန်းရှင်များထံ တင်ပို့ခဲ့ကြသည်။ ထိုမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အာရပ် နိုင်ငံများနှင့် အစ္စရေးနိုင်ငံများသို့ ပို့ပြီး ရောင်းချခဲ့ကြသည်။ အာရပ်နိုင်ငံများသည် ရေနံကြောင့် ချမ်းသာ ကြွယ်ဝလျက်ရှိကြသဖြင့် သစ်မွှေးကို ဈေးကောင်းပေးပြီး ဝယ်ယူခဲ့ကြပါသည်။
 
အသုံးဝင်မှု
အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝ ကျော်ခန့်မှ စတင် အသုံးပြုခဲ့ကြပြီး အာရိယန် လူမျိုးများက စတင် အသုံးပြုကာ အာဂါဟု ခေါ်ခဲ့ကြသည်။ အီဂျစ်လူမျိုးများ အနေဖြင့် မံမီရုပ်အလောင်းများ စီရင်သည့်အခါတွင် သစ်မွှေးအဆီခဲအား အဓိကအသုံးပြုခဲ့ကြောင်းမှတ်သား ဖူးပါသည်။ သစ်မွှေးကို တိုင်းရင်း ဆေးဝါးများ ပြုလုပ်ရာတွင်လည်း အသုံးပြုလေ့ရှိသည်။ အသည်းခြောက်ရောဂါ၊ လေဖြတ်ရောဂါ၊ သွေးကင်ဆာရောဂါ၊ အသည်းရောင် အသားဝါ၊ အေအိုင်ဒီအက်စ် ရောဂါများအတွက် အထူးသင့်လျော်သည်။ ရေမွှေးနှင့် အလှကုန်များ ပြုလုပ်ရာတွင်လည်း အဓိကကုန်ကြမ်းအဖြစ် အသုံးပြု သည်။ ကချင်ပြည်နယ်ဒေသခံ တိုင်း ရင်းသားများက ရိုးရာဆေးဝါးအဖြစ် အသုံးပြုလေ့ရှိသည်။

ဆေးကျမ်းအလိုအရ သစ်မွှေးသည် အေး၏။ အပူကိုနိုင်စေ၏။ ချောင်းဆိုး ရောဂါ၊ နူနာတို့ကို နိုင်စေ၏။ ခါးသောအရသာရှိ၏။ ကြေညက် လွယ်၏။ ဝဖြိုးစေ၏။ အစာမကြေ ရောဂါ၊ မျက်စိရောဂါ၊ နားရောဂါတို့ ကို ပျောက်ကင်းစေ၏။ ဆီးရွှင်စေ၏။ အသည်းနှင့် အူတွင်း၌ ဖြစ်သော ရောဂါများကို ပျောက်ကင်းစေ၏။ ခံတွင်းအနံ့မကောင်းခြင်းကို ပယ်၏ ဟု ဆိုထားပါသည်။
 
နိုင်ငံတကာတွင် တိုင်းရင်းဆေး အမွှေးနံ့သာ၊ အလှကုန်ပစ္စည်းများ၊ အမွှေးတိုင်၊ အဓိက ကုန်ကြမ်းများအဖြစ် ဘာသာရေးဆိုင်ရာများတွင် ပူဇော်ရန် သုံးစွဲကြပြီး အာရပ်လူမျိုးများရှိရာ နိုင်ငံတိုင်း၌ အိမ်တိုင်းတွင် သုံးစွဲကြသည်။ သစ်မွှေးများကို အမှုန့် ပြုလုပ်ပြီး အမွှေးတိုင်များ ပြုလုပ်၍ ထွန်းညှိပူဇော်ခြင်း၊ အမှုန့်အား မီးရှို့၍ အနံ့ကို ရှူရှိုက်ခြင်းများဖြင့် စိတ်ချမ်းမြေ့ခြင်းနှင့် စိတ်ကြည်လင် မှုများဖြစ်စေနိုင်သောကြောင့် အလွန် တန်ဖိုးထားကြခြင်းဖြစ်ပါသည်။
 
စွန့်စားရှာဖွေခဲ့ကြသည့်အတွက် မျိုးတုံးလုနီးပါးဖြစ်ခဲ့
သစ်မွှေးမှောင်ခိုဈေးကွက် ကျယ် ပြန့်လာသည့် ၁၉၆၉-၇ဝ နောက်ပိုင်းတွင် လူငယ် လူရွယ်များသည် စိတ်တူ သဘောတူ ငါးယောက်နှင့် အထက် အဖွဲ့ဖွဲ့၍ ချင်းတွင်းမြစ်တစ်လျှောက် တောတောင်များ၊ မူးမြစ်ရိုးတစ်လျှောက် တောတောင်များ၊ နာဂတောင်တန်း အရောက်ရောက်၊ ကချင်ပြည်နယ် တောနက်ကြီးများ၊ တနင်္သာရီတိုင်း တောတောင်များ၊ မဟာမြိုင် တောလည်းမကျန်၊ ဆင်မကြောက်၊ ကျားမကြောက်၊ သူပုန်မကြောက် နေရာအနှံ့ ကျောပိုးအိတ် တစ်လုံးစီဖြင့် သစ်မွှေးအရှာ ထွက်ခဲ့ကြသည်။ အချို့လည်း စွန့်စားရကျိုး၊ အပင်ပန်းခံရ ကျိုးနပ်ခဲ့ကြသည်။ အချို့လည်း ငှက်ဖျားဒဏ်၊ ပင်ပန်းမှုဒဏ်များသာ အဖတ် တင်ခဲ့ကြသည်။ ဤမျှအထိ သစ်မွှေးလောဘ၊ သစ်မွှေးရတနာက ဂုဏ်ကြီးခဲ့သည်။ ဤမျှတန်ဖိုးကြီးသော၊ ဂုဏ်ကြီးသော သစ်မွှေးပင်များကို အလွန်အမင်း စည်းမဲ့ကမ်း မဲ့ ခုတ်ယူခဲ့ကြသောကြောင့် မျိုးတုံး လုနီးပါး အခြေအနေဖြစ်ပေါ်ခဲ့ရ သည်။


အပင်တွေ့သော်လည်း အဆီတွေ့ချင်မှ တွေ့သည်။ သဘာဝ သစ်မွှေးပင်များတွင် ပျမ်းမျှခြင်းအားဖြင့် ဆယ်ပင်မှာ တစ်ပင်နှုန်းလောက်သာ အဆီတွေ့ရသည်ဟု သိရှိရပါသည်။ သည်တော့ ရတနာဟူသည် ထိုက်တန်သောသူမှ ခံစားရသည်ဟူသော စကားလည်း မှန်နေသည်။ အဖွဲ့တစ်ဖွဲ့က ဤတောဤတောင်တွင် နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သော်လည်း သစ်မွှေးပင်ကို တွေ့ချင်မှတွေ့သည်။ သို့သော် ကံထိုက်သော နောက်တစ်ဖွဲ့က ဤ တောဤတောင်ကို ထပ်မံရောက်ရှိ ရှာဖွေသော် အဆီပြည့်နေသော တန်ဖိုးကြီး သစ်မွှေးပင်ကို တွေ့ရတတ်သည်။ ရတနာဟူသည် နတ်ကြီးလှသည်။ သစ်မွှေးပင်ဟု ဆိုသော်လည်း သာမန်အားဖြင့်မမွှေးဘဲ အပင်များတွင် မှိုစွဲကပ်နေမှသာလျှင် သစ်မွှေး ရရှိပါသည်။ အဆိုပါ သစ်မွှေးရရှိမှသာ တန်ဖိုးကြီးမားသည်။ သို့သော်လည်း သစ်မွှေးရှာအဖွဲ့တို့သည် တွေ့သမျှ သစ်မွှေးပင်ဟူသရွေ့ ခုတ်လှဲ ဖြတ်တောက် အဆီရှာဖွေခဲ့ကြသဖြင့် သဘာဝ တောတောင်များတွင် သစ်မွှေးပင်များ ရှားပါးလာခဲ့သည်။ ဤုသို့ စည်းမဲ့ကမ်းမဲ့ ခုတ်လှဲဖြတ်တောက် ရှာဖွေခဲ့ကြသဖြင့် သစ်မွှေးပင်များသည် မျိုးတုံးလုနီးပါး အခြေအနေ သို့ ရောက်ရှိခဲ့ပါသည်။

သစ်မွှေးဆီဖြစ်ပေါ်စေသော ဆေးသွင်းနည်းတွေ့ရှိ
 
သစ်မွှေး၏ အဓိက ဇာတ်ဆောင်မှာ သစ်မွှေးပိုး သို့မဟုတ် ကပ်ပါးမှို Fungus ဖြစ်ပြီး ရောဂါ တစ်မျိုးမျိုး အပင်အား ထိခိုက်ခံရမှုကြောင့် ယင်းရောဂါပိုးကို အပင်က ပြန်လည်ခုခံ နိုင်ရန်အတွက် လိုအပ်သောအရည်ကို ထုတ်ပေးလာပြီး ထိုရည်အနှစ်မှ သစ်မွှေးဆီအဖြစ် ပြောင်းလဲဖြစ်ပေါ်ခြင်းဖြစ်ကာ သစ်မွှေးပင်၏ သစ်သားရောင်မှာ အဖြူရောင်မှ တဖြည်းဖြည်း အနက်ရောင်သို့ ပြောင်းလဲဖြစ်ပေါ်ပြီး အနံ့မှာလည်း မွှေးရနံ့ထွက်ပေါ်လာ ကြောင်းသိရပါသည်။ သဘာဝ သစ်မွှေးပင်၏ သဘောသဘာဝများကို လေ့လာဖော်ထုတ်ရန် သစ်မွှေးဆီ ဖြစ်ပေါ်မှု အခြေခံ သုတေသန ပြုချက်များအပေါ် အသုံးချလျက် လူတို့ ဖန်တီးစိုက်ပျိုးရရှိသည့် သစ်မွှေးပင်အား သစ်မွှေးဆီ ဖြစ်ပေါ်စေသော မှိုများမွေးမြူကာ ဆေးထိုးသွင်းခြင်းဖြင့် သစ်မွှေးဆီ ထွက်ရှိသည့် အပင်ရရှိနိုင် ကြောင်းသိရပါသည်။ အကောင်းဆုံး သစ်မွှေးမှာ အနက်ဖြစ်ပြီး ရေတွင် ထည့်ကြည့်ပါက နစ်မြုပ်သွားကြောင်း။ ဒေသအလိုက် သစ်မွှေး အတန်းအစား ကွဲပြားနိုင်ပြီး သစ်မွှေး ဆီပါဝင်မှု ရနံ့နှင့် သိပ်သည်းဆတို့ ကွဲပြားမှုအပေါ် တန်ဖိုးကွာခြားကြောင်း သိရှိရပါသည်။


အပင်သက်တမ်း လေးနှစ်မှ ခြောက်နှစ်အရွယ် မေလနောက်ဆုံးပတ်နှင့် ဇွန်လအတွင်း မှိုမျိုးထည့် သွင်းရန်သင့်လျော်သည်။ မှိုသွင်းပြီး တစ်နှစ်ကြာပါက သစ်မွှေးထုတ် ယူနိုင်ပြီ ဖြစ်ပါသည်။ သစ်မွှေးတစ်ပင်လျှင် သစ်မွှေးဆီ ကီလို ၂ဝ မှ ၄ဝ အထိ ရရှိနိုင်ကြောင်း သိရှိရပါသည်။ သစ်မွှေးကို မတ်လမှ မေလအတွင်း ထုတ်ယူပါက အသင့်တော်ဆုံး ဖြစ်သည်။ သစ်မွှေးအတန်းအစား ခွဲခြားရာ၌ အထက်တွင် တင်ပြခဲ့သည့်အတိုင်း သစ်မွှေးတုံးသည် အနက်ရောင်ရှိပြီး ရေတွင်နစ်မြုပ်ပါက ပထမတန်းစားဟု သတ်မှတ်ပြီး ရေတွင်ပေါ်ပါက ဒုတိယတန်းစားဟု သတ်မှတ်ပါသည်။
သစ်မွှေးပင်ကောင်းဖြစ်ရန် မှိုမျိုးသန့်သန့် သွင်းပေးရန် လိုအပ်ပါသည်။ ထိုင်းနိုင်ငံ၌ ပင်စည်အခေါက်ကို ငါးစင်တီမီတာ အကျယ်၊ ၃၇ စင်တီမီ တာ အရှည်ခွာ၍ အပေါက်ဖောက်ပြီး မျိုးသွင်းရသည်။ သစ်မွှေးဖြစ်ရန် လိုအပ်သော Phaeoacrvmonium Parqsiaica မှိုမျိုးသန့်သန့်ဖြစ်ရန် လိုအပ်ကြောင်း သိရှိရပါသည်။
ယခုအခါ ပြည်တွင်းရှိ ကုမ္ပဏီ များသည်လည်း ဆေးသွင်းနည်းကို ဆောင်ရွက်နိုင်ပြီဖြစ်၍ စီးပွားဖြစ် စိုက်ပျိုးရေးကို ကုမ္ပဏီများရော တစ်ဦးချင်းပါ အကောင်အထည် ဖော်နေကြပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သစ်မွှေးပင် စိုက်ပျိုးရေးကို စီးပွားဖြစ် စိုက်ပျိုးရန်အတွက် ပြည်ပ ကုမ္ပဏီ များ စိတ်ဝင်စားမှုရှိလာပြီး အကျိုး တူပူးပေါင်းဆောင်ရွက်ရန် လာရောက် ကြမည်ဟု သိရပါသည်။

မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ပြည်ပ ကုမ္ပဏီများမှာ စင်ကာပူ၊ တရုတ်၊ ထိုင်းနှင့် အင်ဒိုနီးရှား စသည့်နိုင်ငံများမှ အခြေစိုက် ကုမ္ပဏီ များဖြစ်ပြီး ပြည်တွင်း ယူနီဗာဆယ် ဂျနရယ်ထရိတ်ဒင်း ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည်ဟု သိရပါသည်။
တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်း တွင်လည်း မြန်မာနိုင်ငံ၊ ကချင်ပြည် နယ်မှ မျိုးစေ့များ ယူဆောင် စိုက်ပျိုး ၍ ဖြစ်ထွန်းအောင်မြင်လျက်ရှိ ကြောင်း သိရှိရပါသည်။ တစ်ခေတ်ဆန်းသစ်လာတော့မည့် မြန်မာ့သစ်မွှေး
မြန်မာနိုင်ငံရှိ မည်သည့်နေရာ ဒေသမဆို သစ်မွှေးကိုစနစ်တကျ ပြုစုပျိုးထောင်စိုက်ပျိုးပါက ဖြစ်ထွန်း   အောင်မြင်လျက်ရှိပြီး အကျိုးရလဒ် ကြီးမားလှပါသည်။ သဘာဝ တောများတွင် ပေါက်ရောက်သော သစ်မွှေး ပင်များသည် ဆယ်ပင်လျှင် တစ်ပင်သာ သစ်မွှေးဆီ ရှိသည်။ ယခုအခါ ခေတ်မီနည်းအရ အပင်တိုင်းကို ဆေးသွင်းအဆီ ထုတ်ယူနိုင်သည်ဖြစ်၍ တိုင်းနယ်ပြည်နယ်အသီးသီး၊ နိုင်ငံအနှံ့ စိုက်ပျိုးမှုများ ရှိနေကြပြီ ဖြစ်ပါသည်။ အထူးသဖြင့် ယခုအခါ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည် တော်တို့တွင် စီးပွားဖြစ်ရော တစ်နိုင်တစ်ပိုင်ပါ စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် နောင်တွင် သစ်မွှေး စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းသည် မြန်မာနိုင်ငံ အတွက် နိုင်ငံခြားဝင်ငွေ ရှာဖွေပေးသည့် စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာတော့မည်ဖစ်ပါသည်။   မြန်မာ့သစ်မွှေး တစ်ခေတ် ဆန်းသစ်လာတော့မည်ဖြစ်ပါသည်။
မောင်နွယ်သန်း

http://www.zaygwet.com/eco_opinion.php?id=83


ကချင်ပြည်နယ် မှထွက်သောသဘာဝ သစ်မွှေး တရုတ်ကုန်သည်များစိတ်ဝင်စား
August 22, 2011 မြန်မာ့ရောင်နီ Leave a comment Go to comments

မြန်မာပြည်မှ တရုတ်စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားနေသော သစ်မွှေးစိုက်ပျိုးရေးလုပ်ငန်း ( မြန်မာ့ရောင်နီ )
ကချင်ပြည်နယ်မြစ်ကြီးနားမြို့ ရှိသဘာဝ အလျေက်ထွက်ရှိသောသစ်မွှေးကို တရုတ်လုပ်ငန်းရှင်များ စိတ်ဝင်စားလျက်ရှိပြီး သစ်မွှေးခဲတစ်ပိသာကို ကျပ်သိန်း၃၀၀ ခန့်နှင့် ၀ယ်ယူနေကြကြောင်း နယ်စပ်ကုန်သွယ်မှုအသိုင်းအ၀ိုင်းမှ သိရသည်။
ရေမွှေးထုတ်လုပ်ရာတွင် အခြေခံလိုအပ်သော သစ်မွှေးဆီ (ဒသမ ၇၅) ကျပ်သားကို ကျပ် နှစ်သိန်းနှစ်သောင်းနှင့် တရုတ်လုပ်ငန်းရှင်းများဝယ်ယူပြီး အနောက်နိုင်ငံများသို့ ပြန်လည်ရောင်းချကြောင်း သိရသည်။
သစ်မွှေပင်သည် အဓိကအားဖြင့် ကချင်ပြည်နယ် တွင် သဘာဝအလျေက်ပေါက်ရောက်ပြီး သားကောင်များ ၏ ဂျိုနှင့် တိုက်မိခြင်း၊ မိုးကြိုးဖြစ်ခြင်း၊ ဓာနှင့် ခုတ်ခြင်း စသည်ဖြင့် အပင်တွင်အနာတရဖြစ်စေပြီး ထိုအနာကိုပြန်လည်ကုစားရန်အတွက် အပင်မှ အဆီထုတ်လွတ်ပြီး ကြာလာသောအခါ ထိုအဆီများသည် အခဲအဖြစ်တည်ရှိပြီး မွှေးသေားအနံရှိကြောင်း ထိုသဘာဝသစ်မွှေးကိုဒေသခံလီဆူးလူမျိုးများမှ လိုက်လံစုဆောင်းပြီးတရုတ်လုပ်ငန်းရှင်များကို ပြန်လည်ရောင်းချကြောင်း၊ သစ်တောစိမ်းကုမ္မဏီမှ သစ်မွှေး ကိုအဓိက လေ့လာစိုက်ပျိုးနေသူ ကိုဆန်းထွန်းအေးမှ ပြောကြားသည်။
“ သဘာဝသစ်မွှေးက တစ်ပင်ကိုဘယ်လောက်ထွက်တယ်ဆိုတာ ကန့်သက်ချက်မရှိပါဘူး သူက ခြောက်သွားရင်ဂုန်ညင်း လိုပဲ ဒေသခံတွေကတော့ အရေအသွေး စစ်ဆေးတာရေထဲစိမ်လိုက်တယ် မြုတ်သွားရင်အရေသွေးကောင်းတယ် အရေသွေးကောင်းရင် ဈေးကောင်းရတယ် ” ဟု၎င်းက ရှင်းပြသည်။
ထိုသို့ ဈေးကောင်းရသောသဘာဝသစ်မွှေး ကိုပြည်တွင်းလုပ်ငန်းရှင်များအနေနှင့် စိတ်ဝင်စားလျက်ရှိ့ပြီး ၂၀၀၉ စတင်၍ သစ်မွှေး စိုက်ခင်းများကို စိုက်ပျိုးလာကြပြီး ယခုအချိန်ထိ သစ်မွှေးမရှိသောကြောင့် လုပ်ငန်းရှင်များအနေနှင့် သစ်မွှေး ကိုမျိုးစေ့အနေနှင့် ပြန်လည်ရောင်းချခြင်း၊ ပျိုးပင်ပေါက်အနေဖြင့် ရောင်းချခြင်း အဆီရအောင်စိုက်ပျိုးခြင်းနှင့် ဆေးသွင်း၍ သစ်မွှေးရအောင်ဓာတုနည်းဖြင့် လုပ်ယူခြင်း စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ကြသည်။
သစ်မွှေးသည်မြန်မာနိုင်ငံတွင်ဈေးကွက်မရှိသေးကြောင်းထိုသို့ မရှိရခြင်းမှာ သစ်တောဥပဒေဆိုင်ရာအားနည်းချက်များကြောင့်ဖြစ်နိုင်ကြောင်း ကိုဆန်းထွန်းအေးက သုံးသပ်သည်။
“ သစ်တောထွက်ဥပဒေနဲ့ကိုက်ညီမညီတော့ မသိဘူး ဒါပေမယ့် နယ်စပ်တွေမှာလုပ်နေကြတယ် တရုတ်လုပ်ငန်းရှင်တွေအနေနဲ့ ဒါကိုစောင့်ကြည့်နေတာလည်းဖြစ်နိုင်တယ်” ဟု၎င်းကု ဆိုသည်။
သဘာဝသစ်မွှေးသည်မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း၊ စကိုင်းတိုင်းမြောက်ပိုင်းတို့တွင် ထွက်ရှိသောလည်း ကချင်ပြည်နယ်မြစ်ကြီးနားတွင်ထွက်ရှိသောသဘာဝသစ်မွှေးသည် အရေအသွေးကောင်းဆုံးဖြစ်ပြီး ပဲခူရိုးမတစ်ချို့  နေရာများတွင်လည်း အနည်းငယ်တွေ့ရှိရသည်။
http://myanmaryaungni.wordpress.com/2011/08/22/1068/



မြန်မာနိုင်ငံတွင် သစ် မွှေးစိုက်ပျိုးမှုကို ပြည်သူ များပြု လုပ်ခွင့်ပြု လိုက်သည် မှာ မကြာလှ သေးသော် လည်း၊ ယခုလပိုင်းမှစတင် ၍ စီးပွားရေးလုပ်ငန်းရှင် အချို့ သစ်မွှေးပင်စိုက်ပျိုး ရန် စိတ်ဝင်စားမှုများလာ ကြောင်း သိရသည်။အခု စီးပွားရေးလုပ် ငန်းရှင်တွေက သစ်မွှေးဈေး ကွက်ကို
သိသူနည်းနေသေး တယ်။ သစ်မွှေးက သိန်း ၄ဝရင်းရင် တစ်နှစ်၊ နှစ်နှစ် ကြာရင် သိန်း ၄ဝဝ မြတ် နေတော့ စိတ်ဝင်စားလာ ကြတာပါ။ တကယ် လည်း အကျိုးးရှိပါတယ်။ အခု ဦးဆီမှာ သစ်မွှေး ကိုစိတ်ဝင် စားတဲ့ လုပ်ငန်းရှင်တွေလာ ပြီး သစ်မွှေး ပျိုးပင်လာ ဝယ်နေ ကြတယ်။ ဦးက သစ်မွှေး ပျိုးပင်ဝယ်ရင် စိုက်ပျိုး နည်းပါ အခမဲ့လမ်းညွှန် ပေးပါတယ် ဟု ဇောတိက သစ်မွှေး ပင်ရောင်း ဝယ်ရေးမှ ဦးခင်မောင်ထွန်းက ပြော ကြားခဲ့သည်။
သစ်မွှေးပင် စိုက်ပျိုးရေးသည် အမြတ်များစွာ ကျန်သော သမာအာဇီဝ လုပ်ငန်းတစ်ခုဖြစ်ပြီး၊မြန်မာနိုင်ငံတွင် စိုက်ပျိုးသူများ လာပါက နိုင်ငံခြားဝင်ငွေ မြောက်မြားစွာ ရရှိနိုင်ကြောင်းသိရသည်။သစ်မွှေးပင် စိုက်ပျိုး ရာတွင် တစ်ဧကလျှင် အပင် ၅ဝဝမှ၁ဝဝဝခန့် စိုက် ပျိုးနိုင်ကြောင်း သိရသည်။ အပင်ရှင်သန်ကြီးထွားစေရန် အတွက် ရေလောင်းပေါင်း သင်ပေးရပြီး၊ ဓာတ်မြေသြ ဇာ၊ သဘာဝမြေသြဇာ၊ မြေချက်တို့ကို ထည့်ပေးရ ကြောင်း သိရသည်။ အပင် ၏ သက်တမ်းသုံးနှစ် ပြည့် သည့်အခါတွင် သစ်မွှေးဆီ ရရှိရန် ဆေးထိုးရပြီး၊ အပင် ဆေးထိုးပြီး ငါးနှစ်အရွယ် တွင် သစ်မွှေးအဆီခဲများ ပိုမိုစုလာသည်ဟု သိရသည်။ သစ်မွှေး ရှစ်နှစ်သားတစ် ပင်လျှင် ကာလပေါက်ဈေး ငါးသိန်း မှ ၁ဝ သိန်းအထိ ဈေးရှိကြောင်း သိရသည်။
သစ်မွှေးက သက် တမ်းကြာလေ၊ တန်ဖိုးရှိလေ ပါပဲ။ ဦးကတော့ သစ်မွှေး ကို စိုက်ပျိုးစေချင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာ တစ်ပြည်လုံး ချမ်းသာသွား စေချင်လို့ပါပဲ။ သစ်မွှေးမျိုး စေ့ကို နိုင်ငံခြားကမှာ ယူ တယ်။ မျိုးစေ့တစ်သိန်းမှာ တစ်သောင်းကျော်လောက် ပဲ မျိုးအောင်တယ်။ သုံးလ သား အပင်ဝယ်စိုက်ရင် စိတ်ချရပါပြီ။ ဒီထက် အ သက် ကြီးတာဝယ်စိုက်ရင် တော့ အကောင်းဆုံးပေါ့ ဟု ၄င်းကထပ်မံပြောပြ ခဲ့သည်။ယခင်က လူနှစ်ဖက် စာ သစ်မွှေးပင်တစ်ပင်ကို သစ်မွှေးဆီထုတ်ပါက ၁၅ ကျပ်သားမှ ၅ဝ ကျပ်သား အထိသာရရှိကြောင်း သိရ သည်။ ယခုအခါ ဆေးထိုး သွင်း နည်းပညာနှင့် အပင် ကို ဆေးထိုးလိုက်သည့် အ တွက် အပင်၏ထုထည် အ နည်းဆုံး ၂ဝ ရာခိုင်နှုန်းခန့်သစ်မွှေးဆီ ထုတ်နိုင်ပြီဖြစ် ကြောင်း သိရသည်။
နိုင်ငံတကာ ဈေးကွက် အနေဖြင့် အိန္ဒိယ၊ ဂျပန်၊ ကိုရီးယားနှင့် အာရပ်နိုင်ငံ များကို သစ်မွှေးဆီ (Oil) နှင့် သစ်မွှေးသား (Agar Wood)တို့ကိုတင်ပို့ရောင်း ချကြကြောင်း သိရသည်။ ထိုနိုင်ငံများတွင် အစွမ်း ထက်သော တိုင်းရင်းဆေး ဝါးများတွင် သစ်မွှေးဆီကို ကုန်ကြမ်းအဖြစ် အသုံးပြု ကြကြောင်း သိရသည်။သစ်မွှေးဆီကို ရေမွှေး အနှံ့ချုပ်ခြင်း၊ အမွှေးနံ့သာ တိုင်များပြုလုပ်ခြင်းနှင့် အလှ ကုန်ပစ္စည်းများ ထုတ် လုပ်သည့်နေရာများတွင် အ သုံးပြုကြကြောင်းသိရသည်။ သစ်မွှေးသားကိုမူ အာရပ် နိုင်ငံနှင့် အိန္ဒိယနိုင်ငံများ က အများဆုံးဝယ်ယူကြ ပြီး၊ မင်္ဂလာဆောင်၊ အလှူ အတန်းများတွင် သစ်မွှေး သားကိုမီးရှို့ကာ မွှေးရနံ့ ကြိုင်အောင် အသုံးပြုကြ သည်။ ထိုအမွှေးနံ့သာများ ကြောင့် နတ်ကောင်းနတ် မြတ်များကြွလာ၍ မိစ္ဆာ များထွက်ပြေးကြကြောင်း၊ မွှေးရနံ့ကြိုင်နေခြင်းကြောင့် ကျန်းမာရေး၊ စီးပွားရေး၊ လာဘ်လာဘကောင်းမွန် သည်ဟုယုံကြည်ကြကြောင်း သိရသည်။ သစ်မွှေးပင်များ စီး ပွားဖြစ် စိုက်ပျိုးလိုပါက ဇောတိက (မိုး) သစ်မွှေး ပျိုးပင် ရောင်းဝယ်ရေး၊ ဖုန်း ဝ၁ ၅၄ဝ၆၆၃ သို့ ဆက်သွယ်ပြီး အပင်ပေါက် များ ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။
ငုဝါမိုး



မြစ်ကြီးနားတွင် သစ်မွှေးမျိုးစေ့နို့ဆီဘူးတစ်ဘူး ကျပ်တစ်သိန်းကျော်ရောက်ရှိ ရေရှည်ရင်းနှီးမြှုပ်နှံမှုအနေဖြင့် အိမ်တိုင်းစေ့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးမှုများလာ
မြစ်ကြီးနား၊ မြစ်ကြီးနားမြို့တွင် သစ်မွှေးပင်ကို ရေရှည်ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် အိမ်တိုင်း စိုက်ပျိုးလာကြရာ မျိုးစေ့နို့ဆီဘူးတစ်ဘူးကို တစ်သိန်းနှစ်သောင်းကျော်အထိ အရောင်းအ၀ယ် ရှိလာကြောင်း သစ်မွှေးဝါသနာရှင်အသင်းမှ ဦးဇယ်ဒေါင်က ပြောသည်။
သစ်မွှေးအောင်နိုင်မည့်ငါးနှစ်မှ ၁၀နှစ်သက်တမ်း အပင်တစ်ပင်လျှင် ကျပ်သိန်း၁၀၀ ၀န်းကျင် မျက်မြင်အ ရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး သစ်မွှေး သဘာဝအဆီခဲတစ်ခဲရပါက ကျပ်သိန်း ၄၅၀မှ၁၀၀၀ ၀န်းကျင်ရရှိနိုင်ကြောင်း၊ သစ်မွှေးအခေါက်ကိုပေါင်း၍ ရောင်း လျှင်ပင် သုံးသိန်းကျော် ဈေးရရှိနိုင် ကြောင်း သိရသည်။
ထို့ကြောင့် ပြည်နယ်အတွင်းသစ် မွှေးကို အိမ်တိုင်းစေ့စိုက်ပျိုးလာကြရာ သစ်မွှေးဝါသနာရှင် ၁၀၀၀ကျော်ရှိနေ ပြီဖြစ်ကြောင်း၊ သစ်မွှေးကို တောအ တွင်းလိုက်လံရှာဖွေကြရာ မြစ်ကြီးနား အနောက်မြောက်ဘက် အင်ခိုင်ဗွန် တောင်ကြော၊ ဆွမ်ပရာဘွမ်၊ တနိုင်း တစ်ကြောနှင့် ခန္တီးဘက်အထိ နေရာ အနှံ့ရှာနေကြကြောင်း သိရသည်။
”အခုအထိ လေးနှစ်လောက်ပျိုး ထောင်စိုက်ပျိုးနေကြတာမှာ ကုမ္ပဏီ လေးခုလောက်ဝင်နေတယ်။ ဂျပန် ကုမ္ပဏီတော့ဆေးထိုးပြီး သစ်မွှေးထုတ် တာအောင်မြင်တယ်လို့ သိရတယ်။ သဘာဝအဆီကိုလည်း ရောင်းဝယ် နေကြပါတယ်။ တရားဝင်တစ်ပိုင်တစ် နိုင်စိုက်ပျိုးတဲ့သူတွေ တစ်နှစ်တစ်နှစ် ပိုများလာတာ တွေ့ရတယ်” ဟု ဦးဇယ် ဒေါင်က ရှင်းပြသည်။


မေးချင်တာတစ်ခု ကျန်ခဲ့လို့ပါ….၊ ယိုးဒယား (A.S ) ပျိုးပင်က တစ်ပင် ၂၅၀၀ ကျပ်ပေးရပါတယ် ..၊
ယိုးဒယားမျိုးက မြေ မရွေးတဲ့အပြင် ကြီးထွားနှုန်းမြန်တယ်ပြောပါတယ်…၊ ပီးတော့ ရတဲ့အဆီက ဈေးအကောင်းဆုံးလို့ ကြားမိလို့ပါ…၊ ပျိုးပင်ဈေးနှုန်းက ဈေးမှန်ပါသလားခင်ဗျာ…။

ဖြေ..။   ။  ပျိုးပင် ရောင်းတဲ့ ဆိုင်က ပေးတဲ့ ဈေးပဲ ဆူး လည်း အမှန်ဟုတ်မဟုတ် သေချာ မသိပါဘူး။
ကြော်ညာစာရွက်လေး ရလို့ ရေးပေးထားတာ ကုမ္ပဏီ ကြော်ညာ လိပ်စာကတော့ စိန်မိသားစု အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး
ဖုန်း – 518166၊ 0973107554
ဖုန်းနံပါတ်တွေကတော့ အများကြီးပဲ မျက်စိနဲ့တန်းနေတဲ့ ဖုန်းနံပါတ် ၂ခု ကူးပေးလိုက်တယ်။
သေချာ သိချင်ရင်တော့ ဖုန်းဆက်ပြီးသာ စုံစမ်းလိုက်ပါနော်။


မေး။   ။  သစ်မွေးအကြောင်းထဲထဲဝင်ဝင် သိချင်နေတာ အတော်ဘဲ ကျေးဇူး ဆူးညီမရေ.. သူငယ်ချင်းတယောက် စိုက်တာကတော.
ဆူးညီမပြောသလို တွင်းတူးပြီး မြေသြဇာ မထည်.ခင်အောက်ခြေကိုဂ၀ံကျောက် ပါးပါးခင်းပြီးမှ မြေဆီထည်.ပြီး စိုက်တာတွေ.ဘူးတယ် တွင်းကိုလည်း ဒယ်အိုးပုံတူးတယ် မေးကြည်.တော. ဂ၀ံက မြေအောက်ကပိုးမလာအောင်
ကာကွယ်တယ်ပြောတယ် သစ်မွေးက စရိတ်တော.ကြီးတယ် ပျိုးပင် ၂ပေအရွယ်ဆို ၁၆၀၀လောက်ရှိတယ်
အပင်ကိုအနာဖြစ်အောင်အပေါက်တွေဖေါက်တာရယ် ဆေးသွင်း ခက တပင်ကို ၆၀၀၀ နဲ. ၇၀၀၀
ကြားမှာရှိတယ် ၂ကြိမ်လောက် အနဲဆုံးလုပ်ရတယ်ပြောတယ် စိုက်တဲ.လူတွေကိုတော. တွေနေရတယ် အဆီခဲထုတ်ရောင်းနေရတဲ.အပင် ကို တော. မတွေဘူးသေးတော. အောင်မြင်မှု ရှိမရှိ မသေချာဖြစ်နေလို. ….


ဖြေ။  ။  အပင်က အဆီ ထွက်တဲ့ အချိန်မှ သူများ ခိုးခုတ်သွားရင် ဒုက္ခနော်.. ကိုယ့်အပင်နဲ့ ကိုယ် ရင်တမမ ဖြစ်နေရအုန်းမလား မသိဘူး။ ဒီတလော နည်းနည်း စိတ်ဝင်စားနေတာ မြေအပို မရှိတော့ သီးသန့်ကြီးလည်း မရင်းရဲသေးဘူး စရိတ်ထောင်းလို့ အဆီမထွက်ခင် စပ်ကြား ရှာလို့ ရသမျှ လူ မစားရပဲ အပင်ကပဲ စားသွားမှာ စိုးရသေးတယ်။ ခြံ စောင့်ကလည်း % ဘယ်လောက် စိတ်ချ ရမလဲ ဆိုတာ ရှိသေးတော့ တွေးကြည့်တာ သိပ်ပုံမပေါ်လှသေးဘူး။ ဒါကြောင့် သိတဲ့လူတွေ ဆီက အကြံဥာဏ် နဲ့ သိချင်တဲ့ လူတွေ သိသွားအောင် တင်ပေးလိုက်တာပါ။

 Wai Aung Chan Myo says:
အားလုံးပဲ မင်္ဂလာပါ။
သစ်မွှေးအကြောင်း တော်တော်စုံစုံလင်လင် ရေးထားလို့ ၀င်ပြီးဖတ်ကြည့်သွားပါတယ်။
ကျွန်တော်ကတော့ လက်တွေ့သစ်မွှေးစိုက်နေသူ တစ်ဦးလည်းဖြစ်၊ သစ်မွှေးအကြောင်း လက်လှမ်းမှီသလောက်လေ့လာနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ အားလုံးကို ဆရာဝင်လုပ်တာတော့ မဟုတ်ပါဘူး။ သစ်မွှေးအကြောင်း သိသလောက်လေး share သွားပါတယ်။ သစ်မွှေးပင်ဆိုတာ သစ်ပင်အသားထဲမှ အမွှေးနံ့ထွက်သောအပင် မဟုတ်ပါ။
သဘာဝအရ အပင်အခေါက်တွင် ဒဏ်ရာရရှိပြီးနောက် မှိုတစ်မျိုး စွဲကပ်ရာမှ အပင်အတွင်းမှ Anti-body တစ်မျိုး ထွက်လာပြီး ထို မှိုကို တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသော အဆီခဲ ဖြစ်တည်နေသည့် အပင်ကို ဆိုလိုသည်။
သဘာဝအားဖြင့် အပင် ၁၀ပင်တွင် ၁ပင် ဖြစ်ခဲပြီး ဖြစ်နိုင်သည့် သက်တမ်းမှာလည်း အနည်းဆုံး နှစ် ၃၀ မှ ၅၀ မှသာ ဖြစ်တည်နိုင်သည်။ သဘာဝအားဖြင့် ရရှိသော အဆီခဲမှာ ကမ္ဘာဈေးကွက်တွင် USD 30000 မှ အထက်ရှိသည်။
နောက်တနည်းမှာ Artificial Inoculation ခေါ် သဘာဝကို တုပ၍ ဆေးထိုးသွင်းခြင်းကို ယခု တိုးတက်လာသော နည်းပညာအရ တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သည်။
သစ်မွှေးပင်ကို အစေ့မှစ၍ စိုက်ပျိုးနိုင်သော်လည်း အလွန်လက်ဝင်သည်။ ၁၀ပင် တွင် ၅ပင်ရှင်ရန် အတော်ပင် ပြုစု ပျိုးထောင်ရသည်။ ပျိုးပင်များဝယ်လျှင် အနည်းဆုံး ၁၀လသားခန့်ရှိမှသာ အဆင်ပြေနိုင်ပြီး ၁နှစ်သားအရွယ်မှာ မြေချစိုက်ပျိုးရန်သင့်တော်သည်။ ရေ၀ပ်ခြင်းကို မနှစ်သက်သော်လည်း ရေကို အလွန်ကြိုက်သည်။ အနည်းငယ်ရှုပ်ထွေးသွားမည်ထင်၏။ ရေမ၀ပ်သော ရေဆင်းကောင်းသောမြေကို နှစ်သက်၏။ ရေကို နှစ်နှစ်သားအထိ ၂ရက်၁ကြိမ် (ပူလျှင် ၁ရက်၁ကြိမ်) လောင်းပေးရသည်။ နှစ်နှစ်သားအရွယ်တွင် အမြစ်သည် သူဘာသာ ရေစုပ်ယူနိုင်၍ ရေကို လျော့လောင်းနိုင်သည်။ မြေသြဇာကို မိုးဦးနှင့် မိုးနှောင်းတွင် ကျွေးရမည်။
၂နှစ်သားကျော်လွန်လျှင် သဘာဝဒဏ်ခံနိုင်သွား၍ (ပျိုးပင် ၁နှစ်သားဝယ်ယူလျှင်) ၁နှစ်ခန့်သာ ပြုစုရန်လိုအပ်သည်။ အနည်းဆုံး ၃နှစ်သားမှ စ၍ ဆေးစထိုးနိုင်သော်လည်း အဆီထွက်အကောင်းဆုံးအချိန်မှာ ၇/၈နှစ်သားတွင်ဖြစ်သည်။ ဆေးထိုးမှုကို ပြည်တွင်းမှာပင် ပြုလုပ်နိုင်ပြီး (တစ်ချို့သောကုမ္မဏီများက ရောင်းရငွေ၏၂၅%၊ ၃၀% စသဖြင့် ယူကြသည်။) ဆေးဖိုးနှင့် ထိုးခမှာ အမှန်တကယ်အားဖြင့် ၅၀၀၀၀ မှ ၁၀၀၀၀၀ ခန့်သာ ကုန်ကျသည်။ သစ်မွှေးအဆီခဲ ပေါင်းခံခြင်းကိုလည်းကို ပြည်တွင်းမှပင် ပြုလုပ်နိုင်သည်။ အပင် ၇နှစ်သား(ဆေးထိုးပြီး+အဆီထုတ်ပြီး) ၏ တန်ဖိုးမှာ အနည်းဆုံး သိန်း ၂၀ မှ ၃၀အထိ ရရှိနိုင်သည်။
ပျိုးပင်ပေါက်များအနေဖြင့် ၁ပင်လျှင် ၅၀၀ မှ ၂၅၀၀ အထိရှိသည်။(၁လသား မှ ၁နှစ်ခွဲသားအထိ)
အကြံပြုလိုသည် တစ်နှစ်သားအရွယ် ၂ပေဆိုဒ်များသည်သာ မြေချစိုက်ပျိုးရန်သင့်တော်သည်။
ကျွန်တော်အခု သန်လျင်တွင် အပင် ၁၀၀၀၀ကျော် စိုက်ပျိုးထားပြီး လေ့လာချင်သူများကို ဖိတ်ခေါ်ပါသည်။ ပျိုးပင်ပေါက်များကို ရရှိနိုင်ပါသည်။ ပျိုးပင်ရောင်းချင်၍ မဟုတ်ဘဲ မိတ်ဆွေများကို သစ်မွှေးအကြောင်း တစေ့တစောင်း သိစေလို၍ ဖြစ်သည်။
အခု အနည်းဆုံး ၁၀ပင်သာ(ငွေကျပ် ၁၅၀၀၀) ရင်းနှီးလိုက်ပါ။ နောက် ၆နှစ်တွင် သင်ရင်းနှီးငွေ၏ အဆ ၁၀၀၀ ကျော် ရရှိရန် ကျနော်အာမခံနိုင်ပါသည်။
သစ်မွှေးချစ်သူ (ကိုဝေအောင်)
ွGreen Agarwood
09 49348896, 09 5136753, 09 73070035, 09 49275907
064 24002, 09 43037894


moemaungmaungwin says:
ကိုဝေအောင်ပြောပြတာတွေပြည်စုံသလောက်ပါပဲ။ ကျွန်တော်လဲစိတ်ဝင်စားလို.အပင် 50 တော့စိုက်ထားပါပြီ စမ်းကြည့်တာပါ ဖတ်ဖူးတဲ့စာအုပ်ထဲကအတိုင်းမိုးလယ်မှာစိုက်တာမဟုတ်ပဲ ရေရှိတယ်ဆိုပြီးအခုဆောင်းဦးမှာစိုက်တာ အပင်တ၀က်လောက်သေကုန်ပါတယ်၊ ရောဂါဝင်တယ်လို.စိုက်ပျိုးရေးဆေးဆိုင်ကပြောပါတယ်၊ နောက်ထပ်ကျန်တာတွေမသေအောင်ဘယ်လိုဆက်ပြီးထိန်းသိမ်းရမယ်ဆိုတာလေးကျေးဇူးပြုပြီးသိပါရစေခင်ဗျာ၊ သစ်မွှေးနဲ.ပတ်သက်ပြီးကျွန်တော်အကိုနဲ. အချိုန်ယူဆွေးနွေးချင်ပါတယ်ခင်ဗျာ ပြီးတော့ ကျွန်တော်ဆီမှာ သဘာဝအပင်ငါးပင်လောက်ရှိပါတယ် သက်တန်းတော်တော်ကြီးပါပြီ ပင်ဆီလုံးပတ် လေးငါးပေကျော်ရှိပါပြီ ဆေးထိုးပြီး အဆီခဲထုတ်ချင်ပါတယ် ကျေးဇူးပြုပြီးအကြံပြုပေးပါ အခုမိုးရာသီမှာကျွန်တော်အပင် 200 ၊300 လောက်စိုက်ဖို.ရည်ရွယ်ထားပါတယ် ဖြစ်နှိင်ရင်တော့အကြံပြုပေးပါအုံး …… အားလုံးအတွက်ကျေးဇူးးပါ ။

Wai Aung says:
ကျွန်တော် ရေးထားတာကို စိတ်ဝင်စားလို့ အထူးပဲကျေးဇူးတင်ပါတယ်။
အကိုပြောပုံကြည့်ရတာ အခုဆောင်းတွင်းမှာ သွားစိုက်မိတယ် ထင်တယ်။
ဟုတ်ကဲ့ သစ်မွှေးက ၁နှစ်သားမပြည့်ခင် အရွယ်မှာ နုနယ်တဲ့အတွက် တော်တော်ဂရုစိုက်ရပါတယ်။ တစ်နှစ်ကျော်သွားရင် ဒဏ်တော်တော်ခံနိုင်သွားလို့ မြေချစိုက်ပျိုးနိုင်ပါတယ်။ အကိုက ပျိုးပင်ဘယ်နှစ်နှစ်သားကို စိုက်တယ်လို့ မပြောထားပေမယ့် အခုပြောပုံအရ တစ်နှစ်သား မပြည့်သေးဘူးလို့ ယူဆပါတယ်။
ဘာလို့လဲဆိုတော့ မျိုးစေ့က ဇွန်လလောက်မှာမှ ရတတ်တာမို့ ပျိုးပင်သက်တမ်း အများဆုံး ၇လထက် မကျော်နိုင်တာကြောင့် (အပင်ထွားရင် ၂ပေလောက်ရှိတတ်ပြီး) အပင်ကြီးတယ်ထင်ရပေမယ့် နုနယ်သေးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျွန်တော်လည်း Company တခုမှာ ၈၀၀တန်အပင်(ဈေးသက်သာတယ်ဆိုပြီး) ကို ၁၀၀ လောက်ဝယ်ခဲ့မိပါတယ်။ ကျွန်တော် မြေတောင်ချမစိုက်ပါဘူး ဒါပေမယ့် ပြုစုမှုလိုတဲ့အတွက် အပင် ၂၀ သာ အသက်ရှင်ပါတယ်။ ကျန်တဲ့ ၁နှစ်သားအရွယ် (သူတို့ကတော့ ၁နှစ်ခွဲကျော်ပြီလို့ပြောပြီး ၂၅၀၀ကျပ်နဲ့ရောင်းလိုက်ပါတယ်။) အပင် ၃၀၀ကျော်ကတော့ သေနှုန်းတော်တော် နည်းပါတယ်။ ဒါက ကျွန်တော့်အတွေ့အကြုံပါ။

အကို အခုဖြစ်ပုံကို ကျွန်တော်ကောက်ချက်ချရရင်တော့
၁) အပင်သက်တမ်း နုသေးချိန်မှာ မြေချစိုက်မိခြင်း။
၂) စိုက်သည့် အချိန်မှာ အခြားလများထက် အအေးပိုသော ဆောင်းတွင်းဖြစ်ခြင်း။ (သစ်မွှေးမှာ ဆောင်းတွင်းတွင် အမြစ်ကျဉ်ရောဂါ၊ အမြစ်မှိုကျရောဂါတို့ဖြစ်တတ်သည်။)
၃) ရေသိပ်မဆင်းသော မြေဖြစ်နိုင်ခြင်း။ (slope နည်းခြင်း)
၎) အပင်များကို ရေလောင်းချိန်နှင့် ပမာဏ မမှန်ကန်ခြင်း။ (အခုရက်ပိုင်းအတွင်း ရန်ကုန်တွင် ညပိုင်းမှာ အအေးအလွန်ပိုတတ်သဖြင့် ရေကို ၈နာရီမှ ၁၀နာရီကြားလောင်းသင့်ပြီး မနက်ခင်း သိပ်အစောကြီး မလောင်းမိပါစေနှင့်။ ညနေပိုင်းသိပ်နောက်ကျမှလောင်းပြန်လျှင်လည်း အမြစ်ကျဉ်တတ်သောကြောင့် ပတ်ဝန်းကျင် အပူချိန်ကို ချင့်ချိန်ပြီး ပမာဏကိုလည်း လိုသလို ထိန်းလောင်းသင့်သည်။)
စသဖြင့် ပေါ့။ ပြောရရင်တော့ နဲနဲလေရှည်မယ်ထင်တယ်အကိုရေ။ ပြီးတော့ အကိုက ဘယ်မှာ စိုက်ထားသလဲ ဘယ်လိုမြေမျိုးလဲ စသဖြင့်ပေါ့။

အဲဒီတော့ နောက်ထပ်အပင်တွေမသေအောင် အကြံပေးရရင်တော့ အပေါ်အချက်တွေကို သတိထားဆင်ခြင်ပြီးလုပ်ဖို့ရယ်။ နောက် အပင်ငယ်ဖြစ်ခဲ့ရင် ၁နှစ်၊ ၁နှစ်ခွဲ မကျော်မချင်း နဲနဲဂရုစိုက်ရမယ်။
- အရမ်းပူလွန်းရင် နေရှိန်ပြင်းလွန်ရင် အရိပ်လိုတယ်။ အေးလွန်းရင် နေရောင်လိုတယ်။ သူက အဲဒီလိုမျိုး။ ဘယ်လိုပြောရမလဲဗျာ ပတ်ဝန်းကျင်ပေါ် မူတည်ပြီး လိုသလိုညှိပေးဖို့လိုတယ်။
- ရေကို ကြိုက်တယ်ဆိုပေမယ့် လောင်းထားတဲ့ရေက ၃၊၄နာရီနေလို့မှ ရွှဲနေသေးရင်တော့ မဟုတ်သေးဘူး။ (ရေ၀ပ်တာကို မကြိုက်ဘူးပေါ့)
- မြေသြဇာအနေနဲ့က တော်တော်များများကတော့ ပုလဲတို့ တီစူပါတို့ စသဖြင့် ဓာတ်မြေသြဇာကို သုံးကြတယ်။ ကျနော်လည်း အစက သုံးတယ်။ လွန်ခဲ့တဲ့ ၃၊ ၄လက စပြီး ကျနော်ကိုယ်တိုင် ဖော်စပ်ထားတဲ့ သဘာဝမြေဆီနဲ့ ရွက်ဖြန်းဆေးကို ပဲသုံးတာ၊ ပိုးကျသက်သာတာရော၊ အပင်ကြီးထွားလာတာရောက တော်တော်သိသာပါတယ်။ ကိုယ့်ဆီမှာအလွယ်တကူ ရှိတဲ့ (ဈေးလည်းသက်သာတဲ့) နည်းပါ။ ထမင်းအချဉ်ဖောက်ရည်တို့၊ သစ်သီပုပ်အချဉ်ဖောက်ရေတို့ စသဖြင့်ပေါ့။ ဒီနည်းက အကို လတ်တလောဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းပေးမယ်လို့ ကျနော်မြင်တယ်။

အဆီထုတ်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး အကျယ်တ၀င့် ဆွေးနွေးချင်ပါတယ်။ တခြားသိချင်တာတွေကိုလည်း ကျနော်တို့ ဆွေးနွေးချင်ပါသေးတယ်။
ကျနော့် အပင်တွေဝယ်မှ မဟုတ်ပါဘူး။ နည်းပညာနဲ့ ပတ်သတ်ပြီး share လုပ်ချင်တဲ့ သဘောပါ။

အကို ဆန္ဒရှိရင် ကျနော့် Email ကိုသော်၎င်း၊ ဖုန်းနဲ့သော်၎င်း ဆက်သွယ်နိုင်ပါတယ်။ ကျနော်ရဲ့contact အပြည့်အစုံကို အောက်မှာ ရေးပေးလိုက်တယ်နော်။ ဆရာလုပ်သလိုဖြစ်သွားရင်တော့ အားနာပါတယ်အကိုရေ။
သစ်မွှေးနဲ့ပတ်သတ်ပြီး တကယ်စိတ်ဝင်းစားပြီး လေ့လာချင်သူ မည်သူမဆို ဆက်သွယ်နိုင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
ကိုဝေအောင် (သစ်မွှေးချစ်သူ)
0949348896, 095136753, 0949275907, 0973070035
email: waiaungchanmyo@gmail.com,
ယခုလိပ်စာ- အမှတ် (၁၉)၊ အောင်ချမ်းသာလမ်း၊(အာရှတော်ဝင်ဆေးရုံအနီး) စမ်းချောင်းမြိုနယ်၊ ရန်ကုန်။
အမြဲတမ်းဆက်သွယ်ရန်လိပ်စာ- အမှတ်(၁၅၃၆)၊ ထူပါရုံ (၁၆)လမ်းအရှေ့၊ (၁) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။

သစ်မွှေးခြံလိပ်စာ- ပျဉ်ထောင်းချောင်းကျေးရွာ၊ နတ်စင်ကုန်းမှတ်တိုင်၊ (ကျိုက်ခေါက်ဘုရားမှ ၆မှတ်တိုင်မြောက်၊ ထမလုံမရောက်ခင် ၂မှတ်တိုင်အလို)၊ ( ဂြိုလ်တုဆက်သွယ်ရေးဝင်းအနီး)၊ သန်လျင်-ကျောက်တန်းကားလမ်းမကြီးမှ နတ်စင်ကုန်းမှတ်တိုင်တွင်ဆင်း၍၊ ဆိုင်ကယ်ကယ်ရီဂိတ်တွင် သစ်မွှေးခြံကို ပို့ပေးပါဆိုရင်……
ကဲ တော်တော်လုံလောက်သွားပြီနော်…
စိတ်ဝင်စားရင် အားလုံးလာလည်နိုင်ပါတယ်…
စနေ၊ တနင်္ဂနွေနေ့များတွင် ပို၍အားလပ်သဖြင့် သေသေချာချာ ရှင်းပြပေးနိုင်ပါတယ်…
အားလုံးကို ကျေးဇူးတင်ပါတယ်