ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, July 10, 2013

iPad 5မကြာခင် လာတော့မည်ဆိုဘဲ..

Appleရဲ့ iPad 5ကတော့ မကြာခင် ဈေးကွက်မှာ ရောက်ရှိလာတော့မယ်လို့ ခန့်မှန်းသူတွေက ပြောနေကြပါပြီ။ iPad 5 လို့ ခေါ်ဝေါ်နေတဲ့ Appleရဲ့ iPadအသစ်က ၉.၇ လက်မ Screenအရွယ် ရှိတဲ့ iPadဖြစ်မှာပါ။ သူ့ကို စက်တင် ဘာလအတွင်း မိတ်ဆက် ဖြန့်ချိသွားမယ်လို့ ယူဆကြောင်း Digitimesသတင်းစာက မနေ့က ဖော်ပြသွားခဲ့ပါ တယ်။ အဆိုပါ iPadအသစ်မှာ အထူးပါးလွှာအောင် ဖန်တီးထုတ်လုပ်ထားမယ်လို့ မျှော်လင့်လျက်ရှိနေပြီး Retina  နည်းပညာသုံး iPadဖြစ်မှာပါ။ Retinaနည်းပညာကို ပထမဆုံး အသုံးပြု ထုတ်လုပ်ထားတဲ့ iPad 3မှာ ထူထဲပြီး အလေးချိန် များတာကြောင့် ဈေးကွက်မှာ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရ သေးတာကြောင့် ယခု iPadအသစ် ကိုတော့ တကယ်ကို ပါးလွှာအောင် ထုတ်လုပ်သွားလိမ့်မယ်လို့ မျှော်လင့်လျက် ရှိနေပါတယ်။ ကိုယ်ထည် ဒီဇိုင်းကတော့ iPad 4လိုမျိုး ထုတ်လုပ်ထားမယ်လို့ ဖော်ပြ ထားပြီး Resolutionက 2048×1536 Pixelတောင်ရှိမှာ ဖြစ်ကာ ဘက်ထရီ အပိုင်းမှာလည်း စွမ်းအင် သုံးစွဲမှု အတတ်နိုင်ဆုံး နည်းအောင် ထုတ်လုပ်သွားမယ်လို့ မျှော်လင့်ထား တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၇.၉ လက်မ အရွယ်ရှိ Mini Retinaလည်း ဖြန့်ချိဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။Ref: www.cnet.com Myanmar ICT Myanmar Online News မှ ထပ်ဆင့်ဝေမျှထား...။

0 အားပေးစကားပြောကြားကြပါ:

Post a Comment