This is default featured slide 1 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

This is default featured slide 2 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. blogger theme by BTemplates4u.com.

This is default featured slide 4 title

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam. Blog theme by http://ohnthar.blogspot.com/.

ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Tuesday, December 31, 2013

HIJACKED 2012 (FULL MOVIE)

Monday, December 30, 2013

အချစ်စွမ်းအား...သီချင်းနှင့် စကားစမြည်...ခဏတာပြောကြားခြင်း...

ဒီသီချင်းရဲ့ ဘ၀ဇာတ်ကြောင်းလေး ဒီနေ့ သိလာရတယ်... ဒီသီချင်းကို ရေးသားသူ အစစ်ကတစ်ယောက်ပေါ့.. .သို့သော်လည်း...သီချင်းရေးသားသူ အစစ်မှာ တေးရေး မည်သူဆိုတာတောင် အထည့်မခံခဲ့ရတဲ့ ကိုယ့်အ ချစ်တော် ချစ်ကိုကြီး တစ်ယောက်ဖြစ်နေလေရဲ့... ကိုယ်မသိခဲ့တာအမှန်....ဒီသီချင်းကတော့ လွန်ခဲ့တဲ့ 10နှစ်ကျော်လောက် ကအောင်မြင်ခဲ့တဲ့ သီချင်းပေါ့ဗျာ...ကိုမိုးကိုယ်တိုင်တော့ သိပ်နားမထောင်ဖြစ်ပါဘူး သူ့ရဲ့ ဘ၀ဇာတ်ကြောင်း မေးမြန်းကြည့်မိလို့ သိလာတာလေးပါ...... တစ်ကယ်တော့ ကိုယ်မြန်မာပြည်သား အချင်း ချင်းတွေဘဲဗျာ...တေးရေး မည်သူမည်ဝါဆိုတာတော့ ထည့်သင့်တာပေါ့...သူဟာ ငယ်သေးတယ်..တက်လမ်း လည်း ရှိတယ်...ဆိုရင် ပိုလို့တောင် အားပေးရဦးမယ်လေ...ခုတော့ သူ့ဘ၀က....စစချင်း ဆောက်နဲ့ ထွင်းခံရသ လို....ဦးနှိမ်ခံရိုက်ချိုးခံလိုက်ရတဲ့ ဘ၀ပေါ့ဗျာ...တစ်ကယ် ၀မ်းနည်းစရာကောင်းပါတယ်......


ဘယ်နေရာဘဲဖြစ်ဖြစ်ပေါ့..အဲဒါတွေ ကြားရတော့ ကိုမိုးလည်း သိပ်စိတ်မကောင်းဘူးဗျာ....သြော် အနုပညာဆိုပေမယ့် ဒါကလည်း အကြမ်းဖက် ပညာတစ်ခုလို ဖြစ်သွားတာပါလားလို့ပေါ့......
ဒါတွေကြောင့်လည်း အနုပညာလောက စာပေလောကမှာ...စာကောင်း
ပေမွန် အထွက်နည်းသည် ထင်ပါ့ဗျာ...ကိုယ်ရေးသားထားသည်မဟုတ်ဘဲ
ကိုယ်ရေးသလိုလုပ်....တော့ မူရင်း ရေးသားသူခမျာ ဘယ်လိုနေမလဲ.....
ဒီတော့ အတွေးအခေါ်ကောင်း စာအရေးအသား ကောင်းမွန်တဲ့သူတွေဟာ
ရှေ့ကို ရောက်မလာဘဲ နောက်တန်းမှာ နေနေကြရတယ်....ဆိုတော့.....
ဘယ်မှာ သီချင်းကောင်းတွေ ထွက်တော့မလဲဗျာ.....

ဒါကတော့ သူ့ရဲ့ဘ၀ရဲ့ တစ်စိတ်တစ်ဒေသ အမှန်တရား တစ်ခုကို ဖွင့်လှစ်ပြလိုက်တာပါ...သီချင်းကြိုက်တဲ့သူတိုင်း မြန်မာပြည်က လူပေါင်းများစွာ ဒီသီချင်းကို နားဆင်ဖူးမှာပါ....
ပထမ သီဆိုသူက ကောင်းတယ်တဲ့....သူက ကီး 8 ချက်နဲ့ ရေးထားတဲ့
သီချင်းလို့လည်း ပြောတယ် ကိုမိုးတော့ နားမလည်ဘူးနော်...
နောက်သီဆိုတဲ့သူကတော့ 7.3 လောက်တော့ ရတယ်ပေါ့.....

သူ့ရဲ့ ကီးနဲ့တော့ သိပ်ကြီး မကိုက်ဘူးပေါ့....ဒီသီချင်းကတော့ ဟိုတစ်ချိန်က
ကာလသားတွေ ပါးစပ်ဖျားမှာ စွဲနေမယ့် သီချင်းပါ...ခုခေတ်လည်း ဂစ်တာ
ဝါသနာရှင်တွေ....သီဆိုနေကြဦးမှာပါ.....

ကိုယ်လည်း သူ့သီချင်းကို အင်တာနက်မှာ ရှာပြီး နားထောင်စမ်းကြည့်တော့
အတော်ကောင်းတယ်ဗျ......သူ့ဘ၀ သူ့နဲ့ တိုက်ဆိုင်တဲ့သီချင်း တစ်ကယ့်
ရင်တွင်းက အံကျ ထွက်ပေါ်လာတဲ့ စကားလုံးတွေနဲ့ သီကုံးထားတဲ့...
သီချင်းတစ်ပုဒ်ပေါ့ဗျာ.......

တစ်ကယ်ဆိုရင် မြှေက်စားသင့်တာကို မြှောက်စားပေးရမယ်လေ...
ရေးသားသူ အမည်လေးတော့ ထည့်ရမယ်လေ..နော်...ဒီဇာတ်ကြောင်းလေးလိုဘဲ ခုခေတ်မှာ နည်းပညာတွေ အတော်များများ ရေးသားနေကြတယ် သတင်းတွေရေးသားနေကြတယ်...ရေးသားသူကို အသိအမှတ်ပြုတဲ့အနေနဲ့
ရေးသားဖော်ပြနေတာကိုလည်း တွေ့ရတယ်...အဲဒီလို မြင်တွေ့လာရတာ
ဝမ်းသာပါတယ်...

သို့သော်လည်း ခုပြောခဲ့တဲ့ ဘ၀ပုံပြင် အမှန်ကတော့ ...ငယ်ရွယ်သူဆိုတော့
ပိုခံစားရလိမ့်မယ်ထင်ပါတယ်....လူတွေမှာ အစွဲအလန်းကြီးတတ်ကြတယ်..
ကိုယ့်ချစ်အစ်ကိုကြီးလည်း ဒီစိတ်တွေလည်း နဲနဲပါမှာပေါ့....သူ့ဘ၀ သိပ်မအောင်မြင်ရှာဘူး...ဘာလို့ဆို ဦးချိုးခံထားရတယ်လေ...တောက်မယ့
မီးခဲ တစ်ရဲရဲကို မီးသတ်ပိုက်နဲ့ထိုးခံရသလို နေမှာပေါ့ဗျာ....

ကဲ ဒါလေးပါဘဲဗျာ...သူရေးသားခဲ့တဲ့ စာသားလေးကို ဒီမှာ ဖော်ပြပေးလိုက်ပါတယ်...နောက်အဆိုတော် တစ်ယောက် သီဆိုထားတာလေး နားထောင်ပြီး ပြန်လည်း ချရေးထားတာလေးပါ......

အချစ်ရဲ့စွမ်းအား..

အိပ်စက်သွားတဲ့ ငါ့နှလုံးသား..မင်းနဲ့တွေ့မှ နိုးလာတယ်..
ကွဲသွားတဲ့ အသဲဒဏ်ရာ...မင်းရဲ့လက်နဲ့ ပြောက်ကုန်ပြီ...
ဟောင်းနွမ်းခဲ့တဲ့ အိမ်မက်များ..အေးစက်မဲမှောင် ငါ့ညများ...
အိမ်မက်သစ်တွေ မွေးဖွါးလို့ ..ရင်ကိုနွေးထွေးသွား အကြင်နာညများ လင်းလက်သွား..
အွန်...သွေးကြောထဲမှာ လည်ပတ်နေ...မင်းလေးပေးတဲ့ အားအင်တွေ..ကိုယ့်ဘ၀ရဲ့ အနက်အဓိပ္ပါယ်ဟာ..
မင်းတစ်ယောက်ထဲအတွက် ဖြစ်လာတယ်...အိုး...ဘ၀နဲ့ ခရီးကို အတူလျှောက်မယ်...
ဆင်းရဲချမ်းသာ မျှဝေမယ်...အားပေးနားလည် ချစ်သူရယ်...သေချာတဲ့အဖြေဟာ ကိုယ်နဲ့ မင်းနဲ့ မခွဲတော့ဘူး..
အရာရာပိုင်ဆိုင်သမျှ အားလုံးမင်းအတွက်..စိတ်နဲ့ခန္ဓာ ကုန်လုံးဘဲ ယုံကြည်နားလည်နေမှု ရှင်သန်နေမယ် ချစ်ခြင်းများ..
ဒဏ်ရာတွေ မရှိဘူး..ကိုယ့်ရဲ့ နံဘေးနား မင်းရှိနေရင် ရင်ဆိုင်ရဲတယ်...အန္တရာယ်အားလုံး..နင်းဖြတ်သွားမယ် အချစ်စွမ်းအား..
အိုး အချစ်...

သွေးကြောထဲမှာ လည်ပတ်နေ...မင်းလေးပေးတဲ့ အားအင်တွေ..ကိုယ့်ဘ၀ရဲ့ အနက်အဓိပ္ပါယ်ဟာ..
မင်းတစ်ယောက်ထဲအတွက် ဖြစ်လာတယ်...အိုး...ဘ၀နဲ့ ခရီးကို အတူလျှောက်မယ်...
ဆင်းရဲချမ်းသာ မျှဝေမယ်...အားပေးနားလည် ချစ်သူရယ်...သေချာတဲ့အဖြေဟာ ကိုယ်နဲ့ မင်းနဲ့ မခွဲတော့ဘူး..
အရာရာပိုင်ဆိုင်သမျှ အားလုံးမင်းအတွက်..စိတ်နဲ့ခန္ဓာ ကုန်လုံးဘဲ ယုံကြည်နားလည်နေမှု ရှင်သန်နေမယ် ချစ်ခြင်းများ..
ဒဏ်ရာတွေ မရှိဘူး..ကိုယ့်ရဲ့နဘေးနား မင်းရှိနေရင် ရင်ဆိုင်ရဲတယ်...အန္တရာယ်အားလုံး..နင်းဖြတ်သွားမယ် အချစ်စွမ်းအား..

ဒီတစ်ယောက်ထဲဘဲ..လက်တွဲသွားမယ် တစ်သက်လုံးဘဲ...အိုး..ချစ်....အချစ်နဲ့ဘ၀ကို တည်ဆောက်မယ် ပေးဆပ်ခြင်းနဲ့ အရယူမယ်..
စိတ်ချလိုက်ပါ ချစ်သူရယ်..သေချာတဲ့အဖြေဟာ ကိုယ်နဲ့ မင်း မခွဲတော့ဘူး...။

မိုးကောင်းကင် ဖောင်းပြင်....

နောက်နောင်အခါ ဒီလို မဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး ရေးလိုက်တာ....လူငယ်တွေရဲ့ တက်လမ်းကို...ပိတ်ဆို့
တားဆီးသည်ကို မြန်မာပြည်သူ ပြည်သားအားလုံး မလုပ်စေချင်သည့်အတွက်ပါ...။
မြန်မာပြည်မှာ မွေး မြန်မာပြည်မှာ နေထိုင်ကြတဲ့ ညီအစ်ကိုတွေဟာ တစ်ဦးကို တစ်ဦး...ထိုဘ၀ပုံပြင်လို....
မလုပ်စေချင်တဲ့အတွက်ပါ....တစ်ကယ်တော့...ခံရသူလည်း မကောင်းပါဘူး လုပ်တဲ့သူအတွက်လည်း တစ်ကယ်
မကောင်းပါ...ဒီဘ၀ဇာတ်ပုံပြင်ကို ပမာထား မမှားကြဖို့ မေတ္တာရပ်ခံရင်းဖြင့်.......
 

ဟောင်ကောင်သူဌေးကြီး လီကာရှင်းရဲ့ မှတ်သားဖွယ် စကားကြီးတွေပါ။

သင့်ရဲ့ အချိန် ၅ မိနစ်လောက်လေး ပေးပြီး ဖတ်စေချင်ပါသည်။
၂၀-၈၀ နိယာမ
လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။  တတိယ ၈ နာရီ
ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။


လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

နောင်တ

နောက် အနှစ် ၂၀ ကြာသွားတဲ့အခါ မင်းကိုပိုပြီးစိတ်ပျက်စေမှာက မင်းလုပ်ခဲ့တဲ့ ကိစ္စတွေမဟုတ်ဘူး၊ မင်းမလုပ်လိုက်ရတဲ့ကိစ္စတွေပဲ။

နေရာ

အအေးတစ်ပုလင်းကို လမ်းဘေးဆိုင်မှာ ၁၀ နဲ့ရောင်းတယ်၊ ဟိုတယ်မှာ ၃၀ နဲ့ရောင်းတယ်။ လူတစ်ယောက်ရဲ့တန်ဘိုးဟာလည်း သူရောက်နေတဲ့နေရာပေါ်မှာပဲမူတည်တယ်။

သမာဓိ

စကားတစ်ခွန်း မပြောသေးခင်မှာ မင်းဟာအဲဒီစကားရဲ့အရှင်သခင်ပဲ၊ ပြောလိုက်ပြီဆိုရင်တော့ မင်းဟာသူ့ရဲ့ကျွန်ဖြစ်သွားပြီ။

ရွေးချယ်မှု

နောက်ဆုံးတော့လည်း မင်းဘာကိုယုံရင်ဘာဖြစ်တာပဲ။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာပေါ်မှာ ကြောက်စရာအကောင်းဆုံး ဝေါဟာရ နှစ်ခုရှိတယ်၊ တစ်ခုက ခေါင်းမာတာ၊ နောက်တစ်ခုက ကြိုးစားတာ။ ကြိုးစားတဲ့ကောင်က သူ့ကိုသူပြောင်းလဲပစ်တယ်၊ ခေါင်းမာတဲ့ကောင်က သူ့ကံကိုသူပြောင်းလဲပစ်တယ်။

မနာလိုခြင်းနှင့် အားကျခြင်း

သူများတွေထက်မဆိုစလောက် သာတဲ့အခါ မင်းကိုမနာလိုဖြစ်ကြလိမ့်မယ်။ သူတို့တွေထက်အဆပေါင်းများစွာ သာသွားတဲ့အခါ မင်းကိုအားကျကြလိမ့်မယ်။

နောက်ဆုံးအပြုံး

ဘယ်သူ့ကိုမှမယှဉ်နိုင်ဘူးလို့ထင်တဲ့အခါ အားမငယ်ပါနဲ့၊ မင်းဟာသာမန်လူတစ်ယောက်ဆိုတာလည်း သတိရပါ။ သူများတကာရယ်မောနေတာတွေ့ရင်လည်း တကမ္ဘာလုံးမှာ မင်းတစ်ယောက်တည်း ဝမ်းနည်းပူဆွေးနေတယ်မထင်ပါနဲ့၊ တကယ်တော့ သူများတွေက မင်းထက်ပိုပြီး ဟန်လုပ်တတ်လို့ပဲ။ အကူအညီမဲ့နေတဲ့အခါ မင်းငိုချင်ငိုလိုက်ပါ၊ သို့သော် ငိုပြီးရင်တော့ ပြန်ပြီးနိုးကြားတက်ကြွလာရမယ်၊ အရာရာကိုလက်လွှတ်ဆုံးရှုံးပစေဦးတော့၊ မင်းရဲ့အပြုံးလေးကိုတော့ ရှုံးမသွားပါစေနဲ့။

ပူပင်သောက

လူတစ်ယောက်ရဲ့ ပူပင်သောကတွေကနေ သူ့ရဲ့စိတ်နေသဘောထား အတိုင်းအဆနဲ့ အနာဂတ်အောင်မြင်မှုရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတယ်။ တနည်းအားဖြင့်၊ ပြဿနာအသေးလေးတွေဟာ အချိန်ကုန်ခံပြီး ပူပန်နေစရာမလိုဘူး၊ တကယ့်ကြီးမားတဲ့ ကိစ္စတွေကျပြန်တော့ ပူနေရုံနဲ့လည်း အကျိုးမရှိဘူး။ အချိန်တိုတိုနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းရှိရင် အရာရာတိုင်းဟာ မိုးတွေထန်ပြီးတဲ့နောက် ပွင့်လင်းသွားတဲ့ ရာသီဥတုလို သာယာနေမှာပါပဲ။

အောင်မြင်မှုနှင့် တိုးတက်မှု

မင်းမအောင်မြင်လို့ရတယ်၊ သို့သော်မတိုးတက်လို့မရဘူး။ မင်းရဲ့အောင်မြင်မှုကိုကဖျက်ကယက်လုပ်မယ့်သူတွေ ရှိကောင်းရှိလိမ့်မယ်၊ ဒါပေမဲ့ မင်းတိုးတက်တာကိုတော့ ဘယ်သူမှကာဆီးကာဆီးလုပ်မှာမဟုတ်ဘူး။

ဖိအားနှင့် တွန်းအား

အပြင်ကသက်ရောက်တဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥဟာ အစာတစ်လုပ်ဖြစ်သွားပေမယ့် အတွင်းကနေရုန်းထွက်လာတဲ့အားကြောင့် ကွဲသွားတဲ့ကြက်ဥကျတော့ အသက်တစ်ချောင်း ဖြစ်လာစေတယ်။ လူ့ဘဝဆိုတာလည်းအဲလိုပါပဲ၊ အပြင်ကလာတဲ့အားတွေက ဖိအားတွေဖြစ်ပြီး အတွင်းကနေ ဖြစ်တည်လာတဲ့အားတွေက ကြီးပြင်းရှင်သန်မှုပါ။ ပြင်ပကအားတွေနဲ့ အခွဲခံဖို့ပဲ ထိုင်စောင့်နေလို့ရှိရင် သင်ဟာ သူများရဲ့အစာတနပ် ဖြစ်သွားမှာမလွဲပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး အတွင်းကနေ ဖောက်ထွက်နိုင်ရင်တော့ ကိုယ့်ရဲ့ရှင်သန်ကြီးပြင်းခြင်းဟာ အသက်တစ်ချောင်း အသစ်တဖန် ပြန်လည်မွေးဖွားလာတာနဲ့ တူတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

ဒီနေရာကနေ ကူးယူဖော်ပြထားတယ်.....

Sunday, December 29, 2013

The Hobbit: The Desolation of Smaug (2013)


Directed by: Peter Jackson
Year: 2013 | Duration: 161 min
Genre: Adventure, Fantasy
Starring: Ian McKellen, Martin Freeman, Richard Armitage
Country: USA
Language: English
The dwarves, along with Bilbo Baggins and Gandalf the Grey, continue their quest to reclaim Erebor, their homeland, from Smaug. Bilbo Baggins is in possession of a mysterious and magical ring. 

Saturday, December 28, 2013

ပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ တရားစခန်းများတွင် ဟောကြားခဲ့သော တရားတော်များ

၁။ အကြောင်းအရာ(၇)ခု Download
၂။ အဘိဓမ္မာနေ့အကြောင်းသိကောင်းစရာ Download
၃။ အကောင်းဆုံးည Download
၎။ အရှင်သာရိပုတ္တရာ၏နှမတော် Download
၅။ ဘ၀ကောင်းရွေးချယ်ပါ Download
၆။ ဗုဒ္ဓဘာသာနှင့်ယနေ့လက်ရှိအခြေအနေ Download
၇။ ဒကာအရင်း Download
၈။ ဓမ္မသာခိုကိုးရန်အစစ်အမှန် Download
၉။ ကောင်းမှုကုသိုလ်စုဆောင်းပါ Download
၁၀။ သာမန်လူမှလူသားအစစ်သို့ Download

၁၁။ နတ်ဗြဟ္မာများ Download
၁၂။ နှစ်သစ်မင်္ဂလာအတွက် အကောင်းဆုံးလက်ဆောင် Download
၁၃။ နိဗ္ဗာန်သွားဖို့နည်းလမ်းမှန် Download
၁၄။ ငြိမ်းချမ်းရေးတရားတော် Download
၁၅။ ဘုရားအလောင်းတော်ဘ၀ Download
၁၆။ ဆန္ဓာဓိပတိ Download
၁၇။ စိတ်အကြောင်း Download
၁၈။ စိတ်အင်အား Download
၁၉။ တရားမြင်မှဘုရားမြင် Download
၂၀။ ယနေ့လူသားနှင့်မနက်ဖြန်ကမ္ဘာ Download
၂၁။ အမှန်တရားသာခိုကိုးရာ Download
၂၂။ ရန်သူမရှိလျှင်အန္တရာယ်မရှိနိုင် Download


အခွေ(၂) မြတ်ပဌာန်းဒေသနာ တရားတော်များ

၁။ ပဌာန်းဒေသနာ-အပိုင်း(၁) Download
၂။ ပဌာန်းဒေသနာ-အပိုင်း(၂) Download
၃။ ပဌာန်းဒေသနာ-အပိုင်း(၃) Download
၎။ ပဌာန်းဒေသနာ-အပိုင်း(၄) Download
၅။ ပဌာန်းဒေသနာ-အပိုင်း(၅) Download

အခွေ(၃) အဘိဓမ္မာအခြေခံတရားတော်များ

၁။ အဘိဓမ္မာဒေသနာတရားတော် Download
၂။ အမ္မုတိသစ္စာနှင့် ပရမတ္တသစ္စာတရားတော် Download
၃။ ရုပ်တရားကိုလေ့လာသုံးသတ်ခြင်း(၁) Download
၎။ ရုပ်တရားကိုလေ့လာသုံးသတ်ခြင်း(၂) Download
၅။ နာမ်တရားကိုလေ့လာသုံးသတ်ခြင်း Download
၆။ စိတ်တရားကိုလေ့လာသုံးသတ်ခြင်း Download
၇။ စိတ်ကိုအမှီပြုအင်အားစုများတရားတော် Download
၈။ စိတ်၏အညစ်ကြေးများတရားတော် Download
၉။ စိတ်ဖြူစင်မှုအမှီပြုအင်အားစုများ(၁) Download
၁၀။ စိတ်ဖြူစင်မှုအမှီပြုအင်အားစုများ(၂) Download
၁၁။ စိတ်ဖြစ်ပေါ်ပုံလေ့လာခြင်း(၁) Download
၁၂။ စိတ်ဖြစ်ပေါ်ပုံလေ့လာခြင်း(၂) Download
၁၃။ စိတ်၏အာရုံများတရားတော် Download
၁၄။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း(၁) Download
၁၅။ စိတ်ဖြစ်စဉ်ကိုလေ့လာခြင်း(၂) Download
၁၆။ စိတ်ကိုအာရုံနှင့်လေ့ကျင့်ခြင်း Download
၁၇။ သတ္တ၀ါတို့၏(၃၁)ဘုံတရားတော် Download
၁၈။ ဘ၀နိဂုံးတရားတော် Download
၁၉။ ဘ၀သစ်ပြန်လည်မမွေးဖွားခြင်းတရားတော် Download
၂၀။ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းတရားတော် Download

အခွေ(၄) ထေရာဝါဒသာသနာ တရားတော်များ

၁။ အသိတရားရှိသူတို့၏ စိတ်နေသဘောထား Download
၂။ အစွမ်းတန်ခိုးများနှင့်သာသနာ Download
၃။ သြ၀ါဒနှင့်အမေးအဖြေ (ယဉ်ကျေးလိမ္မာသင်တန်း) Download
၎။ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ် Download
၅။ အမတာ ဘိသေက Download
၆။ ဘ၀သံသရာ အကြောင်း Download
၇။ အင်အားရှိမှ အခက်အခဲကိုကျော်လွှားနိုင်မည် Download
၈။ နိဗ္ဗာန်တံခါးဖွင့်နိုင်မှ အပါယ်တံခါးပိတ်မည် Download
၉။ တောင်ပို့ထဲက ရတနာ Download
၁၀။ သမထနှင့် ၀ိပဿနာ Download
၁၁။ သာသနာပြု စွမ်းအားစု Download
၁၂။ သောတာပန်၏ ဘ၀ပုံရိပ်လွှာ Download
၁၃။ ရတနာသုံးရပ် အမြဲဆည်းကပ်သည့် ဥပသကာ Download
၁၄။ ဓမ္မ သရဏံ ဂစ္ဆာမိ Download
၁၅။ ကောင်းတာကိုသာ ရွေးချယ်ကြပါ Download
၁၆။ ဓမ္မအသိဖြင့် အကျိုးရှိအောင်နေမည် Download
၁၇။ ကိုယ်ကျင့်တရားသည်သာလျှင် လူ့အဆင့်အတန်း Download
၁၈။ ဘ၀တဏှာ Download
၁၉။ ကံကြမ္မာ၏ ရုပ်ပုံလွှာများ Download
၂၀။ နစသော နစအညော Download

အခွေ(၅) ၀ိပဿနာတရားတော်များ

၁။ မဟာသတိပဋ္ဌာနသုတ် Download
၂။ ကာယာနုပဿနာ Download
၃။ ဝေဒနာနုပဿနာ Download
၎။ စိတ္တာနုပဿနာ Download
၅။ ဓမ္မာနုပဿနာ Download
၆။ ပုညသဟာရများ Download
၇။ ပါရမီရှင်တို့၏ဘ၀ပုံရိပ်(၁) Download
၈။ ပါရမီရှင်တို့၏ဘ၀ပုံရိပ်(၂) Download
၉။ ဓမ္မစာရီနှင့်အဓမ္မစာရီ Download
၁၀။ သံယောဇဉ် Download
၁၁။ သူ့အကြောင်းနှင့်ကိုယ့်အကြောင်း Download
၁၂။ ဓမ္မဒိန္ဒာ၏တရားအဖြေများ Download
၁၃။ မိတ်ကောင်းဆွေကောင်း Download
၁၄။ သီလနှင့်သုတ Download
၁၅။ စုဆောင်းခြင်းနှ်ရပ် Download
၁၆။ လောက၏အဆုံးသို့ရောက်ခြင်း Download
၁၇။ ဗျကတ အဗျကတ Download
၁၈။ ပုဂ္ဂိုလ်မြတ်တို့၏ နှလုံးအိမ် Download

အခွေ(၆) သံသရာခရီးသွား တရားတော်များ

၁။ လူထဲကလု Download
၂။ မိတ်ကောင်း ဆွေကောင်း Download
၃။ စံနမူနာယူရမည့် သူလိုလူ Download
၎။ သူ့အကြောင်း ကိုယ့်အကြောင်း Download
၅။ ပင်လယ်ဖြတ်ကူး လူခုနှစ်ဦး Download
၆။ ကမ္ဘာဦးက လူသားများ Download
၇။ မေတ္တာနှလုံး အစဉ်သုံး Download
၈။ အခက်အခဲကျော်လွှား လူခွန်အား Download
၉။ အံဖွယ်လူသား Download
၁၀။ နိဗ္ဗာန်သို့ ဦးတည်သွားနေသူ Download
၁၁။ ကံကြမ္မာ၏ လှည့်စားမူ Download
၁၂။ ဘ၀ခရီးသွား အနည်းအများ Download
၁၃။ နိုင်သူ နှင့် ရှုံးသူ Download
၁၄။ ဒုက္ခအဆုံးသပ်ရေးကြိုးပမ်းချက် Download
၁၅။ ချမ်းသာစွာ အိပ်စက်ရခြင်း Download
၁၆။ စွန့်လွှတ်ခြင်း နှင့် ရယူုခြင်း Download
၁၇။ အန္တရာယ်ကာကွယ်ခြင်း Download
၁၈။ အဆိုးဆုံးကိုဖယ်ရှားနိုင်မှ အကောင်းဆုံးရမည် Download
၁၉။ သံသရာခရီးသွား အမှားမလုပ်မိစေနှင့် Download

အခွေ(၇) အာဋာနာဋိယသုတ်တော်အနှစ်ချုပ် တရားတော်များ (၂၀၁၂)

၁။ တရားတော်-အပိုင်း ၁ Download
၂။ တရားတော်-အပိုင်း ၂ Download
၃။ တရားတော်-အပိုင်း ၃ Download
၎။ တရားတော်-အပိုင်း ၄ Download

အခွေ(၈) အာနာပါနဿတိသုတ်တော်အနှစ်ချုပ် တရားတော်များ (၂၀၁၂)

၁။ တရားတော်-အပိုင်း ၁ Download
၂။ တရားတော်-အပိုင်း ၂ Download
၃။ တရားတော်-အပိုင်း ၃ Download
၎။ တရားတော်-အပိုင်း ၄ Download
၅။ တရားတော်-အပိုင်း ၅ Download

 http://www.dhammaransi.com/
    ဒီလင့်ကနေ ကူးယူဖော်ပြထားသည်....။ တရားလေးတွေ နာလိုချင်ရင်ပေါ့ဗျာ..။ ဒီနေ့ကစလို့ တစ်ရက် တစ်ပုဒ်
လောက် တရားနာရမလားလို့ စဉ်းစားနေတာ...။ ဒီနေ့တော့ သုံးပုဒ်လောက် နာလိုက်တယ်..။
ဗဟုသုတ ရတာပေါ့ဗျာ...။ ကုသိုလ်လည်း ရတာပေါ့...။ ဘုရားရဲ့ စကားတော်တွေနဲ့ စိတ်လေးကို ထုံသွားအောင်
လို့ပါ...။ ကိုယ့်စိတ်တွေ အတော်လေး ဆိုးသွမ်းနေတယ်....တရားတော်တွေနဲ့ ထုံနိုင်မှ တော်ကာကျလိမ့်မယ်.။
မြင်မြင်သမျှ ရချင်စရာ အလိုမကျတာတွေနဲ့ စိတ်ဟာ အရမ်းကို နောက်ကျူနေတယ်...။ ဒါကြောင့် တစ်နေ့တာ
မှာ စိတ်လေးတွေ တရားမှာတစ်ခဏတာပျော်သွားရင် ဘ၀အမောတွေလည်း ပြေပျောက်လိမ့်မယ်..။ နောင်သံသ
ရာမှာလည်း ဘုရားရှင်နဲ့ တွေ့ခဲ့ရင် တစ်ပုဒ် တစ်ပါဒ ဟောပြရုံနဲ့ အရဟတ္တဖိုလ်အမြိုက်တရားတွေ ရအောင်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ နားကြားလိုက်ဦးမယ်....။

ကဲ ကိုယ့်ညီများလည်း နာယူပူဇော်လိုက မိမိတို့ နာယူချင်တဲ့ ဆရာတော် နာယူချင်တဲ့ တရားတော်တွေကို
http://www.dhammaransi.com/ ဒီဆိုက်လေးမှာ သွားရှာနိုင်ပါတယ်နော်...။ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ
ကြပါစေ...။ ကုသိုလ်တရားတွေ ပွါးများနိုင်ပါစေ..။.

Thursday, December 26, 2013

Facebook Unlock လော့ကျနေသည့် Fb အကောင့်များအတွက် ၀မ်းသာစရာသတင်းကောင်း

Facebook ကဖုန်းနံပါတ်တောင်းတာကို Pinger သုံးပြီး ဖြေရှင်းနည်းလေးပါ  textPlus နဲ့  yuilop ကိုသုံးတာထက် အများကြီးပိုလွယ်သွားပါပြီတဲ့ဗျာ။ ဆော့ဖ်ဝဲနှစ်ခုတည်းနဲ့ အဆင်ပြေမယ့်နည်းလမ်းပါ လုပ်ပုံလုပ်နည်း နည်းစနစ်
စာအုပ်လေးရော ဆော့ဖ်ဝဲနှစ်ခုပါ ဒေါင်းလော့ချပြီး ယူလာတယ်ဗျာ.။ ရေးသားသူကတော့ Sakura Hanako ကိုပါ။
ကဲ ဒါဆိုရင်တော့ အဆင်ပြေမယ်ထင်ပါတယ်..။ ကျုပ်မှာလည်း ခုလောလောဆယ် လော့ကျသည့်အကောင့် မရှိ
သေးသည်မို့ မစမ်းရသေးပါဘူး။ သဇင်ကိုကိုနဲ့ MMUG က မန်ဘာများတော့ အတော်များများ စမ်းသပ်ထားပြီး
ဖြစ်ပါတယ်။ မယုံရင်တော့ ဒီလင့်မှာ လှမ်းရှိုးကြည့်နိုင်ပါတယ်..။ သဇင်ကိုကိုမှာလည်း မေးမြန်းထားတဲ့ ကွန်မန့်
များကို ကြည့်ပြီး သိရှိနိုင်ပါတယ်..။ ခုနည်းကတော့ ဆော့ဖ်ဝဲနှစ်မျိုးတည်း အသုံးပြုရမှာပါ..ခုတော့တွေ့တွေ့ချင်း
အသစ်လေးမို့ တင်ပေးလိုက်တာပါ..။ 






ဒီနေ့တော့ ကိုယ်ပို့စ်ကောင်းတာ မတင်နိုင်ပါ..

တစ်ကယ် စိတ်မကောင်းပါဘူး ကိုယ်တစ်ဦးတည်း လှုပ်ရှားနေရတော့ အားကိုရာမရှိဖြစ်နေတယ်လေ...ကိုယ်ကို
တိုင် မတင်ရင် ဒီဘလော့က မည်သူတစ်ဦး တစ်ယောက်ကမျှ ပို့စ်မတင်..။ ဒါကြောင့် ခွင့်လွတ်စေချင်..တစ်ကယ်
တော့ ကျုပ်တို့ဟာ ဂူးဂဲလ်ရှိနေရင် အတော်များများ ပြည့်စုံနေပါပြီ..။ ဒါဟာ ကျုပ်တို့ရဲ့ ဆရာ ဒါဟာ ကျုပ်တို့ရဲ့ အား
ကိုးရာ ဒါဟာ အချက်အလက်ရှာဖွေရာ နေရာ ။ ဒါဟာ ကျုပ်တို့ရဲ့ အဘိဓါန်တစ်အုပ်ထက်မက များစွာ သာလွန်ပါ
တယ်နော်..။ ကျုပ်တို့တွေ မသိတာကို မေးမြန်းနိုင်တဲ့ ဆရာဆိုလည်း မမှားဘူး ။ ဒါဟာ အနာဂါတ်လူငယ်တွေရဲ့
ဆရာဆိုလည်း မမှားဘူး..။ ရုပ်သံမြင်ချင်ရင်တော့ YouTube မှာ ရှာရမှာပေါ့ဗျာ..။ ဒါကလည်း ကျုပ်ရဲ့ ဆရာဘဲဗျ..။
သူ့က ဘာကောင်းသလဲဆိုတော့ ကျုပ်တို့ မလုပ်ဖူးသေးတာ ကိုယ်မသိသေးတာကို ဗွီဒီယိုပြကွက်တွေနဲ့ ရှင်းပြ
ထားတာလေ.။ အဲဒါ ကိုယ်လိုချင်တာရှာရုံပေါ့..ကိုယ်သိချင်တာတွေ အတော်များများကို အဲဒီမှာ ရှာဖွေကြည့်ရှု
နိုင်တယ်လေ..။ ဒါကြောင့် သူကလည်း ကိုယ့်ရဲ့ ဆရာတစ်ဆူပါဘဲ သိပ်ကို အားကိုးရတဲ့ Youtube.com ပေါ့ကွယ်။
ကျုပ်ကတော့ဖြင့် များသောအားဖြင့် ဒီနှစ်ခုကို အားကိုးတာဘဲ နောက်ပြီးတော့ မြန်မာဆိုက်တွေပေါ့ဗျာ..။ ရှာလို့
အဆင်ပြေပါတယ်..အတော်များများပေါ့ မြန်မာတွေလည်း သိပ်မခေဘူးဗျာ ။ သူများရောင်းတာတွေကို Keygen Serial ။ Patch ဖိုင်တွေကို အတော်များများ ရှာပေးပြီး သုံးစွဲသူတွေကို လျှင်မြန်စွာ မျှဝေနေကြတာကို သိတဲ့ အ
တိုင်းဘဲ မြင်တွေ့နေရတယ်မဟုတ်လား..။ အဲတော့ အကောင်းဆုံးကတော့ ကိုယ်တိုင်လည်း သိချင်တာကို ဂူးဂဲလ်
မှာ ရှာဖွေပါ Youtube.com မှာ ရှာဖွေပါ။ မတွေ့ရင် မြန်မာ့နည်းပညာဆိုက်တွေမှာ ရှာပါလို့ အကြံဥာဏ်လေးပေး
ခဲ့ချင်တယ်...သြော် ချစ်စွာသော မိတ်ဆွေ အပေါင်းတို့ရယ် ဒုက္ခအပေါင်းမှ ကင်းလွတ်ငြိမ်းကြပါစေ...ပျော်ရွှင်ဖွယ်
ရာ ခရစ်စမတ်ဖြစ်ပါစေကွယ်...ကျော်လာပြီလား မသိဘူး ရမ်းတွယ်လိုက်တာဘဲ ကိုယ်မှ ယေရှုရဲ့ တပည့်မဟုတ်
တော့ မသိဘူးလေ..။ အဲတော့ အဆင်ပြေသလို လုပ်လိုက်တာဘဲ..ကဲ ခရစ်ယာန်ဘာသာဝင်တွေ အပျော်ကျူးတဲ့
ပျော်စရာနေ့လေးတွေပေါ့ဗျာ..။ အားလုံးဘဲ ကိုယ်စိတ်နှစ်ဖြာ် ရွှင်လန်းချမ်းမြေ့ကြပါစေ.....။

Monday, December 23, 2013

JetAudio 8.1 Basic

JetAudio 8.1 Basic လေးတင်ပေးလိုက်ပြန်ပါပြီ။ ကျုပ်အကြိုက်ဆုံး Player ထဲမှာ ဒီကောင်လေးကလည်း အပါ
အ၀င်ပေါ့။ ဒီကောင်ကတော့ စွယ်စုံသုံးလို့ရတာ သဘောကျတယ် ခုနောက် Version တွေမှာတော့ ဟိုအရင်က
လောက် မပြည့်စုံဘူးဗျာ။ သူတို့က ချန်ချန်ထားတယ်။ ဥပမာ Convertor ပေါ့ဗျာ ခုဒီကောင်မှာတော့ MP3 တော့
လုပ်လို့မရဘူး သို့သော်  MP 3 က Wave ဖိုင် Windows Media Audio 7 / 9 စသဖြင့်ပြောင်းနိုင်တယ်ပေါ့ဗျာ။ အရင် 8.0 တုန်းက ဒီကောင်လောက်ကို မစုံဘူး သို့သော်လည်း ဒီဇိုင်းအသွင်အပြင် Skin လို့ပြောမလား အရောင်
လေးကို သဘောကျတယ်။ ဒီ Version မှာလည်း တော်တော်များများ အသုံးဝင်ပါတယ်။ Burning / Convert / Capture စတာတွေ လုပ်နိုင်တယ်။ ဥပမာ ဗွီဒီယိုကြည့်နေတဲ့ အထဲက ဓါတ်ပုံလေး သဘောကျလို့ ဓါတ်ပုံရိုက်ထား
မယ်ဆိုလည်း Capture ဖမ်းမယ် ဓါတ်ပုံရိုက်ထားလို့ ရတာပေါ့ဗျာ။ ဒီနေရာမှာ Power DVD ကိုတော့ မမှီဘူးဗျာ။
နောက်ပြီး သူ့မှာ အားသာချက်က ကိုယ့်မှာ Micro Phone ရှိရင် သီချင်းတွေ လိုက်ဆိုပြီး အသံဖမ်းလို့ရတယ်ဗျာ။
အများကြီးဘဲဗျာ လုပ်တတ်ရင် လုပ်တတ်သလို အကျိုးရှိပါတယ် သုံးစွဲတဲ့သူ ကျွမ်းကျင်မှုအပေါ် မူတည်တာပေါ့။
ဟုတ်ဘူးလား။ သီချင်းနားထောင်တဲ့နေရာမှာလည်း အမျိုးမျိုး အဖုံဖုံ အသံတွေကို နားထောင်လို့ရပါတယ်။ ဒါက
တော့ Media Player တိုင်းမှာ ပါတယ်လို့လည်း ပြောနိုင်ပါတယ်..။ ကဲ ဒါဘဲဗျာ ကျန်တာကိုယ့်ဟာကို လေ့လာကြ
ပေတော့...။

ကြိုးမဲ့ Data Share ကွန်ပျူတာအတွက် PC For Zapya

Zapya ဆိုရင် အားလုံး သိတဲ့အတိုင်းဘဲဗျ။ မိုဘိုင်းဖုန်းအတွက်သာမဟုတ် ကွန်ပျူတာအတွက်ပါ သုံးလို့ရနေပါပြီ။ ဒါလေးကို ဟိုတစ်နေ့ကတည်းက တွေ့ထားတယ် သို့သော်လည်း ဒေါင်းလော့မချထားမိဘူးဗျာ။
ကဲ ဒီနေ့တော့ လိုက်ရှာပြီး ပြန်တင်လိုက်တယ်။ ကောင်းတာကိုးဗျ USB လွတ်သွားတာပေါ့ဗျာ။ ဓါတ်ပုံတွေကို ကွန်ပျူတာထဲ သို့
မဟုတ် ဆော့ဖ်ဝဲတွေကို ကွန်ပျူတာထဲ ပို့လိုပို့ ကွန်ပျူတာကနေ ဖုန်းကို ပို့လိုပို့ စိတ်ကြိုက် ပို့လို့ ရသွားပြီဆိုတော့
Card Reader တောင် ၀ယ်ရလွတ်ဖြစ်သွားမလားဘဲနော်.။ ခုက ဖုန်းခေတ်လေ MP 3/4 ခေတ်မဟုတ်တော့ဘူး
နော်..။ ကဲ အကြိုက်အများဆုံးဆော့ဖ်ဝဲကောင်းပါ ကျုပ်ကတော့ Wlan Wifi ၀ယ်တတ်ထားတယ် Desktop ကိုးဗျ
အဲတော့ ဖုန်းနဲ့တော့ ပို့မကြည့်ရသေးဘူး လောလောဆယ်ပေါ့ဗျာ။ နောက်တော့ ဒီကောင်နဲ့ဘဲ အသုံးပြုသွားရုံပေါ့
ကဲလိုအပ်တဲ့ ဆော့ဖ်ဝဲကောင်းတစ်ခုပါ..။ မရှိသေးရင် ယူသွားကြပေါ့..။

Myanmar Postal Codes Yangon ( Post Code ) Zip Code

Post Code ကတော့ ဘယ်နေရာမှာ လိုသလဲဆိုတော့ အကောင့်တွေလျှောက်တဲ့နေရာ လိုတယ်ဗျ။ ဥပမာ PayPal အကောင့်လျှောက်တဲ့အခါပေါ့ သူကစာတိုက်တို့ အမှတ်အသားတွေလို့ ပြောတာဘဲဗျာ။ တိတိကျကျ ဂဃ
နဏ မသိသေးပါဘူး။ ဟိုတစ်နေ့ကတင်တဲ့ hotmail နဲ့ facebook အကောင့်လျှောက်နည်းမှာ Post Code တောင်း
နေတယ်ဆိုလို့ အဲဒါပြောခဲ့ဘူးတယ် ဖေ့ဘုတ်မှာပြောခဲ့တာ ဒီမှာတော့ မထည့်မိလိုက်ဘူးနဲ့တူတယ်။ အဲဒီတော့
ကျုပ်ကတော့ မန္တလေးမှာနေတယ်ဆိုတော့ Mandalay Post Code = 4802 ပေါ့ဗျာ။ တစ်ခြားနေ ရာတွေ  ရောက်နေရင်လည်း ထည့်သုံးလို့ရပါတယ်။ Postcode တွေ စစ်ဆေးတဲ့ နေရာတစ်ခုရှိတယ်ဗျာ။ အဲဒီဆိုက်ကတော့ http://www.geopostcodes.com/index.php?niv=5&id=150318 ဒီဆိုက်ပါဘဲ။ အဲဒီဆိုက်က အကောင့်လျှောက်မှ သုံးလို့ ရတယ်နဲ့ တူပါတယ်။ Post Code ZIP Code နဲ့ပါတ်သက်ရင် သူကတော့ ထိပ်ဆုံးကပေါ့ဗျာ..။ facebook မှာ တစ်ခေါက်မေးဖူးတယ် အဲဒါမှတ်ထားပေမယ့် ပျောက်နေပြီ မတွေ့တတ်တော့ဘူး။ Mandalay မှာလည်း မြို့အလိုက် Post Code ZIP Code တွေ ရှိတယ်ဗျ။ အဲဒါတွေ မတွေ့တတ်တော့ဘူး ရန်ကုန်ကတော့ ရှိတယ်။ အောက်မှာ ရန်ကုန် Post Code တွေ ထည့်သွင်းပေးထားတယ် သူ့မြို့နယ်အလိုက် ကွာခြားတယ်နော်...။



The postal codes of different townships in Yangon are listed as below. Some townships are divided into two parts.http://www.myanmars.net/myanmar/postal-codes.htm
Post Office Township Postal Code
Ahlone  Ahlone 11121
Aung San Insein 11012
Bahan Bahan 11201
Bayintnaung Market (Thamine) Mayangone 11062
Bogyoke Market Pabedan 11143
Botahtaung Botahtaung 11162
Botahtaung Botahtaung 11161
Dagon Dagon  11191
Dagon Myothit (North) Dagon Myothit (North) 11421
Dagon Myothit (South) Dagon Myothit (South) 11431
Dawbon Dawbon 11241
Hlaing Hlaing 11051
Hlaing Thar Yar Hlaing Thar Yar  11401
Insein Insein 11011
Kaba Aye  Mayangone 11061
Kamayut Kamayut 11041
Kyauk Tan Kyauk Tan 11301
Kyauktada Kyauktada 11182
Kyeemyindaing Kyimyindaing 11101
Lanmadaw Lanmadaw 11131
Mingalar Taung Nyunt Mingalar Taung Nyunt 11221
Mingalardon Mingalardon 11021
Okkalapa (North) Okkalapa (North) 11031
Okkalapa (South) Okkalapa (South) 11091
Pabedan Pabedan 11141
Pazundaung Pazundaung 11171
Pyi Thar Yar Yankin 11082
Sanchaung Sanchaung 11111
Shwe Pyi Thar Shwe Pyi Thar 11411
Shwepaukan Okkalapa (North) 11032
Tamwe Tamwe  11211
Tanyin Tanyin 11291
Thamine College Hlaing 11052
Tharkayta Tharkayta 11231
Theingyi Market Pabedan 11142
Thingangyun Thingangyun 11071
Thuwunna Thingangyun 11072
Yangon Yangon 11181
Yangon Station Mingalar Taung Nyunt 11222
Yankin Yankin 11081

Mobile Guide Issue 134

ယနေ့ထွက်ရှိလာတဲ့ နည်းပညာဂျာနယ်လေးပါ။ ပညာလေးတွေ အတော်ပါတယ်နော်။ ကိုယ့်အတွက် အများကြီး
အကျိုးရှိမယ့် ပညာတွေပေါ့။ ဒါကြောင့် ဖတ်ပါလို့ဘဲ တိုက်တွန်းပါရစေတော့ကွယ်။ ဒီပညာရပ်ကို စိတ်ဝင်စားလို့
ဘဲ ဖြစ်စေ မအအောင်ဘဲဖြစ်စေ သို့မဟုတ် အခြားသောအကြောင့်တွေကြောင့်ဘဲဖြစ်စေ ဖတ်သင့်တယ်လို့ ထင်
ပါတယ်။ ဒါကတော့ လတ်တစ်လောမှာ အသုံးဝင်မယ့် သတင်းအချက်အလက်လေးတွေပေါ့ဗျာ။ တစ်သက်စာ
တော့ မဟုတ်ဘူးလို့ဘဲ ပြောပါရစေ။ တစ်သံသရာလုံးအတွက်လည်း မဟုတ်ဘူး ဒီလိုဘဲ ပြောရမှာဘဲ ။ ဘာလဲ
ဆိုတော့ ဒါက နည်းပညာလေ။ ခုနောက် နည်းပညာဂျာနယ်တွေမှာ ဖုန်းသင်တန်းတွေ အတော်လေးပါလာတာ
သတိထားမိတယ်။ ဒါကတော့ လုပ်စားမယ့်သူတွေအတွက်ပေါ့ဗျာ သာမန်ကိုယ့်ဖုန်းတစ်လုံး သုံးတာလောက်က
တော့ဖြင့် သင်တန်းတက်ဖို့ မလိုဘူးလို့ ထင်တာဘဲ။ facebook အကောင့်ရှိရင်တော့ ပိုပြီးတော့ မျက်စိအမြင်ကျယ်
တာပေါ့ဗျာ။ ဒီဖေ့စ်ဘုတ်မှာ နည်းပညာရော တစ်ခြားဥစ္စာတွေပါ လေ့လာနိုင်တယ်လေ။ အဓိကကတော့ ကိုယ်ကို
တိုင်ပါဘဲ။ ကိုယ်စိတ်ဝင်စားတဲ့ အပေါ်မှာ မူတည်တယ် အဲတော့ ကိုယ်စိတ်ဝင်စားတာကို လေ့လာပေါ့ဗျာ..။ ဒါဘဲ။

Sunday, December 22, 2013

နည်းပညာ သတင်းဆော့ဖ်ဝဲ mingji apk

ကဲကိုယ်လည်း သူများကို ကြော်ငြာရတာချည်းပါဘဲ။ ကိုယ့်ဘလော့ မပါသော်လည်း ဒီလိုဘဲ ကြော်ငြာပေးရတာ
ပေါ့။ ကိုယ်ကြော်ငြာပေးလို့ စဉ်မြင့်ပေါ်ရောက်သွားလို့ သူတို့တွေ သတိမရတောင် ကိုယ်ကတော့အမှတ်ရနေမှာပါ ။ ဒီဘလော့မှာလည်း အမှတ်အသား တစ်ခုအနေနဲ့ ဖြစ်နေမယ်ဆိုတာ သိပါတယ်။ ဒီဆော့ဖ်ဝဲလေးမှာတော့ file Share ဆိုက် 10ခုလောက်တော့ ထည့်သွင်းထားတယ်ဗျ။ မဆိုးဘူးဘဲ ပြောရမှာပေါ့လေ။ ကိုယ်လုပ်တာမှ မဟုတ်
တာ ကိုယ်လုပ်ထားတာဆိုရင်တော့ အကောင်းဆုံး ဘာညာပြောမှာပေါ့။ သတင်းဆော့ဖ်ဝဲလေးလည်း အဲဒီဆိုက်
က ထုတ်ထားတာဘဲ။ သုံးစမ်းကြည့်ပါ..ကောင်းတယ် မကောင်းဘူးဆိုတာ သိရတာပေါ့။ အင်တာနက်နဲ့ Website
တွေ ၀င်မွှေနှောက်ရသလိုတော့ ဘယ်ကောင်းပါ့မလဲ သို့သော်လည်း သူလည်း Offlice အနေနဲ့ ဖတ်လို့ ရတာ အားသာတယ်ပေါ့ဗျာ။ ကွန်ပျူတာနဲ့ မသုံးနိုင်တဲ့ သူတွေအတွက်လည်း အဆင်ပြေမှာပါ။ ကွန်ပျူတာရှိသူများက
လည်း ဒါလေးရှိတော့ အင်တာနက်ဖိုး အနဲအကျဉ်းတော့ သက်သာတာပေါ့ဗျာ။ သူ့ကိုဒေါင်းလော့ချပြီးကြည့်လိုက်
ရင် ဒါ ဘယ်ဆိုက်က ဘာတင်တယ်ဆိုတာ သိရတာဘဲကိုး...။ ကဲ ဒါဘဲ..။

Saturday, December 21, 2013

All-In-One Toolbox (29 Tools)

All-In-One Toolbox (29 Tools) လေးတင်ပေးလိုက်တယ်ဗျာ။ ကျုပ်လည်း ဖုန်းသုံးနေတော့ ဖုန်းဒုက္ခရောက်တာ
ပေါ့ဗျာ။ ဘယ်လို ဒုက္ခရောက်သလဲဆိုတော့ ဖုန်းအထဲကို .thumbnails ဆိုတဲ့ကောင် ဖိုင်အကြီးကြီးတွေ ရောက်2
လာတယ်ဗျာ။ ဒီကောင်ကတော့ SD>> DCIM >> .thumbnails ဆိုတဲ့အထဲမှာ ရောက်လာတာ ဘာမှန်းလဲ မသိ
ဘူးလေ။ သူက 2GB နီးပါး ရှိတယ်။ ဒီဖိုင်ရောက်နေရင် SD Card လည်းပြည့်ရော ကိုယ်က 4 GB ဘဲ ထည့်ထား
တာလေ။ အဲတော့ ကိုယ့်သီချင်းလေးတွေနဲ့ အဲဒီ .thumbnails ဖိုင်ကြီးက လာလာဒုက္ခပေးနေတာ အတော်ကြာပြီ။
အစပိုင်းမှာတော့ ဖုန်းထဲကနေ မြင်ရတော့ ဖျက်လို့ရသေးတယ်။ နောက်တော့ ကွန်ပျူတာနဲ့ ချိတ်ပြီး ဖျက်ရတယ်။
ဖျက်လိုက် ပြန်ပေါ်လိုက်ဘဲ သုံးလေးရက်နေရင် ပြန်ပြန်ပေါ်လာတယ်။ ကဲ ဒါနဲ့ တစ်နေ့ကတော့ ကိုယ်လည်း သိပ်
မသုံးဖြစ်တဲ့ All-In-One Toolbox နဲ့ ရှင်းတာ ကောင်းတယ်လို့ ငါ့ညီကပြောတဲ့အတွက် ဒီကောင်နဲ့ စမ်းကြည့်တာ
အဆင်ပြေတယ်ဗျာ။ သူတို့တွေလည်း ဖြစ်တယ်တဲ့ ဟိုတုန်းက မဖြစ်ဖူးပါဘူး ကိုယ်တစ်ဦးတည်း ဖြစ်တာလားလို့
ပေါ့ မဟုတ်ဘူးဗျာ။ အတော်များများဖြစ်တာ ကဲ အဲဒီလိုဖြစ်လာရင်တော့ ဒီကောင်လေးနဲ့ ရှင်းပြစ်ပါ။ ရှင်းရမှာက
တော့ Apk ကို install လုပ်ပြီး ဖွင့်ပါ။ Tools>>System Cleaner ထဲက SDCard Cleaner ဆိုတာကို နှိပ်ပြီး သူရှာ
ဖွေနေတာကို ခဏစောင့်ပေးပါ ပြီးသွားရင် Selected All နှိပ်ပြီး အားလုံး ဖျက်ရုံပါဘဲ..။ ဒါဆိုရင်တော့ အဆင်ပြေ
ပါပြီ..။ ကဲ အားလုံးဘဲ အဆင်ပြေပါစေ...။

Thursday, December 19, 2013

Mozilla Firefox ရဲ့ ကြောက်စရာ အကောင်းဆုံး နေရာ အလွယ်ကူဆုံး အကောင့်ဟက် လက်နက်ကြီး နက်သုံးသူတိုင်းကြောက်ဖို့ ကောင်းတယ်

ကဲ တစ်ကယ့်ကြောက်စရာ အကောင်းဆုံးနည်းလမ်းကို ဒီနေ့ပြောပြပါ့မယ်။ မြန်မာပြည်က လူအတော်များများက အင်တာနက် သုံးပြီဆိုရင်ဖြင့် Firefox နဲ့ သုံးကြတာများတယ်။ ဒီကောင်ဟာ နည်းပညာသမားများသည်ပင် တစ်
ကယ် ကြောက်စရာ အကောင်းဆုံး နည်းလမ်းလေးတစ်ခုပါ။ သတိမမူ ဂူမမြင်ဆိုသလို လွယ်လွယ်နဲ့ အကောင့်ပါ
သွားနိုင်တဲ့ နည်းလမ်းကြီး တစ်ခုလည်းဖြစ်ပါတယ်။ လူအများစုဟာ ကွန်ပျူတာနဲ့ အင်တာနက်သုံးရင် နမော်နမဲ့
နဲ့ သုံးတတ်တဲ့ အကျင့်က မိမိကိုယ်တိုင်က စလို့ ခင်းဗျားတို့ မိတ်ဆွေတို့အဆုံးဘဲ မဟုတ်လား။ ကျုပ်ဟိုတစ်လော
ကတော့ Facebook မှာ Firefox မှာ ကြောက်စရာ အကောင်းဆုံး ဟက်ကင်းနည်းလမ်းဆိုပြီး ပြောခဲ့တယ်။ နည်း
စနစ်ကိုတော့ မပြောပြခဲ့ပါဘူး။ ဒီဥစ္စာက Firefox Privacy ထဲက history တွေ Cookies တွေ ဘယ်လောက်ပင်
ဖျက်စေကာမူ ပျက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လွယ်လွယ်နဲ့ ကြောက်ဖို့ကောင်းလို့ ရေးသားလိုက်ရတာပါ။ လေ
ရှည်တယ်လည်း မအောက်မေ့နဲ့ ဒါတွေဟာ သိထားသင့်တယ်ထင်လို့ ငါ့ညီများ ငါ့နှမများကို ပြောပြတာပါ။ ဒီနည်း
ပညာနဲ့ မသိသေးတဲ့ သူတွေရဲ့ facebook Gamil အကောင့်တွေကိုလည်း မတိုက်ခိုက်ကြဖို့ ဒီနေရာကနေဘဲ။ ပြော
ထားခဲ့ချင်တယ်ဗျာ....



လူတစ်ဦးတစ်ယောက်ဟာ အင်တာနက်လည်း ထိုက်သင့်သလောက် သုံးတတ်ပြီ အင်တာနက်ဆိုင်တွေနဲ့လည်း
မကင်းဘူးဆိုရင်တော့ဖြင့် ဒီနည်းလမ်းကို အသုံးချမှကို ရပါလိမ့်မယ်။ သို့မဟုတ်ရင်တော့ သင့်အကောင့် သူများ
လက်ထဲ ဘာမှ မလုပ်ရဘဲ ပါသွားမှာကတော့ မလွဲဧကန်ပါဘဲ ဒါကြောင့်ပါ။ မိမိကိုယ်ပိုင် ကွန်ပျူတာသည်ပင် အရေး အကြောင်းရှိလို့ သွားစရာရှိရင် သို့မဟုတ် ငှါးပေးရမယ်ဆိုရင် ဒါလေးတွေတော့ ဖျက်ထားမှကို အဆင်ပြေ
မှာပါ။ အရေးကြီးလို့ ပြောနေတာပါ။ ကိုယ့်ညီတွေ နှမတွေ ဒုက္ခဖြစ်မှာ စိုးလို့ ကိုကြီးက ပူလို့ပြောတာနော်..။
ကဲ မရှည်တော့ဘူး စပြီဟေ့.....။


အင်တာနက် ဖွင့်သည်ဖြစ်စေ မဖွင့်သည်ဖြစ်စေ ရပါတယ်။ ပထမဆုံး Mozilla Firefox ကို ဖွင့်လိုက်ပါ။ ဖွင့်ပြီးရင်
Tools>>Options အထိသွားပါ။ (( ပုံမှာ ပြထားတာကတော့ New Tab အသစ်ခေါ်တဲ့နေရာမှာ Right Click>>
Menu ဆိုတာလေး အမှန်ခြစ်ထားလို့ပါ။ ဒါကတော့ ထည့်ပတ်ပေါ့ဗျာ...))  ပေါ်လာတဲ့ Options ဘောက်ထဲမှာ
Security ကိုနှိပ်ပါ။ (( ကဲ ဒီနေရာမှာလည်း Remember Password for sites ဆိုတဲ့ကောင်လေးကို အမှန်ခြစ်ဖြုတ်
ထားရင်တော့ ပိုကောင်းပါလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ သူက ကိုယ့်အကောင့်ကို မှတ်သားလို့ပေါ့ဗျာ..။ ဒါကတော့ ဗဟုသုတဖြစ်ပါ။ ))

ကဲ Security ကို နှိပ်ပြီးရင် Saved Passwords ဆိုတာကို နှိပ်ပေးပါ။ ကဲဗျာ ပေါ်လာပါပြီ..။ တစ်ကယ်ကြောက်စရာ
ကြီးနော် ဘာကီးလော်ဂျာမှလည်း မသုံးရဘူး အင်တာနက်ကြီးဖွင့်ပြီးတော့ သူများအကောင့်တွေ လိုက်ဟက်စရာ
လည်း မလိုဘူးနော်..။ ဒါကြောင့် ကြောက်စရာကောင်းတယ်လို့ ပြောတာပေါ့...။ မြှားပြထားတဲ့နေရာမှာ ရှိသမျှ
အကုန်ဖျက်ပြစ်တာ ပိုအန္တရာယ်ကင်းတာပေါ့ဗျာ..။ history တွေ Cookies တွေ ဖျက်ပေမယ့် သူက မပျက်ဘူးလေ
ဒါကြောင့် ဖျက်ပြစ်တာ ကောင်းတယ်.။ လာပါဦးမည်...

ကျုပ်သုံးခဲ့တဲ့ အကောင့် ဘယ်မှာက ဘယ်အကောင့်နဲ့ ၀င်ထားတယ်ဆိုတာမြင်လား...။ကဲ ရှေ့ဆက်ပြီး Show Passwords ဆိုတာကြီးကို နှိပ်လိုက်စမ်းပါ...။
ကဲ ဒါကတော့ တစ်ကယ် ဖွင့်ကြည့်မလားလို့မေးတာပေါ့ဗျာ။ Yes ပေးလိုက်ပါ..။






ကဲဗျာ ဘယ်လောက်ကြောက်စရာကောင်းသလဲ ကြည့်စမ်း ပေါ်လာပြီ..။ ဟေဟေး ကိုယ့် Password တွေတော့
ဖျက်ထားရတယ်ဗျာ။ မလှူနိုင်သေးလို့ပါနော်..။ သိပ်ကို ကြောက်စရာ ကောင်းတယ်နော်....။ တစ်ကယ်...
ကိုယ်ပိုင် ကွန်ပျူတာ သမားများမှ တစ်ပါး အင်တာနက်ဆိုင်ထိုင်သူများအနေဖြင့် ဒီ Keep me logged in ဆိုတာကို ဖြုတ်ဖြစ်အောင် ဖြုတ်ခဲ့ပါ..။ အဲဒီကောင်ကြောင့် အပေါ်က ပြောခဲ့တာတွေ ဖြစ်လာမှာဘဲ..။ နောက်ပြီး
အကောင့် ၀င်လိုက်ရင် နောက်တစ်ခါ ထပ်မရိုက်ရတော့ဘူးဆိုတော့ အင်တာနက်ဆိုင်မှာများ သုံးမိရင်ဖြင့် ရင်
လေးစရာ......။ ဒါကြောင့် သတိထားပါ...လို့ ပြောမပြတတ်တဲ့ အရာလေးတွေတော့ ကျန်နေပါဦးမယ်....။

ကဲ ဒီနည်းပညာလေးကို နည်းပညာ ဘလော့ကာများ မြင်တွေ့ပြီး အသစ်ရေးလိုရင်လည်း ကျုပ်ဆီက မြင်သွားခဲ့
ရင် ဘယ်သူ့ဆီက တွေ့ခဲ့တယ်ဆိုတာလေး ရေးပေးကြပါဦးနော်..။ နာမည်လေးက နဲနဲ ရချင်သေးတယ်ဗျ။
ရေးတာက သိပ်မဟုတ်ပေမယ့် ကိုယ်သိထားတဲ့အရာလေး ချပြထားတာကိုးဗျ...။ ဟုတ်ဘူးလား...။ ဘာကြောင့်
လည်းဆိုတော့ အဲဒါကလည်း လူတစ်ဦး တစ်ယောက်ကို လေးစားရာ ကျသလို ကိုယ့်ဆိုက်ကို ရောက်လာကြတဲ့
ဆိုက်လည်သမား နည်းပညာလိုက်စားသူတွေကို ကြော်ငြာရာလည်း ရောက်တယ်လေ..နော်...ကိုယ့်ဆိုက်က
သိပ်တော့ မပေါက်မြှောက်ပါဘူး သိပ်မအောင်မြင်ပါဘူး ကြော်ငြာလိုတာကိုးဗျ။ ဒါကြောင့်ပါဗျာ...အတုန့်အလှည့်
ဆိုတာလေးများ ဖြစ်လာမလားလို့ ရေးလိုက်တာပါ...ကျုပ်အနေနဲ့ များသောအားဖြင့် ကိုယ့်ဆိုက်အောင်မြင်သည်
ထက် လာလည်သူတွေ ဗဟုသုတ ဖြစ်ဖို့အတွက် လူရည်လည်ဖို့အတွက် သူများဆိုက်တွေကို များစွာ ကြော်ငြာ
ပေးထားပါတယ်.....။ ဒါကြောင့် ကိုယ့်ညီများ ကိုယ့်နှများလည်း ဒီလိုနည်းတူ ပုံတူလေးရေးရင်ပေါ့လေ..ဒီက မြင်
ခဲ့တာ မဟုတ်ဘူးဆိုရင်တော့လည်း တစ်မျိုးပေါ့ဗျာ...။ ကဲကဲ ဒါဘဲဗျာ...။
အင်တာနက်ဖွင့်ပြီး စာရေးတာဆိုတော့....အသပြာထိတယ်ဗျ...။ ဒါဘဲ...အဆင်ပြေပါစေ....လွယ်တဲ့အတတ်ပညာ
လေးနဲ့ ကိုယ့်အကောင့် မပါအောင်လည်း စောင့်ထိန်းနိုင်ပါစေ....။

မိုးကောင်းကင် ဖောင်းပြင်..။။

ဒေါင်းရတာ ၀ါသနာပါလို့ ဒေါင်းချင်တယ်ဆိုရင်တော့ ကဲ ဒီတင်ထားတဲ့ ဓါတ်ပုံ ( ၆ ) ပုံ  တင်ပေးလိုက်တယ်.။
ဒေါင်းကြလေ..။




Wednesday, December 18, 2013

ဖောင်းပြင်မြို့နယ်သူ မြို့နယ်သားများကို ဒီဘလော့လေးမှာ သတင်းတွေရေးပေးဖို့ ဖိတ်ခေါ်ခြင်း..

ကဲဗျာ ကျုပ်ရဲ့ ဘလော့လေးကလည်း သက်တမ်းအားဖြင့် တစ်နှစ်ခွဲလောက်ရှိတော့မယ်။ ဒီတော့ ဖောင်းပြင်က
တော့ အတော်များများလည်း သိကြပါလိမ့်မယ်.။ ဒီတော့ ဖောင်းပြင်သားတွေလည်း နေရာဒေသအနံ့အပြားမှာ
အတော်များများ ရောက်ရှိနေကြတယ်ဆိုတော့ ကိုယ့်မွေးရပ်မြေက သတင်းတွေကို သိချင်ကြမှာပေါ့ဗျာ။ အဲတော့
ကျုပ်အနေနဲ့ တတ်နိုင်တာဆိုလို့ ဒါလေးဘဲ ရှိတာပါ.။ ဖောင်းပြင်သူ ဖောင်းပြင်သားတွေ ဖောင်းပြင်မြို့နယ်က သတင်းအချက်အလက်တွေကို သူများမြို့တွေ နည်းတူ ဖတ်ချင်ကြတယ်။ ဒီတော့ ရေးသားပေးလိုတဲ့ လူတွေ လို
အပ်လာတာပေါ့ဗျာ။ ကျုပ်တစ်ဦးတည်းဆို ဘယ်လိုရေးမလဲ ဖောင်းပြင်မြို့မှာ နေတာလည်း မဟုတ်တဲ့အတွက်
သတင်းတွေကို အချိန်နှင့် တစ်ပြေးညီ မတင်နိုင်ဘူးလေ။ အဲတော့ ဖောင်ပြင်မြို့ပေါ်ကတွေရော နယ်ကတွေပါ
မကျန် ဒီဘလော့လေးကနေပြီး အနယ်နယ်အရပ်ရပ်ကို ရောက်ရှိနေတဲ့ ဖောင်းပြင်သားတွေ ဖတ်နိုင်အောင် သတင်းတွေ နည်းပညာတွေ ရေးပေးဖို့ ဖိတ်ခေါ်ရတာပါ..။ ဘလော့ရေးနည်းကတော့ မခက်ပါဘူးဗျာ။ ကျုပ်ဆိုက်
ထဲမှာလည်း ဘလော့ ဆိုပြီး တင်းထားတယ် အဲဒီအထဲမှာ ကြည့်ရင်သိနိုင်ပါတယ်..။




ရပ်ဝေးမြေခြားရောက်နေတဲ့ ဖောင်းပြင်သူ ဖောင်ပြင်သားအားလုံးလည်း မိမိတို့ သိသမျှကို အများသိနိုင်အောင်
ရေးသားပေးကြမယ်လို့ ထင်ပါတယ်။  ရန်ကုန်ရောက်နေတဲ့ အစ်မတွေရော ဦးလေးတွေရောပေါ့ဗျာ..။ အားလုံး
ဝိုင်းဝန်းပေးကြပါဦးနော်..။ ငါ့ညီတော် နောင်တော်တွေရောပေါ့ဗျာ...။ အဆင်ပြေရင်တော့ ရေးပေးကြဦးနော်..။


ဒီဘလော့လေးမှာ ပါဝင်ရေးသားလိုရင်ဖြင့်....ohnthar@gmail.com သို့ဖြစ်စေ..။ https://www.facebook.com/ohnthar  ဒီfacebook မှာဖြစ်စေ Message ပို့ပေးကြပါ..။ မိမိတို့ ပါဝင်ရေးသားလိုတဲ့ Email ကိုပေါ့ဗျာ...။
သူများ မြို့တွေနည်းတူ ကိုယ့်မြို့လည်း ဒီကမ္ဘာပေါ်မှာ ဒီမြန်မာ့မြေမှာ ရှိပါတစ်ကားဆိုပြီး သိရအောင်ပေါ့ဗျာ..။
ဟုတ်ဘူးလား.....။ ကဲဗျာ...ဒါကတော့ အကူအညီတောင်းတာပါ...။ စိတ်ပါဝင်စားကြမယ်လို့လည်း ထင်ပါတယ်.။

မိမိတို့ တတ်သိတာလေးတွေ ဝေမျှတာပေါ့ဗျာ..။ ဖောင်းပြင်မှာ ဘယ်သူ အလှူရှိတယ် ဘာညာ ဒီလိုဘဲ ရေးကြ
ရမှာဘဲလေ..။ သတင်းကလည်း သိသင့်တာဆို ရေးရမှာပေါ့ လိုအပ်နေတာတွေလည်း ရေးပေးကြပေါ့ဗျာ...။

ကဲ ဒီနေ့တော့ဖြင့် ကျုပ်လည်း မန္တလေး ရတနာပုံကျောင်းရောက်တော့ ဒို့ ဆရာဗလက အမိန့်ရှိခဲ့တယ်ဗျာ..။
ဟာ ဘလော့ကာကြီး လာပြီဆိုပြီးတော့ပေါ့..။ မင်းဘလော့က ဒို့ဖောင်းပြင်က သတင်းတွေလည်း တင်ရင်တော့
ပိုကောင်းမယ်ဆိုပြီး အကြံပေးလာတယ်..။ ဒါကတော့ ကိုယ့်အနေနဲ့လည်း ဟိုအရင်ကတည်းက စဉ်းစားမိပါတယ်
သို့ပေမယ့် ရေးပေးမယ့်သူ မရှိတာရယ် သတင်းအချက်အလက်ကလည်း ရဖို့မလွယ်တာကြောင့် မရေးနိုင်ခဲ့ပါဘူး
ခုတော့ ဖောင်းပြင်မှာလည်း အင်တာနက်တွေ သုံးလို့ ရနေပြီဆိုတော့ ဒါ ပိုအဆင်ပြေတာပေါ့ဗျာ....။

ကဲ ငါ့ညီများရော နှမများရော အစ်မတွေရော တတ်နိုင်သမျှ ပါဝင်ရေးကူကြပါဦးလို့.....ဖိတ်ခေါ်လိုက်ချင်ပါတယ်..။
ဒါနဲ့ ဘလော့မရေးတတ်မှာစိုးလို့ ကျုပ် သူများ ဗွီဒီယိုလေးတော့ တင်ပေးလိုက်တယ်ဗျာ။ ကျုပ်ကတော့ မိတ်ဆွေ
များ Gmail ကို သိရင်တော့ လှမ်းဖိတ်ရုံပေါ့ဗျာ။ အဖိတ်ခံရရင်ဖြင့်..။ မိမိ Email ကိုစစ်ပြီး လက်ခံပေးကာ ရေးသား
လို့ ရပြီပေါ့..။ www.blogger.com မှာမိမိ Gmail အကောင့်နဲ့ ၀င်ပြီးတော့ ပို့စ်တွေ တင်လို့ရပြီပေါ့...စာတွေ တတ်သမျှ ရေးသားလို့ ရပြီပေါ့ဗျာ..။ နည်းပညာဆိုက် အတော်များများလည်း ဒီလိုဘဲ စုပေါင်း ရေးကြတာဘဲလေ။
သတင်းဆိုက်တွေမှလည်း ဒီလိုဘဲ အများကြီးရေးကြတာဘဲ...။

ကဲ ဒို့ဖောင်းပြင်သားတွေလည်း ခေတ်နောက်ကောက် မကျန်ခဲ့လေအောင် ပါဝင်ကူညီ အားဖြည့်ရေးသားကြပါစို့...
လား........ရွှေဖောင်းပြင်သားတို့ရေ.....................

ပို့စ်မတင်တတ်သူများ ဘလော့မရေးသားသေးသူများ အောက်က ဗွီဒီယိုလေးကို ဒေါင်းပြီး ကြည့်ပါ...။

 ဒီအောက်က လင့်နှစ်ခုကို ဒေါင်းပြီး ကြည့်ပါ....



hotmail အကောင့်နှင့် Facebook အကောင့်လျှောက်နည်း စပါယ်ရှယ်....

ပထမဆုံး www.hotmail.com ကို သွားပါ။ ဒီပုံလေးတွေ့ရပါလိမ့်မယ်...

ကဲ ရောက်သွားရင်တော့ဖြင့် အောက်ဆုံးက Don't have a Microsoft account? Sign up now  ကိုနှိပ်ပါ..။
ဓါတ်ပုံလေးတွေနဲ့ ပြသထားပါတယ်။ ဒီဓါတ်ပုံလေးတွေကို ဒေါင်းထားချင်တယ်ဆိုရင် အောက်မှာဒေါင်းပါ..။




ဒါကတော့ ဒုတိယပုံပေါ့ဗျာ hotmail အကောင့်လျှောက်ဖို့ ပုံစံလေး ကျလာလိမ့်မယ် ပုံမှာ ပြထားသလို မိမိလိုချင်
တဲ့ အကောင့်နာမည်ကို ရိုက်ထည့်ပေးပါ...
နာမည်ကတော့ ဖြစ်သလိုပေါ့ဗျာ အင်္ဂလိပ်နာမည်လား ဘာလားတော့ မသိဘူး စိတ်ကူးပေါက်ရာ နာမည်နဲ့ လုပ်လိုက်တာဆိုတော့ သီခံပါ..။ Name နေရာမှာ မိမိနာမည်ထဲ့ပါ. ရှေ့နာမည် နောက်နာမည်ပေါ့ဗျာ...သိပြီးသား
ဒီအဆင့်မှာလည်း မရှင်းတာ မရှိလောက်ပါဘူးနော်..။ မနေ့က လျှောက်တာတော့ Security question မဖြေရဘူးဗျ။ Post Code ZIP Code တောင်းရင် 4802 ကို ထည့်ပါ..။

ကဲ လိုအပ်တာ ဖြည့်ပြီးရင်တော့ I Accept ကို နှိပ်လိုက်ပါ...။


ကဲ hotmail အကောင့်လျှောက်တာ အောင်မြင်သွားပါပြီ...။ hotmail အကောင့်နာမည်က skyjan4@hotmail.com
ပေါ့ဗျာ...။ ကဲ အဲဒီအကောင့်နဲ့ဘဲ facebook အကောင့်လျှောက်ပါ့မယ်...နော်....။

Faebook အကောင့်လျှောက်နည်း.....။

ပထမဆုံး www.facebook.com ကို သွားလိုက်ပါ...။
 Fast Name Last Name မှာကတော့ hotmail မှာ ပေးခဲ့သလို မရတဲ့အတွက် Sky Jan Sky ဟု ပေးလိုက်သည်။
ဓါတ်ပုံရဲ့ Date ကိုကြည့်ပြီး မဝေဖန်နဲ့ဦးနော်။ အဲဒီတုန်းက ခုနေရာပုံကို မရိုက်မိဘူးဗျာ..။ ရိုက်မိတဲ့ဟာက Sky Jan
4 ဆိုတာကြီးမို့ ပြန်ဖျက်လိုက်ပြီ...။ ဒါလေးတော့ သီးခံပါ..ပုံမှာ ပြထားသလို မိမိ Email ထည့်ပါ ကိုယ့် Password
ဖြည့်ပါ..။ hotmail လျှောက်ခဲ့တုန်းက ကိုယ့်မွေးနှစ်မွေးလကို ပြန်ထည့်ပေးပါ...။ ယောကျာ်းလေးကို Male
မိန်းကလေးကို female အမှတ်အသားပေးခဲ့ပေါ့..။




 ကဲ ဒီအဆင့်မှာ gmail နဲ့လျှောက်ရင် လော့ကျတာဘဲဗျာ။ ဒီအဆင့်အောင်ရင် အဆင်ပြေတာဘဲ။ hotmail နဲ့က
တော့ တစ်ခါမှ လော့မကျဖူးသေးဘူး။ facebook နဲ့ Microsoft နဲ့က ပါတနာတွေနဲ့ တူပါတယ်..။ ဒါကြောင့် လော့
ကျခဲတယ်လေ...။ ကဲ Skid လေး နှိပ်ကျော်လိုက်ပါ...။

Skid ကိုဘဲ ဆက်နှိပ်ပါ..။ Step 3 အဆင့်ရောက်အောင် Skid နဲ့ ကျော်ခဲ့ပါ..။





မကြိုက်ရင်လည်း Like လုပ်ပေးခဲ့ပါ..။
ဒီအဆင့်မှာတော့ ကိုယ့်မှာ ရှိတဲ့ ဓါတ်ပုံလေး ထည့်ပေးလိုက်ပေါ့ဗျာ..။




ကဲဗျာ အောင်မြင်သလောက်ရှိနေပါပြီ ပို့စ်လေး တစ်ခုနှစ်ခုလောက်တင်လိုက်ပါ.။ နောက်ပြီးတော့ ခုနဖွင့်ခဲ့တဲ့..။
hotmail ထဲကို ပြန်သွားလိုက်ပါဦး..။ facebook က မေးနှစ်စောင် ပို့ထားတယ်။ ဖောက်ကြည့်လိုက်ပါ...


hotmail ထဲမှာ facebook က ပို့လိုက်တဲ့ မေးကို ဖွင့်လိုက်ရင် Confirm Your Account ဆိုတာလေးတွေ့မယ်..။
အဲဒါလေးနှိပ်ပြီး အတည်ပြုပေးပါ..။ ဒါဆိုရင်တော့ဖြင့် facebook အကောင့်တစ်ခု လုံးဝလုံးဝ အဆင်ပြေပြေ...
သုံးနိုင်ပါပြီဗျာ...။ အထူးမှာလိုသည်မှာ တစ်ပတ်အတွင် Friend တွေ အများကြီး ဖိတ်ခြင်း Fanpage တွေကို Like
လုပ်ခြင်းတွေကို များများ မလုပ်ပါနဲ့ဦးနော်..။ Group တွေကိုလည်း သိပ်ကြီး မ၀င်ပါနဲ့ဦးလို့ မှာလိုက်ချင်တယ်..။
facebook က ဒီကောင် မဟုတ်တာ လုပ်တဲ့ကောင် ထင်တယ် စပန်ထင်တယ်ဆိုပြီး...သတ်မှတ်သွားမှာစိုးလို့ပါ..။

ကဲ အားလုံးဘဲ အဆင်ပြေကြပါစေ.....။

Monday, December 16, 2013

Instagram

Facebook, Twitter, အသုံးပြုသူများအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဒီကောင်လေး မသုံးဖူးသေးဘူးဗျ။
ဓါတ်ပုံတွေ ဗွီဒီယိုတွေ ပေးပို့နိုင်တယ်ဆိုဘဲ။ ဒီနေ့မှ တွေ့တဲ့သတင်းလေးကို အခြေခံပြီး လိုက်ရှာကြည့်တော့ သူကလည်း လူသုံးအတော်များတယ်ဆိုဘဲ..။ Instachat -Instagram Messenger ဆိုတာလဲတွေ့ရတယ်ဗျ။ အထူး
သဖြင့်တော့ လူသုံးအများဆုံး facebook တို့ Twitter, အကောင့်တွေနှင့်ပါ ၀င်သုံးလို့ရတာကြောင့် နေမှာပါ...။ သူတို့ရေးသားထားတာလေးကိုလည်း ဆက်ကြည့်လိုက်ပါဦး..ဘာတွေဆိုတာကိုပေါ့..။
Description
Over 150 million users love Instagram! It's a simple way to capture and share the world's moments on your Android. Customize your photos and videos with one of several gorgeous and custom built filter effects. Transform everyday moments into works of art you'll want to share with friends and family.
Share your photos and videos with friends and followers in a photo feed, or send posts directly to your friends.Follow what your friends post with the click of a single button. Every time you open up Instagram, you'll see new photos and videos from your closest friends, and creative people from around the world.
Features
(1) Linear and Radial Tilt-Shift blur effects for extra depth of field
(2) Instant sharing to Facebook, Twitter, Flickr, Tumblr and Foursquare
(3) Unlimited uploads    (4) Send photos and videos directly to friends
(5) Interact with friends through giving & receiving likes and comments (6) And much much more...
မူရင်း ထုတ်လုပ်တဲ့ဆိုက်မှာတော့ဖြင့်  ဒီလိုတွေ ထုတ်လုပ်ထားတယ်တဲ့...
Get the free app for iOS, Android, or Windows Phone

Mobile Guide Issue 133 ... download here..

ကိုယ့်အကြိုက်ဆုံး နည်းပညာဂျာနယ်လေးတစ်ခုပေါ့။ သိပ်ကောင်းတယ်ဗျာ ဆန်းသစ်မှုတွေ အပြည့်နဲ့ပေါ့။ ဂျာနယ်ရောင်းအားလည်း ကောင်းမှာပါ။ ဒီဂျာနယ်ကတော့ ကိုမိုးသိပ်ကြိုက်တာ ထွက်တိုင်းလည်း ဆွဲဖြစ်တာ များပါတယ်။ ကျုပ်သတိထားမိတာလေးတစ်ခုကတော့ အဲဒီနည်းပညာဂျာနယ်တွေမှာ ဒူးပေါ် ပေါင်ပေါ်တွေလေ။ အဲဒါက နည်းပညာလား သို့မဟုတ် ရောင်းတာလား အဲဒါတော့ မသိဘူးဗျာ။ ရောင်းတာ မဟုတ်တာတော့ သေချာ
တယ် ကြော်ငြာကဏ္ဍတွေမှာတော့ မပါဘူး။ သို့သော်လည်း ဘာလို့ ဒူးပေါ်ပေါင်ပေါ်တွေနဲ့ တန်ဆာဆင်တယ်ဆို
တာတော့ ကိုယ်လည်း မပြောတတ်ပါဘူး။ အဓိကကတော့ ကျားတွေ စိတ်ဝင်စားအောင် သားကောင်ပြသတဲ့ နည်းဖြစ်မှာပေါ့နော်..။ ခုနောက်ပိုင်းဆို အတော်များများ ဂျာနယ်တွေက ဟိုဖွါးဘက်တော် မပေါ်ရုံပုံလေးတွေ ပါတာများတယ်နော်။ ဒါလည်း ကြော်ငြာတစ်မျိုးနေမှာဘဲ..။ ကိုင်ပြထားတာကတော့ ဖုန်းပေါ့ သို့သော်လည်း လူတွေ သွားသွားကြည့်တာက အောက်ပိုင်း မလုံ့တစ်လုံကို အရင်ကြည့်တာ ဟာ ဆင်နှာမောင်းလေးအတိုင်းဘဲ အရင်းတုတ်ပြီး အဖျားသွယ်တာလေးကို အရင် ကြည့်ကြတယ်မဟုတ်လား...။ တစ်ချို့ကလည်း အချိုအိုးလေးပေါ့
အဲဒါကြော်ငြာတယ်လို့ ထင်ပါတယ်။..ဒီအရေးအသားတွေကတော့ ကိုယ့်စိတ်ကူးတည့်ရာလေးတွေပါ..။ ကဲ ဂျာနယ် ဖတ်လိုရင်တော့ ဒေါင်းပြီး ဖတ်ကြပေါ့ဗျာ....။

Sunday, December 15, 2013

Google Play Movies & TV

ကဲ ကောင်းမကောင်း စမ်းသုံးနိုင်အောင် တင်ပေးလိုက်တယ်ဗျာ..။ TV ကတော့ သူတို့ အမေရိကန်အတွက်ဘဲ
ထင်ပါတယ်.။ United States only.လို့ ပြောထားတာကိုးဗျ..။ ဟုတ်လား..
Description
Google Play Movies & TV allows you to watch movies and TV shows purchased on Google Play.
You can stream instantly on your Android phone or tablet, or download so you can watch from anywhere, even when you’re not connected. Also, get quick access to your personal video collection, including those taken on your phone or tablet.
Learn more about Google Play Movies & TV at http://play.google.com/about/movies
Note: TV shows are currently available in the United States only.
What's New
Get your content offline faster - now HD movies and shows may be downloaded in HD or SD.
Fixed Error 31 issue affecting some devices during playback.
Improved video streaming performance for select KitKat devices.
Additional bugfixes.

Blogger Apk ဘလော့ကာ သမားများအတွက်

ဒီကောင်လေးကတော့ ဘလော့ရေးသားနေသူများအတွက် အသုံးဝင်လှပါတယ်..။ တစ်ကယ်..ကျုပ် ဟိုအရင် ကတည်းက တင်ပေးဖူးပြီးသာပါ။ အဲဒီတုန်းကတော့ စုစည်းမှုပေါ့ ခုကတော့ မစုဘဲ ဖြေလိုက်တယ်ပေါ့ဗျာ..။ ကဲဒါ
ပါဘဲ...။
Description
Download the latest release of the official Blogger app, and start blogging on the go. With Blogger for Android you can:* Compose a post that you can save to draft or immediately publish
* Edit existing posts
* View list of your saved and published posts
* Switch account/blog if you have more than one
* Embed an image from the gallery, or, by taking a picture directly from the app
* Add labels to your posts
* Add location information
With the Blogger app for Android, you can quickly and easily publish posts to your blog wherever you are.

Google Play Books

ကဲ ဘယ်လိုလဲဆိုတာ သုံးစမ်းကြည့်ကြပါ...။ ဂူးဂဲလ်က ထုတ်ကုန်ဆိုတော့ သုံးကောင့်မယ့် ပုံပါဘဲ..။ အဆင်ပြေ
လား..။ ကျုပ်ရေးထားတာ မဟုတ်ဘူးနော် အင်္ဂလိပ်က ကူးချလာတာဗျ..။
Description
Choose from millions of titles on Google Play including new releases, New York Times best sellers, up-and-coming authors, and free books. Easily personalize your reading experience, pick up where you left off on your phone, tablet, or computer, and get reading today!
What's New
Books open more quickly and smoothly.
Upload EPUB or PDF files to your library from your phone or tablet. From email or Downloads, touch the file to open it and choose Upload to Play Books.
Improved look and feel of highlights and notes.
Lower brightness settings, for better reading in low light.
Read any book in landscape view.
Dismiss recommended books in Read Now.
Additional improvements in performance, stability and accessibility.
 DOWNLOAD SOLIDFILES   OR  DOWNLOAD DROPBOX  OR  DOWNLOAD DEV-HOST