ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Wednesday, July 3, 2013

ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲလည်း သုဂတိဘုံရောက်နိုင်တယ် (မေး..ဖြေ)

အမေး။ ။ တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာ မွန်ရာ (သုဂတိဘုံတွေ) ကို ရောက်နိုင်သလား။ (ဆလိုင်း ဟန်သာစန်း)အဖြေ။  ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့ သူ့အဖို့ကောင်းတာလေးတွေ လုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊ ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါ တယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။ ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ် ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာကျလည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်းမပါရှိပါဘူး။ ဒါပေမဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့ အခါလဲ ရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမဟုတ်သော်လဲ ကောင်းတာလုပ်ရင် သုဂတိဘုံရောက်တဲ့သဘော ပါ။

ယနေ့ခေတ်မှာလဲ စူနာမီဘေးဒါဏ်ခံခဲ့ရတဲ့ ဒုက္ခသည်များကို စိတ်ရောကိုယ်ပါ အကူအညီပေးနေကြပါတယ်။ မကြာသေးခင်က ဟေတီနိုင်ငံမှာ လှုပ်သွားတဲ့ငလျင်ကြောင့် လူပေါင်းများစွာသေကြေပျက်စီးပြီး၊ အချို့မှာ အိုးမဲ့အိမ်မဲ့ တကောင်ကြွက်ဘ၀၊ အတိဒုက္ခရောက်ခဲ့ရတယ်။ ဒါကို အခြားဘာသာဝင်များက လူသားချင်းစာနာ ကာ ဒေါ်လာသန်းချီပြီး ချက်ခြင်းပေးလှူတဲ့အပြင် ကယ်ဆယ်ရေးတွေကိုလဲ ပြုလုပ်ခဲ့ကြတာဟာ ကောင်းတဲ့ အလုပ်ပါ။ 
ရတနာသုံးပါယုံကြည်မှုမရှိသော်လဲ လူသားတွေကို ကရုဏာ သနား စာနာတဲ့ တရားတွေက သူတို့နှလုံးသားမှာ တည်နေကြပါတယ်။ ကောင်းတဲ့စိတ်ထားလေးတွေပါ။ ဓမ္မလမ်းကြောင်းက ပြောရင် တော့ ကုသိုလ်စိတ်ပေါ့။ ဒါဟာ သုဂတိကို ရောက်နိုင်တဲ့လမ်းစတွေပါပဲ။
ဒါကြောင့် ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး၊ (၁)မကောင်းတာမလုပ်နဲ့။(၂)ကောင်းတာကိုပြည့်စုံအောင်လုပ်ကြ။(၃) စိတ်ကိုဖြူစင်အောင် ထား ကြ) ဒီအဆုံးအမအတိုင်း ဘာသာမရွေး လူမျိုးမရွေး ကျင့်သုံးရင် ကောင်းတဲ့(သုဂတိ)ဘုံကို ရောက်နိုင်တယ်ဆိုတာပါပဲ။
  http://buddhismbeams.blogspot.com/2013/01/blog-post_18.html

ဦးကောဝိဒ (မြိတ်)

မိုးကောင်းကင် အနေနဲ့ ထပ်ဆင့် ဖြည့်ပြောရလျှင်တော့ ဗုဒ္ဓဘာသာ မခံယူသော်လည်း ဘာသာခြားများသည်
ဒါနပြုခြင်းရှိသည့်အတွက် သီလဆောက်တည်ခြင်းတွေ ရှိတဲ့အတွက် ကောင်းတာလုပ်သူများသည် ကောင်းကျိုး
တည်းဟူသော နတ်ဘုံဗြဟ္မာဘုံများသို့ ရောက်နိုင်သည်.။ ဗြဟ္မာဘုံသို့ ရောက်ရန်ကတော့ ဒါနပြုလုပ်ရုံဖြင့် မရောက်နိုင်ပါ.။ ဈာန်ရအောင် ကျင့်မှသာလျှင်ရောက်နိုင်သည်.။ ပါဠိလေယျကတောမှ ဆင်ကြီးသည်ပင်လျှင်
ဗုဒ္ဓကို ကိုယ်တိုင်ပြုစုလုပ်ကျွေးသောကြောင့် နတ်ပြည်ရောက်သည့် အကြောင်းဖတ်ဖူးမှတ်ဖူးတယ်.။ ဒါကြောင့်
လူလောက်မသိတတ်သည့် တိရိစ္ဆာန်ပင်လျှင် ကုသိုလ်ကောင်းမှုပြုလျှင် ကုသိုလ်ကောင်းမှုအလျှောက် သုဂတိဘုံ
ကိုရောက်သောကြောင့် လူများလည်း ကုသိုလ်တရာများပြုလျှင် မိမိ၏ ကုသိုလ်အလျှောက် ကောင်းရာသုဂတိဘုံ
သို့ ရောက်နိုင်သည်ဟု မှတ်ချက်ရေးသားလိုက်ရပေသည်...။

0 အားပေးစကားပြောကြားကြပါ:

Post a Comment