ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, July 16, 2013

မဟာစည်ဆရာတော်နှင့် တုသိတာနတ်ပြည်မှ ကောသန္တသရ..သတိန္ဒြိယ နတ်သားနှင့် တရားစကားဆွေးနွေးခဏ်း

1951 ခုနှစ်တွင် မဟာစည်ဆရာတော်နှင့် တုသိတာနတ်ဘုံမှ နတ်တစ်ပါးတို့ တရားအကြောင်းအရာများကို ဆွေး
နွေးခဲ့ကြသည်ဟု ကြားဖူးသည်မှာ ကြာပြီဖြစ်သော်လည်း.။ ကိုယ်တိုင်မနာကြားဖူးပါ.။ တစ်နေ့က မိုဘိုင်းစတိုးကို
ဝင်ကြည့်တော့ ကိုလတ်ဆိုသူက စကားမစပ်ဆိုပြီးမေးထားတာလေး ဖတ်ကြည့်တော့အောက်မှာ မဟာစည်ဆရာ
တော်နှင့် နတ်မင်းကြီး ဘယ်သို့ဘယ်ပုံတရားစကားပြောကြားတယ်ဆိုတဲ့ လင့်လေးတွေ ရှာဖွေပြီး ကွန်မန့်ပေးကြ
တာကို တွေ့ရပါတယ်.။ အဲဒီမှာမှ တစ်ခုသောဆိုက်ကနေပြီး ကျုပ်လည်း ဒေါင်းလော့ချတာအဆင်ပြေလို့ ဒီတရား
လေးကို နာယူလိုသူများအတွက် တင်လိုက်တာပါ.။ ဒီတရား အစမှာ အသံဖမ်းသူကိုယ်တိုင် ပြောကြားတဲ့ စကား
လေးတွေ ပါပါတယ်.။ ဒီတရားကို 1951 တစ်ခု နှစ်ဦးလောက်မှာ ဆဋ္ဌသင်္ဂါယနာ မတင်မှီ သုံးလေးရက်အလို
လောက်မှာ ယောဂီတစ်ဦးက တရားအားထုတ်နေရင်း ပါဠိဘာသာဖြင့် မဟာစည်ဆရာတော်နှင့် တွေ့ချင်ကြောင်း
ပြောကြားရာ ဘေးမှ ယောဂီများက ပါဠိလိုမသိသဖြင့် ယောဂီအားခေါ်ယူလာခဲ့သော ဗုဒ္ဓသာသနာ နုဂ္ဂဟအသင်း
မှ ဦးစံသိန်းအားခေါ်ယူပြီး ယောဂီမလေးအား မေးမြန်းကြည့်ရာ မဟာစည်ဆရာတော်နှင့် တွေ့ချင်ကြောင်း အစရှိ
သဖြင့် ပြောကြားကြပါတယ်..။ ဒါကတော့ ပထမအစပေါ့ဗျာ.ကျုပ်လည်း နှစ်ကြိမ်နှစ်ခါ နားထောင်ပြီးပါပြီ..အတော်
လေးကို ကောင်းမွန်ပါတယ်.




အဲဒီခွေ အသံဖိုင်လေးဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ ကျော်က တစ်ကယ်ကို သီလသမာဓိနှင့် ပြည့်စုံတဲ့ မဟာစည်
ဆရာတော်နှင့် ဆယ်ပါသီလကို မကျိုးမပေါက်တဲ့ ယောဂီမလေးတို့ရဲ့ ကျေးဇူးကြောင့်တာ ခုလို နားထောင်ရခြင်း
ဖြစ်ပါတယ်.။ ကျုပ်အနေနဲ့ အကျဉ်းလေးဘဲ ပြောပါ့မယ် အကျယ်ကိုတော့ တရားနာကြည့်လျှင် သိနိုင်ပါတယ်..။
ပထမ ၅ မိနစ်လောက်မှာ အသံဖမ်းသူကိုယ်တိုင် ခွေဖြစ်ပေါ်လာပုံ ဒီတရားလေး ဖြစ်ပေါ်လာပုံကို နားဆင်ရပါ့မယ်
အဒါပြီးတော့ တုသိတာနတ်ပြီမှ  ကောသန္တသရ..သတိန္ဒြိယ နတ်သားက ဆရာတော်ကို ပါဠိလိုရှိခိုးတယ် နောက်
နတ်သမီးကရှိခိုးတယ်..။ ဒီနေရာမှာ ဘာသာပြန်သူအမည်မသိတဲ့သူက ဆရာတော်က ပါဠိလိုပြောတာကိုလည်း
ကောင်း တုသိတာနတ်သားက ပါဠိလိုပြောတာကိုလည်းကောင်း မြန်မာလို ဘာသာပြန်ပေးထားပါတယ်နော်...။

ဆရာတော်က ဗုဒ္ဓဂေါတမရဲ့ မယ်တော် သန္တု ဿိတ နတ်သားဆိုတာရှိတယ်လို့ ဒို့ကြားဖူး အဲဒါတစ်ကယ်ရှိလား
အဲဒီမယ်တော် မိနတ်သားဟာ နတ်သားလား နတ်သမီးလး စသဖြင့်မေးပါတယ်.။ အဖြေကတော့ ရှိတယ်ပေါ့ဗျာ
အဲဒီမယ်တော် မိနတ်သားကိုလည်း ဘုရားရဲ့မယ်တော်နေရာမှာ ထားပြီးတော့ နတ်တွေက အရိုအသေပေးကြ
တယ် ပူဇော်ကြတယ် နောက်ပြီး နတ်သားဖြစ်ကြောင်းကိုလည်း ဒိဗ္ဗစက္ခုနှင့် ခဏအတွင်းကြည့်ပြီး ပြန်ဖြေပါတယ်
.
ဒီနေရာမှာ နတ်ပြည်ကသူတွေအကြောင်းကို ပြောချင်ပေမယ့် ပြောနေရင် လေရှည်နေမှာစိုးလို့ မပြောတော့ဘူးဗျာ
နတ်ပြည်ခြောက်ထပ်မှာ 1 စတုမဟာရာဇ်  2 တာဝတိံသာ 3 ယာမာ 4 တုသိတာ 5 နိမ္မာန ရတီ 6 ပရနိမ္မိတ ၀ဿ
ဝတီ နတ်ပြည်ဆိုပြီး ခြောက်ထပ် ခြောက်ဘုံရှိတယ် ။ တုသိတာနတ်ပြည်က နတ်တွေက ယာမာနတ်ပြည်က နတ်
တွေကို မြင်နိုင်တယ် သို့သော် ယာမာနတ်တွေက မမြင်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့ တုသိတာနတ်ပြည်က
သူတွေက ယာမာနတ်ပြည်က နတ်သားတွေထက် ရုပ်ကအနူးဆုံးဖြစ်နေလို့ပါ တုသိတာနတ်သားတွေက ယာမာ
ပြည် နတ်သားတွေ မြင်စေချင်ရင် သြဠာရိကရုပ်လို့ခေါ်တဲ့ ရုပ်ကြမ်းတွေဖန်ဆင်းပြီးပြမှ မြင်ရတာပါ..။ ဒီနတ် အ
ကြောင်းသိလိုရင်တော့ အရှင်ဇနကာဘိဝံသရဲ့ သင်္ဂြိုဟ်ဘာသာဋီကာမှာလည်းကောင်း လယ်တီပဏ္ဍိတ ဦးမောင်
ကြီး ရေးသားတဲ့ ပရမတ္တသံခိပ်သော်လည်းကောင်း ကြည့်မှ ပြည့်စုံပါလိမ့်မယ်.. သိပါလိမ့်မယ်....။
ဒီတော့ နတ်ဘုံအချင်းချင်းတောင် အထက်ဘုံကနတ်သားကို အောက်ဘုံက နတ်သားနတ်သမီးက မမြင်နိုင်ဘူး
ဆိုရင် ဒို့လူ့ပြည်အနေနဲ့ကတော့ အတော့်ကို ကြမ်းတဲ့ ရုပ်ကြီးတွေ ဖန်ဆင်းကြရမှာပါ..။ များသောအားဖြင့်တော့
လူပြည်ဆင်းတယ် လာတယ်ဆိုတဲ့နတ်သားတွေဟာ အောက်ဘုံများဖြစ်တဲ့ စတုမဟာရာဇ်နတ်တွေနဲ့ တာဝတိံသာ နတ်သားတွေကတော့ အများဆုံးလို့ ယူဆရပါတယ်ဗျာ..။ ကဲကဲ စကားတွေရှည်နေပြီ ဒီလောက်ပါ
ဘဲ အရှင်းဆုံးဖြစ်အောင်ကတော့ တရားနာမှဘဲ ရမယ် ဒီလိုရေးနေလို့ ပြည့်စုံမှာ မဟုတ်ဘူး ဒါကြောင့် တရားချစ်
ခင် စိတ်ကောင်းဝင်ကြတဲ့ မိတ်ဆွေများ အောက်မှာ ဒေါင်းလော့ချကြပါ..။
အခြားဆိုက်တွေမှာလည်း တင်ထားတာလေးတွေရှိပါတယ်..။ သွားလိုရင်တော့
ဒီလင့်နှစ်ခုမှာလည်း ကြည့်နိုင်ပါတယ်

ကဲအောက်မှာ ဒေါင်းလော့ချပါ..။




 



0 အားပေးစကားပြောကြားကြပါ:

Post a Comment