This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, July 31, 2013

အွန်လိုင်းမှ ငွေပေးချေခြင်း အတွက် MyanPay Card အသုံးပြုနည်းများသို့

ဟုတ်ကဲ့ပါ ခုအခါမှာ ငွေကျပ် တစ်ထောင် သို့မဟုတ် 10000 ရှိရုံနဲ့ ဘဏ်အကောင့်ဖွင့်နိုင်ပါတယ်.။ ဘယ်လိုဖွင့်ရ
မလဲဆိုရင်တော့ ဘဏ်သွာပြီးတော့ ဖွင့်ရမှာပေါ့ ကျုပ်လည်း မဖွင့်ရသေးဘူး။ ဖွင့်မယ်ဖွင့်မယ်နဲ့ မဖွင့်ဖြစ်သေးဘူး
လေ။ အောက်ဖော်ပြပါ ဘဏ်တွေမှာ အကောင့်ဖွင့်နိုင်တယ် အကောင့်ရှိပြီးရင်တော့ အွန်လိုင်းမှာ ငွေပေးချေနိုင်
တာပေါ့ဗျာ.။
  1. ကမ္ဘောဇဘဏ် (KBZ Bank) – [ Account No : 0421130000177 ]
  2. သမဝါယမဘဏ် (CB Bank) – [ Account No : 0914012300 ]
  3. အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD Bank) – [ Account No : 3021130000943 ]
  4. ဧရာဝတီဘဏ် (Ayeyarwady Bank) – [ Account No : 0004103010080953 ]
  5. မြန်မာ့ရှေ့ဆောင်ဘဏ် (Myanmar Apex Bank) – [ Account No : 0100303000012416 ]
  6. ယူနိုက်တက်အမရာဘဏ် (United Amara Bank) – [ Account No : 0050103100007203 ]
  7. ပထမပုဂ္ဂလိကဘဏ် (First Private Bank) – [ Account No : 201-015-M669 ]
  8. မြ၀တီဘဏ် (Myawaddy Bank) – [ Account No : C212M0011014733A ]
  9. ရိုးမဘဏ် (Yoma Bank) – [ Account No : 0917500069-3
Visa Card သော်လည်းကောင်း MyanPay အကောင့်သော်လည်းကောင်း ရှိရင် ပိုကောင်းပါတယ်။
ခုလောလောဆယ်တော့ အကောင့်တစ်ခုမှ မရှိသဖြင့် အလုပ်မဖြစ်သေးဘူး သို့သော် မကြာခင်လုပ်တော့မယ်.။ ထိုင်ရာမထ အလုပ်လေးတွေပေါ့.ဟုတ်တာမဟုတ်တာ အပထားပေါ့ဗျာ ဖုန်းဘေဖိုးလေးနဲနဲလောက် သက်သာ
အောင်ပေါ့ဗျာ.။ ကဲ MyanPay အကောင့် ရှိရင် ဘယ်သို့ဘယ်ပုံ.အသုံးပြုနိုင်တယ် ဘယ်လိုအကျိုးရှိတယ်ဆိုတာ
သိချင်ရင်တော့ ဒီအောက်က လင့်လေးအတိုင်းသွားကြပေါ့.။ လိုင်းပေါ်ကနေ ဖုန်းငွေဖြည့်ကဒ်တို့ တစ်ခြားဝယ်
စရာရှိတာလေးတွေ ၀ယ်နိုင်အောင်ပေါ့ကွယ်..။ ကဲကဲ မနှေးယခု ပြေးလို့သာ ရှုကြပေတော့ဗျို့....။

၂၀၁၄ ခုနှစ်တွင် ASUS ကုမ္ပဏီ ဖုန်းထုတ်မည်ဟုဆို (The Voice)

နာမည်ကျော် ဟာ့ဒ်ဝဲ ပစ္စည်းများနှင့် ကွန်ပျူတာများ ထုတ်လုပ်သည့် ASUS ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဈေးကွက်အတွက် စမတ်ဖုန်းများကို ထုတ်လုပ်မည် ဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဂျွန်နီရှီးက အင်တာဗျူး တစ်ခုတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ မိမိတို့အနေနှင့် စမတ်ဖုန်း လောကသို့ နောက်မှ ဝင်လာသော်လည်း ထိုလောကကို ပြုပြင်ပြောင်းလဲမှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ်အတွင်း စမ်းသပ် ထုတ်လုပ်မှုများ ပြုလုပ်မည် ဖြစ်သော် လည်း ဈေးကွက်သို့ နောက်နှစ်မှ ရောက်ရန်မှာ ပိုပြီး သေချာကြောင်း ဂျွန်နီရှီးက ပြောကြားသည်။ ASUS သည် လက်ရှိ အခြေအနေတွင် PadFone ဆိုပြီး တက်ဘလက်နှင့် ဖုန်းကို နှစ်မျိုး ပေါင်းစပ် ထုတ်ထားကာ နှစ်မျိုးစလုံးတွင် ဖုန်းပြောနိုင်စေရန် စီစဉ်ထားသည်။ ယင်းကုမ္ပဏီထုတ် ပစ္စည်းများသည် အရည်အသွေး မြင့်သကဲ့သို့ ဈေးနှုန်း လည်း ကြီးမားသောကြောင့် ဈေးကွက်တွင် လူတန်းစား မရွေး သုံးနိုင်သည့် အဆင့် မဖြစ်ခဲ့ပေ။ ကုမ္ပဏီအနေနှင့် တက်ဘလက်များကိုသာ နောက်ပိုင်း တွင် အဓိက ထားပြီး ထုတ်ခဲ့ကာ Google နှင့် ပူးပေါင်းပြီး Nexus 7 တက်ဘလက်များကိုလည်း ထုတ်ခဲ့သည်။ နောက်ပိုင်း တက် ဘလက်များကို ထုတ်ရာတွင် Android OS များကိုသာမက Windows OS ကိုပါ ထုတ်လာခဲ့ခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီ ဥက္ကဋ္ဌ ဂျွန်နီရှီး က “ကျွန်တော်တို့အနေနဲ့ ဘာထုတ်ထုတ် အမြဲ တော်လှန် ပြောင်းလဲနေဖို့ လိုပါတယ်” ဟု မှတ်ချက်ပေးခဲ့သည်။ The Voice Weekly

ဂျာမနီဘားတစ်ခုတွင် အရက်စပ်ဆရာ စက်ရုပ်ထားရှိ

 
အရက်ဘားရှေ့တွင် ထိုင်နေသည့် အရက်သောက်မည့်သူ ၉ဦးအား အဆင်ပြေစွာ အရက်စပ်ပေးနိုင်သည့် စက်ရုပ်ကို ဂျာမနီနိုင်ငံ အရှေ့ပိုင်းရှိ အီမီနူမြို့တွင် အသုံးပြုထားကြောင်း သိရသည်။ အဆိုပါ စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသော သူများ၏ မှာယူမှုကို အဆင်ပြေစေရန် ဖျော်စပ်နိုင်စွမ်းရှိပြီး စက်ရုပ်၏ အမည်မှာ ကားလ် ဖြစ်သည်။ ၎င်းစက်ရုပ်ကို ဂျာမန်နည်းပညာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကူကာမှ ဖန် တီးသော စက်ရုပ်အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး တာဝန်ယူ တည်ဆောက်သည့် အဖွဲ့ အစည်းမှာ စက်ရုပ်ထုတ်လုပ်မှု နယ်ပယ်တွင် ၂၃နှစ်သက်တမ်းရှိပြီဖြစ်သည့် စက်မှုအီလက်ထရောနစ် အင်ဂျင်နီ ယာ ဘန်စချီဖာဦးဆောင်သော အင်ဂျင်နီယာအဖွဲ့ ဖြစ်သည်။ စက်ရုပ်သည် အရက်သောက်ရန် ရောက်ရှိလာသည့် လူများနှင့်လည်း စကား အနည်းငယ် ပြောဆိုနိုင်စွမ်းရှိပြီး ထိုသို့ပြောဆိုနိုင်ရန်အတွက် မှတ်ဥာဏ်ထည့်သွင်း   ပေးထားသည်။ အရက်မှာရာတွင် အဆင်ပြေစေရန်အတွက် ထိုသို့ စကားပြော စွမ်းရည် ထည့်သွင်းပေး ထားသော်လည်း စကားများများ ပြောကြသည့်သူများအတွက် ၎င်းတို့၏ စကားသံများကို စက်ရုပ်က မှတ်မိနိုင်မည် မဟုတ်ကြောင်း သိရသည်။ Ref: Direct Marketing News  Myanmar ICT

Call Center မှ ၀န်ဆောင်မှု အသစ်

 
Call Center မှ ၀န်ဆောင်မှု အသစ် အနေနဲ့ တစ်ရက်ကို ၂၀၀ ကျပ်နဲ့ အင်တာနက် သုံးစွဲနိုင်မယ့်Mobile E-mail Service ၀န်ဆောင် မှုကို ဇွန်လ ၁၅ ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပြီး ယခုအခါ စတင်အသုံးပြု နိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စနစ်မှာ အင်တာနက် လျှောက်ထား ပြီးဖြစ်တဲ့ CDMA, GSM Mobile ဖုန်းတွေသာ အသုံး   ပြုနိုင်မှာ ဖြစ်ပြီး အင်တာနက် အသုံးပြုခ ဖြစ်တဲ့ ၁ မိနစ်ကို ၂ ကျပ်၊ ၄ ကျပ်တို့ ပေးစရာ မလိုပဲ ရက်နဲ့သာ တွက်ပြီး ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၂၄ နာရီ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုလို သူတွေ အနေနဲ့ Call Center သို့ အသုံးပြု လိုကြောင်း Message ပေးပို့ ရမှာ ဖြစ်ပါတယ်။ ဒီလို ပေးပို့ရာမှာ Call Center ရဲ့ ကုတ်နံပါတ် တစ်ခုဖြစ်တဲ့ ၁၈၈၃ ကို GET MAIL ဆိုတဲ့ စကားလုံးကို အင်္ဂလိပ် အက္ခရာ စာလုံး အကြီးများ အသုံးပြုကာ သုံးစွဲမယ့် သူရဲ့ အင်တာနက် Account နဲ့ Passward ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အသုံးပြုခ ကိုတော့ ဖုန်းဘေလ် ထဲမှ ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ သုံးစွဲပုံ အသေးစိတ်ကို သိရှိလိုပါ ကလည်း Call Center သို့ စုံစမ်း မေးမြန်း နိုင်တယ် လို့လည်း သိရပါတယ်။

သုံးစွဲသူတွေ အနေနဲ့ ၁ ရက်ကို ၂၀၀ ကျပ်နဲ့ ၁ လစာ ၆၀၀၀ ကျပ် သတ်မှတ် ထားပြီး အသုံးမပြု လိုတဲ့ ရက်ရှိပါက Call Center သို့ ကြိုတင် အကြောင်းကြားပြီး Server ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဒီလို အကြောင်း မကြားပါက တစ်လစာ အတွက် ကျပ် ၆၀၀၀ ကို မိမိဖုန်းဘေလ် ထဲက ဖြတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ၀န်ဆောင်မှုကို ယခုဇွန်လ ကုန်အထိ အခမဲ့ အသုံးပြုနိုင် မှာဖြစ်ပြီး အသုံးပြုခ ကောက်ခံမှု ကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ကောက်ခံမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

Yee Shin Mobile
 

Tuesday, July 30, 2013

ကျောက်ကပ် ဝေဒနာရှင်များအတွက် ၀မ်းမြောက်ဖွယ် ( Sandar Laynyuntmg )

ကျောက်ကပ်ဝေဒနာခံစားနေရသူများမှာ လူလည်းပင်ပန်း၊ငွေကြေးကုန်ကျမှု့ များပြားသော ရောဂါတစ်ခုဖြစ်ပါ သည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီခံ ရသော ရောဂါပါ ။ ကျောက်ကပ် ဆေးနေရ သူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။အချိန်အခိုက်အတန့်တခုသာ ထိန်းထားနိုင်ပြီး မရဏမင်းထံ သွားရသည်သာ များပါသည်။ လဲလှယ်နိုင်မှသာ အသက်ဆက်နိုင်ပါသည်။ လဲဖို့စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါ သည်။ ထို့ကြောင့်ကျောက်ကပ် ဝေဒနာသည်များ အောက်ပါအတိုင်း ဆောင်ရွက်ကြည့်ပါ။ ဖြစ်ခါစတွင်ပျောက် ကင်း၍ နာတာရှည် ခံစားနေရသူများ သက်သာပြီး ကျောက်ကပ်ဆေးနေရသူများ အကြိမ်ရေ လျော့ပါးလာစေရပါ မည်ဟု လုံးဝအာမခံပါသည်။ ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်း ဆောင် ရွက်ခဲ့သဖြင့် သုံးလအတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝအထင်မသေး ပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီးနေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက်နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုးများပြားလာသည့် အနောက်တိုင်းဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥ သစ်ဖု သဘာဝအပင်များမှ ထုတ်ယူသောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။ မြန်မာပြည်တွင် ဒေါက်တာ ခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှဆေးများ ကမ္ဘာတွင် နာမည်ရနေပါပြီ။

ယခုတင်ပြသောဆေးနည်းမှာ ကျွန်တော်တို့မိသားစု ဘိုးစဉ်ဘောင်ဆက် သုံးစွဲခဲ့သောနည်းပါ။
၁။ကျောက်ဖရုံသီးဟင်းချိုကို နေ့စဉ်သောက်ပေးပါ။ (အသား၊ငါး မရောပါနှင့်၊ရောဂါမရှိသေးသူများသောက်ပါကဆီးကောင်းစေပြီး၊ယောက်ျားများအတွက်၊ယောက်ျား
ပီသစေပါသည်)

၂။တရုပ်နံနံပင်ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက်ခပ်၍ ရေနွေးသောက်သလိုသောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့်ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့်ဝေးပါစေ။ သွေးတိုးပါကျစေသဖြင့် မျက်လုံးကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန်အောင့်နေသူများ ကျောက်ဖရုံသီးကို ခွဲ အူတိုင်ထုတ်ပြီး ကျောက် ကပ်နေရာသို့ အတွင်းသားဖြင့်ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာလာပါမည်။

၎။ ရေပူစမ်းနှင့်နီးပါက တပါတ်တစ်ကြိမ်ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။

သုံးလအနည်းဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ်ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို   တွေ့ရပါမည်။ ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့အချိန်အထိတော့ လာရောက်ကျေးဇူးတင်သူသာ ရှိပါသေးသည်။

သက်သာကြသူသာတွေ့ရသဖြင့်အများအသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။
ရေးသားသူ- Sandar Laynyuntmg

မြ၀တီ သတင်းစာမျက်နှာကနေပြီး ထပ်ဆင့် ယူလာခဲ့တယ် အကျိုးရှိမယ့် နည်းလမ်းလေးပေါ့..။

Monday, July 29, 2013

Error Repair Professional 3.8 (1.2MB)

အမှားမြင် အမှန်ပြင်တဲ့ကောင်လေးပေါ့..။ လူတွေလည်း အမှားမြင် အမှန်ပြင်နိုင်ကြပါစေလို့ ဆုတောင်းရင်းဖြင့်
အမှားမြင် အမှန်ပြင်တဲ့ ဆော့ဖ်ဝဲလေး တင်ပေးလိုက်တယ်.။ ဒီကောင်လေးမှာ ကီးတွေ  အများကြီးပါပါတယ်.။ ကျုပ်ကတော့ အပေါ်ဆုံး Key နဲ့ အဆင်ပြေတယ်.။ နာမည်မထည့်ရဘူးတဲ့ဗျာ ဘာကြောင့်လည်းတော့ မသိဘူး။
နာမည်ထည့်ပြီး အောက်က Key နှစ်ခုသုံးခုထည့်ကြည့်တာ အဆင်မပြေတာနဲ့   နာမည်မထည့်ဘဲ အပေါ်ဆုံး Key ထည့်လိုက်မှ အဆင်ပြေတယ်.။ ကဲ မိမိတို့ရဲ့ အတွေးမှား အမြင်မှား အယူအဆမှားတွေလည်း ပညာနဲ့ ဆင်ခြင်တုံ တရားနဲ့ အမှားတွေကို ပြင်ဆင်နိုင်ကြပါစေနော်..။ ကွန်ပျူတာအတွက် ဖုန်းအတွက်တော့ ရှိတယ်.။ လူတွေ အတွက်တော့ ဗုဒ္ဓရဲ့ အဆုံးအမ စာအုပ်တွေရှိတယ်. အဲဒါတွေနဲ့ ပြင်ရမှာဘဲနော်.။

Voga360 Mobile Market လေးပါ..

ကဲဗျာ ကွန်ပျူတာနဲ့ ဖုန်းဆော့ဝဲတွေ ဒေါင်းလော့ချလိုရင်ဘဲဖြစ်ဖြစ် မိုဘိုင်းဖုန်းနဲ့ ဒေါင်းလော့ချလိုရင်ဘဲ ဖြစ်ဖြစ်  
လင့်ကောင်းလေးတစ်ခုတွေ့လို့ ညွန်လိုက်တယ်လို့ဘဲ ဆိုပါတော့.။ ဒီနေရာလေးကလည်း အတော်လေးကောင်း
ပါတယ်.။ ခုနတင်လိုက်တဲ့ ဆော့ဝဲနဲ့ ဘာတော်သလဲတော့ မသိဘူး တစ်ဦးတည်းပိုင်တာလားတော့ မသိဘူးဗျာ.။
သူ့မှာကြော်ငြာထားတာလေးတွေ့လို့ လိုက်ကြည့်လိုက်တော့ သြော်ဒါလေးလည်း အဆင်ပြေတာဘဲဆိုပြီး ပို့စ်တင်လိုက်တာပါ.။ Market လေးတစ်ခုပေါ့.။ ဆိုက်လိပ်စာတော့ မတူဘူးဗျ အဲတော့ ကိုယ့်အတွက်တော့ မှတ်စု တစ်ခုလို ဖြစ်သွားတာပေါ့ဗျာ.။ ကျုပ်ကတော့ ကောင်းမယ်ထင်တာလေးတွေကို မှတ်စုအနေနဲ့ သိမ်းသိမ်း
ထားတာပါ. သူများတွေလို ရည်ရွယ်ချက် ကြီးကြီမားမား မရှိပါဘူး ဒါကြောင့်လည်း မအောင်မြင်တာပေါ့.။ အောင်
မြင်လို့လည်း ခုလောလောဆယ် အနေအထားနဲ့က သိပ်မလွယ်ပါဘူးနော်။ ငွေရပေါက် မဟုတ်ဘဲ ကုန်ပေါက်
လေးတွေလေ..။ ဟုတ်တယ်မဟုတ်လား.ကဲဗျာ ဘာပဲပြောပြော မရောက်ဖူးသေးရင်တော့ တစ်ခါတစ်ခေါက် အလည်အပါတ် သွားကြပေါ့.ခုကတော့ ဟိုအရင်က ပြောသလိုဘဲ မိုဘိုင်းဆော့ဝဲတွေ ပလူပျံတဲ့ခေတ်လို့လေ..
အဆင်ပြေပါစေ..။

Mobo Genie for PC (15MB)

ကဲဗျာ ကွန်ပျူတာအတွက် ဆော့ဝဲကောင်းလေးတစ်ခုတွေ့လို့ တင်ပေးလိုက်ပါတယ်.။ ဘာသုံးရလဲဆိုရင်တော့ 
အများကြီး သုံးလို့ရတယ်ပေါ့ဗျာ.။ ကွန်ပျူတာကနေ ဖုန်းထဲကို တိုက်ရိုက်ဆော့ဝဲတွေ ထည့်နိုင် ဖြုတ်နိုင်တယ်
စသဖြင့် များစွာ အသုံးပြုနိုင်ပါတယ်.။ ဒါမျိုးဆော့ဝဲတွေကတော့ အများကြီးဘဲ သူ့ဟာနဲ့သူ ကောင်းကြတာဘဲဗျာ
ကိုယ့်အကြိုက် သူ့အကြိုက်ပေါ့ ဟုတ်ဘူးလား။ ဒီကောင်လေးမှာ ဆော့ဝဲတွေလည်း ဒေါင်းလော့ချနိုင်ပါတယ် ဂိမ်းတွေရော အခြားအသုံးဝင်တဲ့ဆော့ဖ်ဝဲတွေရောပေါ့ဗျာ.အများကြီးပါဘဲ..။ အဲတော့ အသုံးဝင်တယ်ပေါ့ဗျာ.
ကောင်းလည်းကောင်းပါတယ်.။ ကိုယ်မလုပ်တတ်လို့ ကောင်းတယ်ပြောတာတော့မဟုတ်ပါဘူး.မရှိတာ မသိတာ
ထက်တော့ ကောင်းတယ်ပေါ့.။ ကဲစိတ်ဝင်စားအောင်တော့ မရေးတတ်ဘူးဗျာ ကိုယ့်အတွက် လိုအပ်မယ်လို့ထင်
ရင်တော့ ဒေါင်းပြီး သုံးစမ်းကြည့်ပေါ့.။ 30.7.2013 အမှတ်တရ..
DOWNLOAD BOX.COM   AND မူရင်းလင့် DOWNLOAD MOBOGENIE.COM

Sunday, July 28, 2013

သူခိုးအပေါ် ဆရာတော်ကြီးများရဲ့ စိတ်သဘောထားများ..

" ဆရာတော် .. နာရီကြီးဘယ်ရောက်သွားသလဲ ဘုရား .. " " ညက ဒကာ ( ၂ ) ယောက် လာယူသွားကြတယ် ကွ .. " " ဆရာတော် သူခိုးလာခိုးသွားတာဖြစ်မှာ ပါ .. ဆရာတော် မသိလိုက်ဘူးလား ဘုရား .. " " သိပါတယ်ကွ ..သူတို့က မမှီမကမ်းနဲ့ဖြုတ်နေသံကြားလို့ မတော်လွတ်လို့ မင်းတို့နိုးကုန်ရင် နာရီလဲအကောင်းမရ .. ဒုက္ခလည်းရောက်ကြမှာစိုးလို့ ပလ္လင်နောက်မှာ ခွေးခြေရှိတယ်လို့ တောင် ပြောလိုက်သေးတယ် .. "
" ဆရာတော့်နှယ် .. သူခိုးပဲ ဘာလို့ပြောလိုက်ရတာလဲ .. လှူပစ်လိုက်တယ်ဆိုတာကမှ ဟုတ်သေးတယ် .. "
" ထူးပါဘူးကွ .. သူတို့လာယူတော့လဲ ကိုယ်ကသွားလှူရ သက်သာသွားတာပေါ့ .. ညကြီးမင်းကြီး သူများမသိအောင် လာယူတော့ ပုဂ္ဂိုလ် ...အယုတ်..အမြတ်ကလဲ မရွေးရတော့ ဘူးပေါ့ .. " ..
( အောင်ခြင်း ရှစ်ပါး ဆရာတော် ) အမရပူရမြို့  .. ။



" ဆရာတော် .. တပည့်တော်တို့ လှူထားတဲ့ ရေဒီယိုကြီးလဲ မမြင်ပါလား ... ဘယ်နေရာ သွားထားပါသလဲ ဘုရား .. " " ဘယ်မှ သွားမထားပါဘူး .. သူ့ပိုင်ရှင်ကယူသွားတယ် .. "
" အို .. ဆရာတော်ကလည်း .. ဘယ်ကလာ ပိုင်ရှင်ရှိအုန်းမှာလဲ .. တပည့်တော်တို့က ဆရာတော်ကို လှူထားတာပဲ .. ဆရာတော် ပိုင်တဲ့ပစ္စည်းပေါ့ .. "
" ငါမပိုင်လို့ပေါ့ကွာ .. ငါပိုင်ရင် ပစ္စည်းက ငါ့အနားမှာရှိနေမှာပေါ့ .. ခုတော့ သူ့ပိုင်ရှင် အနားရောက်သွားပြီ .. "
" ဆရာတော်ကလည်း ဝေ့လည်လည်ပြောနေပြန်ပါပြီ .. သူခိုးခိုးသွားတာမဟုတ်လားဘုရား .. ဒါဆို ဆရာတော် ရေဒီယို ဆုံးပြီပေါ့ .. "
" မဆုံးပါဘူးကွာ .. ဆုံးတယ်ဆိုတာ မီးလောင်သွားတာတို့ .. မြစ်ထဲပင်လယ်ထဲ ကျသွားတာတို့ လို ဘယ်သူမှ သုံးခွင့်မရတာမှ ဆုံးတာ .. ခုဟာက တစ်နေရာမှာ သုံးလို့ရနေအုန်းမှာပါ "

( တောင်တွင်းကြီးမြို့  နတ်မှီတောရ ဆရာတော်ဘုရားကြီး )

" ဆရာတော် လုပ်ပါအုန်းဘုရား .. ဒုက္ခတော့ရောက်ကုန်ပြီ .. ရဲ တိုင်မှ ဖြစ်တော့မယ် "
" ဘာတုန်းဟ ကပ္ပိယရဲ့ .. မင်းဟာ အရင်းမပါ .. အဖျားမပါ ပြူးတူးပြဲတဲနဲ့ .. တိုးတိုးသက်သာ ပြောစမ်းပါ ... "
" ဆရာတော့် ပစ္စည်းတွေ ညက သူခိုး ခိုးသွားပြီဘုရား .. ဒါကြောင့် ပုလိပ်( ရဲ ) ကို တိုင်မှ ဖြစ်မယ်လို့ ပြောတာပါဘုရား ... "
" ကပ္ပိယ ကိုယ့်ပစ္စည်း သူများအခိုးခံရတယ်ဆိုတာ ကိုယ်ကလည်း သူများပစ္စည်း ခိုးခဲ့ဖူးလို့ ဖြစ်မှာပေါ့ဟဲ့ .. သံသရာမှာ ကိုယ်ပြုခဲ့တဲ့ မကောင်းမှုဟာ တစ်ချိန်ချိန်မှာ တူသော အကျိုး ပြန်ပေးတတ်တာ ဓမ္မတာပဲ ... အသာနေပါ ကပ္ပိယရယ် .. မင်းလုပ်လိုက်မှ ငါ သံသရာမှာ သူခိုးဖြစ်ခဲ့ဖူးတာ လူသိကုန်ပါ့မယ် .. "

( ကျေးဇူးတော်ရှင် မဟာစည် ဆရာတော်ဘုရား )

တရားမသိသူများအတွက် ဥစ္စာပျောက်လျှင် ငရဲရောက်ရဧ။် .. တရားသိသူများအတွက်ကား .. ဥစ္စာပျောက်တိုင်း ကုသိုလ်ရရဧ။် ဟူသော အတွေးတစ်ချက်လေးရနိုင်ကြပါစေရှင် ..

( မထေရ်မြတ်တို့ဧ။် စကားဝိုင်းမှ )


ZinYawNews ကနေ..ဒီကိုရောက်အောင် ကျုပ်ငွေလေးတော့ နဲနဲစိုက်ထုတ်ရတာပေါ့ဗျာ..ကော်ပီဆိုပေမယ့် အားလေးတော့ စိုက်ရတာဘဲလေ..အလကားတော့ ဘယ်ရမလဲ ကြည့်သူကလည်း မျက်စိနဲ့ ကြည့်တာဆိုပေ မယ့်. ငွေနဲ့ ကြည့်ရတာဘဲ..ဟဲ ဟဲ..

စပါယ်ရှယ်ဆော့ဝဲများ စုစည်းမှုလေးပေါ့ကွယ်..

တစ်ကယ်ပါ လူတိုင်းနီးပါး အသုံးပြုနေတဲ့ ဆော့ဝဲလေးတွေပါဘဲ Update ဖြစ်တာလေးတွေရော Update မဖြစ်
တာလေးရော တင်လိုက်တယ်.။ Update မဟုတ်တာကတော့ Viber ပေါ့ သို့သော်လည်း ဒီ Version က ပိုအ
ဆင်ပြေတယ်လို့ ပြောနေကြတာ မြင်လို့ ဒါလေးပါ တင်လိုက်တာပါ.။ လူတိုင်း Google Play Store ၀င်လို့ရရင်
အဆင်ပြေမယ်.။ အဲဒါဆို တင်ရလွတ်တာပေါ့.ကျုပ်လည်း ၀င်လို့တော့ရတယ်.။ သိပ်ကြီး မလေ့လာဖြစ်ပါဘူးဗျာ
သိပ်စိတ်မ၀င်စားတာလည်း ပါတာပေါ့.အဲတော့ ဒီဆော့ဝဲဟာ ဘာတွေ သုံးကောင်းတယ်ဆိုရင်တော့ လှမ်းဆွဲ
လိုက်တာဘဲ.။ ကိုယ်တိုင် လိုက်ပြီးမလေ့လာနိုင်တော့ဘူးလေ အချိန်တွေ အများကြီးပေးဆပ်ရတာကိုး.ဆော့ဝဲ
ကို ဆွဲရတယ် ကလိရတယ် သူ့မှာဘာအားသာချက်လေးတွေ ပါတယ်ကအစ ရေးရတာကိုး အဲတော့ ကျုပ်က
အဲလောက်ကြီး မလုပ်နိုင်ဘူးလေ.။ ခုဒီမှာ တင်လိုက်တာတွေကတော့ အတော်များများက ရင်းနှီးပြီးသားတွေပါ
ရှိပြီးသားတွေလည်း ဖြစ်ချင်ဖြစ်နေမှာပါ.။ အဲတော့မရှိသေးရင်တော့ ယူကြပေါ့ဗျာ..။ ဒါပါဘဲ အဆင်ပြေပါစေ..။

Saturday, July 27, 2013

အသစ်လေးတွေ တင်လိုက်ပါပြီ..အမည်မဖော်လိုသူရေ...

အမည်မဖော်လိုတဲ့ ချစ်အစ်ကိုကြီးလား ချစ်အမကြီးလားတော့ မသိဘူးဗျာ သူက အသစ်လေးတွေ တင်ပါဦးတဲ့
ဘာအသစ်လည်းတော့ သိဘူးဗျာ မိုဘိုင်းဆော့ဝဲမှတ်လို့ တင်လိုက်တာ အခြားဟိုဒင်းတွေဆိုရင်တော့ ရှိဘူးနော်
လက်ရှောင်နေတာကြာရောပေါ့..။ စိတ်တွေ ဘီလူးအစီးခံရမှာစိုးလို့ ဟုတ်တယ် ဒီစိတ်တွေဝင်လာရင် ဘီလူးစီးခံ
ရသလိုဘဲ..။ မိုးမမြင် လေမမြင်ဖြစ်တော့တာဘဲ ဒါကြောင့် ဒါတွေရှောင်နေတယ်..။ ကဲခုတော့ ဖုန်းဆော့ဝဲလေး
တွေ ကောက်သင်းကောက် စုထားတာလေး တင်ပေးလိုက်တယ်.။ ကွန်ပျူတာနဲ့ ဒေါင်းမယ်ဆိုရင်တော့ Firefox
မှာပါတဲ့ Download လေးနဲ့ Download ချနေရင်တော့ Dowload Manager ကိုပြောင်းဒေါင်းလိုက်ပါ မခက်ပါ ဘူး.။ ပြောင်းတာကတော့ ညာဘက်ခြမ်းမှာ မြှားအောက်စိုက်နေတာလေးကို ကလစ်ပြီး ဒေါင်းနေတဲ့ဟာလေးကို
Right Click နှိပ် Copy Download Link ဆိုတာလေးကိုနှိပ်ပါ.ပြီးရင် Inter Download Manager ကိုဖွင့် Add URL ဆိုတာကိုနှိပ်လိုက်ရင် သူအလိုလိုလင့်က ကော်ပီကူးထည့်ပြီးသား ဖြစ်သွားမယ် OK နှိပ် ခဏစောင့်ပါ ဟို Firefoxမှာ ဒေါင်းလော့ချတဲ့ ဖိုင်ဆိုက်နဲ့ ဒီ Download Manager မှာပြတဲ့ဆိုက်ကို တိုက်ကြည့် ဖိုင်ဆိုက်တူနေပြီ ဆိုရင်တော့ Start Download ကိုနှိပ်လိုက်.ဒီနည်းက ပိုမြန်တယ်.ဖိုင်ကြီးတာတွေ ဒေါင်းရင် အဲလိုဒေါင်းလော့ ချရတယ်နော် မှတ်မိလား မမှတ်မိရင် တိုက်ပြီး တစ်ခေါက်လောက်လုပ်ကြည့် သဘောပေါက်သွားမယ်။  49MB   တောင် ရှိတယ်နော် ဒေါင်းလော့ချတဲ့ စပိတော့ သိပ်မကျပါဘူး.လိုင်းကောင်းပါစေ...။

Friday, July 26, 2013

တရုတ်ဟက်ကာများ Android ကို ခိုးဖောက်မှုအတွက်သုံး ဝါရှင်တန်၊ ဇူလိုင် ၂၅

 
တရုတ်ဟက်ကာ များသည် အင်တာနက်နှင့် ကွန်ရက်ဆိုင်ရာ လုပ်ငန်းများတွင် မကောင်းမှုများ လုပ်ရန်အတွက် ခိုးဖောက် ဝင်ရောက်မှုများကို Android ဆော့ဖ်ဝဲများအား သုံးကာ အဓိက လုပ်ဆောင်နေ ကြကြောင်း ကွန်ပျူ တာလုံခြုံရေး ဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Symantec ကပြောကြားသည်။ တရုတ်မှထွက်သည့် ဆော့ဖ် ဝဲနှစ်မျိုးကို လေ့လာသုံးသပ်ရာ၌ အခြား ကွန်ပျူတာ နှင့် မိုဘိုင်းလ်ပစ္စည်း များအား ကူးစက်ပြီး ခိုးဖောက် ဝင်ရောက်နိုင်ရန် စီစဉ်ထားသည် ကို တွေ့ရှိရကြောင်း ယင်းကုမ္ပဏီဝန်ထမ်း များက ဆိုသည်။ Google သည် ယင်းပြဿနာများကို ကြိုတင် သိရှိခဲ့သဖြင့် ဖယ်ရှားပေးခဲ့ပြီး ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တ နှစ်ပတ်ခန့် ကတည်းက ယင်းဆော့ဖ်ဝဲများ မှတစ်ဆင့် လက်ကိုင်ဖုန်းများထံ ပျံ့နှံ့စေရန် စီစဉ်ထား သော်လည်း အကြံ မအောင်မြင်ခဲ့ကြောင်း Google က ထုတ်ဖော်ပြောကြားသည်။ မိမိတို့ပိုင် Google Play အွန်လိုင်း စတိုးမှတစ် ဆင့် ဆော့ဖ်ဝဲများကို Download ချယူပါက ခိုးဖောက်မှုများ ပြုလုပ်နိုင်သည့် ခြေရာခံမှု မလုပ်နိုင်ရန် ကာကွယ် တားဆီးနိုင် သော်လည်း အခြား Website များမှ Download ချယူခြင်းအတွက် အာမ မခံနိုင်ကြောင်း Google ကဆိုသည်။
 


Android ဆော့ဖ်ဝဲများတွင် Code များကို ဖြေနိုင်သည့် သင်္ကေတများ ပါနေသဖြင့် မိမိတို့ လုပ်ဆောင်ထား သည့် ဆော့ဖ်ဝဲ များကိုလည်း ဝင်ရောက်ကူးစက်မှု မရှိစေရန် သင်္ကေတ Code များကို ပြန်လည်ပြင်ဆင် ရေး သားခဲ့ရကြောင်း BlueBox အဖွဲ့က ထုတ်ဖော်ပြောကြားသည်။

ဟက်ကာများသည် Android အမည် တပ်ကာ Skullkey ဆိုသည့် ဗိုင်းရပ်စ် တစ်မျိုးကို ထုတ်လွှတ်နေကြောင်း၊ ယင်း ဗိုင်းရပ်စ်သည် ဖုန်းများအတွင်း ပျံ့နှံ့ဝင် ရောက်သွားပါက ဘာလုပ်လုပ် စောင့်ကြည့်နေကြောင်း၊ အထူးသဖြင့် စာပို့မှုများ၊ ဘဏ် လုံခြုံရေးဆိုင်ရာ နံပါတ်နှင့် Password များ ရိုက်ထည့်မှုကို ခြေရာခံနိုင်ကြောင်း Symantec အဖွဲ့က ထုတ်ပြန်ထားသည်။
TheVoice ကနေကူးလာတယ်နော်....

Thursday, July 25, 2013

AutoCAD 2013 x86/ x64 ကီး Keygen

ကဲ တောင်းထားသူရှိတော့လည်း ရှာလို့ တင်ပေးလိုက်တယ် အဆင်ပြေမပြေတော့ မသိဘူးပေါ့ဗျာ.။ ဒါကတော့ Patch ဖိုင်အမျိုးအစားပါ.။ သူ့ကိုဒေါင်းပြီးရင်တော့ ဗိုင်းရပ်သတ်တဲ့ဆော့ဝဲတွေက သိပ်မကြိုက်ဘူးနော် အဲတော့
ဒေါင်းထားတာလေး စားခံရမယ်.။ အစားမခံရအောင် ဗိုင်းရပ်သတ်ဆော့ဝဲကို ပိတ်ထားလို့က ခဏတော့ ပိတ်မှ
ဖြစ်မယ်.။ Patch ဖိုင်တွေက များသောအားဖြင့်တော့ ဆော့ဝဲထည့်သွင်းပြီးရင် Desktop ပေါ်မှာ Icon လေးရှိ
တယ် သူ့အပေါ်မှာ Right Click >>Properties ကိုနှိပ်ပြီး Open file Location ကိုနှိပ်ပြီး Patch ဖိုင်ကို ကော်ပီ
ကူးထည့်ကာ နှစ်ချက်ကလစ်ရတာက များတယ် အဲတော့ စမ်းကြည့်ပေါ့ဗျာ.။ အဆင်မပြေဘူးဆိုရင်လည်း Google မှာ ထပ်ရှာပြီး ဒေါင်းပါ အဆင်ပြေအောင် လုပ်ပေါ့ ကျုပ်တော့ ဒီဇိုင်းပိုင်းနဲ့ ပါတ်သက်ပြီးတော့ အခြေခံ
မရှိပါဘူး Photo Shop တောင် ငါ့သူငယ်ချင်းကို နဲနဲပြခိုင်းတာလောက်ဘဲ.။ အဲတော့ ကျုပ်ကလည်း အများကြီး
မသိသေးဘူးပေါ့ဗျာ..ကဲဒါပါဘဲ အဆင်ပြေပါစေ..။

Tuesday, July 23, 2013

ကမ္ဘာတစ်ဝန်းလုံးရဲ့ စီးပွါးရေး အချက်အခြာ အကျဆုံး ထားဝယ် စီမံကိန်း Video

ထားဝယ်ဆိပ်ကမ်း စီမံကိန်းဟာ ကမ္ဘာပေါ်မှာ ဘယ်လိုအရေးပါသလဲ ဘယ်လိုအချက်အခြာ ကျသလဲဆိုတာကို
သိတဲ့သူတွေလည်း ရှိမယ် မသိတဲ့သူတွေလည်းရှိမယ်ပေါ့ အဲဒီတော့ မသိသေးတဲ့သူများလည်း သိနိုင်အောင်ပေါ့
ဗွီဒီယိုဖိုင်လေးက ရထားတာကြာပါပြီ 2010 လောက်ကတည်းကပါ ကျုပ်ရဲ့ဘော်ဒါလေးတွေဆီက ရထားတာပါ
စိတ်လည်း သိပ်မပါတာနဲ့ မတင်ဖြစ်ဖူး မနေ့ကတော့ မဇ္ဈိမ Mizzima သတင်းဌာနမှာ ဒီအကြောင်းလေးတွေ့လေ
တော့ သြော်ကိုယ်လည်း ဒါလေးတင်ဦးမှဘဲလို့ စိတ်ကူးပြီးတင်လိုက်တာပါ..122MB ရှိပါတယ်.။ မမြင်ဖူးရင် မကြည့်ဖူးသေးရင်တော့ ဗဟုသုတဖြစ်ကြည့်ကြပေါ့ဗျာ..။ ဒို့မြန်မာပြည်ဟာ ကမ္ဘာ့စီးပွါးရေး တစ်နည်းအားဖြင့် ရေ
ကြောင်း ကုန်ကြောင်းဘယ်လို အချက်အခြာကျတယ်ဆိုတာ သိမြင်လာပါလိမ့်မယ်..။  ကိုယ့်နိုင်ငံမို့ အမွန်းတင်
ပြောတာမဟုတ်ဘူး အခြားသောကမ္ဘာ့နိုင်ငံများထက် ရေကြောင်းအရရော ကုန်းကြောင်းအရပါ.အတော်လေးကို
အချက်အခြာကျတဲ့ နေရာတစ်ခုပါ ဒါကြောင့် ကိုယ့်မှာ ကုန်ကြမ်းလိုအပ်ချက်တွေ ပြလာတော့မယ် အဲဒီကုန်ကြမ်း
အတွက် ခုကတည်းက ကြိုတင်ပြင်ဆင်ထားကြပေါ့.။ ဒီလောက်ဘဲ ပြောချင်ပါတယ်.ကိုယ်ကစီးပွါးရေး အကြံပေး မဟုတ်ဘူးလေ.။ ကဲ Mizzima သတင်းက ဘယ်လိုရေးသားထားတယ်ဆိုတာ သိချင်ရင် အောက်မှာဆက်ဖတ်




မြန်မာ့အထူးစီးပွားရေးဇုန်များကို အရှေ့တောင်အာရှ စီးပွားရေးနိုင်ငံများ စိုးရိမ်

မင်းသူရ | တနင်္လာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၃ ခုနှစ် ၁၉ နာရီ ၁၃ မိနစ်
မြန်မာနိုင်ငံတွင် မကြာမီအကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန်များ ပြီးစီးမည်ကို အရှေ့တောင် အာရှစီးပွားရေး နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံများက စိုးရိမ်လာကြကြောင်း စီးပွားရေးဆိုင်ရာပညာရှင်များက ပြောကြသည်။

မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့က ဦးဆောင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ အကြောင်းအရာ ဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်လျက်ရှိသည့် ရေနက်ဆိပ်ကမ်း ပူးတွဲပါရှိသော ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင်ရှိသော ကျောက်ဖြူရေနက် ဆိပ်ကမ်း အထူးစီးပွားရေးဇုန်၊ ထားဝယ် အထူးစီးပွားရေး ဇုန်၊သီလဝါ အထူးစီပွားရေးဇုန်များသည် အရှေ့တောင် အာရှနိုင်ငံများတွင် မည့်သည့် နိုင်ငံမှ မတည်ရှိသော ပထဝီဆိုင်ရာ အချက်အချာကျသော နေရာတွင် တည်ရှိနေခြင်းကြောင့် ယင်းနိုင်ငံများက စိုးရိမ်ကြခြင်းဖြစ်ကြောင်း ဒေါက်တာအောင်ထွန်းသက်ကရှင်းပြသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွက် သတ်မှတ်ထားသော မြေနေရာသည် စင်ကာပူနိုင်ငံထက် နှစ်ဆကျယ်ဝန်းပြီး ၎င်းသည် အားသာချက်ဖြစ်သည်ဟု ဒေါက်တာအောင်ထွန်းသက်ကဆိုသည်။

ကျောက်ဖြူရေနက်ဆိမ်းကမ်း အထူးစီးပွာရေးဇုန်သည် စကာပူနိုင်ငံ ဆိမ်ကမ်းနှင့် မလက္ကာ ရေလက်ကြားတို့ကိုဖြတ်သန်း
သွားလာစရာ မလိုဘဲ အချိန်တိုအတွင်း ဥရောပမှတရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွားလာနိုင်သည်။

“ထိုင်းနိုင်ငံကလည်း မြန်မာနိုင်ငံကို ယှဉ်လို့မရတဲ့အချက်က မြန်မာနိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အရှေ့အာရှ နိုင်ငံတွေကို ကုန်းလမ်းဆက်သွယ်နိုင်တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်နေတာပဲ” ဟု ဒေါက်တာအောင်ထွန်းသက် ကဆိုသည်။

ကုန်းလမ်းက ရေလမ်းထက် အချိန်ကုန် သက်သာသဖြင့် လုပ်ငန်းရှင်များက သဘောကျကြသည်။

မြန်မာနိုင်ငံသည် အထူးစီးပွားရေးဇုန်များကို အကောင်အထည် ဖော်ရာတွင် တုံ့ဆိုင်းမနေသင့်ဘဲ အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း၊ တရုတ်နိုင်ငံသည် စီးပွားရေးဇုန် ပြုပြင်ပြောင်းလဲခဲ့ရာတွင် တံငါရွာကို အထူးစီးပွားရေးဇုန် လုပ်၍ စတင်ခဲ့ရာမှ ယခုအခါတွင် နိုင်ငံလူပေါင်း သန်းနှစ်ရာခန့်ကို အလုပ်အကိုင်ပေးနိုင်သည့် အနေအထား အထိပင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အိမ်းနီချင်းနိုင်ငံများ နှင့် ယှဉ်လျှင် နှစ်၂၀ခန့်ပင် နောက်ကျနေသောကြောင့် အမြန်ဆုံး အကောင်အထည် ဖော်သင့်ကြောင်း မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များအဖွဲ့၏ ဘောဂဗေဒ အဖွဲ့ခေါင်းဆောင် အငြိမ်းစား သံအမတ်ကြီး ဦးလှမောင်က ထောက်ခံပြောကြားသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် အကြီးဆုံးဖြစ်လာမည်ဆိုသည့် ထားဝယ် အထူး စီးပွားရေးဇုန်ကို ၂၀ဝ၈ ခုနှစ်တွင် မြန်မာအစိုးနှင့်
အီတာလျှံ-ထိုင်း ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခဲ့ပြီး ယင်းဇုန် ဧရိယာသည် မြေဧကစုစုပေါင်း ခြောက်သောင်း ကျော် ကျယ်ဝန်းပြီး ရေနက်ဆိမ်းကမ်းနှင့် စက်မှုဇုန် အမြောက်အမြား ပါဝင်ကာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ ကုန်ကျမည်ဟု ခန့်မှန်းထားသည်။

သီလဝါအထူးစီးပွားရေးကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအစိုးတို့ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီထားပြီး အဆိုပါ
အထူးစီးပွားရေးဇုန်တွင် အဆင့်မြင့် စက်မှုလုပ်ငန်းများနှင့် အထည်ချုပ်စက်ရုံများ၊ သင်္ဘောဆိမ်းကမ်းတို့ ပါဝင်ပြီး ဧက ၅၀ဝဝ
ကျယ်ဝန်းသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို စတင် အကောင်အထည် ဖော်ရန် ဒေသခံများနှင့် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယင်းစီမံကိန်း ဆောက်လုပ်ရန်အတွက် နိုင်ငံတကာသို့ တင်ဒါခေါ်ရန် စီစဉ်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် တရုတ်နိုင်ငံသည် အထူးစီးပွားရေး ဇုန် ၁၅၀ရှိပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံတွင် ၃၅၊ ဖိလစ်ပိုင်နိုင်ငံတွင်၂၀၊ မလေးရှားနိုင်ငံတွင်၂၅၊ အင်ဒိုနီးရှားနိုင်ငံတွင် ၁၂ ခန့်ရှိသည်။

Mizzima

Monday, July 22, 2013

pdf စာအုပ်တွေ များများ ရချင်ရင်..ကောင်းမွန်တဲ့ နေရာတစ်ခုကို ဖွင့်ပြခြင်း

ဟုတ်ကဲ့ ကျုပ်လည်း စာအုပ်တွေ ဟိုအကောင့်မှာတင်ထား ဒီအကောင့်မှာတင်ထားနဲ့ စာအုပ်လေးတွေ ချည်း တင်ထားတဲ့ လင့်လေးတစ်ခုကို ထုတ်ဖော်ပြသလိုက်ပါတယ်.။ ၀ါသနာပါရင်တော့ ရှိုးကြည့်ပေါ့..။ ခုတစ်လော ဘာတင်ရမှန်းတောင် မသိပါဘူးညယ်.။ Mobile Software ခေါ် apk တွေကလည်း 1Mobile မှာလည်း ဒေါင်း
လို့ ရနိုင်သလို Black Market မှာလည်း ဒေါင်းနိုင်တယ် တရုတ်ဆော့ဝဲလေးတွေမှာလည်း ဒေါင်းနိုင်တယ်..။ 
Google Play Store မှာလည်း အတော်များများ ဒေါင်းနိုင်ပြီဆိုတော့ကာ..သဘောကျတာ စိတ်ကြိုက်  ဖြစ်တာ
လေးတွေကလည်း မတွေ့ဖြစ်နေတယ် ဟတ်မထိဘူးပေါ့ကွယ်..။ လာလည်တဲ့အတွက် ကျေးဇူးပါ..။ အချိန်က
လည်း စကားပြောသလို ဟတ်ထိတာတွေလည်း ဖြစ်တဲ့အရာလေးတွေကို ရွေးတင်ဖို့စိတ်ကူးပေမယ့် ခုတစ်လော
တော့ ၀ါလည်း ၀င်တော့မှာဆိုတော့ စိတ်လေးငြိမ်းချမ်းအောင် တရားလေးတွေ ရှာတင်နေတယ်..။ တစ်ကယ်
တော့လည်း ကိုယ်လုပ်နေတဲ့ အရာက သိပ်ကြီး အကျိုးမများလောက်ပါဘူး.။ သို့သော် အစွဲအလန်းတစ်ခုလို ဖြစ်
နေပြီကွယ်..။ ဒါကြောင့်သာဘဲ ပို့စ်လေးတွေ တင်နေတာ ပျင်းတောင် ပျင်းလာပြီဗျာ.။ တစ်ကယ်.သတင်းတွေ
ကြည့်ရတာလည်း စိတ်မချမ်းသာစရာ အာရုံတွေ သိပ်များတယ်.ကျုပ်အနေနဲ့ တရားစာအုပ်တွေလည်း တင်ထား
ပါတယ်..။ ဒါလေးတွေ လိုအပ်ရင် ဒေါင်းကြပေါ့ဗျာ..။ 

Mobile Issue 112 download here (Mobile Guide)

ဒီနေ့ထွက်ရှိလာတဲ့ ဂျာနယ်လေးကတော့ သိပြီးမဟုတ်လား ကျုပ်ကတော့ ဒီဂျာနယ်လေးကို အမြဲတမ်းအားပေး
တယ်လေ.။ ဒါကြောင့် ဒါလေးကို ပို့စ်အဖြစ်တင်ပေးလိုက်တယ် ကိုယ်တိုင် Upload တင်ခြင်းမဟုတ် ပို့စ်အဖြစ်
တင်ခြင်းပါ.။ ကဲ နည်းပညာကို စိတ်ဝင်စားစွာ လေ့လာနေကြတဲ့ ချစ်နှမများ ချစ်ညီအစ်ကိုများ ဒေါင်းပြီးတော့
ကြည့်နိုင်ပါပြီ..။ အဆင်ပြေပါစေ..
မူရင်းနေရာလေးလဲ သိကြတယ် မဟုတ်လား သိလိမ့်မယ်လို့
ထင်ပါတယ် မသိသေးဘူးဆိုရင်တော့ ဒီနေရာကို နှိပ်ပြီး သွားပါ..။
Like လေးလည်း လုပ်ထားပေါ့ကွယ်....

Sunday, July 21, 2013

ဆရာတော် ဦးဝီရသူ တရားပွဲ ဗုံးကွဲမှုအခြေအနေသတင်းမှန် ( Dhammavira Ashin )

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆လမ်း၊ ၈၄×၈၅ လမ်းကြား၊ တရားပွဲကို ယနေ့ 21.7.2013 ရက်နေ့ ည 8:35 နာရီတွင် စတင်ဟောကြားသည်။ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက အမျိုးသားရေးဝါဒီ ဆရာတော် ဦးဝီရသူက "ဆွေမျိုးဆိုတာ များလေကောင်းလေ" တရားဟောကြားနေစဉ် ၉း၀၀ နာရီခန့်တွင် တရားမဏ္ဍပ်နောက်ကျောမှ ရုတ်တရပ်ပေါက်ကွဲမှုကြီး တစ်ရပ် ဖြစ်ပေါ်ခဲ့ရာ ဦးဝီရသူက တရားဆက်မဟောဘဲ ရပ်ထားလိုက်သည်။ ဟိုဟိုဒီဒီလှည့်ပတ်ကြည့်နေစဉ် တရားနာပရိသတ်များမှ ဆရာတော်ကို ပစ်တာ "အောက်ကို ဆင်းပါဘုရား အောက်ဆင်းပါဘုရား" ဟု အော်ဟစ်လျှောက်ထားကြ၍ ပလ္လင်ပေါ်မှဆင်း၍ စင်ပေါ်တွင် ခဏထိုင်နေခဲ့သည်။ သံဃာတော်တ်ာများ အမျိုးသားများ စင်ပေါ်တက်လာပြီး ဦးဝီရသူကိုဝန်းရံကာ ကွယ်ထားကြသည်။

နိဗ္ဗာန်ဆော်မှ ကားဘီးပေါက်သည်ဟု ကြေညာသည်။ ဦးဝီရသူ တရားပြန်ဟောသည်။
တရားနာပရိတ်သတ်များ သုံးပုံတစ်ပုံသာ ကျန်တော့သည်။ ပလ္လင်နောက်ကျောမှာ ရုတ်ရုတ်သဲသဲဖြစ်နေဆဲ။
ရေစက်ချ အမျှဝေအပြီး တရားနာပရိသတ်များက ၀န်းရံကာ အနီးရှိ သစ္စပါရမီ တိုက်အိမ်ထဲ ပင့်ဆောင်ခဲ့ကြသည်။
ပရိသတ်ရှေ့ဆုံးမှ နာယူနေသော မပန်းနုအောင် အသက် (၂၁) နှစ် ညာဘက်ခြေထောက်ထိမှန်သွား၍ ပတ်တီးစည်းထားသည်ကို တွေ့ရသည်။

ထိမှန်စဉ် မနာကျင်၊ နောက်မှ ပူလောင်နာကျင်လာ၍ ဆေးခန်းသွားပြခဲ့ကြောင်း လျှောက်ထားသည်။
အဖွားကြီးတစ်ယောက် ပေါင်ရင်း ဗုံးစထိမှန်သွားသည်။
မြတောင်တိုက် ခေမာဝန်းကျောင်း မှ ကိုရင်ပညာသာမိ ပေါင်နှင့် ဒူးခေါင်ဒဏ်ရာရသွားသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ဃသ(၁၃)ရပ်ကွက်၊ အိမ်အမှတ် က(၃၀)နေ (အသံချဲ့စက် ဆရာ) ဦးကျော်ဝင်း (၃၆)နှစ် ခါးမှာ ဒဏ်ရာရသွားသည်။
ခဲယမ်းအစအနလေးများ အသားထဲစူးဝင်နေ၍ ၀ိုင်းဝန်းဖယ်ရှားပေးရသည်။
တရားပလ္လင်နောက်ကျောတွင် ချိတ်ဆွဲထားသော ဗီနိုင်းစ အစအန ထိမှန်ပေါက်ပြဲသွားသည်။ SE ကားဖြူ နောက်ဘီး နှစ်ဘီးနှင့် ရှေ့ဘီး ညာဘက်ဘီး ထိမှန်ပေါက်ကွဲသွားသည်။ ကားအောက် ဆီတိုင်ကီ ယိုစိမ့်ထွက်ကျလာသည်။

ကားမှန်ပေါက်ပြဲ၊ ကားနောက်ခန်းဘေး အစအန ထိမှန်ပေါက်ပြဲသွားသည်။
ပေါက်ကွဲရာနေရာလမ်းမပေါ်တွင် ချိုင့်ငယ်တွင်းငယ်တစ်ခုလို ချိုင့်ဝင်သွားသည်။
၅င/၈၆၆၅ နောက်ပိုင်း ကိုယ်ထည် ယမ်းအစအနများ စင်၍ ပေါက်ပြဲသွားသည်။
ဦးဝီရသူ အပြန်အတွက် ကားတစ်စင်း သီးသန့်စီစဉ်ရင်း ဦးဝီရသူ၏ တပည့် လူငယ်နှစ်ယောက်နှင့် တရားပွဲပင့်သူ လူငယ်အချို့ စကားများကြ၍ ပရိသက် ရုတ်ရုတ်သဲသဲ ထပ်ဖြစ်သည်။

လုံခြုံရေး အရ ကားကိုစစ်ဆေးရာမှ စကားများရင်း လက်ပါသွား၍ ဦးဝီရသူ၏ တပည့် မောင်ဆံရှည် လက်သီးနှင့်အထိုးခံရသည်။
ကိုပြာလောင် ခြေနှင့် အကန်ခံရသည်။
နောက်ဆုံး ဦးဝီရသူ၏ ဒကာရင်းကားဖြင့် လာကြို၍ ကျောင်းသို့ ချောမောစွာ ပြန်ရောက်သည်။
၁၀း၃၀ နာရီ တရားပွဲပြီး၍ ၁၁း၀၀ နာရီမှ ကျောင်းရောက်သည်။

ယခု ည ၁၁း၃၀ နာရီအထိ ပေါက်ကွဲနေရာတွင် လုံခြုံရေးတင်းကျပ်ထားပြီး ကြိုးဝိုင်းထားကာ သေချာစစ်ဆေးနေပြီး၊ မပန်းနုအောင် ခြေထောက်ထဲ ယမ်းစနှုတ်မရ၍ ဆေးရုံကြီး OPT သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
နောက်ဆုံးသတင်းအရ ယ္ခုည ၁၂း၀၅ နာရီတွင် အောင်မြေသာဇံမှ ဒေါ်အေးခင်၊ အမည်မသိ အမေကြီးတစ်ဦး၊ ကိုရင်ပညာသာမိ၊ ဦးကျော်ဝင်း (အသံချဲ့စက်ဆရာ)၊ မပန်းနုအောင် တို့ ဆေးရုံတက်နေကြောင်း၊ သိရသည်။

"ဗုံးပေါက်ကွဲမှု နောက်ဆက်တွဲသတင်း"
****************************
ယခုည ၁၂း၄၅တွင် ခယကအဖွဲ့ရောက်လာပြီး ပျက်ဆီးစီးသွားသည့် ကားဘီးသုံးလုံးကို အသစ်လဲကာ ကားကိုယူဆောင်သွားကြောင်း သိရသည်။ ၄င်းရပ်ကွက်မှ ပြည်သူများက သက်သေခံပစ္စည်းအထောက်အထားများ ဖျောက်ဖျက်ပစ်မှာကို စိုးရိမ်နေကြောင်း သိရသည်။
×××××××××××××××××

By Wira Thu
https://www.facebook.com/dhammavira.ashin/posts/279126465563199
ဒီအပေါ်လင့်က ကူးလာတယ်...
ဦးဝိရသူ Facebook  ကို သွားလိုရင်တော့...
https://www.facebook.com/ven.wirathumsy?directed_target_id=0
ဒီလင့်လေးပါ..ဓါတ်ပုံများစွာတင်ထားပါတယ်..လှမ်းကြည့်လိုက်ပါ..

ဗုဒ္ဓ၀င်အကျဉ်း နှင့် ကဆုန် ၀ါဆို သီတင်းကျွတ် စသဖြင့် ဗုဒ္ဓနှင့်ပါတ်သက်ပြီး ထူးခြားတဲ့ လတွေအကြောင်း (ဗုဒ္ဓကမ္ဘာ)

(က) ရသေ့ဖြစ်ခြင်း
သုမေဓါရသေ့ဘ၀ မရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၎င်းမိဘနှစ် ပါး သေဆုံးသည့်အခါ ပစ္စည်းဥစ္စာများ ဘာမျှယူမသွားနိုင်သောကြောင့် လူတွေမှာသေဆုံးလို့  ဘာမျှပါမသွားနိုင် တာရှိလျှင် သေဆုံးပြီးပါအောင် ယူသွားနိုင်တာ ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာ အားလုံး စွန့် လွှတ် လှူဒါန်းပြီး ရသေ့ဘ၀ပြောင်း တရားကျင့်ခဲ့သည်။
(ခ) ဆန္ဒာဓိပတိ
ဘုရားအလောင်းတော်သုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ ပြီး နိဗ္ဗာန်သို့  မျက်မှောက်ပြုနိုင်ပေမဲ့  ဒီပင်္ကရာ ဘုရားရှင် ကဲ့သို့ သတ္တ၀ါများအား လမ်းညွှန်(ကယ်တင်) လိုသော ဆန္ဒာဓိပတိကြောင့်သာလျှင် ဘုရားဆုပန်လေ သည်။
(ဂ) ဗျာဒိတ်ယူခြင်း
ယခုမျက်မှောက်နေဆဲ ကမ္ဘာမတိုင်မီ အရှေ့ လေးသင်္ချေ ကမ္ဘာတစ်သိန်းအစ ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘ၀မှစပြီး ဘုရားဆုပန် ဗျာဒိတ် ယူခဲ့သည်။
(တစ်ကမ္ဘာသည် မရေတွက်နိုင်အောင်ကြာလှပြီး သင်္ချေတစ်ခုသည် တစ်၏နောက်မှ သုညပေါင်း တစ်ရာ့လေးဆယ်ရှိသည်။)


(ဃ) ပါရမီ (ဆယ်ပါး - ပြားသုံးဆယ်)

၁။ ဒါန = ပေးလှူခြင်း
၂။ သီလ = ကိုယ်နှုတ်စောင့်ထိန်းခြင်း
၃။ နေက္ခမ္မ = ကိလေသာတောမှ ထွက်ခြင်း
၎။ ပညာ = အကြောင်းအကျိုး ဆင်ခြင် ထိုးထွင်းသိခြင်း
၅။ ၀ီရိယ = အားစိုက်ကြိုးစား လုံ့ လရှိခြင်း
၆။ ခ န္တီ = သည်းခံခြင်း
၇။ သစ္စာ = ဖြောင့်မတ်/ မှန်ကန်ခြင်း
၈။ အဓိဌာန် = အဓိဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသော ဆန္ဒ
၉။ မေတ္တာ = စင်ကြယ်သောချစ်ခြင်း
၁၀။ ဥပေက္ခာ = လျစ်လျုရှုခြင်း/ အသင့်အားဖြင့်ရှုခြင်း

- မူလပါရမီ (၁၀) ပါး
(ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊ သားသမီးပါမကျန် ဖြည့်ခြင်း)
- ဥပပါရမီ (၁၀) ပါး
(စည်းစိမ် + ဇနီး၊ သားသမီးအပြင် မိမိခန္ဓာကိုယ်အစိတ်အပိုင်း ပါဝင် ဖြည့်ခြင်း)
- ပရမတ္ထပါရမီ (၁၀) ပါး
(အသက်ကိုပါမကျန် ဖြည့်ခြင်း)

(င) ပါရမီဖြည့်ပုံ

(၁) ကြာမြင့်လှစွာသောအချိန်
(၂) မရပ်မနား
(၃) ချန်မထားဘဲ
(၄) ရိုရိုသေသေ
(၅) ပျော်ပျော်ကြီးဖြည့်

(စ) တိတိကျကျသေသေချာချာ ပွင့်တော်မူခြင်း

(၁) ပါရမီဖြည့်တာ တိကျသေချာ
(၂) မွေးဖွား နှစ်၊ လ၊ ရက် (မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့ )
(၃) မိဘနှစ်ပါး (သုဒ္ဓေါဒနမင်းကြီး နှင့် မယ်တော်မာယာဒေ၀ီ)
(၄) မွေးဖွားနေရာ (အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊ နီပေါနိုင်ငံပိုင် လုမ္ဗနီ ဥယျာဉ်)
(၅) လူသားအစစ်ဖြစ်ခြင်း
(၆) မွေးမွေးခြင်း ဘုရားမဖြစ်၊ ကျင့်ပြီးမှဖြစ် (ကျင့်စဉ်အားလုံး တိကျသေချာပြထားသည်)
(၇)ဘုရားဖြစ်သောရက် တိကျသေချာ (မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ )

ဗုဒ္ဓနှင့်ဆိုင်သောနေ့ များ

ကဆုန်လပြည့် (၅) နေ့ 


(၁) ဗျာဒိတ်ယူသည့်နေ့  = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့ 
(၂) ဘုရားမွေးသည့်နေ့  = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့် (သောကြာနေ့ )
(၃) ဘုရားဖြစ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့ )
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့  = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့  = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့် (အင်္ဂါနေ့ )

( ကဆုန်လပြည့်၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပရခြင်း အထိမ်းအမှတ်သည် ဘုရား၏ ပရိဘောဂစေတီကို စုပေါင်းပူဇော်ပြီး ညောင်ပင်အသက်ရှည် စိမ်းလမ်းစိုပြေ သကဲ့သို့  သာသနာတော်သန့် ရှင်း၊ တည်တံ့၊ ပွားများနိုင်ရန်။)

ဝါဆိုလပြည့် (၅) နေ့ 

(၁) ပဋိသန္ဓေတည်သည့်နေ့  = မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့ )
(၂) တောထွက်သည့်နေ့  = မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့ )
(၃) ဓမ္မစကြာတရားဦးဟောနေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
(၄) သောတာပန်လူသားစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )
(၅) သံဃာရတနာစပေါ်သည့်နေ့  = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့ )

( သာသနာဝင်များသည် ၀ါဆိုလပြည့်နေ့ ၏ အဓိပ္ပာယ်ကို လေးလေးနက်နက်နားလည် သင့်ပေသည်။)

သီတင်းကျွတ်လပြည့်နေ့ 

(၁) ဘုရားရှင်သည် မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလလုံး အဘိဓမ္မာတရား ဟောကြားခြင်း
(၂) မိဘအားကျေးဇူးဆပ်ပြီး လူ့ ပြည်ဆင်းစဉ် လူသားများ ဆီမီးဖြင့် ပူဇော်ကန်တော့ခြင်းကို အစွဲပြုပြီး မီးဖြင့်ကန်တော့ကြသည်။

မြတ်ဗုဒ္ဓ အလိုတော်ကျမှာ -

- အဘိဓမ္မာတရားတော် ပြန့် ပွားနားလည်အောင်လုပ်ရန်
- မိဘနှင့်ကျေးဇူးရှင်များကို ကျေးဇူးဆပ် ကန်တော့ရန်

(လွန်ကဲသော မီးထွန်းကြခြင်း၊ ဥပမာ - အိမ်သာမကျန် နှင့် ဗျောက်အိုး နှင့် မီးရှူးမီးပန်းများ ဖောက်ကြခြင်းသည် မိမိတို့ ၏ ထုံးတမ်းအစဉ်အလာအရ လုပ်ကြခြင်းဖြစ်သည်။ )

တပိုတွဲလပြည့်နေ့ 

ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်၌ ရဟန္တာပေါင်း ၁၂၅၀ တက်ရောက်သော ‘ပထမသံဃသန္နိပါတ’ ပထမဆုံးသံဃာ့ အစည်းအဝေးကျင်းပပြီး ဘုရားအဆူဆူ ဆုံးမစကား သြ၀ါဒပါတိမောက် ချီးမြှင့်သောနေ့ ဖြစ်ပြီး လက်ျာရံ အဂ္ဂသာဝက အရှင်သာရိပုတ္တရာ နှင့် လက်ဝဲရံ အဂ္ဂသာဝက အရှင်မောဂ္ဂလာန်တို့ အား ရာထူးအပ်နှင်းသော နေ့ ဖြစ်သည်။

သြ၀ါဒပါတိမောက်၏ အနှစ်ချုပ်မှာ -

(၁) လွန်စွာချုပ်တည်းခြင်းတည်းဟူသော သည်းခံခြင်းသည် အလွန်မြင့်မြတ်သော အကျင့်ပေတည်း။
(၂) မိမိစိတ်ကို သန့် ရှင်းဖြူစင်စေရာ၏။
(၃) ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရာ၏။

ဓမ္မာစကြာတရားတော်

ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ် အာရုံတို့ ဖြင့် ပျော်ပါးနေခဲ့သော “ကာမသုခလ္လိကာနုယောဂ” လက်ယာစွန်း ရောက်နေစဉ် လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး ခန္ဓာကိုယ်ကို အမျိုးမျိုး နှိပ်စက်ညှင်းဆဲပြီး ကျင့်သော ဒုက္ကရစရိယာအကျင့် “အတ္တကိလမထာနုယောဂ” လက်ဝဲစွန်း ရောက်နေစဉ် ဒေါသကိုသာ ဖြစ်စေသဖြင့် တရားမရ ဖြစ်နေသောကြောင့် ၎င်းအစွန်း နှစ်ပါးကို ရှောင်ရှားပြီး “ မဇ္ဈိမပဋိပဒါ “ (ခေါ်) မဂ္ဂင်ရှစ်ပါး အကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကိုသိမြင်နိုင်သော တရား ဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။

သစ္စာတရား (Universal Truth)

အစဉ်ထာဝရ မှန်ကန်သော အမှန်တရား

(က) Person ပုဂ္ဂိုလ်မရွေး
(ခ) Place နေရာမရွေး
(ဂ) Time အချိန်မရွေး မှန်ကန်သော သစ္စာတရား ဖြစ်သည်။

ဗုဒ္ဓသာသနာအနှစ်ချုပ်

သစ္စာလေးပါးသည် အနှစ်ချုပ်ဖြစ်သည်။

(က) သိ = ဒုက္ခသစ္စာ
(ဖောက်ပြန်၊ နှိပ်စက်၊ လိုတာမရ၊ ရတာ မလိုလို့  ဆင်းရဲခြင်း)
(ခ) ပယ် = သမုဒယသစ္စာ
(ဒုက္ခဖြစ်ပေါ်စေသောအကြောင်းတရား - လောဘ)
(ဂ) ဆိုက် = နိရောဓသစ္စာ
(ဒုက္ခသမုဒယချုပ်ငြိမ်းခြင်း - နိဗ္ဗာန်)
(ဃ) ပွား = မဂ္ဂသစ္စာ
(နိရောဓသို့  ဆိုက်ရန်ပွားသော မဂ္ဂင်ရှစ်ပါးအကျင့်)

မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)

သီလ (၁) မှန်စွာပြော (ပြော)
(စည်းကမ်း) (၂) မှန်စွာပြုမူ ( ပြု )
(ကာယ + ဝစီ) ထိန်း (၃) မှန်စွာအသက်မွေး (မွေး)
သမာဓိ (၄) မှန်စွာဝီရိယ (ဝီ)
(နည်းလမ်း) (၅) မှန်စွာသတိ (တိ)
(မနော) ထိန်း (၆) မှန်စွာသမာဓိ (ဓိ)
ပညာ (၇) မှန်စွာသိမြင် (သိ)
(သဘောတရား) (ဂ) မှန်စွာတွေးခေါ် (တွေး)
(အရှိ / အမှန်)

မဂ္ဂင်ရှစ်ပါးကို ချုံ့ လျှင် သီလ - သမာဓိ - ပညာ သိက္ခာသုံးပါးရပြီး ၎င်းသိက္ခာသုံးပါးကို အနှစ်ချုပ်လျှင် သတိတစ်လုံးသည်သာ ကျန်တော့သည်။ ဗုဒ္ဓ၏ နိဗ္ဗာန်ရောက်ကြောင်းသည် တစ်ကြောင်းတည်းသောလမ်း မဟာသတိပဌာန်တရားဖြစ်သည်။ (သတိတစ်လုံးအရှိသုံး အဆုံးနိဗ္ဗာန်တိုင်)

ကုသိုလ်ကောင်းမှု (၄) မျိုး

၁။ ဒါန (စွန့် လွှတ် - လှူဒါန်း)
၂။ သီလ (ကာယ + ဝစီ ထိန်းသောစည်းကမ်း)
၃။ သမထဘာဝနာ (ကမ္မဌာန်းအာရုံ တစ်ခုတည်းကိုသာ ရှုခြင်း)
၎။ ဝိပဿနာ ဘာဝနာ (ရုပ်နာမ်တရားတို့ ၏ ဖြစ်ပျက်ကို ရှုခြင်း)


မှတ်ချက်

- ဒါန၊ သီလ၊ သမထဘာဝနာ စသည်သုံးမျိုးသည် ဘုရားမပွင့်မှီ ကာလများစွာကပင် ရှိခဲ့ပေသည်။
- လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများကို ရစေပြီး ကံအကျိုးပေး သာလျှင်ရရှိကာ သံသရာလည်ပြီး ဒုက္ခသစ္စာမှ မလွတ်မြောက်နိုင်ပေ။
- ဘုရားပွင့်လာရခြင်းသည် သတ္တဝါများအားလုံး ဒုက္ခဆင်းရဲ အပေါင်းမှလွတ်မြောက်စေနိုင်သော ဝိပဿနာဘာဝနာ ရှုမှတ်ပွားများနိုင်စေရန် လမ်းညွှန်ပေးရန်ဖြစ်ပြီး ဒုက္ခသစ္စာမှ လွတ်မြောက်ပြီး နိရောဓသစ္စာ (နိဗ္ဗာန်) သို့  မျက်မှောက် ပြုနိုင်သော ဥာဏ်အကျိုးပေး ကို ညွှန်ပြပေးနိုင်ရန် ဖြစ်သည်။

သာသနာ (၃) ရပ်

ဗုဒ္ဓသာသနာ (အဆုံးအမ) သုံးရပ်ရှိသည်။

၁။ ပရိယတ္တိသာသနာ (ဟောပြောခြင်း၊ စာပေမှတ်တမ်းတင်ခြင်း၊ သင်ကြားခြင်း)
၂။ ပဋိပတ္တိသာသနာ (မိမိခန္ဓာကိုယ်တွင်းသို့  မိမိဥာဏ်ဖြင့် ရှုမှတ်ပွားများ လေ့ကျင့်ခြင်း)
၃။ ပဋိဝေဓသာသနာ (ပဋိပတ္တိသာသနာ အကျင့်ကျင့်ပြီးမှသာလျှင် အရှိတရား၊ အမှန်တရား၊ သဘောတရားများသိမြင်လာပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်သို့  မျက်မှောက်ပြုအကျိုး ရရှိခြင်း)

မှတ်ချက်

ဘုရားသာသနာ သုံးရပ်တွင် - သာသနာပြုရန် ပံ့ပိုးခြင်း၊ လုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း ပြုလုပ်နိုင်သည့် အကျင့်နှစ်ဖြာဖြစ်သော ပရိယတ္တိ နှင့် ပရိပတ္တိသာရှိပေသည်။

(ပဋိဝေဓသာသနာသည် ကျင့်ပြီးမှသာလျှင် ရရှိသောအကျိုးဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။)

ဘုရားဂုဏ်တော် (၉) ပါး

(၁) အရဟံ
(က) အရဟံ = လူ နတ် ဗြဟ္မာ တို့ ၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(ခ) အရ ဟံ = ကိလေသာရန်သူတို့ ကို ပယ်သတ်တော်မူပြီး ဖြစ်ခြင်း။
(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ ကို ဆရာမရှိပါဘဲ ပါရမီစွမ်းအားဖြင့် သိခြင်း။
(၃) ဝိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (ဝိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့ နှင့် ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သော စကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း (ကောင်းသောသွားလာခြင်း / လာခြင်း)
(၅) လောကဝိဒူ = လောကကြီး သုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိ စ္ဆာန်၊ လူ၊ နတ် တို့ ကို ယဉ်ကျေး သိမ်မွေ့ အောင်ဆုံးမခြင်း။
ဒမ္မသာရထိ
(၇) သတ္ထာဒေဝ = လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးတို့ ၏ ဆရာဖြစ်ခြင်း။
မနုဿာနံ
(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရား လေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
(၉) ဘဂဝါ = ဘုန်းတော် (၆) ပါး နှင့် ပြည့်စုံခြင်း။

တရားဂုဏ်တော် (၆) ပါး

(၁) ဟော = ဘုရားကိုယ်တိုင် ဟောခြင်း။
(၂) ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘဝ၌ပင် ကိုယ်တိုင် ရှုမြင် နိုင်ခြင်း။
(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင် ဖိုလ် အချိန်မဆိုင်းဘဲ ဖြစ်ခြင်း။
(၄) ဖိတ် = တရားနှင့် ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ် ရဲခြင်း။
(၅) ကပ် = မိမိသ န္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကို လက်တွေ့ ခံစားနိုင်ခြင်း။

သံဃာဂုဏ်တော် (၉) ပါး

(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာ ကျင့်ကြံခြင်း။
(၃) နိဗ် = နိဗ္ဗာန်ရောက်ရေး ကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) ဝေး = အဝေးက သယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့် ပစ္စည်းကိုပင် အလှူ ခံထိုက်ခြင်း။
(၇) မြင့် = မြင့်မြတ်သော အလှူကို ခံထိုက်ခြင်း။
(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တဝါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။

စာရေးသူ၏ မှတ်ချက်

တရားဂုဏ်တော် နှင့် သံဃာဂုဏ်တော် တို့၏ ပါဠိတော်တို့ကို မဖော်ပြထားပါ။ ဥပမာ - သွာက္ခာတော ဘဂဝတာ ဓမ္မော ..ကို ဟော ဟုသာ အတိုချုပ်ဖော်ပြထားပါသည်။

သရဏဂုံပျက်သူ

(၁) သေဆုံးသူ
(၂) အခြားဘာသာသို့ ကူးပြောင်းသူ
(၃) ကိုးကွယ်မှု မှားယွင်းသူ

(ဥပမာ - ဘုရားအဆုံးအမတွင်မပါသော သစ်သီးအမျိုးမျိုးကို ၎င်း၊ မခိုင်မာသည့် ရုပ်ပုံ၊ ပန်းပုများကို ၎င်း၊ မမြင်မသိရသည်များကို သူများအပြော မျက်စိမှိတ်ပြီး ကိုးကွယ်သူ)

သရဏဂုံတည်သူ (ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်သူ)

- ဘုရား၊ တရား၊ သံဃာရတနာ သုံးပါးတို့၏ ဂုဏ်တော် (ကျေးဇူး) ကို အစဉ်နှလုံးသွင်းကာ အားကိုးအပ်နှံပြီး ရတနာသုံးပါးတို့၏ အဆုံးအမကိုသာ လိုက်နာကျင့်သုံး နေသူသည်သာလျှင် သရဏဂုံတည်သူ ဖြစ်လေသည်။

ဝါဆိုလပြည့်နေ့ အကြိုလေးပေါ့ဗျာ ဒီပို့စ်လေးကတော့  (ဗုဒ္ဓကမ္ဘာ) က ကူးယူလာတာပါ..။
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:4311 ဒီနေရာလေးကတော့
သူ့မူရင်း နေရာလေးပါဘဲ ဘာသာရေး အသိအမြင် ကြွယ်ဝပြီး သံသရာ ခရီးသွားရာမှာ အဆင်ပြေအောင်
ကုသိုလ်တရားများ ပွါးများနိုင်ကြပါစေ..နောက်ပြီးတော့ ဒီဘ၀သံသရာကြီးကို ငြီးငွေ့နေသူများလည်း တရားထူး
တရာမြတ်တွေကို ကြိုးစားပြီး တရားတရားထူး တရားမြတ်တွေ ရကြပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်.
မိုးကောင်းကင်..ဖောင်းပြင်သား..

ဗုဒ္ဓဘုရား သားတော် အရှင်ရာဟုလာကို သြ၀ါဒ ပေးတော်မူပုံ

 
တစ်ခါတုန်းက မြတ်စွာဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည်ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေပါတယ်။ ညနေချမ်း   ရောက်တော့ ရှင်ရာဟုလာ သီတင်းသုံးရာ သရက်ဥယျာဉ်သို့  ကြွတော်မူပါတယ်။ ရှင်ရာဟုလာက မြတ်စွာ ဘုရားအတွက် နေရာခင်းခြင်း၊ ခြေဆေးပေးခြင်းများ ပြုပါတယ်။ မြတ်စွာဘုရားရှင်က ရှင်ရာဟုလာ ခင်းထား တဲ့ နေရာမှာ ထိုင်တော်မူပြီး တရားစကား သြ၀ါဒ ပေးတော်မူပါတယ်။ “ချစ်သားရာဟုလာ.... အလုပ်တစ်ခု လုပ်တော့မယ်ဆိုရင် မလုပ်ခင် စဉ်းစားလိုက်ပါဦး။ မိမိလုပ်မယ့်အလုပ်ဟာ မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကိုထိခိုက်နိုင်မလား၊ ထိခိုင်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

♦ ချစ်သားရာဟုလာ.... လုပ်ဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊ သူတစ်ပါးကို ထိခိုက်နိုင်မလား၊ ထိခိုက်နိုင်မယ်ဆိုရင် မလုပ်ပါနဲ့ တော့။

♦ ချစ်သားရာဟုလာ.... လုပ်ပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိသူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မလုပ်ပါနဲ့တော့။

♦ ချစ်သားရာဟုလာ....အပြောတစ်ခုပြောတော့မယ်
ဆိုရင်လည်း မပြောခင် စဉ်းစားလိုက်ပါဦး။
မိမိကိုယ်ကို ထိခိုက်နိုင်မလား၊
သူတစ်ပါးကို ထိခိုက်နိုင်မလား။
ထိခိုက်နိုင်မယ်ဆိုရင် မပြောပါနဲ့ တော့။

♦ ချစ်သားရာဟုလာ....ပြောဆဲမှာလည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်မလား။ ပြောပြီးပြန်ရင်လည်း
စဉ်းစားလိုက်ပါဦး။ ထိခိုက်နိုင်တယ်ဆိုရင် မပြောပါနဲ့ တော့။

♦ ချစ်သားရာဟုလာ....အတွေးတစ်ခု တွေးတော့မယ်
ဆိုရင်လည်း စဉ်းစားလိုက်ပါဦး။ တွေးဆဲမှာလည်း
စဉ်းစားလိုက်ပါဦး။ တွေးပြီးပြန်ရင်လည်း စဉ်းစားလိုက်ပါဦး။
မိမိ သူတစ်ပါး ထိခိုက်နိုင်တယ်ဆိုရင် မတွေးပါနဲ့ တော့။”

မြတ်စွာဘုရားရှင်က ကံသုံးပါးကို စင်ကြယ်အောင်လုပ်ဖို့ 
ဟောပြလိုက်တော့ ရှင်ရာဟုလာလည်း ကျေနပ်ပီတိ
ဖြစ်သွားပါတော့တယ်။

- (မဇ္ဈိမပဏ္ဏာသပါဠိတော်၊ မဟာရာဟုလောဝါဒသုတ်)

- [ ဆရာတော် ရဝေနွယ် (အင်းမ) ၏
“မိမိကိုယ်ကို မိမိတည်ဆောက်မယ်” ဆောင်းပါးမှ - ]

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
ဒီfacebook က ကူးယူခဲ့တယ် ဆိုပါတော့ ကအသုံးလေး ဒီနေ့ သတင်းစာမှာ ဖတ်လိုက်ရလို့ ကလို့ ရေးလိုက်တယ်..။
မှ အား အသုံးအနှုန်းလေးတွေက မသင့်ဘူးဆိုဘဲ ဒါက ဘယ်ကစသလဲဆိုတော့ တောခိုတဲ့ နိုင်ငံရေးလောက
က စလာခဲ့တာဆိုဘဲဗျာ.. ဒီအကြောင်း သိချင်ရင်တော့ သတင်းစာကြည့်ပေါ့...

Saturday, July 20, 2013

HWH ဥုံ Android Version Update နှင့် Windows Computer Version များရယူနိုင်ပါပြီ ( အောင်မျိုးကျော် )

ဗားရှင်းအသစ်ထွက်လာလို့တင်ပေးလိုက်ပါတယ်ထူးခြားတာ ဒီ ဗားရှင်းမှာကွန်ပျူတာအတွက်ပါ ပါလာတာပါ ကဲ့မူရင်းဖန်တီးသူဘယ်လို့ရေးထားတာလဲဆက်ဖတ်လိုက်ပါဦး HWH ဥုံ ဘာလဲဆိုတာတော့ အကျယ်တ၀င့် မရှင်းတော့ပါဘူး။ အင်တာနက် ၁၅မိနစ်ရှိရုံနဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်း ပြောင်းလဲနေတဲ့ အင်တာနက်ပေါ်မှာ စီးဆင်းနေတဲ့ သတင်း၊ သုတ၊ ရသ၊ နည်းပညာ၊ အားကစား၊ စသဖြင့် ကဏ္ဍမျိုးစုံကို ဖတ်ရူနိုင့်မယ့် Offline News Readerလေးပါ။ ယခု Android Versionသစ်မှာတော့ RFA, BBC, VOA, NHK နေ့စဉ် အသံလွှင့် အစီအစဉ် များကိုပါ Onlineဖြင့် တိုက်ရိုက် နားဆင်နိုင်ပါတော့မယ်။ Windows Computer Versionကတော့ The First Myanmar Offline News Reader လို့ထင်ပါတယ်။ ပထမဆုံး Versionဖြစ်တဲ့ အပြင် ကျွန်ုပ်သည်လည်း Developer/Programmerကြီး တစ်ယောက်မဟုတ်လို့ အားနည်းချက် များစွာရှိနိုင်ပါတယ်။ သို့ပေမဲ့ အင်တာ နက်ပေါ်က အကောင်းဆုံးဆိုတဲ့ Frameကို ယူသုံးထားလို့ အဆင်ပြေမယ်လို့ ထင်ပါတယ်။ 


***အထူးအသိပေးလိုသည်မှာ Downloadဆွဲ ရယူပြီး rar ဖိုင်အား ဖွင့်ပြီးလျှင် Read Me First ဖိုင်အား ဦးစွာဖတ်ပေးပါရန်နှင့် Windows Computer Software Install မလုပ်မီ Read Me First စာအုပ်ပါ လမ်းညွှန်ချက် နံပါတ်များအတိုင်း လုပ်ဆောင်ပါက ပို၍ အဆင်ပြေစေမည်ဖြစ်သည်။***


ဒီနေရာမှာ ရယူပါ
http://www.maeublogger.tk/      မှ တိုက်ရိုက် ကူးယူဖော်ပြထားတယ်

>>>For Android



Download=>DropBox /Zippyshare / Mediafire / Dev-Host

>>>For Computer(Windows XP/7/8)


အမေရိကန် အကြီးဆုံး ဒတ်ထရိုက်မြို့ ဒေ၀ါလီခံ (ရန်ကုန်မီဒီယာ)

ဒက်ထရိုက် ၊ ဇူလိုင် ၁၉ ။           ။ ဆယ်စုနှစ်များစွာ စီးပွားရေး ကျဆင်းမှုနှင့် မှားယွင်းသောစီမံ ခန့်ခွဲမှုတို့ကြောင့် နိုင်ငံ၏ ကား လုပ်ငန်းတည်ရှိရာ ဒက်ထရွိုက် မှာ အကြွေးမဆပ်နိုင်ဖြစ်ပြီးနောက် ဇူလိုင် ၁၈ရက်က ဒေဝါလီ ခံယူ ကာကွယ် ခွင့်လျှောက်ထားသည့် အမေရိကန်၏ အကြီးဆုံးမြို့ဖြစ် လာခဲ့သည်။ တစ်ချိန်က စက်မှုအင်အား ကြီးမှုနှင့်အတူ ပျားပန်းခတ်မျှ လှုပ်ရှားစည်ကားခဲ့သော ဒက် ထရွိုက်မြို့ကြီးသည် ယခုအခါ စွန့်ပစ် ထား သည့် မိုးမျှော်အ  ဆောက်အအုံများ၊ စွန့်ပစ်ထား သည့် စက်ရုံများနှင့် အိမ်များပြန့် ကျဲနေလေပြီ။ ရာဇဝတ်မှုထူပြော သည့်အပြင် မြို့ကြီးက မီးများကို ပင် မဖွင့်နိုင်တော့။ ရာခိုင်နှုန်း၄၀ သောလမ်းမီး များမလင်းတော့။
ဒက်ထရွိုက်ဒေဝါလီခံရခြင်း မှာ ယုံကြည်မှုလျော့နည်းခြင်း ကြောင့် မီချီဂန်ပြည်နယ်နှင့်အခြား ပြည်နယ်များရှိ မြူနီစီပယ်များ အတွက် ငွေချေးယူရန် ပိုမိုခက်ခဲ စေသောကြောင့်ဟု မျှော်လင့်ရ သည်။ အခြားရွေးချယ်စရာမရှိဟု မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်ခ်စနိုက်ဒါကပြောသည်။ ''ဒါ က ခက်ခဲတဲ့ လုပ်ဆောင်ချက် တစ်ခုပါ။ ဒါပေမဲ့ နှစ်၆ဝဖြစ်နေ တဲ့ပြဿနာတစ်ခုကို ကိုင်တွယ် ဖို့ တစ်ခုတည်းသော အလားအ လာရှိတဲ့ ရွေးချယ်မှုပါ''ဟု စနိုက် ဒါက သတင်း ထုတ်ပြန်ချက်တစ်ခု တွင် ပြောကြားခဲ့သည်။


ဒက်ထရွိုက်၏လူဦးရေမှာ ၁၉၅ဝပြည့်နှစ်က ၁ဒသမ၈သန်း ရှိခဲ့ရာမှ ယနေ့အချိန်တွင် ခုနစ် သိန်းမျှသာရှိနေပြီး တစ်ဝက်ကျော် ကျော် လူဦးရေကျုံ့သွားခဲ့သည်။ ပြည်သူများ ရပိုင်ခွင့်လှုပ်ရှားမှုများ ကြောင့် လူမျိုးရေးတင်းမာမှုများ ပေါ်ပေါက်ခဲ့သည်။ ၁၉၆ရက အဓိကရုဏ်းများကြောင့် ထိခိုက် ဆုံးရှုံးမှုများရှိခဲ့သည်။ လူဖြူနှင့် လူလတ်တန်းစားများ မြို့ဆင်ခြေ ဖုန်းရွှေ့သည်။ စီးပွားရေးလုပ်ငန်း များလည်း အလားတူ လိုက်လံ ဆောင်ရွက် ခဲ့ရာ အခွန်ရရှိမှုကို နောက်ထပ်ကျုံ့သွားစေခဲ့သည်။
အခွန်ရရှိမှုနည်းပါးလာ သည်နှင့် ဝန်ဆောင်မှုများလျှော့ ချခံရသည်။ ထိုအခါ နောက်ထပ် လူများကို ထွက်ခွာစေခဲ့သည်။ နောက်ဆုံးတွင် မြို့ကြီးမှာ စီးပွား ရေးအရ ထိန်းမနိုင်သိမ်းမရအခြေ အနေဆိုက်ရောက်သွားခဲ့သည်။
အာရှမော်တော်ကားကုမ္ပ ဏီများကို ဈေးကွက်ရှယ်ယာများ ကဲ့ယူစဉ်က စက်ရုံများသည် လူ အစား စက်များကိုအသုံးပြုခြင်း သို့မဟုတ် ပြင်ပပစ္စည်းများဝယ်ယူ အသုံးပြုခြင်းတို့ကြောင့် အဓိက ကျသော အလုပ်သမားများအ များအပြားကိုထွက်ခွာစေခဲ့သည်။

REF: AFP



Friday, July 19, 2013

ကြီးကြီးကြိုက်သူများအတွက် ဈေးသက်သာ Huawei Ascend Mate

အရွယ်က ၆.၁ လက်မ အရွယ်ကြီး Ascend Mate ဖုန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝရီလ ကတည်းက စတင်ဖြန့်ခဲ့တာ ဖြစ် ပါတယ်။ သို့ပေမယ့် ဗြိတိန်နဲ့  ဥရောပနိုင်ငံတွေကို ယခုရက်ပိုင်းအတွင်းပဲ ရောက်ရှိတာပါ။ သူ့ဈေးနဲ့ သူ့တန်ဖိုးက တွက်ကြည့်လိုက်ရင် တကယ်ကိုက် ပါတယ်။ မြန်မာကျပ်ငွေနဲ့ တွက်ရင် ၄သိန်း ဝန်းကျင်ပဲ ရှိပါမယ်။ ၅ သိန်းဆို
ဒီအချိန်မှာ Samsung ရဲ့  Galaxy Note 2 ရဖို့တောင် မလွယ်သေးပါဘူး။ Huawei ကတော့ ဈေးသက်သက်သာ သာနဲ့ Ascend Mate ကို ဈေးကွက်ဖြန့်ချိခဲ့ပြီး ဖြစ်ပါတယ်။ ကောင်းကွက်ကိုပဲ အရင်ပြောရရင် ဘက်ထရီပါ။ 4050 mAh ဖြစ်ပြီး Talk Time က ၂၂ နာရီ ဖြစ်ပါတယ်။ ဖုန်းကလည်းကြီးတော့ ဘက်ထရီ အားကြီးကြီး အသုံးပြုထား   ခြင်း ဖြစ်ပါတယ်။ အခြား Feature များအနေနဲ့ ကတော့ Magic Touch, Guiding Wizard, Smart Reading, Easy Panel, One-Hand UI အစရှိသဖြင့် User အတွက် Support လုပ်ပေးထား ပါတယ်။

၆.၁ လက်မ အရွယ် 720p IPS+ LCD capacitive touchscreen ဖြစ်ပြီး ယနေ့ နောက်ဆုံးထွက် 1080P အရည်အသွေးမျက်နှာပြင်ပါ ဖုန်းကိုတော့ မမှီပါဘူး။ ကင်မရာ 8 megapixel ပါ။ ရှေ့  က 1 megapixel ဖြစ်ပါတယ်။

RAM 2GB Run နိုင်ပြီး built in မှာ 8GB memory , ထပ်ဖြည့်လိုက micro SD support ပေးထား၊ processor က Quad-core 1.5 GHz Cortex-A9 ဖြစ်ပါတယ်။ ဒီမှာ အားနည်းချက် တွေ့ပါပြီ။ Huawei ရဲ့  K3V2 chipset ကို အသုံးပြုထားပါတယ်။ Outdated CPU architecture ဆိုပြီး GSM Arena တို့လို ဖုန်းဝဘ်ဆိုဒ်ကြီးများက ဝေဖန် ထားပါတယ်။

ဘယ်အရာမှ Perfect ဆိုတာတော့ မရှိပါဘူး။ Huawei ကတော့ တရုတ်ဖြစ် ဖုန်းဖြစ်ပေမယ့် Ascend စီးရီးရောင်း အားက အနောက်တိုင်းမှာပါ မြင့်တက် နေပါတယ်။ အဓိက ကတော့ ဈေးသက်သာ လို့ပါ။ UI နဲ့ Processing မှာကျ iPhone, Samsung, HTC, Sony တို့လောက် လူကြိုက်မများပါဘူး။ သို့ပေမယ့် ဈေးသက်သက်သာသာနဲ့ High Class ဖုန်း အသုံးပြုနိုင်အောင် Huawei ရဲ့  ထောက်ပံ့မှု တစ်ခုကြောင့် အရောင်းသွက်နေခြင်း ဖြစ်ပါတယ်။

ယခု Ascend Mate ကတော့ အရွယ်ကြီး Phablet ပါ။ ဖုန်းနဲ့ Tablet နှစ်မျိုးလုံး အစား ပေါင်းစပ်ထားတဲ့ Samsung Galaxy Note ဖုန်းတို့လို အရွယ်ကြီး ဖုန်း ဖြစ်ပါတယ်။ စထွက်တုန်းက USD ၅၅၀ ဒေါ်လာဝန်းကျင် ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Huawei Ascend Mate ကို ကန်ဒေါ်လာ ၄၅၀ ဝန်းကျင်ပေါက်ဈေးနဲ့ ရောင်းချပေးနေ
ကြောင်း သိရပါတယ်။
.


Quad-band GSM/GPRS/EDGE; penta-band 3G with HSPA
6.1" 16M-color 720p IPS+ LCD capacitive touchscreen with Gorilla Glass, Magic Touch, usable with gloves
Android OS v4.1.2 Jelly Bean with Emotion UI
Quad-core 1.5 GHz Cortex-A9, 16-core GPU; Huawei K3V2 chipset
2GB of RAM
8 MP autofocus camera with LED flash, 1080p video recording @ 30fps, continuous autofocus and stereo sound
1 MP front-facing camera, 720p video recording
Dual-band Wi-Fi a/b/g/n, Wi-Fi Direct and DLNA
GPS with A-GPS
8GB of built-in storage
microSD card slot, side-mounted, hot-swap
microUSB port with USB host and MHL 2.0
Bluetooth v4.0
FM radio
Standard 3.5 mm audio jack
Accelerometer and proximity sensor
Active noise cancellation with dedicated mic
Plenty of juice in the ample 4050 mAh battery

.
Ref: pocketlint
Aung Kham (TSJ team)
TechSpace Journal

HUAWEI U8825 Firmware

ကဲဗျာ ကျုပ်လည်း HUAWEI U8825 လေးဝယ်ထားတော့ သူ့အတွက် လိုလိုမယ်မယ် ဆောင်ထားရအောင်ဆိုပြီး
Firmware လေး ရှာကြည့်လိုက်တော့ Mobile House မှာ တွေ့တာနဲ့ ဒေါင်းလော့ချလိုက်တယ် ကိုယ်တိုင်တော့
မတင်နိုင်ပါဘူးဗျာ.။ ဖိုင်ဆိုက်က နည်းတာကြီးမှ မဟုတ်တာ 378 MB တောင် ရှိတယ်လေ.။ Update ဖိုင်ကလည်း
772 MB ရှိတယ် အဲတော့ ကိုယ့်လိုဘဲ လိုလိုမယ်မယ် ဆောင်ထားလိုသူများအတွက် လင့်လေးကိုဘဲ လမ်းညွန်ခဲ့
ပါရစေတော့ဗျာ..။ မူရင်း တင်တဲ့ Mobile House မှာဘဲ ဒေါင်းရမှာဘဲ သူက အဆင်ပြေအောင် လုပ်ပေးထားပါ
တယ် ကျုပ်ဒေါင်းတာတော့ အဆင်ပြေတယ် ကဲ လိုအပ်ရင်အောက်မှာ ဒေါင်းပါ..။ သူရေးသားထာပုံလေးကတော့
HUAWEI U8825-1 Offical Firmware ကိုဒေါင်းပြီး ခါတိုင်းလို dload ထဲ နဲ့ တင်လိုက်ပါ.။ Download Anyway
နှိပ်ပြီးဒေါင်းပါတဲ့ဗျာ..။ အဆင်ပြေပါစေ...။ http://moiblehouse.blogspot.com ဒါက ကျုပ်ယူခဲ့တဲ့ လင့်နေရာ.။။

မေးနေကျ မေးခွန်းများ အစီအစဉ်လေး. ( Credit MMUC )

မေးတတ်တဲ့ အရာလေးတွေပါ ဒီနေရာလေးက မူရင်းရေးသားကြတဲ့ MMUC အဖွဲ့သားများနေရာပေါ့ဗျာ.. ။  ဖေ့ဘုတ်မှာ ဒါလေးတွေ့လို့အကောင်းလေး ချည်း ကိုယ့်အတွက်တော့ စိတ်ကြိုက်လေးတွေ များနေလို့ ယူလာတာ တစ်ကယ်ကောင်းပါတယ် .။ တစ်ချို့ကမေးမယ် ဆိုတာချည်းဘဲ နဲနဲလောက် အားစိုက်ပြီး ရှာကြည့် မတွေ့မှ မေးပါ.။ အဲဒါအကောင်းဆုံးဘဲ ဒီနေရာမှာတော့
လူမေးများတာတွေကို ဖော်ပြထားတယ်..။
ဘာဖုန်းဝယ်ရင် ကောင်းမလဲ ? www.gsmarena.com မှာအရင်  လေ့လာကြည့် ပါ။ စုံတဲ့ဆိုင်သွားကြည့် ဈေးမေး အခြေအနေကြည့် စကားချိုချိုသာသာပြော ကလိကြည့် ဖုန်းလေးကိုင်ကြည့်လို့ ရင်ဘတ်နဲ့ ထိတာ ၀ယ်ပါ။

ဘယ်ဖုန်းလေးက ဘယ်ဈေးရှိလဲ??  ဒါကတော့ တကယ်ဝယ်မှာ သေချာရင် ပို့စ်တင်ပီး မေးပါ။ ဖြေပေးပါလိမ့်မယ်။ ဒါပေမယ့် ဒီထဲက ပြောတဲ့ ဈေးတိုင်းလဲ အမှန်မရနိုင်ပါဘူး။မြို့တမြို့နဲ့ တမြို့က မတူလို့ပါ။ reference ပဲရနိုင်ပါတယ်။

root / jailbreak လုပ်ရင် ၀ရမ်တီ ပျက်နိုင်ပါသလား။ - ပျက်နိုင်မပျက်နိုင်သေချာမသိပေမယ့် ခုလောလောဆယ် popular ဖြစ်နေတဲ့ ဖုန်းအများစုက stock firmware ပြန်တင်ရင် root/jailbreak အစအနတောင် မတွေ့အောင်လုပ် လို့ရပါတယ်။ အဲ့တော့ စဉ်းစားကြည့်ပေါ့ဗျာ..။jailbreak လုပ်ထားရင်တော့ Apple Store က Warranty မပေးပါဘူးဒါပေမယ့် မပူပါနဲ့ Restore ပြန်လုပ်ပြီးသွားပါ Warranty ပေးပါတယ်


For Android
ဟိုဆော့ဝဲလ်လေး လိုချင်လို့ ဒီဆော့ဝဲလ်လေး လိုချင်လို့ 
www.apkmania.com www.apktop.com www.1mobile.com

For iOS - iTunes store /
appsnew/#.UOsl_Ylete4 / store.heaveniphone.com/home.html 

ရှာကြည့်ပါ။ မရှိမှ ဒီမှာလာမေးပါ။ သြော်မေ့လို့ တခုကျန်ခဲ့တာ www.google.com မှာလည်း ရှာကြည့် ပါ။ အဲ့ဆိုက်ဒ်လေး မဆိုးဘူးဗျ။ ကောင်းတယ် :Pမြန်မာဆော့ဝဲလ်တွေ ထဲ့ချင်တာ ပိုက်ဆံလဲ မပေးချင်လို့ အဲ့တာ cracked ထားတဲ့ apk / ipa လေး ရှယ်ယာပါဦး။ - ဒီထဲမှာ မြန်မာဆော့ဝဲလ် developer တွေ ရှိပါတယ် သူတို့ကို ရင်နာအောင် မလုပ်ပါနဲ့။

ဖုန်းဝယ်လာတာ Made in vietnam/ Made in China ပဲ ဖြစ်နေလို့။ ကျနော်က Made in Singapore ပဲလိုချင်တာ။ စင်္ကာပူမှာ ဘယ်brand ဖုန်းမှ စက်ရုံဆောက်ပီး မထုတ်ပါဘူး။

ကျနော့် ဖုန်းလေးေ၇ာင်းချင်လို့...။ - ဖုန်းအခြေအနေ၊ သုံးထားတာ ကြာမကြာ၊ ဖုန်းရဲ့ ဒဏ်ရာဒဏ်ချက် ဖြစ်နိုင် လျှင် ဓါတ်ပုံရိုက်ပီး .. အရောင်းနိုင်ဆုံး ဈေးကိုပြောပါ။ မဖြစ်နိုင်တဲ့ဈေးပြောရင် ဘယ်သူမှ စိတ်မ၀င်စားပါဘူး။

MyRingTune ဆားဗစ် ဖြုတ်ချင်လို့/ ထဲ့ချင်လို့ - GSM 0973174488, CDMA 0973174455 ဒီနံပါတ်တွေကိုဆက်လိုက်ပါ။

Prepaid စနစ်ပြောင်းချင်လို့ - 18812 ကို YES ဟု Message ပို့ပါ။
GSM ငွေဖြည့်ကဒ်ကို တခြားနံပါတ်ကို လွဲပေးချင်လို့ - *123*pincode*phone number# Call
ရွှေဈေး ငွေဈေ ဗေဒင် ဘောလုံးပွဲသတင်း တွေကို Message နဲ့ ပို့ပေးတဲ့ ဝန်ဆောင်မှု့ အကြောင်း အသေးစိတ်သိလိုပါက - 1876 ( Operator ) သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ

 Android အတွက် နည်းလမ်းများ
မြန်မာဖောင့်ထဲ့ချင်လို့ - samsung android မှာ version 2.3.6 အထိ zawgyi one.apk ဆိုတာထဲ့၇င် မြင်ရမယ်။ ကျန်တဲ့ android ဘယ်ဖုန်းမဆို root မှ မြင်ရမယ်။  https://www.dropbox.com/s/lfq7ee1z4yapidt/Zawgyi_Onettf.apk ဒါလေးသွင်းပီး setting/display/fontstyle/choose zawgyi  ။ rootပီးသား မြန်မာဖောင့်မထဲ့ရသေးပါက>> https://www.facebook.com/groups/MyanmarMobileUsers/doc/396620623695644/

ကျနော်ပို့တဲ့  မြန်မာ မက်ဆေ့က တခြားမှာ ? တွေပဲပေါ်နေလို့- message/setting/input/automatic or unicode လို့ပြောင်းပါ

ကျနော့် android ဖုန်းမှာ မက်ဆေ့ မထွက်လို့- အလွယ်ဆုံးနည်းက nokia / sony ဖုန်း အဟောင်းတလုံးမှာ မထွက်တဲ့ sim card ထဲ့ပီး message center no +9595930003 or +9595930014 လို့ပြောင်းလိုက်ပါ

ဗားရှင်းမြှင့်ချင်လို့ - လုပ်ဖူးတဲ့အတွေ့အကြုံ၊ english စာအခြေခံနဲနဲ ရှိရင် google ပါ။ root မလုပ်ထားရင် OTA (over the air) နဲ့ Update လုပ်ပါ။ Root လုပ်ထားရင် tips -  samsung ဆို ODIN , Huawei ဆို dload , Sony ဆို Flashtools, HTC ဆို RUU ။ ဒေါင်းရမဲ့နေရာကို ဒီမှာစုပေးထားတယ် https://www.facebook.com/groups/MyanmarMobileUsers/doc/501881649836207/

အခုနောက်ဆုံးဗားရှင်း ၄.၂.x တွေမှာ USB Debugging ပျောက်နေလို့ - Build Number ကို သုံးချက်တို့လိုက်ပါ .. (မရရင် မရမချင်းတို့ပါ :P )

အင်တာနက် setting ဘယ်လို ထဲ့ရမလဲ -
For GSM- setting/wireless and network/more/APN/ option key > create new apn> name - mpt, APN - mptnet, Authentication type - PAP or CHAP. Save and Reboot ur phone.

For CDMA 800 -setting/wireless and network/more/APN/ option key > create new apn> Name - mpt / APN - #777 / Port - 8080 / Username - xxxx@c800.mm / password - ကြိုက်ရာ / Authentication Type - PAP or CHAP / APN typr - default / Ptompt password - #777


For C8812 - APN - wap / usernaame - aaaa@c800.mm / pwd - aaaaaa / prompt password = #777

၁၅၀၀ တန် MECTEL အင်တာနက် setting >> Name- ကြိုက်တာ / APN - #777 /        username - card / psw - card / authentication type - PAP or CHAP / Prompt psw - #777

ဆိုင်မှာ မြန်မာဖောင့်ထဲ့ထားတာ ခုကြည့်ကြည့်တော့ မမှန်လို့- version ကြည့်ပါ။ 4.0+ (ICS) ဆိုရင် ကျန်တဲ့နေရာမှန်ပေမယ့် Facebook နဲ့ အင်တာနက်ဖတ်ရင်ော x် တွေ လွဲပါမယ် ပုံမှန်ပါ။ (သတင်းကောင်းပါ facebook v.2 မှာ newsfeed မှာ မြန်မာဖောင့်မှန်ပါပီ) ။ 4.1 + (jelly bean) ဆိုရင် ဘယ်နေရာမှာပဲ ဖြစ်ဖြစ်   မြန်မာဖောင့် (ော x်) လွဲနေပါမယ် ပုံမှန်ပါ။ ကိုင်တဲ့ဖုန်းက sony ericsson ဆိုရင်  -ျ တွေ အပေါ်တက်နေပါ လိမ့်မယ်။ ဒါဆိုရင် android 2.3.6 ဆိုရင် zawgyi installer သုံးပီး မြန်မာဖောင့်ထဲ့ရင် မှန်ပါမယ်။ android 4.0.4 တွေ ဆိုလျင့် ဒီလင့်ခ်မှာလေ့လာပါ   https://www.facebook.com/groups/MyanmarMobileUsers/doc/504237706267268/


ဖုန်းကို root လုပ်ချင်လို့ သူများလဲ ပိုက်ဆံမပေးချင်လို့ ၊ ကိုယ့်ဖုန်းကို ကိုယ့်ဟာကိုလုပ်ကြည့်ချင်လို့ ၊ ကိုယ့်ဟာကို လုပ်ကြည့်ချင်ရင် ကိုယ့်ဟာကို အရင် google ကြည့်ပါ မရလျှင် ဒီမှာလာမေးပါ။ အားတဲ့သူဝင်ဖြေပေးပါလိမ့်မယ်။

 ကျနော့် Huawei မှာ google applications တွေ ပါမလာလို့ Rroot လုပ်ရပါမယ် ။ ပီးတော့ cwm ထဲ့ပီး gapps ကို flash ရပါမယ်။ cwm ထဲ့မရတဲ့ huawei တွေဆိုရင်တော့ မရပါ ။ talk အစား ebuddy messenger, IM+pro သုံးပါ။

စက်ရုပ်ထဲကနေ google play store ၀င်မရလို့ ။ - ခရစ်စမတ်လက်ဆောင်နဲ့ တူပါရဲ့ Dec 25, 2012 မှာ ပလေးစတိုးက မြန်မာကို ၀င်ခွင့်ပေးလိုက်ပါပီတဲ့ မြန်မာကပိတ်ထားတဲ့ port ကို Proxydroid OR Droid VPN နဲ့ ကျော်နိုင်ရင် ရပါပီ....ဒီလင့်ခ်ကို သွားပါ>> https://www.facebook.com/groups/MyanmarMobileUsers/doc/503133706377668/    [ အခုတော့ ၀င်လို့ ရသွားပါပီ -droid  Device တော်တ်ာများများ အဆင်ပြေနေကြ ပါပြီ - ဒီစာလေးတော့ကို အမှတ်တရအနေ နဲ့ ဒီအတိုင်းထားစေချင်ပါတယ် :D ]

စက်ရုပ်မှာ Root မရလို့  မ Root ပဲ မြန်မာဖောင့် မြင်ချင်လို့  for browser - 1st myanmar browser. message -  SMS4MM. for contact and dialer - mmhubdialer, myandialer, mcontact (paid), chat - CHAT4MM

 ဖုန်းမပြောင်းခင် ဖုန်းနံပါတ်တွေ၊ ဒေတာတွေ backup လုပ်ထားချင်လို့
https://www.facebook.com/groups/MyanmarMobileUsers/doc/376252589065781/

HD Gameတွေကို စက်ရုပ်ပေါ်ကနေဆော့ချင်တယ်ဗျာ။ ဘယ်လိုထည့်ဆော့ရမှန်း မတိလို့ ကူညီဂျပါဗျို့။ စက်ရုပ်မှာ hd game တွေ ထဲ့တာ ရချင်ရမယ် မရချင် မရဘူး။ ဆိုတော့ ကိုယ့်ဖုန်း gpu ဘာလဲ ဆိုတာ အရင်လေ့လာပါ။ ဒေါင်းလုပ်ဆွဲရမဲ့ ဆိုက်ဒ်တွေမှာ apk+data file တွေနဲ့ တင်ပေးလေ့ရှိပါတယ်။ ဥပမာ note 2 ဆိုရင် Mali GPU ပါ။ for mali ဆိုတဲ့ data ဖိုင်လ်ကို ဆွဲရမှာပါ ရချင်ရမယ် မရချင်မရဘူး။ နောက်တခု ဒီမှာ သွားလေ့လာပါ ။ ဒီမှာကြည့်ပါ မိတ်ဆွေ ။ ။

ဖုန်း ဘက်ထရီ ကြာကြာမခံလို့..။ - သုံးတာ ကြာမကြာ အရင်ကိုယ့်ဟာကို ဆုံးဖြတ်ပါ။ battery calibration လုပ်သင့်လျှင် လုပ်ပါ။ နောက် လင့်ခ်ကိုသွားပီး နံပါတ်၃ ကိုဖတ်ပါ။ ဒီမှာ နှိပ်ပြီးကြည့်ပါ  ။။


ကျနော့်ဖုန်းကို ကွန်ပြူတာက မသိလို့/ ဆော့ဝဲလ်လဲ ဘယ်လိုသွင်းရမှန်းမသိလို့ for android -  for android 2.3.6> Setting/application/developemnt/usb debugging on ပါ။။ for android 4.0+> setting/developers option/usb debugging on ပါ။  >setting ထဲမှာ unknown ဆိုတာ ရှာပီး on ပါ။ www.wondershare.com ကိုသွားပီး PC Suite for android ကို ဒေါင်းရ်ျ ဆော့ဝဲလ်ထဲ့ပါ။

မြန်မာစာ KeyBoard Linkများ - https://www.dropbox.com/s/ffvp1j9zg0qlhk8/FrozenKeyboard%20Latest.apk - Frozen KeyBoard (Dev -Thiha Aye Kyaw)                              http://db.tt/fEYgTJBW - Myankey Keyboard = Dev - Thurein) http://db.tt/0BEuLnrQ - iTextmm2 Keyboard = credits to original developer :) ဒါကတော့ နောက်ဆုံးပေါ် ရေခဲတောင် စာရိုက်ခုံ ပရိုပါ :D ကျနော် တောမှာရောက်နေတုန်းက ၀.၄.၄ ကို ဒေါင်းချင်တာ ပလိုးစတေးက မတက်နိုင်တဲ့ အတွက် အခုမှ မီဒီယာမီးတောက်ကြီးများရဲ့ အရေးပါပုံကို နားလည်လာပါတယ် အဲ့တာကြောင့် ဒီမှာ မီးတောက်လင့်လေးတွေ ဗားရှင်းစုံရှဲပါတယ် :D မြို့ကြီးသားများ ပလိုးစတေးက ဒေါင်းကြပါညော် ။   ဒီမှာကြည့်ပါ  ။။။


Viber (Android) latest version ဘယ်မှာရနိုင်မလဲ - http://download.viber.com/viber.apk

Apple ->>> ပစ္စည်းများအတွက်

ios v6.0 + တွေ jailbreak ရပီလား။ - 6.1.2 ထိရပါပြီ......
all iPhone,iPod,iPad iOS 6.1.2 ထိ untethered JailBreak ရပါပြီ  JB Tools ကိုဒီမှာဒေါင်းပါ...
http://evasi0n.com

iOS 7 ကို Jailbreak ရပြီလား။ - iOS 7 တောင် beta မှာပဲရှိပါသေးတယ်။
Apple ID လေး အသစ် ဖွင့်ချင်လို့- ဒီလင့်ခ်မှာလေ့လာပါ ။ ဒီမှာနှိပ်ပြီးကြည့်ပါ  .။။။

အိုင်ဖုန်း အိုင်ပတ်တွေမှာ jailbreak မလုပ်ပဲ မြန်မာဖောင့် မြင်ချင်လို့...။ - ဖုန်းရဲ့ နေရာတကာမှာ မမြင်နိုင်ပါ။ for browser - Mogok Browser , for chat – myanchat, Facebook - Likebook, Message - Be Patient

အိုင်ဖုန်းတွေ ၁၉၉ ဒေါ်လာနဲ့ ရတာကို ဒီမှာ ရသိန်း ဂသိန်း ရောင်းပီး အမြတ်ကြီးစားနေတယ် ဘာလို့လဲ - ၁၉၉ ဒေါ်လာဆိုတာ သူတို့ Carrier နဲ့ တွဲရောင်းတဲ့ဖုန်းတွေပါ။ Official unlock ဆို မရပါဘူး။

အိုင်ဖုန်းမှာ Lock နဲ့ Unlock ဆိုတာ ဘာလည်းဗျ - လွယ်လွယ်ဖြေရ ရင်တော့ Unlock မှသာ ကြိုက်တဲ့ ဆင်းကဒ်နဲ့ (ဥပမာ MPT Sim Card) တွဲသုံးလို့ ရပါတယ်။ Lock ဆိုရင် သူတို့ တွဲရောင်းတဲ့ Carrier (eg : AT&T) နဲ့ ပဲ သုံးရမှာပါ။

ကျနော့် အိုင်ဖုန်း အိုင်ပတ် လေး ဆိုင်မှာဆော့ဝဲလ် ထဲ့လာတာ ခုဝင်မရတော့ဘူး - Apple ID ချိန်းသွားလို့ပါ။ အ၇င်ထဲ့ထားတဲ့ apple id ပြန်ထဲ့ပေးလိုက်ပါ။

iphone မှာ internet setting ထဲ့ချင်ရင် - Setting/General/Cellular/Cellular Data Network မှာ APN နေရာ သုံးခုလုံးမှာ mptnet လို့ရေးရ်ျ restart ချပါ။

ကျနော့် အိုင်ဖုန်းလေး မက်ဆေ့ခ်ျ အထွက်မရလို့    **5005*7672*+9595930003# Call and Reboot Your iphone

iphone မှာ Call Recorder ထဲ့ချင်လို့   4s နဲ့ 5 ပဲရမယ်... Audio Recorder ကို modmyi repo သို့မဟုတ်  http://limneos.net/repo/ မှာရှာပြီးဆွဲပါ...

iphone မှာ bluetooth ပို့ချင်လို့  Cydia မှာ AirBlue Sharing ဆိုတာရှိပါတယ်... Free မဟုတ်ပါ.. $5.49 ပေးရပါတယ်.. iOS 6 မှာသုံးလို့ရပါတယ်.....။ zapya ဆိုတဲ့ wifi sharing app ဆော့ဝဲလ်လေး store က ဒေါင်းပီးသုံးပါ။ ပိုတောင် မြန်ပါတယ်..။

ipadက ဖုန်းပြောလို့..ရလား..ခင်ဗျ - apple က ထုတ်တုန်းကတော့ ဖုန်းပြောလို.မရပါခင်ဗျ.... Gmate တို့ Apple Peel တို့နဲ့တော့ရတယ်ပြောတာပဲ... မစမ်းဖူးဘူး

ကျနော့် i Devices က ဘယ်ကလာလဲ ဘယ်ကထုတ်လဲ official lockလား unlock လား မသိလို့  ဒီဆိုက်ဒ်မှာ ရှာပါခင်ဗျာ http://iphonefrom.com/



Symbian OS (Nokia)>> ဆိုနီ သမားများအတွက်

Internet Setting - 
 http://ohnthar.blogspot.com/2013/07/gsm-wcdma-cdma-800-mhz-internet-apn.html
 
http://blog.myanmarmobileusers.com/2012/07/internet-for-nokia-symbion-os.html

Symbian တွေမှာ မြန်မာဖောင့်မြင်ချင်လို့
http://blog.myanmarmobileusers.com/2012/07/myanmar-font-for-opera-mobile-in-s60v5_09.html

Meego မှာ မြန်မာဖောင့်မြင်ချင်လို့ -
http://blog.myanmarmobileusers.com/2012/07/zawgyi-keyboard-font-dictionary-for.html

ဒီအမေးအဖြေတွေကလည်း ဆိုးရွားလိုက်တာ ဒါပေမယ့် ကျနော့်မှာ မေးစရာတစ်ခု ရှိနေသေးတယ် မေးလို့ ရမလား - အောက်မှာ ပို့စ်တင်ပီး မေးဖို့ဝန်မလေးပါနဲ့ ;)

ကဲ မိုးကောင်းကင် ဆိုသူကတော့ ကောင်းတာတွေကို ကူးလည်း ကူတတ်ပါပေတယ်နော်..သို့ သော် ကြည့်တဲ့
သူကတော့ အလွန်နဲပါတယ်..။ ဘာပဲ ပြောပြော အမှတ်တရလေးတွေပါဘဲကွယ်...
19.7.2013 အမှတ်တရ..။


မိုးကောင်းကင် အညာသား ခင်ဗျာ ကျွန်တော်တို့ဂရုမှာ ရေးထားတဲ့ FAQs တွေဟာ ဂရုမှ ဆရာ အကို ဦးလေး အကုန်လုံးရေးသားထားတာ ဖြစ်ပါတယ် .. ။ ကျွန်တော်တစ်ယောက်ထဲရေးထားတာမဟုတ်ပါဘူး ... ။ ဒါကြောင့် အကို့ ဘလော့မှာ ယူထားတဲ့ စာနေရာမှာ Credit နေရာမှာ ကျွန်တော့်ကို မပေးပါနဲ့ခင်ဗျာ ..။ MMUC လို့ပေးပေးပါခင်ဗျာ ..။ MMUC မှာ မန်ဘာအားလုံး ရေးထားတာဖြစ်ပါတယ် ..။ ကျေးဇူးတင်ပါတယ် ..။ :) :)
ကဲဗျာ ဒါလေးကတော့ ဒီနေ့မှ စိုင်းအာကာကနေပြီးတော့ သူ့နာမည် တစ်ခုတည်း မထည့်ပါနဲ့တဲ့ သူတို့
ရဲ့ ဂရုက ဆရာတွေ အားလုံး ညှိနှိုင်းရေးသားထားတာဆိုတော့ အဲဒါလေး ထည့်ပေးဖို့ ပြောတော့ 
ထည့်ပေးလိုက်ခြင်းပါဘဲဗျာ..။ မိုဘိုင်းဖုန်းနဲ့ ပါတ်သက်လို့ကတော့
ဒီ https://www.facebook.com/groups/MyanmarMobileUsers/  ဂရုကတော့ မသိတဲ့သူ
အတော်နဲမှာပါ သိပြီးသားသူတွေချည်းပါဘဲ.. အားလုံးအဆင်ပြေဖို့ပါ..အဆင်လည်း ပြေကြပါစေ..