ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, July 1, 2013

Gmail အသုံးပြု၍ တိုက်ရိုက် ပိုက်ဆံလွှဲပြောင်းနိုင်ပီဆိုဘဲ..(မိုးသိကြား)

Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။ သင့်မှာ Gmail account မရှိသည့်တိုင်အောင် Google Wallet ကို အသုံးပြု၍ "Send money" button နဲ့  ပိုက်ဆံပေးပို့  နိုင်ပါတယ်။ သင်၏ Bank account ကို Google Wallet နဲ့  တိုက်ရိုက် ချိပ်ဆက်ထားပါက ပိုက်ဆံပေးပို့ မှုအတွက် "FREE" ဖြစ်ပြီး Credit card / Debit card တို့ နှင့် ချိပ်ဆက်ထားပါက အလွန်သက်သာသော ဝန်ဆောင်မှု နှုန်းထား (of 2.9% per transaction (minimum $0.30)) ပေးဆောင် ရပါမယ်။ ပိုက်ဆံ လက်ခံရယူမှုကတော့ အမြဲတမ်း "Free" ဖြစ်ပါတယ်။ ဝန်ဆောင်မှု များအားလုံးကို လုံခြုံစိတ်ချမှု အပြည့် ရှိပါတယ်လို့  ပြောထားပါတယ်။



ဒီဝန်ဆောင်မှုကို Desktop version မှာ အားလုံး အသုံးပြုနိုင်ပြီး Mobile version အနေနဲ့  တော့ အမေရိ ကန်နိုင်ငံရှိ သတ်မှတ်ထားသော Android mobile device များတွင်သာ အသုံးပြုနိုင်ပါသေးသည်။

အသုံးပြုနိုင်သော Mobile Device list ကို ဤနေရာတွင် ကြည့်ရန်...

ငွေပို့ သူရော ငွေလက်ခံသူရောပါ အနည်းဆုံး "Google Wallet" account ဖွင့်ရန်လိုအပ်ပြီး မိမိ၏ Bank account, Credit account, Debit account တစ်ခုခုနှင့် ချိပ်ဆက်ထားရမှာ ဖြစ်ပါတယ်။


Update လုပ်ထားသော Gmail တွင် Compose လုပ်သည့်အခါ Attachment Option တွင် "$" icon အသစ်ကို မြင်တွေ့  ရမှာဖြစ်ပါတယ်။ "$" button ကိုနှိပ်၍ တိုက်ရိုက် ပေးပို့  နိုင်ပါပြီ။

Google ဟာ Apple iOS mobile device များ အတွက် App ကို မကြာမီ ထုတ်ပေးလာမယ်လို့  မျှော်လင့် ရပါတယ်။

အသေးစိတ်ဖတ်ရှုရန်...
Credit to : google  မိုးသိကြား အွန်လိုင်းမှာ ငွေရှာချင်သူများအတွက် ကိုယ့်အတွက် ကုန်ကြမ်းလေးတွေကို
စုဆောင်းနေတယ်ဆိုပါတော့ဗျာ..။ မိုးကောင်းကင်ကတော့ ခဏအတွင်း မပျက်စီးနိုင်တဲ့ ပို့စ်လေးတွေကို
သဘောကျနေတယ်ဆိုတော့ ဒါလေးတွေ လိုက်ရှာနေတယ်..ကိုယ့်ဘ၀အတွက် အဆင်ပြေရာပြေကြောင်းလေး
တွေ လိုက်ရှာနေတဲ့သူဆိုပါတော့ဗျာ...။ 

0 အားပေးစကားပြောကြားကြပါ:

Post a Comment