ဒီ Website သည် facebook Account ၀င်ပြီးမှ ကြည့်လျှင် ပိုမြန်သည်။ ဒီနေရာကကြည့်လျှင်လည်း ပိုမြန်သည်။ ဆိုက်ရောက်အမှတ်တရ Facebook Like လေး မိတ်ဖြစ်ဆွေဖြစ် ကလစ်ပေးပါ။ လာလည်တဲ့အတွက် ကျေးဇူးပါ။ နည်းပညာဆိုက်များကို လမင်း နည်းပညာ hlamin.blogspot.com တွင် စုစည်းပေးထားပါတယ်။ အများလေ့လာနိုင်ဖို့ပါ။ မိုးကောင်းကင် ဖောင်းပြင် Facebook Fan Page>> သို့ ဒီဆိုက်လေးကို ( 11.8.2014 တွင် တည်ဆောက်ထားသည်

Monday, December 9, 2013

Mobile Go 4.2.0

ကဲ ဒီကောင်လေးတွေ့လို့ ဒေါင်းထားတာ ရှိပါတယ်။ အတော်လေး ကောင်းတယ်နော်။ မိုဘိုင်းဆရာကြီးတွေက
သုံးနေကြတယ်။ ကျုပ်အနေနဲ့ကတော့ သိပ်မသုံးဖူးသေးဘူး။ စမ်းသုံးကြည့်တာတော့ မိုက်တယ်ဗျာ။ Play Store
က Apk တွေပါ ဒေါင်းလို့ ရတယ်ဗျာ။ ဖုန်းမလိုဘဲနဲ့ ဒေါင်းလို့ အဆင်ပြေတယ်။ တစ်ချို့ဖုန်းလေးတွေမှာလည်း
တွေ့ဖူးပေမယ့် သူ့မူရင်းဆိုက်ကိုလည်း တစ်ခါမှ မရောက်ဖူးတော့ မရင်းနီးဘူး ဒီနေ့တော့ဖြင့် ဆော့ဖ်ဝဲစမ်းရင်း မူရင်းထုတ်လုပ်တဲ့ ဆိုက်ကို ရောက်ဖြစ်ပါတယ်။ free ဆော့ဖ်ဝဲရယ် ရောင်းတာရယ်ဆိုပြီး နှစ်မျိုးလာတယ်ဗျာ။ ခု ဒီ Mobile Go ဆိုတဲ့ဆော့ဖ်ဝဲကတော့ ကွန်ပျူတာအတွက်ပါ။ Apple သမားများအတွက်လည်း ရှိပါတယ်။ ကျုပ်
အနေနဲ့ တင်ပေးလိုက်တာကတော့ 4.1.0 ပါ ဘာလဲဆိုတော့ ဒီကောင်လေးက တစ်မျိုးဗျ။ သူကတော့ ရက်အကန့်
အသတ်မရှိ သုံးနိုင်တယ်။ နောက်ပြီး Portable လည်း မဟုတ် Exe ဖိုင်လိုလည်း မဟုတ် စကောစကဘဲဗျ။ သုံးချင်ရင် သူ့ကို နှစ်ချက် ကလစ်ပြီး သုံးရုံဘဲ။ ဘာကြောင့် 4.2.0 ကို မတင်တာလည်း ဆိုတော့ မူရင်းဆိုက်မှာဘဲ
ဒေါင်းစေချင်လို့ပါ။ နောက်ပြီး ဒီလင့်လေးလည်း ထည့်သွင်းထားတယ်ဆိုတော့ နောင်တစ်ချိန် ကျုပ်တင်ထားတဲ့
ဆော့ဖ်ဝဲဖိုင် ပျက်သွားရင်တောင် မူရင်း ထုတ်လုပ်တဲ့ဆိုက် ရှိသေးတဲ့အတွက် ရှာဖွေရ ဒေါင်းရတာ အဆင်ပြေ
အောင်လို့ပါ။ မူရင်းဆိုက်မှာ ဒေါင်းသည့် free ဆော့ဖ်ဝဲကတော့ 15 ရက်ဘဲ ပေးတယ်နော်...။ လောလောဆယ်
လိုင်း အခြေအနေမကောင်းပါသဖြင့် မတင်နိုင်သေးဘူးဗျို့ မူရင်းလင့်မှာဒေါင်းပါ ခု လင့်တစ်ခုတော့ ထည့်ပေး
နိုင်ပါပြီ။ ကျန်တစ်ခုကတော့ ထက်ဝက်နဲ့ တစ်နေလို့ မတတ်နိုင်လေ..ပြီ....ဟား ဟား ဆီးဂိမ်းကတော့ လုပ်ချလိုက်
ပြန်ပြီ။ မျက်နှာလှချင်တာကိုးဗျ..။ ဘယ်တတ်နိုင်မှာလည်း...။ ကဲ လင့်နှစ်ခု ဖြစ်သွားပြီဗျာ။ အဆင်ပြေသွားတယ်..။
စိတ်ကြိုက်ဒေါင်းနိုင်ပါပြီ။ MP3 တွေလည်း ဒေါင်းနိုင်တယ်။ သဘောရှိတဲ့အတိုင်း သုံးနိုင်ပါပြီဗျာ..။

1 အားပေးစကားပြောကြားကြပါ: