ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Saturday, July 6, 2013

ရှယ်ရဲ့ရှယ် ဆော့ဝဲများ စုစည်းခြင်း2 ကိုယ်တိုင်တင်ထားခြင်း (၁၈)မျိုး

ကဲဒါကလည်း အောက်မှာပြောခဲ့သလိုပါဘဲ ကျုပ်အနေနဲ့ ကောပီပို့စ်လေးတွေ များနေလို့ လာလည်သူများကို အားနာရပါတယ်.။ အဲဒီအတွက်လည်း သီးခံပြီး အလည်လာရောက်ပေးကြတဲ့အတွက် ၀မ်းသာပါတယ်.။ ကျုပ်
ခုတစ်လော ကံကသိပ်မကောင်းချင်တော့ ဘုရားဖက်မှ အမြက်ပြေဆိုသလို ဘုရားအကြောင်း တရားအကြောင်း
လေးတွေ တင်လိုက်တယ်.။ စိတ်ဝင်စားမယ်လို့လည်း ထင်ပါတယ်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးများပီပီ ဘာသာရေး
ကိုလည်း စိတ်ဝင်စားကြဖို့ တိုက်တွန်းချင်ပါတယ်.။ ဘုရားတစ်ဆူဖြစ်ပေါ်ဖို့ရာဆိုသည်မှာလည်း မလွယ်ကူလှတဲ့
အလုပ်ဖြစ်သလို ဘုရားရှင်နဲ့ တွေ့ကြုံဖို့ဆိုတာကလည်း အသင်္ချေအနန္တ ကပ်ကမ္ဘာမြောက်များစွာ ဖြတ်ကျော်ရ
တောင်မှ မတွေ့မကြုံနိုင်တဲ့အဖြစ်ပါ ဘုရားရှင်ထားတော်မူခဲ့တဲ့ သာသနာနဲ့ ကြုံတုန်း ကုသိုလ်အကုသိုလ်လည်း
သိခွင့်ရ ကောင်းမကောင်းသိခွင့်ရတဲ့ ဗုဒ္ဓဘာသာအဖြစ်လည်းခံယူထားရတဲ့ ဘ၀လေးရတုန်းရခိုက်မှာ ကုသိုလ်
တရားတွေ တိုးပွါးကြပါစေလို့လည်း တိုက်တွန်းနိုးဆော်လိုက်ပါတယ်နော်..။


ဗုဒ္ဓဂေါတမရယ်လို့ ဖြစ်ပေါ်လာဖို့
ဆိုတာ လွယ်ကူတဲ့ ပါရမီဖြည့်ဆည်းခဲ့ခြင်းမဟုတ်ဘူး ဒီလိုပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့တာဟာလည်း သူ့အ
တွက် တစ်ယောက်တည်း တစ်ပါးတည်းအတွက်မဟုတ်ဘူး.။ သံသရာတည်းဟူသော ၀ဲဂယက်မှာ မျှောနေကြ
တဲ့ ကျုပ်တို့လို အမှောင်ထုတွေ ဖုံးလွမ်းနေဆဲဖြစ်တဲ့သူတွေအတွက် နိဗ္ဗာန်တည်းဟူသော ချမ်းသာကို ရဖို့အ
တွက် ဖြည့်ကျင့်ခဲ့တာပေါ့ဗျာ.။ ဒါကြောင့် တစ်ခါတစ်လေ ကျုပ်လည်း ဘုရားကို အားနာနေမိတယ်ဗျာ.။
ဤကား ကုသိုလ် ၊ အကုသိုလ်နှင့် ၊ 
ထိုထိုဘုံဘ၀ ၊ မသိရ ၊ များလှ အပြစ်တွေ။
ဤကား ကုသိုလ်၊ အကုသိုလ်နှင့် ၊ 
ထိုထို ဘုံဘ၀၊ သိကြရ ၊ များလှကျေးဇူးတွေ။
ဆိုတဲ့ လင်္ကာလေးအတိုင်းပါဘဲ. ခုခေတ်မှာလည်း ဘာသာခြားများဟာ ဒါဟာ ကုသိုလ် အကုသိုလ်ဆိုတာ
မသိကြလေတော့. အကုသိုလ်ကို ကုသိုလ်လို့ထင် ကုသိုလ်ကို အကုသိုလ်လို့ ထင်ကာ မလုပ်သင့်တာတွေ
လုပ်နေမိတာကို မြင်ကြမှာပါ..။ ကဲဗျာ ကျုပ်ရေးသားနေလို့လည်း အားလုံးပြည့်စုံမှာ မဟုတ်ပါဘူး.။ ဗုဒ္ဓဟော
ကြားခဲ့တဲ့ တရားတော်တွေကို လေ့လာဖတ်ရှုမှသာလျှင် အဆင်ပြေပါလိမ့်မယ်..။ ကဲဘာသာရေးမှာလည်း..
တတ်နိုင်သလောက် ကူညီပေးနိုင်ကြပါစေ..တစ်ဘ၀စာ မကြည့်ဘဲ သံသရာတည်းဟူသော အရှည်ကို ကြည့်
ပြီး အလုပ်လုပ်နိုင်ကြပါစေ တွေးခေါ်နိုင်ပါစေ...။ တစ်ဘ၀ ချမ်းသာရုံ တစ်ခဏတာ အဆင်ပြေရုံလောက်မကြည့်
ဘဲ အရှည်ကို မြင်နိုင်တဲ့ လူမွန်လူကောင်းများ ဖြစ်အောင် ကြိုးစားအားထုတ်နိုင်တဲ့ ယောက်ျားကောင်း များဖြစ်
ကြပါစေ မိန်းမကောင်း မိန်းမမြတ်များဖြစ်ကြပါစေလို့....ဆုတောင်းပေးရင်းဖြင့်...


ယနေ့တွင် ရွာမှ တောင်ပေါ်သူရောက်လာသဖြင့် အမရပူရမှာ သွားကြိုရတယ်...
ဒါက ကိုယ့်ဘ၀အတွက် အမှတ်တရ မှတ်တမ်း..

0 အားပေးစကားပြောကြားကြပါ:

Post a Comment